Pages

Sunday, January 6, 2013

ထော်လာဂျီပေါ်၌ လူသတ်မှုဖြစ်

ထော်လာဂျီပေါ်၌ လူသတ်မှုဖြစ်
Sunday, 06 January 2013

၅-၁-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်း ကျေးရွာနေ ဦးကြည်မြင့်(၆၃)နှစ်သည်
နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ တူဖြစ်သူ ရဲထွန်းဦး (၄၁)နှစ် မှ လယ်တဲသို့ ကောက်လှိုင်းတင်ရန် ထော်လာဂျီဖြင့် သွားရောက်စဉ် ဓါးထိုးခံရ၍ သေဆုံးသွားကြောင်း ရဲထွန်းဦး၏ဇနီး မမြကြည်မှ လာရောက် ပြောကြားခဲ့သဖြင့် သွားရောက်ကြည့်ရှု့ခဲ့ရာ ကော့ဒွန်းကျေးရွာ
နှင့် ပြည်တော်သာလမ်းဆုံ၌ ရဲထွန်းဦးအား ထော်လာဂျီပေါ်တွင် လည်ပင်းဝဲဘက်ထိုးသွင်း ဒဏ်ရာ(၁)ချက် ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရသည်။

ဖြစ်စဉ်မှာ တစ်ရွာတည်းနေ မောင်မြ(၅၆)နှစ်မှ ရဲထွန်းဦး၏
ထော်လာဂျီပေါ်တွင်လမ်းကြုံလိုက်လိုကြောင်း ပြောဆိုကာ
ထော်လာဂျီပေါ်သို့ တက်လာပြီး ၎င်း၏ ဇနီးဖြစ်သူနှင့် လူမှုရေး
ဖောက်ပြန်သည်ဟုစွပ်စွဲ၍ အသင့်ပါလာသောဓါးဖြင့် ထိုးသတ်ခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။ 

အမှုအား ဦးကြည်မြင့်မှ တိုင်တန်း၍ ကွမ်းခြံကုန်းရဲစခန်း (ပ)၄/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

၅-၁-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်း ကျေးရွာနေ ဦးကြည်မြင့်(၆၃)နှစ်သည်နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ တူဖြစ်သူ ရဲထွန်းဦး(၄၁)နှစ် မှလယ်တဲသို့
ကောက်လှိုင်းတင်ရန် ထော်လာဂျီဖြင့် သွားရောက်စဉ် ဓါးထိုးခံရ၍ သေဆုံးသွားကြောင်းရဲထွန်းဦး၏ဇနီးမမြ
ကြည်မှ လာရောက် ပြောကြားခဲ့သဖြင့် သွားရောက်ကြည့်ရှု့ခဲ့ရာ ကော့ဒွန်းကျေးရွာနှင့် ပြည်တော်သာလမ်း
ဆုံ၌ ရဲထွန်းဦးအား ထော်လာဂျီပေါ်တွင် လည်ပင်းဝဲဘက်ထိုးသွင်း ဒဏ်ရာ(၁)ချက် ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရသည်။

ဆေးကျောင်းသူ မုဒိန်းကျင့်ခံရမှုကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ဆန္ဒပြပြီးနောက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူ မုဒိန်းကျင့်ခံရမှုအတွက် NLD ပါတီအား မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမည်

ဆေးကျောင်းသူ မုဒိန်းကျင့်ခံရမှုကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ဆန္ဒပြပြီးနောက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူ မုဒိန်းကျင့်ခံရမှုအတွက် NLD ပါတီအား မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမည်

အိန္ဒိယတွင် ဆေးကျောင်းသူ မုဒိန်းကျင့်ခံရမှုကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြနေချိန်တွင် မြန်မာနိုင်ငံတွင်လည်း NLD ကျူရှင်တာဝန်ခံမှ  ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူ မုဒိန်းကျင့်ခံရမှုအတွက် NLD ပါတီအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြကြမည်ဟု သတင်းရရှိသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်း မြို့နယ် (၇) ရပ်ကွက်၊ အနော်ရထာ လမ်းရှိ NLD ပညာဒါန ကျူရှင် ကျောင်းမှ ကျောင်း တာဝန်ခံ ခင်မောင်ထူး (ခ) သားကြီးက ယင်းကျောင်း တွင် တက်ရောက် နေသူ အသက် ၁၅နှစ် အရွယ်ရှိ မ ------ ကို ဇန်နဝါရီ ၃ရက်နေ့ မွန်းလွဲ ၁၂နာရီကျော် ခန့်က အလိုမတူ အဓမ္မ ပြုကျင့်မှု ဖြစ်ပွား ခဲ့ကြောင်း ပန်းဘဲတန်း မြို့ခံ များနင့် ရဲတပ်ဖွဲ့ဝင် များထံမှ သိရသည်။

NLD ပါတီရုံး ပညာဒါန ကျူရှင်ကျောင်း တွင် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ ပြီးချိန်တွင် ခင်မောင်ထူး(ခ) သားကြီးက ကိုကာကိုလာ အချိုရည် သံဗူးထဲတွင် မူးမေ့ စေတတ်သော ဆေး ထည့်တိုက်၍ မူးမေ့ နေစဉ် အလို မတူပဲ အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်က မကျေနပ်၍ ပန်းဘဲတန်း မြို့နယ် ရဲစခန်း တွင် အမှုဖွင့် တိုင်ကြားထားသည်။
 
၎င်းကိစ္စနှင့်ပတ်သက်၍ NLD မှ  ၎င်းတို့ နှစ်ဦးမှာ ရည်းစားများဖြစ်ကြောင်း၊ လက်ထပ်ဖို့ သဘောတူထားသူများဖြစ်ကြောင်း၊ မုဒိန်းကျင့်သူမှာ NLD ပါတီဝင် မဟုတ်ကြောင်းနှင့် မုဒိန်းကျင့်ခံရသူမှာ ကျောင်းသူမဟုတ်ကြောင်း ယုတ်တိမရှိသော ဖြေရှင်းမှုများ ရှိခဲ့သည်။

မုဒိန်းကျင့်တဲ့ ကုလား အသက်က ၂၂ နှစ် ရှိပြီး မိန်းကလေး အသက်က (၁၅) နှစ် ပဲ ရှိသေးတာကြောင့် ရည်စားတွေ ဆိုတာ လက်ခံနိုင်စရာမရှိပေ။ ထို့အပြင် အသက်လည်း မပြည့်သေးတာကြောင့် လက်ထပ်ဖို့ သဘောတူထားသည်ဆိုတာလဲ ယုတ်တိမရှိကြောင်း ပြည်သူအများက ဝေဖန်ထောက်ပြခဲ့ကြသည်။

 မှုဒိန်းကျင့်သူ  မှာ NLD ပါတီဝင်လည်း မဟုတ် ချိန် ကောင်မလေးက ပညာဒါနက ကျောင်းသူလည်း မဟုတ်ပဲနှင့် NLD ရုံးခန်းထဲတွင် ယခုကဲသို့ ကာမ ကျူးလွန်နေခြင်းအတွက် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။

၎င်းကိစ္စနှင့် ပတ်သက်၍  ပါတီရံပုံငွေ အတွက် အခန်းငှားခြင်းဖြစ်နေိုင်ကြောင်း၊  လမ်းဘေးက အလေနတောတွေက NLD ရုံးခန်းထဲ ဝင်ပြီး ချောက်ကညင်းဂျော ဆွဲနေကြောင်း၊  NLD ပညာဒါန ဆိုပြီး အမည်ခံ တည်းခိုခန်းများသာ ဖြစ်ကြောင်း၊  တရားဥပဒေ စိုးမိုးရေး လို့ တွင်တွင် အလုပ်နဲ့ သက်သေမပြပဲ ပါးစပ်က နေ လေနဲ့ပဲ အော်ပြီး ကိုယ့်အလှည့် မှာ နာမည် ပျက်မှာ သိပ်ကြောက် နေကြကြောင်း လူထု က ပြင်းပြင်းထန်ထန် ဝေဖန်လျှက်ရှိကြသည်။

၎င်း ကိစ္စနှင့် ပတ်သက်၍ NLD ကို လူထုက ဆန္ဒပြရန် စီစဉ်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဝါဒဖြန့်တယ် ထင်မှာစိုးလို့ ဘယ်သူ့ကိုမှ Tag ပေးမထားဘူး

From:နီးစပ်သူ တစ်ဦးထံမှ

အိန္ဒိယတွင် ဆေးကျောင်းသူ မုဒိန်းကျင့်ခံရမှုကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြနေချိန်တွင် မြန်မာနိုင်ငံတွင်လည်း NLD ကျူရှင်တာဝန်ခံမှ ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူ မုဒိန်းကျင့်ခံရမှုအတွက်NLDပါတီအားတစ်
နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြကြမည်ဟု သတင်းရရှိသည်။

""လုံ...မ ကောင်းမယ် လုံမငယ်"" (မိန်းကလေးတိုင်းကို ဖတ်စေချင်ပါတယ် )

မိန်းကလေးတိုင်းကို ဖတ်စေချင်ပါတယ် 
Share ပေးကြပါအုံး
.........................................................................
              ""လုံ...မ ကောင်းမယ် လုံမငယ်""
From : အရှင်ပညာဝံသ (ဥပဒေ)/ B.A 1st year (S.B.A)
ရွှေမဂ္ဂင် စာသင်တိုက် ၊ မန်းတောင်ခြေ။

လှလိုက်တဲ့ မြန်မာစာလုံးလေးဗျာ `` လုံမ ´´ တဲ့
အဓိပ္ပါယ်နဲ့ ပြည့်စုံပြီးတော့ ကျက်သရေရှိလိုက်တာ။ ရှေးက စကားလုံးကို သုံးသွားတဲ့သူများ ဘယ်လောက်တော်ကြသလဲဗျာ။

အခုခေတ်တော့ အခေါ်ဝေါ်လေးတွေက ပြောင်းသွားပြီလေ။ ယောက်ျားလေးတွေက မိန်းကလေးများ သုံးနှုံးကြတာ `` ဆော် ´´တဲ့။
အတိတ် နိမိတ် ဘယ်လောက်ကောင်းလိုက်သလဲ။
ဒါကြောင့် မို့လားမသိ နိုင်ငံ အချင်းချင်း ဆော်လိုက်ကြ။ လူမျိုး အချင်းချင်းလဲ ဆော်လိုက်ကြ။ ဆော် လို့ကို မပြီးနိုင်တော့ဘူး။ သွေးမြေကျမှုတွေ များများလာတယ်နော်။
ဒါပေမယ့် ဗုဒ္ဓဘာသာကြောင့်တော့ သွေးမြေကျမှု နှစ် ၂၅၀၀ ကျော်လာပြီ မရှိသေးပါဘူး။့ ဂုဏ်ယူစရာလေး တစ်ခုပါ။
ဘာကြောင့်လဲ ဆိုတော့ ဒို့ဘုရားက ငြိမ်းချမ်းရေးဝါဒ ဖြစ်လို့မို့လေ။
အဲ sorry .. ပါ လိုရင်းကို မေ၇ာက်နိုင်ဘူး ။

ဒီတော့ `` လုံခြုံ အောင်ဝတ်စားတတ်တဲ့ မိန်းမ မို့လို့ လုံမ ´´ ဒီလိုလေး အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ဦးဇင်းအယူအဆ ပြောတာပါ
လက္ခံ သင့် ၊ မသင့် ကိုတော့ ကိုယ်ပိုင်ဦးနှောက်လေးနဲ့ စိစစ် ဝေဖန်ပေးကြပါ။
ဟုတ်ပြီ ဒီတော့ မလုံတလုံ ၀တ်စားနေကြတဲ့ ခေတ်သစ် ညီမလေးများ ၊ မမများဟာ ခေတ်မှီဖို့ ၀တ်ကြတာလား ?
လုံအောင် ၀တ်ရမှာ ကြောက်လို့ ၀တ်ကြတာလား ? ဆင်းရဲလို့ အလျားပြည့် အနံပြည့် မ၀တ်နိုင်ကြတာလား ? ဆိုတာတော့ မေးမကြည့်မိဘူး။
အကြောင်းတစ်ခုခု တော့ သူတို့ ဆီမှာ ၇ှိကြပါလိမ့်မယ်။
ဘာပဲ ဖြစ်နေဖြစ်နေ မလုံ မှ တော့ ပေါ်မှာပေါ့ ။
ပေါ်တော့ ဘာဖြစ်လဲ .... မြင်ကြမှာပေါ့။

ကတ်တဲ့လူတွေက တော့ ပြောကြပါလိမ့်မယ် `` အမလေး မကြည့်ရင်ရင် မမြင်ပါဘူး ´´ ။
ဟုတ်တာပေါ့ မျက်စိရှေ့တည့်တည့်တိုးပေမယ့် မျက်နှာလွှဲတဲ့သူက လွှဲလိမ့်မယ်။
မလွှဲနိုင်သူက ချောင်းကြည့်မယ်။ ဒီထက် ပိုတဲ့လူများက ဓာတ်ပုံတွေ အဖြစ်ပြောင်းလဲ ပစ်ကြတယ်လေ။
အဲ according to Buddhism ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်မယ် ဆို၇င်လဲ
လူတွေ မှာ ဒီ ဟိရိ နဲ့ သြတ္တပ္ပ ဆိုတဲ့ မကောင်းမှု လုပ်ရမှာ ကို ရှက်ခြင်း နဲ့ ကြောက်ခြင်း ကင်းမဲ့လာပြီဆို လောကကြီး ပျက်ဆီးတော့မှာပါတဲ့။ဒါ့ကြောင့် ဒီနှစ်ခုကို ကမ္ဘာစောင့် တရား နှစ်ပါးလို့ ခေါ်တာပါ။
ဒါဖြင့် ဒီလို ၀တ်စားဆင်ယင်မှု ဟာ မကောင်းမှု ထဲ သွင်းလို့ရသလား ?
တစ်ဆင့်ချင်း( step by step) စဉ်းစားကြည့်ကြရအောင်...

မိမိ ဒါမျိုး ပြုမှု လိုက်တဲ့ အတွက် မိမိ၏ ဆန့်ကျင်ဘက် လိင်(gender ) တစ်ဦးမှာ
(၁) မနောကံ အကုသိုလ်
(၂) တစ်ဆင့်တက်တော့ ဘယ်လိုဘယ်ညာ ပြောပြီဆို ၀စီကံ အကုသိုလ်
(၃) ထိမ်းမနိုင် သိမ်းမနိုင်လို့ ကိုယ်ထိ လက်ေ၇ာက် ကျူးလွန်လို့ရင် ကာယကံ အကုသိုလ်
ဒီလိုမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

မိမိ အတွက် နှင့် သူတစ်ပါး အကုသိုလ် ဖြစ်မယ်ဆိုရင်။ မိမိကိုယ်ကို အပြစ်ကင်းတယ်လို့ ယူဆသလား ?
အကုသိုလ် မဖြစ်လို့ ယူဆပါသလား ? ယူဆရင် လွဲသွားမယ်နော်။
ဒီစကားတွေက မိမိမြန်မာနိုင်ငံသူများသာ ပြောသင့်လို့ ပြောတာပါ။ တခြားမှာ ပြောလို့မရဘူးလေ။ ဘာလို့လဲ ဆိုတော့
သူတို့က ကုသိုလ် ဆို I don't know ၊ အကုသိုလ် ဆို I don't know ကိုး...
ကဲ ကိုယ်ကိုယ်တိုင်တော့ အပ်ချိတ်နဲ့ လိုက်ပြီး ဖာထေးမပေးနိုင်လို့ ဖတ်သွားမိသူများ ယူတတ်ကြပါစေ လို့ ဆန္ဒပြုရင်း
သြော် လုံ...မ တော်မယ် လုံမငယ်။ လုံ...မ တော်မယ် လုံမငယ်။

မေတ္တာဖြင့်

လှလိုက်တဲ့ မြန်မာစာလုံးလေးဗျာ `` လုံမ ´´ တဲ့အဓိပ္ပါယ်နဲ့ ပြည့်စုံပြီးတော့ ကျက်သရေရှိလိုက်တာ။ ရှေးက စကားလုံးကို သုံးသွားတဲ့သူများ ဘယ်လောက်တော်ကြသလဲဗျာ။ အခုခေတ်တော့ အခေါ်ဝေါ်လေးတွေက
ပြောင်းသွားပြီလေ။ ယောက်ျားလေးတွေက မိန်းကလေးများ သုံးနှုံးကြတာ `` ဆော် ´´တဲ့။အတိတ် နိမိတ်
ဘယ်လောက်ကောင်းလိုက်သလဲ။ဒါကြောင့် မို့လားမသိ နိုင်ငံ အချင်းချင်း ဆော်လိုက်ကြ။ လူမျိုးအချင်းချင်း
လဲ ဆော်လိုက်ကြ။ ဆော် လို့ကို မပြီးနိုင်တော့ဘူး။ သွေးမြေကျမှုတွေ များများလာတယ်နော်။

မကွေးတိုင်း ဒေသကြီး အတွင်းက ဆောမြို့မှာ အင်တာနက်လိုင်းများ ပိတ်ခံထားရ

ဆောမြို့မှာ အင်တာနက်လိုင်းများ ပိတ်ခံထားရ
..................................................................
မကွေးတိုင်း ဒေသကြီး အတွင်းက ဆောမြို့ဟာ ချင်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်း အနောက်မြောက် အစွန်ဒေသမှာ ရှိပါတယ်။ အဲဒီဒေသမှာ လွန်ခဲ့တစ် ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး ကျန်နှစ်သိန်း ၀န်းကျင် ဖုန်းတွေ ချပေးတဲ့ အချိန်ကစပြီး ဆောမြို့ဝန်းကျင်က ဒေသခံတွေ ဆက်သွယ်ရေး အဆင်ပြေစေ ရန်အတွက် GSM တာဝါတိုင် ဆောက်လုပ်ပေး ထားပါတယ်။

မူလ Survey  တွေလာလုပ်တုန်းက ဆောမြို့ အရှေ့ဘက်က တောင်ပေါ်မှာ ထားဖို့ ရည်ရွယ်ခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့ ရုံးနားမှာဘဲ ထားဖို့ ပြောတဲ့အတွက် မြို့အနောက်ပိုင်းမှာ ပြောင်းရွှေ့တည်ဆောက်ခဲ့ရတယ်လို့ ဆက်သွယ်ရေးလုပ်ငန်းမှာ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ 

ဆောမြို့မှာ GSM တာဝါအတွက် သုံးဖို့ မီးစက်နှင့် စက်ဆီကိုလည်း အစိုရက လုံလောက်စွာ ချထားပေးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆောဒေသခံများမှ ဖုန်းဆက်သွယ်ရေး အဆင်ပြေပြီး အင်တာနက်ပါ သုံးနိုင်တာကြောင့် နိုင်ငံတကာသတင်းတွေနှင့် ပြည်တွင်းသတင်းတွေကိုလည်း အချိန်နှင့် တပြေးညီ ဖတ်ကြရပါတယ်။

ပြသနာက ၂၀၁၂ အောက်တိုဘာလလောက်က စပါတယ်။ ဆောမြို့ရဲ့ အဓိက တံတားပေါ်မှာ တန်ပိုတင်ဆောင်ထားတဲ့ ကားတစ်စီး ဖြတ်မောင်းလို့ တံတားကျိုးသွားခဲ့တာကို မြို့ခံတစ်ယောက်က အင်တာနက်ပေါ် သတင်းဖြန့်လိုက်ပါတယ်။

 ဒါကြောင့် ဆောက်လုပ်ရေးက သူတို့ အစဉ်အဆက် တံတားကို ပြုပြင် ထိန်းသိမ်းမှုမရှိတာတွေကို အထက်လူကြီးတွေသိသွားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကိုပါ သတိပေးခံရတာကြောင့် နောက်ပိုင်းမှာ အင်တာနက် ဆက်သွယ်လို့ မရအောင် မြို့နယ်ဆက်သွယ်ရေး ဦးစီးမှူးကို လုပ်ခိုင်းပါတယ်။ 

ဒါကြောင့် အခုဆိုရင် ဆောမြို့ပတ်ဝန်းကျင်ဒေသက လူတွေဟာ မနက် ၇ နာရီကနေပြီး ည ကိုးနာရီအထိ (Solar battery  အားရှိတဲ့အချိန်အထိပဲ) ဆက်သွယ်လို့ရပါတော့တယ်။ အင်တာနက်ဆိုရင် လုံးဝ သုံးလို့ မရတာ ၂၀၁၂ ဒီဇင်ဘာလလယ်လောက်ကတည်းက ဖြစ်ပါတယ်။

 အစိုးရက စက်သုံးဆီ ချထားပေးပေမယ့်  ဆီကို ရောင်းချပြီး Solar  နှင့် Battery အားသွင်းကာ အားရှိတဲ့ ပမာဏလောက်ပဲ GSM တာဝါတိုင်ကို ဖွင့်ထားပေးပါတယ်။ ဒါကြောင့် ဒေသခံတွေအနေနှင့် အရေးကြီးသော်လည်း ဖုန်းခေါ်လို့မရ ဖြစ်နေကြရကြောင်း အထက်လူကြီးမင်းများ သိအောင် တင်ပြလိုက်ရပါတယ်။

ဆောမြို့ ခံ ပြည်သူတဦး...သစ်ထူးလွင်

မကွေးတိုင်း ဒေသကြီး အတွင်းက ဆောမြို့ဟာ ချင်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်း အနောက်မြောက် အစွန်ဒေသမှာ ရှိပါတယ်။ အဲဒီဒေသမှာ လွန်ခဲ့တစ် ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး ကျန်နှစ်သိန်း ၀န်းကျင် ဖုန်း
တွေ ချပေးတဲ့ အချိန်ကစပြီး ဆောမြို့ဝန်းကျင်က ဒေသခံတွေ ဆက်သွယ်ရေး အဆင်ပြေစေ ရန်အတွက် GSM တာဝါတိုင် ဆောက်လုပ်ပေး ထားပါတယ်။

အကယ်ဒမီရရှိပြီးနောက် တာဝန်တစ်ခု ပိုလာသည်ဟု ချစ်စနိုးဦးဆို

အကယ်ဒမီရရှိပြီးနောက် တာဝန်တစ်ခု ပိုလာသည်ဟု ချစ်စနိုးဦးဆို

ရန်ကုန်၊ ဇန်နဝါရီ၊ ၇။

၂၀၁၁ ခုနှစ် အကောင်းဆုံးဇာတ်ပို့ဆု ရရှိခဲ့သော အကယ်ဒမီ ချစ်စနိုးဦးက အကယ်ဒမီ ရရှိပြီးနောက် သူမအနေဖြင့် တာဝန်တစ်ခုပိုလာသည် ဟု မြန်မာ့
ခေတ်သို့ ပြောကြားသည်။

ရင်ကွဲနာ ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့ခြင်းဖြစ်ပြီး အနုပညာလောက တွင်းသို့ ရောက်ရှိခဲ့သည်မှာ ကိုးနှစ်တာ ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

“အရှေ့မှာ အကယ်ဒမီဆိုတဲ့ တစ်လုံးလည်း ပိုလာတယ်ဆိုတော့ အစ်မ အပေါ်တာဝန်ပိုကြီးသွားတာပေါ့။ ဒီဟာအတွက်နဲ့ ထိုက်တန်တယ်ထင် လို့ ပေးထားတယ်၊ အဲဒီအပေါ်မှာလည်း ကိုယ့်ကိုပေးရကျိုးနပ်အောင် ဘယ်ဟာနဲ့ဖြစ်ဖြစ် အကောင်းဆုံးကြိုးစားသွားမယ်။” ဟု ချစ်စနိုးဦးက
ပြောကြားသည်။

ရင်ကွဲနာ ဇာတ်ကားတွင် ချစ်စနိုးဦးသည် အခေါင်းရိုက်၍ အသက်မွေးရ
သော မိသားစုတွင် ပေါက်ဖွားလာပြီး ဆင်းရဲချို့တဲ့ စွာ ကြီးပြင်းလာရသည့် ဇာတ်ပို့တစ်ဦးအနေဖြင့် သရုပ်ဆောင်ခဲ့ရသည့်အပြင် လုပ်ကျွေးနေသော အစ်ကိုအကြီးဆုံးအပေါ် ညှာတာ သိတက်သည့် ညီမတစ်ဦးအနေဖြင့်လည်း ပီပြင်စွာ သရုပ်ဆောင်ခဲ့ရသည်။

ဆက်လက်၍ “အစ်မတို့ ခေတ်တုန်းကဆိုရင် နေရာရဖို့ဆိုတာ တော်တော်
ကြိုးစားရတယ်။ ခေါင်းဆောင်ဆိုတာ စဝင်လာတာနဲ့ ရတာမဟုတ်ဘူး။
နှစ်နှစ်၊ သုံးနှစ်လောက်ကို အသည်းအသန်နဲ့ သူငယ်ချင်းခန်းတို့၊ မင်းသမီး
ရဲ့ ညီမတို့ အဲလိုဟာလေးတွေကမှ ခေါင်းဆောင်ဆိုပြီး ဖြစ်တာပေါ့။ ခုခေတ်
ကတော့ အိုက်တင်လုပ်တတ်ရင် တော်ရင်၊ ကောင်းရင် ချက်ချင်းကို ခေါင်း
ဆောင်လည်း ဖြစ်နိုင်တယ်။ အခွင့်အရေးတွေလည်း အများကြီး ရှိတယ်’’ ဟု ချစ်စနိုးဦးက ဆိုသည်။

သူမအနေဖြင့် တစ်ကိုယ်တော်တေးစီးရီးကို သင်္ကြန်မတိုင်ခင် ထွက်ရှိရန် ကြိုးစားလျှက်ရှိနေကြောင်း သိရပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် အစီစဉ် မရှိသေးကြောင်းနှင့် အဆိုပါ တေးစီးရီး ထွက်ရှိပြီးမှသာ ရိုက်ကူးရန် ပြင်
ဆင်မည် ဖြစ်ကြောင်း သိရသည်။

အိအိ
ဓာတ်ပုံ - စူးရှ

အေးချမ်းမွန်မှ  The Myanma Ageတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

၂၀၁၁ ခုနှစ် အကောင်းဆုံးဇာတ်ပို့ဆု ရရှိခဲ့သော အကယ်ဒမီ ချစ်စနိုးဦးက အကယ်ဒမီ ရရှိပြီးနောက် သူမ
အနေဖြင့် တာဝန်တစ်ခုပိုလာသည် ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဘာတွေ ဖြစ်ကုန်ကြပြီလဲ - မင်းလူ(၁၉၈၉)

ဘာတွေ ဖြစ်ကုန်ကြပြီလဲ - မင်းလူ(၁၉၈၉)
=======================
(၁)

အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)

ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..။

(၅)

သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရ"တဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့ ။

(၆)

ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ဘီလူးသွားကို လဖြဲ” တည်းတဲ့

နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ……..။

မင်းလူ(၁၉၈၉)

(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက်

မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက်
...............................................................................
မြင်းမူ ဇန်နဝါရီ ၅
ယမန်နေ့ နံနက် ၄ နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ
ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက် ကားလမ်း  မိုင်တိုင် အမှတ် (ဝ/၅) နှင့် (ဝ/၇) အကြားတွင် မန္တလေးဘက်မှ မောင်အောင်လျှံသော်  ၂၂ နှစ် (ဘ) ဦးမျိုးအောင် (ယာဉ်မောင်း) ၅၈ လမ်း အောင်ဆန်းလမ်းနှင့် မနော်ဟရီ လမ်းကြား ချမ်းမြသာစည် မြို့နယ် မန္တလေးမြို့ နေသူ မောင်းနှင်သည့်  နီဆန်းယူရီ အပြာရောင် ဆယ်ဘီး ယာဉ်အမှတ် ၂ဂ/----- သည် အခင်းဖြစ်နေရာ အရောက်တွင်  ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက် ဆွဲဆင်းသွားကာ တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါ  ဦးဇော်မင်း ၂၉ နှစ်  (ဘ) ဦးသိန်းဝင်း (ကျပန်း) ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် ဧရာဝတီတိုင်း ဒေသကြီးမှာ ညာနံဘေး ရောင်ကိုင်း ပွန်းပဲ့ ဒဏ်ရာဖြင့်  သေဆုံး သွားခဲ့ကြောင်း သိရသည်။ ထို့အတူ အောင်ကျော်မင်း ၁၉ နှစ် (ဘ) ဦးစိန်ထွန်း (ယာဉ်နောက် လိုက်) မြို့ကြီးရွာ ဦးထောင် ကျေးရွာအုပ်စု တောင်ငူမြို့နယ် နေသူမှာ ခေါင်းနောက် စေ့ပေါက် (မစိုးရိမ်ရ)၊ သန်းထွန်းအောင် ၃၇ နှစ် (ဘ) ဦးစိန်သန်း တောင်သူ ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် နေသူမှာ ဒဏ်ရာရရှိပြီး  ချစ်ဖြိုးဟိန်း ၁၈ နှစ် (ဘ) ဦးအောင်မောင်း  (ယာဉ်နောက်လိုက်)  ပုဇွန်မြောင် စံပြရွာ  ညောင်လေးပင် မြို့နယ် နေသူမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း စစ်ဆေးတွေ့ ရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  ယာဉ်မောင်း မောင်အောင်လျှံသော်အား မြင်းမူ ရဲစခန်းမှ (ပ)၄/၂ဝ၁၃  ပြစ်မှု  ပုဒ်မ ၃ဝ၄-က၊ ၃၃၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။http://www.myawady.net.mm

ယမန်နေ့ နံနက် ၄နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်းသတင်း
အရယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက် ၃ နာရီ ၄၅မိနစ်ခန့်
က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက်ကားလမ်းမိုင်တိုင်အမှတ် (ဝ/၅) နှင့် (ဝ/၇)အကြားတွင်

ယနေ့ နေ့လည် ၁၁း၄၅ နာရီ ခန့်က မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၊ ပုသိမ်ကြီးမြို့နယ် ထုံးဘို အနီးတွင် ယာဉ် ၃ စီး တိုက်မိ

၆-၁-၁၃ နေ့ နေ့လည် ၁၁း၄၅ နာရီ ခန့်က မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၊ ပုသိမ်ကြီးမြို့နယ် ထုံးဘို အနီးတွင် ယာဉ် ၃ စီး တိုက်မိရာ ၂ စီး ကိုမြင်တွေ့ရစဉ်။ အခြား ယာဉ်တစီး ယာဉ်အမှတ် လ/၆၄--(ဆပ်ဖ်) ခဲပုတ်ရောင် မှာ လမ်း ဘေး သို့ ဖယ်ရှင်း ထားပြီး ဖြစ်သည်။

(ဖြစ်စဉ်မှာ လမ်းကြောပြောင်းပြန်မောင်းလာသော လုပ်ငန်းသုံး ၁၀ဘီးယာဉ်(၈ဃ/၇၈၁၂) နှင့် အိမ်စီးယာဉ် (၄ဂ/၁၆၅၈)တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ နောက်မှ ယာဉ် (လ/၆၄၀၈) ကပါ ဆက်၍ တိုက်မိကြခြင်း ဖြစ်သည်။)

ဓါတ်ပုံ-ကိုဝိုင်ဝိုင်ကေ
ဓါတ်ပုံ-ကိုဝိုင်ဝိုင်ကေ
၆-၁-၁၃ နေ့ နေ့လည် ၁၁း၄၅ နာရီ ခန့်က မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း၊ပုသိမ်ကြီးမြို့နယ်ထုံးဘိုအနီးတွင်
ယာဉ် ၃ စီးတိုက်မိရာ၂ စီးကိုမြင်တွေ့ရစဉ်။အခြားယာဉ်တစီး ယာဉ်အမှတ် လ/၆၄--(ဆပ်ဖ်) ခဲပုတ်ရောင်
 မှာ လမ်း ဘေး သို့ ဖယ်ရှင်း ထားပြီး ဖြစ်သည်။

လွတ်လပ်ရေးနေ့၌ ကရင်ပြည်နယ် ကမမောင်းမြို့နယ်တွင် BGF အယောင်အဆောင်များ ဝင်ရောက်ပစ်ခတ်

လွတ်လပ်ရေးနေ့၌ ကရင်ပြည်နယ် ကမမောင်းမြို့နယ်တွင် BGF အယောင်အဆောင်များ ဝင်ရောက်ပစ်ခတ်

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင်
ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် တွင်း
နယ်ခြားစောင့်တပ်(BGF) အယောင်ဆောင်
များဟု ယူဆရသူများက မြို့နယ်တွင်းရှိ
စစ်ဆေးရေးဂိတ်များအား ဝင်ရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ဝင်ရောက် ပစ်ခတ်သွားသူများသည် BGF အဝတ်အစားများ ဝတ်ဆင်
ထားကာ ဖာပွန်မြို့မှ VIGO အနက်ရောင် ကားဖြင့် ဝင်ရောက်လာခြင်း
ဖြစ်ကြောင်း သိရပြီး အုန်းတောဂိတ်နှင့် မီဆိုင်းဂိတ်တို့အား ဝင်ရောက် ပစ်ခတ်
 သွားခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အုန်းတောဂိတ်အား ဝင်ရောက်
တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် ယူဆောင်သွားကြောင်း၊အဆိုပါ တိုက်ခိုက်မှုကြောင့်
ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီးတစ်ဦးနောက်ကျောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့်
 တပ်ကြပ်တစ်ဦးပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မီဆိုင်းဂိတ်မှ BGF ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားပြီး
စအဖ အရာရှိတစ်ဦးထံမှ ပစ္စတို (၁)လက် ထပ်မံ ယူဆောင်သွားကြောင်း
ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မြိုင်ကြီးငူဆရာတော်နှင့် အရှေ့တောင်တိုင်း
စစ်ဌာနချုပ်တိုင်မှူးတို့ ဓမ္မပီယကျောင်းတိုက်တွင် ယမန်နေ့ ည ၁၀ နာရီ ခန့်၌
 တွေ့ဆုံသွားကြောင်း သိရသည်။

တိုင်းမှူးမှ ငြိမ်းချမ်းရေး ဖော်ဆောင်စကာလအတွင်း ဖြစ်ပွားခဲ့သော
ဖြစ်စဉ်နှင့် ပတ်သက်၍ လျှောက်ထားခဲ့ကြောင်းလည်း ထပ်မံသိရသည်။

ဇွဲကပင်မောင်မောင်
The Myanma Age

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် တွင်း နယ်ခြားစောင့်တပ်(BGF) 
အယောင်ဆောင်များဟု ယူဆရသူများက မြို့နယ်တွင်းရှိစစ်ဆေးရေးဂိတ်များအား ဝင်ရောက်ပစ်ခတ်သွား
ကြောင်း သိရသည်။

အသက်(၃၀)အရွယ် လုံခြုံရေးဝန်ထမ်းတစ်ဦး စမ်းချောင်းမြို့နယ်ရှိ ပန်းခြံတာဝါ(၁၁)လွှာအမြင့်မှ ခုန်ချကာ အဆုံးစီရင်သွား

အသက်(၃၀)အရွယ်ခန့်ရှိအမျိုးသားတစ်ဦးသည်စမ်းချောင်းမြို့နယ်ရှိပန်းခြံတာဝါ(၁၁)လွှာအမြင့်မှခုန်ချကာသေဆုံးသွားကြောင်းသိရသည်။အဆိုပါအမျိုးသားသည်ပန်းခြံတာဝါတွင်အလုပ်လုပ်ကိုင်နေသော
လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး၎င်းကိုယ်ကိုအဆုံးမစီရင်ခင်သေတမ်းစာတစ်စောင်လည်းရေးထားခဲ့ကြောင်းသိရပြီးသေတမ်းစာပါအချက်အလက်များကိုမူမသိရှိရသေးပေ

အစိုးရသိမ်းထားသော ပွိုင့် ၇၇၁ စခန်းကို KIA ၀င်တိုက်

အစိုးရသိမ်းထားသော ပွိုင့် ၇၇၁ စခန်းကို KIA ၀င်တိုက်

06 January 2013 Written by ရွှေဟင်္သာသတင်းဌာန

ယနေ့မနက် (၅) နာရီခန့်တွင် အစိုးရသိမ်းထားသော ပွိုင့် (၇၇၁) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှဝင် ရောက် တိုက်ခိုက်ခဲ့သည်ဟု အဆိုပါစခန်းနားရှိ လုံခြုံရေး ယူထားသော ကျောင်းသား တပ်မတော် ခေါင်းဆောင်တဦးက ဆိုပါသည်။

“ တိုက်ပွဲကတော့ မနက်ကတည်းကနေ ညနေ (၅) နာရီခွဲအထိ ဖြစ်ခဲ့ပါတယ်။ အခြေအနေအသေးစိပ်တော့ မသိရ သေး ပါဘူး။ ဒီတိုက်ပွဲကြောင့် မနက် (၈) နာရီခွဲမှာ Alen Bum လိုင်ဇာဗဟို ဌာနချုပ်ဘက်ကို လက်နက်ကြီး (၈) လုံးနဲ့ လှမ်းပစ်ခဲ့ တယ်။ ပြီးတော့ ပွိုင်း (၇၇၁) စခန်းကို အကူအညီပေးဖို့ တက်လာတဲ့ စစ်ကြောင်း (၃) ကြောင်းကိုပါ KIA ဖက်က ဖြတ်တိုက် ခဲ့ပါတယ်။” ဟု ဆိုပါသည်။

KIA ဖြတ်တိုက်ခဲ့သော နေရာများမှာ နေ့လည် (၂) နာရီ၌ လဂျားယန်အနီး လွယ်မောင့်ယန်တိုက်ပွဲ၊ မဒိယန်အနီးရှိ ဂျိန်နမ့် ဇွပ် တိုက်ပွဲနှင့် မန်မော်- နာလုံ အကြားနေရာတို့ ဖြစ်ပါသည်။ ထို့အပြင် အစိုးရခန်ကိုင်တောင် မှလက်နက်ကြီးများသည် လဂျားယန်နှင့် လဝါးယန်ဖက်သို့ အလုံး (၇၀) ကျော်ပစ်ခတ်ခဲ့ပြီး ညနေ (၅) ခွဲ၌ ရပ်စဲသွားပါသည်။ လွယ်မောင့်ယန်နေရာ သည် လဂျားယန်၏ Mungfai ချောင်းတလျှောက်ကို ပြောခြင်းဖြစ်ပါသည်။

KIA ဖြတ်တိုက်သော အစိုးရ စစ်ကြောင်းများသည် ပွိုင့် (၇၇၁) စခန်းအတွက် ကျည်ဆံနှင့် ရိက္ခာများ ပို့ပေးသော စစ်ကြောင်းများ ဖြစ်သည်။ ဤတိုက်ပွဲများကြောင့် အစိုးရစစ်ကူများသည် ညနေအချိန်ထိ ပွိုင့် (၇၇၁) စခန်းသို့ မရောက်ရှိသေးကြောင်း ကျောင်းသားများက ဆိုပါသည်။

Bum Re Bum ခေါ် ပွိုင့်၇၇၁ စခန်းသို့ အစိုးရ စစ်ကူများ ဖြတ်တောက်ထားနိုင်သဖြင့် KIA တပ်ဖွဲ့များသည် ထိုစခန်းကို သိမ်းပိုက်ရန်တာစူနေသည်ဟ ဆိုပါသည်။ ပွိုင့် (၇၇၁) စခန်းသည် လဂျားယန်တဝိုက်တွင် အမြင်ဆုံး စခန်း ဖြစ်သောကြောင့် အရေးကြီးသောပွိုင့် ဖြစ်သဖြင့် နှစ်ဖက်တပ်များ အပြန်အလှန် စစ်ဆင်နေကြခြင်း ဖြစ်သည်။

အစိုးရတပ်များသည် ဤတောင်ကုန်း ရရှိရေးအတွက် တိုက်လေယာဉ်ဖြင့် ဒုံးကျည်များနှင့် ဓါတုဗုံးများကျဲချပြီး သုံးခဲ့သဖြင့် KIA က ဆုတ်ခွာပေးရခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ အသိမ်းခံရသော်လည်း KIA သည် ၄င်းစခန်းသို့ စစ်ကူမရောက်ရှိရန် တားမြစ် ထားပါသည်။ ဤသို့ကြောင့် စစ်ကူ များဖြတ်တောက်ခံနေရသော ပွိုင်း (၇၇၁) စခန်းသည် နက်ဖြန်၌ စစ်ကူမပေးပို့နိုင်ပါက စခန်းရှိ အစိုးရတပ်များ ဆုတ် ခွာပေး ဖွယ်ရှိနေသည်ဟု အကဲခတ်များက ဆိုပါသည်။ ထိုစခန်းသည် ဒီဇင်ဘာ (၃၀) ရက်နေ့ကတည်းက သိမ်းထားခဲ့ပြီး နောက်ပိုင်း ရိက္ခာနှင့် ကျည်များမဖြည့်ဆည်း နိုင်သဖြင့် အရေးနိမ့်မည့် အလားလာဖြစ်လာနေသည်ဟု ဆိုပါသည်။
ပွိုင့် ၇၇၁တောင်ကုန်းစခန်း
ယနေ့မနက် (၅) နာရီခန့်တွင် အစိုးရသိမ်းထားသော ပွိုင့် (၇၇၁) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှဝင် ရောက်တိုက်ခိုက်ခဲ့သည်ဟုအဆိုပါစခန်းနားရှိ လုံခြုံရေးယူထားသော ကျောင်းသားတပ်မတော်
ခါင်းဆောင်တဦးက ဆိုပါသည်။

အထ္ထုပ္ပတ္တိ စာအုပ်ရေးသားရန် အစီအစဉ် မရှိဟု ဒေါ်စုပြောကြား

အထ္ထုပ္ပတ္တိ စာအုပ်ရေးသားရန် အစီအစဉ် မရှိဟု ဒေါ်စုပြောကြား

ရန်ကုန် ၊ ဇန်နဝါရီ ၆ ။ ယနေ့နံနက်က အင်းယားလိတ် ဟော်တယ်၌ပြုလုပ်သော ဧရာဝတီ စာပေပွဲတော် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တတ်ရောက်လာသော ဒေါ်အောင်ဆန်းဆုကြည်က ၎င်းအနေဖြင့် ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ကို ရေးသားသွားရန် အစီအစဉ်မရှိကြောင်း သတင်းထောက် တစ်ဦး၏ မေးကြားချက်အပေါ် ပြောကြားသွားသည် ။
"ကိုယ့်အကြောင်း အထ္ထုပ္ပတိရေးဖို့ အစီအစဉ်မရှိပါဘူး ။ အဲ့တာလည်း သိပ်ဝါသနာမပါပါဘူး ။ အမှန်တိုင်းပြောရရင် ကိုယ့်အထ္ထုပ္ပတ္တိ ကိုယ်ရေးတယ်ဆိုတာ အင်မတန်မှ ခက်ပါတယ် ။ဘယ်သူမှ ကိုယ့်အထ္တုပ္ပတ္တိကို ဓမ္မဓိဌာန်ကျကျ ရေးနိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ ကိုယ်ကိုယ်တိုင်တောင်မဟုတ်ဘူး ။ တခြားလူ အကြောင်းကိုတောင် ဘယ်သူမှ ဓမ္မဓိဌာန်ကျကျ မရေးနိုင်ပါဘူး ။ ဘယ်လိုပဲပြောပြော ကိုယ့်အမြင် ကိုယ့်အကြိုက်လေးတွေတော့ ပါမှာပဲ" ဟု ၎င်းးက ပြောကြားသည် ။ ၎င်း၏အကြောင်းကို ရေးသားထားသော စာအုပ်များနှင့်ပက်သက်၍လည်း ဖတ်လေ့ဖတ်ထ မရှိကြောင်း ၊ ၎င်းထံမှ ခွင့်ပြုချက် တောင်းခံ၍ ထုတ်ဝေခြင်းမျိုးလည်း မဟုတ်ကြောင်း ဆက်လက်ပြောကြားသွားသည် ။ ထက်နောင်နောင်
မြန်မာ့ခေတ်

http://tunwai-states.blogspot.jp/2013/01/blog-post_8033.html

န့နံနက်က အင်းယားလိတ် ဟော်တယ်၌ပြုလုပ်သော ဧရာဝတီ စာပေပွဲတော် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တတ်ရောက်လာသော ဒေါ်အောင်ဆန်းဆုကြည်က ၎င်းအနေဖြင့် ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ကို ရေးသားသွားရန် အစီအစဉ်မရှိကြောင်း သတင်းထောက် တစ်ဦး၏ မေးကြားချက်အပေါ် ပြောကြားသွားသည် ။

ဖုန်းမလိုပဲ.. Online ကနေ နိုင်ငံခြားကို Free SMS ပို့မယ်လေ....

ဖုန်းမလိုပဲ.. Online ကနေ နိုင်ငံခြားကို Free SMS ပို့မယ်လေ....
--------------------------------------------------------------------
1) First Go to www.freeSMScraze.com website.
2) Choose your destination Countries Click More Countries.
3) Write Text Message box your SMS. You can write  130 characters and unlimited Access.
4) Please Click On The Send free SMS Button To Send SMS.


Posted by Vandever Keneshiroz

1) First Go to www.freeSMScraze.com website.
2) Choose your destination Countries Click More Countries.
3) Write Text Message box your SMS. You can write 130 characters and unlimited Access.
4) Please Click On The Send free SMS Button To Send SMS.

ဥတစ်လုံးလုံး(အနှစ်ပါမကျန်) စားခြင်းက သွေးတွင်းကောင်းသော အဆီများစေပြီး မကောင်းအဆီနည်းစေနိုင်

ဥတစ်လုံးလုံး(အနှစ်ပါမကျန်) စားခြင်းက သွေးတွင်းကောင်းသော
အဆီများစေပြီး မကောင်းအဆီနည်းစေနိုင်

ယခင်လေ့လာမှုများအရအမေရိကန် လူဦးရေ၏၃၄ရာခိုင်နှုန်းခန့်မှာ Metabolic Syndrome ဟု ခေါ်သည့် ဇီဝရုပ်ဖြစ် ပျက်မှု မမှန်သောကြောင့်ဖြစ်တတ်သည့် ရောဂါလက္ခဏာများဖြစ်ပွားနေကြောင်း သိရသည်။ဤကဲ့သို့ဖြစ်ပွားရာ၌လည်း အမျိုးသမီးများမှာအမျိုးသားများထက် ပို၍ဖြစ်ပွားကြသည်။ အကြောင်းမှာ အမျိုးသမီးများကအမျိုးသားများထက် ကိုယ်လက်လှုပ်ရှားမှုပိုနည်းသောကြောင့် ဖြစ်သည်။ အကယ်၍ လူတစ်ယောက်တွင် အောက်ပါအချက်များမှ သုံးချက် နှင့် အထက်ရှိလျှင် metabolic Syndrome ဖြစ်ပွားနေပြီ ဖြစ်သည်။ ယင်းအချက်များမှာ (၁)ထရိုင်ဂလစ်စ ရိုက်အဆီများခြင်း၊ (၂) HDL ကိုလက်စထရော ဟုခေါ်သည့်ခန္ဓာကိုယ်အတွက် ကောင်းသည့်အဆီလျော့နည်းလာခြင်း၊ (၃)ခါးတုတ်လာခြင်း၊(၄)သွေးတွင်းသကြား ဓာတ်တက်လာခြင်း (၅)သွေးတိုးလာခြင်း တို့ဖြစ်သည်၊၊အကယ်၍လူတစ်ယောက် တွင် metabolic syndrome ဖြစ် ပွားနေလျှင်နှလုံးရောဂါ၊ဆီးချိုရောဂါစ သည့်ရာဂါ များ ဖြစ်နိုင်ချေပိုများလာ လေသည်၊၊ထို့ကြောင်အစားအသောက် တွင်ပါဝင်သောကိုလက်စထရောနှင်ပတ် သက်ပြီးအချက်အလက် အမျိုးမျိုး ထွက် ပေါ်လာလေသည်။ကျန်းမာရေးပြဿနာများနှင့်ရင်ဆိုင်နေရသောလူအများ စုက ဥများအပါအဝင်အခြားအစားအစာ များမှရှောင်ကြဉ်ကြကြောင်းတွေ့ရသည်။ ယခုလေ့လာမှုတွင် သက်လတ်ပိုင်း Metabolic Syndrome ဖြစ်ပွားနေ သူအမျိုးသားများ အမျိုးးသမီးများ အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ယခုလေ့လာမှုတွင်ပါဝင်သူများ အားနှစ်ဖွဲ့ခွဲ၍တစ်ဖွဲ့သည်တစ်ရက်လျှင် ဥသုံးလုံးစားစေ၍၊ ကျန်တစ်ဖွဲ့ အားယင်း သုံးလုံးနှင့်အာဟာရညီမျှသည့်ကာဗိုဟိုက်ဒြိတ် လျော့ချထားသော အစားများ အားကျွေးခဲ့သည်၊၊သုံးလကြာပြီးနောက် ယင်းနှစ်ဖွဲ့အားပြန်လည် စစ်ဆေးကြည့် သည့်အခါဥသုံးလုံးပုံမှန်စားသောအဖွဲ့ တွင်မစမ်းသပ်မီ ကထက်ပို၍အဆီစား သုံးမှုနှစ်ဆခန့်ပိုများသော်လည်း သွေးတွင်း မကောင်းသော အဆီများတက် လာခြင်းမရှိကြောင်းတွေ့ရသည်၊၊ထို့ပြင် ဥစားသောအဖွဲ့ နှင့် မစားဘဲရှောင်သော အဖွဲ့နှစ်ဖွဲ့လုံးတွင် ကောင်းသောကို လက်စထရော HDL မြင့်တက် လာပြီး သွေးတွင်း အဆီအခြေအနေ များပိုကောင်း လာ ကြောင်းတွေ့ရသည်။ ဥအနှစ်စားခြင်း ကရောဂါဖြစ်စေနိုင်သောအခြေ အနေရှိသည့်သူများ တွင် ကောင်းမွန် သောရလဒ်များကို ရစေသည်။ ပုံမှန်ဥ တစ်လုံးလုံးစားသုံးသူ(အနှစ်ပါစားသုံးသူ) များသည်ဥရှောင် ၍စားသုံးသူ များထက် HDL ပိုများလာပြီး LDL/HDL အချိုးပိုနည်းလာကြောင်းတွေ့ ရသည်။ ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက်မရှိမ ဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် ၁၃မျိုးထိ ပါဝင်ကြောင်း သိရသည်။

အဝင်း Ref:MNT
Vol-2,No-1

အေးချမ်းမွန်မှ Health Updates Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ယခင်လေ့လာမှုများအရအမေရိကန် လူဦးရေ၏၃၄ရာခိုင်နှုန်းခန့်မှာ Metabolic Syndrome ဟု ခေါ်သည့် ဇီ
ဝရုပ်ဖြစ် ပျက်မှု မမှန်သောကြောင့်ဖြစ်တတ်သည့် ရောဂါလက္ခဏာများဖြစ်ပွားနေကြောင်း သိရသည်။ဤ
ကဲ့သို့ဖြစ်ပွားရာ၌လည်း အမျိုးသမီးများမှာအမျိုးသားများထက် ပို၍ဖြစ်ပွားကြသည်။

ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်က " ကျော်သူ " ကျောင်းပြန်တက်မည်။

ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်က " ကျော်သူ " ကျောင်းပြန်တက်မည်။

ဆယ့်ခြောက်နှစ်ကြာပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ပါက တက္ကသိုလ်သို့ ပြန်လည်တက်ရောက်သွားမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အသက် ၅၃ နှစ်အရွယ်ရှိ ဦးကျော်သူကပြောကြားသည်။

အနုပညာလုပ်ငန်းများကြောင့် ၁၉၈၂ခုနှစ်တွင် ကျောင်းထွက်ခဲ့သော ရှုပဗေဒ နောက်ဆုံးနှစ်ကျောင်းသား ဦးကျော်သူသည် တက္ကသိုလ်တွင် နောက်ဆုံးနှစ် ရှုပဗေဒ နောက်ဆုံးနှစ်ကို ဆက်လက်သင်ယူသွားမည်ဖြစ်ကြောင်း ၄င်းကပြောကြားသည်။

" ပညာလိုချင်လို့ ကျောင်းပြန်တက်တာပါ " ဟု ၄င်းကပြောပြသည်။ 
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူသည် ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ National Endowment For Democracy (NED) အဖွဲ့က ချီးမြင့်သော ဆုကိုရရှိထားသူ တစ်ဦးလည်းဖြစ်သည်။

ဦးကျော်သူသည် နာရေးကူညီမှုအသင်းသာမက သုက္ခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ်ပြီး ငွေကြေးချို့တဲ့သူများကို အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိသည်။

ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့ကြိုသင်တန်းများကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးခါစအချိန်တွင် ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၌ ကျော်ကြားသော တက္ကသိုလ်ဖြစ်သဖြင့် နိုင်ငံခြားသားကျောင်းသားများပင် လာရောက်ပညာသင်ယူခဲ့ရသည်။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်သူလွှတ်တော်၏ အတည်ပြုချက်ရရှိခဲ့သည်။

The Voice

ဆယ့်ခြောက်နှစ်ကြာပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ပါက
တက္ကသိုလ်သို့ ပြန်လည်တက်ရောက်သွားမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အသက် ၅၃ နှစ်အ
ရွယ်ရှိ ဦးကျော်သူကပြောကြားသည်။

ကြိုတင်အသိမပေးဘဲ ၀င်ရောက်လာသော အစိုးရ တပ်ကို SSA/ RCSS တိုက်ခိုက်

ကြိုတင်အသိမပေးဘဲ ၀င်ရောက်လာသော အစိုးရ
===========================
တပ်ကို SSA/ RCSS တိုက်ခိုက်
=================
ရှမ်းပြည် ပြန်လည်ထူထောင်ရေး အဖွဲ့ RCSS/SSA 
နယ်မြေထဲသို့ ကြိုတင်အကြောင်းမကြားဘဲ ခိုးဝင်
လာသည့် အစိုးရတပ် ဖွဲ့များနှင့် ယနေ့မနက် (၇) 
နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS ပြောခွင့်
ရသူ ဗိုလ်မှုစိုင်းလောင်းဆိုင် ကဆိုပါသည်။

“ ရှမ်းတောင်ပိုင်းပေါ့ဗျာ။ ဟိုမိန်မြို့နယ်ခွဲ အခြေစိုက် 
အစိုးရတပ်ဖွဲ့တွေ တပ်ရင်း (၂) ရင်းနဲ့ ကျနော်တို့ 
စခန်းရှိရာဘက်ကို အကြောင်းမကြားဘဲ ၀င်လာတယ်
ဆိုတော့ ကျနော်တို့ အမှတ် (၅) နယ်မြေခံ တပ်ဖွဲ့က 
တိုက်ခိုက်လိုက်တာပါ။ နေရာ (၃) ခုမှာ (၃) ကြိမ်လော
က်ဖြစ်ပြီး တကြိမ်ကို မိနစ် (၂၀) လောက်ဖြစ်တယ်။ 
ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မသိသေးဘူး။” ဟု ဆိုပါ 
သည်။

ခိုးဝင်လာသည့် တပ်ဖွဲ့များသည် ဟိုမိန်မြို့နယ်ခွဲ 
အခြေစိုက် ခမရ ၅၁၄ တပ်ရင်း နှင့် ခမရ ၂၈၇ 
တပ်ရင်း တို့ဖြစ်ပြီး RCSS/ SSA ထိန်းချုပ်ထားသော 
အမှတ် (၅) တပ်ရင်း လွယ်နဂါးတောင် စခန်းအနီးသို့ 
ချည်နင်း ဝင်ရောက်သဖြင့် ပစ်ခတ်ရခြင်း ဖြစ်ပါသည်။ 
တိုက်ပွဲသည် ထိုင်း-မြန်မာ နယ်စပ် ဟိုမိန်မြို့နယ်ခွဲ 
အနောက်တောင်ဘက်၌ ရှိသည့် ခွန်ဇာဗဟိုဌာနချုပ်
 ဟောင်းတည်ရှိရာ မယ်အော်ကျေးရွာ အနီးတဝိုက်
တွင် ဖြစ်ပါသည်။

အစိုးရတပ်ဖွဲ့တို့သည် RCSS/SSA ထိန်းချုပ်နယ်မြေ
ထဲသို့ တပ်အင်အား အလုံအရင်းဖြင့် နောက်ထပ် 
တကြိမ်ထပ်မံ ၀င် ရောက်မည်ဆိုပါက ယခုလက်ရှိ 
ရယူထားသည့် အပစ်အခတ် ရပ်စဲရေးကို အစိုးရဘက်
မှ ချိုးဖောက်သည်ဟု RCSSက သတ်မှတ်တော့ မည်ဖြစ်
သည်ဟု ဗိုလ်မှူးစိုင်းလောင်းဆိုင်က ဆိုပါသည်။

“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က စပြီးမဖျက်ပါ
ဘူး။ အပစ်ရပ်စဉ် သဘောတူညီချက်အတိုင်း အစိုးရ
ဘက်က လိုက် နာမှုမရှိဘဲ နောက်ထပ်တပ်အင်အား 
အလုံအရင်းနဲ့ ဝင်လာမယ်ဆိုရင် ကျနော်တို့ ယူထား
သည့် အပစ်အခတ်ရပ် စဲရေးကို ဖျက်တယ်လို့ သဘော
ထားမှာ ဖြစ်ကြောင်း။” ဗိုလ်မှူးးစိုင်းလောင်းဆိုင် 
ကပြောသည်။

RCSS သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်း
ပြပြီး အစိုးရတပ်ဖွဲ့က တပ်အင်အား အလုံးအရင်းနှင့် ၄င်း
တို့နယ်မြေ ထဲသို့ ၀င်ရောက်လာပါက ခွင့်ပြုမည်မဟုတ်
ဟု ကြိုတင်အသိပေးထားဘူးပါသည်။

သို့သော်လည်း အစိုးရတပ်ဖွဲ့များသည် အပစ်ခတ်ရပ်စဲ 
ထားလင့်ကစား ကြိုတင်အကြောင်းမကြားဘဲ RCSS/SSA 
နယ်မြေ ထဲဝင်လာခြင်းကြောင့် RCSS နှင့် တိုက်ပွဲအကြိ
မ်ပေါင်း (၅၀) ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။ ယနေ့ တိုက်
ပွဲသည်လည်း (၂) လခန့်ငြိမ် သက်နေရာမှ ပြန်လည် စတင်
လာခဲ့ခြင်း ဖြစ်သည်။

RCSS သည်၊ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန္နာဝါရီလ (၁၆) 
ရက်နေ့တွင် သဘောတူချက် (၁၁) ချက် ဖြင့်ပြည်ထောင်
စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
 နှစ်ဖက် သဘောတူ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်
ရေးထိုး ခဲ့ပါသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး အဖွဲ့ RCSS/SSA နယ်မြေထဲသို့ ကြိုတင်အကြောင်းမကြားဘဲ ခိုးဝင်လာ
သည့် အစိုးရတပ် ဖွဲ့များနှင့် ယနေ့မနက် (၇) နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS ပြောခွင့်ရသူ ဗိုလ်
မှုစိုင်းလောင်းဆိုင် ကဆိုပါသည်။

Myanmar Sexy Model Girls 2013 (Part 2)

More Sexy Girls >> www.myanmarcutegirl.com <<
Credit to: @[100000494606180:2048:Minn Sike Rott]
Myanmar Sexy Model Girls
Myanmar Sexy Model Girls 2013

ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ဥက္ကဋ္ဌသစ် ရွေးချယ်

ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၏ဥက္ကဋ္ဌ သစ်ရွေးချယ်ရာတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မော်ကို ရွေးချယ်ခဲ့ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက် တွင် ယနေ့ သတင်းထုတ်ပြန် သည်။

မြန်မာ အစိုးရစစ်တပ် (၇၇၁)ကုန်းနှင့် ဟန်ကိုင် တောင် တို့ မှKIA, လိုင်ဇာမြို့ ထဲသို့ လက်နက်ကြီးနဲ့ ဒီနေ့မနက် ၉နာရီကျော်မှ စတင်ကာ ပစ်ခတ်နေ

(6/1/2013)မြန်မာ အစိုးရစစ်တပ် (၇၇၁)ကုန်းနှင့် ဟန်ကိုင် တောင် တို့ မှKIA,လိုင်ဇာမြို့ ထဲသို့လက်နက်ကြီး
နဲ့ ဒီနေ့မနက် ၉နာရီကျော်မှ စတင်ကာ ပစ်ခတ်နေ ပြီး ယခု သတင်းရေးနေချိန်အထိအကြိမ်အများအပြား
ပစ် ခတ်နေ ကြောင်း လှိုင်ဇာမြို့ ခံများမှ သတင်းပေးပို့ လာပါသည်။

မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်းတွင် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား ဆန္ဒပြခဲ့သော တရုတ်(၅)ဦးအား အရေးယူလိုက်ပြီ

ဆန္ဒပြ တရုတ်(၅)ဦးအား အရေးယူ

ဇန်နဝါရီ ၄၊ ၂ဝ၁၃

မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့ ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ် လူမျိုး ၅ ဦးမှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား (၅)ဦး၊ မ (၁)ဦး၊စုစုပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)ပေခန့်ရှိ အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း Independent မှ သတင်းရရှိပါသည်။

အေးချမ်းမွန်မှ  Myanmar Independent News journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့ ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ် လူမျိုး ၅ ဦးမှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်နှင့် ရိုဟင်ဂျာ သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) အား စင်္ကာပူနိုင်ငံ၌ တာဝန်ယူ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်

ရခိုင်နှင့် ရိုဟင်ဂျာ သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) အား
စင်္ကာပူနိုင်ငံ၌ တာဝန်ယူ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်
********************************************

ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ ဇန်ဝါရီလ (၆) ရက်။

စာအမှတ် ။ ။ ၁/၂၀၁၃။

ရခိုင်သမိုင်းပညာရှင်ဒေါက်တာအေးချမ်းနှင့် မုစ်လင်မ်သမိုင်းသုတေသီ ဦးဌေးလွင်ဦးတို့နှစ်ဦးသည် သမိုင်းဆိုင်ရာ သက်သေအထောက် အထားများနှင့်တကွ လူကြီးလူကောင်းဆန်ဆန် ငြိမ်းချမ်းစွာဖြင့် စကားစစ်ထိုးပွဲ (Debate) တစ်ပွဲကို ကျင်းပရန် အပြန်အလှန် သဘော တူညီပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ အစည်းအရုံး(Group)မှ သိရှိရပါသည်။

ထိုစကားစစ်ထိုးပွဲ၌ ရှုပ်ထွေး၍ အမြင်မကြည်မလင်ဖြစ်နေသော သမိုင်းအချက်အလက်များကို သက်သေအထောက်အထားနှင့်တကွ ကမ္ဘာ့ပြည်သူတစ်ရပ်လုံးအား မီဒီယာရှေ့မှောက်တွင် ချပြမည်ဖြစ်ရာ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအား အထောက်အကူများ စွာ ပြုလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သို့ပါ၍ ကျွန်ုပ်တို့အစည်းအရုံးမှ ထိုသမိုင်းသုတေသီနှစ်ဦးအား ဖိတ်ကြား၍ ၎င်းတို့ နှစ်ဦး စလုံးမှ သဘောတူညီပါလျှင် ၎င်းတို့နှစ်ဦး၏ စကားစစ်ထိုးပွဲ (Debate)အား စင်္ကာပူနိုင်ငံတွင် ကျွန်ုပ်တို့ အစည်းအရုံးမှ ဦးဆောင်၍ တာဝန်ယူ ကျင်းပပေးသွားမည်။

ထိုစကားစစ်ထိုးပွဲသို့ စင်္ကာပူနိုင်ငံဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၊ မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမုဟမ္မဒ်၊ သတင်းစာဆရာကြီးဦးဝင်းတင်နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီခေါင်းဆောင်အချို့၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးခေါင်းဆောင်အချို့၊ သုတေသီပညာရှင်ကြီးများ၊ ပီနန်ဆရာတော်ကြီးအပါအ၀င် အခြား ဘာသာရေး၊ သာသနာရေးဆိုင်ရာ ခေါင်းဆောင်များ၊ အခြား ဖိတ် ကြားထိုက်သည့် ဂုဏ်သရေရှိ ဧည့်သည်တော်များအားလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံး သိရှိစေရန် လေးစား စွာဖြင့် အသိပေး ကြေညာလိုက်ပါသည်။



ဦးမောင်မောင်လှ

အထွေထွေ အတွင်းရေးမှူး
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ အစည်းအရုံး

အေးချမ်းမွန်မှ  အဖြူရောင်စာမျက်နှာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ ဇန်ဝါရီလ (၆) ရက်။

စာအမှတ် ။ ။ ၁/၂၀၁၃။

ရခိုင်သမိုင်းပညာရှင်ဒေါက်တာအေးချမ်းနှင့် မုစ်လင်မ်သမိုင်းသုတေသီ ဦးဌေးလွင်ဦးတို့နှစ်ဦးသည် သမိုင်း
ဆိုင်ရာ သက်သေအထောက် အထားများနှင့်တကွ လူကြီးလူကောင်းဆန်ဆန် ငြိမ်းချမ်းစွာဖြင့် စကားစစ်ထိုး
ပွဲ (Debate) တစ်ပွဲကို ကျင်းပရန် အပြန်အလှန်သဘောတူညီပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ အစည်းအရုံး(Group)
မှ သိရှိရပါသည်။

ရွှေတိဂုံဘုရားပေါ်မြွေတက်သည်ဆိုသော သတင်းကြောင့် ဘုရားဖူးအများအပြားလာရောက်ကြည့်ရှု့ဖူးမျှော် နေကြ


ရန်ကုန်-ဇန်န၀ါရီ၆ ယနေ့နံနက်က ရွှေတိဂုံဘုရားပေါ်မြွေတက်သည်ဆိုသော သတင်းကြောင့် ဘုရားဖူးအ
များအပြားလာရောက်ကြည့်ရှု့ဖူးမျှော် နေကြောင်းသိရသည်။"အောက်ကကြည့်ရင်-------------------------

PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ


PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ 

Sunday, 06 January 2013 11:42

အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင် တရားဝင် သတ်မှတ်ထားသော နှုန်းထားနှင့် လက်တွေ့ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။

PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတ်မှတ်ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခအတွက် တစ်မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

“PCO တွေအတွက် ယူရမယ့် နှုန်းထားတွေကို သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ သတ်မှတ်နှုန်း ထားထက် ပိုယူတဲ့အတွက် အရေးယူ တာတွေလည်း ရှိခဲ့ပါတယ်။ အရင်တုန်းကတော့ ပိုက်ဆံအကြွေကိစ္စ အတွက်လည်း ဆက်သွယ်ရေးအနေနဲ့ စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မစီစဉ်ပေး ဖြစ်တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ပုံမှန်ကတော့ မြို့တွင်းခေါ်ဆိုခကို တစ်မိနစ်ကျပ် ၃၀ ယူပြီးတော့ နယ်ဝေးခေါ်ဆိုခကို တစ်မိနစ်ကျပ် ၅၀ ယူပါတယ်။ တချို့လည်း တစ်မိနစ်ကို ကျပ် ၇၀၊ ကျပ် ၁၀၀ ယူကြတာတွေ ရှိနိုင်ပါတယ်။ ကျွန်မတို့က နေ့စားဝန်ထမ်း အနေနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ တစ်လကို တစ်ခါ နေရာပြောင်းရပါတယ်။ အရင်ကနဲ့ ယှဉ်ရင်တော့ အခုနောက်ပိုင်းမှာ ဖုန်းလာဆက်တဲ့သူ နည်းသွားပါတယ်” ဟု PCO ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

“PCO မှာ ဖုန်းပြောတာ တစ်မိနစ်ကိုကျပ် ၇၀ ပေးလိုက်ရတယ်။ အပြင်ဖုန်းဆိုင်တွေမှာတော့ ဒီနှုန်းထားနဲ့ ယူနေတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အများပြည်သူသုံး PCO အနေနဲ့ သတ်မှတ်ပေးထားတဲ့ နှုန်းထားရှိပြီးတော့ ပိုယူတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ့်ဖုန်းနဲ့ကိုယ် ဆက်တာတောင် တစ်မိနစ်ကျပ် ၅၀ ဆို တာက တော်တော် များနေပါပြီ။ ကြိုးဖုန်းတွေက တစ်မိနစ်ကို ကျပ် ၁၅၊ ကျပ် ၂၅ ပဲရှိတာကို ဒီလိုမျိုး နှုန်းထားနဲ့ မယူသင့်ပါဘူး။ အပြင်ဖုန်းတွေကတော့ မူရင်းဈေးကိုက တစ်မိနစ် ကျပ် ၅၀ ရှိနေတော့ ကျပ် ၇၀ ယူတာမျိုးက ဖြစ်နိုင်ပါသေးတယ်။ PCO ၀န်ထမ်းတွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးထားသင့်တယ်” ဟု PCO တွင် ဖုန်းဆက်ခဲ့သူ တစ်ဦးက ကြုံတွေ့ရပုံကို ပြောပြခဲ့သည်။
 
တာမွေမြို့နယ်အတွင်းရှိ အများပြည်သူသုံး PCO တစ်ခုကို တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
တာမွေမြို့နယ်အတွင်းရှိ အများပြည်သူသုံး PCO တစ်ခုကို တွေ့ရစဉ်
အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင်တရားဝင်သတ်မှတ်ထားသော
နှုန်းထားနှင့် လက်တွေ့ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်
အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။

အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မတီကို ဇန်န၀ါရီ ၁ရက်နေ့ကစတင်ဖွဲ့စည်း

အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မတီကို (၁-၁-၂၀၁၃)ရက်နေ့မှာ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ House of Media & Entertainment ရုံးမှာ ဖွဲ့စည်းခဲ့ပါတယ်။

၁။ ဆရာကြီး သိပံ္ပမှူးတင် နာယက
၂။ ဦးတင်မြင့် (ဆရာကြီးဦးရာဇတ်၏သား) နာယက
၃။ ဆရာ ဦးဝင်းငြိမ်း နာယက

၂၀၁၀ ပြည့်နှစ်က အဆင့်မြင့် ဈေးသစ်အဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သော ဆင်မလိုက်ဈေး ပြန်လည်ဖွင့်လှစ်


၂၀၁၀ ပြည့်နှစ်က အဆင့်မြင့် ဈေးသစ်အဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သော ဆင်မလိုက်ဈေး ပြန်လည်ဖွင့်လှစ် 

Sunday, 06 January 2013 12:02

၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်ကာ ဈေးရောင်းချခွင့် ပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိသည်။

"ဈေးသစ်ကြီးကို ပြန်ဖွင့်ဖို့အတွက် မျှော်ခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ယာယီဈေးအဖြစ် ချပေးခဲ့တဲ့နေရာမှာက ဈေးရောင်းဝယ်ရတာ အဆင်မပြေဘူး။ ပြီးတော့ ဈေးသစ်မှာ ဆိုင်ခန်းပြန်မရမှာကို စိုးရိမ်ခဲ့ရတာပါ။ အခုလည်း ဈေးသစ်ကြီးမှာ ပြန်ရောင်းရဖို့အတွက် သုံးနှစ်နီးပါးလောက် စောင့်ခဲ့ရပါတယ်" ဟု ဆင်မလိုက်ဈေးသစ်ကြီးမှ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ယခင်ဆင်မလိုက်ဈေးဟောင်းသည် မြေစိုက်ဈေးဖြစ်ပြီး ယင်းဈေးအား အဆင့်မြင့်ဈေးအဖြစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းများကို ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန် (၆) ရပ်ကွက်၊ ကမာရွတ်ရဲစခန်းအနီးသို့ ယာယီဈေးအဖြစ် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ပြီး ယခင်က တစ်နှစ်ခွဲကာလအတွင်း အပြီးတည်ဆောက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။
 

ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော ဆင်မလိုက်ဈေးသစ်ကြီးအား တွေ့ရစဉ်

အေးချမ်းမွန်မှ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော ဆင်မလိုက်ဈေးသစ်ကြီးအား တွေ့ရစဉ်
၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်
တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်ကာ ဈေး
ရာင်းချခွင့် ပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှသတင်းရ
ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိဟုဆို

ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိဟုဆို

ရန်ကုန်-ဇန်န၀ါရီ၆
ရေးသားထုတ်ဝေပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိမှာ
 ခွင့်ပြုချက်တောင်းခံထားခြင်းမရှိကြောင်း ၄င်းကပြောသည်။
 ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် အဆိုပါ 
 အထ္တုပ္ပတိကို ဖတ်ရှု့လေ့လာခြင်းမပြုသကဲ့သို့ စာရေးသူ၏အမြင်ကိုသာ ရေးသားထားသည်ဟု
မှတ်ယူထားကြောင်း၊ကိုယ်တိုင်ရေး အထ္တုပ္ပတိကိုလည်း ရေးသားရန်အစီအစဉ်မရှိကြောင်း ပြောသည်။

ယနေ့နံနက်က အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်သော ဧရာဝတီစာပေပွဲတော် စာနယ်ဇင်းရှင်းပွဲ တွင် 
ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို အထက်ပါအတိုင်း
ဖြေကြားခြင်းဖြစ်သည်။ Kyl/ wy

ရန်ကုန်-ဇန်န၀ါရီ၆
ရေးသားထုတ်ဝေပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိမှာ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိ
ကြောင်း ၄င်းကပြောသည်။ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့်အဆိုပါအထ္တုပ္ပတိကို ဖတ်ရှု့လေ့လာခြင်း
မပြုသကဲ့သို့ စာရေးသူ၏အမြင်ကိုသာ ရေးသားထားသည်ဟုမှတ်ယူထားကြောင်း၊ကိုယ်တိုင်ရေး အထ္တုပ္ပတိ
ကိုလည်း ရေးသားရန်အစီအစဉ်မရှိကြောင်း ပြောသည်။

ရခိုင်ပြည်နယ် မအီမြို့နယ်မှာ ပုဇွန်ကန်များကို ရေငံလာလို့ ရွာသူရွာသားတွေ သောက်သုံးရေအခက်ကြုံနေရ

ရခိုင်ပြည်နယ် မအီမြို့နယ်မှာ ဘာတွေဖြစ်နေသလဲ
Saturday, January 05, 2013

ပုဇွန်ကန်များကို ရေငံသွင်းသဖြင့် အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ရခိုင်ပြည်နယ် မအီမြို့နယ်အတွင်းရှိ ငရုတ်တောင်ကျေးရွာက ရွာသားများမှာဟာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေကြရသည်ဟု သတင်းရရှိသည်။

ယခင် စစ်အစိုးရလက်က အာဏာပိုင်များနှင့်ပေါင်းပြီး သိမ်းထားသည့် လယ်ဧက ၅၀၀ လောက်ကို ပုဇွန်ကန် လုပ်ပြီး ရေငံသွင်းသဖြင့် ရွာ သောက်ရေကန်တွေထဲရေငံတွေဝင်ပြီး သောက် လို့မရဘဲ ဖြစ်နေကြောင်း ငရုတ်တောင်ရွာသား ဦးကျော်မြင့်က ဧရာဝတီကို ပြောသည်။

“ပုဇွန်ကန်တွေက တာဘောင်မြင့်ပြီး ပုဇွန်မွေးဖို့ ရေငံသွင်းတော့ ရွာသားတွေသုံးနေတဲ့ ရေကန် ၅ ကန်ထဲ က ကန် ၃ ကန်ဆို လုံးဝဆားငံရေဖြစ်သွားပြီ။ ကျန်တဲ့ ၂ ကန်ကရေနဲ့ဘဲ သုံးနေရတယ်။ ဒါပေမဲ့ ၅ ကန်သုံး တဲ့ရေကို ၂ ကန်ထဲသုံးလို့ရတော့ ရေနဲ့လူနဲ့မမျှဘူးလေ။ နောက်ပြီး ခြောက်သွေ့ ရာသီရောက်လာပြီ ဆိုတော့ ရေကလည်း နည်းလာတယ်” ဟု ဦးကျော်မြင့်က ပြောသည်။

ငရုတ်တောင်ကျေးရွာသားများ ပိုင်ဆိုင်သည့် လယ်မြေဧက ၅၀၀ ခန့်ကို ဒေသခံစစ်တပ်နဲ့ပေါင်းပြီး ယင်းကျေးရွာသား ဦးသောင်းတင်နဲ့ ဦးကျော်စံရွေတို့က ပုဇွန် မွေးမြူရေးလုပ်ကိုင်နေခြင်းဖြစ်သည်။

အခုလို ပုဇွန်ကန်ကြောင့် ရေကန်တွေပျက်ဆီးနေတဲ့ အကြောင်းကို မအီမြို့နယ် အုပ်ချုပ်ရေးမှူးကို စာပို့ တိုင်းကြားသော်လည်း ဘာမှ အကြောင်းမပြန်သည့် အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာသို့ ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ထံ ရွာသားများက လက်မှတ်ထိုး တိုင်းကြားခဲ့ကြောင်း ယင်း ကျေးရွာသား နောက်တဦးက ပြောသည်။

“ကျွန်တော်မအီအုပ်ချုပ်ရေးမှူးဆီ တင်ပြပါတယ်။ ဘာမှ အရေးတယူလုပ်ပေးတာ မရှိဘူး။ ဒါနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီအဖွဲ့တွေ ရောက်လာတော့ သွားပြီးတင်ပြတိုင်ကြားတာကို ဘာမှ အဖြေပေးမသွားဘူး။ ဒါပေမဲ့ ဒီကိစ္စကို အခုကျင်းပဖို့ရှိတယ်လွတ်တော်မှာ တင်ပြပေးသွားလို့ဘဲ ပြောသွားတယ်” ဟု ကျေးရွာသား နောက်တဦး ကပြောသည်။

သောက်ရေ သုံးရေး အခက်အခဲရှိသောကြောင့် ငရုတ်တောင်ရွာမှ အိမ်တချို့ဟာ နီးစပ်ရာ ကျေးရွာတွေကို ပြောင်းရွေ့သွားခဲ့ကြ့ပီး ပုဇွန်ကန်တွေ ဒီအတိုင်းသာဆက်လုပ်လျှင် ရွာသွားနိုင်ကြောင်း ဦး ကျော်မြင့်က ဆက်ပြောသည်။

“အခုက ရွာမှာ ဒီရေကန်တွေကိုဘဲ အားကိုနေရတာလေ။ ရေကသုံးမရတော့ဘဲ ရေရှားလာတော့ အနားကရေကောင်းတဲ့ရွာကိုပြောင်းသွားတဲ့ မိသားစုတွေ တဖြည်းဖြည်းများလာပြီး။ ဒီအတိုင်းဆို ရွာပါပျောက်သွားနိုင်တယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

ဂီရိမုန်တိုင်း တိုက်ခတ်စဉ်က ရခိုင်ပြည်နယ် တနေရာ၊ ဓာတ်ပုံ- ဧရာဝတီ

အေးချမ်းမွန်မှ  အဖြူရောင်စာမျက်နှာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ဂီရိမုန်တိုင်း တိုက်ခတ်စဉ်က ရခိုင်ပြည်နယ် တနေရာ၊ ဓာတ်ပုံ- ဧရာဝတီ
ပုဇွန်ကန်များကို ရေငံသွင်းသဖြင့် အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ရခိုင်ပြည်နယ် မအီမြို့နယ်အတွင်းရှိ ငရုတ်တောင်ကျေးရွာက ရွာသားများမှာဟာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေကြရသည်ဟု သတင်းရရှိသည်။

အိန္ဒိယနိုင်ငံ ဘတ်ကားပေါ်တွင် အဓမ္မကျင့်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ သည့် ဆေးကျောင်းသူဖြစ်စဉ်အား ကျန်ရစ်သူများမှ ပြန်လည်ပြောပြ

အိန္ဒိယနိုင်ငံ ဘတ်ကားပေါ်တွင် အဓမ္မကျင့်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ သည့် ဆေးကျောင်းသူဖြစ်စဉ်အား ကျန်ရစ်သူများမှ ပြန်လည်ပြောပြ

အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စကားတစီး ပေါ်မှာ ပြီးခဲ့တဲ့ လက အုပ်စုနဲ့ အဓမ္မမုဒိမ်း ပြုကျင့် ခံခဲ့ရပြီး ရိုက်နှက် ခံရလို့ သေဆုံးခဲ့ရ တဲ့ ဆေးကျောင်းသူလေးနဲ့ အတူပါလာတဲ့ အမျိုးသားမိတ်ဆွေက သူတို့ရဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံကို ပထမဆုံး အကြိမ် ပြန်ပြောပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရုပ်မြင်သံကြား လိုင်းက မေးမြန်းခန်းမှာ အဲဒီအမျိုးသားက သူတို့ကို ဘယ်လို တိုက်ခိုက်ခဲ့တယ်ဆိုတာကို ပြောခဲ့တာဖြစ်ပြီး သူ့ရဲ့ နာမည်ကိုတော့ ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။

ပထမဆုံး သူနဲ့ သူရဲ့ ဆေးကျောင်းသူ မိတ်ဆွေကို ဘတ်စကားပေါ် ညာပြီး ခေါ်တင်ခဲ့တယ်လို့ ပြောပြပါတယ်။ တကယ့် ခရီးသည်တင် ကား ထင်ပြီး ဘတ်စကားခ တောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကားတံခါးတွေ သော့ချလိုက်ပြီး သူ့မိတ်ဆွေ အမျိုးသမီးကို ကားပေါ်ပါတဲ့ အမျိုးသားတွေက စကြနောက်ကြ တာကြောင့် သူနဲ့ ရန်ဖြစ်ကြ တယ်လို့ ပြောပါတယ်။

ဒီနောက် တယောက်က သံဒုတ်နဲ့ သူ့ကိုရိုက်လိုက်ပါတယ်။ သူသတိမလစ်ခင် သူ့မိတ်ဆွေ အမျိုးသမီးကို အဲဒီလူတွေက ဆွဲခေါ်သွားတယ်လို့ ပြောပါတယ်။

ဒေလီမြို့ကို တနာရီလောက် ကားပတ်မောင်းနေချိန်မှာ ကားပေါ်ပါ အမျိုးသားတွေက အမျိုးသမီးလေးကို ရက်ရက်စက်စက် ရိုက်နှက် အဓမ္မမုဒိမ်းပြုကျင့်ကြပြီး သူတို့ နှစ်ယောက်စလုံးကို အဝတ်ဗလာနဲ့ ကားပေါ်က ပစ်ချခဲ့ပါတယ်။

ဒီလိုပစ်ချပြီး ကားဒရိုင်ဘာက ကားနဲ့ ကြိတ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ သူ့မိတ်ဆွေ အမျိုးသမီးကို ကားမကြိတ်မိခင် လက်မတင်လေး သူဆွဲပြီး ရှောင်လိုက်နိုင် တယ်လို့ ပြောပါတယ်။

အမျိုးသမီးလေး သွေးထွက်လွန်နေလို့ လမ်းသွားလမ်းလာတွေကို အကူအညီ တောင်းပေမယ့် နာရီဝက်လောက် ကယ်သူမရှိ ဖြစ်နေခဲ့ပြီးမှ ရဲကား ၃ စီး ရောက်လာခဲ့တယ်။

ဒါပေမယ့် ရဲတွေ ရောက်လာလာချင်း အဝတ်အစားတွေ ဘာတွေ မပေး၊ ဘာမှ မလုပ်ဘဲ ဘယ်ရဲဌာနအပိုင် ဖြစ်တယ်ဆိုတာ အချင်းချင်း စကားများ ငြင်းခုံနေ ကြသေးတယ်လို့ ပြောပါတယ်။

နောက်ပြီး နီးနီးနားနားမှာရှိတဲ့ ဆေးရုံကို ခေါ်သွားမယ့်အစား အဝေးကြီးက ဆေးရုံကို ခေါ်သွားတယ်။ ဆေးရုံရောက်ပြန်တော့လည်း အကြာကြီး စောင့်နေရတယ်၊ သူတို့အတွက် အဝတ်အစားကိုတောင် မနည်းတောင်းပန် ယူရတယ်လို့ ဆိုပါတယ်။

သူတို့ကို တိုက်ခိုက်ခဲ့သူတွေကို တိရိစ္ဆာန်တွလို့ သူက ခေါ်ဝေါ်ခဲ့ပြီး သူ့မိတ်ဆွေ အမျိုးသမီး သေမယ်လို့ သူလုံးဝ မျှော်လင့် မထားခဲ့ဘူးလို့ ပြောပါတယ်။

အမျိုးသား ၅ ဦးကို မုဒိမ်းမှု၊ လူသတ်မှုတွေနဲ့ စွဲဆို ထားလိုက်ပြီ ဖြစ်ပါတယ်။

သူက လူတွေရဲ့ ကူညီလိုတဲ့ လူမှုရေး စိတ်ဓာတ်နည်းပါးမှု ၊ ရဲ နဲ့ အစိုးရ အာဏာပိုင်တွေကို ဝေဖန်ခဲ့ပါတယ်။ ဖယောင်းတိုင်မီး ထွန်းညှိ ဆုတောင်းရုံနဲ့ လူတွေရဲ့ စိတ်ဓာတ် မပြောင်းလဲနိုင်ဘူး။ သူတို့ရဲ့ အတွေ့အကြုံကို လူတွေ သင်ခန်းစာယူဖို့ လိုတယ် ။ ဒါမှ နောင်မှာ အသက်တွေကို ကယ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လောလောဆယ် လမ်းမတွေမှာ ကန့်ကွက် ဆန္ဒပြနေသူတွေကတော့ ယဉ်ကျေးမှုအခြေခံနဲ့ အမျိုးသမီးတွေ အပေါ်မှာ ထားတဲ့ သဘောထားတွေကို အောက်ခြေက စပြီးပြောင်းလဲဖို့ လိုတယ်လို့ ပြောနေကြ ပါတယ်။

BBC News Via Credit: Thit Htoo Lwin blog

အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စကားတစီး ပေါ်မှာ ပြီးခဲ့တဲ့ လက အုပ်စုနဲ့ အဓမ္မမုဒိမ်း ပြုကျင့် ခံခဲ့ရပြီး ရိုက်
နှက် ခံရလို့ သေဆုံးခဲ့ရ တဲ့ ဆေးကျောင်းသူလေးနဲ့ အတူပါလာတဲ့ အမျိုးသားမိတ်ဆွေက သူတို့ရဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံကို ပထမဆုံး အကြိမ် ပြန်ပြောပြခဲ့ပါတယ်။