Pages

Saturday, January 12, 2013

ဆောင်းဦးလှိုင်၊ စည်သူလွင်၊ အဲလစ်တို့ သီဆိုခဲ့ကြတဲ့ 19:18 အလ်ဘမ်မှ သီချင်းများကို Live Show အနေဖြင့် MRTV 4 နှင့် Channel7 ရုပ်သံလိုင်းများတွင် ယခုထုတ်လွင့်နေပါပြီ

ဆာင်းဦးလှိုင်၊ စည်သူလွင်၊ အဲလစ်တို့ သီဆိုခဲ့ကြတဲ့ 19:18 အလ်ဘမ်မှ သီချင်းများကို Live Show အနေဖြင့် MRTV 4 နှင့် Channel7 ရုပ်သံလိုင်းများတွင် ယခုထုတ်လွင့်နေပါပြီ19:18 ပရိတ်သတ်များအနေဖြင့် 19:18 Live Show ကို http://www.ustream.tv/channel/channel7-myanmar မှတဆင့် ကြည့်ရှု ခံစား နိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ရပါသည်။

“ရှေ့နေရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲမှု ရပ်တန့်ရန် ရှေ့နေကွန်ယက် ထပ်မံတောင်းဆို”

“ရှေ့နေရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲမှု ရပ်တန့်ရန် ရှေ့နေကွန်ယက် ထပ်မံတောင်းဆို”

ရန်ကုန်၊ ဇန်န၀ါရီ ၁၁

ကမ်းနားလမ်းရှိ ရှေ့နေရုံးအား ပုဂ္ဂလိကလွှဲ၍ ဟိုတယ်အဖြစ် ပြောင်းလဲမှုအပေါ် ရပ်တန့်ပေးရန် အစိုးရမှ တိကျပြတ်သားသော အဖြေမထွက်မချင်း ဆက်လက်ဆန္ဒပြ သွားမည်ဟု ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်သော ရှေ့နေများ ကွန်ယက် ဆွေးနွေးပွဲမှ သိရသည်။

“ကမ်းနားလမ်းမှာ ရှိတဲ့ ရုံးကြီးရဲ့ ကိစ္စဟာ စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ဒီကိစ္စကို မရပ်တန့်မချင်း အစီအစဉ်ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်”ဟု ရှေ့နေများကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဘားလမ်းနှင့် ကမ်းနားလမ်းရှိ တရားရုံးချုပ် အဆောက်အဦးနှစ်ခုအား ဟိုတယ်အဖြစ် အစိုးရမှ ပုဂ္ဂလိက လွှဲပြောင်းခံမှုအပေါ် ရှေ့နေများ ကွန်ယက်မှ နိုဝင်ဘာလ အတွင်းက ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဘားလမ်းရှိ အဆောက်အဦးမှာ ပုဂ္ဂလိက ခွင့်ပြုမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ကမ်းနားလမ်းရှိ အဆောင်အဦးမှာ ယခုအချိန်အထိ ဆက်လက်ပြုပြင် လုပ်ကိုင်နေခြင်း များကြောင့် ရှေ့နေများကွန်ယက်မှ ကန့်ကွက်မှုများ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ဆွေးနွေးပွဲအား ရှေ့နေများ ကွန်ယက်အထက်မြန်မာပြည် အပါအ၀င် ရှေ့နေပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး
Popular

ကမ်းနားလမ်းရှိ ရှေ့နေရုံးအား ပုဂ္ဂလိကလွှဲ၍ ဟိုတယ်အဖြစ် ပြောင်းလဲမှုအပေါ် ရပ်တန့်ပေးရန် အစိုးရမှ တိကျပြတ်သားသော အဖြေမထွက်မချင်း ဆက်လက်ဆန္ဒပြ သွားမည်ဟု ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်သော ရှေ့နေများ ကွန်ယက် ဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ မလေးရှား နိုင်ငံ UNIMAP ပညာရေး ကျောင်း လျှောက်ထားနိုင်ပြီ

မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ မလေးရှား နိုင်ငံ UNIMAP ပညာရေး ကျောင်း လျှောက်ထားနိုင်

University Malaysia Perlis (Uni-Map) သည် မလေးရှား နိုင်ငံ ၏ MQA လက်မှတ်ရ အစိုးရ ကျောင်း တစ်ကျောင်း ဖြစ်ပြီး အင်ဂျင်နီယာ ဘာသာ ရပ်များကိုသာ အဓိကထား သင်ကြား ပေးသော ကျောင်း တစ်ခု ဖြစ်သည်။ UniMap တွင် undergraduate programme အတွက် တက်ရောက် နိုင်သော ဘာသာ ရပ် ၂၁ ခု အပြင် Postgr- aduate Programme အတွက် ဘာသာရပ် ၁၃၃ ခု ရှိသည်။

မလေးရှား အစိုးရပိုင် ကျောင်းတစ်ခု ဖြစ်သည့် အတွက် ကျောင်းလခ ကုန်ကျ စရိတ် အသက်သာဆုံး ဖြစ်သည်။ တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်း သူများအနေဖြင့် ဘာသာရပ်အားလုံး တွင် ရမှတ် ၆ဝ ရာခိုင်နှုန်းနှင့် အထက် ရရှိပါက undergraduate programme လျှောက်ထားနိုင်ပြီး BE နှင့် ME ဘွဲ့ရများ အတွက် Msc နှင့် ph.D Engineering Programme လျှောက်ထား နိုင်ကြောင်း သိရသည်။ UniMap ကို ဧပြီ၊ စက်တင်ဘာနှင့် နိုဝင်ဘာလ တို့၌ လျှောက်ထား နိုင်ကာ IELTS အမှတ် ရရှိပါက ပြသနိုင်ပြီး မရ ရှိပါက အဆိုပါကျောင်း၏ အင်္ဂလိပ်စာ အရည် အချင်းစစ် စာမေးပွဲဝင်ရောက် ဖြေဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

UniMap နှင့် ပတ်သက်၍ အသေးစိတ် သိရှိ လိုပါက ရန်ကုန်တိုင်း ဒေသကြီး တာမွေ မြို့နယ် မအူကုန်း လမ်းကျယ် ဖုန်း- ဝ၁-၂ဝ၅၆၈၈၊ ဝ၁-၂၉ဝဝ၇၃၊ ဝ၉-၇၃၁၉၄၅၉၉ နှင့် ဝ၉-၅ဝဝ၄၄၁၁ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/4230-2013-01-12-15-55-49

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

University Malaysia Perlis (Uni-Map) သည် မလေးရှား နိုင်ငံ ၏ MQA လက်မှတ်ရ အစိုးရ ကျောင်း တစ်
ကျာင်း ဖြစ်ပြီး အင်ဂျင်နီယာ ဘာသာ ရပ်များကိုသာ အဓိကထား သင်ကြား ပေးသော ကျောင်းတစ်ခု ဖြစ်
သည်။ UniMap တွင် undergraduate programme အတွက် တက်ရောက် နိုင်သော ဘာသာ ရပ် ၂၁ ခု အပြင် Postgr- aduate Programme အတွက် ဘာသာရပ် ၁၃၃ ခု ရှိသည်။

ဒိုင်ယာနာ မင်းသမီးအကြောင်း ကြည့်ရှုရမယ့် "Diana" ရုပ်ရှင်

ဒိုင်ယာနာ မင်းသမီးအကြောင်း ကြည့်ရှုရမယ့် "Diana" ရုပ်ရှင်

အသက် ၃၆ နှစ်အရွယ် ၁၉၉၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကားမတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ ကမ္ဘာကျော် Princess Diana ရဲ့ဘဝအကြောင်း တစ်စိတ်တစ်ဒေသကို ရုပ်ရှင်အဖြစ် ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ကာလရှည် ကိုယ်ရံတော်တစ်ဦးဖြစ်ခဲ့သူ Ken Wharfe ရဲ့ ပြန်လည်ပြောကြားချက်တွေကို Stephen Jeffreys က ဇာတ်ညွန်းရေးသားထားပြီး ဂျာမန်ဒါရိုက်တာတစ်ဦးဖြစ်သူ Oliver Hirschbiegel က Diana အမည်နဲ့ Biography/Drama အမျိုးအစားဇာတ်ကားအဖြစ် စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒိုင်ယာနာအဖြစ် The Ring 1,2၊ King Kong ဇာတ်ကားတွေနဲ့ နာမည်ရခဲ့တဲ့ Naomi Watts က သရုပ်ဆောင်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ မှာ စတင်ပြသမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အေးချမ်းမွန်မှ Movie Crazies တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အသက် ၃၆ နှစ်အရွယ် ၁၉၉၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကားမတော်တဆမှု
ကြောင့် ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ ကမ္ဘာကျော် Princess Diana ရဲ့ဘဝအကြောင်း တစ်စိတ်တစ်ဒေသကို ရုပ်ရှင်
အဖြစ် ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်

သီရိသကျမဟာာဆြာဂျီး ညလယ်မိုး ရေးသား အပ်သော ခေတ်သစ် မဟာသင်္ကြန်စာ

မြန်မာသက္ကရာဇ် ၁၃၇၄-ခု၊နှောင်းတန်ခူးလဆန်း ( ၄ )ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ခု၊ ဧပြီလ ( ၁၄ ) ရက် သင်္ကြန်မဏ္ဍပ် မှ ရေပိုက် စဖွင့်ချိန်၌ မဟာသင်္ကြန်ကျ၏ ။မဟာသင်္ကြန်ကျသောအချိန် တွင်တနင်္ဂနွေဂြိုဟ်မင်းသည်ကို လက်တစ်ဖက်က ချိုးငှက်၊အခြားလက်တစ်ဖက်က ၁၂၀ မမ စိန်ပြောင်းကို ကိုင်လျှက် တိုယိုတာ ဟာရီယာကားကိုစီးလျှက် လူ.ပြည်သို. ဆင်း၏။

သံလွင်တံတား(မော်လမြိုင်) ၂၄ နာရီ ဖြတ်သန်း သွားလာခွင့်ပြုပြီ

သံလွင်တံတား(မော်လမြိုင်) ၂၄ နာရီ ဖြတ်သန်း သွားလာခွင့်ပြုပြီ
================================
ခန့်ငြိမ်းစံ(မော်လမြိုင်)
================================

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ သံလွင်တံတား(မော်လမြိုင်)အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၀)ရက်နေ့မှ စတင်ကာ ၂၄ နာရီ ဖြတ်သန်းသွား လာခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

အေးချမ်းမွန်မှ Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ သံလွင်တံတား(မော်လမြိုင်)အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၀)ရက်နေ့မှ စတင်ကာ ၂၄ နာရီ ဖြတ်သန်းသွား လာခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

အဆမတန်ကြီးမားသည်.လူအရိုးစုကြီးများဆော်ဒီသဲကန္တာရအတွင်းတွေ.ရှိ ...

အဆမတန်ကြီးမားသည်.လူအရိုးစုကြီးများဆော်ဒီသဲကန္တာရအတွင်းတွေ.ရှိ ... ဆော်ဒီအာရေဘီးယားနိုင်ငံအတွင်းရှိအိုမန်၊ယီမင်နိုင်ငံတို.နှင်.နယ်နမိတ်ချင်းထိစပ်နေသောဗလာဒေသခေါ်အကြီးဆုံးသဲကန္တရအတွင်းတွင်သာမန်လူခန္တာကိုယ်ထက်အဆမတန်ကြီးမားသောအရိုးစုကြီးကိုတူးဖေါ်တွေ.ရှိရသည်။ အမေရိကန်ရေနံရှာဖွေတူးဖေါ်ရေးကုမဏီတခုဖြစ်သောAramcoကရေနံရှာဖွေနေစဉ်တူးဖေါ်တွေရှိခဲ.ရခြင်းဖြစ်ပြီး၊ဆော်ဒီအာရေးဗျရှိဆလ်လာဖီဘာသာရေးအသင်းကထိုနေရာကိုသိမ်းဆည်းထားခဲ.ကြောင်းသိရသည်။ သို.သော်စစ်တပ်သုံးရဟတ်ယာဉ်များကယင်းအရိုးစုကြီးများကိုမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ.သည်။လေ.လာစူးစမ်းသူများ၏အဆိုအရရှေးခေတ်ထိုလူသားမျိုးနွယ်များသည်ဆော်ဒီနှင်.အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများတွင်ကျင်လည်ကျက်စားခဲ.ကြောင်းမှန်းဆခဲ.ကြသည်။


 Space;25..7..2012 ။သုတစွယ်စုံမဂ္ဂဇင်းNO.361,December,2012


ဆော်ဒီအာရေဘီးယားနိုင်ငံအတွင်းရှိအိုမန်၊ယီမင်နိုင်ငံတို.နှင်.နယ်နမိတ်ချင်းထိစပ်နေသောဗလာဒေသ
ခေါ်အကြီးဆုံးသဲကန္တရအတွင်းတွင်သာမန်လူခန္တာကိုယ်ထက်အဆမတန်ကြီးမားသောအရိစုကြီးကိုတူးဖေါ်
တွေ.ရှိရသည်။

အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိ

အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိ

ပါကစ္စတန် အနောက်မြောက် ပိုင်းရှိ မြောက်ဝါဇီ ရစ္စတန် မျိုးနွယ်စု ဒေသတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက် မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါ မျိုးနွယ်စု ဒေသ၏ Mir Ali ဧရိယာတွင် တည်ရှိသော Eissu Khel ရွာရှိ နေအိမ် တစ်လုံးအား ဇန်နဝါရီလ ၁ဝ ရက်နေ့ အစောပိုင်းတွင် ဒုံးကျည် ၄ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၎င်းနေအိမ်မှာ လုံးဝပျက်စီး သွားခဲ့ကြောင်း ဒေသခံ သတင်း ဌာန၏ ထုတ်ပြန်ချက် အရ သိရှိရ ပါသည်။ ပါကစ္စတန် နိုင်ငံ၏ မျိုးနွယ်စု ဒေသများသည် နေ့စဉ်နီးပါး အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်ခြင်းကို တွေ့ကြုံ ခံစားနေ ရပါသည်။ အဆိုပါ တိုက်ခိုက်မှု များသည် စစ်သွေးကြွ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အမေရိကန်က အခိုင်အမာ ပြောကြားလျက် ရှိသော်လည်း အပြစ်မဲ့ ပြည်သူ များသာ ထိခိုက်ဆုံးရှုံး နစ်နာမှု များနှင့် ကြုံတွေ့နေ ရပါသည်။ မြောက်ဝါဇီ ရစ္စတန် ပြည်နယ် Miranshah ခရိုင်ရှိ Haiderkhel ရွာတွင်လည်း ဇန်နဝါရီလ ၇ ရက်နေ့က အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး ခဲ့ပါသည်။ ဇန်နဝါရီလ ၆ ရက် နေ့ကလည်း အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ ပါသည်။ အမျိုးသမီး များနှင့် ကလေးများ အပါအဝင် ပါကစ္စတန် ပြည်သူများ သေဆုံးနေ ရမှုသည် အမေရိကန်နှင့် ပါကစ္စတန် အကြား ဆက်ဆံရေး များအား တင်းမာစေ ခဲ့ပါသည်။

http://www.myawady.com.mm/allnews/global/item/4168-2013-01-11-15-23-56

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


ပါကစ္စတန် အနောက်မြောက် ပိုင်းရှိ မြောက်ဝါဇီ ရစ္စတန် မျိုးနွယ်စု ဒေသတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက် မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။

ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား"


အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်တွေ တိုးမြှင့်ချထားလိုက်တယ်လို့ အင်္ဂလပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times တရုတ်အစိုးရသတင်းစာက ဖေါ်ပြလိုက် ပါတယ်။

မန္တလေးမှာ မီးတွေပျက်နေပြန်ပြီ


"မန္တလေးမှာတော့ မီးအတော်ပြန်ပျက်နေပါပြီ၊ မီးစက်ကြီးတွေ ဝယ်ထားတယ် ဂစ်တာဘိုင်တွေ တိုးထားတယ်ဆိုပေမဲ့ တကယ်မောင်းပေးဖို့ က ရှံးနေတာကြောင့် မမောင်းပေးတာလို့လည်းကြားပါတယ်။
မြန်မာပြည်မှာ ရေအားကနေ လျှပ်စစ်ထုတ်ရင် ၉ကျပ်သာသာ အရင်းကျတယ် ဆိုရင် မောင်ပေးတာက ၁၀၀ ကျေိာအရင်းကျတယ်လို့ ကြားပါတယ်။ ရတာက ၅၀ လောက်ဆိုတော့ ရေအား ရနေချိန် အပြည့်ပေးပေမဲ့ မရချိန်မှာ တော့ တတ်နိုင်သလောက်လျော့နေတဲ့ပုံ၇ှိပါတယ်။ လျှပ်စစ်ရဲ့ အရှုံးအမြတ်ကို ကုမ္ပဏီ လို ပွင့်လင်းစွာ မသိနိုင်ကြရသေးသမျှ ဒီအဟလေးတွေက ဂွင်တွေ ဖြစ်နေဦးမှာပါ။

ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်များအတွင်း နေ့ပြန်တိုး၊ မတ်တိုးများကြောင့် အတိုးပေါ်အတိုးဆင့်ကာ ပြန်လည်မဆပ်နိုင်၍ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေ


ရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များ၌ နေ့ပြန်တိုး၊ မတ်တိုးများကြောင့် အတိုးပေါ်အတိုးဆင့်ကာ ပြန်လည်မဆပ်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်သူများ ရှိကြောင်း ရပ်ကွက်နေသူအများစု၏ ပြောပြချက်အရ သိရသည်။ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ မိသားစုများသည် စားဝတ်နေရေး မပြေလည်မှုများကြောင့်သော်
လည်ကောင်း နေ့စဉ်ရရှိသည့် ရှိသည့်ဝင်ငွေနည်းပါးမှုကြောင့်လည်းကောင်း ရပ်ကွက်အတွင်းတိတ်တိတ်
ပုန်းရောင်းချနေသည့် နှစ်လုံးသုံးလုံးချဲထီများကြောင့်

ကိုရီးယား နိုင်ငံသားတစ်ဦး ၎င်းငှားရမ်း နေထိုင်နေသည့် အခန်းအတွင်း ကြိုးဆွဲချ အနေအထားဖြင့် သေဆုံးနေ

1.11.12
သေဆုံးသူအား အခန်းတွင်းမှ သယ်ထုတ်လာစဉ်

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ ရေတာရှည်လမ်းသစ်၊ တိုက်အမှတ် (၅၁)၊ အခန်းအမှတ် 2/C တွင် ငှားရမ်း နေထိုင်နေသော ကိုရီးယား နိုင်ငံသားတစ်ဦးသည် ဇန်န၀ါရီလ ၁၁ ရက်နေ့က ယင်းအခန်းအတွင်း ကြိုးဆွဲချ အနေအထားဖြင့် သေဆုံးနေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ကျောက်တန်းမြို့နယ်ရှိ ဂဏန်း အအေးခန်း စက်ရုံ တစ်ရုံ မီးလောင်မှုဖြစ်ပွား


1.11.08

ကျောက်တန်းမြို့နယ် သီတာမြိုင် ရပ်ကွက်ရှိ အောင်မိုးခိုင် ဂဏန်း အအေးခန်းစက်ရုံတွင် ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ အချိန် ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သင့်မိဘအတွက် ဘာလက်ဆောင်များ ပေးဖူးလဲ

ပုံပါ စာသားဟာ  စကားပုံတစ်ခုပါ . . . ။ 
အဖေက သားကို လက်ဆောင်ပေးရင် သားရယ်တယ်
သားက အဖေ့ကို လက်ဆောင်ပေးရင် အဖေငိုတယ်

ကျွန်တော်တို့ မိဘတွေဟာ ကျွန်တော်တို့ဆီက တစ်ခုခုရရှိဖို့ မမက်မောတတ်ကြပါဘူး  . . .
ဒါပေမယ့် မျှော်လင့်မိကြတာတော့ အမှန်ပါ . . . ။

ကျွန်တော်တို့ ပေးတဲ့ လက်ဆောင်ဟာ 
                                  တန်ဖိုးနည်းချင် နည်းပါစေ
သူတို့ အတွက်တော့ . . .
အလွန်တန်ဖိုးကြီးတဲ့ အရာဖြစ်စေတယ် ။
သူတို့တွေ  . . . 
မျက်ရည်ကျတဲ့အထိ ပျော်ရွှင်တတ်ကြပါတယ် . . . ။

သင်ရော . . . 
သင့်မိဘအတွက် ဘာလက်ဆောင်များ ပေးဖူးလဲ . . . ?

ပုံပါ စာသားဟာ စကားပုံတစ်ခုပါ . . . ။ 
 
အဖေက သားကို လက်ဆောင်ပေးရင် သားရယ်တယ်

သားက အဖေ့ကို လက်ဆောင်ပေးရင် အဖေငိုတယ်

ကျွန်တော်တို့ မိဘတွေဟာ ကျွန်တော်တို့ဆီက တစ်ခုခုရရှိဖို့ မမက်မောတတ်ကြပါဘူး . . .

၂၀၁၃ နှစ်ဦး ဆောင်းရာသီ အထူးဆိုးဝါးသည့်အမေရိကန်တုတ်ကွေး ကာကွယ်ဆေးထိုးရန် နှိုးဆော် (ပြည်ပရောက်မြန်မာများ သတိပြုရန်)

၂၀၁၃ နှစ်ဦး ဆောင်းရာသီ အထူးဆိုးဝါးသည့်အမေရိကန်တုတ်ကွေး ကာကွယ်ဆေးထိုးရန် နှိုးဆော်

မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၃

ယခုနှစ် ဆောင်းရာသီတွင် ကူးစက်နှုန်းအလွန်မြန်ဆန်ပြီး အထူးဆိုးဝါးပြင်းထန်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုး နှင့် တုတ်ကွေးရောဂါများ အမေရိကန်ပြည်အနှံ့ ဖြစ်ပွားနေသည့်အတွက် မိသားစုများ၊ ကျောင်းသား လူငယ်များ၊ လူကြီးများ ကြိုတင်ပြီး တုတ်ကွေးကာကွယ်ဆေး ထိုးထားကြရန် အမေရိကန်ကျန်မာရေးအဖွဲ့များ၊ မီဒီယာများက တိုက်တွန်းနှိုးဆော်ထားသည်။

အမေရိကန် တောင်ပိုင်း တက္ကဆပ်ပြည်နယ်မှသည် အမေရိကန်မြောက်ပိုင်း အင်ဒီယာနာပြည်နယ်တို့အထိ အသေအပျောက် ရှိသည်အထိ တုတ်ကွေးကူးစက်မှုများ ရှိနေကြောင်း သတင်းများက ဆိုသည်။ အအေးမိ နှာစေးဖြစ်သည်နှင့် ကောင်းမွန်စွာ အနားယူရန်၊ လက်ဆေးရန်၊ လူအများနှင့် ထိတွေ့မှုမှ ရှောင်ရှားရန် စသည့် တကိုယ်ရေစောင့်ရှောက်မှုမှသည် ဆေးရုံ ဆေးခန်းများတွင် ပြသပြီး ကုသမှုခံယူရန်၊ မဖြစ်ပွားမီ ကြိုတင် တုတ်ကွေးကာကွယ်ဆေးထိုးထားကြရန် တိုက်တွန်းလျက်ရှိသည်။

အမေရိကန်လူဦးရေ သန်း ၃၀၀ အနက် လူ ၁သန်းကျော်အထိ စိုးရိမ်ဖွယ် ဖျားနာမှုဖြစ်သည်အထိ ကူးစက်နိုင်ကြောင်း၊ လူ ၂ သောင်းကျော်အထိ သေကျေပျက်စီးနိုင်ကြောင်း၊ ပြည်နယ် ၅၀ အနက် ၄၀ ပြည်နယ်အထိ တုတ်ကွေးပြန့်နှံ့မှု ရှိကြောင်း သတင်းများက ဆိုသည်။ 

အခြေခံလူတန်းစာများ၊ သက်ကြီးရွယ်အိုများအတွက် အစိုးရနှင့် ပြည်နယ်အစိုးရတို့က အခမဲ့ သို့မဟုတ် အသက်သာဆုံး စောင့်ရှောက်မှုအဖြစ် တုတ်ကွေးဆေးထိုးပေးလျက်ရှိသည်ဟု သိရသည်။

ဇန်န၀ါရီ ၁၁၊ ၂၀၁၃

ယခုနှစ် ဆောင်းရာသီတွင် ကူးစက်နှုန်းအလွန်မြန်ဆန်ပြီး အထူးဆိုးဝါးပြင်းထန်သော အအေးမိ၊ နှာစေး၊
ချာင်းဆိုး နှင့် တုတ်ကွေးရောဂါများ အမေရိကန်ပြည်အနှံ့ ဖြစ်ပွားနေသည့်အတွက် မိသားစုများ၊ ကျောင်း
သား လူငယ်များ၊ လူကြီးများ ကြိုတင်ပြီး တုတ်ကွေးကာကွယ်ဆေး ထိုးထားကြရန် အမေရိကန်ကျန်မာရေး
အဖွဲ့များ၊ မီဒီယာများက တိုက်တွန်းနှိုးဆော်ထားသည်။

၁၂.၁.၂၀၁၃ မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြူကြိုဆိုပါသည်

ဒုံးယိမ်းတွေ ရင်ထဲရောက်လာတယ် ...
 နှလုံးသားလေး ဒုံးယိမ်းကနေတယ် ...
  
ကရင်လို ကတော့ ဒုံး ပါဘဲ။ မြန်မာလို 'ယိမ်း' နဲ့ ပေါင်းလိုက်တော့ မျက်စိထဲမှာ ကွက်ကွက် ကွင်းကွင်း ပေါ်လာတာ ပေါ့ဗျာ။ 

[*ပုံ-၂၀၀၈ခု ကရင်နှစ်သစ်ကူးပွဲ - ရန်ကုန် (ခင်မောင်ဝင်း/အေအဖ်ပီ/ဂတ်တီပုံရိပ်များ)]


ဒီနေ့မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြူကြိုဆိုပါတယ်..။ ကရင်ပြည်နယ်အပါအ၀င် အမိမြန်မာပြည်တစ်ခုလုံး ထာဝ
ရငြိမ်းချမ်းရေး ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။ဒုံးယိမ်းတွေ ရင်ထဲရောက်လာတယ် ...နှလုံးသားလေး 
ဒုံးယိမ်းကနေတယ် ...

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့်လက်ရှိတွင်GSM Mobile Phone များအား ဈေးနှုန်းများချပြီး ပြည်သူများအားရောင်းချပေးမည်ဆိုသော်ငြားလည်း ၀န်ဆောင်မှုအပိုင်းတွင်တိုးတက်လာခြင်းမရှိသေးပေ။ဖုန်းပျောက်အပျက်များအား ပြန်လည်လျေက်ထားရာတွင်လည်း ကောင်း၊ Mobile Phone Internet Access များလျောက်ထားခြင်း တို့တွင် ယခုအချိန်ထိလာဘ်ပေးလာဘ်ယူမှုများနှင့် အချိန်ကြံ့ကြာပြီး လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။

Samsung မှထပ်မံဖြန့်ချိတော့မည့် Samsung Galaxy S II Plus



၂၀၁၁ ခုနှစ် မေလက စတင်ရောင်းချတဲ့ Samsung Galaxy SII က ကမ္ဘာ့ရောင်းအားကောင်း စမတ်ဖုန်းအဖြစ် သူ့
ခတ်သူ့ခါမှာ စံချိန်တင်ခဲ့ ပြီး SII ကို နောက်ထပ် အသက်ဆက်စေမယ့် S II plus ကို ပြန်လည် ထုတ်လုပ်လိုက်ပြီ
ဖြစ်ပါတယ်။ယခု လက်ရှိ CES မှာ ပြသနေသော စမတ်ဖုန်း ဖြစ်ပြီးယမန်နှစ်Samsung Galaxy S II ကိုမှ ဗားရှင်းထပ်မင့်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။

တိုက်ပွဲ ငြိမ်သက် နေရာမှ ဖါးကန့် ဒေသတွင် ပြန်ဖြစ်လာ

တိုက်ပွဲ ငြိမ်သက် နေရာမှ ဖါးကန့် ဒေသတွင် ပြန်ဖြစ်လာ

 Friday, 11 January 2013 Written by အဲာပိုန်

ယမန်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ အထွက် ကားမိုင်း ကျေးရွာ အ၀င် ကြားတွင် အစိုးရ စစ်ယာဉ်တန်းကို KIA တပ်မဟာ (၂) တပ်ရင်း (၆)မှ မိုင်းခွဲ တိုက်ခိုက် လိုက်သည်ဟု တပ်မဟာ (၂) မှ KIA စစ်အရာရှိ တဦးက ပြောပါသည်။ 

“ အစိုးရ တပ်တွေ မလှုပ်ရှားဘူး ဆိုရင်တော့ ကျနော်တို့လည်း မပစ်ပါဘူး။ အခုတက်လာတဲ့ ယာဉ်တန်းကတော့ စစ်ယာဉ် တန်းဆိုတော့ တိုက်ရတာပေါ့။ ကားတန်းကို မိုင်းနဲ့ ခွဲပစ်လိုက်တာပါ။ အစိုးရဖက်ကတော့ (၃) ယောက်လောက် ထိခိုက် တယ်လို့တော့ ကြားရပါတယ်။ ဒီလို တိုက်ခိုက်လိုက်တဲ့ အတွက် သူတို့က ရွာသားအိမ်တွေကို မီးလိုက်ရှို့တယ်ဗျ။” ဟု ဆိုပါသည်။

အစိုးရ တပ်များသည်၊ ယခုကဲ့သို့ အတိုက်ခိုက် ခံရသဖြင့် လုံးခင်း -ကားမိုင်း လမ်းမကြီး၌ရှိသော လောခန်းရွာသား ဦးလ ဖိုင်ရာဆိုင်း အိမ်ကို မီးရှို့ လိုက်ပါသည်။ အိမ် ၃ လုံး မီးလောင်သွားပြီး သစ်ခွဲစက်၊ ဆိုင်ကယ်တစီး၊ စက်ဘီးတစီး မီးလောင် သွားပါသည်။

KIA မိုင်းခွဲသော နေရာမှာ ကားမိုင်းရှိ ကျောက်စိန်တောင် ကုမ္မဏီ အနီးတွင် ဖြစ်ပါသည်။ ကားအစီးရေ (၄၀) ခန့် ရှိပြီး ကျည်ဆံနှင့် ရိက္ခာများ တင်ဆောင်လာသည့် အတွက် မိုင်းဖြင့် ဆီးကြို တိုက်ခိုက် လိုက်ခြင်းဖြစ်သည်ဟု မိုင်းခွဲခဲ့သော KIA တပ်ရင်း (၆) ၏ တပ်ခွဲ (၂) မှူးက ဆိုပါသည်။ 

ကားတန်းတွင် ပါလာသော အစိုးရ တပ်များသည် လမ်းလုံခြုံရေးအတွက် တာဝန် ယူနေကျ အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၃) မဟုတ်ဘဲ တပ်သစ်ဖြစ်ဖွယ် ရှိသည်ဟု KIA ဖက်က ယူဆပါသည်။

KIA တပ်မဟာ (၂) ကို စစ်ဆင်ရန် အစိုးရ တပ်မ (၃၃) တပ်ရင်း အချို့နှင့် တပ်မ (၇၇) မှ တပ်ရင်း အချို့ လာရောက်ဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ဤသတင်းများနှင့်အတူ အစိုးရ တပ်များသည် ကာမိုင်း-လုံခင်း ကားလမ်းကို အရပ်သားများ အသုံးမပြုရန် ပိတ်ထားလိုက်သည့် အတွက် တိုက်ခိုက်မှုများ ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ယမန်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ အထွက် ကားမိုင်း ကျေးရွာ အ၀င် ကြားတွင် အစိုးရ စစ်ယာဉ်တန်းကို KIA တပ်မဟာ (၂) တပ်ရင်း (၆)မှ မိုင်းခွဲ တိုက်ခိုက် လိုက်သည်
ဟု တပ်မဟာ (၂) မှ KIA စစ်အရာရှိ တဦးက ပြောပါသည်။