Pages
Wednesday, January 16, 2013
မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ
မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ
မားစ်ဂြိုဟ်ပေါ် ရောက်ရှိနေသည့် လေ့လာရေး ယာဉ်ငယ် Curiosity (ဖိုးစပ်စု)သည် ဂြိုဟ်မျက်နှာပြင်ပေါ်
တွင် ပန်းများပွင့်ခဲ့ကြောင်း ယူဆရသည့် အခြေအနေမျိုးကို ဖော်ထုတ်လာနိုင်ခဲ့သည်။မားစ်ဂြိုဟ်၏ ကျောက်
သားထုထဲတွင် ပန်းပွင့်ဟု ယူဆရသည့် နစ်မြုပ်တည်ရှိ ဖွဲ့စည်းမှုမျိုးကို Curiosityက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
Joke ဟာသ ဂျာနယ် တနှစ်ပြည့် အခမ်းအနားကို လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ ၄ နာခွဲကနေ ၆ နာရီ အထိ ရွှေတိဂုံစေတီ ခြေရင်းက ကန်တော်မင် ပန်းခြံမှာရှိတဲ့ ဟက်ပီးဝေါလ် ကစားကွင်းမှာပြုလုပ်မည်
ကာတွန်း ဆရာတွေကို ပွဲထုတ်ပြီ
Wednesday, January 16, 2013  အိမ့်သံစဉ်  
Joke ဟာသ ဂျာနယ် တနှစ်ပြည့် အခမ်းအနားကို လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ ၄ နာခွဲကနေ ၆ နာရီ အထိ ရွှေတိဂုံစေတီ ခြေရင်းက ကန်တော်မင် ပန်းခြံမှာရှိတဲ့ ဟက်ပီးဝေါလ် ကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။ 
Joke မှာ ပါဝင်ရေးသားနေတဲ့ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေကို ဒီပွဲမှာ ဆုချီးမြှင့်မှာဖြစ်ပြီး ဒီအစီအစဉ်အတွက် အထူးစီမံထားတာတွေ ရှိတယ်လို့ အယ်ဒီတာချုပ် ကျော်ဇင်ကိုကိုက ဧရာဝတီ ကို ပြောပါတယ်။ 
“ကာတွန်းဆရာတွေထဲက တော်တီဆွေတို့လို လူပျိုလေးတွေ ဗန်းကိုင်မယ့်အစီအစဉ် ပါပါတယ်” လို့ သူကဆိုပါတယ်။ 
အခမ်းအနားမှူးအဖြစ် ကာတွန်း နိုင်လင်းက တာဝန်ယူဆောင်ရွက်မယ်လို့ သိရပါတယ်။ ဟာသ၊ ကာတွန်းတွေနဲ့ သရော်စာ အသားပေး ဖော်ပြတဲ့ ဒီမဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံတွေကလည်း ထူးခြားပါတယ်။ 
ဒီလထုတ် Joke ရဲ့ မျက်နှာဖုံးရှင်တွေကတော့ ကာတွန်း မောင်မောင်နဲ့ ခရစ္စတီးနားတို့ ဖြစ်ပါတယ်။ လာမယ့်လမှာတော့ မျက်နှာဖုံးရှင်တွေက ဧရာဝတီဘလော့ဂ်မှာ ကာတွန်းတွေ ရေးဆွဲပေးနေတဲ့ ကာတွန်းတော်တီဆွေနဲ့ မော်ဒယ်လ် လှလှလေးတယောက်လို့ သိထားပါတယ်။
Joke ဟာသ ဂျာနယ် တနှစ်ပြည့် အခမ်းအနားကိုလာမယ့်ဇန်နဝါရီ ၁၇ ရက်နေ့ ၄ နာခွဲကနေ ၆ နာရီ အထိ
ရွှတိဂုံစေတီ ခြေရင်းက ကန်တော်မင် ပန်းခြံမှာရှိတဲ့ ဟက်ပီးဝေါလ် ကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါ
တယ်။ Joke မှာ ပါဝင်ရေးသားနေတဲ့ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေကို ဒီပွဲမှာ ဆုချီးမြှင့်မှာဖြစ်ပြီး ဒီ
အစီအစဉ်အတွက် အထူးစီမံထားတာတွေ ရှိတယ်လို့ အယ်ဒီတာချုပ် ကျော်ဇင်ကိုကိုက ဧရာဝတီ ကို ပြောပါ
တယ်။
“Faecbook ရှာဖွေရေး Feature သစ် Graph Search ကို စတင်မိတ်ဆက်”
facebook graph search
Facebookအတွက် ရှာဖွေရေး Featureသစ် တစ်ခုဖြစ်သော Graph Searchကို ယခုအခါ စတင် မိတ်ဆက်
လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အင်္ဂါနေ့က ကမ္ဘာကျော် Social Network ဝက်ဘ်ဆိုက်ကြီးသည် ၎င်းတို့၏ ကိုယ်ပိုင် ရှာဖွေမှု ကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
မြန်မာအစိုးရတပ် ကချင်ပြည်နယ် မော်ဝမ်းကျေးရွာရှိ နှစ်ခြင်းခရစ်ယန်အသင်းတော်၏ ဘုရားရှိခိုးဆုတောင်းကျောင်းဆောင်အား လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီး
မြန်မာအစိုးရတပ်  မော်ဝမ်း ဆုတောင်းကျောင်းဆောင်ပစ်ခတ်ဖျက်ဆီး
ဇန်န၀ါရီ (၁ရ ),2013 by Myitkyina blog news
ဇန်န၀ါရီလ(၁၆)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှနေ၍ မော်ဝမ်းကျေးရွာရှိ နှစ်ခြင်းခရစ်ယန်အသင်းတော်၏ ဘုရားရှိခိုးဆုတောင်းကျောင်းဆောင်အား လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ၎င်းအချိန်တွင် ယင်းဆုတောင်းကျောင်းဆောင်၌ မည်သူမျှမရှိခိုက်ဖြစ်သဖြင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။ ယင်းကျောင်းဆောင်တွင် အသင်းသားများ ၂၄ နာရီမပြတ် ဆုတောင်းခြင်းအစီအစဉ် ပြုလုပ်လေ့ရှိသည်ကို မနှစ်သက်သဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဘုရားရှိခိုးကျောင်းဆောင်သို့ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင်လည်း လက်နက်ကြီးများပစ်ခတ်မှု ရှိခဲ့သေးသည်။
ဖားကန့် ဗျုဟာကုန်း ( photo )
ဖားကန့် ဗျုဟာကုန်း ( photo )
ဇန်န၀ါရီလ(၁၆)ရက်နေ့မွန်းလွဲ(၃)နာရီအချိန်တွင်ဖားကန့်မြို့ ဗျူဟာကုန်းမှနေ၍ မော်ဝမ်းကျေးရွာနှစ်ခြင်း
ခရစ်ယန်အသင်းတော်၏ ဘုရားရှိခိုးဆုတောင်းကျောင်းဆောင်အား လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီးခဲ့
ကြာင်း သိရှိရသည်။
“ဆိပ်ကမ်း၌လာမထုတ်သည့် မော်တော်ယာဉ် ၂၁ စင်းရှိနေ”
ရန်ကုန်၊ ဇန်နဝါရီ ၁၆
အခက်အခဲများကြောင့် ဆိပ်ကမ်းများ၌ ငါးလတာအတွင်းလာရောက် ထုတ်ယူခြင်းမရှိသည့် မော်တော်ယာဉ်အရေအတွက်မှာ ၂၁ စီးရှိနေကြောင်းသိရသည်။
“ အကောက်အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့် ဆိပ်ကမ်းတွေမှာ မော်တော်ယာဉ်ထုတ်ဖို့ ကြန့်ကြာနေတာပါ” ဟု မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးဌေးအောင်က ပြောသည်။
ကချင်ပြည်နယ် တိုက်ပွဲသည် လဂျားယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ပြောကြား
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျားယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကဇန်န၀ါရီလ၁၆ ရက်နေ့ထုတ် 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောကြား
ခဲ့သည်။
ကိုရီးယားသို့ EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ အတွက် ဘာသာစကားသင်တန်း ဖွင့်မည်
ရန်ကုန်-ဇန်န၀ါရီ၁၆
ကိုရီးယားသမ္မတနိင်ငံသို့ EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့်မြန်မာအလုပ်သမားများအတွက် EPS_Korea ဘာသာစကားသင်တန်းကိုဇန်န၀ါရီ ၂၃တွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)တွင်စတင်ဖွင့်လှစ်မည်ဟုသိရသည်။
တောင်ကိုရီးယား သမ္မတသစ် အစိုးရသစ် ဖွဲ့စည်း လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိ
တောင်ကိုရီးယား သမ္မတသစ် အစိုးရသစ် ဖွဲ့စည်း လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိ
တောင်ကိုရီးယား သမ္မတသစ် အဖြစ် ရွေးချယ်ခံ ထားရသော Park Geun-hye ၏ အသွင် ကူးပြောင်းရေး အဖွဲ့သည် အစိုးရသစ် ဖွဲ့စည်းမှုအား ယခု သီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန် ကြေညာသွားရန် ရှိပြီး လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိကြောင်း တောင်ကိုရီးယား အရာရှိ များက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
အသွင် ကူးပြောင်းရေး ကော်မတီသည် အစိုးရသစ် ဖွဲ့စည်းမှု ပုံစံ ရေးဆွဲ နေမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အရာရှိ များက ပြောကြား ခဲ့ပါသည်။ အဆိုပါ အစိုးရသစ် ပုံစံ ရေးဆွဲ ထားမှုအား အတည်ပြုချက် ရရှိရန် အတွက် ပါလီမန်သို့ တင်သွင်းသွားမည် ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သမ္မတ အဖြစ် စတင် တာဝန် ထမ်းဆောင်မည့် Park Geun-hye သည် ဝန်ကြီးချုပ် နေရာနှင့် အခြားသော အစိုးရ အဖွဲ့ဝင် နေရာများ အတွက် ယခု သီတင်းပတ် အတွင်းတွင် ရွေးချယ်သွားရန် စီစဉ်ထားကြောင်း၊ ထို့ပြင် ဝန်ကြီးချုပ် နေရာ အတွက် အဆိုပြု ရွေးချယ် ထားသူအား လာမည့် သီတင်းပတ်တွင် ထုတ်ပြန် ကြေညာရန် ၎င်းအနေ ဖြင့် မျှော်လင့် ထားကြောင်း သိရှိ ရပါသည်။
http://www.myawady.net.mm/allnews/global/item/4533-2013-01-16-15-29-36#.UPaO9p0seJ8
အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တောင်ကိုရီးယား သမ္မတသစ် အဖြစ် ရွေးချယ်ခံ ထားရသော Park Geun-hye ၏ အသွင် ကူးပြောင်းရေး အဖွဲ့သည် အစိုးရသစ် ဖွဲ့စည်းမှုအား ယခု သီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန် ကြေညာသွားရန် ရှိပြီး လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိကြောင်း တောင်ကိုရီးယား အရာရှိ များက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
“စင်ကာပူတွင် ဆေးလိပ်သောက်ခြင်း တားမြစ်မှု တိုးချဲ့ဆောင်ရွက်”
“စင်ကာပူတွင် ဆေးလိပ်သောက်ခြင်း တားမြစ်မှု တိုးချဲ့ဆောင်ရွက်”
စင်ကာပူနိုင်ငံရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်ခြင်းအား ပိတ်ပင်တားမြစ်ရေး တိုးချဲ့ဆောင်ရွက်မှုကို အင်္ဂါနေ့တွင် စတင်ဆောင်ရွက်သည်။
စင်ကာပူ၏ National Environment Agency (NEA) သည် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်မှုအား စောင့်ကြည့်စစ်ဆေးခြင်းကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး ယခင်ကထက် တစ်လလျှင် နောက်ထပ် နာရီပေါင်း ၈,၀၀၀ နီးပါး စောင့်ကြည့်စစ်ဆေးသွားမည်ဟု ဆိုသည်။ NEA ၏ စောင့်ကြည့်စစ်ဆေးမှုအတွင်း အင်္ဂါနေ့က Toa Payoh MRT ဘူတာရုံ၌ တစ်နာရီအတွင်း ဆေးလိပ်သောက်သူ ၇ ဦး ဖမ်းဆီးခံခဲ့ရသည်။
အေးချမ်းမွန်မှPlanet Myanmar Network   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
စင်ကာပူနိုင်ငံရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်ခြင်းအား ပိတ်ပင်တား
မစ်ရေး တိုးချဲ့ဆောင်ရွက်မှုကို အင်္ဂါနေ့တွင် စတင်ဆောင်ရွက်သည်။ စင်ကာပူ၏ National Environment Agency (NEA) သည် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်မှုအား
ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ၀င်ရောက်လာသော တရုတ်နိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်န၀ါရီ ၁၆
၁၁-၁-၂၀၁၃ ရက်နေ့ ၁၆၄၅ အချိန် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ နားလုံရွာ၌ တရုတ်နိုင်ငံ၊ ရန်ကျန်းမြို့၊ ယိုဆုံလီရွာနေ ကော်ချိုင်းဝမ်း(၂၅)နှစ်နှင့်ရင်ကျန်းမြို့၊ နန်ယုန်ရွာနေ ကုန်းအန်းထည်(၄၄)နှစ်တို့ ၂ ဦးအား နယ်မြေခံတပ်စစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့သဖြင့် ၁၅-၁-၂၀၁၃ ရက်နေ့ ၁၀၃၀အချိန် မြစ်ကြီးနားမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့သည်။
ယနေ့ Eleven Media Group ရဲ့ ၀ဘ်ဆိုဒ်ကို ဟက်ကားများတိုက်ခိုက်မှုအခြေအနေ
ယနေ့ယခု Eleven အခြေအနေ
==================
ဒီတစ်ခါတော့ တစ်မျိုးဖြစ်သွားပြီ။ကိုယ့်ကိုကိုယ် အအောင်မြင်ဆုံး မီဒီယာတစ်ဆိုပြီး အခြားမီဒီယာများနှင့်ပြည်သူများအပေါ် မလေးမစား လုပ်ခြင်း ၊ လေကြီးလေကျယ်ပြောခြင်းများဆင်ခြင်ပါ။ တဲ့
========================
Eleven Media Group သည် သတိပေးတားမြစ်နေသည့် ကြားမှ နိုင်ငံ့ ဝန်ထမ်းများနှင့် Hackers များ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ထပ်မံ ပြုလုပ်သည့် အပြင် ၎င်းတို့၏ facebook စာမျက်နှာနှင့် အင်တာနက် website ပေါ်တွင် အာဏာရှင်ဆန်စွာ မိမိတို့နှင့် အမြင်မတူသည့် စာဖတ်သူများအား comment ရေးသားခွင့် ပိတ်ပင်ခြင်း ၊ ဖြတ်တောက်ခြင်းများကို ထပ်မံ ကျူးလွန် ပြန်သဖြင့် Red-army Team မှ ဒုတိယအကြိမ်မြောက် သတိပေး ဆုံးမလိုက်သည်။
Oppositeyes
By: Royal Hero Media
ဒီတစ်ခါတော့တစ်မျိုးဖြစ်သွားပြီ။ကိုယ့်ကိုကိုယ်အအောင်မြင်ဆုံးမီဒီယာတစ်ဆိုပြီး အခြားမီဒီယာများနှင့်ပြည်
သူများအပေါ် မလေးမစား လုပ်ခြင်း ၊ လေကြီးလေကျယ်ပြောခြင်းများဆင်ခြင်ပါ။ တဲ့
လူတစ်ရပ်စာ iPhone ကို ရုရှားတို့လုပ်
လူတစ်ရပ်စာ iPhone ကို ရုရှားတို့လုပ်
iPhone အစစ်တော့ မဟုတ်ပါဘူး။ ကွယ်လွန်သူ စတိဂျော့ကို သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတဲ့ ကျောက်တိုင် ဖြစ်ပါတယ်။
တကယ် လူတစ်ရပ်စာရှိပြီး ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်မြို့ က အိုင်တီ ကျောင်း ဝင်း တစ်ခုတည်းမှာ ဖန်တီး ပြုလုပ်ထား တာ ဖြစ်ပါ တယ်။ ဒေသခံ ဗိသုကာ ပညာရှင် Gleb Tarasov ဦးဆောင်ပြီးတော့ ပြုလုပ် ထားတာ ဖြစ် ပါတယ်။ မျက်နှာပြင်မှာ QR code ဖော်ပြထားပါတယ်။ ယင်း QR code ကို စမတ်ဖုန်း က app နဲ့ဖြစ်ဖြစ် ဖတ်လိုက်ရင် စတိဗ်ဂျော့ ကို ဂုဏ်ပြုတဲ့ ရုရှား ဝဘ်ဆိုဒ် တစ်ခုဆီကို ပို့ပေးမှာ ဖြစ်ပါတယ်။
လာရောက် လည်ပတ်ပြီး ဓာတ်ပုံရိုက်ခွင့် ပေးပါတယ်။ ဝင်းထဲမှာ ဒီတိုင်းထောင်ထားမှာ ဖြစ်ပါတယ်။ iPhone ကျောက်တိုင်ကို ဓာတ်ပုံရိုက် ကူးနေမှုများကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
iPhone အစစ်တော့ မဟုတ်ပါဘူး။ ကွယ်လွန်သူ စတိဂျော့ကို သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတဲ့
 ကျောက်တိုင် ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊ Schwerin မြို က ဂျာမနီမှ Schwerin Castle
ဂျာမနီမှ Schwerin Castle
ဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊ Schwerin မြို့ မှာ တည်ရှိတဲ့ ရဲတိုက် ဖြစ်ပါတယ်။
၁၀ ရာစု ကတည်းက တည်ရှိတဲ့ ရဲတိုက် ဖြစ်ပြီး ကမ္ဘာ့အလှဆုံး ရဲတိုက် စာရင်းထဲမှာ ပါရှိပါတယ်။ ခေတ်အဆက်ဆက် မင်းဆက်အမျိုးမျိုးပြောင်း လဲပြီး ခံတပ်ကောင်းတစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။ ရေလယ်ခေါင်မှာ တည်ရှိနေတာလည်း ဖြစ်တဲ့အတွက် ခံတပ်အတွက် အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ထိန်းသိမ်းထားနိုင်လို့ နိုင်ငံရဲ့  သမိုင်းဝင် ပြတိုက် တစ်ခုအနေနဲ့လည်း ယနေ့တိုင် တည်ရှိနေရခြင်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပြတိုက်မှာ Petermännchen အမည်ရ မင်စာ ရှိတယ်လို့လည်း ယနေ့တိုင် လူသိများပါတယ်။ စိမ်းလမ်းစိုပြည်နဲ့ ပတ်ဝန်းကျင် ကြားမှာ တည်ရှိနေတဲ့ Schwerin ရဲတိုက်ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: wiki
ရိုးရာလေး
အေးချမ်းမွန်မှ  ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊ Schwerin မြို့ မှာ တည်ရှိတဲ့ ရဲတိုက် ဖြစ်
ပါတယ်။
မြန်မာပြည်တွင်အရောင်းရဆုံးဆေးလိပ် Red Ruby ကုမ္ပဏီ အခွန်လှည့်စားမှု လုပ်ဆောင်နေ
Red Ruby ၏ အခွန်လှည့်စားမှု
မြန်မာပြည်တွင်အရောင်းရဆုံးဆေးလိပ် Red Ruby ကုမ္ပဏီ၏ အကြီးအကျယ်အခွန်လှည့်စားမှု Red Ruby စီးကရက် ဗူးများ ၏လည်ပင်းပိုင်းတွင် အခွန်စည်းများကပ်ထားသည်ကိုလူတိုင်းမြင် ဘူးပါလိမ့်မည်။ဒါပေမယ့် အရေးတယူမည်သူမျှမဖတ်ကြည့်ကြပါ။
အခုပုံပါဘူးတွင် Export Only CC ဟုကပ်ထားပါသည် ကျွန်တော်သိသလောက် Export Only CC သည်ပြည်တွင်းတွင်လုံးဝ
ရောင်းခွင့်မရှိပါ။အခွန်ရုံးနှင့် Red Ruby ကုမ္ပဏီ တို့ပူးပေါင်းဆောင်ရွက်ခြင်းလား (သို့) ကုမ္ပဏီ ၏အခွန်တိမ်းရှောင်နည်းလား မည်သူမျှမသိနိုင်ပါ။
အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးလျှင်တရားခံပေါ်
ပါသည်။ Red Ruby ကုမ္ပဏီ သည်အခွန်စည်းကို သေးသေးမွှားမွှားမည် သူမျှမသိနိုင်လောက်ပါ ဘူးဆိုသည့်စိတ်မျိုးဖြင့်ဝါးချထား ပါသည်။
မှန်ပါသည် ဆေးလိပ်သောက်သူများ မည်သူမျှသတိ မထားမိပါ။ သတိထားရမည်မှာ ကုမ္ပဏီ အနေဖြင့် ဤဆေးလိပ်ဘူးများသည် အတုပါငြင်းဆိုနိုင် ပါသည် သို့သော် ယခု ဓာတ်ပုံပါဆေးလိပ် ဘူးသည် ကုမ္ပဏီမှလာရောင်းသောကား မှကာတွန် လိုက်ဝယ်ထားခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာအစိုးရလူကြီးမင်းများအနေဖြင့် နိုင်ငံအကျိုးအတွက် မည်သို့ဖြေရှင်းသင့်ပါသနည်း ယခုလိုအခွန်လှည့်စားနေသော ကုမ္ပဏီကြီးများအများအပြားရှိ မည်ဟုထင်ပါသည်
မြန်မာပြည်တွင် အရောင်းရဆုံးဆေးလိပ် Red Ruby ကုမ္ပဏီ၏ အကြီးအကျယ် အခွန်လှည့်စားမှုသည် တိုင်းပြည်အတွက် အခွန်မည်မျှဆုံးရှုံးသည်ကို သက်ဆိုင်ရာအစိုးရ လူကြီးမင်းများအသိပင်ဖြစ်ပါသည်။
ယခုလိုဘူးများ မြို့ကြီးများတွင်တွေ့ရန်ခက်ခဲနိုင်ပါသည် နယ်ကပြည်သူများကို လူအများ သူတို့ဘာမှမသိလောက်ပါဘူး ဆိုသည့်အတွေးဖြင့် လာရောက် ရောင်းချနေသော ကုမ္ပဏီ ကိုမည်သို့ အရေးယူနိုင်ပါမည်နည်း???
မီဒီယာများ Facebook အသုံးပြုသူများ များများ Share ပေးကြပါ ဖြစ်နိုင်လျှင် ဂျာနယ်များထဲ တွင်ပါထည့်ပေးစေလိုပါသည်။
By Ko Pauk Pauk Kyaukme,North Shan State,Myanmar
By: Thit Htoo Lwin blog
မြန်မာပြည်တွင်အရောင်းရဆုံးဆေးလိပ် Red Ruby ကုမ္ပဏီ၏ အကြီးအကျယ်အခွန်လှည့်စားမှု Red Ruby 
စီးကရက်ဗူးများ၏လည်ပင်းပိုင်းတွင်အခွန်စည်းများကပ်ထားသည်ကိုလူတိုင်းမြင် ဘူးပါလိမ့်မည်။ဒါပေမယ့်
အရေးတယူမည်သူမျှမဖတ်ကြည့်ကြပါ။
ရန်ကုန်မြို့ ပန်ဘဲတန်းမြို့နယ် အနော်ရထာလမ်းမပေါ်တွင် မောင်းသူမဲ့ Nissan Mach ယာဉ်က အလိုအလျောက် စက်နိုး၍ အနော်ရထာလမ်းပေါ်တွင် သွားနေသည့် ယာဉ်တစ်စီးအား ဝင်တိုက်မှု တစ်ခု ဖြစ်ပွား
ဇန်နဝါရီ လ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်က စက်သတ် ရပ်နား ထားသော မောင်းသူမဲ့ Nissan Mach ယာဉ်က အလိုအလျောက် စက်နိုး၍ အနော်ရထာလမ်းပေါ်တွင် သွားနေသည့် ယာဉ်တစ်စီးအား ဝင်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါ ကားမှာ ရပ်နားထားပြီး ၁၅ မိနစ်ခန့် အကြာတွင် ဖြစ်ပွားခဲ့သည်ဟု ယာဉ်ရပ်နားခ ကောက်ခံသည့် ဦးနိုင်ဝင်းက The Voice Weekly သို့ပြောကြားသည်။
အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်နဝါရီ လ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်က စက်သတ် ရပ်နား ထားသော မောင်းသူမဲ့ Nissan Mach ယာဉ်က အလိုအလျောက် စက်နိုး၍ အနော်ရထာလမ်းပေါ်တွင် သွားနေသည့် ယာဉ်တစ်စီးအား ဝင်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါ ကားမှာ ရပ်နားထားပြီး ၁၅ မိနစ်ခန့် အကြာတွင် ဖြစ်ပွားခဲ့သည်ဟု ယာဉ်ရပ်
နားခ ကောက်ခံသည့် ဦးနိုင်ဝင်းက The Voice Weekly သို့ပြောကြားသည်။
မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေးယူတော့မည်
မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေးယူတော့မည်
==========================================
စိုင်းလူဇော်
==========================================
မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ လုပ်းငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၁၃) တွင် အတည်ပြုဆုံးဖြတ်ချက်များအရ တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေး ယူသွား မည်ဖြစ်ကြောင်း သိရသည်။
'' ၂၀၁၂ခုနှစ်တုန်းက မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ် ၇၀၄စီး နဲ့ မော်တော်ဆိုင်ကယ် ၃၈၂၆စီးကို တရားစွဲဆိုခဲ့ ပါတယ်။ စည်ပင်သာယာ ဥပဒေပုဒ်မ ၂၆အရလည်း မော်တော်ယာဉ် ၄၇၉၃စီးနဲ့ ဆိုင်ကယ် ၂၃၂၂၇စီးကို အရေးယူခဲ့ပါတယ်။ တရားမဝင် လိုင်စင် မဲ့ မော်တော်ယာဉ် ၇၄စီးနဲ့ ဆိုင်ကယ်၈၇စီးကိုလည်း အရေးယူ ခဲ့ပြီး ဖြစ်ပါ တယ်။ အခုနှစ်မှာလည်း လိုင်စင်မဲ့တွေကို ပိုမိုထိရောက်စွာ ဖမ်းဆီးအရေး ယူဖို့အတွက် စီစဉ်ထား ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
စည်းကမ်းဖောက်ဖျက်ယာဉ်များကို ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မြို့တွင်းဖမ်းဆီးရေးအဖွဲ့ကို လေးဖွဲ့မှ လိုအပ်သလို တိုးချဲ့ဖွဲ့စည်းရေး, ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားနေသော နေရာများတွင် ပိုမိုကြီးကြပ်နိုင်ရေး, ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ပြန့်စွာ ဟောပြောနိုင်ရေးနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေရေးတို့ကို ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ လုပ်းငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၁၃) တွင် အတည်ပြုဆုံးဖြတ်ချက်များအရ တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေး ယူသွား မည်ဖြစ်ကြောင်း သိရသည်။
>>> ဇန်န၀ါရီလ ၁၆ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>
ယနေ့ ဇန်န၀ါရီ ၁၆ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကသတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်
နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်
ကြာင်း သိရသည်။ ထို့အပြင် Cross Exchange Rate အရ
အမေရိကန်ရောက် ချင်းအဆိုတော်မလေး Milla Dawt Hniang ကို Voting ပေးကြရအောင်
“ အမေရိကန်ရောက် ချင်းအဆိုတော်မလေး Milla Dawt Hniang အကြောင်း ” သေချာလေးဖတ်ပေးကြပါဦး . . .
သူမ နာမည်က မီလာ တဲ့ Milla ပေါ့ ဂီတနဲ့ ဂစ်တာနဲ့ သူမအိပ်မက်တွေထဲမှာ စီးမျောနေတဲ့ မိန်းကလေးတစ်ယောက် ။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ချင်းမလေး ဟာ သီချင်းဆို စွမ်းရည် ပါရမီရှိသူပီပီ သီချင်းရေးစပ်သူတစ်ဦးလည်းဖြစ်ပါတယ် ။ မြန်မာပြည်ဖွားဖြစ်ပြီး ၈ နှစ်သမီးကတည်းက အမေရိကကိုရောက်ခဲ့တယ်လို့သိရတယ် ။ 
ငယ်စဉ်က ပိုလီယိုရောဂါဆိုးကြီးရဲ့နှိပ်စက်မှုကို ခံခဲ့ရရှာသူတစ်ဦးဖြစ်ပြီး သူမအိပ်မက်တွေ . . အရောင်မှေးမှိန်ပြယ်လွင့်ကုန်မှာလား ။ ပထမဆုံးမွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ပိုလီယိုရောဂါရှိကြောင်းကို သူမ ၀မ်းနည်းစွာ သိခဲ့ရတယ် ။ ဘယ်သူကမှ ဘယ် ဆရာဝန်ကမှ အသက်ရှင်ဖို့မျှော်လင့်ချက်မထားခဲ့ကြဘူး ။ ဒါပေမယ့် အံသြစရာတွေပါပဲ ဘုရားက သူ့ကို ဒုတိယအကြိမ် ဘ၀ကိုရှင်သန်ခွင့်ပေးခဲ့တယ် ။ 
ရုန်းကန်မှုတွေ အခက်အခဲတွေ ငြင်းပယ်ခံရခြင်းတွေကို ကြံ့ကြံ့ခံခဲ့ရတဲ့ ၂၂ နှစ်တာကာလဟာ ဘုရားက သူ့ကို ဂီတလမ်းကြောင်းပေါ်တင်ပေးလိုက်သလိုပါပဲ ။ ဂီတကနေ သူမလိုချင်တာအားလုံးအိပ်မက်အားလုံး ပြဿနာအားလုံးကို ဖြေရှင်းနိုင်ခဲ့တယ် ။ ငယ်စဉ်ကတည်းက ဂီတတစ်ခုကသာလျှင် သူမအတွက်စိတ်သက်သာရာရစေမယ့်အရာဆိုတာ သိခဲ့ရတယ် ။ 
တကယ်တော့ ငယ်စဉ်ကတည်းက ဆေးရုံမှာ ကြီးပြင်းခဲ့ရတဲ့ဘ၀ဟာ အလုံးစုံ ငယ်ဘ၀ကိုမှတ်မိဖို့တော့မလွယ်လှပါဘူး ။ အသက်အရွယ်အတူတူမှာ ကျောင်းနေဖို့ ဘယ်တော့မှ ခွင့်ပြုခြင်းမခံခဲ့ရဘူး ပိုလီယိုရောဂါကြောင့်တဲ့ ။ Normal ဆိုတဲ့အရာတွေနဲ့ ဘာကြောင့်များ အံဝင်ခွင်ကျ မဖြစ်ရသလဲဆိုတဲ့စိတ်မသက်မသာဖြစ်မှုအပေါ် သူအလွန်ပဲ ထိခိုက်ခဲ့ရတယ် ။ ဟုတ်တယ်လေ အထီးကျန်ဆန်မှုနဲ့ကြီးပြင်းလာခဲ့တဲ့ဘ၀တစ်ခုကို ဘယ်သူတွေက သိနိုင်မှာမို့လို့လဲ ။ 
အသက် ၄ နှစ်အရွယ်မှာ သူမ ဘ၀တစ်ဆစ်ချိုးပြီလို့ ယုံကြည်တဲ့အကြောင်း ဆေးရုံကလူနာတွေရှေ့ မိသားစုဝင်တွေရှေ့ သူငယ်ချင်းတွေ အိမ်နီးနားချင်းတွေအရှေ့ သူစိမ်းတွေရှေ့မှာ ပြသခဲ့တယ် ။ အသက် ၁၆ နှစ်မှာ ဂစ်တာကို စကိုင်ခဲ့တယ် ပြီးတော့သီချင်းတွေ ရေးနေပြီ ။ ကြိုတင်သိခွင့်မရတဲ့ ချို့ယွင်းမှုတွေကို ဘုရားက ဘယ်လို ပြင်ဆင်မှုပေးတဲ့အကြောင်းလူတွေကိုပြောပြချင်လိုက်တာ . . ။ လူတွေကို သူ အလင်းပေးချင်တယ် တခါတခါ အမှောင်ကြီးပဲ ဖုံးနေတာမဟုတ်ဘူးဆိုတာကိုပေါ့ ။ 
ဂီတနဲ့ လူတွေရဲ့နှလုံးသားကိုကိုင်လှုပ်ပစ်ချင်တဲ့ သူမ အတွက် ရေးစပ်လိုက်တဲ့သီချင်းတိုင်းက ထိထိခတ်ခတ်ဖြစ်လှတယ် ။ လူတိုင်းကို သူတို့ရည်မှန်းချက်အတိုင်းဆက်သွားဖို့ အားမလျော့လိုက်ဖို့ အားပေးချင်ပါတယ်တဲ့ ။ “ ဘ၀ဆိုတာ စောင့်စားရတာ အရမ်း တန်ဖိုရှိတယ် ” 
ဒါက Milla Hniang အကြောင်းတစေ့တစောင်းပါ ။ သူမရဲ့ ၀ဘ်ဆိုက်ကတော့ http://www.tatemusicgroup.com/epk/?id=19290&page=bio ဖြစ်ပါတယ် ။ ဖေ့စ်ဘုတ် ဖန်ပေ့ခ်ျကတော့ https://www.facebook.com/pages/Milla-Dawt-Hniang/232187326797369 ဖြစ်ပါတယ် ။ အခု သူမပါဝင်တဲ့ Play Cross Road ဆိုတဲ့ နေရာမှာ သူမလက်ရှိvoting 87.6% ကိုပိုင်ဆိုင်ထားပါတယ် ။ ဒီတော့ ၁၀၀% ပြည့်စေဖို့ ကျွန်တော်တို့အားပေးလိုက်ကြရအောင်လား ။ မြန်မာ့အဆိုတော်တစ်ယောက်ကို နိုင်ငံတကာ အဆိုတော်တွေကြားမှာ မြန်မာတွေက ဘယ်လောက် Support လုပ်တယ်ဆိုတာ သိစေဖို့ပါ ။  မြန်မာပြည်ဖွား မြန်မာအဆိုတော်တစ်ယောက် အတွက် ။ *** အကောင့်တစ်ခုကိုတစ်ခါပဲပေးလို့ရပါတယ် ။ မေးလ်အကောင့်ရှိသမျှ ပေးလို့ရပါတယ် ။ ၁၀၀% ပြည့်ရင် သူနိုင်ပြီလေ ။ 
အဆင့် ၁ ။ http://www.playcrossroads.com/u/Milladhniang ကို သွားပါ ။ 
အဆင့် ၂ ။ ပေါ်လာသည့်စာမျက်နှာ ညာဖက်အခြမ်းအောက်ဖက်နားတွင် ( နာမည်များစီထားသည့်အောက် ) တွင် Add Your Support ကိုနှိပ်ပါ ။ 
အဆင့် ၃ ။ အကွက် ၂ ကွက်ပေါ်လာမည်။ Name နေရာတွင် ကိုယ့်အမည်ရိုက်ပါ ။ Email နေရာတွင်ကိုယ့် အီးမေးလ်လိပ်စာ ထည့်ပါ ။ ပြီးလျှင် Support ကိုနှိပ်ပါ ။ 
ဘယ်နေရာမှာဖြစ်ဖြစ် မြန်မာ မို့ . . ကျွန်တော်တို့ မြန်မာတွေ အားပေးရအောင် ။ မကောင်းတာလုပ်နေတာမဟုတ် ဂီတကို ရူးသွပ်ခုံမင်ခဲ့သောဒါဏ်ရာတွေနဲ့ မိန်ကလေးတစ်ယောက် ကျွန်တော်တို့ကူညီကြရအောင်ဗျာ ။ share ပေးကြပါ ။ 
သက်တန့်ချို
16 Jan 2013
သူမ နာမည်က မီလာ တဲ့ Milla ပေါ့ ဂီတနဲ့ ဂစ်တာနဲ့ သူမအိပ်မက်တွေထဲမှာ စီးမျောနေတဲ့ မိန်းကလေးတစ်ယောက် ။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ချင်းမလေး ဟာ သီချင်းဆို စွမ်းရည် ပါရမီရှိသူပီပီ သီချင်းရေးစပ်သူတစ်ဦးလည်းဖြစ်ပါတယ် ။ မြန်မာပြည်ဖွားဖြစ်ပြီး ၈ နှစ်သမီးကတည်းက အမေရိကကိုရောက်ခဲ့တယ်လို့သိရတယ်
မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
အင်္ဂါနေ့၊ ဇန်နဝါရီလ 15 ရက် 2013 ခုနှစ်	 မွန်အေဂျင်စီ	 သတင်း	 -
မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။
မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။
ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။
အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)
အေးချမ်းမွန်မှ   လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
 ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)
မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိ
ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း 
သိရသည်။
မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ ဈေးကွက်အတွင်းရောက်ရှိ
မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ
ဈေးကွက်အတွင်းရောက်ရှိ
Wednesday, January 16, 2013
ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏  အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေးဆိုင်များတွင်
ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင်များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။
အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သောဓါးလက်နက်ကို ထိုင်းနိုင်ငံလုပ်
လိုလို တရုတ်နိုင်ငံလုပ်လိုလို ပြောဆိုရောင်းချနေကြသည်။
ဆင်ခြင်တိုင်းထွာ နိုင်သူအချို့ ကမူ တရုတ်ကဗုဒ္ဓဘာသာဆိုတော့ ဒီလိုသာသနာ ညှိုးနွမ်းစေမည့်အလုပ်ကို လုပ်မလုပ်နှင့် ထိုင်းနိုင်ငံသည်
လည်း..ဗုဒ္ဓယာဉ်ကျေးမှု ထွန်းကားရိုသေသောနိုင်ငံတစ်ခုဖြစ်နေ
သောကြောင့် မဖြစ်နိုင်ဟု သုံးသပ်သူများလည်းရှိနေသည်။
BRAND ဟူသောအင်္ဂလိပ်ဘာသာဖြင့် ဓားအသွားအနက်ရောင်ပေါ်တွင် အလွယ်တကူမဖျက်နိုင်ရန်ထင်ထင်ရှားရှား ရေးထိုးထားသည်ကိုတွေ့မြင်ရပြီးလက်ကိုင်ရိုးပေါ်တွင် ပုတီးနှင့် ဘုန်းကြီးပုံကိုပါ ရိုက်နှိပ်ပါရှိသည်။
ဓားအသွား၅ လက်မခန့်နှင့် လက်ကိုင်ရိုးမှာလည်း ၅ လက်မခန့်
ရှိသည်။ဓားအသွားအနက်ရောင်နှင့်လက်ကိုင်ရိုးမှာအနီရောင်ဖြစ်သည်။
ရောင်းဈေးမှာ ဓားတစ်ချောင်းလျှင် ၃၀၀၀ ကျပ်ခန့်ရှိကြောင်း ၀ယ်ယူခဲ့သူ
တစ်ဦးကပြောသည်။
ဥယျာဉ်မှုး
The Hot News
ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏ အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေးဆိုင်များတွင်ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင်များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။
လူငါးသောင်းခန့် အလုပ်အကိုင် ပေးနိုင်မည့် ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်
လူငါးသောင်းခန့် အလုပ်အကိုင် ပေးနိုင်မည့် ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်
ရန်ကုန်၊ ဇန်နဝါရီ ၁၅
မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။
အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
''ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။
ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ မြောက် ဖြစ်သည်။
PN-051၊ရန်နိုင်
အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်
မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။
လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ အအေးလွန်ကဲမှု ထပ်မံကြုံတွေ့ရဦးမည်
ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
ရန်ကုန်၊ဇန်န၀ါရီ-၁၄
လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ အအေးလွန်ကဲမှု ထပ်မံကြုံတွေ့ရမည်ဖြစ်ပြီး မပြင်းထန်နိုင်၍ များစွာ စိုးရိမ်ရန် မလိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
ဇန်န၀ါရီ လကုန်ပိုင်းနှင့် ဖေဖော်ဝါရီလတွင် အအေးလွန်ကဲမှုဖြစ်စဉ် နောက်တစ်ကြိမ်ကြုံတွေ့ရနိုင်ကြောင်း မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကလည်းပြောသည်။ အိမ်နီးချင်းနိုင်ငံများတွင် စံချိန်တင် အေးနေခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ဇန်န၀ါရီ ၉ ရက်မှစကာ အအေးလွန်ကဲခဲ့ပြီး ဒေသအချို့တွင် ထူးထူးကဲကဲ အေးခဲ့သည်။ ဇန်န၀ါ
ရီ ၁၁ ရက်မှာ တစ်နိုင်ငံလုံးတွင် အအေးဆုံးရက်ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၁၈၊ ၁၉ ရက်အထိ အေးနိုင်သေးကြောင်း ၎င်းတို့က ခန့်မှန်းသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ အအေးလွန်ကဲမှု ထပ်မံကြုံတွေ့ရမည်ဖြစ်ပြီး မပြင်းထန်နိုင်၍ များစွာ စိုးရိမ်ရန် မလိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
“အာဇာနည်ဗိမာန်အတွင်း ဗုံးခွဲခံရမှု အထိမ်းအမှတ်တစ်ခု တည်ခွင့် တောင်ကိုရီးယားရရှိ”
“အာဇာနည်ဗိမာန်အတွင်း ဗုံးခွဲခံရမှု အထိမ်းအမှတ်တစ်ခု တည်ခွင့် တောင်ကိုရီးယားရရှိ”
ဆိုးလ်၊ ဇန်နဝါရီ ၁၅
၁၉၈၃ ခုနှစ်က အာဇာနည်ဗိမာန် ဗုံးခွဲခံရမှုတွင်ကျဆုံးခဲ့သော တောင် ကိုရီးယားနိုင်ငံသားများအတွက် အထိမ်းအမှတ် တစ်ခုတည်ဆောက်ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သိရသည်။
အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံမှုတွင် ကျဆုံးခဲ့ရသော ပုဂ္ဂိုလ်များအတွက် အထိမ်းအမှတ်တစ်ခု တည်ဆောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တောင် ကိုရီးယားခရီးစဉ်အတွင်း တောင်ကိုရီး ယားအစိုးရက တောင်းဆိုခဲ့ပြီး ယခုအခါ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
အထိမ်းအမှတ်တစ်ခုကို အာဇာ နည်ကုန်းပေါ်ရှိ နေရာတစ်ခုတွင် တည် ဆောက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ အစောပိုင်းတွင် တောင်ကိုရီးယားနိုင် ငံခြား ရေးဝန်ကြီးဌာနအရာရှိတစ်ဦး ဦးဆောင်သောအဖွဲ့ကို ရန်ကုန်သို့ စေလွှတ်မည် ဖြစ်ပြီး အဆိုပါအဖွဲ့တွင် ဗိသုကာပညာရှင်များနှင့် ဥယျာဉ် ပန်းမန်ဗိသုကာများ ပါရှိမည်ဟု သိရသည်။
မြန်မာအစိုးရက အာဇာနည်ကုန်း ဧရိယာအတွင်း အစောင့်တန်းလျားအနီး မြေဧရိယာ ၂၆ဝ စကွဲယား မီတာခွင့်ပြု ပေးထားပြီး ယင်းနေရာမှ အမှန် တကယ် ဗုံးခွဲခံရသည့်နေရာအား လှမ်းမြင်နိုင်သည ဟု သံတမန်အသိုင်း အဝိုင်းမှ သိရသည်။ ယင်းနေရာသည် အာဇာနည်ဗိမာန်နှင့် မီတာ ၅ဝ ခန့် သာကွာဝေးပြီး ရွှေတိဂုံ ဘုရားဘက်နှင့် ပိုမိုနီးကပ်သည်။
အဆိုပါ အထိမ်းအမှတ် ဂူဗိ မာန်ကို ဗုံးခွဲလုပ်ကြံခံရမှု နှစ် ၃ဝ ပြည့်နေ့ဖြစ် သည့် အောက်တိုဘာ လ ၉ ရက်နေ့တွင် အပြီးတည် ဆောက်မည်ဟု တောင်ကိုရီးယား အစိုးရက စီစဉ်ထားသည်။
''ကိုရီးယားတွေ သေသွားခဲ့လို့ အမှတ်တရ ကျောက်တိုင်လုပ်မှာပါ။ ဟို တစ်လောက ကိုရီးယားတွေလာတော့ ပြလိုက်တာ မြေနေရာကတော့ ပေ အတိအကျမဟုတ်ပါဘူး။ အာ ဇာနည် ကုန်းအဝင် ညာဘက်မှာ အုပ်ချုပ် ရေးမှူး ရုံးလေးရှိတယ်။ အဲဒီအရှေ့မှာ ရေမြောင်းတွေ ဘာတွေ ရှိတယ်။ အဲဒါကိုဖုံးပြီးတော့ လုပ်မယ်လို့တော့ ညွှန်ကြားထား တာရှိတယ်''ဟု ရန်ကုန် စည်ပင် အဆောက်အအုံဌာနမှ အရာရှိ တစ်ဦးက အဆိုပါ ဂူဗိမာန် တည် ဆောက်ရန်အတွက် မြေနေရာ သတ်မှတ်ရေးနှင့် ပတ်သက်၍ အထက် ပါအတိုင်း ပြောကြားသည်။
၂ဝ၁၂ ခုနှစ် ဧပြီအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တောင် ကိုရီးယားသမ္မတ အီမြောင် ဘတ်သည် ကျဆုံးခဲ့သော တောင်ကိုရီးယား သူရဲကောင်းများကို ဂါရဝ ပြုလိုသော်လည်း အထိမ်းအမှတ် ဂူဗိမာန်မရှိ၍ ဂါရဝမပြုခဲ့ ရသောကြောင့် ယခုကဲ့သို့ တည်ဆောက် ရန် အကြံပြုခဲ့ခြင်းဟု သိရသည်။
၁၉၈၃ ခုနှစ်အောက်တိုဘာ လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည် အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အား မြောက်ကိုရီးယားသူလျှိုများက အာဇာနည်ကုန်း တွင် ဗုံးခွဲလုပ်ကြံခဲ့ရာ ဒုတိယဝန်ကြီးချုပ် Suh Suk-Joon နှင့် နိုင်ငံခြားရေး ဝန်ကြီး Lee Bum-Suk  အပါအဝင် ၁၇ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့သည်။
PN-055
Ref:Cho Sun IIbo
ဆိုးလ်၊ ဇန်နဝါရီ ၁၅
၁၉၈၃ ခုနှစ်က အာဇာနည်ဗိမာန် ဗုံးခွဲခံရမှုတွင်ကျဆုံးခဲ့သော တောင် ကိုရီးယားနိုင်ငံသားများအတွက် အ
ထိမ်းအမှတ် တစ်ခုတည်ဆောက်ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သိရသည်။အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံမှု
တွင် ကျဆုံးခဲ့ရသော ပုဂ္ဂိုလ်များအတွက် အထိမ်းအမှတ်တစ်ခု တည်ဆောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်း
စိန်၏ တောင် ကိုရီးယားခရီးစဉ်အတွင်း တောင်ကိုရီး ယားအစိုးရက တောင်းဆိုခဲ့ပြီး ယခုအခါ သဘောတူ
ညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ညီလာခံကို ဟန့်တားနှောက်ယှက်၊ ဆန့်ကျင်ခြင်းက ကာကွယ်တဲ့ ၅/၉၆ ဥပဒေကို ရုပ်သိမ်းလိုက်ပြီ
၅/၉၆ ဥပဒေကို ရုပ်သိမ်းလိုက်ပြီ
Wednesday, January 16, 2013  အိမ့်သံစဉ်  
ကမ္ဘာမှာ အချိန်အကြာဆုံး အမျိုးသား ညီလာခံကို မြန်မာနိုင်ငံမှာ စစ်အစိုးရများက ကျင်းပခဲ့ပါတယ်။ အဲဒီ အမျိုးသား ညီလာခံကို ဟန့်တားနှောက်ယှက်၊ ဆန့်ကျင်ခြင်းက ကာကွယ်တဲ့ ဥပဒေ ( အမှတ် ၅/၉၆ ) ဆိုတာကို န၀တ စစ်အစိုးရက ဥပဒေအဖြစ် ပြဌာန်းခဲ့ပါတယ်။ 
အဆိုပါ ၅/၉၆ ဥပဒေ ပုဒ်မနဲ့ န၀တ၊ နအဖ စစ်အစိုးရတို့က တချိန်က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှား သူတွေကို အလွယ်တကူ ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ် ချမှတ် အပြစ်ပေးခဲ့ပါတယ်။
အခုတော့ အဲဒီ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က စပြီး ၂၀၀၇ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ အမျိုးသား ညီလာခံကြီးကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေလည်း ပေါ်လာခဲ့ပါပြီ။ 
ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျင့်သုံးတဲ့ အစိုးရ တရပ်လည်း ပေါ်ပေါက်ခဲ့ပြီး ၃ နှစ်နီးပါး ကြာပြီး တဲ့ နောက်မှာတော့ ယမန်နေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်က အဆိုပါ န၀တ စစ် အစိုးရ ပြဌာန်းခဲ့တဲ့ ဥပဒေ အမှတ် ၅/၉၆ ကို ရုပ်သိမ်းလိုက်ပါပြီ။ 
 မြန်မာ့အလင်း သတင်းစာ 
သမ္မတ လက်မှတ်ရေးထိုးပြီး နောက်ထပ် ဥပဒေ တခု ပြင်ဆင်တဲ့ ဥပဒေ တရပ်ကိုလည်း ယနေ့ သတင်းစာ
တွေမှာ ဖော်ပြထားပါတယ်။
ကမ္ဘာမှာ အချိန်အကြာဆုံး အမျိုးသား ညီလာခံကို မြန်မာနိုင်ငံမှာ စစ်အစိုးရများက ကျင်းပခဲ့ပါတယ်။ အဲဒီ အမျိုးသား ညီလာခံကို ဟန့်တားနှောက်ယှက်၊ ဆန့်ကျင်ခြင်းက ကာကွယ်တဲ့ ဥပဒေ ( အမှတ် ၅/၉၆ ) ဆိုတာကို န၀တ စစ်အစိုးရက ဥပဒေအဖြစ် ပြဌာန်းခဲ့ပါတယ်။
“ဦးကျော်သူရဲ့ ကမ်းလက်ကြောင့် ဇာတ်ဆောင်အလုပ် စတင်ဖြစ်တော့မယ့် နန်းခင်ဇေယျာ”
“ဦးကျော်သူရဲ့ ကမ်းလက်ကြောင့် ဇာတ်ဆောင်အလုပ် စတင်ဖြစ်တော့မယ့် နန်းခင်ဇေယျာ”
Posted lu bo Wednesday, January 16, 2013 
ဧည့်လမ်းညွန် Miss Myanmar နန်းခင်ဇေယျာက ‘ပထမ’ များစွာ နဲ့ အနုပညာအလုပ်ကို တစ်ခုပြီးတစ်ခု လှုပ်ရှားမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ကြော်ငြာ၊ ဘေဘုတ်၊ အလှဓာတ်ပုံတွေကို တောက်လျှောက် ရိုက်လာသလိုပဲ ကိုယ်တိုင်အားကျခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးရဲ့ ကမ်းလှမ်းမှုကြောင့် ပထမဆုံး ဗီစီဒီ ရိုက်ကူးဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ 
 အခုအချိန်မှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ကမ်းလှမ်းမှုကြောင့် ပထမဦးဆုံး ဇာတ်ကားရိုက်ကူးမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
နန်းခင်ဇေယျာ အခုရိုက်ကူးမယ့်ဇာတ်ကားကို လက်ခံဖြစ်ပုံနဲ့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကို မေးကြည့်တော့ “ရိုက်ရမယ့် ကာရိုက်တာ မသိရသေးပါဘူး။ ကာရိုက်တာမသိဘဲနဲ့ လက်ခံဖြစ်ပုံကတော့ ဦးကျော်သူက ဖုန်းဆက်ပြီးပြောတော့ ဒါပရဟိတပွဲပဲ နန်းခင်ဇေယျာ လုပ်မှာပေါ့။ ဒါပထမဆုံး ဇာတ်ကားပါ။ ကိုယ် တန်ဖိုးထားတဲ့ အနုပညာနဲ့ ကိုယ်မြတ်နိုးတဲ့ ပရဟိတအလုပ်မှာ ပေါင်းပြီး လုပ်ဆောင်ခွင့် ရတော့ ပျော်တာပေါ့။
ကျွန်မ လက်ခံတဲ့အတွက် ဦးကျော်သူက အမြန်ဆုံး ရိုက်မှာပါ။ ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ လုပ်မယ်ဆိုတော့ ဝမ်းသာတယ်။ ရင်လည်း ခုန်နေပါတယ်။ အခုပရဟိတပွဲမှာ သရုပ်ဆောင်ရတော့မယ်ဆိုတော့ ပထမဆုံး ဇာတ်ကားမို့ ကိုယ့်ကိုယ်ကိုယ် တအားကြိုးစားရမယ် ဆိုတဲ့အသိ ဝင်လာတယ်။  ရင်ခုန်စွာနဲ့ ပြင်ဆင်နေမှာပါ။ 
ဘယ်တော့ စရိုက်မှာလဲဆိုတာတော့ မသိသေးဘူး။ ကာရိုက်တာတောင် မသိသေးပါဘူး။ ၂ဝ၁၃ ဇန်နဝါရီလထဲမှာပဲ ပရဟိတခရီးတစ်ခု သွားမယ်။ ဘာခေါင်းစဉ်နဲ့ ရိုက်မလဲတော့ မသိသေးဘူး။ ဧည့်လမ်းညွှန် အလုပ်ကိုတော့ ၁၆ ရက်ကနေ ၂၃ ရက်နေ့အထိ ကျွန်မ အလုပ်တစ်ခု လက်ခံထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။
by AF
ဧည့်လမ်းညွန် Miss Myanmar နန်းခင်ဇေယျာက‘ပထမ’များစွာနဲ့ အနုပညာအလုပ်ကို တစ်ခုပြီးတစ်ခု လှုပ်
ရှားမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ကြော်ငြာ၊ ဘေဘုတ်၊အလှဓာတ်ပုံတွေကို တောက်လျှောက်ရိုက်လာ
သလိုပဲ ကိုယ်တိုင်အားကျခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးရဲ့ ကမ်းလှမ်းမှုကြောင့် ပထမဆုံး ဗီစီဒီ ရိုက်ကူးဖြစ်
ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း က သံဃာတော်ရှင်သူမြတ်တွေကို သတ်ခဲ့တဲ့ ဒု-ဗိုလ်မှူးကြီး အောင်ကျော်က အခု လွှတ်တော်ထဲ ရောက်နေပြီ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက သံဃာတော်ရှင်သူမြတ်တွေကို သတ်ခဲ့တဲ့ ဒု-ဗိုလ်မှူးကြီး အောင်ကျော်က အခု လွှတ်တော်ထဲ ရောက်နေပြီ။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ မှာ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နေရာမှာ ဆက်သွယ်ရေးစက်ကို လက်ကကိုင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် မေတ္တာပို့ ခဲ့ကြတဲ့ သံဃာတော်ရျင်သူမြတ်တွေကို ပစ်ခတ်သတ်ဖြတ်ဖို့  ကွပ်ကဲအမိန့် ပေးခဲ့တဲ့ သံဃာသတ်သမား နအဖလက်ပါးစေ ဒု-ဗိုလ်မူးကြီး အောင်ကျော် တပ်မ(၇၇) က ဖြစ်ပါတော့တယ်။
သိန်းစိန်တို့ ရဲ့ သန့် ရှင်းအစိုးရဖြစ်ရမယ်လို့ ပြောနေတာတွေ လူသတ်ကောင် (အထူးသဖြင့် ပြည်သူတွေကိုသာမက သံဃာတော်ရှင်သူမြတ်တွေကိုပါ ပေါ်တင်သတ်ဖြတ်ခဲ့တဲ့) အောင်ကျော်လို စစ်တပ်က ဗိုလ်မှူးကြီးတွေကို လွှတ်တော်ထဲ ထည့်သွင်းပြလိုက်တာ မိုက်ရိုင်းလွန်းပါတယ်။
ကိုယ်ပိုင်အမှတ် ကြည်း ၁၉၇၁၇၊ အဆင့် ဒုတိယဗိုလ်မှူးကြီး၊ အမည် အောင်ကျော်၊ တာဝန်ထမ်းဆောင်ခဲ့
ဖူးည့် ရာထူး စစ်ဦးစီး(ပထမတန်း) ကနေ နတခ ဌာနမှူး လကခသို့  ၂၀၁၁ ခုနှစ်မှာ ပြောင်းရွှေ့ တာဝန်
ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ အခုတော့ ဧပြီလ (၂၂) ရက်နေ့ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့  ဗိုလ်မှူးစိုးသီဟကျော်နေရာမှာ အစားထိုးပေးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့  တစ်မတ်သား စစ်တပ်ကိုယ်စားလှယ်
 ဖြစ်သွားပါပြီ။
2013 Asia New Star Model Contest မှာ Grand Prize ပထမဆုကို မြန်မာပြည် ကိုယ်စားပြု မော်ဒယ် ထွန်းကိုကိုက ဆွတ်ခူးရရှိ
ကိုရီးယားနိုင်ငံမှာ ယနေ့ ကျင်းပခဲ့တဲ့ 2013 Asia New Star Model Contest မှာ Grand Prize ပထမဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ မြန်မာပြည် ကိုယ်စားပြု မော်ဒယ် Mr.Face of Myanmar 2012 ထွန်းကိုကို
Photo from Sunwu Kang
More Photos of Mr. & Miss Face of Myanmar 2012 >>> http://www.myanmarcelebrity.com/2013/01/mr-miss-face-of-myanmar-2012-tun-ko-ko.html
ကိုရီးယားနိုင်ငံမှာ ယနေ့ ကျင်းပခဲ့တဲ့ 2013 Asia New Star Model Contest မှာ Grand Prize ပထမဆုကို
 မြန်မာပြည် ကိုယ်စားပြု မော်ဒယ် Mr.Face of Myanmar 2012 ထွန်းကိုကိုက ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မြန်မာကျပ် သိန်း၃ထောင်တန် Ferrari 599 GTB Fiorano
မြန်မာကျပ် သိန်း၃ထောင်တန် Ferrari 599 GTB Fiorano 
Tuesday, 15 January 2013
မူရင်းရောင်းဈေးတောင် အမေရိကန်ဒေါ်လာ ၃သိန်းအောက်မှာသာ ရှိတဲ့ကား ဂျပန်လေလံဝဘ်ဆိုဒ် မှာ တွေ့လိုက်ရပါတယ်။ သူကတော့ ရောင်းမထွက်ခဲ့ပါဘူး။ သို့ပေမယ့် လေလံဈေးမှာ ဒီလိုဈေးကြီးပြိုင်ကားတွေ မကြာခဏ ရောက်တတ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ကြည့်တဲ့အတွက် ကျပ်သိန်း ၂၅၀၀ ကျော်ဖြစ်ပါတယ်။ ဂျပန်လေလံဈေးရောက်ရင် အဲ့လောက် ဈေးမကြီးတော့ ပါဘူး။ တစ်ဝက်လောက်လဲ ကျနိုင်ပြီး မြန်မာကျပ် သိန်း ၁ထောင် လောက်သာ ကျန်တတ်ပါတယ်။ 
ဒါက ကား Condition နဲ့လည်းဆိုပါသေးတယ်။ သို့ပေမယ့် သေချာ တာကတော့ သိန်း ၃ထောင်ဝန်းကျင်ထက် ပိုမကုန်နိုင်တဲ့ ကားဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ၆၆၀၀ စီစီ ဆိုတော့ မြန်မာပြည်အရောက် သွင်းမယ်ဆိုရင် လက်ထဲ သိန်း ၃ထောင်ဝန်းကျင်ရှိရင် လုံလောက်ပါတယ်။
အင်ဂျင်ပါဝါ ၆၀၀၀ စီစီနီးပါး၊ ပစ်စတင် ၁၂လုံးပူး V အင်ဂျင် ကိုသုံးပြီး
ဖော်မြူလာဝမ်းပြိုင်ကားနည်းပညာနဲ့ ထုတ်ထား တာ ဖြစ်ပါတယ်။ ဓာတ်ဆီစားပြီး တစ်လီတာ ကို မြင်းကောင်ရေ ၁၀၀ output ရှိပါတယ်။ Need for speed တို့လို ကမ္ဘာကျော် ကားမောင်းဂိမ်းတွေမှာ ဟီးရိုး အမြဲဖြစ်တဲ့ ကားစာရင်းဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၂ အထိပဲထုတ်ပြီး ၂၀၁၃ မှာ F12 Berlinetta ထွက်မှာမို့ ရပ်တန့်တော့မှာ
ဖြစ်ပါတယ်။ ဒါကြောင့် ပဲ ဈေးကြီးတယ်လို့ပဲ ဆိုမလားတော့မသိဘူး။ ဂျပန်မှာက ယန်း ၁ထောင်နီးပါး ပေါက်နေပါတယ်။ အမေရိကန်ငွေနဲ့ တွက်ရင် ၁၂သိန်းဖြစ်နေတော့ ကမ္ဘာ့ဈေးကြီးကား စာရင်းတောင် ဝင်နိုင်ပါသေးတယ်။
ဂီယာ ၆ချက် ရိုးရိုးကိုသုံးပြီး တစ်နာရီ ၂၀၅ မိုင်ပြေး တဲ့ ပြိုင်ကား
ဖြစ်ပါတယ်။ ကားအမိုးနဲ့ ရှေ့ ခေါင်းကို အလူမီနီယံသားနဲ့
ပြီးတော့ ဘော်ဒီအစိတ်အပိုင်းကိုတော့ ကာဘွန်ဖိုက်ဘာနဲ
့ ပြုလုပ်ထားပါတယ်။ မြင်းကောင်ရေ အား ၆၁၂ ထုတ်လုပ်နိုင်တဲ့ 
ကားဖြစ်ပြီး ဒါတောင် တာဘို ချာဂျာ၊ စူပါချာဂျာ တပ်ဆင်မထား သေးပါဘူး။
ပြိုင်ကားဖြစ်တဲ့အတွက် အဲရိုဒိုင်းနမစ်ကို ဦးစားပေးလုပ်ထားပါတယ်။
ပြိုင်ကား ဖြစ်တဲ့အတွက် အတွင်းမှာ ဇိမ်ခံပစ္စည်းကတော့ဆလွန်းတွေလောက်
များမှာ မဟုတ်ပါဘူး။ GPS, အဲယားကွန်း၊ ပါဝါဝင်းဒိုး၊ တံခါးပေါက်၊ 
In car Entertainment စတာတွေတော့ ပါဝင်ပါတယ်။ အီလက်ထရောနစ် ပစ္စည်းကတော့ ကိုယ့်စိတ်ကြိုက် ပြန်လည်တပ်ဆင်လို့ရပါတယ်။
အရှည် ၁၈၃.၇လက်မ၊ အကျယ် ၇၇.၂လက်မ၊ အမြင့် ၅၂.၆ လက်မ ကိုယ်စီအတိုင်းရှိပြီး ၃၇၂၁ ပေါင် ပဲလေးပါတယ်။ 599GTO, AS Amerta, 599XX, 599XXEVO, 599GTB60F1, Superfast Aperta, Superamerica 45, HGTE Package အစရှိသဖြင့် စပယ်ရှင်ဗားရှင်းတွေလည်း သီးသန့်ထုတ်
ပါသေးတယ်။ ယင်းစပယ်ရှယ်ဗားရှင်းဆိုရင် ဂျပန်တို့ဖော်ပြ ထားတဲဈေးလို များနိုင်ပါတယ်။ ဥပမာ Superfast ဆိုရင် တစ်စီးထဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့လိုမျိုး သာရှာဝယ်မယ်ဆိုရင် ပိုင်ရှင်တောင် မရောင်းလောက်ပါဘူး။
ရောင်းမယ်ဆိုရင်တောင် အမေရိကန်ဒေါ်လာ သန်းနဲ့ချီမှာ ဖြစ်ပါတယ်။
တံခါး နှစ်ပေါက်၊ အမိုးလုံ Roaster – Ferrari 599 GTB ကို အောက်ပါလခ့်မှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။
http://www.colayonline.com.mm/automobile
အောင်ခမ်း (TSJ team)
TechSpace Journal
မူရင်းရောင်းဈေးတောင် အမေရိကန်ဒေါ်လာ ၃သိန်းအောက်မှာသာရှိတဲ့ကားဂျပန်လေလံဝဘ်ဆိုဒ်မှာ တွေ့
လိုက်ရပါတယ်။ သူကတော့ ရောင်းမထွက်ခဲ့ပါဘူး။ သို့ပေမယ့် လေလံဈေးမှာ ဒီလိုဈေးကြီးပြိုင်ကားတွေ
မကြာခဏ ရောက်တတ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ကြည့်တဲ့အတွက် ကျပ်သိန်း ၂၅၀၀ ကျော်ဖြစ်
ပါတယ်။ ဂျပန်လေလံဈေးရောက်ရင် အဲ့လောက် ဈေးမကြီးတော့ ပါဘူး။
Eleven Media Group အသိပေးကြေညာခြင်း
Eleven Media Group ၀က်ဘ်ဆိုက်အား Red-Army Team အမည်ဖြင့် (Hacker အဖွဲ့ခြောက်ခုအမည်ဖော်ပြကာ) ဇန်န၀ါရီလ ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ပါသည်။
Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်မှ သတင်းတင်ထားပြီးနောက် ယခုကဲ့သို့ Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
လက်နက်ကြီး ပစ်ခတ်မှုသံကြောင့် ဖားကန့်စာသင်ကျောင်းများပိတ်လိုက်ရ
လက်နက်ကြီး ပစ်ခတ်မှုသံကြောင့် ဖားကန့်စာသင်ကျောင်းများပိတ်လိုက်ရ
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့်အထက်တန်းကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖားကန့်အထက်တန်းကျာင်းဟာ ဗျူဟာကုန်းအနီးမှာ ရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ ကျောင်းသူ၊ ကျောင်းသားတွေ လုံခြုံရေးအတွက် စိုးရိမ်ပြီး ပိတ်လိုက်တာလို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် NLD ပါတီက ဦးဟန်မြင့်က RFA ကို အခုလိုပြောပါတယ်။
" မနက်ကလက်နက်ကြီးသံတွေ ကြားလို့ စာသင်ကျောင်းတွေကို နေ့လည်ကပဲပိတ်လိုက်ပါတယ်၊ ဗျူဟာကုန်းနဲ့လည်းနီးတယ်လေ၊ ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာစားနိုင် သောက်နိုင်အောင် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်"
အစိုးရတပ်တွေ အခြေစိုက်တဲ့ ဖားကန့်ဗျူဟာကုန်းနဲ့ မျောက်ဖြူရွာတွေကနေ ဖားကန့်မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် ၁ မိုင်ကနေ ၄ မိုင်အကွာအဝေးမှာရှိတဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်ရာ လမောင်ကုန်း၊ မှော်မောင်းလျန်၊ ဆိုင်းဂျာဘွမ်၊ ဗလခ၊ မှော်မောင်းကုန်းစတဲ့ ရွာတွေဘက်မှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်သံအချို့ကို ဒီကနေ့မနက်ပိုင်းမှာ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့်အထက်တန်းကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
"ကချင်တိုက်ပွဲများကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ဒုက္ခသည်ဦးရေးတိုးလာ"
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်း ပတ်ဝန်းကျင်ကျေးရွာ တဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေအကြား လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လုံးခင်းနဲ့မှော်စီစာကျေးရွာက ကယ်ဆယ်ရေးစခန်း (၇) ခုမှာ လာရောက် ခိုလှုံကြတာကြောင့် ဒုက္ခသည်တွေ နှစ်ဆခန့် ပိုတိုးလာပါတယ်။
Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ
Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ
Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။
1. Testsလုပ်ရန် ကုဒ်များ
*#*#0588#*#* – Proximity sensor test
*#*#2664#*#* – Touch screen test
*#*#2663#*#* – Touch screen version
*#*#0*#*#* – LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#3264#*#* – RAM version
*#*#0283#*#* – Packet Loopback
*#*#232331#*#* - Bluetooth test
*#*#232337#*# - Bluetooth device address ကိုပြခြင်း
*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း
*#*#1472365#*#* - GPS test
*#*#1575#*#* - အခြား GPS test
2. Obtaining Firmware information
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#* – FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
3. Backup လုပ်ရန် ကုဒ်များ
*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။
4. Service mode
*#*#197328640#*#* - you can change settings or run tests in service mode
5. End Call / Power button ပြောင်းလဲခြင်း
*#*#7594#*#*
6. Reset လုပ်ခြင်း
*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc
*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။
7. ဖုန်း၏ information ကြည့်ရှုရန်
*#*#4636#*#*- battery information, battery history, phone information, usage statistics-
www.facebook.com/ads.com.mm
www.ads.com.mm
By: အမျိုးကောင်းသား
Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။
1. Testsလုပ်ရန် ကုဒ်များ
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များက လက်လုပ်လက်စား သမားများရဲ့ လူမှုဘ၀အခြေအနေ
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်းထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး၊ ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် ကျပ် (၅၀)၊ (၁၀၀) ဖိုးအထိ ရောင်းပေးရကြောင်း သိရ 
ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သော လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်း ထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် (၅၀)၊ (၁၀၀) ဖိုးခန့် အထိ ရောင်းပေးရကြောင်း သိရသည်။
ပန်းရံနေ့စားသမားများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၊ စက်ရုံးအလုပ်သမားများတို့သည် ၀င်ငွေပေါ်မူတည်၍ ခွဲဝေသုံးစွဲနေရပြီး ချက်ပြုတ်စားသောက်ခြင်းထက် ၀ယ်ယူစားသောက်ခြင်းက ၄င်းတို့အတွက် ပိုမိုအဆင်ပြေကြောင်း ငွေ ၂၀၀ မှ ၃၀၀ ခန့်ရှိလျှင် တစ်နပ်စာအတွက် လုံလောက်ကြောင်း ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
"ကျွန်တော်က ပန်းရံလုပ်ပါတယ်။ နေ့စားဆိုတော့ ၃၀၀၀ လောက်ရတယ် နေ့ပြန်တိုးပေးရ ဟိုအကြွေး ဒီအကြွေးပေးရနဲ့ နောက်ဆုံး ထမင်းမချက်နိုင်ဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်က ခုနှစ်နာရီလောက်ရှိတော့ ချက်ရင်လည်း ဆာလို့ မစောင့်နိုင်ဘူး။ ဆိုင်မှာက ထမင်းတစ်ရာဖိုး၊ ဟင်းတစ်ရာဖိုးဗျာ လိုက်ပွဲကငါးဆယ် တစ်ကိုယ်ရေဆို လောက်တယ်။ မိန်းမနဲ့ကလေးပါလာရင် တစ်ထောင်လောက် ကုန်တယ်" ဟု မြောက်ဥက္ကလာပတွင် နေထိုင်သော အသက်သုံးဆယ်ခန့်ရှိ ကိုညိုလုံးက ပြောသည်။
မနက်တွင် အပေါင်ဆိုင်များ၊ ပိုက်ဆံချေးသူများက မိမိတို့ကျေးဇူးရှင်များ ဖြစ်ကြောင်း၊ ထိုမှရသည့်ငွေများကို ဈေးရင်းဖို့နှင့် မနက်ပိုင်းဝမ်းစာအတွက် ဖြေရှင်းရကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ဈေးသည်တစ်ဦးကလည်း ပြောပြခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ထမင်းဆိုင်ရှင် တစ်ဦးကလည်း "ဒီမှာတော့ အနည်းဆုံး ၃၀၀ ဖိုးရောင်းတယ်၊ ဒါပေမဲ့ ၅၀၊ ၁၀၀ ဖိုးကိုပဲ လာဝယ်စားကြတာ များတယ်၊ တစ်နေ့ကို လူလေးဆယ်ငါးဆယ်လောက် စားတာဆိုတော့ သူတို့ဝယ်တဲ့ဈေးကို ရောင်းရတာပေါ့၊ မရောင်းရင်လည်း ၀ယ်စားမယ့်သူတောင် ရှိမှာမဟုတ်ဘူး၊ လက်ဖက်သုပ် နှစ်ရာဖိုးဝယ်တယ်။ နောက်ထပ်တစ်ရာဖိုး ပေးပါဆိုလည်း ရောင်းပေးရတယ်။ တစ်ခါတစ်လေဆို ထမင်းစာပြီးမှ အကြွေးဆိုပြီး မှတ်ခိုင်းတယ်။ စားပြီးမှတော့ ဘာပြောလို့ရမှာလဲ၊ ဆာနေတဲ့သူတွေဆိုတော့လည်း မပြောချင်တော့ဘူး" ဟု ပြောပြခဲ့သည်။
news eleven
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်းထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး၊ ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် ကျပ် (၅၀)၊ (၁၀၀) ဖိုးအထိ
ရာင်းပေးရကြောင်း သိရ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သော လက်လုပ်လက်စား အများ
စုသည် တန်ဖိုးနည်း ထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး ထမင်းဆိုင်များမှလည်း အဆင်
ပြအောင် (၅၀)၊ (၁၀၀) ဖိုးခန့် အထိ ရောင်းပေးရကြောင်း သိရသည်။
အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်ဆုံးမခြင်းအား မကျေနပ်၍ ပညာရေးမှူးထံ တိုင်ကြား
အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်ဆုံးမခြင်းအား မကျေနပ်၍ ပညာရေးမှူးထံ တိုင်ကြား
တနသ်ာရီတိုင်း မြိတ်မြို့ အထက(၂) ဒုတိယတန်း (စီ) တွင် ပညာသင်ကြားနေသည့် ယခင် ကြောင်ငယ်ရပ် (ယခု- ကန်ကြီးရပ် သဲကွင်း ) တွင် နေထိုင်သူ ဦးတင်ထွန်း ၊ ဒေါ်နွဲ့နွဲ့ရှင်တို့၏ သား မောင်ထက်ဇာနည်ထွန်း အား ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကျောင်းတက် ပျက်ကွက်သည့် အတွက် ရိုက်နှက် ဆုံးမမှု ကို မကျေနပ်သဖြင့် မြို့နယ် ပညာရေးမှူးထံ တိုင်ကြားထားကြောင်း သိရှိရသည်။
တိုင်ကြားသည့် အကြောင်းရင်းမှာ ၄င်းတို့သည် (၆-၁-၂၀၁၃) ရက်နေ့ ကျွန်းစုမြို့နယ် ၀ဲကျွန်း ကျေးရွာ မီးလောင်သည့် နေရာသို့ ခရီးသွားရောက်မည် ဖြစ်သဖြင့် ကျောင်းတွင် ခွင့်တိုင်ကြားရန် အချိန်မရ၍ ခလေးဖြစ်သူကိုပါ ခေါ်သွားရာ ကျောင်း (၂) ရက် ပျက်ကွက် ခဲ့ကြောင်း၊ ခရီးမှ ပြန်ရောက်လာပြီးနောက် ကလေးအား ကျောင်းပြန်တက်စေရာ ကလေး ကျောင်းမှ ပြန်ရောက် လာပြီးနောက် ရေချိုးပေးသည့် အချိန်ကျမှ ဓာတ်ပုံတွင် ဖော်ပြထားသည့် အတိုင်း ညိုမဲနေသည့် ဒဏ်ရာ ဒဏ်ချက်များအား တွေ့ရသဖြင့် ကလေးအား မေးမြန်းကြည့်ရာ ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကလေး ကျောင်းပျက်ကွက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ရိုက်နက်ရာ ကလေးမှ ကြောက်ရွှံ့ပြီး အတန်းထဲတွင် ပတ်ပြေးသဖြင့် ဆရာမက ဒေါသပိုထွက်ပြီး ပိုရိုက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ရိုက်နှက်မှု အပေါ် မိဘရှင်များက ကျောင်းအုပ်ဆရာမကြီးထံ တိုင်ကြားရာ ကျောင်းအုပ်ဆရာမကြီး ရှေ့တွင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ၄င်းက ရိုက်နှက်ရာတွင် လက်လွန်သွားကြောင်း ၀န်ခံ ပြောကြား ခဲ့သော်လည်း ဒုတိယတန်း(ဘီ)မှ ဆရာမ ဖြစ်သူ ဒေါ်ပြည့်ပြည့်စိုး ဆိုသူမှ ''ကိုယ့်သားသမီး ပညာရေးကို မသိ ကြောင်း၊ ဆရာမ ဆိုရင် ရိုက်ပိုင်ခွင့် ရှိကြောင်း၊ ကြိုက်တဲ့နေရာ သွားနိုင်ကြောင်း၊ ရှင်တို့ အရှေ့မှ သွားလျှင် ကျွန်မ နောက်မှ လိုက်ဖြေရှင်းသွားမည်ဟု ““ ပြောဆိုခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိဘများဖြစ်သည့် ဦးတင်ထွန်း ဒေါ်နွဲ့နွဲ့ရှင် တို့က ကျေနပ်မှု မရှိသည့် အတွက် အဆိုပါ ဆရာမ (၂) ဦးအား ထိရောက်စွာ အရေးယူ ပေးပါရန် မြိတ်မြို့နယ် ပညာရေးမှူး ထံသို့ တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။
အေးချမ်းမွန်မှ မြိတ်ပုလဲမြေ http://myeiknews.blogspot.com   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တနသ်ာရီတိုင်း မြိတ်မြို့ အထက(၂) ဒုတိယတန်း (စီ) တွင် ပညာသင်ကြားနေသည့် ယခင် ကြောင်ငယ်ရပ် (ယခု- ကန်ကြီးရပ် သဲကွင်း ) တွင် နေထိုင်သူ ဦးတင်ထွန်း ၊ ဒေါ်နွဲ့နွဲ့ရှင်တို့၏ သား မောင်ထက်ဇာနည်ထွန်း အား ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကျောင်းတက် ပျက်ကွက်သည့် အတွက် ရိုက်နှက် ဆုံးမမှု ကို မကျေနပ်သဖြင့် မြို့နယ် ပညာရေးမှူးထံ တိုင်ကြားထားကြောင်း သိရှိရသည်။