Pages

Tuesday, January 22, 2013

အိန္ဒိယကားကုမ္မဏီ တာတာ မှတီထွင်ဆန်းသစ်လိုက်တဲ့ လေနဲ.မောင်းမဲ့ကား

အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ် တာ
 ဖြစ်ပါတယ်။ ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကို
အသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။

ဗဟန်းမြို့နယ်တွင် ရဲအယောင်ဆောင် လိမ်လည်သူအား ဖော်ထုတ်ဖမ်းဆီး

ဇန်န၀ါရီ ၂၂

၁၅-၁-၂၀၁၃ရက်နေ့ ၁၀၃၀ အချိန် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ အနောက် မြင်းပြိုင်ကွင်းလမ်း၊ သမရုံးဝန်းအတွင်းရှိ ဒေါ်ပြုံးကြည်(၅၁)နှစ်၏ နေအိမ်ပရိဘောဂဆေးသုတ် လုပ်ငန်း သို့ ရန်ကုန်တိုင်းရဲတပ်
ဖွဲ့မှ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူဟုဆိုကာ အရပ်ဝတ်ဖြင့်အမျိုးသားတစ်ဦး ရောက်ရှိ လာပြီး ဆိုင်ရှိပရိဘော
ဂပြုလုပ်သော သစ်များသည်တရားမ၀င်ကြောင်း၊ သစ်တောဥပဒေအရ ဖမ်းဆီးခွင့် ရှိကြောင်း၊ဖမ်းဆီးမခံလို
ပါက ငွေကျပ်(၁၀၀၀၀၀ိ/-)ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်ပြုံးကြည်မှ တရားဝင်အခွန်အခပေး
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ငွေကျပ်(၁၀၀၀၀၀ိ/-)မတတ်နိုင် ကြောင်းတောင်းပန်ခဲ့ရာထိုသူကငွေကျပ်
(၅၀၀၀၀ိ/-)တောင်းခံခဲ့ပြီး နောက်ဆုံးတွင် ငွေကျပ်(၃၀၀၀၀ိ/-) တောင်းယူကာ ၁၀၄၅ အချိန်တွင် ပြန်လည်
ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။

ဝေါတံတား ပိတ်မိသည်မှာ နှစ်ရက်ကြာမြင့်ပြီဖြစ်ပြီး ယာဉ်များ သွား၍မရသေး

ရန်ကုန်၊ဇန်န၀ါရီ-၂၂

ဘတ်ဟိုးကား တင်ဆောင်လာသော ၁၈ ဘီး ယာဉ်တစ်စီးသည် ဝေါတံတားရှိ ကွန်ကရစ်တုံးနှင့် တိုက်မိပြီး တိုင်နှစ်တိုင်ကျိုးကာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေသည်မှာ နှစ်ရက်ကျော် ကြာမြင့်ခဲ့ပြီး ယခုအချိန်အထိ ယာဉ်များ ဖြတ်သန်း၍ မရသေးကြောင်း ဒေသခံများကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝေါတံတားပေါ်တွင် ၁၈ ပေရှည်သည့် ကွန်ကရစ်တိုင်နှစ်တိုင်မှာ ၁၈ ဘီး ယာဉ်ပေါ်ရှိ ဘတ်ဟိုးအပေါ် ပိကျနေပြီး လမ်းနှစ်ဖက်ပိတ်မိနေသဖြင့် ထောင်နှင့်ချီသော လူများမှာ ခရီးဆက်မရဘဲ ယခုကဲ့သို့ စောင့်ဆိုင်းနေကြရကြောင်း သတင်းရရှိသည်။

ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ


ရုရှားနိုင်ငံ ကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်တွင် မီးတောင် ၃ လုံး ပေါက်ကွဲနေပြီး ချော်ရည်နှင့်
 ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။ ကမ်ချက်ကာကျွန်းဆွယ်တွင် Shiveluch၊ Kizimen နှင့် Plosky Talbachek အမည်ရှိ မီးတောင် ၃ လုံးမှာ မတူညီသော နေရာများ၌ တစ်ပြိုင်နက်တည်း ပေါက်ကွဲခြင်းဖြစ်သည်။

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေအနေကြောင့် တနင်္လာနေ့က လေ
ယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည်

အပျိုဖော်ဝင်စအရွယ်


ကိုယ့်ကိုယ်ကို အပျိုဖော်ဝင်ပြီလို့ ထင်လိုက်ပြီလား။ ပျိုမေတို့ဟာ မိုးလင်းလို့ အိပ်ရာကထလိုက်တာနဲ့ အိပ်ရာခင်းပေါ်မှာ ဘာတွေ့မလဲ၊ လုံချည်မှာ ဘာတွေ့မလဲလို့ စိုးရိမ်စိတ်နဲ့ ရင်တွေဖိုရတာရယ်၊ မှန်ထဲ ကြည့်လိုက်ချိန်မှာ ငါ့ကိုယ်ခန္ဓာ ဘယ်လောက်များဖွံ့ထွားပြီး စွင့်ကားလာပြီလဲလို့ သုံးသပ်ရတာရယ် ဖြစ်လာပြီဆိုရင် ထင်တဲ့အတိုင်း အပျိုရိုင်းစိတ်တွေ ဝင်လာပြီလို့သာ မှတ်လိုက်တော့။

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃ နောက်ဆုံးဆန်ကာတင် ဇာတ်ကား (၃၃) ကား စာရင်း ထုတ်ပြန်

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃
နောက်ဆုံးဆန်ကာတင် ဇာတ်ကား (၃၃) ကား စာရင်း ထုတ်ပြန်

ရန်ကုန်-ဇန်န၀ါရီ၂၂
လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃ ကို  ဇန်န၀ါရီလ ၂၉ နှင့် ၃၀ ရက်နေ့ တို့တွင်
 နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ တော်ဝင်စင်တာမြေညီထပ်ရှိ DVD ရုပ်ရှင်ရုံ(၂) ရုံတွင်
 ပြိုင်ပွဲဝင် ရုပ်ရှင်ကားများထဲမှ နောက်ဆုံးဆန်ကာတင် ရုပ်ရှင်ကားတို့ကို
ို အများပြည်သူ ကြည့်ရှု့ရန် ပြသ သွားမည်ဖြစ်ကြောင်းသိရသည်။  
ပရိတ်သတ်အကြိုက်ဆုံးဇာတ်ကားကို ပရိသတ်များမှ မဲပေးရွေးချယ်ပေးနိုင်ရန်လည်း 
စီစဉ်ထားပြီး အဆိုပါပွဲတော်အတွက်  ပြိုင်ပွဲဝင်ရုပ်ရှင်ကား (၅၅)ကား များအနက်
 နောက်ဆုံးဆန်ကာတင် ရွေးချယ်ထားသော ဇာတ်ကား (၃၃) ကားစာရင်းကို ထုတ်ပြန်ကြေညာကြောင်းသိရသည်။
 ဗိုလ်ချုပ်အောင်ဆန်းသီချင်းပြိုင်ပွဲ အတွက်လည်း ပြိုင်ပွဲဝင် မြန်မာသံစဉ် နှင့် အနောက်တိုင်း သံစဉ် စုစုပေါင်း 
 သီချင်း (၁၁၈)ပုဒ် အနက်နောက်ဆုံးဆန်ကာတင် ရွေးချယ်ထားသော (၉) ပုဒ် စာရင်းကိုလည်း ထုတ်ပြန်ကြေညာသည်။
 ဆုပေးပွဲ အခမ်းအနားကို  ဇန်န၀ါရီလ ၃၁ ရက်နေ့ညနေ ၆ နာရီတွင်
 တော်ဝင်စင်တာ (၇)လွှာ ၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည် ။

 နောက်ဆုံးဆန်ကာတင် ရုပ်ရှင်ကားများမှာ
Animation
၁ ။ ရုပ်စုံသဘင် (Puppet) - ဒါရိုက်တာ ရဲဝင်း
၂ ။ Democracy - ဒါရိုက်တာ စွမ်းသူရထွန်း
၃ ။ Let’s Grow Together - ဒါရိုက်တာ အောင်ရဲကျော်
၎ ။ The Rose (နှင်းဆီ) - ဒါရိုက်တာ မောင်ဆန်း
၅ ။ Goal - ဒါရိုက်တာ အောင်မင်းခန့် နှင့် စည်သူအောင်ဆွေ
၆ ။  မျိုးစေ့ (The Seed) - ဒါရိုက်တာ ဇော်ဗိုလ်ဗိုလ်ဟိန်း
၇ ။ Try Again - ဒါရိုက်တာ Edo Vader
Documentary
၁ ။ ဘုရားပွဲတော်သွားစို့နော်(On Holiday) - ဒါရိုက်တာ ရှင်ဒေ၀ီ
၂ ။ Spring Hlegu - ဒါရိုက်တာ ထွန်းထွန်းအေး
၃ ။ ရန်ကုန်မြို့မှ ကြိုဆိုပါတယ် - ဒါရိုက်တာ ကိုသောင်း
၎ ။ ပန်းကျောင်းပေါ်က လရောင် - ဒါရိုက်တာ နဒီ
၅ ။ The Comedian Without Fear - ဒါရိုက်တာ Min Koon(Five Seven)
၆ ။ The Bright Future - ဒါရိုက်တာ ရှင်ဒေ၀ီ
၇ ။ Equality - ဒါရိုက်တာ ကောင်းဆင့်(Vincent)
Short Film
၁ ။ The Night - ဒါရိုက်တာ တင်ဝင်းလှိုင်
၂ ။ Made In Myanmar - ဒါရိုက်တာ ကျော်သူမင်းနိုင်
၃ ။ Welcome Democracy - ဒါရိုက်တာ သန့်စင်အောင်
၎ ။ ခုနှစ်ထွေ(seven kinds) - ဒါရိုက်တာ နေခြည်
၅ ။ လူပြိန်းတွေးတဲ့ဒီမိုကရေစီ - ဒါရိုက်တာ သက်ဆွေဝင်း
၆ ။ လူကြီးကိုပြန်မပြောရ - ဒါရိုက်တာ ထွန်းစန်း
၇ ။ Will Make It Move - ဒါရိုက်တာ ရေကြည်အေး
၈ ။ ရေချမ်းစင် - ဒါရိုက်တာ နောင်မြင့်မိုရ်
၉ ။ In Our Country - ဒါရိုက်တာ ထက်အောင်စံ
၁၀ ။ BE(LIE)VE - ဒါရိုက်တာ အောင်မြတ်
၁၁ ။ မင်္ဂလာပါ ဒီမိုကရေစီ - ဒါရိုက်တာ သုတ(မော်ကွန်း)
၁၂ ။ We,the creator - ဒါရိုက်တာ - အောင်ဇော်မိုး
၁၃ ။ EGOIST - ဒါရိုက်တာ ပပဆန်းကျော်
၁၄ ။ အားလုံးကောင်း(Everything is OK) - ဒါရိုက်တာ ငြိမ်းသစ်
၁၅ ။ ဒီမိုကရေစီ(သို့) - ဒါရိုက်တာ ဆူးခက်မင်း
၁၆ ။ Visible thought in Yangon (ရန်ကုန်က အတွေးများ) - ဒါရိုက်တာ ရဲလင်းသော်
Photo Essay
၁ ။ Reunion - ဒါရိုက်တာ ထွန်းထွန်းအေး
၂ ။ We Don’t Know Democracy - ဒါရိုက်တာ ကျော်နှင်းဆီ
၃ ။ Down Of The Nation - ဒါရိုက်တာ စိုးဇေယျထွန်း

နောက်ဆုံးအဆင့် ရွေးချယ်ထားသော ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုသီချင်း

၁ ။ အကြီးမြတ်ဆုံးဂုဏ် - တေးရေး ရဲနိုင်လင်း(ကျိုက်လတ်)
၂ ။ ပြည်သူချစ်သော တို့ဗိုလ်ချုပ် - တေးရေး စိန်ညီဆွေ (မန်း)
၃ ။ ပြည်သူ့အရိုင်းပန်း - တေးရေး အဲမွန်တာရာ
၎ ။ အောင်ဆန်းမျိုးဟေ့ မြန်မာ - တေးရေး လင်းထက်
၅ ။ တုနှိုင်းမဲ့သခင် - တေးရေး မာန်ဟိဏ်းကျော်
၆ ။ ရှင်သန်နေဆဲသူရဲကောင်း - တေးရေး Extra T
၇ ။ သမိုင်းထဲကသူရဲကောင်း - တေးရေး ခင်နန်းထိုက်စံ
၈ ။ ထာဝရ အေးချမ်းမှုလေပြေ - တေးရေး ခင်နန်းထိုက်စံ
၉ ။ ဗိုလ်ချုပ် - တေးရေး S.G.D

ရန်ကုန်-ဇန်န၀ါရီ၂၂
လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃ ကို ဇန်န၀ါရီလ ၂၉ နှင့် ၃၀ ရက်နေ့ တို့တွင်နံနက်
၁၀ နာရီမှ ညနေ ၅ နာရီထိ တော်ဝင်စင်တာမြေညီထပ်ရှိ DVD ရုပ်ရှင်ရုံ(၂) ရုံတွင်ပြိုင်ပွဲဝင် ရုပ်ရှင်ကား
များထဲမှ နောက်ဆုံးဆန်ကာတင် ရုပ်ရှင်ကားတို့ကို အများပြည်သူ ကြည့်ရှု့ရန် ပြသ သွားမည်ဖြစ်ကြောင်း
သိရသည်။

“စင်ကာပူ Electrical ပထမနှစ် အင်ဂျင်နီယာဒီပလိုမာသင်တန်း ပြည်တွင်း၌ ပထမဆုံးအကြိမ်ဖွင့်လှစ်”

ရန်ကုန်၊ဇန်နဝါရီ ၂၂

စင်ကာပူ Republic Polytechnic မှ Electrical @ Electrionic အင်ဂျင်နီယာဒီပလိုမာ ပထမနှစ်သင်တန်းအား ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်ကြောင်း Rvi Institue မှသိရသည်။အဆိုပါ ပထမနှစ်ဒီပလိုမာ သင်တန်းတက်ရောက်ရန် ဝင်ခွင့်များစတင်ခေါ်ယူနေပြီဖြစ်ပြီး လာမည့်ဧပြီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူတွေရဲ့ခံစားချက်တွေကို ရုပ်ရှင်ရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရသေး


ပြည်သူတွေရဲ့ခံစားချက်တွေကို ရုပ်ရှင်ရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရသေး

January 22, 2013  Home, သတင်း 

နာရေးကူညီမှုအသင်းမှ ဦးကျော်သူက အသင်းအဖွဲ့များ ကိုယ်စားနှင့်ပြည်သူများ၏ရင်ထဲ တွင်ရှိနေသော ခံစားချက်များအား  ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ်  ဖန်တီးရိုက်ကူးချင်ပေမယ့်လည်း   ရိုက်ကူးခွင့်မရရှိသေးသည့်အတွက်  ရုပ်ရှင်ပြန်လည်ရိုက်ကူးရန် သေ ချာမှုမရှိသေးကြောင်း ဦးကျော်သူ  ကပြောသည်။
““ရုပ်ရှင်ကပြန်မရိုက်တော့ ပါဘူး။ရိုက်ခွင့်ကသေမှမသေချာ တာ။တကယ်လို့ရိုက်ပြီးတော့မှ ခွင့်မပြုဘူးဆိုရင် ဘယ်လိုလုပ်မလဲ  ရိုက်ခွင့်ပေးတယ်လို့ စာရရင် လူမှု ရေးကားတစ်ကားရိုက်ဖို့စီစဉ်ထား   တယ်။ အလှူရှင်ရဲ့ဆန္ဒနဲ့အဲလို   ရိုက်ကူးတဲ့နေရာမှာလည်း မြန်မာ ပြည်တစ်ပြည်လုံးမှာရှိနေတဲ့ အသင်းအဖွဲ့များကိုယ်စား မြန်မာ     တစ်ပြည်လုံးမှာရှိနေတဲ့ ပြည်သူ  တွေရဲ့ရင်ထဲက ခံစားချက်တွေကို ရိုက်ကူးပေးမှာပါ။ကျွန်တော့် အသင်းအတွက်ရိုက်ပေးမှာမဟုတ်  ပါဘူး။ကျွန်တော်ဒီလိုပြန်ရိုက်တယ်      ဆိုတာကလည်း ကိုယ်အတ္တအနု ပညာအတွက် ရိုက်တာမဟုတ်ပဲနဲ့        ပရိတ်သတ်အတွက်အနုပညာ အတွက် ရိုက်ကူးချင်တာပါ””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရိုက်ကူးချင်ပေ မယ့်လည်း ရိုက်ကူးခွင့်ရရှိရန် အတွက် မည်ကဲ့သို့အချိန်ကြာမြင့်    မည်ကို မသိရှိရသေးကြောင်း  ရိုက်ခွင့်ရရှိပါကလည်း မေတ္တာ ဖြင့်ကူညီမည့် ရုပ်ရှင်သရုပ်ဆောင်  များကိုသာ ခေါ်ယူသရုပ်ဆောင်   စေမည်ဖြစ်ကြောင်းသိရှိရသည်။

 ဖြိုးအောင်

အေးချမ်းမွန်မှ   The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

နာရေးကူညီမှုအသင်းမှ ဦးကျော်သူက အသင်းအဖွဲ့များ ကိုယ်စားနှင့်ပြည်သူများ၏ရင်ထဲ တွင်ရှိနေသော ခံစားချက်များအား ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရရှိသေး
သည့်အတွက် ရုပ်ရှင်ပြန်လည်ရိုက်ကူးရန် သေ ချာမှုမရှိသေးကြောင်း ဦးကျော်သူ ကပြောသည်။

ဘဏ်တိုးနှုန်းပြောင်းလဲခြင်းနှင့်ပတ်သက်၍ AGD ဘဏ် ကြေညာချက် ထုတ်ပြန်


ဘဏ်တိုးနှုန်းပြောင်းလဲခြင်းနှင့်ပတ်သက်၍ AGD ဘဏ် ကြေညာချက် ထုတ်ပြန်

ရန်ကုန်-ဇန်န၀ါရီ၂၂

ဘဏ်တိုးနှုန်းများ ပြောင်းလဲမည်ဟု အင်တာနက်စာမျက်နှာတချို့တွင် ဖော်ပြနေသော်လည်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သို့ ယနေ့အထိ သက်ဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့် ညွှန်ကြားချက်မှ ရောက်ရှိလာခြင်း မရှိသေးကြောင်းသိရသည်။
ှအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ယခုလက်ရှိအတိုးနှုန်းများမှာ
 ငွေစုဘဏ်အပ်ငွေ (Saving Deposit) - ၈% (တစ်နှစ်)၊စာရင်းသေအပ်ငွေ (Fixed Deposit) - ၁၀% (တစ်နှစ်)၊ချေးငွေ (Loan) - ၁၃% (တစ်နှစ်) ဖြစ်သည်။
အပြောင်းအလဲများ ရှိပါက အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာပေးပါမည်ဖြစ်ကြောင်းAGDဘဏ်မှ ကြေညာထားသည်။t

ရန်ကုန်-ဇန်န၀ါရီ၂၂

ဘဏ်တိုးနှုန်းများ ပြောင်းလဲမည်ဟု အင်တာနက်စာမျက်နှာတချို့တွင် ဖော်ပြနေသော်လည်း အာရှစိမ်းလန်း
မှုဖွံ့ဖြိုးရေးဘဏ်သို့ယနေ့အထိသက်ဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှမည်သည့်ညွှန်ကြားချက်မှရာက်
ရှိလာခြင်း မရှိသေးကြောင်းသိရသည်။

ကြက်သားသီဟိုဠ် ဆေးဘဲဥ ချက်နည်း

ကြက်သားသီဟိုဠ် ဆေးဘဲဥ
• • • • • • • • • • • • • • •

ပါဝင်ပစ္စည်း
=======
၁။ ဆီ - စားပွဲဇွန်း  ၄ဇွန်း
၂။ ကြက်သွန်ဖြူထောင်း - အနည်းငယ်
၃။ ကြက်သွန်နီ - ၁ လုံး
၎။ ပြောင်းဖူးအသေး - ၃ဖူး
၅။ ပန်းငရုတ်ပွအစိမ်း - ၁ ကျပ်သား
၆။ သီဟိုဠ်စေ့အလုံး - ၁ ကျပ်သား
၇။ ကြက်သွန်မြိတ် - အနည်းငယ်
၈။ ကြက်သား - ၁၀ ကျပ်သား (အရိုးမပါ)
၉။ ဆေးဘဲဥ - ၁လုံး
၁၀။ ခရုဆီ - စားပွဲဇွန်း ၁ဇွန်း
၁၁။ ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၂။ ဟင်းခတ်အမှုန့် - အနည်းငယ်
၁၃။ အရိုးပြုတ်ရည် - အနည်းငယ်

ချက်ပြုတ်ပြင်ဆင်နည်း
=============
၁။ အရိုးထုတ်ထားသောကြက်သားကို 
အနေတော်အတုံးလေးများဖြစ်အောင်လှီးပါ။

၂။ ဆေးဘဲဥကို ၄စိတ်စိတ်ထားပြီး၊ 
သီဟိုဠ်စေ့အလုံးကို ဆီပူပူတွင် 
ခဏကြော်ပြီးဆယ်ထားပါ။

၃။ ကြက်သွန်ဖြူထောင်း ဆီသတ်ပြီး
 ကြက်သားထည့်ကာ ပါဝင်သော အရသာများကို
ထည့်၍ သမအောင်မွှေပြီး 
မီးပြင်းပြင်းနှင့်ချက်ပါ။

၎။ ကြက်သားမကျက်တကျက်တွင်
 ကြက်သွန်နီ၊ ပန်းငရုတ်ပွစိမ်း၊
 ပြောင်းဖူးသေးတို့ကို ထည့်ပြီးချက်ပါ။ 
ထို့နောက် အရိုးပြုတ်ရည် အနည်းငယ်ထည့်ပါ။

၅။ ချက်ထားသော ကြက်သားပေါ်တွင်
 ကြော်ထားသော သီဟိုဠ်စေ့အလုံးနှင့် 
၎စိတ်စိတ်ထားသော ဆေးဘဲဥကိုလှအောင်ထည့်ပါ။

၆။ ကြက်သွန်မြိတ်ကို အပေါ်မှအုပ်ပါ။ 
အနံ့အရသာမွှေးကြိုင်နေပြီး လျင်မြန်လွယ်ကူသော
 ကြက်သားသီဟိုဠ်ဆေးဘဲဥ တရုတ်ဟင်းလျာကို
အပြင်မှာ ၀ယ်ယူရန် မလိုဘဲ
ကိုယ်တိုင်ချက်ပြုတ်သုံးဆောင်နိုင်ပါသည်။


• ဤကြက်သားသီဟိုဠ်ဆေးဘဲဥ ချက်ပြုတ်ပြင်ဆင်နည်းကို
 Feel 3 Gold  စားသောက်ဆိုင်မှ ကူညီပါသည်။

ချက်ပြုတ်ပြင်ဆင်နည်း
=============
၁။ အရိုးထုတ်ထားသောကြက်သားကို အနေတော်အတုံးလေးများဖြစ်အောင်လှီးပါ။

၂။ ဆေးဘဲဥကို ၄စိတ်စိတ်ထားပြီး၊ သီဟိုဠ်စေ့အလုံးကို ဆီပူပူတွင် ခဏကြော်ပြီးဆယ်ထားပါ။

၃။ ကြက်သွန်ဖြူထောင်း ဆီသတ်ပြီးကြက်သားထည့်ကာ ပါဝင်သော အရသာများကိုထည့်၍ သမအောင်မွှေပြီး မီးပြင်းပြင်းနှင့်ချက်ပါ။

ကယားပြည်နယ်အတွင်းတက္ကသိုလ်ကျောင်းသားနှင့် လူငယ်များအကြားတွင် စိတ်ကြွဆေးဝါး သုံးစွဲမူပိုမိုများပြားလာနေ

ကယားပြည်နယ်အတွင်းတက္ကသိုလ်ကျောင်းသားနှင့် လူငယ်များအကြားတွင် စိတ်ကြွဆေးဝါး သုံးစွဲမူပိုမိုများပြားသဖြင့် ပညာပေးမူများပြုလုပ်ပေးရန်လိုအပ်ကြောင်း အိန္ဒိယနိုင်ငံMartinluthar University တွင် မူးယစ်ဆေးသုံးစွဲသူများနှင့် ပက်သက်သောစာတမ်းပြုစုနေသည့် ကျောင်းသူတစ်ဦးကThe Street View သို့ပြောသည်။

မီးလောင်ပြာကျခဲ့သည့် သံဖြူဇရပ်မြို့မဈေးအတွင်း ကာဗိုက်တုံးများစီတန်းချထားခြင်းကြောင့် အခြေအနေတင်းမာရှုတ်ထွေးနေ

သံဖြူဇရပ် ဇန်န၀ါရီ ၂၂

ယခုပင် သံဖြူဇရပ်မှသတင်းအရင်းအမြစ်တစ်ဦး၏ သတင်းပေးပို့ချက်အရ မီးလောင်ပြာကျခဲ့သည့် သံဖြူဇရပ်ဈေးအတွင်းသို့ မူလဆိုင်ပိုင်ရှင်များကို ပစ္စည်းအကျွင်းအကျန်များကို ကောက်ယူခွင့်ပြုခဲ့ရာ
ဈေးအတွင်းတွင် ကာဗိုက်များအစုလိုက်အပုံလိုက်တွေ့ရကြောင်း၊ အချို့မှာ ဈေးတစ်ဝင်းလုံး စီတန်းချထားကြောင်းနှင့် ယင်းသို့ စီတန်းချထားသည့် ကာဗိုက်တုံးများနှင့်အတူ အမျိုးအမည်မခွဲနိုင်သည့် အခြားအစာများကိုလည်းတွေ့ရကြောင်း၊ အခြေအနေရှုတ်ထွေးနေကြောင်း သတင်းပေးလို့လာပါသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ၀က်ဘ်ဆိုက်သစ် ဇန်န၀ါရီလအတွင်း လွှင့်တင်နိုင်ရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ၀က်ဘ်ဆိုက်သစ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း လွှင့်တင်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေဖြင့် ဂီတလုပ်ငန်းပိုင်းဆိုင်ရာနှင့် အချက်အလက်များကို နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) နှင့် Edwin Consultancy Service Co.,Ltd တို့မှ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မြေငလျှင်သတင်း

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့နှင့် မိုင် ၅၀ နီးပါး ကွာဝေးသော တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅ အဆင့်၊ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
ဇန်န၀ါရီလ ၂၀ ရက်၊ နံနက် ၆ နာရီ၊ ၂၆ မိနစ်၊ ၄၀ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ

စစ်တပ်ြခင်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာရောက်ရှိ

စစ်တပ်ြခင်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာရောက်ရှိ

အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony နဲ့ အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံမှု စီမံဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ်တပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အဓိကအနေနဲ့ အိန္ဒိယ-မြန်မာ ကုန်းတွင်းနယ်စပ်နဲ့ ပင်လယ်ပြင်ရေပိုင်နက် နယ်နိမိတ်တွေမှာ သူပုန်အဖွဲ့တွေနဲ့ တခြားကျူးကျော်မှုတွေ၊ ရာဇဝတ်မှုတွေ ကင်းရှင်းရေးအတွက် ကင်းလှည့်လုပ်ငန်း အစီအစဉ်တွေ တိုးတက်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

မိမိတို့ပိုင်နက်အတွင်း တပါးသူက ဝင်ရောက်ကျူးကျော်ခွင့်မပြုဖို့လည်း နှစ်နိုင်ငံသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယကနေ ခွဲထွက်ရေးသူပုန်အဖွဲ့တွေဟာ မြန်မာနယ်စပ်အတွင်း ခိုအောင်းနေပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အတွက် မြန်မာအစိုးရရဲ့ အကူအညီကို အိန္ဒိယက တောင်းခံနေခဲ့ပါတယ်။

အလားတူ ဘင်္ဂလားပင်လယ်အော်ကို တရုတ်ကဝင်ချင်နေတဲ့အပေါ် အိန္ဒိယကစိုးရိမ်နေတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ဇန်န၀ါရီ ၂၁ရက်ကနေ ၂၂ရက်အထိ နေထိုင်မှာဖြစ်ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony နဲ့ အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံမှု စီမံဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ်တပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရေနုတ်မြောင်းတူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့

ရေနုတ်မြောင်းတူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့
ရန်ကုန်၊ ဇန်န၀ါရီ-၂၂

စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်အတွင်း လမ်းခင်းရန် ရေနုတ်မြောင်းတူးဖော်စဉ် အသုံးမပြုရသေးသော
ကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ ၂ လမ်း၊ အိမ်နံပါတ် ၁၁ ၏ ဘေး ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း ၇ ဦးက 
တူးဖော်ရှင်းလင်းရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

''မြန်မာဖြစ် ကျည်ဆန်တွေ၊ နောက်မှာ မြန်မာစာတန်းတွေနဲ့၊ ကျည်ဆန်ရဲ့ဖင်မှာ ၇၄ လား၊ ၇၉ လား မသိဘူးပါတယ်'' ဟု 
လင်းလွန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။

အဆိုပါ ကျည်ဆန် ၁၄ တောင့်မှာ ၉ မမ အမျိုးအစားဖြစ်ပြီး ဆက်လက်၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ဟု
စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်က ပြောသည်။

ယင်းရပ်ကွက်အတွင်း ကျည်ဆန်တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြား၍ အပ်နှံလိုက်
ကြောင်း ဦးအောင်လွင်က ပြောသည်။

ဓာတ်ပုံ- ရဲနောင်

ရန်ကုန်၊ ဇန်န၀ါရီ-၂၂

စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်အတွင်း လမ်းခင်းရန် ရေနုတ်မြောင်းတူးဖော်စဉ် အသုံးမပြုရသေးသောကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်နေသူတွေ ပဲခူးမှာ တားဆီးပိတ်ပင်ခံရပေမယ့် ပြေလည်မှုပြန်ရ၇ှိ

ငိမ်းချမ်းရေး လမ်းလျှောက်နေသူတွေကို ပဲခူးတိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေက ပဲခူးတိုင်းအ၀င်မှာ ငြိမ်းချမ်းရေး အလံကို လွင့်ထူ လမ်းလျှောက်တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် တားမြစ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ လူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

မန္တလေးမြို့ ၊ ပြည်ကြီးမင်္ဂလာ ကားကွင်းသစ် ဆိုင်ခန်း ဈေးနှုန်းများ မြင့်၍ သမ္မတထံ စာတင်............

Ponnya Swe
မန္တလေးမြို့ ၊ ပြည်ကြီးမင်္ဂလာ ကားကွင်းသစ် ဆိုင်ခန်း ဈေးနှုန်းများ မြင့်၍ သမ္မတထံ စာတင်............

မန္တလေးမြို့ ကျွဲဆည်ကန်ကားဝင်းမှ ကားဂိတ်များကို ၇ မိုင်ခန့်ဝေးသည့်
ပြည်ကြီးမင်္ဂလာ ကုန်တင် ယာဉ်ရပ်နား စခန်းသစ်သို့ ပြောင်းရွေ့ခိုင်းမှုနှင့် ပတ်သက်၍ အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များ အသင်းက သမ္မတ ဦးသိန်းစိန်ထံသို့ ယနေ့တိုင်ကြားလိုက်သည်။

ကားကွင်းအသစ်၏ အဆောက်အဦးများကို မန္တလေး စည်ပင်သာယာမှ တခန်းလျှင် သိန်း ၁၃၅၀ နှင့် သိန်း ၇၀၀ ကျပ်ဟု သတ်မှတ် ထားကြောင်း၊ ငွေကြေး မတတ်နိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ကားဂိတ်လုပ်ငန်းရှင်များက တောင်းဆိုခြင်းဖြစ်သည်ဟု အသင်း ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

“နိုင်ငံတော်စီမံကိန်းကြောင့် ပြောင်းပါဆိုရင်တော့ ပြောင်းပေးမှာပါ၊ ဒါပေမယ့် ပြောင်းရွှေ့ဖြစ်အောင် ဈေးသက်သက်သာနဲ့ လုပ်ဆောင်ပေးဖို့ သမ္မတထံကို တင်ပြတာပါ။ အဆောက်အဦး ဈေးနှုန်းတွေကလည်း ကျသင့်တာထက် ပိုများတယ်” ဟု ၎င်းက ဆိုသည်။

ကားဂိတ်လုပ်ငန်းရှင်များ အနေဖြင့် အခန်းတန်ဖိုးကို ကျပ်သိန်း ၃၀၀ ခန့်သာ သတ်မှတ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်၊ ငှားရမ်းမည် ဆိုပါကလည်း တလလျှင် ကျပ် ၁ သိန်းခန့်ဖြင့် ငှားရခွင့်ရရန် လိုလားကြောင်း ၎င်းက ဆက်ပြောသည်။

အဝေးပြေးကားဂိတ် လုပ်ငန်းများအနေဖြင့် တောင်းဆိုချက်များကို သမ္မတထံသာမက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ စီးပွားကူးသန်း ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန အပါအ၀င် နိုင်ငံတ၀န်းရှိ အဝေးပြေးကားဂိတ် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ လိုလားချက်များကို မရရှိပါက အသင်းသားများဖြင့် တိုင်ပင်ပြီး တောင်းဆိုမှုများ လုပ်သွားမည် ဖြစ်သည်ဟု ဦးဝင်းမြင့်က ရှင်းပြသည်။

ယခု စွယ်တော် (ပြည်ကြီးမင်္ဂလာ) ကားကွင်းသစ်သည် ၆၀.၀၈ ဧက ကျယ်ဝန်းပြီး အခန်းပေါင်း ၁၃၅ ခန်း ဆောက်လုပ်ထားသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မန္တလေးမြို့တော်ဝန်မှ ကားဂိတ်လုပ်ငန်းရှင်များကို ခေါ်ယူကာ လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကျွဲဆည်ကန်မှ ကားဂိတ်များကို ပြည်ကြီးမင်္ဂလာ ကားကွင်းအတွင်း အပြီးပြောင်းရွေ့ရန် ပြောဆိုထားကြောင်း သိရသည်။

မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက မြို့တွင်းယာဉ်ကြော ပိတ်ဆို့ခြင်း၊ ပွင့်လင်းလာမည် အာဆီယံ- တရုတ် ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါခြင်းတို့ကြောင့် ပြည်ကြီးမင်္ဂလာ ကုန်တင်ကုန်ချယာဉ်များ ရပ်နားစခန်းသစ်ကို ၂၀၀၉ ခုနှစ်က မန္တလေး-လားရှိုး ကားလမ်းဘေး စွယ်တော် ဘုရားအနီးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခုပြောင်းရွေ့သည့် နေရာသစ်မှာ စီးပွားရေး အချက်အချာကျသည့် ဈေးချိုတော်ဖြင့် ၁၄ မိုင်ခန့် ဝေးလံသည့်အတွက် မြို့တွင်း ကုန်စည်ဖြန့်ချိရေး၌ သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများ မြင့်တက်ပြီး ကုန်ဈေးနှုန်းမှာလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ ထို့အပြင် ကားဂိတ်ကိုမှီ၍ အသက်မွေးဝမ်းကျောင်း ပြုသူများအနေဖြင့်လည်း ခက်ခဲမှုများ ရှိလာနိုင်ကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။

၁၉၉၂ ခုနှစ် စစ်အစိုးရ လက်ထက်ကလည်း ကုန်တင်ကုန်ချနှင့် အဝေးပြေးကားများကို ယာဉ်ကြောပိတ်ဆို့သည်ဟု ဆိုကာ ရတနာပုံရပ်မှ ကျွဲဆည်ကန်သို့ ပြောင်းရွေ့စေခဲ့သေးသည်။

ယခုအခါ ကျွဲဆည်ကန်ကားကွင်းတွင် ကားဂိတ်ပေါင်း ၆၈ ဂိတ်ရှိပြီး၊ တခြားသော ဈေးဆိုင်ခန်းများနှင့် ပွဲရုံများလည်း ရှိသည်။

မြန်မာပြည်၏ အလယ်ဗဟိုချက် မန္တလေးမြို့သည် ကုန်စည်စီးဆင်းမှုတွင် အရေးပါပြီး ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့နှင့်လည်း ဆက်သွယ်မှုရှိသည်။

Irrawaddy News

မန္တလေးမြို့ ကျွဲဆည်ကန်ကားဝင်းမှ ကားဂိတ်များကို ၇ မိုင်ခန့်ဝေးသည့်
ပြည်ကြီးမင်္ဂလာ ကုန်တင် ယာဉ်ရပ်နား စခန်းသစ်သို့ ပြောင်းရွေ့ခိုင်းမှုနှင့် ပတ်သက်၍ အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များ အသင်းက သမ္မတ ဦးသိန်းစိန်ထံသို့ ယနေ့တိုင်ကြားလိုက်သည်။

ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန်

ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန် 

“ ဟင့်အင်း ကျွန်မ လက်မခံနိုင်ပါဘူး ” 
“ ဘာကွ . . မင်းအတွက် တန်ရာတန်ကြေးငါပေးထားပြီးပြီပဲ မင်းက ဘာသောက်ကြီးကျယ်တာလဲ ” 
“ အဟက် ဟုတ်ကဲ့ လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်မ လက်မခံနိုင်ပါဘူးလို့ပြောပြီးပြီလေ ဒီထက် ရှင်းအောင်ပြောရဦးမလား ကျွန်မ ရှင်နဲ့အလုပ်ဆက်မလုပ်တော့ဘူး ရော့ ဒီမှာ ရှင့်ပိုက်ဆံ ” 

သူ့ရှေ့မှ မျက်နှာအဆီအတ၀င်းဝင်းနှင့်လူကြီးကို သူပေးထားသော ပိုက်ဆံတွေနဲ့ပစ်ပေါက်လိုက်ပြီး ရှင်နှောင်း ပြန်ထွက်လာခဲ့လိုက်သည် ။ လူတွေလူတွေ သူတို့အလိုလောဘ တစ်ခုတည်းပဲကြည့်နေကြတယ် ။ သူ့မှာ သတ်မှတ်ထားတဲ့ Rule တွေရှိသည် ။ Prostitute တစ်ယောက် ကငွေပေးတိုင်း ဖျော်ဖြေရမည်ဟု ဘယ်သူကများ သတ်မှတ်ထားပါသလဲ ။ ဘယ်သူမှ မသတ်မှတ်ထားပါဘူး ။ ငွေရတိုင်း ဒီအလုပ်လုက်ခံမယ်လို့ရော ရှင်တို့ကို ဘယ်သူပြောလဲ ။ ကျွန်တော်သတ်မှတ်ထားတဲ့ အကာအကွယ်သုံးရမယ်ဆိုတဲ့ ကိစ္စကို လက်မခံသရွေ့ ကျွန်မ အသားကိုတောင်ထိလို့မရဘူးမှတ် ။ ဟူး အင်းလေ ဒီတစ်ယောက်အဆင်မပြေလည်း နောက်တစ်ယောက်ပေါ့ ။ စိတ်ညစ်ညစ်နဲ့ ပလက်ဖောင်း တလျှောက် ရှင်နှောင်းရှောက်လာမိသည် ။ အသက် ၃၀ အရွယ် ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်နှင့် သူ့ပုံစံကို ဒီလောကထဲကလူတွေကတော့ သတိထားမိမှာသေချာသည် ။ သေချာတာကတော့ မာနကို အထိမခံ ဆတ်ဆတ်ထိမခံ ကြီးကျယ်လွန်းသော ရှင်နှောင်းကို ယောက်ျားတွေ တန်းတန်းစွဲဖြစ်ကြသည်မှာ သိပ်တော့မဆန်းလှပေ ။ 

“ ရွတ် ရွတ် . . ” 
အနောက်မှ လှမ်းခေါ်လိုက်သော အသံကို သူ မကြားချင်ယောင်ဆောင်လိုက်သည် ။ အင်း . . . အလုပ်တစ်ခုတော့ ရပြီထင်ပါရဲ့ ။ ငနဲသားက နောက်က လိုက်လာသည် ။ 

“ ညီမလေး . . ညီမလေး ” 
သူ အလှဆုံးပြုံးရင်းနောက်ပြန်လှည့်လို့ဖြေလိုက်သည် ။ “ ဟုတ်ကဲ့ အကို ဘာများလဲဟင် ” 
“ ရှင်နောင်းဆိုတာ ညီမလားဟင် ”
“ အော် ဟုတ်ပါတယ်အကို ” 
“ အကို့ကို ရဲနောင်တို့ကပြောလို့ပါ ညီမအကြောင်း ညီမ နဲ့အလုပ်ကိစ္စလေးညှိချင်လို့ ခဏလောက်လိုက်ခဲ့ပါလား ” 
“ အော် . . ရပါတယ်အကို ကိုရဲနောင်တို့အသိဆို ဖြစ်ပါတယ် ” 

ဒီလိုနဲ့ သူတို့ ခပ်ပေါပေါ အအေးဆိုင်တစ်ခုထဲ ဈေးစကားပြောကြသည် ။ လွန်စွာနာမည်ကြီးလှသော သူဌေးကြီးတစ်ဦးကို ပြုစုရမည်တဲ့ ။ အင်းလေ သူဌေးကြီးဆိုတော့လည်း ပိုက်ဆံလေးဘာလေး မြိုးမြိုးမျက်မျက်ရတာပေါ့လေ ။ အပြန် တက်က်စီလေးဘာလေး ငှားခွင့်တောင်ရချင်ရနိုင်သေးတယ် ။ဟတ်ဟတ် . . .ရှင်နှောင်းအတွက် ကံကြမ္မာက ဒီနေ့ မျက်နှာသာပေးပြန်ပြီထင်ရဲ့ ။ 

လူကုံထန်တွေချည်းနေတဲ့ရပ်ကွက်က တစ္ဆေဆန်စွာ ခြောက်သွေ့ အေးစက်လွန်းလှသည် ။ သူတို့တွေ ဘာလို့များဒီလောက်ချမ်းသာနေကြပါလိမ့် ။ အင်း လေ ငါ ရှေးဘ၀ကကုသိုလ်ကံတရားနည်းခဲ့မိလို့ထင်ပါရဲ့ ။ သူဌေးကြီးအိမ်သို့သွားရာလမ်းတလျှောက် ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီးကိုပဲ ရှင်နှောင်းပြန်တွေးနေမိလိုက်သည် ။ ရှင်းနှောင်းတို့က မောင်နှမ ၃ ယောက်ဖြစ်သည် ။ အဖေက အိပ်ရာထဲလေဖြတ်ထားတုန်း အမေက ပန်းနာရင်ကြပ်နဲ့ မလုပ်နိုင်မကိုင်နိုင် ကျန်တဲ့ မောင်လေး နဲ့ညီမလေးက ကျောင်းနေအရွယ်တွေ ။ ရှင်နှောင်းသည်သာ ဒီအိမ်ကလေးရဲ့ အားကိုးရာဖြစ်နေတော့ ။ သူများတွေပြောသလိုပဲရှင်နှောင်းလည်း ဘ၀ကိုရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားဖြတ်သန်းချင်ပါသည် ။ စက်ရုံမှာ ၀င်လုပ်သည် ။ အထည်ချုပ်စက်ရုံက ဟိုဖြတ်ဒီဖြတ်နဲ့တစ်လကို ၆ သောင်းလောက်တောင် မတင်ချင် ။ ဒီလိုနဲ့ညနေဖက် အိမ်မှာ အထည်တွေယူချုပ်သည် ။ ဆင်းရဲနုံချာလွန်းသော အိမ်ကလေးကို လူတွေက ၀ိုင်းအထင်သေးကြသည် ။ ရှင်နှောင်းဘ၀ကိုပြောင်းလဲစေသောကိစ္စရပ်ကြီးက ရှင်နှောင်းအသက် ၁၈ နှစ်ပြည့်မှာပေါ်လာသည် ။ 

“ ရှင်နှောင်း မင်းအဖေ ဦးထွန်းခင် ယူထားတဲ့ ပိုက်ဆံက အတိုးရောအရင်းရောဆိုအခု သိန်း ၂၀ ကျော်နေပြီ အဲးဒါမင်းဘယ်လိုဆပ်မလဲ ” 

နားထဲမှကြားလိုက်ရသော စကားသံတွေကို သိပ်မယုံချင် ။ အဖေ . . လုပ်ငန်းတွေအဆင်မပြေ တဖြည်းဖြည်းဆင်းရဲလာလိုက်တာ အခု အကြွေး တောင် သိန်း ၂၀ တင်နေတယ်တဲ့ ။ သူ ဘယ်လိုရှာရမလဲ . . ။ ရှင်နှောင်းမျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုလို့လာခဲ့တယ် ။ 

“ ကျွန်မ .. .မရရအောင် ပြန်ဆပ်ပါ့မယ် ဦးရယ် . . .” 
“ အေးလေပြီးတာပဲ မဟုတ်ရင်တော့ မင်းတို့တစ်အိမ်လုံးငါ့အကြောင်းသိစေရမယ့် ဒီလပိုင်းအတွင်း ကို ကြေအောင်ဆပ်ပါ ” 

နားထဲကို မိုးကြိုးတွေများပစ်နေသလား ။ ရှင်နှောင်းငိုယုံမှ လွဲ၍ ဘာများတတ်နိုင်မှာလဲ ။ ဘ၀ဆိုတာ အဲဒီလို ကမောက်ကမနဲ့နေသားမကျ တဲ့အရာတွေနဲ့ဖွဲ့စည်းထားတဲ့ အခွံကြီးသက်သက်မဟုတ်လား ။ အခွံပဲလေ ရှင်နှောင်းအတွက်တော့ဘာမှမရှိတဲ့အခွံကြီးပါပဲ ။ ဒီလိုနဲ့ စဉ်းစားရင်းစဉ်းစားရင်း ရှင်နှောင်းမတွေးတတ်အောင်ဖြစ်လာမိသည် ။ ထိုရက်ပိုင်းအတွင်း ရှင်နှောင်းသူငယ်ချင်း သူဇာ ရောက်ချလာသည် ။ သူဇာက ပိုက်ဆံတော့အတော်အသင့်ရှိသည် ။ 

“ ရှင်နှောင်း . .ငါ သတင်းတွေကြားပါတယ်ဟာ နင်စိတ်တော့သိပ်ညစ်မနေပါနဲ့ ငါ အခု လမ်းကြောင်း တစ်ခုတွေ့ထာလို့ နင် ဦးဂျော်နီကိုသိတယ်မဟုတ်လား ငါတို့ လမ်းထိပ်က လူကြီးလေ အဲဒီလူကြီးက ရပ်ကွက်ထဲက ယိုးဒယားအလုပ်သွားလုပ်ချင်တဲ့သူတွေကို ပို့ပေးတယ်တဲ့ နေစရိတ်စားစရိတ်ဖယ်ပြီးရင် အိမ်ကို ၅ သိန်းလောက်ပို့နိုင်တယ်တဲ့ ငါတို့သွားရအောင် နင်သွားမယ်ဆိုရင်ငါနင့်အတွက်အကုန်စီစဉ်ပေးမယ်လေ ”
 “ ဟင် . . နင်. . နင်ပြောတာ တကယ်လား ဟဲ့ ” 
“ အေးပေါ့ဟ ” 
“ ဒါနဲ့ ဘာလုပ်ရမှာတုန်းဟ ” 
“ အထည်ချုပ်စက်ရုံမှာ ဟက်လ်ပါ ပေါ့ဟာ ” 
“ အေးဟာ အဲဒါဆို ငါလုပ်ချင်တယ် ငါ့ကိုကူညီပါဦးဟာမဟုတ်ရင်ငါဒီနွံ့ထဲကထွက်လို့ရမှာမဟုတ်တော့ဘူး ” 

ဒီလိုနဲ့ . . ဒီလိုနဲ့ပေါ့ ရှင်နှောင်းတစ်ယောက် ယိုးဒယားကို သူဇာနဲ့အတူရောက်သွားခဲ့ပါတယ် ။ ဦးဂျော်နီရဲ့ အထည်ချုပ်စက်ရုံအမည်ခံ စားသောက်ဆိုင်တစ်ခုမှာ သူဟာ တကယ့်ကို အပျော်မယ်တစ်ယောက်ဖြစ်သွားခဲံရတယ် ။ ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်သူ့ဘ၀က အခွင့်မသာခဲ့ရပါဘူး ။ ငြင်းဆန်မှုတွေတိုင်းမှာ ခွန်အားကမမျှ . . . မျက်ရည်တို့သာအဖတ်တင်ခဲ့သည် ။ သူများစကားကိုနားယောင်ပြီး လိုက်လာခဲ့တဲ့ ယုံကြည်မှုတစ်ခုက ရှင်နှောင်းကို ဒီဘ၀ကိုတွန်းပို့ပေးခဲ့သည် ။ ဒီလိုနဲ့ မထူးဇာတ်ကိုခင်းရင်း ရှင်နှောင်းငွေအတော်တန်စုမိတော့ မြန်မာပြည်ပြန်ရောက်လာခဲ့သည် ။ အဖေ . . . ဆုံးသွားပြီ . . . ။ ဘာလို့များ ဒါဏ်ရာတွေချည်းအထပ်ထပ်ပေးနေရသလဲ ရှင်နှောင်းနားမလည်နိုင်တော့ ။ သူ့ဘ၀က အတိတ်က ဖြည့်ဆည်းပေးခဲ့တဲ့ ကုသိုလ်အကုသိုလ်တွေနဲ့သာ ဆိုင်တယ်လို့ ဖြည်တွေးတွေးမိပေမယ့် တခါတလေတော့ လောကကြီးကို ရှင်နှောင်းမကျေနပ်ချင်ပါဘူး ။ 
အမေ့ ဆေးဖိုးနဲ့ မောင်လေး ညီမလေးတွေ ရဲ့ပညာသင်စရိတ်အတွက် ရပ်ကွက်ထဲ တူတူတန်တန်နေနိုင်ဖို့ ရှင်နှောင်းရဲ့မထူးဇာတ်ကို ရှင်နှောင်းဆက် ကခဲ့ရတယ် ။ 

ဘယ်သူပြောလဲဟင် . .ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားရင် အဖေ ထောင်ကျသွားမှာပေါ့ အဖြစ်မခံနိုင်ပါဘူး ရှင်နှောင်း ဘ၀ပျက်ရတာ ဘာအရေးလဲ မဟုတ်ဘူးလား ။ ဒါဆို မြန်မာပြည်ရောက်နေပြီပဲ ရိုးရိုးသားသားလုပ်ကိုင်စားပေါ့ ။ ကိုယ်ကိုယ်ကိုယ်ပြန်ထုတ်ရတဲ့မေးခွန်းတွေက တခါတခါခက်လှပါတယ် ။ အင်း လုပ်မှာပေါ့ ရှင်နှောင်း ပိုက်ဆံအတော်စုမိတာနဲ့ တစ်ခြားမြို့ကိုပြောင်းမယ် ။ ကုန်စုံဆိုင်လေးဖွင့်မယ် ။ မောင်လေးနဲ့ညီမလေးကို ပညာတတ်ကြီးတွေဖြစ်အောင်သင်ရမယ် ။ ဟုတ်တယ် မိရှင်နှောင်း ညည်းမျက်ရည်တွေသုတ်လိုက်စမ်း ။ ကိုယ့်ဘ၀ပျက်ရတာ ဘာအရေးလဲအေ . . ကိုယ့်မိသားစုမှာ ကိုယ်မှမကယ်တင်ဘယ်သူကယ်မလဲ ညည်းအမေ ဆေးဖိုးလည်းညည်းသိသားနဲ့ ။ 

“ ရောက်ပြီခင်ဗျ ဒီအိမ်ပါ ” 
ခန်းနားလှတဲ့ ဘန်ဂလိုပုံ့စံအိမ်လေးက တကယ့်ကို သပ်သပ်ရပ်ရပ်ကလေးပါ ။ ရှင်နှောင်းကို အခန်းထဲအထိလိုက်ပို့ပေးသည် ။  

အထဲမှာတော့ ထုံးစံအတိုင်း ဆန္ဒအာသီသများသယ်ပိုးထားသော လူ့ခန္ဓာကိုယ်ကြီးတစ်ခု သူ့ကိုစောင့်နေမည် ။ 
ထုံးစံအတိုင်းသူ့ကိုမိတ်ဆက်ပြီး ရီဝေေ၀ပြုံးပြမည် ။ 
ထုံးစံအတိုင်း သူ့ရဲစည်းကမ်းချက် အကာအကွယ်သုံးရမည်ဟု ရှင်နှောင်းပြောမည် ။ 
လက်ခံလျှင် ထုံးစံအတိုင်း အလုပ်ဖြစ်မည် လက်မခံလျှင် သူ ပြန်ထွက်လာမည် ။ 
ထုံးစံအတိုင်း ညနေ သွေးသွားစစ်မည် ။ 
ထုံးစံအတိုင်း အမေ့အတွက်ရင်ကြပ်ရှုဆေးဝယ်ပြီး ကလေးတွေအတွက် စာအုပ် စာတမ်းနဲ့လိုတာလေးတွေဝယ်ရမည် ။ 
ထုံးစံအတိုင်း မျက်ရည်တွေကို သုတ်ပစ်ရဦးမည် ။ 

ဒါပါပဲ လေ . . . . 

ဘ၀ဆိုတာ တခါတလေတော့လည်း ထုံးစံအတိုင်းတွေနဲ့ချည်းဖွဲ့စည်းထားတဲ့ ပစ္စုပ္ပန်သက်သက်မဟုတ်ပါလား ။ 

သက်တန့်ချို
22 Jan 2013

“ ဟင့်အင်း ကျွန်မ လက်မခံနိုင်ပါဘူး ”
“ ဘာကွ . . မင်းအတွက် တန်ရာတန်ကြေးငါပေးထားပြီးပြီပဲ မင်းက ဘာသောက်ကြီးကျယ်တာလဲ ”
“ အဟက် ဟုတ်ကဲ့ လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်မ လက်မခံနိုင်ပါဘူးလို့ပြောပြီးပြီလေ ဒီထက် ရှင်းအောင်ပြောရဦးမလား ကျွန်မ ရှင်နဲ့အလုပ်ဆက်မလုပ်တော့ဘူး ရော့ ဒီမှာ ရှင့်ပိုက်ဆံ ” သူ့ရှေ့မှ မျက်နှာအဆီအတ၀င်းဝင်းနှင့်လူကြီးကို သူပေးထားသော ပိုက်ဆံတွေနဲ့ပစ်ပေါက်လိုက်ပြီး ရှင်နှောင်း ပြန်ထွက်လာခဲ့လိုက်သည် ။ လူတွေလူတွေ သူတို့အလိုလောဘ တစ်ခုတည်းပဲကြည့်နေကြတယ် ။ သူ့မှာ သတ်မှတ်ထားတဲ့ Rule တွေရှိသည် ။ Prostitute တစ်ယောက် ကငွေပေးတိုင်း ဖျော်ဖြေရမည်ဟု ဘယ်သူကများ သတ်မှတ်ထားပါသလဲ ။

Myanmar Sexy Girl 2013 (Part 9)

AwnSeng
admin :GC

Myanmar Sexy Girl 2013 (Part 9)

အမေရိကန်တွေရဲ့ tweets အားလုံးကို စုဆောင်းနေတဲ့ Library of Congress

အမေရိကန်တွေရဲ့ tweets အားလုံးကို စုဆောင်းနေတဲ့ Library of Congress
==========================================

အမေရိကန်မှ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ဖြစ်တဲ့ Library of Congress ဟာ စာအုပ်အများဆုံး စုဆောင်းထားရုံမျှမက အမေရိကန်လူမျိုးတွေရဲ့ ဘီလီယံချီရှိတဲ့ twitter စာများကို စုဆောင်းလျက်ရှိပြီး အမေရိကန်သမိုင်းရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ Twitter နဲ့ Library of Congress တို့ ၂၀၁၀ ခုနှစ် ဧပြီလထဲမှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး twitter စတင်ခဲ့တဲ့ ၂၀၀၆ ကစပြီး ပြည်သူများရေးပို့ခဲ့တဲ့ Tweets များကို စုဆောင်းခွင့်ပေးခဲ့ပါတယ်။ စုဆောင်းထားတဲ့ tweet ထဲမှာ twitter တည်ထောင်သူတဦးဖြစ်တဲ့ Jack Dorsey ရဲ့ ပထမဆုံးရေးပို့တဲ့စာ နဲ့ သမ္မတအိုဘားမား ၂၀၀၈ ရွေးကောက်ပွဲအနိုင်ရခဲ့စဉ် twitter နဲ့ ရေးပို့ခဲ့တဲ့ သမိုင်းဝင်စာ "We just made history. All of this happened because you gave your time, talent and passion. All of this happened because of you. Thanks," တို့လည်း ပါဝင်ပါတယ်။

အမေရိကန်လူမျိုးများဟာ ၂၀၁၁ ခုနှစ်မှာ နေ့စဉ် tweets ပေါင်း ၁၄၀ သန်း ရေးပို့ရာမှ ၂၀၁၂ ခုနှစ်မှာ သန်း ၄၀၀ နေ့စဉ်ရေးပို့ နေကြပါတယ်။ Library of Congress ရဲ့ tweets စုဆောင်းမှုများကို ကိုရိုရာဒိုပြည်နယ်မှ Grip, Inc. က တာဝန်ယူ သိမ်းဆည်းထားပေးပြီး လက်ရှိမှာ ဒေတာစုဆောင်းဖို့ 133000 GB နေရာပေးထားပါတယ်။ ဒါပေမဲ့ သိမ်းဆည်းထားတဲ့ ယခုလိုအလွန်ကြီးမားတဲ့ ဒေတာများကို ရယူကြည့်ရှုနိုင်ဖို့က နည်းပညာပိုင်းအရ လွန်စွာခက်ခဲသေးကြောင်း သိရပါတယ်။ ဥပမာ- ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ tweets များကို ရှာဖွေဖို့ အချိန် ၂၄ နာရီခန့် ကြာမြင့်ကြောင်း သိရပါတယ်။
(Ref; Channel News Asia, Jan 21, 2013, http://tinyurl.com/byqvgge)

အေးချမ်းမွန်မှ  Myanmar1  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အမေရိကန်မှ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ဖြစ်တဲ့ Library of Congress ဟာ စာအုပ်အများဆုံး စုဆောင်းထားရုံမျှမက အမေရိကန်လူမျိုးတွေရဲ့ ဘီလီယံချီရှိတဲ့ twitter စာများကို စုဆောင်းလျက်ရှိပြီး အမေရိကန်သမိုင်းရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ Twitter နဲ့ Library of Congress တို့ ၂၀၁၀ ခုနှစ် ဧပြီလထဲမှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး twitter စတင်ခဲ့တဲ့ ၂၀၀၆ ကစပြီး ပြည်သူများရေးပို့ခဲ့တဲ့ Tweets များကို စုဆောင်းခွင့်ပေးခဲ့ပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ် လမ်း၉၀တွင် ရပ်နားထားသော ၄ဂ/၅၈၀၇ Mark II အမျိုးအစား ကား ပုလဲဖြူရောင် ယမန်နေ့ညပိုင်းကပျောက်ဆုံးနေ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်/နောက်ရပ်ကွက် လမ်း ၉၀ အိမ်အမှတ် ၃၂ ရှေ့တွင် ညသိပ်ရပ်နားထားသည့် တန်ဖိုး ကျပ်သိန်း ၁၃၀ ခန့် တန်ဖိုးရှိ ၄ဂ/၅၈၀၇ Mark II အမျိုးအစား ကား ပုလဲဖြူရောင်သည် ယမန်နေ့ညပိုင်းကပျောက်ဆုံးသွားကြောင်း ကားပိုင်ရှင် ဦးဇော်မင်းလှိုင်ကပြောသည်။

သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ

သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ

 21.01.2013
အမေရိကန်သမ္မတ ဘရက်ခ်၊ အိုဘားမားဟာ ဒီကနေ့ တနင်္လာနေ့မှာ ပါလီမန် အဆောက်အဦးရဲ့ အရှေ့ဘက်မှာ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်မှုအတွက် ခရီး စတင်မယ့်အထိမ်းအမှတ် ချီတက်ပွဲမစတင်ခင် သမ္မတအိုဘားမားဟာ လူထုကို အမှာစကား ပြောခဲ့ပါတယ်။

သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့ လီမန်လွှတ်တော် ခန်းမရဲ့ရှေ့ ပြည်သူ့ရင်ပြင်တဝိုက် မှာ နိုင်ငံတဝန်းက ပြည်သူလူထု ၈၀၀,၀၀၀ လောက် လာရောက်ကြည့်ရှုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ လေးနှစ်တုန်းက ပထမဆုံးအကြိမ်အဖြစ် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းတစ်ဦး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်က တက်ရောက်ခဲ့တဲ့ လူပေါင်း နှစ်သန်း ရှိခဲ့တာနဲ့စာရင်တော့ ကွာခြားမှု ရှိနေပါလိမ့်မယ်။

မစ္စတာ ဘရက်ခ် အိုဘားမားရဲ့ တရားဝင်ကျမ်းသစ္စာကျိန်ဆိုတဲ့ သီးသန့်အခမ်းအနားကို တနင်္ဂနွေနေ့က သမ္မတ အိမ်ဖြူတော်မှာ ကျင်းပခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် သမ္မတဟာ အစဉ်အလာမပျက် လူထုရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုမှုကို ပါလီမန်အဆောက်အဦးရှေ့မှာ တနင်္လာနေ့ ထပ်မံပြုလုပ်ဖို့ ရှိနေတာပါ။

တနင်္လာနေ့ သမ္မတအဖြစ် လူထုရှေ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားသူကြီးချုပ် ဂျွန်ရောဘတ်က ကမကထပြု ဆောင်ရွက်ကျင်းပပေးပါတယ်။

အခုတကြိမ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေရာမှာ သမ္မတအိုဘားမားဟာ သမ္မာကျမ်း စာအုပ် နှစ်အုပ်ကို ကိုင်တွယ်ပြီး သစ္စာဆိုခဲ့ပါတယ်။ ပထမကျမ်းကတော့ ၁၈၆၁ ခုနှစ်တုန်းက ၁၆ ယောက် မြောက် အမေရိကန် သမ္မတဟောင်း အေဘရာဟင် လင်ကွန်းအနေနဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ကိုင်တွယ် ကျိန်ဆိုခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်ပြီးတော့ နောက် ကျမ်းစာအုပ်ကတော့ အရပ်သားအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရင်း လုပ်ကြံခံခဲ့ရတဲ့ မာတင်လူသာကင်း ကိုင်ဆောင်ခဲ့တဲ့
Traveling Bible ဆိုတဲ့ ကျမ်းစာအုပ်ဖြစ်ပါတယ်။

ဒီကနေ့ တနင်္လာနေ့ဟာ အမေရိကန် ၁၉၆၈ ခုနှစ်တုန်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မာတင်လူသာကင်းကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရ ရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားပါတယ်။


VOA

အမေရိကန်သမ္မတ ဘရက်ခ်၊ အိုဘားမားဟာ ဒီကနေ့ တနင်္လာနေ့မှာ ပါလီမန် အဆောက်အဦးရဲ့ အရှေ့ဘက်မှာ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်မှုအတွက် ခရီး စတင်မယ့်အထိမ်းအမှတ် ချီတက်ပွဲမစတင်ခင် သမ္မတအိုဘားမားဟာ လူထုကို အမှာစကား ပြောခဲ့ပါတယ်။

လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက် မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက် မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆေးတက္ကသိုလ်(၁)ရန်ကုန်အား တွေ့ရစဉ်
လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက်မည် ဖြစ်ပြီး ပြည်နယ်များတွင်လည်း ဆေးတက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
“လူဦးရေနဲ့ ဆရာဝန် အချိုးမျှတဖို့အတွက် ဆရာဝန်တွေ များများ မွေးထုတ်နိုင်ဖို့ ဆေးတက္ကသိုလ် ကျောင်းအသစ်တွေ ထပ်မံ တည်ဆောက် ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ လာမယ့်နှစ်က စပြီး တောင်ကြီးမှာ စတင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ပြီးရင် ပြည်နယ်တွေမှာ ဖွင့်ခွင့်ရဖို့ ဆောင်ရွက်မှာပါ။ အစိုးရပိုင်းက ပြေလျှော့မှုတွေ ပြုလုပ်ပြီး အပြည့် ခန့်အပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ် တက်ရောက် အောင်မြင်ပြီးသူ အားလုံးကို မည်သည့် နိုင်ငံတွင်မျှ ခန့်အပ် အလုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ယမန်နှစ်တွင် ဆရာဝန် ၅၀၀ ဦး၊ ယခုနှစ်တွင် ဆရာဝန် ၁၅၀၀ ဦး ခန့်အပ်ထားပြီး လာမည့်နှစ်များတွင် အောင်မြင်ပြီးသူ အားလုံးအား အလုပ်ခန့်ထားရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
“ဆရာဝန်လောင်း ၂၀၀၀ ခန့်ကို တက္ကသိုလ်လေးခုကနေ မွေးထုတ် နေရတာပါ။ ဆေးတက္ကသိုလ် ၁၀ ခု၊ အခု ၂၀ ကနေ မွေးထုတ်နေရတာ ဆိုရင် ကျောင်းသားနဲ့ ဆရာ၊ ကျောင်းအရေအတွက် မျှတမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆေးတက္ကသိုလ်တွေမှာ တစ်ကျောင်းကို ၁၀၀ ဦး ကနေ ၂၀၀ ဦးအထိသာ အများဆုံး သင်ကြား မွေးထုတ် ပေးကြပါတယ်။ ကျွန်တော်တို့ ဆီမှာက ဆေးတက္ကသိုလ် တစ်ကျောင်းဟာ တစ်နှစ်ကို ကျောင်းသား ၆၀၀ လောက် မွေးထုတ် နေရပါတယ်။ အဲဒီအခါမှာ ဆရာနဲ့ ကျောင်းသား အချိုးက မမျှတော့ဘူး။ အာဆီယံနိုင်ငံတွေလို လူနာနဲ့ဆရာဝန် အချိုးမျှတဖို့ အတွက် တစ်နှစ်ကို ကျောင်းသားဦးရေ ၂၀၀၀ လောက် မွေးထုတ် ပေးနိုင်မှ လုံလောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆေးတက္ကသိုလ် ကျောင်းတွေ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ် အောင်မြင်ပြီးသူ များကိုလည်း ယခင်ကကဲ့သို့ သတ်မှတ်ထားခြင်းများ မရှိတော့ဘဲ ‘ဆမ’ လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။
“ဆေးတက္ကသိုလ် အသစ် တည်ဆောက်ဖို့ အတွက် ဦးဆုံးအနေနဲ့ မြို့လေးမြို့ကို ရွေးချယ်ထားပါတယ်။ အရင်ဆုံး တောင်ကြီးမြို့ကို လုပ်ဖို့လည်း စီစဉ်နေပါတယ်။ တောင်ကြီးမှာက လက်ရှိ စပ်စံထွန်း ပြည်သူ့ဆေးရုံ ရှိနေတဲ့အတွက် ဆေးတက္ကသိုလ်ဖွင့်ရင် အဲဒီဆေးရုံကို သင်ကြားရေး ဆေးရုံအဖြစ် တွဲဖက် အသုံးပြုသွားဖို့လည်း စီစဉ်ထားပါတယ်” ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါသည်။
ထို့အပြင် ယခု ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသား ဦးရေများကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ချခဲ့သည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်များမှာ ရန်ကုန် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဆေးတက္ကသိုလ်(၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ် တို့ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂၀၀ ဦးဝန်းကျင် မွေးထုတ်သင်ကြား ပေးလျက်ရှိသည်။
ထို့အပြင် ယခုပညာသင်နှစ်၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ နှင့် သွားလာရေး ခက်ခဲသည့် ဒေသများအတွက် ဆေးတက္ကသိုလ် ၀င်ခွင့်လျှောက်လွှာများ ခေါ်ယူခဲ့ပြီး တက်ရောက်ခွင့် ရရှိသူများအား မကွေးဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။
လက်ရှိ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံတွင် အထူးကု ဆရာဝန် ဦးရေ ၁၈၅၃ ဦး၊ လက်ထောက်ဆရာဝန် ဦးရေ ၂၈၉၆ ဦးနှင့် အုပ်ချုပ်ရေး၊ ပြည်သူ့ ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး ဌာနများတွင် ၆၃၃ ဦး၊ စုစုပေါင်း ၅၃၈၀ ဦးတို့ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။



____________________________________
Reference and Credit to -Eleven Media Group
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
ဆေးတက္ကသိုလ်(၁)ရန်ကုန်အား တွေ့ရစဉ်

လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက်မည် ဖြစ်ပြီး ပြည်နယ်များတွင်လည်း
 ဆေးတက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။

မျက်လုံးပြူးသည့်အမျိုးသားများ ဆွဲအားပြင်းသည်ဟုဆို

မျက်လုံးပြူးသည့်အမျိုးသားများ ဆွဲအားပြင်းသည်ဟုဆို


"ချစ်ခြင်းအစ မျက်စိက" ဆိုသော စကားပုံအား ထောက်ခံနိုင်မည့် လေ့လာဆန်းစစ်မှု တစ်မျိုး ကို ပညာရှင်များက ဖော်ထုတ်နိုင် ခဲ့ကြသည်။ လေ့လာမှု မှတ်တမ်းများအရ မျက်စိသူငယ်အိမ် ကျယ်ဝန်းသော အမျိုးသား
များသည် ဆန့်ကျင်ဖက်လိင်အား ပိုမို ဆွဲဆောင်နိုင်ကြောင်း သိရသည်။ သိပ္ပံပညာရှင်များက သက်ရှိ အမျိုးအစားအလိုက် ဆန့်ကျင်
ဖက် လိင်အပေါ် ဆွဲဆောင်မှုမှာ ပုံသဏ္ဍန်ခြားနား တတ်ကြောင်း၊ လူသား အမျိုးသားများကမူ ကြီးမားဝိုင်းစက်သည့် မျက်ဝန်းများဖြင့် အမျိုး
သမီးများ၏ ကိုယ်စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်ရာတွင် အအောင်မြင်ဆုံးဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အီဒင်ဘတ် တက္ကသိုလ်မှ ပညာ
ရှင် များက မိန်းကလေးများအပေါ် ယောက်ျားလေးများက ဖမ်းစားသိမ်း သွင်းနိုင်မည်ဟု လက်ခံရသည့် နည်းလမ်း (၆)မျိုးကို စနစ်တကျ သုတေသန ပြုလုပ်ခဲ့ပြီး မျက်စိသူငယ်အိမ် ကျယ်ဝန်းသော အမျိုးသားများ၏ ဓာတ်ပုံအ
များစုကို အမျိုးသမီးများက နှစ်သက်ကြသည်ကို တွေ့ရှိလာရသည်။

 ထိုအခြေအနေသည် အမျိုးသမီးများ လစဉ်ပုံမှန် ရာသီသွေးသား ပြောင်းလဲ
တတ်သည့် ကာလများ အတွင်း ပိုမိုထင်ရှား တတ်ကြောင်းလည်း သိရသည်။ အမျိုးသားများ၏ မျက်နှာကို အနေအထား(၃)မျိုးမှ ရိုက်ကူးထားပြီး အမျိုးသမီးများ၏ အမြင်ကို စနစ်တကျ စာရင်းပြုစု ကောက်ခံခဲ့ရာ အမျိုးသမီး 
များက ဆွဲဆောင်အား ကောင်းသည်ဟု သတ်မှတ်ခြင်း ကို ခံရသူအမျိုးသား အများစုသည် မျက်စိသူငယ်အိမ် ကျယ်ဝန်းနေသည်ကို ဆန်းစစ်တွေ့ရှိခဲ့ရသည်။ အမျိုးသမီးများသည် အမျိုးသားတစ်ဦးနှင့် မျက်လုံးချင်း ဆုံမိသည့်အခါ သူငယ်အိမ်ကျယ်ပြန့်သော အမျိုးသားများ၏ အတွင်းစိတ်ကို ကောင်းမွန်ဖြောင့်မှန်သည်ဟု အလိုလို လှုံ့ဆော် ယူဆပြီး အထင်ကြီးစိတ်လည်း ၀င်လာတတ်ကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့်လည်း မသိစိတ်က အဆိုပါ အမျိုးသားအပေါ် အလိုလို တိမ်းညွတ်သွားတတ်ကြောင်း သုတေသီများက ရှင်းလင်းပြောဆိုသွားသည်။
Copy From : YoeYarLay

"ချစ်ခြင်းအစ မျက်စိက" ဆိုသော စကားပုံအား ထောက်ခံနိုင်မည့် လေ့လာဆန်းစစ်မှု တစ်မျိုး ကို ပညာ
ရှင်များက ဖော်ထုတ်နိုင် ခဲ့ကြသည်။ လေ့လာမှု မှတ်တမ်းများအရ မျက်စိသူငယ်အိမ် ကျယ်ဝန်းသော အမျိုးသားများသည် ဆန့်ကျင်ဖက်လိင်အား ပိုမို ဆွဲဆောင်နိုင်ကြောင်း သိရသည်။

ပြင်းထန်သော သွေးပေါင်ကျခြင်း၏လက္ခဏာများ .......

ပြင်းထန်သော သွေးပေါင်ကျခြင်း၏လက္ခဏာများ  .......

ပြင်းပြင်းထန်ထန်း သွေးပေါင်ကျတဲ့ လက္ခဏာတွေက ရှော့ခ်ရတဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

သွေးပမာဏာလျော့နည်းခြင်း ဒါမှမဟုတ် နှလုံးမှာ သွေးညှစ်ထုတ်နိုင်စွမ်းလျော့နည်းသွားခြင်းကြောင့် ရှော့ခ်ရရင် အရေပြားဟာ အေးပြီး ချွေးစေးပြန်နေနိုင်ပါတယ်။

ရှော့ခ်ရတဲ့အခါ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သွေးရောက်ရှိမှု လျော့နည်းသွားပါတယ်။ ဒီအခါ အိပ်ငိုက်ခြင်း၊ ရီတီတီဖြစ်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေကို ခံစားရတတ်ပါတယ်။

ရှော့ခ်ရတဲ့အခါ အရေပြားဟာ ဖျော့တော့ပြီး အပြာရောင်သန်းနေနိုင်ပါတယ်။
ရှော့ခ်ရခြင်းကြောင့် သွေးပေါင်ကျရင် သွေးခုန်နှုန်းအားနည်းနေပါမယ်။ ဒါမှမဟုတ် မြန်နေပါမယ်။ နှလုံးက သွေးညှစ်ထုတ်မှု လျော့နည်းသွားခြင်း ကြောင့် ရှော့ခ်ရတဲ့ လူနာတွေမှာတော့ သွေးခုန်နှုန်းက နှေးနေနိုင်ပါတယ်။ တခြားသူတွေမှာတော့ နှလုံးခုန်နှုန်းမြန်ပြီး သွေးခုန်နှုန်း မြန်နေပါမယ်။

ရှော့ခ်ရတဲ့လူနာဟာ အသက်ရှူမြန်လာပါမယ်။ ခက်ခက်ခဲခဲမောမောပန်းပန်း အသက်ရှူရပါမယ်။

ပြင်းပြင်းထန်ထန်း သွေးပေါင်ကျတဲ့ လက္ခဏာတွေက ရှော့ခ်ရတဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

လောင်းကစားအကြွေးကို သားသမီးများဖြင့် ဆပ်ခဲ့သည့် ဖခင်

လောင်းကစားအကြွေးကို သားသမီးများဖြင့် ဆပ်ခဲ့သည့် ဖခင်


လောင်းကစားပွဲတွင် အကြွေးတင်ခဲ့ သဖြင့်လော်ရီကုန်ကားမောင်းသူတစ်ဦး
သည် သူ၏ကလေး ၃ ဦးကိုအကြွေးအစားအလျော်ပေး ခဲ့သည်။

 အသက် ၂၇ နှစ်အရွယ်ကလေးများ၏မိခင်ဖြစ်သူLiew Kim Yow က ကလေးများအားအလျော်အစားပြုလုပ်သူအသက် ၂၅ နှစ်အရွယ်အမျိုး သားနှင့်တရားဝင်လက်ထပ်ခြင်းမပြုသေးသောကြောင့် ၄င်းကိုရည်းစားဟု
သာညွှန်းဆိုခဲ့သည်။ သူမတို့သည် စင်ကာပူတွင် အလုပ်လုပ်နေစဉ် ရည်းစားဖြစ်သူ၏မိခင်အား အသက် ၅ နှစ်၊ ၃ နှစ် နှင့် ၁ နှစ်အရွယ်က
လေးများကို စောင့်ရှောက်ပေးရန် လွန်ခဲ့သည့်စက်တင်ဘာလက အကြံပြုခဲ့ သည်။ ၄င်းတို့ ၂ ဦး သည် ဟူလူဆီလန်ဂေါ(Hulu Selangor)၊ 
ဆီရန်ဒါ(Serendah)တွင် ၇ နှစ်မျှ အတူနေထိုင်ခဲ့ကြ သည်။  

 ရည်းစားဖြစ်သူသည် လော်ရီကုန်ကားမောင်းထွက်ချိန်တွင် လီအွေသည် အလုပ် ထွက်မလုပ်ဘဲ ကလေးများကို အိမ်တွင်ကြည့်ရှူစောင့်ရှောက်ခဲ့သည်။ အလုပ်ကိစ္စဖြင့် စင်ကာပူသွားခဲ့ကြပြီး ကလေးများကိုတွေ့လိုသည်ဟု ပြောသည့်အချိန် တိုင်းတွင် ရည်းစားဖြစ်သူမှအကြောင်းအမျိုးမျိုးပြကာ ကလေးများနှင့်တွေ့ဆုံရန် ဆင်ခြေပေးတတ် လွန်း
သောကြောင့် သူမက သံသယ၀င်ခဲ့သည်။

 ‘လူတစ်ယောက်က ကျွန်မတို့သားကို ရင်းဂစ် ၅၀၀၀၀၊ သမီးအကြီးမကို ရင်းဂစ် ၂၀၀၀၀ နဲ့မွေးစား ချင်တယ်လို့ အရင်က သူပြောတယ်။ ကျွန်မက ဘယ်လောက်ပဲ ဆင်းရဲပါစေ ကိုယ့်သားသမီးတွေ ကိုတော့ မရောင်းနိုင်
ဘူးလို့ ပြန်ပြောခဲ့တယ်’ဟု အမ်စီအေလူထုစောဒကနှင့်ဝန်ဆောင်မှုများဌာန (MCA Public Complaints & Services Department)တွင် ယမန်နေ့က သူမပြောခဲ့သည်။ 

 ၂၀၁၂၊ ဒီဇင်ဘာလ ၂၃ ရက်တွင် သူမက ဆီရန်ဒါရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။လွန်ခဲ့သည့်မေလကတည်းက သူမကို
ပျောက်ဆုံးနေသည်ဟု ရည်းစားဖြစ်သူက အောက်တိုဘာလတွင် တိုင်ကြားခဲ့သည့်အဖြစ် သိရှိချိန်တွင် သူမသည် တုန် လှုပ်သွားခဲ့
သည်။ရည်းစားဖြစ်သူက တစ်ကိုယ်တည်းအနေဖြင့် သားသမီးများကိုစောင့်ရှောက်ကျွေးမွေးရန် မတတ်နိုင်၍ရွေးချယ်စရာမရှိသည့်အဆုံးတွင် သား သမီးများကိုတစ်ပါးသူအားမွေးစားခွင့်ပေးလိုက်သည်ဟု တိုင်ချက်ဖွင့်စဉ်တွင် တင်ပြထားသည်။

 ရည်းစားဖြစ်သူသည် ခြေရာဖျောက်ထားကာ သူ့အား ဆက်သွယ်ရန် ကြိုးပမ်းမှုမှာအချည်းနှီးဖြစ်ခဲ့သည်ဟူလူဆီလန်ဂေါအရာရှိချုပ်နိုရယ်အဇ်မီရယာအာဖင်ဒီ(Norel Azmi Yahya Afenday)က လီအွေ ၏တိုင်ချက်
ကို အတည်ပြုပေးခဲ့သည်။
 
ကလေးများအား မွေးစားသူမှ ၄င်းအားချက်ချင်းဆက်သွယ်ရန် ဌာနမှူးဒါသွတ်ဆယ်ရီမိုက်ကယ်ချုံ(Datuk Seri Micheal Chong)က တိုက်တွန်းသတိပေးထား သည်။ 
‘တရားရုံးကနေ မွေးစားဖို့အမိန့် ချမှတ်ပေးတာမျိုးမရှိတဲ့အတွက် တရားမ၀င်ပါဘူး။ တစ်ကယ်လို့မွေးစားတဲ့မိဘတွေက ကလေး တွေကို ပြန်
အပ်ဖို့ ငြင်းဆန်မယ်ဆိုရန် တရားရုံးအထိ ဆင့်ခေါ်ခံရပါလိမ့်မယ်’ဟု ဌာနမှူးက ပြော သည်။ အကယ်၍ကလေးများကိုရောင်းချကြောင်း ပြစ်မှုထင်ရှားလျှင် ဖခင်ဖြစ်သူကို လူကုန်ကူးမှုဖြင့် အရေးယူသွားဖြစ်ကြောင်း ဌာနမှူးက ထည့်သွင်းပြောခဲ့သည်။

လောင်းကစားပွဲတွင် အကြွေးတင်ခဲ့ သဖြင့်လော်ရီကုန်ကားမောင်းသူတစ်ဦး သည် သူ၏ကလေး၃ ဦးကို
အကြွေးအစားအလျော်ပေး ခဲ့သည်။