Pages
Monday, January 21, 2013
ကျွန်းစုများနှင့် စပ်လျဉ်း၍ တစ်ဖက်သတ် လုပ်ဆောင် မှုများကို ကလင်တန် သတိပေး ပြောကြား
ကျွန်းစုများနှင့် စပ်လျဉ်း၍ တစ်ဖက်သတ် လုပ်ဆောင် မှုများကို ကလင်တန် သတိပေး ပြောကြား
အိုကီနာဝါ စီရင်စုရှိ ဆန်ကာကူကျွန်း သည် ဂျပန် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး ဂျပန် အစိုးရ၏ အုပ်ချုပ်မှု လျော့ပါး စေရေးအတွက် မည်သည့် တစ်ဖတ်သတ် လုပ်ဆောင်မှုကို မဆို ကန့်ကွက် သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြော ကြား ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့သော ကလင်တန်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို ကီရှီဒတို့ အကြား ပြုလုပ် ကျင်းပခဲ့သည့် ဆွေးနွေးမှုတွင် ကလင်တန်က အထက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် သမ္မတ ဘားရတ်အိုဘား မားနှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဂိုအဘေးတို့ အကြား ပထမ အကြိမ် ဂျပန်- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်ကို ဖေဖော်ဝါရီ ၁၇ ရက်၌ ကျင်းပရန် ကလင်တန်နှင့် ကီရှီဒတို့က သဘောတူ ခဲ့ကြောင်း သိရသည်။
ဂျပန်- အမေရိကန် လုံခြုံရေး စာချုပ်အရ အမေရိကန် ပြည်ထောင်စုသည် အငြင်းပွားလျက် ရှိသော ကျွန်းနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွား လာခဲ့ပါက ဂျပန် နိုင်ငံ၏ လုံခြုံရေးအား အကူအညီ ပေးမည် ဖြစ်ကြောင်းနှင့် ကာလ ကြာရှည် ကျင့်သုံး လာခဲ့သော အမေရိ ကန် မူဝါဒနှင့် စာချုပ်ပါ အချက်အလက် များကို ရည်ညွှန်း၍ ကလင်တန်က ထပ်လောင်း ပြောကြားခဲ့သည်။
ဆန်ကာကူ ကျွန်းသည် ဂျပန် နိုင်ငံ၏ မူလပိုင်ကျွန်း ဖြစ်သဖြင့် ဂျပန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်လက် အငြင်းပွားမည် မဟုတ်သလို အလျှော့ပေးမည် မဟုတ်ကြောင်း ကီရှီဒက ပြောကြားခဲ့ သည်။
ကီရှီဒနှင့် ကလင်တန်သည် အမေရိကန်- ဂျပန် ပူးပေါင်းမှုကို တိုးမြှင့်ရန် အတွက်လည်း သဘောတူ ခဲ့သည်ဟု သိရသည်။
http://www.myawady.net.mm/allnews/global/item/4903-2013-01-21-10-22-22#.UP0RA528B8E
အိုကီနာဝါ စီရင်စုရှိ ဆန်ကာကူကျွန်း သည် ဂျပန် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး ဂျပန် အစိုးရ၏ အုပ်ချုပ်မှု လျော့ပါး စေရေးအတွက် မည်သည့် တစ်ဖတ်သတ် လုပ်ဆောင်မှုကို မဆို ကန့်ကွက် သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြော ကြား ခဲ့ကြောင်း သိရသည်။
"မစိုးရိမ်တိုက်သစ်၊ မဟာနာယကချုပ်ဆရာတော်ကြီး ဆေးရုံတက်ဆေးကုသမှုခံယူ"
"မစိုးရိမ်တိုက်သစ်၊ မဟာနာယကချုပ်ဆရာတော်ကြီး ဆေးရုံတက်ဆေးကုသမှုခံယူ"
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသည်မှာ ငါးညရှိခဲ့ပြီ ဖြစ်သည်။ (၁၆-၁-၂၀၁၃) ရက် ညပိုင်းတွင် မျက်နှာတစ်ခြမ်း လေဖြတ်သွားသောကြောင့် ငြိမ်းဆေးရုံမှာ ဆေးကုသမှုခံယူရခြင်းဖြစ်သည်။ မျက်နှာရွဲ့သွားခြင်းမှာ ချက်ချင်းပျောက်ကင်းသွားသော်လည်း တစ်ခါတစ်ရံ စကားလုံးများ မပီသတော့သောကြောင့် ဆေးရုံမှ (၇၂)နာရီ စောင့်ကြည့်ကုသနေခြင်း ဖြစ်သည်။ ဆေးရုံဆင်းရမည့် (၁၉-၁-၂၀၁၃)နေ့တွင် ပျို့အန်သောကြောင့် ဆင်းခွင့်မရတော့ဘဲ အဖြေရှာနေဆဲ ဖြစ်သည်။
ဆရာတော်ကြီးသည် ဧည့်ခံစကားပြောနိုင်၊ အာဟာရများသုံးဆောင်နိုင်၊ စာဖတ်ပြသည်ကို နားထောင်နိုင်သည့်အပြင် လိုအပ်သလို ဆုံးမဩဝါဒများပေးတော်မူနိုင်လောက်အောင် ကြံ့ခိုင်းတော်မူပါသည်။ စိုးရိမ်ဖွယ်မရှိပါ။ သက်တော် (၈၀)အတွင်း ပထမဦးဆုံးအကြိမ် ဆေးရုံတက်ဖူးခြင်းဖြစ်ကြောင်း မိန့်တော်မူပါသည်။
ငြိမ်းဆေးရုံ အခန်း (၁၅၁)တွင် ကုသမှုခံယူနေပြီး ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသနှင့် တပည့်နာယကဆရာတော်လေးများ၊ ဆွေမျိုးသားချင်းများ၊ တပည့်ဒကာ/မများ အနီးကပ်ပြုစုလျက် ရှိသည်။
ဆက်သွယ်ရန်- 09.91036012 / 09.2033803
အေးချမ်းမွန်မှ  Wira Thu တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
‎မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသည်မှာ ငါးညရှိခဲ့ပြီ ဖြစ်သည်။ (၁၆-၁-၂၀၁၃) ရက် ညပိုင်းတွင် မျက်နှာတစ်ခြမ်း လေဖြတ်သွားသောကြောင့် ငြိမ်းဆေးရုံမှာ ဆေးကုသမှုခံယူရခြင်းဖြစ်သည်။
ပြည်ပမှ ရောက်ရှိလာသော ဓာတ်အားပေး စက်များ တည်ဆောက် တပ်ဆင်လျက်ရှိ
ဓာတ်အားပေး စက်များ တည်ဆောက် တပ်ဆင်လျက်ရှိ
ပြည်ပမှ ရောက်ရှိလာသော ဓာတ်အားပေး စက်များကို လှော်ကား စက်ရုံ၌ အသစ်တည် ဆောက်မည့် တာဘိုင်စက် ၂၆ လုံးအနက် (1 MW) Gas Engine ရှစ်လုံးသည် ဇန်နဝါရီ ၁၇ ရက်က စက်ရုံသို့ ရောက်ရှိပြီး Foundation ပေါ်သို့ တပ်ဆင်လျက် ရှိသည်။
အလုံ စက်ရုံ၌ တပ်ဆင်မည့် Gas Turbine တစ်လုံး၊ Generator နှင့် Accessories များသည် ဇန်နဝါရီ ၁၈ ရက်က စက်ရုံသို့ ရောက်ရှိပြီး Foundation ပေါ်သို့ တင်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ သာကေတ စက်ရုံအတွက် ရောက်ရှိနေသော (3.3  MW) Gas  Engine လေးလုံးကို ဇန်နဝါရီ ၁၉ ရက်က Foundation ပေါ်သို့ တင်ပြီးဖြစ်သည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ၂ဝ၁၃ ခုနှစ် နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရေး အတွက် လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ ဓာတ်အားပေး စက်ရုံများတွင် ဓာတ်အားပေးစက် အသစ်များကို တိုးချဲ့ တည်ဆောက်လျက် ရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/allnews/local/item/4865-2013-01-21-09-04-16#.UP1M8528B8E
ပြည်ပမှ ရောက်ရှိလာသော ဓာတ်အားပေး စက်များကို လှော်ကား စက်ရုံ၌ အသစ်တည် ဆောက်မည့် တာဘိုင်စက် ၂၆ လုံးအနက် (1 MW) Gas Engine ရှစ်လုံးသည် ဇန်နဝါရီ ၁၇ ရက်က စက်ရုံသို့ ရောက်ရှိပြီး Foundation ပေါ်သို့ တပ်ဆင်လျက် ရှိသည်။
သင်္ဃန်းဝတ်သူ တစ်စု ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်
ဘားအံမြို့ သရက်တောကျောင်းတိုက်မှ သင်္ဃန်းဝတ် ၇ဦးနှင့် အ၀ါရောင်ဝတ် လူငယ်အမျိုးသား အမျိုးသမီး ၂၀ ဦးပါဝင်သော အဖွဲ့သည် ဘားအံမြို့ မြို့မ ဈေးအပြင်ဘက် ပျံကျ ဈေးတန်း အတွင်းသို့ ၀င်ရောက်ကာ ပြည်သူများ၏ အေးချမ်း လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို ၀င်ရောက်နှောက်ယှက်ခဲ့သည်။လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများဖြစ်ပါတယ်။
ကမ္ဘာ့အသန်မာဆုံး ကလေး
ကမ္ဘာ့အသန်မာဆုံး ကလေး
Monday, January 21, 2013
Giuliano Stroe အမည်ရ ကလေးဟာ၂၀၀၄ ခုနှစ် ဇွန်လ ၁၈ ရက်က အီတလီ မှာ မွေးဖွားပြီး အသက် ၂ နှစ်က စလို့ ကိုယ်ကာယ ကြံ့ ခိုင်ရေး အားကစားများ စတင် ဆော့ကစားခဲ့ပါတယ်။
ရိုမေနီးယားနိုင်ငံကို ပြောင်းရွေ့ နေထိုင်ပြီး အသက် ၅ နှစ်အရွယ် ( ၂၀၀၉ ခုနှစ်)မှာ ကမ္ဘာ့ အသန်မာဆုံး ကလေးအဖြစ် ဂင်းနစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ တင်ပုံတင်နည်းကတော့ လက်နှစ်ချောင်းသာထောက်ပြီး ၃၃ ပေ အကွာအထိကို ခြေထောင်ကြား အလေးတုံးညှပ်ကာ လမ်းလျှောက်ပြသနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ မှာလည်း လက်နှစ်ချောင်းထောက်ပြီး ၉၀ ဒီဂရီ ကိုယ်ဟန်နဲ့ အကြိမ် ၂၀ အထိ ဒိုက်ထိုးပြသနိုင်ပြီး ကမ္ဘာ့ စံချိန် တင်နိုင်ခဲ့ပြန်ပါသေးတယ်။
ယနေ့ချိန်မှာတော့ ခုချိန်မှာတော့ Giuliano Stroe ဟာ အသက် ၈ နှစ် ရှိပြီ ဖြစ်ပြီး ကမ္ဘာ့အသန်မာဆုံး ကလေးအဖြစ် စံချိန်တင်ထားနိုင်ဆဲ ဖြစ် ပါတယ်။
---
၉၀ ဒီဂရီ လက်ထောက် ဒိုက်ထိုးခြင်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/4EmxCDkL1PE
အေးချမ်းမွန်မှရိုးရာလေး  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Giuliano Stroe အမည်ရ ကလေးဟာ၂၀၀၄ ခုနှစ် ဇွန်လ ၁၈ ရက်က အီတလီ မှာ မွေးဖွားပြီး အသက် ၂ နှစ်က စလို့ ကိုယ်ကာယ ကြံ့ ခိုင်ရေး အားကစားများ စတင် ဆော့ကစားခဲ့ပါတယ်။
မြတ်တမန်တော် သွန်သင်ခဲ့တဲ့ ကရုဏာတရား
ကရုဏာတော်ရှင် မြတ်တမန်တော် သွန်သင်ခဲ့တဲ့ ကရုဏာတရား
==================================
"အကြင် မည်သူမဆို ကရုဏာထားတတ်သော စိတ်ထားရှိအံ့၊ ထိုသူအား အလ္လာဟ်အရှင်မြတ်မှ ကရုဏာထားတော်မူအံ့။ ထို့ကြောင့် ကမ္ဘာဂြိုလ်ရှိ လူသားများအား ကရုဏာထားကြလော့။ အသင်တို့အား မိုးကောင်းကင်ပေါ်ရှိ အလ္လာဟ်အရှင်မြတ်မှ ကရုဏာထားတော်မူအံ့။"
မြတ်တမန်တော်မုဟမ္မဒ်
(ဂျူးလူမျိုး Michael H Hart ပြုစုခဲ့ပြီး၊ ဗုဒ်ဓဘာသာဝင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း မြန်မာဘာသာပြန်ဆိုထားတဲ့ ကျော်စွာ (၁၀၀) ရဲ့ နံပါတ်တစ်)
ကျော်စွာ ၁၀၀ ဆိုတာ ကြားဖူးသူရှိနိုင်သလို၊ မသိသေးသူ၊ မဖတ်ရသေးသူများလည်း ရှိနိုင်ပါတယ်။မြန်မာလိုပြန်တော့ ကျော်စွာ ၁၀၀ ပေါ့။ မူရင်းစာအုပ်နာမည်က “A Ranking of the Most Influential Persons in the History”ပါ။ မူရင်းစာရေးသူက Michael H.Hart ပါ။ ဘာသာပြန်ဆိုသူက ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။
ကျော်စွာ ၁၀၀ ကိုစတင်ပုံနှိပ်ခဲ့တာက ၁၉၈၀ မှာပထမအကြိမ်၊၁၉၉၂ မှာ ဆရာကပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။အဲဒီထဲက ဆရာ့လက်ရေးမူစာ တစ်ချို ကိုပြန်တင်ပြပေါ့မယ်။“လူပုဂ္ဂိုလ်မျိုးစုံ ထဲကလောကီ၊လောကုတ္တရာပုရိသတ် အစုအစည်းများတဲ့ လူကိုရှေ့ တန်းထားတယ်။အဲဒါအပြင် လူတွေကိုအကျိုးပြုတဲ့ အတွေးအခေါ်(စိတ်ပိုင်း)အောင်မြင်သူကို ထိပ်တန်းထားတယ်။ နိုင်ငံရေးသမားက နောက်ကနေရတယ်။ကမ္ဘာ့ ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓ၊ ခရစ်ယန်၊ ဟင်ဒီ၊ မုဟမ္မဒ် ဆိုသလို တန်းစီတဲ့အခါ ယုံကြည်သူလူဦးရေ နဲ့ ပြောရရင် ခရစ်ယန်ကများတယ်။ လူတွေအပေါ်မှာ (နေ့ စဉ်နေထိုင်ရေး၊ဘဝလမ်းကြောင်း) အပါအဝင် သြဇာရှိဆုံးက မုဟမ္မဒ်ဖြစ်လို့ သူ့ ကိုဘဲ နံပါတ်တစ်ပေး ထားလိုက်ရတယ်။ အဲဒါကို မြန်မာဗုဒ္ဓဘာသာဝင်များက လက်ခံကြမည် မထင်ပါ။ ဒါပေမယ့် သူ့ စာအုပ်ကိုဘာသာပြန်မယ့်သူက သူ့ အစီအစဉ်ကို ပြင်ဆင်ခွင့် မရှိကြောင်းကို” ဆရာက ဝန်ခံသွားပါတယ်။ မူရင်းစာရေးသူက လူကျော် တစ်ရာကို တန်းစီးဖို့ ဆုံးဖြတ်ရာမှာ ပေတံ သုံးခု နဲ့ ဆုံးဖြတ်တာပါတဲ့…..အဲဒါတွေက
(၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့်လာရသလဲ။
(၂) ဒီလူရဲ့ အစွမ်းနဲ့ လူတွေဘယ်လောက်များများ အကျိုးခံစားရပါသလဲ။
(၃) ဒီလူ့ ကျေးဇူးကို လူတွေ ဘယ်လောက်ကြာကြာ ခံစားရသလဲ။
အဲဒီ မေးခွန်းပေတံ သုံးခုနဲ့ ဘဲ လူတွေကို ပထမ၊ဒုတိယဆိုပြီးတန်းစီလိုက်တယ်။အဲဒီလို ရွေးချယ်တာကို ဆရာသန်းထွန်းက ကြိုက်ပါတယ်တဲ့။ဒါဟာ သမိုင်းနည်းလမ်းကျတော့ သူဘာသာပြန်ဖြစ်သွားတာပါတဲ့။
အသေးစိတ်တော့ မပြောတော့ပါဘူး။ဒါပေမယ့် လူကျော် ၁၀၀ ကိုစီပေးလိုက်ပါတယ်။
(၁) တမန်တော် မိုဟမ္မဒ်
(၂) အိုက်ဆက်နယူတန်
(၃)သခင်ယေရှု
(၄) ဗုဒ္ဓဂေါတမ
(၅)ကွန်ဖြူးရှပ်
(၆)ရှင်ပေါလု(စိန့် ပေါလ်)
(၇)ဆိုင်လန်
(၈)ဂျိုဟန်ဂူတင်ဘတ်
(၉)ကိုလံဘတ်စ်
(၁၀)အိုင်စတိုင်း
(၁၁)လူဝီပေါ့စချာ
(၁၂)ဂယ်လီလီယိုဂယ်လီလေး
(၁၃)အရစ္စတိုတယ်
(၁၄)ယူကလစ်
(၁၅)မိုးဇက်
(၁၆)ချားလ်စ်ဒါဝင်
(၁၇)ရှီဟွန်ဂ်တိ
(၁၈)သြဂတ်စ်တပ်ဆီဇာ
(၁၉) နိကိုးလပ်စ်ကော့ပါးနိကပ်စ်
(၂၀)အန်တွိုင်းလောရင့်လဗွိုင်ဆာ
(၂၁)မဟာကွန်စတဲန်တင်း
(၂၂)ဂျိမ်းစ်ဝပ်
(၂၃)မိုက်ကယ်ဖာရာဒေး
(၂၄)ဂျိမ်းစ်ကလပ်စ်မက်ဝဲလ်
(၂၅)မာတင်လူသာ
(၂၆)ဂျော့ဝါရှင်တန်
(၂၇)ကားလ်မာ့က်စ်
(၂၈)အောဗီလ်ရိုက်၊ဝီဗာရိုက်
(၂၉)ဂျဲန်ဂျစ်ခန်
(၃၀)အဒမ်စမစ်
(၃၁)အက်ဒွပ် ဒေဗရာ
(၃၂)ဂျွန်ဒဲလ်တန်
(၃၃)မဟာအလက်ဇန္ဒား
(၃၄)နပိုလီယန်
(၃၅)သောမတ်စ်အက်ဒီဆင်
(၃၆)အန်တိုနီ ဗန် လီဥဝဲန်ဟောက်
(၃၇)ဝီလီယံ တီဂျီ မော်တင်
(၃၈)ဂဂလီယယ်မို မာကိုနီ
(၃၉)အဒေါ့ ဟစ်တလာ
(၄၀)ပလေတို
(၄၁)အော်လီဗာ ကရွမ်းဝဲလ်
(၄၂)ဂရေဟမ်ဘဲလ်
(၄၃)အလက်ဇန္ဒား ဖလဲမင်း
(၄၄)ဂျွန်လော့ခ်
(၄၅)လုဒ်ဝစ် ဗန် ဗင်သိုဗင်
(၄၆)ဝါနာ ဟေဆဲန်ဘာ့ဂ်
(၄၇)လွီစ် ဒဂွဲယာ
(၄၈)ဆီမွန် ဘိုလီဗား
(၄၉)ရီနီဒေး ကား
(၅၀)မိုကကယ် အိန်ဂျယ်လို
(၅၁)ပုပ်ရဟန်းမင်းကြီး ဒုတိယအာဗင်
(၅၂)ဥမာ အိဗအယ် ခတ္တဗ်
(၅၃)အသောက
(၅၄)စိန့် သြဂတ်စတင်း
(၅၅)ဝီလီယံ ဟာဗေး
(၅၆)အားနက်စ်ရုသာဖို့ ဒ်
(၅၇)ဂျွန်ကာဗင်
(၅၈)ဂရီဂေါ် မဲန်ဒဲလ်
(၅၉)မက်စ် ပလင့်ခ်
(၆၀)ဂျိုးဆက် လစ္စတာ
(၆၁)နစ်ကိုလပ်စ် သြဂတ်စိသြတို
(၆၂)ဖရန်စစ်စကို ပီဇာရို
(၆၃)ဟာနန်ဒို ကောတေ့စ်
(၆၄)သောမတ်စ်ဂျက်ဖာဆင်
(၆၅)မိဖုရား အစ္စဘဲလာ (၁)
(၆၆)ဂျိုးဆက် စတာလင်
(၆၇)ဂျူးလီးယပ်စ်ဆီဇာ
(၆၈)အောင်နိုင်သူဝီလီယံ
(၆၉)ဆစ်ဂမန်ဖရိုဒ်
(၇၀)အက်ဒဝဒ် ဂျဲန်နာ
(၇၁)ဝေလ်ဟဲမ် ကွန်ရက် ရောင့်တ်ဂျဲန်
(၇၂)ဂျိုဟန်ဆေဗစတိယန်ဘာ့ခ်ျ
(၇၃)လောင်ဇု
(၇၄)ဗောလ်တဲ
(၇၅)ဂျိုဟန်နက်စ်ကက်ပလာ
(၇၆)အဲန်ရိကို ဖာမိ
(၇၇)လီယိုနဒ်ယူလာ
(၇၈)ဇန်ဂျက်ကွိ ရူးဆိုး
(၇၉)နစ်ကိုလို မက်ခီယာဗယ်လီ
(၈၀)သောမတ်စ် မေးလ်သပ်စ်
(၈၁)ဂျွန်ဖစ်ဂျရယ် ကနေဒီ
(၈၂)ဂရယ်ဂေါ်ရီ ပင်ကပ်စ်
(၈၃)မနိ
(၈၄)လီနင်
(၈၅)ဆွိဝဲန်တ
(၈၆)ဗာစကိုဒဂါးမား
(၈၇)မဟာဆိုင်ရပ်စ်
(၈၈)မဟာပီတာ
(၈၉)မော်စီတုန်း
(၉၀)ဖရန်စစ် ဘေကွန်
(၉၁)ဟင်နရီဖို့ ဒ်
(၉၂)မဲန်စိယပ်စ်
(၉၃)ဇော်ရော့ အက်စတာ
(၉၄)ဘုရင်မ ပထမ အယ်လီဇဘက်
(၉၅)မိခေးဂေါ်ဘာချော့
(၉၆)မဲန်နက်စ်
(၉၇)သျှာလမိန်း
(၉၈)ဟိုမာ
(၉၉)ပထမ ဂျပ်စတိနိယဲန်
(၁၀၀)မဟာဝိဟာရ
"အကြင် မည်သူမဆို ကရုဏာထားတတ်သော စိတ်ထားရှိအံ့၊ ထိုသူအား အလ္လာဟ်အရှင်မြတ်မှ ကရုဏာထားတော်မူအံ့။ ထို့ကြောင့် ကမ္ဘာဂြိုလ်ရှိ လူသားများအား ကရုဏာထားကြလော့။ အသင်တို့အား မိုးကောင်းကင်ပေါ်ရှိ အလ္လာဟ်အရှင်မြတ်မှ ကရုဏာထားတော်မူအံ့။"
မြတ်တမန်တော်မုဟမ္မဒ်
(ဂျူးလူမျိုး Michael H Hart ပြုစုခဲ့ပြီး၊ ဗုဒ်ဓဘာသာဝင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း မြန်မာဘာသာပြန်ဆိုထားတဲ့ ကျော်စွာ (၁၀၀) ရဲ့ နံပါတ်တစ်)
ကျော်စွာ ၁၀၀ ဆိုတာ ကြားဖူးသူရှိနိုင်သလို၊ မသိသေးသူ၊ မဖတ်ရသေးသူများလည်း ရှိနိုင်ပါတယ်။မြန်မာလိုပြန်တော့ ကျော်စွာ ၁၀၀ ပေါ့။ မူရင်းစာအုပ်နာမည်က “A Ranking of the Most Influential Persons in the History”ပါ။ မူရင်းစာရေးသူက Michael H.Hart ပါ။ ဘာသာပြန်ဆိုသူက ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် လိုင်ဇာမြို့ မှာ ဓာတ်ပုံရိုက်လို့ မရတဲ့ နေရာဆိုတာ မရှိဘူး။ မေးလို့ မရတဲ့ မေးခွန်းဆိုတာ မရှိ
"လိုင်ဇာမှာ ဓာတ်ပုံရိုက်လို့ မရတဲ့ နေရာဆိုတာ မရှိဘူး။
==============================
 မေးလို့ မရတဲ့ မေးခွန်းဆိုတာ မရှိ။
===================
KIO နှင့် Jade Land ကုမ္ပဏီတို့ ပူးပေါင်းဖောက်လုပ်ထားသည့် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း စီမံကိန်းမှတ်တိုင်ကို တွေ့ရစဉ်။
KIA ပြန်ကြားရေး အရာရှိက ပြောခဲ့တာပါ။ ဒီအချိန်မှာ မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ ရထားလမ်း၊ ကားလမ်းတွေကို KIO က ဘာကြောင့် ဖျက်ဆီးသလဲဆိုတဲ့ မေးခွန်းပါ။
"ကျွန်တော်တို့ ဖောက်ခဲ့တဲ့ လမ်းတွေ၊ ကျွန်တော်တို့ ဆောက်ခဲ့တဲ့ တံတားတွေ၊ ကျွန်တော်တို့ အချိန်မရွေး ပြန်ဆောက်ပေးလို့ ရပါတယ်။ စစ်ရေးအရ ဒါတွေကို မလုပ်ရင် ကျွန်တော်တို့ ဌာနချုပ်ကို အလုံးအရင်းနဲ့ ၀င်တိုက်လိမ့်မယ်"
ဒီလိုအရာတွေကို သူတို့ မလွှဲမရှောင်သာ လုပ်ခဲ့ရတယ်၊ လုပ်တဲ့အခါမှာ အလုံးစုံ ပျက်စီးအောင် မလုပ်ခဲ့ဘူး။ အစိုးရတပ်ယာဉ်တန်း၊ ရိက္ခာပို့ဆောင်မှု ရက်အနည်းငယ် အဟန့်အတားဖြစ်အောင် တံတားတစ်ခြမ်းတည်းကို ပျက်စီးအောင်လုပ်တယ်လို့ သူကပြောပါတယ်။ စစ်ဗျူဟာအရ သူတို့လုပ်ရတယ်လို့ ပြောလာတာကြောင့် စောဒကတက်စရာ မရှိတော့ပါဘူး။ ဆဒုံးလူသတ်မှုကိစ္စ အတွက်လည်း သူတို့မှာ အဖြေရှိနေခဲ့ပါတယ်။
"ကျွန်တော်တို့ နယ်မြေထဲကို ရောက်လာတဲ့အတွက် ကျွန်တော်တို့ ကောင်းကြောင်းရေးရမယ်လို့
မပြောချင်ဘူး။ ခင်ဗျားတို့ကိုယ်တိုင် လေ့လာပါ။ ခင်ဗျားတို့ကိုယ်တိုင် ကြည့်ပါ။ မီဒီယာဆိုတာ အမှန်တရားကိုပဲ ရေးရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သမ္မတကြီးလည်း စတုထ္ထမဏ္ဍိုင်ဆိုပြီး ပြောထားတာပဲ" လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ကို လဂျားယန် စစ်မြေပြင် ခေါ်သွားတဲ့ KIA ပြန်ကြားရေး စစ်ဗိုလ်တစ်ဦးက ပြောခဲ့တာပါ။
လဂျားယန်ကို သိမ်းပြီးဖြစ်လို့ လဂျားယန် စစ်ဆင်ရေးကိုသာ ရပ်ခြင်းလား။ ပန်ဝါဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ဖားကန့်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ကချင်ပြည်နယ် တစ်ခုလုံးအတွက် ထိုးစစ်ရပ်ခြင်း မဟုတ်ဘူးလား။ ဒေသခံတွေက သိချင်နေပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ ပျံ့လွင့်နေတဲ့ ယမ်းငွေ့တွေဟာ လွင့်ပြယ်ဦးမှာ မဟုတ်သေးပါဘူး  .  .  .
ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ လဂျားယန် စစ်မြေပြင်ကို ရောက်ခဲ့ပါတယ်။ တပ်မတော် ဂျက်တိုက်လေယာဉ်တွေရဲ့ ပစ်ခတ်မှုကိုလည်း မြင်ခဲ့ကြရပါတယ်။ အဲဒီနေ့မှာပဲ KIA ရဲ့ ရှေ့တန်းတပ်စခန်း ပွိုင့် ၇၇၁ ကို တပ်မတော်တပ်တွေက သိမ်းယူခဲ့ပါတယ်။ ပွိုင့် ၇၇၁ လက်လွှတ်လိုက်ခြင်းက လိုင်ဇာလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒီစိုးရိမ်မှုက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ကို လိုင်ဇာကနေ ထွက်ခွာပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ "ကိုယ့်အသက်ကိုယ် အာမခံပြီး နေမယ်ဆိုရင်တောင် ကျွန်တော်တို့ နယ်မြေထဲမှာ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်။ အခုချိန်က စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ ခင်ဗျားတို့အတွက် ဆက်ပြီး မကူညီနိုင်တာကို ကျွန်တော်တို့ တောင်းပန်ပါတယ်။ မီဒီယာကို အားကိုးပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့ မီဒီယာတစ်ခုတည်းကပဲ လုပ်ဆောင်နိုင်တော့မယ်ဆိုတာ သိနေပါတယ်။ နောင်တစ်ချိန်မှာ ပြန်ဆုံချင်ပါသေးတယ်" လို့ KIO ပြန်ကြားရေးအရာရှိက ထပ်ခါတလဲလဲ တောင်းပန်ရင်း ပြောကြားခဲ့ပါတယ်။
အစိုးရဘက်က တိုက်ပွဲသတင်းတွေကို ဘာမှမပြောတဲ့အချိန်မှာ လိုင်ဇာဘက်ကို သတင်းထောက်တွေ ရောက်ခဲ့ပါတယ်။ သတင်းရေးခဲ့ကြပါတယ်။ ကိုယ်တိုင်လည်း အခြေအနေတွေကို ထိတွေ့ခဲ့ရတယ်။ ရေးတဲ့သတင်းတွေက ဘက်လိုက်ခဲ့ကြတာ မဟုတ်ပါဘူး။ "မမှား သို့သော် မမှန်" ဆိုတဲ့ အခြေအနေတစ်ရပ်မှာ ဘက်နှစ်ဖက်စလုံးက အမှန်တကယ် ပွင့်လင်းမြင်သာမှုရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရေးသားမှုတွေက ပိုပြီး သက်ရောက်မှု ရှိမှာပါ။ တစ်ဖက်က ပွင့်လင်းမြင်သာမှုရှိပြီး တစ်ဖက်က ပွင့်လင်းမြင်သာမှု မရှိရင်တော့ ဒါဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ အခြေအနေပါပဲ။  
ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ တပ်မတော်တပ်တွေက လဂျားယန်ကို သိမ်းနိုင်ခဲ့ပါတယ်။ ညပိုင်းမှာတော့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကချင်စစ်ပွဲ စစ်ရှိန်မြင့်တဲ့နေရာမှာ လဂျားယန်၊ ပန်ဝါ၊ ဖားကန့် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ လဂျားယန်နဲ့ ပန်ဝါဘက်မှာဖြစ်တဲ့ တိုက်ပွဲတွေက ပိုပြီး အရှိန်မြင့်ခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်ခဲ့တယ်။
လဂျားယန်ကို သိမ်းပြီးချိန်မှာ လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှာ ရပ်ဆိုင်းမယ်လို့ ပြောခဲ့ပါတယ်။ လဂျားယန်ကို သိမ်းပြီးဖြစ်လို့ လဂျားယန်စစ်ဆင်ရေးကိုသာ ရပ်ခြင်းလား။ ပန်ဝါဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ဖားကန့်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ကချင်ပြည်နယ်တစ်ခုလုံးအတွက် ထိုးစစ်ရပ်ခြင်း မဟုတ်ဘူးလား။ ဒေသခံတွေက သိချင်နေပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ ပျံ့လွင့်နေတဲ့ ယမ်းငွေ့တွေဟာ လွင့်ပြယ်ဦးမှာ မဟုတ်သေးပါဘူး။
(http://news-eleven.com/index.php?option=com_content&view=article&id=17460%3A2013-01-21-04-50-57&catid=78%3A2009-11-13-06-25-17&Itemid=135#.UPzbd-)
KIO နှင့် Jade Land ကုမ္ပဏီတို့ ပူးပေါင်းဖောက်လုပ်ထားသည့် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း စီမံကိန်းမှတ်တိုင်ကို တွေ့ရစဉ်။
KIA ပြန်ကြားရေး အရာရှိက ပြောခဲ့တာပါ။ ဒီအချိန်မှာ မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ ရထားလမ်း၊ ကားလမ်းတွေကို KIO က ဘာကြောင့် ဖျက်ဆီးသလဲဆိုတဲ့ မေးခွန်းပါ။
"ကျွန်တော်တို့ ဖောက်ခဲ့တဲ့ လမ်းတွေ၊ ကျွန်တော်တို့ ဆောက်ခဲ့တဲ့ တံတားတွေ၊ ကျွန်တော်တို့ အချိန်မရွေး ပြန်ဆောက်ပေးလို့ ရပါတယ်။ စစ်ရေးအရ ဒါတွေကို မလုပ်ရင် ကျွန်တော်တို့ ဌာနချုပ်ကို အလုံးအရင်းနဲ့ ၀င်တိုက်လိမ့်မယ်"
ကချင်ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်နေကြတဲ့အဖွဲ့ဝင်တွေကို အာဏာပိုင်များနှင့့် ပြည်သူများဝိုင်းဝန်းကှုညီပေးနေ
ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ကို ရွှေည၀ါဆရာတော်က လာရောက်တွေ့ဆုံပြီး အခုလုပ်ရပ်ကို ထောက်ခံကြောင်း မိန့်ကြားကာ ငွေကျပ်- ၄သိန်း လှူဒါန်းသွားပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို လမ်းကြောင်းကူရှင်းပေးတာ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ က သောက်ရေသန့်ဘူးတွေ လှူဒါန်းတယ်လို့ ဦးဆောင်လူငယ် ကို၇န်နိုင်ထွန်းက ပြောပါတယ်။ သူတို့အဖွဲ့ ထောက်ကြံ့တိုးဂိတ်ကို ဖြတ်သန်းလမ်းလျှောက်နေတဲ့ မြန်မာစံတော်ချိန် ၆နာရီ ၁၅မိနစ်မှာ ဆက်သွယ်မေးမြန်းစဉ် သူက ခုလို ပြောတာပါ။
အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ကို ရွှေည၀ါဆရာတော်က လာရောက်တွေ့ဆုံပြီး အခုလုပ်ရပ်ကို ထောက်ခံကြောင်း မိန့်ကြားကာ ငွေကျပ်- ၄သိန်း လှူဒါန်းသွားပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို လမ်းကြောင်းကူရှင်းပေးတာ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ က သောက်ရေသန့်ဘူးတွေ လှူဒါန်းတယ်လို့ ဦးဆောင်လူငယ် ကို၇န်နိုင်ထွန်းက ပြောပါတယ်။
လိုင်ဇာ အနီးရှိ KIA စခန်းများအား အစိုးရ တပ်ဖွဲ့မှ ဒီနေ့ညနေ (၅) နာရီ အထိ ပြင်းထန်စွာ စစ်ဆင်နေဆဲ
လိုင်ဇာ အနီးရှိ KIA စခန်းများအား အစိုးရ တပ်ဖွဲ့မှ ပြင်းထန်စွာ စစ်ဆင်နေဆဲ 
ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၂၁, ၂၀၁၃
အစိုးရ တပ်ဖွဲ့များသည် လိုင်ဇာ အနီးရှိ ခယားတောင်နှင့် လာဂတ်တောင်ရှိ KIA တပ်များအား ပြင်းထန်စွာ စစ်ဆင်ခဲ့ သည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း အရာရှိတဦးက ပြောပါသည်။ 
“ ဒီခယာတောင်က ကျနော်တို့ စခန်းကိုလေ မနေ့မနက် (၇) နာရီ ကနေ ဒီနေ့ညနေ (၅) နာရီ အထိကို စစ်ဆင်နေတုန်းပါဘဲ။ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကလည်း မိုးချိန်း သလိုမျိုး မြေကြီးတွေ တုန်ခါနေတာ ပါဘဲ။ ကျနော်တို့ကလည်း ဘယ်ဆုတ်မှာလဲ၊ သူတို့ဖက်က အထိနာ နေတယ်ဆိုတာ တွေ့နေရတယ်။ တိုက်လေယာဉ် ၂ စင်း ကလည်း လာသေးတယ်။ ဒါပေမဲ့ ပစ်ခတ် မသွားပါဘူး။ ၀ဲပြီးတော့ ပြန်သွားကြတယ်။” ဟုဆိုပါသည်။
ဗန်းမော်မြို့နယ်၊ မိုင်ဂျာယန် ကျေးရွာ အနီးရှိ လဂတ်တောင်ရှိ KiA စခန်းကို တပ်ရင်း (၃) ရင်းဖြင့် ယနေ့မနက် (၁၀)နာ ရီ မှ ညနေပိုင်း (၅) နာရီ အထိ စစ်ဆင်နေဆဲဖြစ်ပြီး မည်သည့်စခန်းမှ သိမ်းဆည်းနိုင်ခြင်း မရှိဟု KIA ဖက်က ဆိုပါသည်။
စစ်ဆင်ရေးသည် မဆုတ်တမ်း စစ်ဆင်ရေးဖြစ်သည့်အတွက် အထိနာခဲ့ပြီး၊ လက်နက်ကြီး အသုံးပြုမှုသည် ထိရောက်မှု မရှိဟု ဆိုပါသည်။
ပွိုင့် (၇၇၁) ရှိ အစိုးရတပ်များသည် ၄င်းတို့ စခန်းများအား ခြံခတ်ပြီး ကာရံနေသည်ဟု ဆိုပါသည်။ ယနေ့တိုက်ပွဲတွင် လေကြောင်း ပါဝင် တိုက်ခိုက်မှု မရှိသဖြင့် KIA တပ်များ အနေဖြင့် စိုးရိမ် စရာမရှိဟု ဆိုပါသည်။ ထို့အပြင် အစိုးရတပ် များ၏ (၂၄) နာရီအတွင်း အပစ်ရပ်ရန် ညွှန်ကြားမှုကိုလည်း ယုံကြည်နိုင်ဖွယ်မရှိဟု KIA တပ်မှူးများက ဆိုပါသည်။
အစိုးရသည် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်လိုပါက KIA အား စစ်ဆင်နေမှုကို လျှော့ချ သင့်ကြာင်းနှင့် နိုင်ငံရေး ဆွေး နွေးမှုကို  သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွှဲအား ဆွေးနွေးစေလို ကြောင်း KIA မှ ထုတ်ပြန် ကြေညာပြီး ဖြစ်ပါသည်။
အစိုးရ တပ်ဖွဲ့များသည် လိုင်ဇာ အနီးရှိ ခယားတောင်နှင့် လာဂတ်တောင်ရှိ KIA တပ်များအား ပြင်းထန်စွာ စစ်ဆင်ခဲ့ သည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း အရာရှိတဦးက ပြောပါသည်။
ရန်ကုန်၊ ကျိုက်ထိုလမ်းပေါ်ရှိ ဝေါတံတား သံဘောင်ပျက်စီးသွား၍ကားစီးရေရာနဲ့ချီ၍ ပိတ်မိနေကြောင်း သတင်းရရှိ
ရန်ကုန်၊ ကျိုက်ထိုလမ်းပေါ်ရှိ ဝေါတံတား သံဘောင်ပျက်စီးသွား၍ ပြုပြင်နေသည့်အတွက် ကားစီးရေရာနဲ့ချီ၍ ပိတ်မိနေကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၃ နာရီခန့်တွင် ဘက်ဟိုး(မြေတူးစက်) တင်ဆောင်လာသည့်ယာဉ် ဖြတ်သန်းစဉ် ယာဉ်ပေါ်ရှိ ဘက်ဟိုးနှင့် တံတားဘောင် တိုက်မိရာမှ တံတားဘောင်ပျက်စီးသွားခြင်းဖြစ်ပြီး ယခု အင်ဂျင်နီယာအဖွဲ့က ပြန်လည်တည်ဆောက်နေရာ ယနေ့ နေ့ချင်း ပြန်ဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းရဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူ့အော်သံ နားထောင်ရုံသက်သက်မဖြစ်စေချင်ပါ
ပြည်သူ့အော်သံ နားထောင်ရုံသက်သက်မဖြစ်စေချင်
January 21, 2013 သတင်း
Hot News ဂျာနယ်၏ (၂၇-၁၂-၁၂)နေ့ထုတ် အယ်ဒီ တာထံပေးစာကဏ္ဍ စာမျက်နှာ (၂)တွင် ဖော်ပြပေးသည့် ““ရထား သံလမ်းတစ်လျှောက် သန့်ရှင်း သာယာစေချင်””ခေါင်းစဉ်ဖြင့် မြန်မာ့မီးရထားဌာနနှင့် သက်ဆိုင် ရာအပိုင် အုပ်ချုပ်ရေးအပိုင်းများ ထိရောက်သော ပြုပြင် ပြင်ဆင် ပေးနိုင်ရေးအတွက် ဓာတ်ပုံနှင့် တကွ အကြံပြုတင်ပြခဲ့ပါသည်။
သို့သော်လည်း သက်ဆိုင် ရာဌာနအနေဖြင့် တာဝန်ရှိသူ အဆင့်ဟာ ကွပ်ကဲမှု၊ ကြီးကြပ်မှု၊ တာဝန်သိမှု အားနည်းခြင်း ကြောင့် ယနေ့ထိ ပြင်ဆင်မှုမရှိဘဲ၊ ပြည်သူ အော်သံ နားထောင်ရုံသက်သက်၊ ဖတ်ရုံသက်သက်ပဲဖြစ်နေပြီး ပြုပြင်ဆောင်ရွက်ပေးခြင်းမရှိခြင်း တို့ကြောင့် နိုင်ငံတော်သမ္မတကြီး ၏ (လွတ်လပ်၍ တရားမျှတ သော)ဒီမိုကရေစီနိုင်ငံတော်သစ် စီသို့ ချီတက်ရာလမ်းမှာ အဟန့် အတားတစ်ခုဖြစ်မနေဘဲ ပြည်သူ ၀န်ထမ်းများဖြစ်သော သက်ဆိုင် ရာဌာနနှင့် အုပ်ချုပ်ရေးအပိုင်း များက လူထုအော်သံကို နားစွင့် ၍ ပြည်သူယုံကြည်အားထားရ သော ပြည်သူ့ဝန်ထမ်းကောင်း များဖြစ်စေရန် ပြုပြင်ဆောင်ရွက် ပေးသင့်သည့်အရာများ အမြန် ဆုံး ပြုပြင်ဆောင်ရွက်ပေးနိုင်ရန် ဂျာနယ်မှတစ်ဆင့် ထပ်မံအကြံပြု လိုက်ပါသည်။
  မောင်စန်းမြင့်
အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Hot News ဂျာနယ်၏ (၂၇-၁၂-၁၂)နေ့ထုတ် အယ်ဒီ တာထံပေးစာကဏ္ဍ စာမျက်နှာ (၂)တွင် ဖော်ပြပေးသည့် ““ရထား သံလမ်းတစ်လျှောက် သန့်ရှင်း သာယာစေချင်””ခေါင်းစဉ်ဖြင့် မြန်မာ့မီးရထားဌာနနှင့် သက်ဆိုင် ရာအပိုင် အုပ်ချုပ်ရေးအပိုင်းများ ထိရောက်သော ပြုပြင် ပြင်ဆင် ပေးနိုင်ရေးအတွက် ဓာတ်ပုံနှင့် တကွ အကြံပြုတင်ပြခဲ့ပါသည်။
ဆက်သွယ်ရေး ဝန်ကြီး နုတ်ထွက်မှု ဂယက်များ ဆက်တိုက်ထွက်ပေါ်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဦးသိန်းထွန်း အား နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့က ကြေညာလိုက်ပြီး နောက်ပိုင်း ဆက်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းဂယက်များ အင်တာနက် စာမျက်နှာများတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
"ကာကွယ်ရေးဝန်ကြီးဌာနပိုင် သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ် အချက်အချာကျသည့် နေရာများတွင် တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများစွာရှိပြီး ဆက်တိုက်လေလံတင် "
((( ဒါ ဒို့ပြေ ၊ ဒါ ဒို့မြေ ၊ ဒို့ ပိုင်တဲ့ မြေ )))
 နိုင်ငံတော်ပိုင်၊ ၀န်ကြီးဌာန အသီးသီး ပိုင်ဆိုင်သည့် မြေကွက်နှင့် အဆောက်အအုံများအား ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ ဆက်တိုက်လွှဲပြောင်းပေးခဲ့သော်လည်း ...
ကာကွယ်ရေးဝန်ကြီး ဌာန ပိုင်မြေမှာ .....အဟွတ် ..အဟွတ် .. ။
--------------------------------------------------------------------------------------
"ကာကွယ်ရေးဝန်ကြီးဌာနပိုင် သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ် အချက်အချာကျသည့် နေရာများတွင် တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများစွာရှိပြီး ဆက်တိုက်လေလံတင် "
ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန်အတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သင်္ဘောဖျက်စက်ရုံ (သီလ၀ါ)ပိုင်မြေတွင် စက်မှုလုပ်ငန်းများနှင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူခြင်းဖြစ်ပြီး မြေ ၇၀၅ ဧကကို အပိုင်း (၉)ပိုင်းခွဲကာ ငှားရမ်းသွားမည်ဖြစ် ကြောင်း သိရသည်။
နှစ်ရှည် ငှားရမ်းပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး ကုမ္ပဏီအမည်၊ ငှားရမ်းလိုသည့် စနစ်၊ နှစ်စဉ်ငှားရမ်းခနှုန်း(Annual Rent) မြေအသုံးချခနှုန်းထား(Land Use Premium)၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ဆောင်ရွက်မည့် လုပ်ငန်း၊ ကုမ္ပဏီ မှတ်ပုံတင်နှင့် ငွေကြေးပိုင်ဆိုင်မှုများ ဖော်ပြရမည်ဖြစ်သည်။
အဆိုပြုလွှာ ပုံစံတစ်စုံလျင် ငွေကျပ် ၃၀၀၀၀ အထိ ပေးကာ ၀ယ်ယူ တင်သွင်းရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အလုံလမ်းရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ရုံးချုပ်)၊ စက်ရုံဌာနသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာများ ပေးပို့ရမည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ အချက်အခြာကျသည့် နေရာများတွင် တပ်မတော် ပိုင်အဖြစ် ယူထားသည့် မြေနှင့် အဆောက်အအုံများ များစွာရှိနေပြီး ယခုအခါ အငှားချထားရန် တင်ဒါ ဆက်တိုက် ခေါ်ယူလာကြောင်း တွေ့ရသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ရန်ကုန်မြို့ရှိ တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများကို ဟိုတယ်လုပ်ငန်းအတွက် နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်းမြို့နယ်၊ ပုလဲလမ်းတွင်ရှိသော တပ်မတော်ပိုင် မြရိပ်ညိုရွိုင် ရယ် ဟိုတယ်မြေ ၁၃ ဒသမ ၇၉၄ ဧကနှင့် အဆောက်အအုံခြောက်လုံး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ တပ်မတော်ပိုင် ယုဇနဂါးဒင်းဟိုတယ်မြေ ၄ ဒသမ ၁၂ ဧကနှင့် အဆောက်အအုံတစ်လုံး၊ ပန်းပဲတန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၆ စီ ၃၊ မြေကွက်အမှတ် ၃ ဒီရှိ တပ်မတော်ပိုင်မြေ ၂ ဒသမ ၅၀၉ ဧကနှင့် အဆောက်အအုံတစ်လုံးကို ဟိုတယ်လုပ်ငန်းများဆောင်ရွက်ရန် အတွက် တင်ဒါခေါ်ယူထားခြင်း ဖြစ်ပါသည်။
တပ်မတော်ပိုင်မြေများမှာ မြေ ကွက်အသေးများမဟုတ်ဘဲ ဧကများ စွာကျယ်သည့် အချက်အချာကျ မြေကွက်များပင် များစွာကျန်နေသေးကြောင်း၊ အချို့မြေကွက်နှင့် အဆောက်အအုံများမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ချထားပေးခဲ့ကြောင်း၊ သို့သော် မည်သို့လွှဲပြောင်းသည်ကိုမူ ယခုကဲ့သို့ ထုတ်ပြန်မှုမရှိကြောင်း သိရသည်။ ရန်ကုန်မြို့အတွင်းရှိ နိုင်ငံတော်ပိုင်၊ ၀န်ကြီးဌာန အသီးသီး ပိုင်ဆိုင်သည့် မြေကွက်နှင့် အဆောက်အအုံများအား ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ ဆက်တိုက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။(EMG)
‎((( ဒါ ဒို့ပြေ ၊ ဒါ ဒို့မြေ ၊ ဒို့ ပိုင်တဲ့ မြေ )))
ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန်အတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့သည်။
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ပါဘူး။
အတွင်းထဲမှာတော့ ရာထူးနေရာလုတာကတော့ အစတည်းကရှိခဲ့တယ်။ ဒါအစ ကတည်းကပြောတာပဲ။ မရှိတဲ့ ကုလားထိုင်တောင်လုတာပဲ။ ကုလားထိုင် က ရေးရေးပေါ် လာတော့ ပိုပြီးတော့ လုချင် ကြတာပေါ့။ ဒါကဒီမို ကရေစီပဲ။ ဒါကြောက်စရာမဟုတ်ဘူး။
ဒါရင်ဆိုင်ရမယ်။ ဖြေရှင်းရမယ်။ ဒီလိုဒီမိုကရေစီလမ်းကို လျောက်မယ်ဆိုရင် အားလုံးအိုကေပဲ လို့ထင်တယ်။ မအိုကေဘူး။ ဒီမိုကရေစီရရင် သူ့ပြဿနာနဲ့သူရှိတယ်။ အဲဒီတော့ ကျွန်မတို့လည်း အခုဒီလိုဖြစ်နေတာတွေကို သဘောကျတယ်။
အဲတော့မှ ဘယ်သူတွေက တကယ်ပဲ နိုင်ငံ အတွက် စေတနာ ကောင်းကောင်းနဲ့လုပ်တာလဲ။ ဘယ်သူတွေက ဒီမိုကရေစီအတွက် လုပ်နေ တာလဲ။ ဘယ်သူတွေက သူတို့နေရာရဖို့အတွက်၊ သူတို့နာမည်ရဖို့၊ လုပ်နေတာလဲ ဆို တာ ပေါ်လာတာပေါ့။ သင်ခန်းစာလည်းဖြစ်တယ်။
အဖွဲ့ချုပ်ကိုပိုပြီးတော့ ရင့်ကျက်သွားစေတယ် လို့မြင်တယ်။ ဒါတွေကတော့ ရင်ဆိုင်ရမှာပဲ။ နောင်လည်းရင်ဆိုင်ရမှာပဲ။ အခုတင်မဟုတ်ဘူး။ ဒီမိုကရေစီရင့်ကျက်တဲ့ နိုင်ငံကြီးတွေကိုကြည့်ပါ။ အင်မတန်မှ ရင့်ကျက်တဲ့နိုင်ငံကြီးတွေမှာတောင်မှ အဖွဲ့အစည်းအတွင်းမှာ ကွဲကြတာတွေရှိတယ်။ ဒါကတော့ လူ့သဘဝကိုး။ ”
** ဒေါ်အောင်ဆန်းစုကြည် **
Posted From Kyaymhon Khin
အေးချမ်းမွန်မှ  Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ပါဘူး။
အတွင်းထဲမှာတော့ ရာထူးနေရာလုတာကတော့ အစတည်းကရှိခဲ့တယ်။ ဒါအစ ကတည်းကပြောတာပဲ။ မရှိတဲ့ ကုလားထိုင်တောင်လုတာပဲ။ ကုလားထိုင် က ရေးရေးပေါ် လာတော့ ပိုပြီးတော့ လုချင် ကြတာပေါ့။ ဒါကဒီမို ကရေစီပဲ။ ဒါကြောက်စရာမဟုတ်ဘူး။
ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်
ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်
ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။
ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။
ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။
ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref:realitypod
Aung Kham (TSJ team)
TechSpace Journal
အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံရုံးဖွင့်လှစ်ရေး ညှိနှိုင်းနေ
တီဟီရန်၊ ဇန်န၀ါရီ-၂၁
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏သံရုံး ထားရှိဖွင့်လှစ်ရေးအတွက် မြန်မာအစိုးရနှင့် ညှိနှိုင်းနေကြောင်း Presstv သတင်းဌာနက သတင်း ဖော်ပြသည်။
ငွေကျပ်(၆၆၆)သိန်းခိုးယူသူ တက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၇-၁-၂၀၁၃ ရက်နေ့ ၁၃၁၀ အချိန် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်နေ အောင်ဇေယျ(၂၇)နှစ်၊ ““သလ္လာမွန်”” ပဲကုမ္ပဏီကိုယ်စားလှယ်သည် သူငယ်ချင်းဖြစ်သူ နှင်းမောင်မောင် နှင့်အတူ ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်မှ ကုမ္ပဏီပိုင်ငွေကျပ်(၆၆၆)သိန်းအား ထုတ်ယူ၍ ဘဏ်အနီးရှိ ချယ်ရီဝက်ဂွန်အငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ရာ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေးမှတ်တိုင်အနီးအရောက်တွင် ကားစက်ပျက်သွား၍ ၎င်းတို့(၂)ဦးမှ ကားပေါ်မှဆင်းပြီး တွန်းပေးစဉ် ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသဖြင့် ကမာရွတ်ရဲစခန်း(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ
ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ
Monday, January 21, 2013
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံ
သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျ မပြောရဲကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေးအင်အားစုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ခုသွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်သူ ကိုရန်နိုင်မျိုး ကပြောကြားသည်။
ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျောက်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေတာကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်းလမ်းဟာ လမ်းစဉ်ဟောင်းကြီး
ဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ကြသည်။
ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ရာတွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံကြောင်း
ပြောကြားသွားခဲ့သည်။
ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ကြောင်းလည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့် ခရီးစဉ်တွင် အခက်အခဲ အမျိုးမျိုနှင့်
ကြုံတွေ့နိုင်ကြောင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှု ရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့် လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများရှိကြောင်း၊ ခွင့်ပြုချက်တောင်းဆိုထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်းလည်း သိရသည်။
ဝေယံ
The Myanma Age
Monday, January 21, 2013
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့်ကချင်ပြည်နယ်လိုင်ဇာမြို့သို့ ရန်ကုန်
မှ ငြိမ်းချမ်းရေး အလံသယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲယနေ့ချိန်ထိ တိုက်
ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့်
ယနေ့မွန်းတည့် ၁၂နာရီ ၃၀ မိနစ်ခန့် ကဆိပ်ဖြူမြို့ပတ္တမြားဈေး မီးလောင်မှုဖြစ်ပွား
ယနေ့မွန်းတည့် ၁၂နာရီ ၃၀ မိနစ်ခန့် က စတင်ခဲ့သော ဆိပ်ဖြူမြို့ပတ္တမြားဈေး မီးလောင်မှုကို မွန်းလွဲ ၁ နာရီ ခန့်တွင် ငြိမ်းသတ် နိုင်ခဲ့ပြီး မီးစတင်လောင်ကျွမ်းသော စက်သုံးဆီဆိုင်နှင့် ဘေးတစ်ဖက် တစ်ချက်ရှိ အထည်ဆိုင် တစ်ဆိုင်နှင့် ရွှေဆိုင် တစ်ဆိုင်တို့ မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ပြောကြားသည်။
*ရွှေဈေးနှုန်း* ( ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၂၁ ရက်၊ တနလာင်္နေ့ )
‎*ရွှေဈေးနှုန်း*
( ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၂၁ ရက်၊ တနလာင်္နေ့ )
-
ရန်ကုန်ဈေးကွက်
မနက်ပိုင်း ( ၁၀:၄၅ မိနစ် ) - ၇၆၉,၀၀၀ ကျပ်
နေ့ လည်ပိုင်း ( ၁၂:၃၀ မိနစ် ) - ၇၆၉,၀၀၀ ကျပ်
၂၀၁၄ မော်ဒယ် တိုယိုတာ RAV4
၂၀၁၄ မော်ဒယ် တိုယိုတာ RAV4
Monday, January 21, 2013
တိုယိုတာ RAV4 ကတော့ မြန်မာပြည်မှာလည်း အမာခံ ပရိတ်သတ် ရှိပါတယ်။ ဟွန်ဒါရဲ့  CR-V နဲ့ အဓိက ယှဉ်ပြိုင်နေတဲ့ကား ဖြစ်ပြီး
မြန်မာပြည်မှာလည်း အရေအတွက် များများ မြင်တွေ့ နေရပါပြီ။
သို့ပေမယ့် ၂၀၁၄ မော်ဒယ်ကတော့ ရောက်ဖို့ လိုအုံးမယ် ထင်ပါတယ်။ အမေရိကန်မှာတေင် မရောင်းချရသေးတဲ့ ၂၀၁၄ မော်ဒယ်ကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသသွားခြင်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကတော့ ၃၅၀၀ စီစီ ဝန်းကျင်တွေပဲ ထုတ်ပြီး ဓာတ်ဆီ၊ ဒီဇယ် နှစ်မျိုး တွေ့မြင်ရမယ်လို့ ဆိုပါတယ်။ မြန်မာပြည် အဝင်များဒါကတော့ ၂၀၀၀ ကနေ ၂၀၀၆ မော်ဒယ် ဝန်းကျင်တွေ ဖြစ်ပါတယ်။ ကာလ ပေါက်ဈေးအားဖြင့်လည်း သိန်း ၃၀၀ ကျော်ကနေ ၂၀၀ ကျော် အထိကို ကျဆင်းနေပါပြီ။
ပရီမီယံဗားရှင်းသာ ဝယ်စီးခွင့် ရှိမယ်ဆိုရင်တော့ ဈေးက ဒီလောက်များမှာ မဟုတ်ပါဘူး။ ဈေးနှုန်းအလယ်အလတ်တန်းအစား SUV အနေနဲ့ ကမ္ဘာ့ ဈေးကွက်ကို ထိုးဖောက်တဲ့ တိုယိုတာရဲ့  ကားကြီး ဖြစ်ပါတယ်။ ၂၀၁၃ နှစ်လယ်က စလို့ စတင်ရောင်းချမယ်လို့ သိရပါတယ်။
----
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
http://www.colayonline.com.mm/automobile
ColayOnline:Automobile
တိုယိုတာ RAV4 ကတော့ မြန်မာပြည်မှာလည်း အမာခံ ပရိတ်သတ် ရှိပါတယ်။ ဟွန်ဒါရဲ့  CR-V နဲ့ အဓိက ယှဉ်ပြိုင်နေတဲ့ကား ဖြစ်ပြီးမြန်မာပြည်မှာလည်း အရေအတွက် များများ မြင်တွေ့ နေရပါပြီ။
ခါးနာခြင်း ကင်းဝေးစေမည့် ကိုယ်နေဟန်ထားများ
ခါးနာခြင်း ကင်းဝေးစေမည့် ကိုယ်နေဟန်ထားများ
၁) မှန်ကန်သော အနေအထား
ကိုယ်နေဟန်ထား မှန်မှသာ ခါးနာ ဝေဒနာ ကင်းဝေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး နေတဲ့အခါ ကျောရိုးဟာ သန်စွမ်းပြီး တည့်မတ်နေပါတယ်။ ကျောရိုးက ခုံးတာ၊ ခွက်တာတွေ ဖြစ်ရင် ကြွက်သားနဲ့ တွယ်ဆက်မျှင်တွေဟာ ကျောရိုး ဟန်ချက်ညီအောင် အတင်း တည်ဆောက်နေရတာကြောင့် ညောင်းညာတာ၊ ခါးနာတာ၊ ခေါင်းကိုက်တာနဲ့ တခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၂) ကျောရိုး၏ ကွေးညွတ်မှု
ှုကျန်းမာရေး ကောင်းနေတဲ့ ခါးနောက်ကျောမှာ သဘာဝ အကွေးသုံးမျိုး ရှိပါတယ်။ လည်ပင်း အကွေး၊ ခါးအပေါ်ပိုင်း အကွေးနဲ့ ခါးအောက်ပိုင်း အကွေးတို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားဟာ ဒီအကွေး သုံးမျိုးကို တည်မြဲနေအောင် ထိန်းထားနိုင်ပေမယ့် ကိုယ်နေဟန်ထား မမှန်ရင်တော့ ကြွက်သားတွေပေါ်ကို ဖိအား ကျရောက်စေကာ နာကျင် စေနိုင်ပါတယ်။
၃) မှန်ကန်သော မတ်တတ်ရပ် အနေအထား
မတ်တတ်ရပ်တဲ့ အခါ ရင်ဘတ်ကို မြှင့်ထားရပါမယ်၊ ပခုံးတွေက နောက်ဘက် ကို ရောက်ပြီး တင်းမထားရပါဘူး။ ဗိုက်နဲ့ တင်ပါးတွေက ရင်ဘတ်နဲ့ ယှဉ်ရင် နောက်ဘက် ရောက်နေရပါမယ်၊ ကိုယ်အလေးချိန်ဟာ ခြေထောက် နှစ်ဖက် စလုံးပေါ်မှာ အညီအမျှ ရှိနေရပါမယ်။
၎) နံရံကပ်ကာ စစ်ဆေးနည်း
မတ်တတ်ရပ်တဲ့ အနေအထားက မှန်၊ မမှန် သိအောင် နံရံကို ကပ်ပြီး စစ်ဆေးသင့်ပါတယ်။ ခြေဖနောင့်တွေကိုတော့ နံရံနဲ့ ၂-၄ လက်မ အကွာလောက် ထားပြီး ခေါင်း၊ ပခုံးနဲ့ တင်ပါးတွေကို နံရံနဲ့ ထိကာ ရပ်ပါ။ သင့်ကျောနဲ့ နံရံရဲ့ အကွာအဝေးက လက်တစ်ဝါးစာ အထူလောက်ပဲ ရှိသင့်ပါတယ်။ တကယ်လို့ အလွန် ဝေးနေရင် ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ပြီး ရပ်ပါ။ အလွန် နီးနေရင်တော့ သင့်ခါးကို နည်းနည်း မြှင့်လိုက်ပါ။ အဲဒီ အနေအထား အတိုင်း လမ်းလျှောက်တာ၊ ရပ်တာတွေကို လုပ်ဆောင်ပေးပါ။
၅) မှန်ကန်သော ထိုင်နည်း အနေအထား
ကြမ်းပြင်ပေါ်မှာ ခြေဖဝါး နှစ်ဖက်စလုံးကို ချထားနိုင်မယ့် ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ဒူးတွေက တင်ပါးနဲ့ တစ်တန်းတည်း ဖြစ်နေရပါမယ်။ နောက်ကျောကို ထိုင်ခုံ နောက်မှီမှာ မတ်မတ် ထိုင်ပါ။ လိုအပ်ရင် ခါးနောက်ကျော အကွေး နေရာမှာ တဘက် ဒါမှမဟုတ် ခေါင်းအုံးသေး ထည့်ထားပါ။ ညောင်းညာလာရင် ခေါင်းကို မျက်နှာကြက်ဆီ ကြည့်လိုက်၊ မေးစေ့ကို အောက်ဆွဲချလိုက် လုပ်ပေးပါ။ နောက်ကျော အပေါ်ပိုင်းနဲ့ လည်ပင်းတွေ ကတော့ သက်သောင့် သက်သာနဲ့ မတ်နေရပါမယ်။ ပခုံးတွေကိုလည်း မြှင့်ထားတာ၊ နှိမ့်ချထား တာမျိုး မလုပ်ဘဲ သက်သောင့်သက်သာ ထားရှိပါ။
၆) ပခုံး၏ မှန်ကန်သော အနေအထား
ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ်၊ ရပ်နေချိန်မှာပဲ ဖြစ်ဖြစ် ပခုံး အနေအထားကို ဂရုစိုက်ပါ။ ပခုံးကို လျှောတာ၊ မြှင့်တာတွေ မဖြစ်ပါစေနဲ့။
၇) တုံ့ပြန်မှုကို စစ်ဆေးပါ
သင့်ပခုံးတွေ မတ်နေတယ်ဆိုတာ သိနိုင်အောင် မှန်ရှေ့မှာ မတ်မတ်ရပ်ပြီး သင့်ပခုံး အနေအထားကို စစ်ဆေးကြည့်ပါ။
၈) အကျိုးကျေးဇူး
မှန်ကန်သော အနေအထား ရအောင် လေ့ကျင့်ရတာက အစပိုင်းမှာ ပင်ပန်း နေနိုင်ပေမယ့် ကြာလာတဲ့အခါ နေရထိုင်ရတာ သက်သောင့်သက်သာ ရှိလာတာကို တွေ့ရမှာပါ။ အသက်အရွယ်မရွေး ခါးနာတာကို ကင်းဝေးစေ မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
ကြယ်စင်
အေးချမ်းမွန်မှ  Good Health တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၁) မှန်ကန်သော အနေအထား
ကိုယ်နေဟန်ထား မှန်မှသာ ခါးနာ ဝေဒနာ ကင်းဝေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး နေတဲ့အခါ ကျောရိုးဟာ သန်စွမ်းပြီး တည့်မတ်နေပါတယ်။ ကျောရိုးက ခုံးတာ၊ ခွက်တာတွေ ဖြစ်ရင် ကြွက်သားနဲ့ တွယ်ဆက်မျှင်တွေဟာ ကျောရိုး ဟန်ချက်ညီအောင် အတင်း တည်ဆောက်နေရတာကြောင့် ညောင်းညာတာ၊ ခါးနာတာ၊ ခေါင်းကိုက်တာနဲ့ တခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
KIA စစ်ဆင်ရေးအပေါ် အစိုးရ၏နောက်ဆုံးညွှန်ကြားလွှာ
KIA စစ်ဆင်ရေးအပေါ် အစိုးရ၏နောက်ဆုံးညွှန်ကြားလွှာ
ရွှေဟင်္သာသတင်းဌာန၊ ဇန်နာဝါရီလ (၂၁) ရက်နေ့
အစိုးရသည် KIA ဌာနချုပ်လိုင်ဇာကို ဇန္နာဝါရီ (၂၁)ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ် စစ်ဆင်ရန်ညွှန်ကြားထား သည်ဟုသိရှိထားပါကြောင်း KIA အရာရှိတဦးကဆိုပါသည်။
“ အစိုးရဖက်က အမိန့်ပေးထာတာက စခန်းသိမ်းတိုက်ပွဲကို ယနေ (၂၀) ရက်နေ့ ညမှစ၍ ၂၄ နာရီအတွင်း အပြီးသတ် ထိုးစစ်ဆင်သွားဖို့ ညွှန်ကြားထားတာ ရှိတယ်လို့ သိရတယ်လေ။ သဘောက နိုင်ငံတကာကနေ ဖိအား အတော်ပေးခံ နေရပုံ ပါတယ်။ ပြီးတော့ လိမ်တယ်လေ၊ တဖက်က အပစ်ရပ်ပြီးလို့ ပြောနေတဲ့အချိန်မှာ တဖက်က အပြင်းအထန်ကိုစစ် ဆင်နေတယ်ဆိုတဲ့ ပြင်ပမီဒီယာတွေကလည်း ပြောနေတော့ ပေါ်ကုန် တာပေါ့။ ဒါကြောင့် နောက်ဆုံး ညွှန်ကြားတာဖြစ် မယ်” ဟုဆိုပါသည်။
လဂျားယန်ဒေသ ခယာဘွမ်(Hka Ya Bum)စခန်းကို ၂၄ နာရီအပြီးသိမ်းပိုက်ရန် ညွှန်ကြားခြင်း ဖြစ်ဖွယ် ရှိပါသည်။ယင်း ခယာဘွမ်ထိုးစစ်ကို အပြီးသတ်ရန် ဇန်န၀ါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ထိုးစစ်ဆင်ခဲ့သော်လည်း အကျ အ ဆုံးများသဖြင့် ရည်မှန်းချက်ကို မရရှိဘဲဖြစ်နေပါသည်။
အစိုးရ၏ လဂျားယန်တပ်ဖွဲ့များသည် ဇန်န၀ါရီလ ၂၀ ရက် မနက် ၈ နာရီအချိန်တွင် ခယာဘွမ်၏ အရှေ့ဘက် ခြမ်းမှ လျှပ်တပြက် ၀င်ရောက်တိုက်ခိုက်သော်လည်း အကျအရှုံးများနှင့် ထပ်မံပြန်ဆုတ်ခဲ့ရပါသည်။ ဒါအပြင်နေ့လည် ၁၂ နာ ရီတွင်လည်း ခယာဘွမ်၏အနောက်ဘက်နှင့် မြောက်ဖက်မှပတ်ပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့ပြန်သော်လည်း ရည်မှန်းသ လိုမဖြစ်ဘဲ အချီးနှီးပင်ဖြစ်သွားခဲ့ပါသည်။
ညနေ ၆း၃ဝ တွင်လည်း လဂျားယန်တောင်ခြေ၌ရှိသော လဝါယန်အနီးမှ အစိုးရတပ်ဖွဲ့သည် လိုင်ဇာဖက်သို့ ထိုးဖေါက် ဖို့ကျိုးစားစဉ် မိုင်းကွင်းထဲသို့ ကျသွားသဖြင့် KIA တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံခဲ့ရပါသည်။
ခယာဘွမ်ကို ၂၄ နာရီဖြင့်အပြီး သိမ်းပိုက်ရေးစီမံချက်သည် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညပိုင်း၌ စတင်မည်ဖြစ်သည်။ ယင်း ၂၄ နာရီစီမံကိန်းတွင် ပန်ဝါဒေသ နယ်ခြားမှတ်တိုင်အမှတ် (၆) KIA တပ်စခန်းလည်းပါဝင်ကြောင်း သိရှိရသည်။
ဇန္နာဝါရီ (၂၁) ရက်နေ့ မနက်မှစပြီး အစိုးရလက်နက်ကြီးတပ်ဖွဲ့သည် စိန်လုံတောင်မှ မိုင်ဂျာယန်အနီးရှိ Maga Hket, Yaw Yung, Lagat Bum, Jan Mai, သို့ မြေကြီးတုန်အောင် ပစ်ခတ်နေပါသည်။ထို့အတူ မိုင်ဂျာယန်နှင့်ခါယာတောင် ကျောကိုလည်း တောက်လျှောက်ပစ်ခတ်နေခဲ့ပါသည်။
ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်ခဲ့သော လဂျားယန်ဒေသ ထိုးစစ်တွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံတပ် ရင်းများဖြစ်သည့် ခလရ (၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ ပါဝင် ခဲ့ပါသည်။ ဤအထဲ၌ ခလရ (၂၅၂)၊ (၂၅၈)မှ တပ်ရင်းမှူးနှစ်ဦးသည်လည်း ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခလရ (၂၅၈) သည် တပ်ပျက်သွားခဲ့သည်ဟု KIA ဖက်ကဆိုပါသည်။
အစိုးရ၏ နောက်ဆုံး၂၄ နာရီ စစ်ဆင်ရေး ရည်မှန်းချက်အောင်မြင်ပါက သမ္မတဦးသိန်းစိန်းမှ တနိုင်ငံလုံးအပစ် အ ခတ်ရပ်စဲကြောင်း ကြေညာရန် ရှိသည်ဟုဆိုပါသည်။
အစိုးရသည် KIA ဌာနချုပ်လိုင်ဇာကို ဇန္နာဝါရီ (၂၁)ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ် စစ်ဆင်ရန်ညွှန်
ကြားထား သည်ဟုသိရှိထားပါကြောင်း KIA အရာရှိတဦးကဆိုပါသည်။
"မတော်တဆမှုတစ်ခုကြောင့် ဝေါတံတားလမ်းပိတ်နေ"
ဝေါ၊ ဇန်န၀ါရီ ၂၁
မတော်တဆမှုတစ်ခုကြောင့် ဝေါတံတားလမ်းပိတ်နေကြောင်းသိရသည
်။
ဇန်န၀ါရီ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မော်လမြိုင်ဖက်မှ ရန်ကုန်သို့လာသော အကြီးစားမြေတူးစက်(ဘက်ဟိုး)တစ်စ
ီးကိုသယ်ဆောင်လာသော ယာဉ်က ဝေါတံတားပေါ်ဖြတ်သန်းစဉ် တံတားပေါ်မှ ထုတ်တန်းများနှင့်ထိတိုက်မိပြီးယင်းတန်းများပြိုကျသဖြင့် ဝေါတံတား ယိုယွင်းပျက်စီးခဲ့ကြောင်းသိရသည်။
၁၀၅ နှစ်မြောက် ဦးသန့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဂူဗိမာန်တစ်နေ့လုံး ဖွင့်ပေးမည်
၁၀၅ နှစ်မြောက် ဦးသန့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဂူဗိမာန်တစ်နေ့လုံး ဖွင့်ပေးမည်
ဇန်န၀ါရီ ၂၂ ရက်တွင် ကျရောက်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်၏ ဂူဗိမာန်ကို တစ်နေ့လုံး ဖွင့်ထားမည်ဖြစ်ကြောင်း ဦးသန့်မိသားစု၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သစ်သစ်က ပြောသည်။
"မနက်ဖြန်မနက်မှာ ဦးသန့်ရဲ့ ဂူဗိမာန်ကို အများပြည်သူကြည့်ရှုလေ့လာနိုင်ဖို့ ဖွင့်လှစ်ပါမယ်။ ဘဘရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်လေးပါ" ဟု ဒေါ်သစ်သစ်က ပြောသည်။
အရှေ့တောင်အာရှတွင် ပထမဆုံး အာရှနိုင်ငံသားများထဲမှ ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်သည် ၁၉၇၄ ခုနှစ်တွင် လည်ချောင်းကင်ဆာဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် ကွယ်လွန်ခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူခဲ့ပြီးနောက် ရွှေတိဂုံဘုရားလမ်းတွင် ဂူဗိမာန်ဖြင့် ထားရှိခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးသန့်ဂူဗိမာန်သို့ လာရောက်ဂါရ၀ပြုစဉ်....ဓါတ်ပုံ-Nyi Nyi(Sky Light)
အေးချမ်းမွန်မှ 7Day News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးသန့်ဂူဗိမာန်သို့ လာရောက်ဂါရ၀ပြုစဉ်....ဓါတ်ပုံ-Nyi Nyi(Sky Light)
ဇန်န၀ါရီ ၂၂ ရက်တွင် ကျရောက်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၁၀၅
 နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်၏ ဂူဗိမာန်ကို တစ်နေ့လုံး ဖွင့်ထား
မည်ဖြစ်ကြောင်း ဦးသန့်မိသားစု၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သစ်သစ်က ပြောသည်။
လာမည့်နှစ်တွင် ဆေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်မည်
မြန်မာနိုင်ငံတွင် ပြည်သူလူထုနှင့် မျှတသော ဆရာဝန်များ မွေးထုတ်ပေးနိုင်ရန်အတွက် လာမည့်နှစ်တွင် ပြည်နယ်အသီးသီး၌ ဆေးဝါးတက္ကသိုလ်များ ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
ဆက်သွယ်ရေး အရာရှိ အများအပြား ခေါ်ယူစစ်ဆေးခံရ
ဆက်သွယ်ရေး အရာရှိ အများအပြား ခေါ်ယူစစ်ဆေးခံရ
သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ ဖယ်ရှားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဟု ထုတ်ပြန်ကြေညာ ပြီးနောက် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်ကဲ့သို့သော အရာရှိများအပါအ၀င် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်းသိရှိရသည်။
“၀န်ကြီး ထွက်သွားပြီးတဲ့ နောက်တနေ့မှာပဲ ရန်ကုန်က ဆက်သွယ်ရေး အရာရှိကြီးတွေကို နေပြည်တော်ကို ခေါ်စစ်ပါတယ်။ ပထမတော့ ၈ ဦး၊ ဒါပေမယ့် အစစ်ဆေး ခံရတဲ့သူတွေနဲ့ ဆက်စပ်တာတွေ ထပ်ခေါ်တော့ ခေါ်စစ်ဆေး ခံရတဲ့သူတွေ အရေအတွက်များတယ်လို့ သိရပါတယ်” ဟု နေပြည်တော်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းအရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ပြီး ၀န်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ၀န်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းတင်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခံရမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ ဦးသောင်းတင်က မှတ်ချက် မပေးလိုကြောင်း ပြောသည်။
“ကျနော် မှတ်ချက် ပေးစရာ မရှိသေးပါဘူး” ဟု ဦးသောင်းတင်က ဆိုသည်။
နေပြည်တော်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခြင်းကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက် ကိုင်တွယ်လျှက်ရှိကြောင်း သိရှိရသည်။
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဇန်န၀ါရီလ ၈ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ၀န်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ၏ ဥပဒေအကြံပေး ဦးသန်းကျော်၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းအပါအ၀င် စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းကဲ့သို့ ဆက်သွယ်ရေးဝန်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယခင် စစ်အစိုးရလက်ထက် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ယခု အစိုးရအဖွဲ့အတွင်း ပါဝင် ဆောင်ရွက်နေသူများပါ ထိခိုက်လာနိုင်ဖွယ် ရှိသောကြောင့် ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ယူဆရကြောင်း လေ့လာ သုံးသပ်သူများက ဝေဖန်နေကြသည်။
အေးချမ်းမွန်မှ အဖြူရောင်စာမျက်နှာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
===========================
Reference & Post by AyeChanmon
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ ဖယ်ရှားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စား ဆေးခန်း အကြောင်း .
ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စား ဆေးခန်း အကြောင်း ...
ရန်ကုန်မြို့  လသာမြို့နယ် ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့ " ခေတ်မှီ " ဆေးခန်း အကြောင်း နဲ့ ပတ်သက်လို့  သိသမျှ ဖောက်သည်
ချ လိုက်ချင်ပါတယ် ...ဖြစ်ရပ်မှန် ကိုယ်တွေ့ ပါ
ခုတစ်လော ...ဂျာနယ်တွေ မှာ ဆက်တိုက်ဆိုသလို ကြော်ငြာအားကောင်းကောင်းနဲ့  တွေ့ နေရတော့ ...
အနာနဲ့ ဆေး တည့် မလားဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားခဲ့တယ်
စရောက်တည်းက သတိထားမိတာက ....ဆေးခန်းအပြင်ဘတ်မှာ အထွေထွေရောဂါကုဆရာဝန်၂ယောက်အမည်ပဲဆိုင်းဘုတ်ချိတ်
ထားတာတွေ့  ရတယ်
အဲ့ဒီ ဆရာဝန်၂ယောက် က မြန်မာ နာမည် နဲ့ .... ပါ
နောက် တစ်ချက်က ....လူနာမှတ်တမ်း စာအုပ်ယူပြီးတာနဲ့ 
ပိုက်ဆံ ၅၀၀၀/ စတောင်းပါတယ် ဒါလဲ ထားတော့ ...
နောက်တစ်ချက် က .... ဆရာ လာပြီတဲ့ ဆိုပြီးနာမည်ခေါ်တော့ ....
ကျမ အထင်က မြန်မာဆရာဝန်ပဲထင်ခဲ့တာပါ
အဲ့ဒီမှာ စတွေ့ တော့တာပါပဲ .... ဆရာဝန်က တစ်ရုတ် လူမျိုး
အသက် ၃၀ ခန့်  မြန်မာ စကားမတတ်ဘူး မြန်မာ တစ်ရုတ်
ကောင်မလေး တစ်ယောက်က စကားပြန်လုပ်ပေးတယ် ...
အရင်က ကျှီးပေါင်း ဖြစ်ဖူးလို့  မြန်မာဆရာဝန်နဲ့  ပြတာ ပျောက်သွားပြီး
ကာမှ .... အခန့် မသင့်တော့
ပြန်ဖြစ် ချင်သလို ဖြစ်တာနဲ့  ခုတစ်လော ဂျာနယ်တွေ မှာ ကြော်ငြာ ကောင်းတာကြောင့် ဒီဆေးခန်းကို လာခဲ့မိတာ ..
မေးကြည့် တော့ တရုတ်တိုင်းရင်းဆေး ဆရာလို့ ပြောတယ်
ဒါပေမယ့် ....
ဘာအထောက်အထားမှ မရှိ ဘူး အနည်းဆုံး တိုင်းရင်းဆေး
အသိအမှတ်ပြု လက်မှတ် တစ်ခုခုပေါ့ ...အဲ့ဒါလည်းမတွေ့ ရပါဘူး ....
အဓိကပြောပြချင်တာက ဆေးကို ရက်၃၀ သောက်ရမယ်ပြောတယ် ..
ပုခုံး ၂ဖတ် ကိုလည်းဆေးထိုးရမယ်လို့ ပြောတယ် ...
ဘာမှလဲ သေချာ စစ်ဆေးပေးတာမျိုးလည်းမရှိဘူး
ဒါပေမယ့် သောက်ရမယ့် ဆေးဖိုးက လေးသောင်း
ကျမယ်လို့ ပြောတယ်
ထင်လိုက်တာက ရက် ၃၀ စာကို ဆေးဖိုး ငွေ လေးသောင်း လို့ ထင်လိုက်တာ ... အဲ့ဒီအချိန်မှာ  ဆရာဝန် ကို လည်း 
သိပ်မကြိုက်တော့ ..ဆေးလည်းမထိုးချင်ဘူး သောက်ဆေး
ကို လည်း၁၅ ရက်စာပဲ ယူမယ်လို့ ပြောလိုက်တယ် ....
အဲ့ဒီ တော့  ကောင်မလေးက ပိုက်ဆံ အရင်ရှင်းရမယ် လို့ ပြောတယ် ဘောင်ချာမှာ ရေးထားတာ ကြည့် လိုက်တော့600000(ခြောက်သိန်း)တိတိဖြစ်နေတာ
ကိုတွေ့ လိုက်ရတယ် ..
သေချာအောင် မေးကြည့်လိုက်တော့မှ ဆေးတစ်ရက် စာ ကို
လေးသောင်း ဆိုပြီးပြောတယ် ..... 
အံ့ သြ လွန်းလို့ ယုံတောင် မယုံ နိုင်ပါဘူး
သောက်သေး ၃မျိုး နှင့် ကပ်ခွာ တစ်ခု တစ်ရက် စာ ကို လေးသောင်းကျ တယ် ဆိုတာ .... ဘယ်လိုဆေးမျိုး ပါလဲ စိတ်ဝင်စားစရာပါပဲ 
ရှစ်သောင်းဖိုး ၀ယ်လာခဲ့ရပါတော့တယ် ....
ဒါပေမယ့် အဲ့ဒီဆေးကိုမသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ် .... ကိုယ် မသိတာတွေ သိခဲ့ရလို့  ရှစ်သောင်းတန်တယ်လို့ ပဲ စိတ်ဖြေလိုက်ပါတယ် မနက်ဖြန်ကစပြီးအဲ့ဒီ ဆေးခန်းကိုဆက်လက်စုံစမ်းသွား ပြီးအမှန်တရား
ကိုဖော်ထုတ်သွား မှာဖြစ်ပါတယ် 
ကိုယ့်လိုမဖြစ်ရလေအောင် ဓာတ်ပုံနှင့် တကွ တင်ပြ လိုက်ပါတယ်
ရန်ကုန်မြို့  လသာမြို့နယ် ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့ " ခေတ်မှီ " ဆေးခန်း အကြောင်း နဲ့ ပတ်သက်လို့  သိသမျှ ဖောက်သည်
ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်
မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မသိမဖြစ် ဗဟုသုတများ..........................
(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈
.၇ ဧကပဲရှိတယ်။
(၂) Suicide Statistics တွေအရ တင်္နလာနေ့ကကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။
(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။
(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။
ဇန်န၀ါရီလ ၂၁ ရက်နေ့ ယနေ့မနက် ၇း၀၀ မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က စတင်ပြီး ငြိမ်းချမ်းရေး လမ်းလျှာက်ပွဲတစ်ခုစတင်ပြုလုပ်
ဇန်န၀ါရီလ ၂၁ ရက်နေ့ မနက် ၇း၀၀ နာရီမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က စတင်ပြီး ငြိမ်းချမ်းရေး လမ်းလျှာက်ပွဲတစ်ခုပြုလုပ်သွားခဲ့ပါတယ်။ ဒီလမ်းလျှောက်ပွဲမှာ ရန်ကုန်မြို့ မြို့တော်ခန်းမဘေးက စတင်ကာ ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ အထိ တစ်ရက်ကို ၁၄  နာရီလမ်းလျှောက်မှာ ဖြစ်ကြောင်း သိရပါတယ်။ Mr.Photo
ဇန်န၀ါရီလ ၂၁ ရက်နေ့ မနက် ၇း၀၀ နာရီမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က စတင်ပြီး ငြိမ်းချမ်းရေး လမ်းလျှာက်ပွဲတစ်ခုပြုလုပ်သွားခဲ့ပါတယ်။ ဒီလမ်းလျှောက်ပွဲမှာ ရန်ကုန်မြို့ မြို့တော်ခန်းမဘေးက စတင်ကာ ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ အထိ တစ်ရက်ကို ၁၄ နာရီလမ်းလျှောက်မှာ ဖြစ်ကြောင်း သိရပါတယ်.........
အချိုမှုန့် ဆိုတာ ဘာလဲ ........
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
နစကမှလုပ်ကြံမှုကြောင့် ငါးခူရရွာသားတစ်ဦး ငွေကျပ်သိန်း ၆၀ ပေးလိုက်ရ
နစကမှလုပ်ကြံမှုကြောင့် ငါးခူရရွာသားတစ်ဦး ငွေကျပ်သိန်း ၆၀ ပေးလိုက်ရ
=========================================
19.1.2013
မောင်တော ။ ။ ယမန်နေ့က မောင်တောမြို့နယ် ငါးခူရကျေးရွာ အခြေစိုက် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးပါဝင်သောအဖွဲ့သည် ငါးခူ ရကျေး ရွာရှိ ဦးမိုဟာမတ်ဟူစိန်း (ဘ) ဦးအက်သာကမာလ် (အသက် ၅၃ နှစ်) ၏နေအိမ်သို့ ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ရာဘာဆေးပြားများ ရှာဖွေရန်ရှိသည်ဟု အကြောင်းပြ၍ ၎င်းတို့ကိုယ် တိုင်ယူဆောင် လာသော မူးယစ်ဆေးဝါးအချို့ကို ရှာဖွေနေသည့် အချိန်တွင် ဘီဒိုထဲ၍ လုပ်ကြံခဲ့သည်ဟု သိရသည်။ ထို့နောက် ဦးမိုဟာမတ်ဟူစိန်းအား ငွေကျပ်သိန်း ၆၀ ရသည့်အထိ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ ပြီး၊ ငွေကျပ် သိန်း ၆၀ ရသည့်အခါပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ယမန်နေ့ကပင် မောင်တောမြို့ခမောင်းဆိတ်ရွာ (ဖကီရာဘာဇား) အခြေစိုက်နစကနယ်မြေ (၂) မှ စုံစမ်းရေး မှူးချုပ်ထွန်းစိန်မှ ရေနံဆီရောင်း ချသူ ဦးဂျမာလ် (ဘ) ဦးအဒူမာဘုသ် (အသက် ၃၅ နှစ်) အား ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ နစကမှ၎င်းအား ဖမ်းဆီးရခြင်းမှာ နေအိမ်၌ ရေနံဆီကီလို ၄၀ ခန့် တွေ့သော ကြောင့်ဖြစ်သည်။ ဦးဂျာမာလ်သည် မိသားစု ၆ ဦးကို အရောင်းအ၀ယ်ပြုလုပ်၍ ၀င်ငွေအ နည်း ငယ်ဖြင့်စောင့်ရှောက်နေ သူဖြစ်ပြီး ငွေကြေးအားဖြင့် ဆင်းရဲသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း နစက များ ကို ငွေကျပ် ၃ သိန်းပေးမှ ပြန်လည် လွတ်မြောက် မည်ဖြစ်သဖြင့် ငွေကျပ် ၃ သိန်းရအောင် ရှာဖွေပေး ခဲ့ပြီး လွတ်မြောက် လာခဲ့ကြောင်း သိရှိရပါသည်။
“နေ့တိုင်း အဲဒီထွန်းစိန်က ရိုဟင်ဂျာတွေ ရဲ့အိမ် ၂ လုံးကနေ ၃ လုံးထိ ပစ်မှတ်ထားပြီး၊ အိမ်တွေကို ပါမစ် မယူ ဘဲဆောက်တယ် ဆိုပြီးအကြောင်းမရှိ အကြောင်း ရှာပြီး ငွေညှစ်နေတယ်။ ကျွန်တော်တို့ အိမ်တွေ ဆောက် ထားတာ နှစ်ပေါင်း ၂၀ မကတော့ဘူး။ အဲဒီ နစကဆိုတဲ့ ဌာနမပေါ်လာခင် ကတည်း ကပါ။ ကျွန် တော် တို့နိုင်ငံမှာ ကျွန်တော်တို့လို ဘယ်သူ့မှ ခံစားရမှာမဟုတ်ဘူး လို့ယုံကြည်တယ်။ ဗဟိုအစိုးရ အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုက္ခတွေ အပေါ်အာရုံစိုက် သင့်တယ်” ဟုအမည် မဖော်လို သူရွာသားတစ်ဦးမှ RB News သို့ပြောပါသည်။
မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ အုပ်စုသည် နစကနယ်မြေ (၁) အောင်သပြေလက်အောက် ခံဖြစ် ပြီး၊ ထိုရွာတွင် ရိုဟင်ဂျာမိသားစု ၁၀၀ ခန့်နေထိုင် လျက်ရှိသည်။ ထိုထဲမှ မိသားစု ၃၀ ခန့်မှာ နစက၏ အတင်း အဓမ္မ ဘင်္ဂလီဇတ်သွင်းသည့် အစီအစဉ်တွင် ပါဝင်ခဲ့ရသည်ဟု သိရသည်။ ထိုသို့ ဘင်္ဂလီဇတ်သွင်း ခံရ မည်စိုး၍ ထိုရွာမှ ရိုဟင်ဂျာ မိသားစုအချို့တိမ်းရှောင်သွားကြောင်း သတင်းရရှိပါသည်။
Qutub Shah
RB News
ယမန်နေ့က မောင်တောမြို့နယ် ငါးခူရကျေးရွာ အခြေစိုက် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးပါဝင်သောအဖွဲ့သည်ငါးခူရကျေးရွာရှိဦးမိုဟာမတ်
ဟူစိန်း(ဘ) ဦးအက်သာကမာလ် (အသက် ၅၃ နှစ်) ၏နေအိမ်သို့ ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ရာဘာ
ဆးပြားများ ရှာဖွေရန်ရှိသည်ဟု အကြောင်းပြ၍ ၎င်းတို့ကိုယ် တိုင်ယူဆောင် လာသော မူးယစ်ဆေးဝါး
အချို့ကို ရှာဖွေနေသည့် အချိန်တွင် ဘီဒိုထဲ၍ လုပ်ကြံခဲ့သည်ဟု သိရသည်။
မိခင်တို့၏ နုပျိုအောင် နေထိုင်နည်းများ
အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသား အရေကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသား အရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
ဥပဒေအကြောင်း သိကောင်းစရာများ- ၎
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ
အခန်း(၅)
ဖမ်းဆီးခြင်း၊ထွက်ပြေးခြင်းနှင့် ပြန်လည်းဖမ်းဆီးခြင်း
ခ။ ၀ရမ်းမပါဘဲဖမ်းဆီးခြင်း
၅၄။ (၁) မည်သည့်ရဲအရာရှိမဆို ရာဇ၀တ်တရားသူကြီးထံမှ အမိန့်မရဘဲဖြစ်စေ၊ ၀ရမ်းမပါဘဲဖြစ်စေ အောက်ပါသူများကို ဖမ်းဆီးနိုင်သည်-
ပထမ - ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်နှင့် စပ်ဆိုင်ပါဝင်နေသူ၊ သို့မဟုတ် ထိုသို့စပ်ဆိုင်ပါ ၀င်ကြောင်း ကျိုးကြောင်းဆီလျော်စွာ တိုင်းကြား ခြင်းခံရသူ၊ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင် နေကြောင်း ယုံကြည် လောက်အောင် သတင်းပေးခြင်းခံရသူ၊ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါ ၀င်နေကြောင်း ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်သူ မည်သူမဆို၊
လဂျားယန်ဒေသ ထိုးစစ်ဆင်ရာတွင် မြန်မာ့တပ်မ(၁၀၁)အထိအခိုက်အများဆုံးဖြစ်
မြန်မာ့တပ်မ(၁၀၁) ပြုန်းတီးမှုအများဆုံးဖြစ်
January 21,2013 by Myitkyina news 
ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်၍ လဂျားယန်ဒေသ ထိုးစစ်ဆင်ရာတွင်ပါဝင်လာသော ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများသည် အထိအခိုက်အများဆုံးဖြစ်ကာ တပ်ဖွဲ့စည်းပုံပျက်ခဲ့ကြောင်း သိရှိရသည်။ ၁၀ ရက်ကြာ တိုက်ပွဲတွင် ကျဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀၀ ကျော်နှင့် ထွက်ပြေး ပျေက်ဆုံးသူ ၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။ ခလရ (၂၅၂)၊ (၂၅၈) တပ်ရင်းမှူးနှစ်ဦးသည်လည်း ဒဏ်ရာ ပြင်းထန်စွာရရှိကာ ခလရ(၂၅၈) တပ်ရင်းသည် တပ်ပျက်ခဲ့ကြောင်း သိရှိရသည်။ တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ လဂျားယန်သေ ထိုးစစ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်၍ လဂျားယန်ဒေသ ထိုးစစ်ဆင်ရာတွင်ပါဝင်လာသော ပခုက္ကူအခြေစိုက် တပ်
မ(၁၀၁)လက်အောက်ခံ တပ်ရင်းများသည် အထိအခိုက်အများဆုံးဖြစ်ကာ တပ်ဖွဲ့စည်းပုံပျက်ခဲ့ကြောင်း သိရှိ
ရသည်။ ၁၀ ရက်ကြာ တိုက်ပွဲတွင် ကျဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀၀ ကျော်နှင့် ထွက်ပြေး ပျေက်ဆုံး
သူ ၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။
ကေအိုင်အေရဲ့ လဂျားယန်ဒေသ ခယာဘွမ်(Hka Ya Bum)စခန်းကို ၂၄ နာ ရီနှင့်အပြီး ဆင်နွဲရန်ညွှန်ကြား
စခန်းသိမ်းတိုက်ပွဲကို ၂၄ နာရီနှင့်အပြီး ဆင်နွဲရန်ညွှန်ကြား
January 21,2013 by Myitkyina news 
မြန်မာ့တပ်မတော်၏ရည်မှန်းချက်ဖြစ်သော စခန်းသိမ်းတိုက်ပွဲကို ယနေ့ညမှစ၍ ၂၄ နာရီအတွင်း အပြီး ထိုးစစ်ဆင်သွားရန် ညွှန်ကြားလျက်ရှိကြောင်း သိရှိရသည်။
လဂျားယန်ဒေသ ခယာဘွမ်(Hka Ya Bum)စခန်းကို ၂၄ နာရီအပြီး သိမ်းပိုက်ရန် ညွှန်ကြားခြင်းဖြစ်သည်။ ယင်းခယာဘွမ်ထိုးစစ်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ထိုးစစ်ဆင်သော်လည်း အစိုးရ တပ်ဖွဲ့များ ထိခိုက်မှုများလျက်ရှိသည်။ ဇန်န၀ါရီလ ၂၀ ရက် မနက် ၈ နာရီအချိန်တွင် လဂျားယန်ရှိ တပ်ဖွဲ့မှ ခယာဘွမ်၏ အရှေ့ဘက်ခြမ်းမှ လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်သော်လည်း အကျအရှုံးနှင့် ပြန်ဆုတ်ခဲ့ရ သည်။ နေ့လည် ၁၂ နာရီအချိန်မှစ၍ ခယာဘွမ်၏အနောက်ဘက်နှင့် မြောက်ဖက်မှပတ်၍ ပြန်လည်ထိုးစစ်ဆင်လျက်ရှိသည်။
ခယာဘွမ်ကို ၂၄ နာရီနှင့်အပြီး သိမ်းပိုက်ရေးစီမံချက်ကို ဇန်န၀ါရီလ ၂၀ ညပိုင်းတွင်စတင်ကြောင်း သိရှိရသည်။ ယင်း ၂၄ နာရီစီမံကိန်းတွင် ပန်ဝါဒေသ နယ်ခြားမှတ်တိုင်အမှတ်(၆) KIA တပ်စခန်းလည်းပါဝင်ကြောင်း သိရှိရသည်။
မြန်မာ့တပ်မတော်၏ ၂၄ နာရီ ရည်မှန်းချက်ပြည့်ဝပြီးသောအခါ သမ္မတဦးသိန်းစိန်းက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် စီစဉ်နေကြောင်း သိရှိရသည်။
မြန်မာ့တပ်မတော်၏ရည်မှန်းချက်ဖြစ်သော စခန်းသိမ်းတိုက်ပွဲကို ယနေ့ညမှစ၍ ၂၄ နာရီအတွင်း အပြီး ထိုးစစ်ဆင်သွားရန် ညွှန်ကြားလျက်ရှိကြောင်း သိရှိရသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ် သလဲ...?
ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ်သလဲ...?
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်(၉) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို
အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း
ကျင်းပခဲ့ကြသည်။
အာဇာနည်များ...
 ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ  (၃၂) နှစ်
မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ 
ဘုရင်ခံအမှုဆောင်ကောင်စီ၏
ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏
ဝန်ကြီးချုပ်၊၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန်
(၁၃)ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
ဒီးဒုတ်ဦးဘချို (၅၄) နှစ်
စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ 
ပြန်ကြားရေးဝန်ကြီး၊သူ့အသက်အရွယ်နှင့်ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင်နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက်ရှိနေသေးသည်။
သခင်မြ (၄၉) နှစ်
လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကိုထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင်
ပွဲချင်းပြီးသေဆုံးသည်။
ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်
မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆)
ချက်ရရှိပြီးနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
ဦးဘဝင်း (၄၆) နှစ်
ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊
ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသည်။
မန်းဘခိုင် (၄၃) နှစ်
ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က 
ပြန်လည်ခုခံတော်လှန်ရာ၌
ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅)
ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
စပ်စံထွန်း (၄ဝ) နှစ်
ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ 
အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့
မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌
သေဆုံးသွားသည်။
ဦးအုန်းမောင် (၃၄) နှစ်
သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ 
ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို
လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။
နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။
ကိုထွေး (၁၈) နှစ်
ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ 
မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့်
အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏
ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင်
သေဆုံးသည်။
လူသတ်သမားများ......
 ဦးစော
၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ 
ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊
သမ္ဘာရင့်
လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။
သူရိယသတင်းစာကို
စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊
စက်တင်ဘာလမှ
၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင်
အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော
အောင်ဆန်း-အက်တလီ
စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့်
သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊
ဇူလိုင်လ
(၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈
ခုနှစ်၊
မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။
မောင်စိုး (သေနတ်သမား)
မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ်
နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။
သေဒဏ်ပေးခံရသည်။
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ
ရင်ခံရသည်။
သက်နှင်း (သေနတ်သမား)
ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏
အတွင်းရေးမှူးဖြစ်သည်။
ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်သည်။
သေဒဏ်ပေးခံရသည်။ ၁၉၄၈
ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။
မောင်စိန် (သေနတ်သမား)
ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏
ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏
နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈
ခုနှစ်၊ မေလ
(၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။
ရန်ကြီးအောင် (သေနတ်သမား)
အသက် (၁၈) နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော
တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့်
နောက်ဆုံးအချိန်ကျမှ
သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့်
သေနတ်သမားအဖြစ်
အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်
ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။
သုခ
လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် 
မောင်းပို့ပေးခဲ့သူဖြစ်သည်။
ရန်ကုန်မြို့ရှိ
အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက်
ကျိုက်လတ်မြို့
ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို
ဦးစောနှင့်
မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ်
စာရင်းတင်ပေးခဲ့သည်။
ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။
သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ
အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
လျှော့ချခြင်းခံရသည်။
ခင်မောင်ရင်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော
ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။
ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး
လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း
နောက်ပိုင်းတွင်
အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
လျှော့ချခြင်းခံရသည်။
မောင်နီ
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန်
အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး
အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း
အလုပ်ကြမ်းနှင့်ထောင်ဒဏ်
အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း
အသိပေးခံခဲ့ရသည်။
မှုန်ကြီး
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး
အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။
ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။
သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌
သေဒဏ်အစီရင်ခံရသည်။
ဘညွန့်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။
ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ
ဦးစော၏အိမ်အတွင်း
နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။
သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ်
ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား
အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ)
နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။
ဓါတ်ပုံမှာ - ဦးစော နှင့် ၎င်းအားကြိုးပေးသတ်ခဲ့သောပုံဖြစ်ပါတယ် ။
မှတ်ချက်။ ။ ဦးခင်အောင်ရေးသားသော “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်မှ
ကောက်နုတ်တင်ပြသည်။
မူရင်းလင့်...http://www.khitpyaing.org/.
ဓါတ်ပုံမှာ - ဦးစော နှင့် ၎င်းအားကြိုးပေးသတ်ခဲ့သောပုံဖြစ်ပါတယ် ။
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်(၉) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို
အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း
ကျင်းပခဲ့ကြသည်။