Pages
Monday, January 14, 2013
ရိုးရိုးလေးကိုသိန်းနိုင် အားပုဒ် မ(၃)ခုဖြင့် အမှုဖွင့်ခဲ့သည့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်
ိုးရိုးလေးကိုသိန်းနိုင်အားပုဒ်မ(၃)ခုဖြင့် အမှုဖွင့်ခဲ့သည့် ကိုထင်ကျော် ထွန်းနေအောင်(မြစ်မခ) 14 Jan, 2013 တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လာရောက်ခဲ့ရာမှတော်ဝင်နှင်းဆီ ခန်းမရှေ့တွင်အရိုက်ခံခဲ့ရသော ကိုထင်ကျော်မှ တရားလိုပြုလုပ်၍ ပြစ်မှုကျူးလွန်သ ရိုးရိုးလေးကိုသိန်းနိုင်ကိုဗဟန်းရဲစခန်းတွင တရားစွဲဆိုအမှုဖွင့်ထားကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သူ ကိုထင်ကျော်မှ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် တော်ဝင်နှင်းဆီခန်းမရှေ့ရှိကားပါကင်ထဲသို့ အရောက်တွင် ရိုးရိုးလေးကိုသိန်းနိုင်မှ စတင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ကာယကံရှင်ကဆိုသည်။
“ခင်ဗျားနာမည်ဘယ်လိုခေါ်လဲလို့မေးတယ်။ ထင်ကျော်ပါလို့ ပြောလည်းပြီးရော သူက ကျွန်တော်ကိုဆဲပြီးငါ့နာမည်ရိုးရိုးလေးသိန်းနိုင်ကွဆိုပြီးထိုးတယ်။ ကျန်တဲ့နှစ်ယောက်ကပါဝင်ကန်တော့ လဲသွားတယ်။ တစ်ယောက်ကပြေးလာပြီး အသေသတ်ဆိုပြီး ထီးနဲ့ဝင်ရိုက်တယ်။ ဘေးကပရိတ်သတ်ဝင်ဆွဲတဲ့အခါ ကားပေါ် ပြေးတတ်တယ်။ ကျန်တဲ့သူတွေကခင်ဗျားကား သွားလို့မရဘူး။ ဥပဒေ ကြောင်းအရ စခန်းမှာ ဖြေရှင်းရမယ်လို့ပြောတော့ငါ့အနောက်မှာ ဗိုလ်ချုပ်တွေရှိတယ်ကွဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီးကားပေါ်တက်မောင်းပြေး သွားတယ်”ဟု ကိုထင်ကျော်ကပြောသည်။
အမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သူရိုးရိုးလေး ဦးသိန်းနိုင်သည်၂၀၀၇ ခုနှစ်က တရားမဝင်လောင်စာဆီရောင်းဝယ်မှု ချဲဒိုင်ကိုင်မှုနှင့်ထောင်ဒဏ်(၁၂)နှစ်ကျခံခဲ့ကာ နေသား (၁) နှစ် (၃) လ (၉)ရက်အကြာတွင် နိုင်ငံတော် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
လက်ရှိတွင်ကျိုက်ထီးရိုးဂေါပကအဖွဲ့၏ အာဂတိလိုက်စားမှုတွင် ပါဝင်သူနေသည့် စီးပွားလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း ကိုထင်ကျော်ကဆိုသည်။
ကိုထင်ကျော်အနေဖြင့်ဗဟန်းရဲစခန်း၌ ဦးသိန်းနိုင်အားအရေးယူမှုများ ဆောင်ရွက်နိုင်ရန်(ပ)၁၄/၂၀၁၂ -ပုဒ်မ ၂၄၉၊ ပုဒ်မ-၃၂၅နှင့် ပုဒ်မ- ၁၁၄အစရှိသည့် ပုဒ်မ(၃)ခုဖြင့်အမှုဖွင့်ဆိုထားကြောင်း ဗဟန်းရဲစခန်းမှသိရသည်။
“ဒီကနေ့လုပ်မယ့် သတင်းစာရှင်းလင်းပွဲကို ခရိုနီတစ်ယောက်ရဲ့ဖျက်ခြင်းခံလိုက်ရတဲ့အတွက်စိတ်မ ကောင်းပါဘူး။ ခရိုနီတွေကို တိုက်ဖျက်ဖို့အတွက်ခရိုနီတွေက ကျွန်တော်တို့ကိုစိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတရားဥပဒေစိုးမိုးမှုကိ အဓိကစိန်ခေါ်နေတာကလက်ဝါးကြီး အုပ်စီးပွားရေးသမားခရိုနီတွေရဲ့သူတို့အားကိုးတာ ဗိုလ်ချုပ်ကြီးတွေဆိုတာ တရားဝင်သက်သေပြလိုက်တာပဲဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်းသူတို့နောက်မှာ ဗိုယ်ချုပ်တွေရှိတယ်လို့ကြွေးကြော် သွားတာပါပဲ”ဟုကိုထင်ကျော်က ပြောသည်။ အဆိုပါ ဦးထင်ကျော်အားခိုက်ရန်ဖြစ်ပွားမှုကြောင့်တော်ဝင်နှင်းဆီခန်းမမှတာဝန်ရှိသူများက ပွဲအားဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲမှာလည်းဖျက်သိမ်းခဲ့ရသည်။
Credit to-Myit Makha Mediagroup
တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လာရောက်ခဲ့ရာမှတော်ဝင်နှင်း
ဆီ ခန်းမရှေ့တွင်အရိုက်ခံခဲ့ရသော ကိုထင်ကျော်မှ တရားလိုပြုလုပ်၍ ပြစ်မှုကျူးလွန်သ ရိုးရိုးလေးကို
သိန်းနိုင်ကိုဗဟန်းရဲစခန်းတွင တရားစွဲဆိုအမှုဖွင့်ထားကြောင်းသိရှိရသည်။
ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့မှာ လယ်သမားတွေနဲ့ အင်းလုပ်သားတွေ စုစုပေါင်းအင်အား ၄၀၀၀ ဝန်းကျင်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့ မနက်ပိုင်း က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ 
ပန်းတနော်၊ ညောင်တုန်းနဲ့ ဓနုဖြူမြို့နယ်တွေမှာ လုပ်ငန်းရှင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ အင်းလုပ်သားတွေ ပြန်လွှတ်ပေးဖို့အတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်တဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်နဲ့ အဲဒီမြို့နယ်တွေက တောင်သူလယ်သမားတွေ၊ ရေလုပ်သားသမဂ္ဂအဖွဲ့ဝင်တွေဟာ ပန်းတနော်မြို့နယ် အားကစားကွင်းကနေ မြို့နယ်တရားရုံးရှေ့အထိ စုဝေးလမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။
မတရားသိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေကို ဥပဒေကြောင်းအရ ပြန်လည်ရရှိလိုတာကြောင့် ဆန္ဒပြရတာဖြစ်ကြောင်း လယ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
"လယ်ယာမြေတွေကို မှတ်ပုံပြန်တင်ရတော့မယ်၊ လောလောဆယ် ကုမ္ပဏီတွေကနေပြီးတော့ သူတို့နာမည်နဲ့ မတရားလုပ်ထားတဲ့အတွက်ကြောင့် လယ်ယာရှင်တွေအတွက် စားရမဲ့သောက်ရမဲ့အခြေအနေကို ရောက်နေတယ်"
ဆန္ဒပြရေလုပ်သားတစ်ဦးကလည်း ဥပဒေပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးခံထားရတဲ့ ရေလုပ်သားတွေကို ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြရတာပါလို့ ပြောပါတယ်။
"မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနကနေ ပြဌာန်းထားတဲ့ အခွန်လွတ်ကရိယာ ၁၆မျိုးနဲ့ ရှာဖွေတဲ့ ဆင်းရဲနွမ်းပါးတဲ့ရေလုပ်သားတွေကို မတရားဖမ်းဆီးထားတဲ့သူတွေ လက်ရှိအချိန်ထိရှိနေပါတယ်၊ ဒါကြောင့် မတရားဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဥပဒေနဲ့အညီ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့အတွက်ပါ"
ဒါ့အပြင် ရေတံခါးတွေကို စနစ်တကျ ပြုလုပ်ပေးရေး၊ ၂၀၁၃ခုနှစ်မှာ လူကြောင့်ဖြစ်ရတဲ့ ရေဘေးမျိုးထပ်မံမပေါ်ပေါက်ရေး၊ အင်းလုပ်ငန်းတွေကို ရေလုပ်သားများ စနစ်တကျလုပ်ကိုင်ခွင့်ရရှိစေရေး စတဲ့အချက်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။
မနေ့က ဆန္ဒပြပွဲဟာ ဧရာဝတီတိုင်းမှာ ပထမဆုံးအကြိမ် လူဦးရေအများဆုံးဆန္ဒပြပွဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တရားဝင်ခွင့်ပြုမိန့်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ ပန်းတနော်မြို့နယ် အားကစားကွင်းမှာ ဟောပြောနေစဉ်အတွင်း အာဏာပိုင်တွေ ရောက်ရှိလာပြီး တားမြစ်ခဲ့တယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့မှာ လယ်သမားတွေနဲ့ အင်းလုပ်သားတွေ စုစုပေါင်းအင်အား ၄၀၀၀ ဝန်းကျင်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့ မနက်ပိုင်း က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
သေဆုံးသွားတဲ့ ချစ်သူကို လက်ထပ်ခဲ့တဲ့ ထိုင်းက ဖြစ်ရပ်မှန်လေးပါ ...
သေဆုံးသွားတဲ့ ချစ်သူကို လက်ထပ်ခဲ့တဲ့ ထိုင်းက ဖြစ်ရပ်မှန်လေးပါ ...
၂၉ နှစ်ရှိပြီဖြစ်တဲ့ Sarinya Kamsook ဆိုတဲ့ကောင်မလေးနဲ့ ၂၈နှစ်အရွယ်သူ့ချစ်သူ Chadil Deffy တို့ဟာ ဒီနှစ်ထဲမှာပဲ လက်ထပ်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ် ... 
မမျှော်လင့်ဘဲ Sarinya Kamsook က ယာဉ်တိုက်မှုတစ်ခုကြောင့် မင်္ဂလာမဆောင်ခင် တရက်အလိုမှာ ကွယ်လွန်ခဲ့ပါတယ် ... 
ဒါပေမယ့် Deffy ဟာ မင်္ဂလာပွဲကို မဖျက်သိမ်းဘဲ သူ့ချစ်သူကောင်မလေးကို စီစဉ်ထားတဲ့ နေ့မှာပဲ လက်ထပ်ခဲ့တာပါ ...
Surin မြို့က သူမရဲ့ အသုဘအခမ်းအနားမှာ ... 
Deffy က မင်္ဂလာဝတ်စုံလေးနဲ့ သေဆုံးနေတဲ့ သူမရဲ့လက်မှာ 
လက်ထပ်လက်စွပ်လေး စွပ်ပြီး အနမ်းခြွေကာ 
လက်ထပ်မင်္ဂလာပြုခဲ့ပါတယ် ...
သေဆုံးနေတဲ့ချစ်သူကို လက်ထပ်ခဲ့တဲ့ Deffy ရဲ့လုပ်ရပ်ကြောင့် လက်ထပ်မင်္ဂလာ နဲ့ အသုဘအခမ်းအနားဟာ တပြိုက်နက်ဖြစ်ခဲ့ပါတယ် ...
နောက်ပြီး ဒါဟာ ကမ္ဘာ့အရှားပါးဆုံး ဖြစ်ရပ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ် ... 
(Admin >> ပိုးဟပ်ဖြူ)
၂၉ နှစ်ရှိပြီဖြစ်တဲ့Sarinya Kamsookဆိုတဲ့ကောင်မလေးနဲ့ ၂၈နှစ်အရွယ်သူ့ချစ်သူChadil Deffy တို့ဟာ ဒီနှစ်
ထဲမှာပဲ လက်ထပ်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ် ... မမျှော်လင့်ဘဲ Sarinya Kamsook က ယာဉ်တိုက်မှုတစ်ခု
ကြာင့် မင်္ဂလာမဆောင်ခင် တရက်အလိုမှာ ကွယ်လွန်ခဲ့ပါတယ် ...
Asus ၏ ၁၄၅ ဒေါ်လာတန် Tablet - Memo Pad
Asus ၏ ၁၄၅ ဒေါ်လာတန် Tablet - Memo Pad
၂၀၁၃ CES မှာ ဝင်ရောက်ပြသသွားတဲ့ Asus ရဲ့  ဈေးသက်သာ ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပါတယ်။
Operating System
နောက်ဆုံးပေါ် Android Jell Bean ကို အသုံးပြုပါမယ်။ ဆက်လက်ပြီး တော့လည်း ဗားရှင်း အသစ်တွေ Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
CPU
1GHz VIA WM8950 processor ကို အသုံးပြု ပါတယ်။ RAM ကတော့ 1GB ပဲ ရှိမှာ ဖြစ်ပါတယ်။
Display
1024x600 resolution ဖြစ်တဲ့အတွက် Nexus 7 နဲ့ သပ်မကွာပါဘူး။ အရွယ်အစားက အစ ဖြစ်ပါတယ်။ Asus က အွန်လိုင်းမှာ Free ပေးတဲ့ 5GB လည်း ထပ်ရအုံးမှာ ဖြစ်ပါတယ်။
Storage
8GB နဲ့ 16GB ကြား ရွေးချယ်စရာ ရှိပါတယ်။ microSD ကဒ်လည်း ထည့်လို့ ရအုံးမှာ ဖြစ်ပြီး 32 GB အထိ တိုးချဲ့ နိုင်ပါတယ်။
Connectivity
Wi-Fi, micro USB port, headphone jack စုံစုံလင်လင် ပါရှိပါတယ်။
ဈေးနှုန်း
အမေရိကန်ဒေါ်လာ ၁၄၅ ဒေါ်လာ ဆိုတော့ မြန်မာပြည်မှာ တစ်သိန်း သုံးသောင်းကျပ်ငွေ ဝန်းကျင်လောက်ပဲ ပေါက်ဈေးရှိမယ့် Tablet ဖြစ်ပါတယ်။ iPad, Nexus တို့လို Brand လောက်တော့ ဈေးမကြီးတာ အမှန်ပါပဲ။
Memo Pad ကိုလာမယ့် ဧပြီလကစလို့ စတင်ဖြန့်ချိမှာ ဖြစ်မယ်လို့ သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/01/asus-tablet-memo-pad.html
အေးချမ်းမွန်မှ Tecespace journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၂၀၁၃ CES မှာ ဝင်ရောက်ပြသသွားတဲ့ Asus ရဲ့  ဈေးသက်သာ ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပါတယ်။
Operating System
နောက်ဆုံးပေါ် Android Jell Bean ကို အသုံးပြုပါမယ်။ ဆက်လက်ပြီး တော့လည်း ဗားရှင်း အသစ်တွေ Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Wi Fi ပါသော Samsung WB250F ကင်မရာ
Wi Fi ပါသော Samsung WB250F ကင်မရာ
Wi Fi ပါတယ်ဆိုလို့ ဘာလုပ်လို့ရလဲ ဆိုတော့ အင်တာနက်မှာ Sharing လုပ်လို့ရမယ်၊ Wi-Fi ပါတဲ့ ကင်မရာချင်း၊ ကွန်ပြူတာ၊ စမတ်ဖုန်း၊ Tablet များနဲ့ အလွယ်တကူ ပုံ၊ ဗီဒီယို အကူးအပြောင်း လုပ်လို့ရမှာ ဖြစ်ပါတယ်။
၂၀၁၃ CES မှာ ပြသနေတဲ့ ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ ကင်မရာရဲ့  ရုပ်ထွက် ကြည်လင်မှု Pixel resolution ကလည်း 14.2 megapixel ဝန်းကျင်မှာ ရှိပါတယ်။ BSI CMOS sensor လည်း ပါဝင်ပါသေးတယ်။ optical Zoom က ၁၈ ဆ ဆိုတော့ တော်တော်လေး ဆွဲနိုင်တယ်လို့ ဆိုရပါမယ်။ 24-430mm equivalent အထိကို zoom range ရှိပါတယ်။
Touch screen မျက်နှာပြင်ပါဝင်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ Samsung ရဲ့  Touch ဆိုတော့ UI အပိုင်းကတော့ အပြစ်ပြောစရာ မရှိပါဘူး။ Samsung Galaxy Camera ကလို Android OS မပါပေမယ့် သူ့ ဒီဂျစ်တယ် ကင်မရာနဲ့ Compact ဖြစ်မယ့် software နဲ့ Hardware ကတော့ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းနဲ့ အလွယ်တကူ Sync လုပ်လို့ရကြောင်း ပြပွဲမှာ သက်သေပြခဲ့ပါတယ်။
ဈေးလည်း သက်သာမယ့် ကင်မရာ ဖြစ်ပါတယ်။ 14.2 megapixel range ထဲမှာ ဈေးသက်သာမယ့် ကင်မရာ တစ်ခုအဖြစ် Samsung မှ မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
အေးချမ်းမွန်မှ  Tecespace journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Wi Fi ပါတယ်ဆိုလို့ ဘာလုပ်လို့ရလဲ ဆိုတော့ အင်တာနက်မှာ Sharing လုပ်လို့ရမယ်၊ Wi-Fi ပါတဲ့ ကင်မရာ
ချင်း၊ ကွန်ပြူတာ၊ စမတ်ဖုန်း၊ Tablet များနဲ့ အလွယ်တကူပုံ၊ဗီဒီယိုအကူးအပြောင်းလုပ်လို့ရမှာ ဖြစ်ပါတယ်။
"ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ"
"ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ"
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ရာကျော်ဟာ စက်ရုံကနေ ရှားပါးစရိတ်ထောက်ပံ့ငွေကို အလုပ်ရှင်ဘက်က ထုတ်မပေးတာကြောင့် ဆန္ဒပြတောင်းဆိုတာ ဒီကနေ့နဲ့ဆို (၂)ရက်ကြာမြင့်ခဲ့ပေမယ့် ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ  ညှိနှိုင်းဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။ 
ဆန္ဒပြနေတဲ့ (၂)ရက်မှာ အလုပ်ရှင်ဘက်က ဆန္ဒပြတာ ဆက်လက်မလုပ်ဖို့ လာရောက်ဟန့်တား ခြိမ်းခြောက်တာတွေရှိတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အထည်ချုပ် အလုပ်သမား မဝင်းဝင်းမာက ပြောပါတယ်။
"နင်တို့ဒီလိုဆက်လုပ်မယ်ဆိုရင် နင်တို့လစာ ဒီထက်မက နည်းသွားလိမ့်မယ်။နင်တို့ အတွက်လည်း အကျိုးမရှိဘူးလို့ ခြိမ်းခြောက်တာပေါ့။အတင်းပေါ့နော်။နင်တို့ လစာလျော့ပေးမယ်လို့ ပြောတယ်"
အလုပ်သမားတွေက ရှားပါးစရိတ် ကျပ်နှစ်သောင်း သတ်မှတ်ပေးဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမား E.C စာချုပ်ချုပ်ဆိုပေးဖို့၊ အချိန်ပိုခိုင်းစေခြင်းကို ဥပဒေညွှန်ကြားချက်နဲ့အညီ ခိုင်းစေဖို့၊ အလုပ်ချိန်နဲ့ အချိန်ပို မခိုင်းခင် နားချိန် သတ်မှတ်ပေးဖို့၊ အလုပ်ချိန်နဲ့ နားနေချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ လူမှုဖူလုံရေးခံစားခွင့်ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ အလုပ်သမားတွေ အတွက် လုပ်ငန်းသုံးဖိနပ်စီစဉ်ပေးဖို့ စတဲ့အချက်တွေ အပါအဝင် အချက်(၁၃)ချက်ကို တောင်းဆိုထားပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ဆုလာဘ်ထက်သာအထည်ချုပ်စက်ရုံကအလုပ်
သမားတစ်ရာကျော်ဟာစက်ရုံကနေရှားပါးစရိတ်ထောက်ပံ့ငွေကိုအလုပ်ရှင်ဘက်ကထုတ်မပေးတာကြောင့်
ဆန္ဒပြတောင်းဆိုတာ ဒီကနေ့နဲ့ဆို (၂)ရက်ကြာမြင့်ခဲ့ပေမယ့် ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ ညှိနှိုင်းဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။
"ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ"
လက်ပန်းတောင်းတောင် ဒေသမှာ ညမထွက်ရအမိန့် ပုဒ်မ၁၄၄ ကို ဆက်လက် ထုတ်ပြန်ထားတာဟာ ဒေသခံ ပြည်သူတွေကို အကန့်အသတ်လုပ်ထားတာဖြစ်ပြီးတစ်ချိန်တည်းမှာလည်း ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့က
ုမ္ပဏီတွေကိုအကာအကွယ် ပေးထားတာသာ ဖြစ်တယ်လို့ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်း ကော်မတီက ဇန်န၀ါရီလ ၁၄ ရက် ဒီကနေ့နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရ၍ သေဆုံးခဲ့သူ၏ နစ်နာကြေး လျှော်ကြေးငွေ လများစွာ ကြာသည့်တိုင် မရရှိသေးခြင်းနှင့် မြန်မာသံရုံးမှ နှုတ်ပိတ်ရှောင်တိမ်းနေခြင်း။
ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရ၍ သေဆုံးခဲ့သူ၏ နစ်နာကြေး လျှော်ကြေးငွေ လများစွာ ကြာသည့်တိုင် မရရှိသေးခြင်းနှင့် မြန်မာသံရုံးမှ နှုတ်ပိတ်ရှောင်တိမ်းနေခြင်း။ 
ထိုင်းနိင်ငံ၊ နတ်ခွန်ပထုန်ပြည်နယ်၊ အမ်ဖန်းမြို့နယ်၊ စိုင်းဟကြက်သားစက်ရုံတွင် အလုပ်ကိုင်နေစဉ် ကျန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ ၊ နေ့ လည် (၂) နာရီခွဲအချိန်ခန့် တွင် တိုက်ပေါ်မှ ပစ်ချခံရသော မစန်းစန်းဝင်း၏ ဖြစ်စဉ်ကို အရင်ဆုံး ပြန်လည်ဖေါ်ပြလိုပါတယ်။
ဖြစ်စဉ်မှာ သေဆုံးသူ မစန်းစန်းဝင်းသည် စက်ရုံအနီး ကွန်ဒိုတိုက်ခန်းတွင် ခင်ပွန်းဖြစ်သူ ဦးအောင်ခင်ဦး၊ သမီးဖြစ်သူ မသဲစုအောင်တို့ နှင့် အတူ ငါးထပ်မြောက် အခန်း (၅/၁၅၃) တွင် ဌါးရမ်းနေထိုင်ခဲ့ပါသည်။ ခင်ပွန်းနှင့် သမီးဖြစ်သူတို့ မှာ နေ့ ဆိုင်း နံနက် (၈) နာရီမှ အိုဗာတိုင်အပါအ၀င် ည (၈) နာရီထိ အလုပ်ဆင်းရပါသည်။ မစန်းစန်းဝင်းမှာ ညနေ (၆) နာရီမှ မနက် (၆) နာရီထိ အလုပ်ဆင်းရပါသည်။
ခဏအကြာတွင် မြေညီထပ်မှ ဈေးရောင်းနေသော မြန်မာဆိုင်ရှေ့ တွင် မစန်းစန်းဝင်းမှာ အပေါ်ထပ်မှ ပြုတ်ကျလာပြီး အင်္ကျီမပါ လုံခြည်တကွင်းနှင့် ကယ်ပါ ကယ်ပါဟု ပြောဆိုပါသည်။ ထိုအနီးရှိ ကိုမင်းဇော်ဆိုသူသည် နီးစပ်ရာမှ လုံခြည်တကွင်းအားယူ၍ ဖုံးဖိပေးပြီး အမက ကိုအောင်ကြီး (ကိုအောင်ခင်ဦး) ရဲ့  ဇနီး ဟုတ်တယ် မဟုတ်လားဟု မေးရာ မစန်းစန်းဝင်းမှ ဟုတ်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထို့ နောက် ကိုမင်းဇော်မှ ဘယ်အခန်းတွင်နေသည်ဟု မေးရာ မစန်းစန်းဝင်း မှ အခန်းအမှတ် (5/153) တွင် နေထိုင်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထိုနောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း ဌါးရမ်းနေထိုင်သည့် ငါးထပ်သို့  လှေခါးအတိုင်း ပြေးတက်ရာ နှစ်ထပ်မြောက် လှေခါး အကွေ့ တွင် အပေါ်မှ ပြေးဆင်းလာသည့် အလှုခံသည့် အသက် (၂၅) နှစ်ဝန်းကျင်ရှိ ဆံပင်ဂုတ်ဝဲ ထိုင်းအမျိုးသားတဦးနှင့် ပခုံးချင်းတိုက်မိပါသည်။ 
ထို့နောက် ကိုမင်းဇော်သည် အပေါ်ထပ်သို့  ထပ်မံပြေးတက်၌ မစန်းစန်းဝင်း နေထိုင်ရာ ငါးထပ်မြောက်အခန်းသို့ အရောက်တွင် အိမ်ခန်းတံခါးပွင့်၍ အတွင်းခံအင်္ကျီနှင့် အပေါ်အင်္ကျီတို့  မှာ တနေရာစီ ရှုတ်ပွနေပြီး အ၀တ်အစားထည့်သည့် ဗွီရိုမှာ ပွင့်၍ ဗွီရိုအတွင်းမှ ပစ္စည်းများ ပြန့်ကျဲနေပြီး အကြွေစိများ ထည့်ထဲ့ထားသည့် စုဗူးမှာလည်း ပေါက်ခွဲခံထားရသည် ကို တွေ့  ရပါသည်။
ထို့နောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း၏ ခင်ပွန်းဖြစ်သူ ကိုအောင်ခင်ဦးအား ဖုံးနှင့် ဆက်သွယ်ပြီး အိမ်သို့ အမြန်ပြန်လာရန် ခေါ်လိုက်ပါသည်။ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့ အိမ်သို့ အလုပ်လုပ်ရာမှ ပြန်အရောက်တွင် မဟာချိုင် (၂) ဆေးရုံမှ အရေးပေါ်လူနာတင်ကားများ ရောက်ရှိနေပြီဖြစ်သည်။ လူနာတင်ယဉ်ပေါ်တွင် ခင်ပွန်းဖြစ်သူက မစန်းစန်းဝင်းအား နင့်ကို ဘယ်သူစော်ကားသွားတာလည်း မေးမြန်းရာ မစန်းစန်းဝင်းမှာ ငို၍ မဖြေတော့ပါ။ ထို့ နောက် ဆေးရုံတွင် ဆေးကုသမှုခံနေစဉ် နှစ်ရက်မြောက် သြဂုတ်လ (၄) ရက်နေ့  ည (၇) နာရီ မိနစ် (၂၀) တွင် သေဆုံးသွားခဲ့ပါသည်။
သေဆုံးပြီးနောက် နာရေးကူညီမှုမှ ဆေးရုံသို့ လာရောက် အလောင်းသယ်ဆောင်ရမည်ဖြစ်ကြောင်း၊ သွားရောက်သယ်ဆောင်ရန်သွားသောအခါ သေဆုံးသူ မစန်းစန်းဝင်းမှာ မိမိကိုယ်မိမိ သေကြောင်းကြံစည်သည်ဖြစ်ကြောင်းကို ခင်ပွန်းသည်အား လက်မှတ်ထိုးပေးရန် ပြောပါသည်။ ခင်ပွန်းသည်က ငြင်းဆိုခဲ့ပါသည်။ ငြင်းဆန်မှုကြောင့် အလောင်းအား သယ်ဆောင်၍ မရသောကြောင့် ဆေးရုံတွင် ပြန်လည်ထားခဲ့ရပါသည်။ နောက်နေ့ မနက်ဆေးရုံသို့   ပြန်လာချိန်တွင် အလောင်းမှာ ပျောက်ဆုံးနေပြီး တာဝန်ရှိသူများအား မေးမြန်းရာ တာဝန်ရှိသူများက မသိကြောင်း  ပြန်လည်ဖြေကြားပါသည်။
နောက်နေ့  နံနက်တွင် အလောင်းသယ်ယူရန် မှုခင်းဖြစ်ပွားရာ မြို့ နယ်ရဲစခန်းမှ မှုခင်းတိုင်စာ တောင်းခံရာ ထုတ်ပေးခဲ့ခြင်း မရှိပါ။ ကိုကျော်သောင်းတို့ ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့ အစည်းများ၏ အကူအညီဖြင့် ထပ်မံတောင်းဆိုမှသာ ရရှိခဲ့ပါသည်။
အမှုစတင်ဖြစ်ပွားခဲ့သည့်နေ့  သြဂုတ်လ (၂) ရက်နေ့ မှ မှ သြဂုတ်လ (၆) ရက်နေ့ ထိတိုင်အောင် ရဲစခန်းသို့ အမှုသွားဖွင့်ခဲ့ရာတွင် လုံးဝမဖွင့်ပေးခဲ့ပါ။ မြန်မာအလုပ်သမားကူညီရေးအဖွဲ့ မှ ကိုကျော်သောင်းတို့၏ ကူညီမှုကြောင့်သာ အမှုဖွင့်၍ ရခဲ့ခြင်း ဖြစ်ပါသည်။
ထို့ နောက် အလောင်းအား သယ်ယူပြီး၊ နေထိုင်ရာ (၀ပ်စန်ဖစ်) ဘုန်းကြီးကျောင်းတွင် မြန်မာနိင်ငံမှ ထိုင်းနိင်ငံသို့ လာရောက်၍ ဒုက္ခသည်များကို ကူညီပေးနေသော ဘုန်းတော်ကြီးတစ်ပါးနှင့် လူမှုကူညီရေးအဖွဲ့ အစည်းမှ ကိုကျော်သောင်းတို့ မှ ကူညီမီးသင်္ဂြိုလ် ပေးခဲ့ကြပါသည်။ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်လည်း ဈာပနသို့  ရောက်ရှိလာခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရသော မြန်မာအမျိုးသမီး မစန်းစန်းဝင်း၏ သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသတင်းများနှင့် မြန်မာသတင်းများတွင် လူသိရှင်ကြးပါလာသည့်အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ မစန်းစန်းဝင်း အမှုကိစ္စတွင် မြန်မာအလုပ်သမား နစ်နာကြေးနှင့် အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးမည့်အကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။  
မစန်းစန်းဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်သည် ထောက်ခံစာရေးပေးခြင်း၊ မီးသင်္ဂြိုလ်ရာသို့  လာရောက်ခဲ့ခြင်း၊ သေဆုံးသူအတွက် နစ်နာကြေး လျှော်ကြေးငွေ ရရှိရေးအတွက် အစကနဦးတွင် ဆောင်ရွက်ပေးခဲ့သော်လည်း၊ လပေါင်းမြောက်မြားစွာကြာသည့်တိုင် နစ်နာကြေး လျှော်ကြေးငွေ မရရှိသေးခြင်းအပေါ် အကျိုးအကြောင်း သိရှိစေရန်အတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်အား ထပ်မံဆက်သွယ်များ အကြိမ်များစွာလုပ်သော်လည်း အဆက်အသွယ်အလုပ်မခံဘဲ ရှောင်ရှားနေပါသည်။
မစန်းစန်းဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရဌာနများဘက်မှ သေဆုံးမှုနှင့် နစ်နာကြေး လျှော်ကြေးငွေပေးရန်ကိစ္စကို  မြန်မာသံရုံး (အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်) မှတစ်ဆင့် စီစဉ်ပေးဆောင်မည်ဟု သိရှိပြီး၊ မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်အား ဆက်လက်စုံစမ်းမေးမြန်းမှုအား ရှောင်တိမ်းနေခြင်းသည် လျှော်ကြေးငွေရရှိမှုနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ဖြစ်နေပါသည်။ 
မစန်းစန်းဝင်း သေဆုံးမှုဖြစ်ပြီးနောက် အလားတူ သတ်ဖြတ်ခံရသော ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း သေနတ်ဖြင့် ပစ်သတ်ခံရ၍ မြန်မာအမျိုးသမီးတစ်ဦးသေဆုံးမှုအတွက် ထိုင်းအစိုးရဘက်မှ လျှင်မြန်စွာ လျှော်ကြေးငွေ ပေးခဲ့ပြီးဖြစ်ရာ၊ မြန်မာသံရုံးမှတစ်ဆင့် အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ရရှိအောင် ဆောင်ရွက်ရသော မစန်းစန်းဝင်း၏ အမှုတွင် လပိုင်းများစွာကြာမြင့်နေသည့်တိုင်အောင် လျှော်ကြေးငွေ မရရှိသေးခြင်းသည် ထူးခြားမှု ဖြစ်နေပေသည်။  
သို့ အတွက် သေဆုံးခဲ့သူ မစန်းစန်းဝင်း၏ အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ပျောက်ဆုံးနေခြင်းအတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်မှ အမြန်ဆုံးဖြေရှင်းပေးရန်နှင့် ဤအမှုကိစ္စအား မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအ၀င် အများသူငှာ သိရှိစေရန်အတွက် ထပ်မံတင်ပြလိုက်ရပါသည်။
ထိုင်းနိင်ငံ၊ နတ်ခွန်ပထုန်ပြည်နယ်၊ အမ်ဖန်းမြို့နယ်၊ စိုင်းဟကြက်သားစက်ရုံတွင် အလုပ်ကိုင်နေစဉ် ကျန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ ၊ နေ့ လည် (၂) နာရီခွဲအချိန်ခန့် တွင် တိုက်ပေါ်မှ ပစ်ချခံရသော မစန်းစန်းဝင်း၏ ဖြစ်စဉ်ကို အရင်ဆုံး ပြန်လည်ဖေါ်ပြလိုပါတယ်။
မျက်နှာနှစ်ခုနှင့်လူသား Edward Mordake
မျက်နှာနှစ်ခုနှင့်လူသား Edward Mordake
Edward Mordake အမည်ရ ပုဂ္ဂိုလ်ဟာ ၁၉ ရာစုက ဗြိတိန်မှာ နာမည်ကြီးခဲ့တဲ့ မျက်နှာနှစ်ခုနှင့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ကြောက်လည်း ကြောက်စရာ ကောင်းပါတယ်။ သူ့နောက်ကြောက မျက်နှာဟာ စကားလည်းမပြောတတ်၊ မစားတတ်ပေမယ့် ရယ်မော်တတ်၊ ငိုတတ်ပါတယ်။ ညဘက်အိပ်တိုင်းလည်း အနောက်ဘက် မျက်နှာကြောင့် နှစ်လရှည်ကြာ အခြောက်လှန့်ခံနေရသလို ဘဝနဲ့ နေရပါတယ်။
ဒါကြောင့် အနောက်ဘက်က အမြွာလို ကပ်ပြီးပါလာတဲ့ မျက်နှာကို ဖယ်ပေးဖို့၊ ခွာပေးဖို့ ဆရာဝန်များကို အကူညီတောင်းခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။ သိုပေမယ့် အနောက်ဘက်မျက်နှာက ငိုလည်းငိုတတ်၊ ရယ်လည်းရယ်တတ်မို့ လူတိုင်းကြောက်ပါတယ်။ ဒါကြောင့် ယင်း မျက်နှာကို Demon Face လို့တောင် အမည်ပေးထားပါတယ်။
ဒီလိုနဲ့ Edward Mordake ဟာ အသက် ၂၃ နှစ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို အဆိပ်သောက် သက်သေသွားပါတယ်။ ယင်းမျက်နှာ နှစ်ခုနဲ့ နေရတဲ့ ဘဝကို ရွံ့ မှုန်း၊ ရှက်ရွံ့ ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဟာ ယနေ့တိုင် ထင်ရှားပြီး အင်္ဂလိပ်ပြဇာတ်တွေထဲမှာ ပုံပြင် တစ်ခုပမာ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
http://www.innewsmyanmar.com/2013/01/edward-mordake.html
အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Edward Mordake အမည်ရ ပုဂ္ဂိုလ်ဟာ ၁၉ ရာစုက ဗြိတိန်မှာ နာမည်ကြီးခဲ့တဲ့ မျက်နှာနှစ်ခုနှင့် ပုဂ္ဂိုလ် ဖြစ်
ပါတယ်။ ကြောက်လည်း ကြောက်စရာ ကောင်းပါတယ်။ သူ့နောက်ကြောက မျက်နှာဟာ စကားလည်း
မပြောတတ်၊ မစားတတ်ပေမယ့် ရယ်မော်တတ်၊ ငိုတတ်ပါတယ်။ ညဘက်အိပ်တိုင်းလည်း အနောက်ဘက် မျက်နှာကြောင့် နှစ်လရှည်ကြာ အခြောက်လှန့်ခံနေရသလို ဘဝနဲ့ နေရပါတယ်။
"နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"
"နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"
နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆိုပါ ကော်မတီ၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Mr. Georges Paelisanu နှင့် တာဝန်ရှိသူများလည်း တက်ရောက်သည်။
(နိုင်ငံတော် သမ္မတရုံး)
အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ
က်ာမတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီ
ခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အိုဘားမားအား သမ္မတရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ဘီယွန်းစေးနှင့် အနုပညာရှင် များစွာ ဖျော်ဖြေ မည်
အိုဘားမားအား သမ္မတရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ဘီယွန်းစေးနှင့် အနုပညာရှင် များစွာ ဖျော်ဖြေ မည်
အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား ၎င်း၏ ဒုတိယ အကြိမ် သမ္မတ သက်တမ်း ရာထူး အပ်နှင်းပွဲ အခမ်းအနားကို ဝါရှင်တန်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနား၌
ပေါ့ပ် အဆိုရှင်များ ဖြစ်ကြသည့် ဘီယွန်းစေးနိုးလ်နှင့် ကယ်လီ ကလက်ဆွန်တို့ အပြင် ကျေး လက်ရိုးရာ ဂီတ ဝါရင့် အဆိုရှင်ကြီး ဂျိမ်းစ်တေးလာတို့ ပါ ဝင် ဖျော်ဖြေသွားမည်ဟု သိရသည်။ ရာထူး အပ်နှင်းခြင်း အခမ်းအနား တွင် ပါဝင် ဖျော်ဖြေမည့် အနုပညာရှင် များကို ရွေးချယ်ရာတွင် သမ္မတ အိုဘားမား ကိုယ်တိုင် ပါဝင်ကြောင်း ပွဲစီစဉ် သူများက ပြောကြားခဲ့သည်။ သမ္မတ အိုဘားမားက အမေရိ ကန် နိုင်ငံ၏ ပုံပြင်များကို သီကြွေးထားသည့် ရှေးခေတ် ရိုး ရာ တေးသီချင်းများကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ အိုဘားမား၏ သမ္မတ ရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ကျူဘား အမေရိကန် အဆိုတော် ရစ်ချက် ဘလန်ကိုလည်း ပါဝင်မည်ဖြစ်ကြောင်း ဘီ ယွန်းစေးသည် နိုင်ငံတော် သီချင်းကို သီဆိုမည်ဖြစ်ပြီး ကလက်ဆွန်က My Country Tis of Thee တေးသီချင်းကို သီဆိုမည်ဖြစ်ပြီး တေးလာက အမေရိ ကန် နိုင်ငံ၏ အလှအပ များကို ညွှန်းဆိုထားသော America the Beautiful တေးသီချင်းကို သီဆိုမည် ဖြစ်သည်။ ဂျိမ်းစ် တေးလာနှင့် ဘီယွန်းစေးတို့သည် ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့သော သမ္မတ အိုဘားမား၏ ပထမအကြိမ် သမ္မတ အဖြစ် ရာထူး အပ်နှင်းခြင်း အခမ်းအနား တွင်လည်း ပါဝင် တင်ဆက်ခဲ့သူ များ ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm/arts/artcorner/item/4108-2013-01-11-09-25-26
အမေရိကန် သမ္မတဘားရက် အိုဘားမားအား ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းရာထူး အပ်နှင်းပွဲအခမ်းအနားကို ဝါရှင်တန်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါအခမ်း အနား၌ပေါ့ပ်အဆိုရှင်များဖစ်ကြသည့် ဘီယွန်းစေးနိုးလ်နှင့်ကယ်လီ ကလက်ဆွန်တို့အပြင် ကျေးလက်ရိုးရာ ဂီတဝါရင့် အဆိုရှင်ကြီး ဂျိမ်းစ်တေးလာတို့ပါဝင်ဖျော်ဖြေသွားမည်ဟုသိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ စင်ကာပူနှင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ စင်ကာပူနှင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချစ်ကြည်ရေး ခရီး ထွက်ခွာရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် တာဝန် ရှိသူများက နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြစဉ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt-Gen Neo Kian Hong ၏ ဖိတ်ကြားချက် အရ စင်ကာပူ သမ္မတ နိုင်ငံသို့ သွားရောက်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ မြန်မာ့ တပ်မတော် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စင်ကာပူ သမ္မတ နိုင်ငံသို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာကြရာ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးနှင့် တပ်မတော် အရာရှိ ကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ စင်ကာပူ သမ္မတ နိုင်ငံ သံအမတ်ကြီး Mr.Chua Hian Kong Robert၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ မလေးရှား နိုင်ငံ သံအမတ်ကြီး Dr.Ahmad Faisal Bin Muhamad နှင့် တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိ ကြီးများနှင့် တာဝန် ရှိသူများ လိုက်ပါ သွားကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zin ၏ ဖိတ်ကြားချက် အရ စင်ကာပူ သမ္မတ နိုင်ငံမှ တစ်ဆင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/allnews/headline/item/4277-2013-01-14-08-15-19
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt-Gen Neo Kian Hong ၏ ဖိတ်ကြားချက် အရ စင်ကာပူသမ္မတ နိုင်ငံသို့သွားရောက်ရန်အတွက် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော် လေဆိပ်မှ မြန်မာ့တပ်မတော်အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ထွက်ခွာကြရာ
HTC စမတ်ဖုန်းတွေ မြန်မာပြည်မှာ ရောင်းချတော့မယ်
HTC စမတ်ဖုန်းတွေ မြန်မာပြည်မှာ ရောင်းချတော့မယ်
MONDAY, JANUARY 14, 2013  အိမ့်သံစဉ် 
ထိုင်ဝမ်က ထုတ်လုပ်ဖြန့်ချီနေတဲ့ HTC စမတ်ဖုန်းတွေဟာ အာရှတိုက်အတွင်း အခု နောက်ဆုံး ရင်းနှီးမြှုပ်နှံ တဲ့ နိုင်ငံတခု မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချဖို့ ရှိနေပါပြီ။ 
HTC ဟာ တယ်လီဇုန်း ဟမ်းစက် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ Apple တရုတ် လုပ် ZTE နဲ့ Huawei တွေနဲ့ ဈေးကွက်သစ်မှာ ယှဉ်ပြိုင်ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။ 
HTC ကုမ္ပဏီရဲ့ CEO ဟာ တကယ်တော့ မြန်မာနိုင်ငံသား တဦးဖြစ်ခဲ့ပြီး မကြာသေးခင်က လည်း မြန်မာပြည် ကို လာရောက်ခဲ့ပါသေးတယ်။ 
ထိုင်ဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou)( မြန်မာ အမည် ဦးဝင်းသန်း) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်တွေနဲ့ ယမန်နှစ် မေလက တွေ့ဆုံရာမှာ မိမိသည် မန္တလေး ဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ 
မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူးဟာ လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ထိုင်ဝမ်နိုင်ငံ
ကို ပြောင်းရွေ့ အခြေချခဲ့သူဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့ပါတယ်။ 
ံHTC ကုမ္ပဏီနဲ့ စီအီးအိုဖြစ်သူ ဦးဝင်းသန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဤနေရာမှာ တစုတစည်းတည်း ဖတ်နိုင်ပါတယ်။ 
Posted in: News,သတင်း
HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး (ဓာတ်ပုံ - CNET) 
အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး (ဓာတ်ပုံ - CNET)
 ထိုင်ဝမ်က ထုတ်လုပ်ဖြန့်ချီနေတဲ့ HTC စမတ်ဖုန်းတွေဟာ အာရှတိုက် အတွင်း အခု နောက်ဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ တခု မြန်မာနိုင်ငံဈေး ကွက်မှာ ရောင်းချဖို့ ရှိနေပါပြီ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိနေ
Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိနေ  
Monday, 14 January 2013 
၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရန်ကုန်မြို့တွင်းတွင် အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိလာကြောင်း ပညာဒါနကျောင်းများရှိ 
ဆရာ၊ ဆရာမ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
"ဒီကျောင်းကတော့ ငွေကြေးတစ်စုံတစ်ရာ ပေးစရာ မလိုပါဘူး၊ နှစ်စက
ကျောင်းသား ၂၅၀ ကျော် ရှိတယ်၊ စည်းကမ်းကြီးတော့ တဖြည်းဖြည်း
လျော့လာတယ်၊ အခု အနီးကပ် ၁၀၀ ဖိုး စာမေးပွဲတွေ ဖြေခိုင်းပြီး
တော်တဲ့ကျောင်းသားတွေကို ၄၅ ရက်လောက် သေချာစခန်းသွင်း
လေ့ကျင့်ပေးမှာ၊ ဦးဇင်းတို့ကျောင်းက ပညာဒါနကျောင်းဆိုပေမဲ့
မြောက်ဥက္ကလာမှာ အောင်ချက် အကောင်းဆုံးပဲ" ဟု
မြောက်ဥက္ကလပမြို့နယ်မှ ဓမ္မရက္ခိတကျောင်းရှိ ကျောင်းတာဝန်ခံ 
ဦးဇင်းမှ မိန့်ကြားခဲ့သည်။
အဆိုပါကျောင်းတွင် မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ ပုလဲ၊
ထောက်ကြန့်မြို့နယ်များရှိ ရက်ကွက်အသီးသီးမှ လက်လုပ်လက်စား မိသားစုများ၏ သားသမီးများ ပိုမိုတက်ရောက်မှု များကြောင်း သိရသည်။
ပညာဒါန ကျောင်းများတွင် စာသင်ပေးသည့် ဆရာ၊ ဆရာမများသည် နှစ် ၂၀ စာသင်အတွေ့အကြုံ့ရှိသော သူများနှင့် လူငယ်ပရဟိတ ဆရာ၊ ဆရာမများလည်း ပါဝင်ပြီး လက်ရှိ အခကြေးငွေယူ၍ သင်ကြားသော စာသင်ဝိုင်းများမှ ဆရာများလည်း ပါဝင်ကြောင်း သိရှိရသည်။         
"ပညာဒါနကျောင်းဆိုတော့ ကူညီတဲ့သူ များပါတယ်၊ အခုအနီးကပ် စာသင်ဝိုင်းမှာဆို ရန်ကုန်တက္ကသိုလ်က ပါမောက္ခတွေကို ခေါ်ပြီး
မေးခွန်းဟောင်းတွေနဲ့ အမှတ်ပေးစည်းမျဉ်းတွေကို စနစ်တကျ နားလည်အောင် သင်ပေးမှာပါ၊ အဲ့အတွက်လည်း ငွေကြေးတစ်စုံ
တစ်ရာ ပေးစရာမလိုပါဘူး၊ ညနေတိုင်း ထမင်းကျွေးတယ်၊ သူတို့အတွက် အချိန်က ခုချိန်မှာ အရမ်းအရေးကြီးတယ်" ဟု မြောက်ဥက္ကလာပမြို့နယ် ဓမ္မရက္ခိတကျောင်းရှိ  ကျောင်းတာဝန်ခံ ဆရာတော်မှ မိန့်ကြားခဲ့သည်။
အဆိုပါကျောင်းတွင် နှစ်စက ကျောင်းသားများသာမက ဘုန်းတော်ကြီးနှင့် သီလရှင်များပါ တက်ရောက်လျှက်ရှိပြီး  ယခု အခါ ကျောင်းသား ၂၀၀ ကျော်ဖြင့် သင်ကြားရာ အနီးကပ် စာသင်ဝိုင်းများအတွက် ထူးချွန်ကျောင်းသားများကို ဂုဏ်ထူးထွက်သည်အထိ သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပညာဒါနကျောင်းများတွင် တက္ကသိုလ်ဝင်တန်းသာမက ဘာသာစကားနှင့် အသက်မွေးမှု ပညာရပ်များ၊ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများနှင့် ဂီတအနုပညာရပ်များကိုပါ အခမဲ့သင်ကြားလျက်ရှိပြီး နယ်မြို့များတွင်လည်း ပညာဒါနကျောင်းများ အများအပြားရှိလာကြောင်း သိရှိရသည်။      
Eleven Media Group
၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရန်ကုန်မြို့တွင်း တွင် အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြားရှိလာကြောင်း ပညာဒါနကျောင်းများရှိ  ဆရာ၊ ဆရာမ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
Myanmar Sexy Model Girl (Part 5)
More Sexy Girls >> www.myanmarcutegirl.com <<
Credit to: @[506792845998891:274:Ko Pyae (Candid)]
Myanmar Sexy Model Girl (Part 5) ဓာတ်ပုံများ စုစည်းဖော်ပြပေးလိုက်ပါတယ်။
တရုတ်နိုင်ငံ ပီကင်းမြို့ရဲ့ လေထုညစ်ညမ်းမှု တိုင်းတာချက် သတ်မှတ်စံနှု့န်ူးထက်များစွာကျော်လွန်နေ
ပီကင်းမြို့ရဲ့ လေထုညစ်ညမ်းမှု တိုင်းတာချက်ဟာ စနေနေ့ညပိုင်းမှာ PM 2.5 အမှိုက်မှုန်များက ၁ ကုဗမီတာမှာ ၉၀၀ မိုက်ခရိုဂရမ်ထိ ရောက်ရှိသွားပြီး အမေရိကန် EPA က သတ်မှတ်ထားတဲ့ (၃၀၀ - ၅၀၀) ထက် များစွာ ကျော်လွန်နေတယ်လို့ သိရပါတယ်။ တရုတ်ပြည်ရဲ့ အခြားမြို့များမှာလည်း လေထုညစ်ညမ်းမှု ဖြစ်ပွားနေပြီး ရှန်တုံးမြို့မှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းကာ Jiangxi မြို့ရဲ့ ဟိုင်းဝေးကားလမ်းတွေကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်ရဲ့ မြို့ပေါင်း ၃၃ မြို့မှာ လေထုအခြေအနေကို စောင့်ကြည့်နေပြီး အဲဒီနေရာတွေမှာ ၃၀၀ မိုက်ခရိုဂရမ် ကျော်လွန်နေတယ်လို့ သိရပါတယ်။
အေးချမ်းမွန်မှ  Myanmar1 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပီကင်းမြို့ရဲ့ လေထုညစ်ညမ်းမှု တိုင်းတာချက်ဟာ စနေနေ့ညပိုင်းမှာ PM 2.5 အမှိုက်မှုန်များက ၁ ကုဗမီတာ
မှာ ၉၀၀ မိုက်ခရိုဂရမ်ထိ ရောက်ရှိသွားပြီး အမေရိကန် EPA က သတ်မှတ်ထားတဲ့ (၃၀၀ - ၅၀၀)ထက် များ
စွာ ကျော်လွန်နေတယ်လို့ သိရပါတယ်။
ဂျပန်စစ် လေယာဉ် များနှင့် ရင်ဆိုင်ရန် တိုက်လေယာဉ်များ တရုတ် စေလွှတ်
ဂျပန်စစ် လေယာဉ် များနှင့် ရင်ဆိုင်ရန် တိုက်လေယာဉ်များ တရုတ် စေလွှတ် 
ပေကျင်း ဇန်နဝါရီ ၁၂
ဂျပန်စစ် လေယာဉ်များသည် တရုတ် အုပ်ချုပ်ရေး ဆိုင်ရာ လေယာဉ် ၏ပုံမှန် ကင်းလှည့်မှု လုပ်ငန်းစဉ်များ အား နှောင့်ယှက် လျက်ရှိသည်ဟု တရုတ် အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဌာနက ဇန်နဝါရီ ၁၁ ရက်က စွပ်စွဲ ရှုတ်ချခဲ့သည်။
 ဇန်နဝါရီ ၁ဝ ရက်က Y-8 လေယာဉ်သည်   အရှေ့တရုတ် ပင်လယ် ရေနံ တူးစင်၏ အနောက် တောင်ဘက် လေပိုင်နက် အတွင်း ပုံမှန် ကင်းလှည့်မှု ပြုလုပ်နေစဉ် ဂျပန် F-15 တိုက်လေ ယာဉ် နှစ်စင်းသည် အနီးကပ် လိုက်ပါလာ ခဲ့၏။
ထို့နောက်တွင် တရုတ် နိုင်ငံက J-10 တိုက်လေယာဉ် နှစ်စင်းကို အရှေ့ တရုတ် ပင်လယ် အတွင်းသို့ စေလွှတ် ခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။
ဂျပန်စစ် လေယာဉ် များသည် တရုတ် ကင်းထောက် လေယာဉ်များနှင့် ပို၍ အနီး ကပ် ကင်းထောက် မှုများ ပြုလုပ်လာခဲ့ သည်ဟု ၎င်းက ထပ်လောင်း ပြောကြား ထားသည်။
ထို့အပြင် ဂျပန် စစ်လေယာဉ်များ ပျံသန်း လှုပ်ရှားသည့် နယ်မြေကိုလည်း မကြာသေး မီကပင် တိုးချဲ့ ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းသည် နှစ်နိုင်ငံ အကြား လေကြောင်း ပိုင်နက်နှင့် ရေပိုင် နက်များ နှင့် ပတ်သက်၍  လုံခြုံရေး ဆိုင်ရာ အငြင်းပွားမှု များကို ဖြစ်ပေါ် စေသည်။
တရုတ် စစ်ဘက်က သတိပေး မှုများကို တိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ၄တို့၏ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ် သွားမည် ဖြစ်သလို ၎င်းတို့၏ တရားဝင် အခွင့်အရေး များကိုလည်း ထိန်းသိမ်း သွားမည်ဟု ၎င်းက ပြောကြား ထားသည်။
ဂျပန်နိုင်ငံ အနေဖြင့်လည်း နိုင်ငံ တကာ ဥပဒေ များကို လေးစား လိုက်နာ ရန်နှင့် လုံခြုံရေး ဆိုင်ရာ အငြင်းပွားမှု များကို ထိရောက်သော ဆောင်ရွက်မှုဖြင့် ကာကွယ်ရန် ၎င်းက တောင်းဆို ထားကြောင်း သိရသည်။                       
မြ၀တီ
ဂျပန်စစ် လေယာဉ်များသည် တရုတ် အုပ်ချုပ်ရေး ဆိုင်ရာ လေယာဉ် ၏ပုံမှန် ကင်းလှည့်မှု လုပ်ငန်းစဉ်များ အား နှောင့်ယှက် လျက်ရှိသည်ဟု တရုတ် အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဌာနက ဇန်နဝါရီ ၁၁ ရက်က စွပ်စွဲ ရှုတ်ချခဲ့သည်။
၁၀နှစ် ၁၀မိုး အလုံပိတ်အခန်းထဲနေခဲ့ရတဲ့ သူတစ်ဦးရဲ့ လွပ်လပ်မှု မြင့်ကွင်း (ဓာတ်ပုံ)
၁၀နှစ် ၁၀မိုး အလုံပိတ်အခန်းထဲ ခေါက်ရိုးကျိုးနေတဲ့ မျက်လုံးတွေကို မိုးကုတ်စက်ဝိုင်းရဲ့ လွတ်လပ်ကျယ်ပြော ရက်ရောတဲ့အလှတွေနဲ့ .........
(မင်းကိုနိုင်)
--------------------
Kyaw Swar Myint
September 15, 2012
၁၀နှစ် ၁၀မိုး အလုံပိတ်အခန်းထဲ ခေါက်ရိုးကျိုးနေတဲ့ မျက်လုံးတွေကို မိုးကုတ်စက်ဝိုင်းရဲ့ လွတ်လပ်ကျယ်
ပြော ရက်ရောတဲ့အလှတွေနဲ့ .........
(မင်းကိုနိုင်)
>>> ဇန်န၀ါရီလ ၁၄ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>
ယနေ့ဇန်န၀ါရီ ၁၄ ရက်နေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်
နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်
ကြောင်း သိရသည်။ ထို့အပြင် Cross Exchange Rate အရ---------------------------------------------------
လျှပ်စစ်ဓာတ်အား စည်းကမ်းမဲ့ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံများစုပေါင်း ဆန္ဒပြမည်
လျှပ်စစ်ဓာတ်အား စည်းကမ်းမဲ့ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံများစုပေါင်း ဆန္ဒပြမည်
ကြားဖြတ်သတင်း
ဇန်န၀ါရီ ၁၄ ရက်နေ့ မနက် ၇ နာရီ ၁၅
သက်ဆိုင်ရာ၏ ထုတ်ဖော်ပြောဆိုမှု ပွင့်လင်းမြင်သာမှု လုံးဝမရှိသော လျှပ်စစ်ဓာတ်အား ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံ ရဟန်းရှင်လူ ပြည်သူအများပါဝင်သော လျှပ်စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေး လူထုလှုပ် ရှားမှုကြီးတစ်ရပ် ယခုရက်အနည်းငယ်အတွင်း ထုတ်ဖော်ဆန္ဒပြသသွားမည်ဖြစ်ကြောင်း ဦးဆောင်သံဃာတော် တစ်ပါးက မိန့်တော်မူပါတယ်..။
“စည်းကမ်းမဲ့စွာ မီးပျက်နေတဲ့အတွက် ပြည်သူတွေဒုက္ခခက်ခဲဖြစ်နေရပါတယ်..။ ဆွမ်းချက်ရင်းမီးပျက်တာကြောင့် ဆွမ်းတွေဟာပျော့တူးမနပ်ဖြစ်ရပါတယ်။ ဒါကလည်း ခဏခဏဖြစ်ပါတယ်။ ပြည်သူလူထု၏ အခက်အခဲကို ပြေလည်အောင်ဖြေရှင်ပေးနိုင်ဖို့ အခုလို ဦးဆောင်းပေးရတာပါ”ဟု မြို့ပေါ်ရှိ စာသင်တိုက်ကြီး တစ်တိုက်မှ ဦးဆောင်သံဃာတော်က ဆက်လက်၍ မိန့်တော်မူပါတယ်။
အဆိုပါ လျှပ်စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေးအတွက် ထုတ်ဖော်တောင်းဆိုရန် နှင့် လျှပ်စစ်ဝန်ကြီး အသစ် ပေါ်ထွက်လာသည်အထိ ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ စွမ်းအင်ပြည့်စုံမှု ပြည်တွင်း`၌ လုံ လောက်မှုမရှိပါက မဟာဓာတ်အားလိုင်းကိစ္စရပ်များနှင့် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စရပ်များကိုပါ တားမြစ်ကန့်ကွက် သွားမည်ဖြစ်ကြောင်း၊ ယင်းကဲသို့လုပ်ဆောင်ရာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်း တို့ထံမှ သိရှိရသည်
“ ဦးပဇင်းတို့ဘက်က သက်ဆိုင်ရာကို အွန်လိုင်းမီဒီယာတွေထံကနေ ပန်ကြားတာ အသိပေးတာ သတင်းထုတ်ပြန် တာတွေလုပ်ပြီးပါပြီ။ လက်ခံတာလက်မခံတာက သူတို့အပိုင်းဖြစ်ပပါတယ်။ ပြဿနာပေါ်ပေါက်မှ စုံစမ်းရေး ကော် မရှင်တစ်ရပ်ဖွဲ့စည်းပြီး အဖြေရှာတာထက်..။ ပြဿနာမဖြစ်ခင် စုံစမ်ပြီး အမဖြေရှာတာက နှစ်ဘက်စလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်” ဟု ယနေ့မနက် ၅ နာရီခွဲအချိန်ခန့် မီးစတင်ပျက်ရာတွင် ၎င်းက မိန့်တော်မူခဲ့သည်။
ဇန်န၀ါရီ ၁၄ ရက်နေ့ မနက် ၇ နာရီ ၁၅ သက်ဆိုင်ရာ၏ ထုတ်ဖော်ပြောဆိုမှု ပွင့်လင်းမြင်သာမှု လုံးဝမရှိ
သော လျှပ်စစ်ဓာတ်အား ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံ ရဟန်းရှင်လူ ပြည်သူအများပါဝင်သော လျှပ်
စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေး လူထုလှုပ် ရှားမှုကြီးတစ်ရပ် ယခုရက်အနည်းငယ်အတွင်း ထုတ်ဖော်ဆန္ဒပြသသွားမည်ဖြစ်ကြောင်း ဦးဆောင်သံဃာတော် တစ်ပါးက မိန့်တော်မူပါတယ်..။
ရခိုင်ပြည်နယ်တွင် မီဒီယာ သင်တန်း တားမြစ်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်မည့် Citizen Journalist (CJ) and Online Media သင်တန်းကို လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် အာဏာပိုင်များက တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။ သင်တန်းစသည့်နေ့တွင် စစ်တပ်၊ ရဲ၊ လဝကနှင့် မြို့နယ် အာဏာပိုင်များက တကျော့ပြန် ပဋိပက္ခ ငြိမ်းအေးစအချိန်တွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ခွင့်မပြုဘဲ တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ မှာ အမျိုးသမီး ကို အုပ်စု လိုက် မုဒိမ်း ကျင့် မှု ထပ်မံဖြစ်
အိန္ဒိယ မှာ အမျိုးသမီး ကို အုပ်စု လိုက် မုဒိမ်း ကျင့် မှု ထပ်မံဖြစ်
ဘတ်(စ)ကား ပေါ် တွင် တစ်ဦးတည်း ပါရှိလာသည့် အသက် ၂၉ နှစ် အရွယ်
ခရီးသည် အမျိုးသမီး ကို ယာဉ်မောင်း နှင့်  လက်မှတ် ရောင်း အပါ အ၀င်
အခြား လေးဦး က စုပေါင်း မုဒိမ်း ကျင့် မှု ပြုကျင့်ခဲ့ရာ အိန္ဒိယ နိုင်ငံ တွင် 
အမျိုးသမီး အား တစ်လ အတွင်း ဒုတိယ မြောက် အုပ်စုလိုက် မုဒိမ်း ထပ်
မံ ဖြစ်ပွားခဲ့ သည်။
အမျိုးသမီး သည် ပန်ဂျပ် မြောက်ပိုင်း အသွား လမ်းတွင် သူမ ဆင်းရမည့်
ရွာ တွင် ဘတ်(စ) ကားမောင်းသူ က ရပ်မပေး ဘဲ တစ်နေရာ အရောက်
တွင် အခြား လေး ယောက် ပူးပေါင်းကာ မုဒိမ်းကျင့်ခဲ့ ခြင်း ဖြစ်သည်။
ဒီဇင်ဘာ နှောင်းပိုင်း က အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ ကို  မုဒိမ်း ကျင့် ပြီး နောက် မုဒိမ်း ကျင့် သူ အုပ် စု က ရက်ရက်စက်စက် သတ် ဖြတ် ခဲ့သည်။
ယခု မုဒိမ်း မှု တွင် ပါဝင်သူ အားလုံး အား ရဲက ဖမ်းမိထားပြီ ဟု ဆိုသည်။
ဘတ်(စ)ကား ပေါ် တွင် တစ်ဦးတည်း ပါရှိလာသည့် အသက် ၂၉ နှစ် အရွယ်ခရီးသည် အမျိုးသမီး ကို ယာဉ်
မောင်း နှင့် လက်မှတ် ရောင်း အပါ အ၀င်အခြား လေးဦး က စုပေါင်း မုဒိမ်း ကျင့် မှု ပြုကျင့်ခဲ့ရာ အိန္ဒိယ နိုင်
ငံ တွင် အမျိုးသမီး အား တစ်လ အတွင်း ဒုတိယ မြောက် အုပ်စုလိုက် မုဒိမ်း ထပ်မံ ဖြစ်ပွားခဲ့ သည်။
ဆေးကုမှုမှားယွင်း၍ ဦးခေါင်းအဆမတန်ကြီးထွားသော အမျိုးသမီးငယ်တဦး
ဆေးကုမှုမှားယွင်း၍ ဦးခေါင်းအဆမတန်ကြီးထွားသော အမျိုးသမီးငယ်တဦး
ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ကျင်းပသည့် စိန်ရတုနှစ်ပတ်လည်ကရင်နှစ်သစ်ကူးပွဲတော်တွင် ကလေးဝမြို့အနီး ရွာတရွာမှ လာရောက်အလှူခံနေသည့် အသက်၂၉နှစ်ရှိ ကိုယ်အင်္ဂါချို့တဲ့သူ မမာမာခင်ကို တွေ့ရစဉ်။
'' အခါလည်သားလောက်မှာ ခေါင်းတွေက အနာပေါက်လာလို့ ဆရာဝန်က ခေါင်းကိုဆေးထိုးပေးလိုက်တာ။ နှစ်ရက်လောက်နေတော့ ခေါင်းက တဖြည်းဖြည်း ကြီးလာတယ်၊ ဆရာဝန်ကို ပြန်ပြတော့ ဆေးနဲ့မတည့်လို့ ဖြစ်နိုင်တယ် လို့ပြောတယ်၊ နောက်ဆရာတယောက်ပြောင်းပြီး ပြကြည့်တော့ ဆေးထိုးမှားတာလို့ ပြောတယ်၊ အခုတော့ ကုလို့ မရတော့ ဘူး၊ ဒီအတိုင်းပဲ ထားလိုက်ရတယ်'' ဟု မမာမာခင်၏ မိခင်ဖြစ်သူက ပြောသည်။
သူမ၏ မိခင်က မ မာမာခင်နှင့်အတူ ပွဲဈေးအချို့တွင် လှည့်လည်အလှူခံရင်း မိသားစုစားဝတ်နေရေးကိုဖြေရှင်းနေရသည်ဟု ဆိုသည်။
အေးချမ်းမွန်မှ  The Irrawaddy (Burmese Version) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင်ကျင်းပသည့်စိန်ရတုနှစ်ပတ်လည်ကရင်နှစ်သစ်ကူးပွဲတော်တွင် ကလေးဝမြို့
အနီး ရွာတရွာမှ လာရောက်အလှူခံနေသည့် အသက်၂၉နှစ်ရှိ ကိုယ်အင်္ဂါချို့တဲ့သူ မမာမာခင်ကို တွေ့ရစဉ်။
'' အခါလည်သားလောက်မှာ ခေါင်းတွေက အနာပေါက်လာလို့ ဆရာဝန်က ခေါင်းကိုဆေးထိုးပေးလိုက်တာ။
T ဖြင့် စ၊ ဆုံးသော Model Handset များမှာ မြန်မာနိုင်ငံရှိ Network System အတွက် သင့်တော်သည့် Handset များ မဟုတ်
T ဖြင့် စ၊ ဆုံးသော Model Handset များမှာ မြန်မာနိုင်ငံရှိ Network System အတွက် သင့်တော်သည့် Handset များ မဟုတ်
ယခု မြန်မာနိုင်ငံ မိုဘိုင်းဟန်းဆက် ဈေးကွက်အတွင်းရှိ Huawei အမျိုးအစား Handset များထဲမှ T 9200, T 8830, T 8828, T 8620, Ascend Y200T, Y220T စသည့် ဟန်းဆက်များမှာ 2G Network တစ်ခုတည်းကိုသာ အထောက်အပံ့ပေးပြီး 3G Network ကိုမူ အထောက်အပံ့မပေးနိုင်ဟု သိရသည်။ ၎င်း Model Handsets များကို သုံးစွဲသူများကလည်း System Error များ ခဏခဏ ကြုံတွေ့ရကြောင်းသိရသည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ Huawei Company မြန်မာနိုင်ငံ ရုံးခွဲမှ တာဝန်ရှိသူများက “ထိုကဲ့သို့ T ဖြင့်စ၍ T ဖြင့်ဆုံးသော Model Handset များမှာ မြန်မာနိုင်ငံရှိ Network System အတွက် သင့်တော်သည့် Handset များ မဟုတ်ကြောင်း၊ ၄င်း Model များမှာ TD-SCDMA Network ကိုသာ အထောက်အပံ့ပေးနိုင် ပြီး WCDMA Network ကိုမူ အထောက်အပံ့ မပေးနိုင်ပေ။ TD-SCDMA Network ဆိုသည် မှာ China Operator အတွက်သာ အထောက်အပံ့ ပေးနိုင်ပြီး မြန်မာနိုင်ငံရှိ Network နှင့် ကိုက်ညီမှု မရှိပေ။ ထို့ကြောင့် System Error များ ခဏခဏ ဖြစ်တတ်ပေါ်တတ်ခြင်း ဖြစ်ပေသည်။ ဈေးကွက်အတွင်းရှိ ၎င်း Model Handset များမှာ ဈေးနှုန်းအားဖြင့် သက်သာသော်လည်း အသုံးပြု၍ အဆင်မပြေသောကြောင့် Customer များအနေဖြင့် သတိပြုဆင်ခြင်၍ ၀ယ်ယူသင့်ကြောင်း၊ ထို့အပြင် အဆိုပါ Model Handset များမှာ China မှ တိုက်ရိုက် တင်သွင်းလာသည့် ပစ္စည်းများဖြစ်ပြီး မြန်မာနိုင်ငံ ရုံးခွဲအနေဖြင့် စမ်းသပ်စစ်ဆေးပြီး တာဝန်ယူတင်သွင်းသည့် ပစ္စည်းများ မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ ၄င်း Handset များ၏ နောက်ကျောဘက်တွင် China Mobile ဟု ပါဝင်ပြီး ရှေ့မျက်နှာပြင်တွင် ခရုပတ်ပုံ Logo တစ်ခု ပါရှိသည်။ စာဖတ်သူများအနေဖြင့် အသေးစိတ် သိရှိလိုပါက Facebook ရှိ Huawei Smart Phone in Myanmar တွင် တိုက်ရိုက်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
အေးချမ်းမွန်မှ  Myanmar ICT တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခု မြန်မာနိုင်ငံ မိုဘိုင်းဟန်းဆက် ဈေးကွက်အတွင်းရှိ Huawei အမျိုးအစား Handset များထဲမှ T 9200, T 8830, T 8828, T 8620, Ascend Y200T, Y220T စသည့် ဟန်းဆက်များမှာ 2G Network တစ်ခုတည်းကိုသာ အထောက်အပံ့ပေးပြီး 3G Network ကိုမူ အထောက်အပံ့မပေးနိုင်ဟု သိရသည်။
ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့်တက်ရောက်နိုင်မှုကြောင့် တောင်တက်လမ်းတစ်လျှောက်ဈေးဆိုင်များနှင့် အထမ်းသမားများ အလုပ်အကိုင်ရှားပါးလာ
ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့်တက်ရောက်နိ
ုင်မှုကြောင့် တောင်တက်လမ်းတစ်လျှောက်ဈေးဆိုင်များနှင့် အထမ်းသမားများ အလုပ်အကိုင်ရှားပါးလာပြီး စားဝတ်နေရေး ကျပ်တည်းလာမှုကို ဖြေရှင်းပေးရန်အတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့မှဒေသခံ ၂၀၀ ခန့်သည် ဇန်န၀ါရီ ၁၅ ရက် နံနက် ၉ နာရီခွဲတွင် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ စိုးစံလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းကပြောသည်။
ထိုင်းကွန်း တစ် နှင့် အေးရှားဆက် မိုးလေ၀သ ဂြိုလ်တု မှ ရရှိသည့် သတင်း
Weather Alert : Myanmar 
ထိုင်းကွန်း တစ် နှင့် အေးရှားဆက် မိုးလေ၀သ ဂြိုလ်တု မှ ရရှိသည့် သတင်း
အရ ယနေ့  ည တွင် ရန်ကုန် နှင့် အနီးတစ်ဝိုက် သိသိသာ အအေး ပို မည် ဖြစ် ပြီး ပြည် ၊ မကွေး နှင့် မန္တလေး မြို့  များ တွင် နောက် နှစ် ရက် 
အတွင်း သိသိသာသာ အေး မည် ဖြစ်ကာ မြန်မာ နိုင်ငံ မြောက် ပိုင်းတွင် 
ည အပူ ချိန် မှာ ၅၀ ဒီဂရီ ဖာရင် ဟိုက် ထိ ကျဆင်း မည် ဖြစ်သည်။ 
မန္တလေး နှင့် ရှမ်းပြည် နယ် မြောက်ပိုင်း မြို့  အချို့  တွင် နံနက် အစော ပိုင်း
ဉ် နံနက် ၁၀ နာရီ ခန့်  ထိ မြူနှင်း ကျဆင်း နိုင်သည်။
ထိုင်းကွန်း တစ် နှင့် အေးရှားဆက် မိုးလေ၀သ ဂြိုလ်တု မှ ရရှိသည့် သတင်း
အရ ယနေ့  ည တွင် ရန်ကုန် နှင့် အနီးတစ်ဝိုက် သိသိသာ အအေး ပို မည် ဖြစ် ပြီး ပြည် ၊ မကွေး နှင့် မန္တလေး မြို့  များ တွင် နောက် နှစ် ရက်
အတွင်း သိသိသာသာ အေး မည် ဖြစ်ကာ မြန်မာ နိုင်ငံ မြောက် ပိုင်းတွင်
ည အပူ ချိန် မှာ ၅၀ ဒီဂရီ ဖာရင် ဟိုက် ထိ ကျဆင်း မည် ဖြစ်သည်။
ဇန်န၀ါရီ၁၄ရက်မနက် ၇နာရီခွဲက ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား ၁၆ဦးပါဝင်သောအဖွဲ့  ဖိလစ်ပိုင်နိုင်ငံသို့ စတင်ထွက်ခွာ
ဇန်န၀ါရီ၁၄ရက်မနက် ၇နာရီခွဲက ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား ၁၆ဦးပါဝင်သောအဖွဲ့ 
သည်ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့  ရန်ကုန်လေဆိပ်မှ ထွက်ခွာခဲ့ကြသည်။
CCTV ကင်မရာ များကို ဖုန်းလိုင်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ် ကြိုးများဖြင့် အသုံးပြုလာနိုင်
ပြည်တွင်းသို့ နောက်ပိုင်းဝင်ရောက်လာသည့် CCTV ကင်မရာများကို ဖုန်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ် ကြိုး များဖြင့် အသုံးပြု နိုင်လာကြောင်း ဈေးကွက်မှ စုံစမ်း သိရှိသည်။
တရုတ်နှင့်အိန္ဒိယ အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်း အအေးပို
Photo: တရုတ်နှင့်အိန္ဒိယ အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်း
အအေးပို
Sunday, January 13, 2013
တရုတ်ပြည်နှင့်အိန္ဒိယနိုင်ငံတွင် အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံ
တွင်း အအေးပိုနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က Venus News Weeklyသို. ပြောကြားသည်။
“အဲဒီဘက်ကအအေးလိုင်းတွေ ပြည်တွင်းဝင်လာတာကြောင့်အေးတာပါ၊
အလွန်ဆုံးတစ်ပတ်လောက်တော့အေးမယ်”ဟုဌင်းကဆိုသည်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမူဦးစီး ဌာန၏ဇန်န၀ါရီလအတွက်
မိုးလေ၀သခန်းမှန်းချက်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်
ဇန်နဝါရီလ၏ပျမ်းမျှအပူချိန် အောက် အနည်းငယ်လျော့ကြကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်ဖြစ်ကြောင်း၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၆)ရက်မှ(၁၈)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ကျဆင်းနိုင်ကြောင်းထုတ်ပြန်ထားသည်။
“ဒီရက်ပိုင်းမှာ အအေးဓါတ်ကသိသိသာသာပိုလာတယ်၊မနက်မိုင်းမှာ
မြူတွေလည်းပိုကျလာတယ်၊ညဘက်တွေမှပိုသိသာပါတယ်” ဟု လှော်ကားမြို.နယ်၊တာဆုံအနီးတွင် နေထိုင်သူတစ်ဦးကဆိုသည်။
သြစတြေးလျမိုးလေ၀သဌာနက ၂၀၁၂နိုဝင်ဘာလအတွင်း ထုတ်ပြန်မူတွင် အပူပိုင်းပစိဖိတ်သမုဒ္ဒရာတွင် ပုံမှန်ထက်ပိုမိုပူပြင်းနေပြီး ယခုနှစ်ဆန်းတွင် အရှေ.တောင်အာရှ၌ အယ်လ်နီညို(ပူပြင်းခြောက်သွေ.သောရာသီဥတု)
ဖြစ်နိုင်ကြောင်း ကြေငြာခဲ့သော်လည်းယခုဆောင်းဝင်ရောက်မူမှာလ၀က်
ကျော်လာသည့်အတွက်သေချာခြင်းမရှိကြောင်းဦးထွန်းလွင်ကပြောကြား
သည်။
AFP သတင်းတွင်ဖော်ပြချက်အရ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အပူချိန် ၃ ဒီဂရီ စဲစီးယပ်အောက်သို. ကျဆင်းခဲ့ပြီး အဆိုးရွားဆုံး အအေးလှိုင်းဖြတ်မှုကြောင့် ဇန်န၀ါရီ၁၀ရက်နေ.့တွင် လူပေါင်း ၈၀ နီးပါး ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။
MNH
Venus News Weekly
တရုတ်ပြည်နှင့်အိန္ဒိယနိုင်ငံတွင် အအေးလိုင်းဖြတ် သန်း မူကြောင့် မြန် မာနိုင်ငံတွင်း အအေးပိုနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က Venus News Weeklyသို. ပြောကြားသည်။
“အဲဒီဘက်ကအအေးလိုင်းတွေ ပြည်တွင်းဝင်လာတာကြောင့်အေး တာပါ၊ အလွန်ဆုံးတစ်ပတ်လောက်တော့အေးမယ်”ဟုဌင်းကဆိုသည်။
မြန်မာ့တပ်မတော်၏ အင်အားဖြည့်တင်းမှုများ
မြန်မာ့တပ်မတော်၏ အင်အားဖြည့်တင်းမှုများ
 January 13, 2013 by myitkyina.blog News 
ကချင်ဒေသ တိုက်ပွဲကာလ(၁၉)လ ကြာမြှင့်လာပြီဖြစ်၍ မြန်မာအစိုးရတပ်ဖွဲ့အတွင်း အင်အားပြန်လည် ဖြည့်တင်းရန် အခက်အခဲများရှိလာခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်တိုင်း မြန်မာ့တပ်မတော်ဘက်၌ ထိခိုက်ဒဏ်ရာရရှိ မှု၊ ကျဆုံးမှု၊ တပ်ပြေးတိုးပွားလာမှု အစရှိသည့်ပြဿနာများသည် တပ်မတော်၏ပြုန်းတီးအင်အား၊ ဆုတ်ယုတ် အင်အားကို အရှိန်မြှင့်ဖြစ်ပွားစေခဲ့လေသည်။ ယခုအချိန်အထိ KIA တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ဖြစ်ပွားသောတိုက်ပွဲ ကြီး၊ ငယ် ပေါင်း(၂၆၀၀)ခန့် ရှိနေပြီဖြစ်ရာ ပြုန်းတီးအင်အားကို ခန့်မှန်းတွက်ချက်၍ရနေပြီ ဖြစ်သည်။ ဒီဇင်ဘာလ(၃၀)ရက် တရက်တည်းမှာပြင် တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၁၆) တပ်ရင်းမှ ၆၀ ကျော် ကျဆုံးပြီး ယင်းနေ့တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသူ ၂၀၀ နီးပါးရှိခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်သည် တပ်ဖွဲ့အင်အားသစ်ကို အလျင်စလိုဖြည့်တင်းရန် လိုအပ်သဖြင့် မြန်မာနိုင်ငံဒေသအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ရှေ့တန်းသို့ပို့လွှတ်လျက်ရှိကြောင်း သတင်းအခိုင်အမာရရှိပါသည်။ KIA တပ်ဖွဲ့မှ ဖမ်းဆီးရမိသော ဒဏ်ရာရအကျဉ်းသားတစ်ဦး၏ ထွက်ဆိုချက်က သက်သေခံလျက်ရှိသည်။ ရန်ကုန်မှတဆင့် ရထားဖြင့် ကချင်ပြည်နယ်သို့ပို့ဆောင်ရာတွင် လမ်းခရီး၌ အကျဉ်းသား ၁၀၀ နည်းပါး ထွက်ပြေးလွှတ်မြောက်ခဲ့ကာ၊ ၎င်းအပါအ၀င် အကျဉ်းသား ၃၀၀ ခန့် မြစ်ကြီးနားသို့ ညအချိန်ရောက်ရှိခဲ့ကာ မြို့အပြင်ဖက်ရှိ တပ်ရင်းစခန်းသို့ ပို့ဆောင်ခံရကြောင်း၊ ၎င်းတပ်ရင်းတွင် စစ်ဝတ်စုံများထုတ်ပေးကာ လက်နက်ကိုင်ပစ်ခတ်နည်းကို (၃)ရက်သင်ကြားပေးကာ ရှေ့တန်းသို့ပို့လွှတ်ခြင်း ခံရကြောင်း ဖမ်းဆီးခံရသူအကျဉ်းသားက ထွက်ဆိုခဲ့သည်။
တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်သော KIA တပ်သားများမြင်တွေ့ချက်မှာ မြန်မာစစ်တပ်နှင့်အတူပါလာသော လူတချို့သည် လက်နက်ကိုင်ထားခြင်း မရှိဘဲ၊ အင်္ကျီဗလာ၊ ဂျင်းဘောင်းဘီများ ၀တ်ထားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားစဉ် ကြောက်ရွံ့ထိတ်လန့်ကာ အော်ဟစ်ပြေးလွှားနေသည်ကို တွေ့ရကြောင်း သိရှိရသည်။
ယခုတဖန် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့တို့တွင် လူရွယ်၊ လူလတ်များကို ဖမ်းဆီးကာ ရှေ့တန်းသို့ပို့ဆောင်ရန် ထပ်မံလုပ်ဆောင်လျက်ရှိနေပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမှ မပြုလုပ်သော လူသားမဆန်သည့် ရက်စက်ရွံ့ရှာဖွယ်အပြုအမူများကို မြန်မာအစိုးရစစ်တပ်သည် သမရိုးလုပ်စဉ်အဖြင့် ပြုမူလျက်ရှိသည်။ ဤကဲ့သို့သောလုပ်ရပ်ကို တိုင်းရင်းသားသေများတွင် နှစ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ဤကဲ့သို့သောဖြစ်စဉ်များကို တိုင်းရင်းသားလူမျိုးများနှင့် အကျဉ်းထောင်ရှိ အကျဉ်းသားများ မှတပါး၊ မြေပြန့်ပြည်မတွင်နေထိုင်ကြသော ဗမာလူမျိုးများ မြို့ပေါ်မွေး၊ မြို့ပေါ်ကြီးသူများ မည်သူမှ မသိရှိနိုင်ခဲ့ပါ။ ဤကဲ့သို့ ရေးသားဖေါ်ပြချက်များကို လည်း ယုံကြမည်မဟုတ်ဘဲ လိမ်ညာလှည့်ဖြားပြောဆိုနေကြသည်ဟုသာ ပုတ်ခတ်မည်သာဖြစ်သည်။
ဤကဲ့သို့ ယုံကြည်ရန်ခက်ခဲခြင်းသည်ပင် တိုင်းရင်းသားလူမျိုးများနှင့် မြေပြန့်နေ ဗမာလူမျိုးကြား နားလည်မှု ကွဲလွဲကာ အမြဲတစေ အပြစ်ရှာအမုန်းတရားများကို ပေါ်ပေါက်စေလျက်ရှိကြောင်း တင်ပြအပ်ပါသည်။
မနောသန်းနိုင်
၁၃-၁-၂၀၁၃
ကချင်ဒေသ တိုက်ပွဲကာလ(၁၉)လ ကြာမြှင့်လာပြီဖြစ်၍ မြန်မာအစိုးရတပ်ဖွဲ့အတွင်း အင်အားပြန်လည် ဖြည့်
တင်းရန် အခက်အခဲများရှိလာခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်တိုင်း မြန်မာ့တပ်မတော်ဘက်၌ ထိခိုက်ဒဏ်ရာရရှိ မှု၊ကျဆုံးမှု၊တပ်ပြေးတိုးပွားလာမှုအစရှိသည့်ပြဿနာများသည်တပ်မတော်၏ပြုန်းတီးအင်အား၊ဆုတ်ယုတ်
 အင်အားကို အရှိန်မြှင့်ဖြစ်ပွားစေခဲ့လေသည်