Pages

Thursday, January 3, 2013

ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်ရှိ လူနေတိုက်ခန်းတစ်ခန်းတွင် ယနေ့ည ၆နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွား


ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်ရှိ လူနေတိုက်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ 

Thursday, 03 January 2013 21:51

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကသစ်လမ်း၊ တိုက်အမှတ် ၁၆၊ သုံးလွှာ (ခ) တွင် ဇန်န၀ါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။  

အဆိုပါမီးလောင်ကျွမ်းမှုမှာ ၁၅ မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ကြောင်းနှင့် ဆေးလိပ်တိုပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု အဆိုပါမီးလောင်မှုဖြစ်စဉ် အနီးရှိလူများ၏ ပြောပြချက်အရ သိရသည်။                

"မီးလောင်မှု ဖြစ်တယ်လည်းဆိုရော ရပ်ကွက်ထဲက လူငယ်တွေက တိုက်ခန်းပေါ်ကိုတက်ပြီး မီးသတ်ဆေးဘူးတွေ၊ ရေစိုအ၀တ်တွေနဲ့ ငြိမ်းသတ်ကြတဲ့အတွက် မီးလောင်မှု နည်းသွားရတာပါ။ မီးသတ်ကားတွေလည်း မီးလောင်ပြီး ၅ မိနစ်ကျော်ကျော်လောက်မှာပဲ ရောက်လာကြတယ်။ အဲဒီအိမ်မှာက ကျန်မာရေးချို့တဲ့နေတဲ့ အဘိုးအိုတစ်ယောက်နဲ့ သူ့သမီးတစ်ယောက် ရှိတယ်လို့ သိရတယ်။ သူ့သမီး ဈေးဝယ်ခဏသွားနေတုန်း မီးလောင်မှုဖြစ်တာ။ ဘေးအခန်းတွေကိုတော့ မီးမကူးဘူး" ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေါ်ခင်မာကြည်က ပြောပြပါသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၅ စီးနှင့် အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ လာရောက်၍ မီးငြှိမ်းသတ်မှု ပြုလုပ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၇၀၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော တိုက်ခန်းအားတွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မီးလောင်မှုဖြစ်ပွားခဲ့သော တိုက်ခန်းအားတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကသစ်လမ်း၊ တိုက်အမှတ် ၁၆၊ သုံးလွှာ (ခ) တွင် ဇန်န၀ါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက် ဘာမျှင်

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်
Thursday, January 03, 2013

မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင်တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ် သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။

ယခုအခါဝါရှင်တန်တက္ကသိုလ်မှယင်း ပြဿနာနှစ်ရပ်လုံးအားတစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခု ကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့ သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ် မှ လေ့လာသူ များအား ဘေလ်နှင့်မီလင်ဒါဂိတ် အဖွဲ့အ စည်းမှ ဒေါ်လာ ၁သန်းဆုချီးမြင့်ခဲ့လေသည်။

ယင်းပစ္စည်းမှာ ဗို့အားမြင့်ချည်ငင်စက် မှထုတ်လုပ်ထားသောအဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစားဖိုက်ဘာ မျှင်များဖြင့် ထုတ်လုပ်ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာ ကိုယ်အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေ တားဆေးများ၊HIV တားဆေးများထုတ် ပေးနိုင်သည်။

ယင်း ဖိုက်ဘာမျှင်များ ဖြင့်ရက်လုပ်ထားသောအဝတ်မှာ ဈေး ပေါပြီးသီးခြားဆန်ကာ၊ ကိုယ်ဝန်လို ချင်သောအချိန်တွင် အချိန်မရွေးပြန် ရနိုင်ပေသည်။ ဗို့အားမြင့်ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည် ကို အရှိန်အဟုန်မြှင့်ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။

ယင်းဖိုက်ဘာမျှင်များသည် ဆေးများ ကို သိုလှောင်ထားနိုင်ရုံသာမက ဆေး များကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာ တွင်လည်း အခြားသော ဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင် လျှင် လုပ်ဆောင်ရန် ခက်ခဲသောခန္ဓာ ကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ် ကြသည်။ ပရိုတင်းများ၊ အန်တီဘော် ဒီ များနှင့်လည်းတစ်သားတည်းပူးပေါင်း လုပ်ဆောင်နိုင်လေသည်။

လေ့လာ သူများက ပထမအနေဖြင့် HIV ကာ ကွယ်ဆေး antiretroviral ဆေးများ အား FDA မှ ခွင့်ပြုထားသောပိုလီမာ ဖြင့် ရောနှော၍ ဆေးထိုးအပ်မှတစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည်အထိ ဖျော်လိုက်သည်။ ထို့ နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက် ကို အသုံးပြု၍ဖိုက်ဘာမျှင် များရအောင် ပြုလုပ် လေသည်။

ယင်း ဖိုက်ဘာမျှင်များဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ် မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အား ထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်းတပ် ဆင်အသုံးပြုနိုင်သည်။ ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့ သို့ ပျော်ဝင်သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။

ဖိုက် ဘာမျှင်တစ်မျိုးမှာထည့်ပြီး မိနစ်ပိုင်း အတွင်းပျော်ဝင်သွား၍ မလိုလားအပ်သော သန္ဓေ နှင့်လိင်မှ တစ်ဆင့် ကူးစက်နိုင် သော ရောဂါများအား တားဆီးနိုင် ၍ နောက်ဖိုက်ဘာတစ်မျိုးမှာတဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာတဖြည်းဖြည်းဆေးကိုထုတ် လွှတ်ပေးပြီး HIV နှင့်ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။

MNT

မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့်HIVပိုးကူးစက်ခြင်းမှတားပေးခြင်းစသောကိစ္စနှစ်ရပ်အားတပြိုင်တည်း
ပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ် သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေအရပ်
ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။

မင်းအတွက်ဆိုရင်

Comment #19

တကယ်ပါ ချစ်သူရယ်
ကိုယ့်ရင်ထဲက မေတ္တာကိုခြံခတ်
သစ္စာကိုပနှံရိုက်
ဂရုဏာကိုတိုင်ထူ
မုဒိတာကိုကာရံ
အကြင်နာသံကုတင်ခင်းပြီး
အချစ်မွေ့ရာပေါင်္မှာ…………………………………………..

ပိုင်ဆိုင်ချင်မှုက ဦူတေဇထက်ပိုပါတယ်
လိုချင်မှုက ဦးနေ၀င်းထက်သာပါတယ်
မင်းတစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ချင်တာပါ……..
မင်းလေးကို ဦးသန်းရွှေလာလုရင်တောင်
ကိုယ်က ဒေါ်ကြိုင်ကြိုင်ထိတက်တိုင်ဖို့ဝန်မလေးပါဘူး
မင်းသာကိုယ့်ကိုပြန်ချစ်မယ်ဆိုရင်
ကိုယ့်ဘက်ကတက်နေတဲ့
ကုန်ဈေးနှုန်းတွေကို
ဟိုငရဲပြည်ထိသွားပြီး
ဆွဲချပေးမယ်ဆိုတာ
voa.rfa. ထဲမှာတောင်ထည့်ကြော်ငြာစရာမလိုပါဘူး
မင်းမယုံလို့မဲဆွယ်ကြည့်လိုက်ပါ
ကိုယ့်ဘက်ကကြိုတင်မဲများတယ်ဆိုတာ
ကြွံ့ဖွတ်ကြီးတောင်အရှုံးပေးသွားရမှာပါ

တကယ်ပါ ချစ်သူရယ်
ကိုယ့်ရင်ထဲက မေတ္တာကိုခြံခတ်
သစ္စာကိုပနှံရိုက်
ဂရုဏာကိုတိုင်ထူ
မုဒိတာကိုကာရံ
အကြင်နာသံကုတင်ခင်းပြီး
အချစ်မွေ့ရာပေါင်္မှာ…………………………………………..

ပိုင်ဆိုင်ချင်မှုက ဦူတေဇထက်ပိုပါတယ်
လိုချင်မှုက ဦးနေ၀င်းထက်သာပါတယ်

အင်တာနက် သုံးသူများအပေါ် တင်းကျပ်သည့် ဥပဒေတစ်ရပ် တရုတ်အစိုးရ အတည်ပြု ပြဋ္ဌာန်း

အင်တာနက် သုံးသူများအပေါ် တင်းကျပ်သည့် ဥပဒေတစ်ရပ် တရုတ်အစိုးရ အတည်ပြု ပြဋ္ဌာန်း
...............................................................................................
အင်တာနက် သုံးစွဲသူများကို အမည်ရင်းနှင့် မှတ်ပုံတင်ရန် တောင်းဆိုသည့် အင်တာနက် ထိန်းချုပ်ရေး ဥပဒေ တစ်ရပ်ကို တရုတ်အစိုးရက သောကြာနေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။

ထိုဥပဒေမှာ ကွန်မြူနစ် ပါတီခေါင်းဆောင်အချို့၏ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်၍ မကျေနပ်ချက်များ အွန်လိုင်းပေါ်တွင် အများအပြား ထွက်ပေါ်လာပြီးနောက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ ဥပဒေက ပုဂ္ဂိုလ်ရေး အကြောင်းအရာ များကို အကာအကွယ်ပေးလိမ့်မည်ဟု အာဏာပိုင်များက ဆိုသော်လည်း အစိုးရနှင့် ပတ်သက် သည့် ဝေဖန် ဆွေးနွေးမှုများ စုဆုံရာ ဖိုရမ်တစ်ခုဖြစ်နေသော အင်တာနက်၏ အခန်းကဏ္ဍကို ပြည်ဖုံးကား ချရန် ရည်ရွယ်ပုံရကြောင်း ဝေဖန်သူများက ဆိုပါသည်။

“အင်တာနက် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးရေးအတွက် ဒီဥပဒေ လိုအပ်ပါတယ်။ နိုင်ငံရဲ့ အခြေခံ ဥပဒေက နိုင်ငံတော်နဲ့ အစိုးရ အရာရှိတွေရဲ့လုပ်ရပ်ကို ဝေဖန်အကြံပြုတဲ့နေရာမှာ နိုင်ငံသား အခွင့်အရေးတွေကို အကာ  အကွယ်ပေးထားတယ်” ဟု ဥပဒေပြု လွှတ်တော်၏ ဥပဒေရေးရာ ကော်မတီ ညွှန်ကြားရေးမှူး Li Fei က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။

“သူတို့ရည်ရွယ်ချက်က ရှင်းပါတယ်။ သန်း ရာနဲ့ချီ ရှိတဲ့ တရုတ် အင်တာနက် သုံးစွဲသူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်နဲ့ လူထု ထင်မြင်ချက်တွေအတွက် ပေးထားတဲ့ နေရာသေးသေးလေးကို ပြန်ယူဖို့ပဲ”ဟု ကျော်ကြား ထင်ရှားသည့် တရုတ်စာရေးဆရာ Murong Xueeum က ဆိုပါသည်။

Ref: AP မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

အင်တာနက် သုံးစွဲသူများကို အမည်ရင်းနှင့် မှတ်ပုံတင်ရန် တောင်းဆိုသည့် အင်တာနက် ထိန်းချုပ်ရေး ဥပဒေ တစ်ရပ်ကို တရုတ်အစိုးရက သောကြာနေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။

ယမန့်နေ့က မြဝတီ မီးလောင်မှုတွင် ကလေးငယ်တစ်ဦး မီးထဲပါသွား

ယမန့်နေ့က မြဝတီ မီးလောင်မှုတွင် ကလေးငယ်တစ်ဦး မီးထဲပါ

မြ၀တီ၊ ဇန်န၀ါရီ ၃။

ယမန်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မြ၀တီမြို့၊ အမှတ်(၁) ရပ်ကွက် စိန်ပန်းလမ်းနှင့် နှင်းဆီလမ်းထောင့်အတွင်း မီးလောင်မှုဖြစ်ပွားရာ ရှစ်နှစ် အရွယ် ကလေးငယ်တစ်ဦး မီးထဲပါသွားကြောင်း သိရသည်။

မီးလောင်မှုစတင်ဖြစ်ပွားသည့်နေအိမ်နှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ်လေးလုံး မီးလောင်မှုတွင်း ပါဝင်သွားကြောင်းသိရပြီး ပန်းသီးဂိမ်း ကစားရုံ တစ်ရုံလည်း ပါဝင်သွားကြောင်းနှင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပိတ်မိနေ၍ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိဘများသည် ဘန်ကောက်မြို့တွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများဖြစ်ကြပြီး ကလေးငယ်မှာ ၎င်း၏ ဦးလေးတော်စပ်သူ
နှင့် နေထိုင်ကြောင်းနှင့် ကလေးငယ်၏ အလောင်းအား မီးငြိမ်းပြီးမှသာ
တွေ့ရှိကြခြင်း ဖြစ်ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြ၀တီမြို့မှ မီးသတ်ယာဉ် (၄) စီး၊ မြို့တွင်း
ရေရောင်းချနေသော ရေသယ်ယာဉ် (၁၅) စီး ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရပြီး တဖက်နိုင်ငံမဲဆောက်မြို့မှ မီးသတ်ယာဉ် (၇) စီး အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များလည်း လာရောက် မီးကူငြိမ်း သတ်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ဝါယာကြိုးရှော့ ဖြစ်၍ စတင်
လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရပြီး ည ၂ နာရီ ခန့်အချိန်မှသာ မီးငြိမ်း သွားကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဇွဲကပင်မောင်မောင်

The Myanma Age

ယမန်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မြ၀တီမြို့၊ အမှတ်(၁) ရပ်ကွက် စိန်ပန်းလမ်းနှင့် နှင်းဆီလမ်းထောင့်
အတွင်း မီးလောင်မှုဖြစ်ပွားရာ ရှစ်နှစ် အရွယ် ကလေးငယ်တစ်ဦး မီးထဲပါသွားကြောင်း သိရသည်။

ထိုးစစ်များ ရပ်တန့်ခြင်းမရှိပါက နောင်တွင်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများသည် အာဏာရ အစိုးရနှင့် ဗမာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနသို့ပြောကြား

ထိုးစစ်များ ရပ်တန့်ခြင်းမရှိပါက နောင်တွင်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများသည် အာဏာရ အစိုးရနှင့် ဗမာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနသို့ပြော
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မှ ကြည်းတပ်၊ လေတပ် အင်အား (၂) ရပ်သုံး၍ ပြင်းထန်သည့် ထိုးစစ် ဆင်နေခြင်းအပေါ် တိုင်းရင်းသား (၁၁) ဖွဲ့ ပါဝင်သည့်  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကန့်ကွက် ရှုံ့ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန် လိုက်သည်။

ထိုးစစ်များ ရပ်တန့်ခြင်းမရှိပါက နောင်တွင်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများသည် အာဏာရ အစိုးရနှင့် ဗမာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနသို့ အခုလို ပြောဆိုသည်။

“အစိုးရတပ်ဖွဲ့ တွေကနေပြီးတော့ KIA အပေါ် ထိုးစစ်ဆင်နေ တာတွေကို မြင်ရတော့ ကျနော်တို့ UNFC အနေနဲ့ စဉ်းစားစရာ ဖြစ်လာတယ်။ အဲဒီတော့ ထိုးစစ် ဆင်နေတာကို အလျင်အမြန် ရပ်တန့်ဖို့ တောင်းဆိုတယ်၊ တဆက်တည်းပဲ ပြောချင်တာက အကယ်၍ မရပ်တန့်ပဲ ဆက်လက်တိုက်ခိုက် နေမယ်ဆိုရင် နောင်ဖြစ်ပေါ် လာမယ့် ဆိုးကျိုးတွေကို အစိုးရ နဲ့ ဗမာ့ တပ်မတော်မှာပဲ တာဝန် ရှိတယ်လို့ ဒီလို ပြောချင် ပါတယ်”

ထို့အပြင် ကချင်ပြည် ထိုးစစ်နှင့် ပတ်သက်၍ UNFC အဖွဲ့အတွင်း သက်ဆိုင်ရာ အဖွဲ့ အလိုက် ပြန်လည် သုံးသပ်ခဲ့သလို အဖွဲ့ဝင်အားလုံးမှ တညီတညွတ်တည်း သဘောတူ ချက်အရ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) အား ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ “အလျင်အမြန် ” ရပ်တန့် ပေးရန် တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။   

ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အား အကာ အကွယ် ပေးထားသည့် လဂျားယန် နှင့် နမ်ဆန်ယန် ရွာအနီးရှိ (KIA) တပ်စခန်းများကို အစိုးရတပ်ဖွဲ့မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး အပတ်က စတင်၍ ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ၁၀၅ မမ ဟော်ဝစ်ဇာ လက်နက်ကြီး များဖြင့် ရက်သတ္တ တစ်ပတ်ခန့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက် နေခြင်းကို သုံးသပ်၍ ကြေညာချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားရန် ယမန်နှစ် နိုဝင်ဘာလ (၉) ရက်နေ့က UNFC အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံစဉ် သဘောတူ ထားသော်လည်း ယခုကဲ့သို့ ကချင် KIA အပေါ် ပြင်းထန်စွာ တိုက်ခိုက် လာသည့် အပေါ်အစိုးရ ဘက်မှ အပြောတမျိုး အလုပ်တမျိုး မရိုးသားသည့် သဘောကို ဖော်ပြ နေသည်ဟုလည်း ကြေငြာ ချက်၌ ဖော်ပြထားသည်။

အလားတူ လက်ရှိ အနေအထားအရ အစိုးရ အဖွဲ့၏ ပြောဆို ဆွေးနွေးချက်နှင့် လက်တွေ့ လုပ်ရပ်သည် ပြည်တွင်း ငြိမ်းချမ်းရေး ဘက်သို့ ဦးတည် နေခြင်း မဟုတ်ဟု မြင်မိကြောင်း ၄င်းတို့မှ သုံးသပ်ထားသည်။

ထို့အပြင် ပြည်တွင်း၌ အနှစ် (၆၀) ကျော် ဖြစ်ပွါးနေသည့် တိုင်းရင်းသား ပြဿနာများကို လက်နက် အားကိုးပြီး အစိုးရ အဆက်ဆက်က ဖြေရှင်း ခဲ့သော်လည်း မပြေလည်ရုံ မက တိုင်းပြည် ခေတ်နောက်ကျကာ ပြည်သူများ ဒုက္ခ ရောက်နေသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းလမ်းဖြင့် ထပ်မံ ဖြေရှင်း နေခြင်းသည် အလွန်မိုက်မဲသော လုပ်ရပ် ဖြစ်ကြောင်းလည်း ကြေငြာချက်က ထောက်ပြ ထားသည်။

အစိုးရနှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံ ဖြေရှင်းရေး သဘော တူညီ ချက်ကို မပျက်ပြားစေလို၍ UNFC ဘက်မှ စိတ်ရှည်စွာ ထိမ်းသိမ်း လုပ်ဆောင် နေခဲ့ကြောင်းနှင့် အတိုင်းအတာ တခုအထိ စောင့်ကြည့်လာရာမှ ယခု အတိအလင်း ထုတ်ပြန်တောင်းဆိုခြင်း ဖြစ်ကြောင်း နိုင်ဟံသာက ဆိုသည်။

UNFC အဖွဲ့အား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ (NUPA)၊ (၀) အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စသည့်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်မှ ကြည်းတပ်၊ လေတပ် အင်အား (၂) ရပ်သုံး၍ ပြင်းထန်သည့် ထိုးစစ် ဆင်နေခြင်းအပေါ် တိုင်းရင်းသား (၁၁) ဖွဲ့ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကန့်ကွက် ရှုံ့ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန် လိုက်သည်။

ပိုင်ဆိုင်သမျှ အားလုံးလှူမည့် ဂျက်ကီးချန်းမှ သားအတွက် အမွေ

ပိုင်ဆိုင်သမျှ အားလုံးလှူမည့် ဂျက်ကီးချန်းမှ သားအတွက် အမွေ
//////////////////////////////////////////////////////////////////////
ဂျက်ကီးချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုပြီးသွားပြီ ဖြစ် ပါတယ်။ ယင်းကတော့ တစ်ချိန်ကျ သူပိုင်သမျှ စည်းစိမ်အားလုံးကို ပရဟိတ လုပ်ငန်းတွေထဲ အားလုံး ထည့်ဝင် လှူဒါန်း လိုက်ဖို့ ဖြစ်ပါတယ်။
အသက် ၅၈ နှစ်ဝန်းကျင် ရှိပြီ ဖြစ်တဲ့ ဂျက်ကီးချန်းမှာ အသက် ၃၀ အရွယ် ဂျေစီ ချန်း (Jaycee Chan) အမည်ရ သားတစ်ယောက် ရှိပါတယ်။ သူကလည်း လက်ရှိမှာ ဟောင်ကာင်မင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ဖခင် လောက်တော့ နာမည်မရနိုင်သေးပါဘူး။ ပိုင်ဆိုင် သမျှအားလုံးကို လှူဒါန်းမယ် ဆိုတော့ သားအတွက် ဘာကျန်လဲလို့ မီဒီယာက မေးတဲ့ အခါ အောက်ပါ အတိုင်း ဖြေပါတယ်။
"သူ အရွယ်ရောက်ပြီပဲ။ ကိုယ်တိုင် ငွေရှာနိုင်ပါတယ်။ ကျွန်တော်ပေးတဲ့ အမွေနဲ့သာဆိုရင် ငွေဖြုန်းတာကလွဲလို့ ဘာမှ သိတော့မှာ မဟုတ်ဘူးလေ၊ ဘဝကသာ သူ့အတွက် အကောင်းဆုံး အမွေပါဗျာ"
ဒီတော့ ဂျက်ကီးချန်းအနေနဲ့ သားအတွက် ချန်ပေးတာ ဘာမှ မရှိဘူး ဆိုပေမယ့် သားကိုယ်တိုင်ကလည်း ကျေနပ်ပါတယ်။ ငွေကို ကိုယ်တိုင် ရှာသုံးတတ်အောင် ဂျက်ကီးချန်းတစ်ယောက် ကောင်းကောင်း သင်ပေး၊အမွေ ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သူ ယုံကြည်တဲ့ အတိုင်း အမြွေအားလုံးကို အလှူလုပ်မယ်ဆိုတော့ လေးစားအားကျ ထောက်ခံ သူများ ရှိသလို၊ သားအပေါ် ရက်စက်တယ်လို့ ပြောသူလည်း ရှိလာပြန်ပါတယ်။
သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဂျက်ကီချန်းရဲ့  ဆုံးဖြတ်ချက်ကို အများစုက ကောင်းချီထောပနာ ပေးကြောင်း သိရပါတယ်။ 
---
Ref:gossip......YOYARLAY

ဂျက်ကီးချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုပြီးသွားပြီ ဖြစ် ပါတယ်။ ယင်းကတော့ တစ်ချိန်
ကျ သူပိုင်သမျှ စည်းစိမ်အားလုံးကိုပရဟိတလုပ်ငန်းတွေထဲအားလုံးထည့်ဝင်လှူဒါန်းလိုက်ဖို့ ဖြစ်ပါတယ်။

နေပြည်တော်လွတ်လပ်ရေးနေ့ အခမ်းအနား တိုင်းရင်းသားပါတီဥက္ကဋ္ဌအချို့ မတက်ရောက်။

လတ်တလောကချင်ဒေသမှာတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကဖိတ်ကြား
တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌကပြောပါ
တယ်။ လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အ
နေနဲ့လည်း ထပ်တူခံစားရပြီးသမ္မတဦးသိန်းစိန်ဖိတ်ကြားထားတဲ့ နေပြည်တော်ကလွတ်လပ်ရေးနေ့အထိမ်း
အမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

တစ်ကိုယ်တော် ရှိုးပွဲလုပ်ရန် အစီအစဉ်ရှိသည်ဟု စိုးသူပြောကြား

စက်တင်ဘာလ၂၃ ရက်တွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသောအကယ်ဒမီစိုးသူကကစ်ကိုယ်တော်
ရှိုးပွဲ ပြုလုပ်ရန် အစီအစဉ် ရှိသည်ဟုမြန်မာ့ခေတ်အား ပြောကြားသည်။

မနက်ဖြန် ဇန်န၀ါရီ ၄ရက်နေ့မှာကျရောက်တဲ့ လွပ်လပ်ရေးနေ့ အမှတ်တရ ဗိုလ်ချုပ်မိန့်ခွန်းများ

‎လူတွေကတင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …တိုင်းရင်းသား

အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊အဲ့ဒီညီညွတ်ရေးနှစ်ခု မရှိသမျှ----------------

ဒဂုံမြို့သစ်မှာ တိုက်ခန်းတသောင်း ဆောက်မယ်

ဒဂုံမြို့သစ်မှာ တိုက်ခန်းတသောင်း ဆောက်မယ်

Thursday, January 03, 2013  Sithu Linn 

 ရန်ကုန်မြို့ပြင်က ဧရာဝဏ်၊ ရတနာ စတဲ့ အိမ်ရာစီမံကိန်းတွေမှာ တိုက်ခန်းပေါင်း တသောင်းကို သုံးနှစ်အတွင်း အပြီး တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ မြေခွန်မြေတိုင်း ညွှန်မှူး ဦးအောင်ကျော်ဦးက မနေ့က ပြုလုပ်တဲ့ မြေယာကိစ္စရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး (ဓာတ်ပုံ - ဂျူးဂျူးလှိုင်/ဧရာဝတီ)
စီမံကိန်းတွေဟာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ တည်ရှိတာပါ။
ကျူးကျော်နေထိုင်သူများကို ဒီတိုက်ခန်းတွေ ပြန်ရောင်းပေးဖို့ စဉ်းစားထားတယ် လို့ ဦးအောင်ကျော်ဦးက ဒေသခံပြည်သူများ၊ စာနယ်ဇင်းသမားများ တက်ရောက်တဲ့ ရှင်းလင်းပွဲမှာ  ပြောပါတယ်။

ဒီစီမံကိန်း ၂ ခုကနေ ၀င်ငွေနည်းပြည်သူလူထု ရှစ်သောင်းကျော် နေထိုင်ဖို့ တိုက်ခန်းတွေ ပေါ်ပေါက်လာမယ်လို့ သိရပါတယ်။
ပဲခူးမြစ်ဘေးက ဒဂုံဆိပ်ကမ်းမြို့နယ် (ဓာတ်ပုံ - google map)
အိမ်ရာစီမံကိန်းဒေသတွေမှာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့၊ နိုင်ငံရေးသမားတချို့ ပါဝင်ပတ်သက်နေတဲ့ တရားမ၀င် မြေရောင်းစားမှုများ၊ ဝေစုမတည့်မှုများ စသဖြင့် ပေါ်ပေါက်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အဲဒီလို ကိုယ်ကျိုးရှာအမြတ်ထုတ်နေတဲ့  ပုဂ္ဂိလ်များကြောင့် သူတို့ ဒုက္ခရောက်နေရပါတယ် လို့  နှစ်ကြာမြင့်စွာ ကျူးကျော် နေထိုင်လာကြတဲ့  ဒေသခံများကပြောပါတယ်။


အေးချမ်းမွန်မှ  ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ပဲခူးမြစ်ဘေးက ဒဂုံဆိပ်ကမ်းမြို့နယ် (ဓာတ်ပုံ - google map)
ရန်ကုန်မြို့ပြင်က ဧရာဝဏ်၊ရတနာစတဲ့အိမ်ရာစီမံကိန်းတွေမှာတိုက်ခန်းပေါင်းတသောင်းကိုသုံးနှစ်အတွင်း
အပြီးတည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ မြေခွန်မြေတိုင်းညွှန်မှူးဦးအောင်ကျော်ဦးကမနေ့က ပြုလုပ်တဲ့
မြေယာကိစ္စရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ပြည်တွင်းက ကချင်ပြည်နယ်စစ်ပွဲမှာ လေကြောင်းပစ်ကူအသုံးမပြုရကြောင်း အစိုးရကအခုမှသိပြီ

Hilarious joke for my friends! Wish you a hilarious new year. Lol :D

ပြည်တွင်းက ကချင်ပြည်နယ်စစ်ပွဲမှာ လေကြောင်းပစ်ကူအသုံးမပြုရကြောင်း အစိုးရကအခုမှသိသွားပါပြီ
တဲ့။ ထူးဆန်းလိုက်တာ ပြည်တွင်းစစ်ပွဲနည်းဥပဒေတွေပြန်သင်ပေးရမလိုပဲ။

သရက်မြို့ သတ္တဌာန ဘုရား (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲ ကျင်းပမည်

သရက်မြို့ သတ္တဌာန ဘုရား (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲ ကျင်းပမည်

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ သတ္တဌာန ဘုရားကြီး (၁၂၃) ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံ ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက် မှ ၂၆ ရက်အထိ ၈ ရက် တိုင်တိုင် ကျင်းပမည် ဖြစ်သည်။

မြန်မာ သက္ကရာဇ် ၁ ၂၆ဝ ပြည့်နှစ်တွင် သရက်မြို့ သမာဓိမြို့ဝန် ဦးထွန်းအောင်ကျော် မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟ များသည် သီဟိုဠ် (သီရိလင်္ကာ) သို့ ဘုရားဖူး သွားရောက်ခဲ့ရာ ကန္နီမြို့ ဂန္ဓကုဋီတိုက် အတွင်း ကိန်းဝပ် စံပယ်တော် မူနေသော မြတ်စွာဘုရား၏ လက်ဝဲစွယ်တော်ကို ဖူးမြော် ကြည်ညို မိရာမှ ဖူးမြော်၍ မဝနိုင်အောင် ကြည်ညို၍ မြန်မာ နိုင်ငံသို့ ပင့်ဆောင် ပူဇော်လိုကြောင်း တောင်းပန် လျှောက်ထားချက် အရ ဗုဒ္ဓဘာသာ အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီး အရှင်မဟာ ဥပတိဿ မထေရ် က ဘုရင်ခံချုပ်ထံ ခွင့်ပန်ပြီး မြတ်စွာဘုရား၏ စွယ်တော်အစစ်နှင့် လုံးရပ် သဏ္ဌာန် ရောင်လျှံအဆင်း တူသော စွယ်တော်ပွား တစ်ဆူကို စီမံ ဆောင်ရွက် တော်မူပြီး စွယ်တော်အိမ် အတွင်း ဓာတ်တော်များပါ ထည့်သွင်းလျက် စွယ်တော်အစစ်နှင့် အတူ ရင်ငွေ့ လှုံထားတော် မူကာ ၄၉ ရက် တိုင်တိုင် ဥပုသ်စောင့်ပြီး သဒ္ဓါ ကြည်ညိုစွာ ဖူးမြော်၍ မြန်မာ နိုင်ငံသို့ ပင့်ဆောင် ပူဇော်သည်။ ယင်းနောက် သရက်မြို့ သတ္တ ဌာန ဘုရား ဘာသာရေး အကျိုးဆောင် များထံ ၁၂၆၁ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၁ ရက်တွင် လွှဲပြောင်း ပူဇော်ခဲ့သည်။

မြန်မာ သက္ကရာဇ် ၁၂၆၄ ခုနှစ်မှစ၍ ဘုရားပွဲတော် အစရက် ဖြစ်သော ပြာသို လဆန်း ၈ ရက်တွင် အတီးအမှုတ် အကအခုန်များ၊ ဝတ်အသင်းများ ခြံရံလျက် မြို့တွင်းသို့ သုံးနှစ်လျှင် တစ်ကြိမ် ဒေသစာရီ လှည့်လည် အပူဇော်ခံပြီး ကျန်နှစ်များတွင် ဘုရားပွဲတော် ရက်များ၌သာ အများပြည်သူ ဖူးမြော် ကြည်ညို နိုင်ရန် အခမ်းအနားဖြင့် ပူဇော် ထားရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/3494-2013-01-03-10-30-30

မကွေးတိုင်း ဒေသကြီး သရက်ခရိုင်သရက်မြို့သတ္တဌာနဘုရားကြီး (၁၂၃) ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်
နှင့် မြတ်စွယ်တော် အပူဇော်ခံ ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက် မှ ၂၆ ရက်အထိ ၈ ရက် တိုင်တိုင် ကျင်းပမည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်မြင့်အား ခန့်အပ်တာဝန်ပေး

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်မြင့်အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်
သမ္မတရုံးက ဇန်န၀ါရီ ၂ ရက် ရက်စွဲဖြင့် ကြေညာသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း---------------

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ဇန်န၀ါရီလ ၄၊၅၊၆ ရက်နေ့များတွင် နံနက် ၉း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ မိုင်ဒါကွင်း (မြို့မကွင်း)၌ ၀င်ကြေးအခမဲ့ဖြင့်ကျင်းပမည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ဇန်န၀ါရီလ ၄၊၅၊၆ ရက်နေ့များတွင် နံနက် ၉း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ မိုင်ဒါကွင်း (မြို့မကွင်း)၌ ၀င်ကြေးအခမဲ့ဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားပျော်ရွှင်ဖွယ်ရာ အစီအစဉ်များစွာနဲ့အတူကျင်းပပြုလုပ်သွားမှာဖြစ်လို့ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်......

Ref: MRTV 4

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ဇန်န၀ါရီလ ၄၊၅၊၆ ရက်နေ့များတွင် နံနက် ၉း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ မိုင်ဒါကွင်း (မြို့မကွင်း)၌ ၀င်ကြေးအခမဲ့ဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးဆိုင်များ၊ စား
သာက်ဆိုင်များနှင့်အခြားပျော်ရွှင်ဖွယ်ရာအစီအစဉ်များစွာနဲ့အတူကျင်းပပြုလုပ်သွားမှာဖြစ်လို့ လာရောက်
လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်......

လူငယ်အကျိုးပြုစာပေများ ရေးသားခဲ့သော ပါမောက္ခချုပ်ဟောင်း ဆရာကြီး ဒေါက်တာကျော်စိန် ကွယ်လွန်


လူမှုရေးနှင့်စိတ်ပညာဆောင်းပါးများတစ်စိုက်မတ်မတ် ရေးသားထုတ်ဝေခဲ့သူရန်ကုန်တက္ကသိုလ်နှင့်မန္တလး
တက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဆရာကြီး ဒေါက်တာကျော်စိန်သည်ဇန်န၀ါရီ ၂ ရက် နံနက်ပိုင်းတွင်SSC 
အထူးကုဆေးရုံ၌ နာတာရှည်လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်းဆရာကြီး၏  မြေးဖြစ်သူကပြောသည်။

ပန်ဝါဒေသ တိုက်ပွဲပြင်းထန်

ပန်ဝါဒေသ တိုက်ပွဲပြင်းထန်

January 3,2013 by Myitkyina blog news 

ဇန်န၀ါရီ(၂)ရက်နေ့ ပန်ဝါဒေသတွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ ယနေ့ဖြစ်ပွားသောတိုက်ပွဲ တွင် မြန်မာ့လေတပ်သည် လွန်ခဲ့သည့်နေ့ကအသုံးပြုသော တိုက်လေယာဉ်မဟုတ်ဘဲ အဆင့်မြင့် Jet Fighter (၂)စင်းကို အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တပ်မ(၈၈) နည်းဗျူဟာ(၂)လက်အောက်ခံ ခလရ(၁၀) (၁၃) (၇၇) ခမရ(၃၀၁) နှင့် ခလရ(၂၆၀) တပ်ရင်းများ မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ မြန်မာအစိုးရစစ်တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးကာ (၈)ဦးဒဏ်ရာရရှိ ကြောင်း သိရသည်။ ၎င်းထဲမှ (၆)ဦးသည် ဒဏ်ရာပြင်းထန်ကြောင်းနှင့် သေဆုံးရန်စိုးရိမ်ရကြောင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်များမှ သိရှိရသည်။

KIA တပ်ဖွဲ့ဝင်(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ တပ်မ(၈၈)ဌာနချုပ် ရည်မှန်းချက်ကို အမြန်အပြီးပြတ် ဆောင်ရွက်ရန် ဖိအားပေးနေသဖြင့် ရှေ့တန်းရောက် တပ်မတော်သားများမှာ နေ့စဉ်သေကြေထိခိုက်ဒဏ်ရာရ နေကြရကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှတဆင့် သိရှိရသည်။

ဇန်န၀ါရီ(၂)ရက်နေ့ ပန်ဝါဒေသတွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ ယနေ့ဖြစ်ပွားသောတိုက်ပွဲ တွင် မြန်မာ့လေတပ်သည် လွန်ခဲ့သည့်နေ့ကအသုံးပြုသော တိုက်လေယာဉ်မဟုတ်ဘဲ အဆင့်မြင့် Jet Fighter (၂)စင်းကို အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့သည်

ဇန်န၀ါရီလ ၃ ရက်နေ့ ယနေ့ နံနက် ၉ နာရီခန့်တွင် ကန်ရိပ်သာလမ်းဒေါင့် ကန်တော်ကြီး ပုဂံလုံးကျွန်းဝင်ပေါက်အနီး မီးပွိုင့်တွင် Light Truck ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား

ဇန်န၀ါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင်  ကန်ရိပ်သာလမ်းဒေါင့် ကန်တော်ကြီး ပုဂံလုံးကျွန်းဝင်ပေါက်အနီး မီးပွိုင့်တွင် Light Truck ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၄ ဦးကျော်ခန့်ရှိကြောင်း ယာဉ်တိုက်မှု အနီးရှိ မျက်မြင်သက်သေအချို့၏ ပြောကြားချက်အရ သိရပြီး ယင်းဒဏ်ရာရရှိသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

ဇန်န၀ါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကန်ရိပ်သာလမ်းဒေါင့် ကန်တော်ကြီး ပုဂံလုံးကျွန်းဝင်ပေါက်
အနီး မီးပွိုင့်တွင် Light Truck ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့်-

သင် ရုံးပိတ်ရက်တွေမှာ အိပ်ရာထ နောက်မကျပါစေနဲ့ ........

သင် ရုံးပိတ်ရက်တွေမှာ အိပ်ရာထ နောက်မကျပါစေနဲ့  ........

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ကို အနောက်နိုင်ငံတွေမှာ ရုံးပိတ်ရက် ခေါင်းကိုက်ခြင်း (Weekend Headche) လို့ ခေါ်တတ်ကြပါတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ အဖြစ်များလို့ပါ။

ဘာကြောင့်လဲဆိုတော့ ရုံးပိတ်ရက်တွေမှာ တော်ရုံနဲ့အိပ်ရာကမထဘဲ အီလေးဆွဲကာ လှဲနေတတ်တာကြောင့်ပါ။ အိပ်ရာထချိန် ရုတ်တရက်ပြောင်းလဲသွားခြင်းက ဟန်ချက် ညီအောင် ထိန်းပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဦးနှောက်ရှိ hypothalamus အပိုင်းကို အကြီးအကျယ်သွားရောက် ထိခိုက်နိုင်တာကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ပုံမှန်ရက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်နေကျအချိန်မှာ မသောက်ဘဲ အိပ်နေပါကလည်း ကောဖီသောက်နေသူ ကော်ဖီဖြတ်ရာမှာ ဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက် မှုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပုံမှန် ဖြစ်သင့်ပါတယ်။ 

ပင်ပန်းပြီး အိပ်ချင် နေရင်တောင် ထနေကျအချိန်မှာ ထလာပြီး နေ့လယ်နေ့ခင်းမှ တစ်ရေးတစ်မော ပြန်မှေးလိုက်ပါ။

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ကို အနောက်နိုင်ငံတွေမှာ ရုံးပိတ်ရက် ခေါင်းကိုက်ခြင်း (Weekend Headche) လို့ ခေါ်တတ်ကြပါတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ အဖြစ်များလို့ပါ။

>>> ဇန်န၀ါရီလ ၃ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>

ယနေ့ ဇန်န၀ါရီ ၃ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်
နှု့န်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၇ ကျပ် သတ်မှတ်
ကြောင်း သိရသည်။ ထို့အပြင် Cross Exchange Rate အရ-----------

အပတ်စဉ်ထုတ်ဂျာနယ်ရှစ်စောင် နေ့စဉ်သတင်းစာထုတ်နိုင်ရန်စီစဉ်

အပတ်စဉ်ထုတ်ဂျာနယ်ရှစ်စောင် နေ့စဉ်သတင်းစာထုတ်နိုင်ရန်စီစဉ်

ပြန်ကြားရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကနေ့စဉ်သတင်းစာများကို ဧပြီလ ၁ ရက်နေ့မှစတင်၍ ထုတ်ဝေခွင့်ပြုတော့မည်ဖြစ်သည့်အတွက် နေ့စဉ်သတင်းစာထုတ်နိုင်ရန် ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ် ရှစ်စောင်မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေ့စဉ်သတင်းစာများ ပြောင်းလဲထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် သတင်းဂျာနယ်ရှစ်စောင်မှာ Eleven Media Group၊ The Voice၊ 7Day News Journals၊ Myanmar Times၊ Popular News၊ Yangon Time၊ Messenger နှင့် ဒီလှိုင်းဂျာနယ်တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ရရှိရေးအတွက် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များမှာ ယခင်ကတည်းကပင် ငွေအင်အား၊ လူအင်အား၊ စက်အင်အား အကုန်ကျခံ၍ ပြင်ဆင်မှုများပြုလုပ်ထားသည့်အပြင် သတင်းထောက်များကိုလည်း သတင်းစာပညာနှင့် ပတ်သက်၍ အရည်အသွေးမြင့်မားလာနိုင်စေရန် သင်တန်းပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

နေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်ရရှိရေး သတင်းမီဒီယာများမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော်လည်း နေ့စဉ်အချိန်မှီ ရိုက်ထုတ်နိုင်မည့် ပုံနှိပ်စက်၊ တစ်နိုင်ငံလုံးသို့ အချိန်မီဖြန့်ချီနိုင်ရန်၊ ဈေးကွက်ရရှိနိုင်ရန်နှင့် ကြေငြာရရှိနိုင်ရန်ကိစ္စများမှာ ခက်ခဲလျက်ပင်ရှိနေသေးကြောင်း သိရသည်။

ပုဂ္ဂလိက နေ့စဉ်သတင်းစာထုတ်ဝေလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ပြန်ကြားရေးဝန်ကြီးဌာနတွင် ထုတ်ဝေခွင့်လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Yangon chronicle
http://tunwai-states.blogspot.jp/2013/01/blog-post_116.html

ပြန်ကြားရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကနေ့စဉ်သတင်းစာများကိုဧပြီလ၁ ရက်နေ့မှစတင်၍ ထုတ်ဝေခွင့်ပြုတော့
မည်ဖြစ်သည့်အတွက် နေ့စဉ်သတင်းစာထုတ်နိုင်ရန် ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ် ရှစ်စောင်မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယဆေးကျောင်းသူကိုမတရားကျင့် ခဲ့ သူ တရားခံများအတွက် အမှူလိုက် ရန် ရှေ့ နေများငြင်းဆန်

အိန္ဒိယဆေးကျောင်းသူကိုမတရားကျင့်ခဲ့ သူ တရားခံများအတွက် အမှူလိုက်ပါရန် ရှေ့ နေများငြင်းဆန်

သေဆုံးခဲ့ တဲ့ အိန္ဒိယဆေးကျောင်းသူလေး ကို
မုဒိန်းကျင့်မှူ အတွက်စွပ်စွဲခံရတဲ့  တရားခံအမျိုးသားခြောက်ဦးအတွက်
ဘယ်ရှေ့ နေကမှ သူတို့ ဘက်က တရားခွင်မှာ လိုက်ပါအကျိုးဆောင်မှာမဟုတ်ဘူးလို့  အဆိုပါမိန်းခလေးမတရားကျင့်ခံခဲ့ရတဲ့ ဒေသက
ရှေ့ နေတွေက ပြောပါတယိ။

တရားခံတွေကို သူတို့ ဘာသာ တရားခွင်မှာထုချပစေလို့ ဒေသ ရှေ့ နေအဖွဲ့ အစည်းက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဇင်ဘာလ(၁၆)ရက်နေ့က အိနိံ္ဒယနိုင်ငံနယူးဒေလီမြို့ က
ဘတ်စကားတစီးပေါ်မှာ အမျိုးသားခြောက်ဦးရဲ့ 
မုဒိန်းကျင့်မှုကိုခံခဲ့ရတဲ့ အသက်(၂၃)နှစ်အရွယ် ဆးကျောင်းသူ အမျိုးသမီးလေးဟာစင်ကာပူနိုင်ငံ မောင့်အဲလဇဘက်ဆေးရုံမှာ
ဆေးကုသမှုခံယူရင်းပြီးခဲ့တဲ့ အပတ်က သေဆုံးခဲ့ရတာပါ။

အဆိုပါသေဆုံးမှူကြောင့်အိနိံ္ဒယနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လုံခြူံရေး ဆောင်၇ွက်မှူနဲ့ ပတ်သတ်ပြီး ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး အဆိုပါအမျိုးသမီးငယ်ကို အနိုင်ကျင့်သတ်ဖြတ်ခဲ့ သူတွေကို သေဒဏ်ပေးဖို့  လူအများကတောင်းဆိုနေကြပါတယ် ။ 

( ဓာတ်ပုံ အခင်းဖြစ်ပွားရာနေရာ)
ကိုးကား Lawyers boycott defense of India rape suspects
By Aliza Kassim, CNN
( ဓာတ်ပုံ အခင်းဖြစ်ပွားရာနေရာ)
သေဆုံးခဲ့ တဲ့ အိန္ဒိယဆေးကျောင်းသူလေး ကိုမုဒိန်းကျင့်မှူ အတွက်စွပ်စွဲခံရတဲ့  တရားခံအမျိုးသားခြောက်
ဦးအတွက်ဘယ်ရှေ့ နေကမှ သူတို့ ဘက်က တရားခွင်မှာ လိုက်ပါအကျိုးဆောင်မှာမဟုတ်ဘူးလို့  အဆိုပါ
မိန်းခလေးမတရားကျင့်ခံခဲ့ရတဲ့ ဒေသကရှေ့ နေတွေက ပြောပါတယိ။

ကချင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ မှ စိုးရိမ်မိကြောင်းပြောကြား

ကချင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလစိုးရိမ်

မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေ က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတဲ့သတင်းတွေ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နဆာကီ က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေ ထွက်ပေါ်လာနေဆဲဖြစ်သလို၊ အနီးကပ်စောင့်ကြည့်နေဆဲလည်း ဖြစ်ပါတယ်၊ ဒီအတွင်း မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသတွင်းပြည်သူတွေအတွက် အသက်အန္တရာယ်ရှိတဲ့၊ ဒေသတွင်း ပဋိပက္ခတွေ ပိုပြီးပြင်းထန်သွားမယ့် ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှမလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တိုက်တွန်းလိုက်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရဟာ ၁၉၈၈ခုနှစ် ပြည်သူ့ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုကြီး နောက်ပိုင်း ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာက စစ်ရေးပဋိပက္ခတွေပြန်ဖြစ်လာခဲ့တာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိပဋိပက္ခတွေကြောင့် ဒေသခံလူထုတွေအများအပြား နေရပ်စွန့်ထွက်ပြေးခဲ့ကြရပြီး အကူအညီတွေလိုအပ်နေပါတယ်။ ဒုက္ခသည်တွေဆီကို အကူအညီတွေ အချိန်မီ ရောက်ရှိနိုင်ရေးဟာ အရေးကြီးနေပါတယ် လို့လည်း ကုလသမဂ္ဂပြောခွင့်ရသူ မာတင်နဆာကီ က ပြောပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေ က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတဲ့သတင်း
တွ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က
 ပြောလိုက်ပါတယ်။

က.ည.န နှင့် ခရိုနီတို့ကြောင့် ဟင်္သာတဆိုင်ကယ်ပွဲစားများ ဒုက္ခရောက်နေ

က.ည.န နှင့် ခရိုနီတို့ကြောင့် ဟင်္သာတဆိုင်ကယ်ပွဲစားများ ဒုက္ခရောက်နေ

တစ်နိုင်ငံလုံးတွင် ဆိုင်ကယ်လိုင်စင်ချထားပေးမှုများ ရပ်ဆိုင်းထားသောလည်း ဟင်္သာတ က.ည.နမှ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုနှင့် ပူးပေါင်းကာ ဆိုင်ကယ်အသစ်များအား လိုင်စင်ချထားပေးလျှက်ရှိပါတယ်။ က.ည.န ဌာနသို့မေးမြန်းကြည့်ရာတွင် အဆိုပါဆိုင်ကယ်အရောင်းဆိုင်မှ လိုင်စင်ချထားပေးစဉ်တွင် ရောင်းချမည့်ဆိုင်ကယ်များအားလုံးအား လိုင်စင်ဝင်ထားပြီးဖြစ်ကြောင်း ပြောပါသည်။ ယခုရောင်းချနေသော ဆိုင်ကယ်များမှာလည်း ယခင်လိုင်စင်ဝင်ထားပြီးသား ဆိုင်ကယ်များသာဖြစ်ကြောင်း ပြောပါသည်။

“ဘယ်လိုလိုင်စင်ကြိုဝင်သလဲဆိုတာတော့ မသိဘူးဗျ။ ဆိုင်ကယ်တွေက အခုမှ ကုန်တင်ကားတွေနဲ့ ရောက်တာဗျ။ လိုင်စင်ဝင်တယ်ဆိုရင်ဗျာ ခင်ဗျားတို့လည်းသိနေတာပဲ ယာဉ်စစ်ရတယ် ခဲခြစ်ရတယ် အဆင့်ဆင့်ပဲလေဗျာ။ ခုဟာက ဘယ်လိုလိုင်စင်ကြိုဝင်လဲ မစဉ်းစားတတ်ပါဘူး။ ကျုပ်တို့ပွဲစားတွေ ဥာဏ်မမှီတာပဲ ဖြစ်မှာပါ ” ဟု အောင်ပိုင် လက်ဖက်ရည်ဆိုင်အနီးမှ ပွဲစားတစ်ဦးမှ ပြောဆိုပါသည်။

ယခုအခါ ဟင်္သာတ ဆိုင်ကယ်ဈေးကွက်အတွင်းတွင် တစ်စီးစ နှစ်စီးစ ပွဲခစားရောင်းချနေသူများမှာ ငုတ်တုတ်မေ့သော အနေအထားဖြစ်လျှက်ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးသမားမှာ သူ့စီးပွားအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားအားထုတ်မည်ဖြစ်ပေသည်။ သို့သော်လည်း ကညန ၀န်ထမ်းများ၏ အဂတိလိုက်စားမှု မရှိပါက ထိုသို့ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထပ်မံစုံစမ်းသိရှိရသည်မှာ ကညန ဦးစီးမှူးနှင့် နယ်ခံ ၀န်ထမ်းတစ်ဦးတို့မှ ပူးပေါင်းကာ ထိုကဲ့သို့ ဥပဒေ လက်တစ်လုံးခြားလုပ်ဆောင်ကာ လိုင်စင်ချထားပေးခြင်းဖြစ်ကြောင်း အခြားအဆင့် ၀န်ထမ်းများမှာ သိရှိသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြဿနာဖြစ်မည်စိုးသဖြင့် ကင်းကင်းရှင်းရှင်းသာ နေကြသည်ဟု သိရှိရပါသည်။

အေးချမ်းမွန်မှ  Hinthata HumanRight တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

တစ်နိုင်ငံလုံးတွင် ဆိုင်ကယ်လိုင်စင်ချထားပေးမှုများ ရပ်ဆိုင်းထားသောလည်း ဟင်္သာတ က.ည.နမှ ဆိုင်
ကယ်အရောင်းဆိုင်တစ်ခုနှင့် ပူးပေါင်းကာ ဆိုင်ကယ်အသစ်များအား လိုင်စင်ချထားပေးလျှက်ရှိပါတယ်။ က.ည.န ဌာနသို့မေးမြန်းကြည့်ရာတွင် အဆိုပါဆိုင်ကယ်အရောင်းဆိုင်မှ-------------------------------

ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများလုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်"

ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း မနီလာမြို့တော် အပါအဝင် တခြားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေအထိ သွားရောက်မယ့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုဘသက်အောင် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကျော်ပါဝင်မယ်လို့ စုံစမ်းသိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်ဖိလစ်ပိုင်နိုင်ငံကို ၅ 
ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ

လူစီးများသော Super Custom ကားများသည် သင်္ဘောပေါ်မှချဈေးထက်ယခုလက်ရှိ ရန်ကုန်မြို့တွင် စီးနေ
သော အိမ်စီးကားများထက် သိန်း ၃၀ နည်းပါးမြင့်တက်နေကြောင်း သိရှိရသည်။

အသည်းကြီးခြင်းရောဂါ်

အသည်းကြီးခြင်း

02 JANUARY 2013  

အသည်းက ပုံမှန်အရွယ်အစား  ထက်ပိုကြီးနေရင် အသည်းကြီး တယ် (Enlarged Liver) လို့ ခေါ်ပါတယ်။ အသည်းက ဝမ်းဗိုက်ရဲ့ အပေါ် ညာဘက်ပိုင်းမှာရှိတဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသည်း ကြီးတာက ရောဂါမဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာ ရောဂါစတဲ့ အခြေခံ ကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အသည်းကြီးခြင်း၏ လက္ခဏာရပ်များ
အသည်းရောဂါကြောင့် အသည်း ကြီးတဲ့အခါ ဗိုက်အောင့်တာ၊ နုံးချည့်ညောင်းညာတာ၊ ပျို့ချင် အန်ချင်ဖြစ်တာ၊ ပျို့အန်တာနဲ့ အရေပြားနဲ့ မျက်စိ ဝါတာ စတဲ့ လက္ခဏာတွေ တွဲဖြစ်တတ်ပါတယ်။
အသည်းကြီးခြင်းဖြစ်ရသော အကြောင်းရင်းများ
အသည်းကြီးစေနိုင်တဲ့ အခြေအနေအများကြီး ရှိပါတယ်။ အသည်းရောင် အသားဝါအေ၊ ဘီနဲ့ စီပိုး အပါအဝင် ဗိုင်းရပ်စ်ပိုးတွေကြောင့် အသည်း ရောင်တာ၊ အရက်ကြောင့် အသည်းအဆီဖုံးတာ၊ အရက် မသောက်ဘဲ အသည်းအဆီဖုံးတာ၊ အသည်းမှာ ပုံမမှန် ပရိုတင်းစုပုံ မှုကြောင့်ဖြစ်တဲ့ ရောဂါ၊ အသည်းမှာ ကြေးနီ ဒါမှမဟုတ် သံဓာတ်စုပုံမှုကြောင့် ဖြစ်တဲ့ရောဂါ၊ အသည်းမှာ အရည်အိတ်ဖြစ်တာ၊ ကင်ဆာ မဟုတ်တဲ့ အသည်း အကျိတ်၊ သည်းခြေလမ်းကြောင်း ဒါမှမဟုတ် သည်းခြေအိတ်ပိတ်ဆို့တာ၊ အသည်းရောင်တာစတဲ့ ရောဂါဝေဒနာတွေကြောင့် အသည်း ကြီး တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ကင်ဆာစတင်ဖြစ်ပေါ်ပြီး အသည်းဆီကို ပျံ့နှံ့ရာက အသည်းကြီးတဲ့ လက္ခဏာပေါ် တတ်ပါတယ်။ နှလုံးရောဂါ၊ အသည်းကို သွားတဲ့ သွေးပြန် ကြော ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ရောဂါနဲ့ နှလုံးတစ်သျှူး ရောင်ရမ်းမှုတို့ကြောင့်လည်း အသည်းကြီးတတ်ပါ တယ်။
အသည်းကြီးနိုင်ခြေများသော အချက်များ
သင့်မှာ အသည်းရောဂါရှိနေရင် အသည်းကြီး နိုင်ခြေများပါတယ်။ အသည်းပြဿနာဖြစ်နိုင်တဲ့ အချက်တွေကတော့ အချက်တွေကတော့
အယ်လ်ကိုဟော မှီဝဲမှုများခြင်း - အယ်လ်ကိုဟော များများ မှီဝဲမှုကြောင့် အသည်းထိခိုက်စေနိုင်ပါတယ်။
ဆေးဝါး၊ ဗီတာမင်နှင့် ဖြည့်စွက်ဆေး များများ မှီဝဲခြင်း - ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေး၊ မိမိဘာသာသောက်နိုင်တဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့ ပမာဏထက် ပိုသောက်တာကြောင့် အသည်းထိခိုက်နိုင်ခြေများပါတယ်။
ဆေးဖက်ဝင် ဖြည့်စွက်ဆေးများ - တချို့သော ဆေး ဖက်ဝင်အပင်ထွက် ဖြည့်စွက်ဆေးတွေဟာ အသည်း ထိခိုက်နိုင်ခြေ တိုးစေပါတယ်။
ကူးစက်ပိုးဝင်ခြင်း - ငှက်ဖျားပိုးလို ကူးစက်ပိုးတွေဟာ အသည်းထိခိုက်နိုင်ခြေ များပါတယ်။
အသည်းရောင် အသည်းဝါ ဗိုင်းရပ်စ်များ - အသည်း ရောင်အသားဝါ အေ၊ ဘီနဲ့ စီပိုးတွေရှိရင် အသည်း ကို ထိခိုက်စေနိုင်ပါတယ်။ တတ်နိုင်သမျှကာကွယ်ပါ။
အစာစားသောက်မှု အလေ့အထ မကောင်းခြင်း - အဆီစာအပါအဝင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားတာကြောင့် ကိုယ်အလေးချိန်များပြီး ဝတာက အသည်းရောဂါဖြစ်နိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။
ကာကွယ်မှု
အသည်းကြီးတာအပါအဝင် အသည်းရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေဖို့ အောက်ပါကာကွယ် နည်းတွေကို လိုက်နာပေးရပါမယ်။
ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ - သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာပါတဲ့ အစာတွေကို စားပါ။
အရက်ကို မသောက်ရ မနေနိုင်လျှင် အသင့်အတင့်သာ သောက်ပါ - အရက်ကို လုံးဝမသောက်ဘဲ နေတာ အကောင်းဆုံးပါ။ ဒါပေမဲ့ မသောက်ဘဲ မနေနိုင်ရင် အရက်ကို အသင့်အတင့် ထိန်းချုပ်ကာ သောက်သင့် ပါတယ်။
ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ - ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့ အတိုင်းအတာ အတိုင်း စနစ်တကျ သောက်သုံးပါ။
ဓာတုပစ္စည်းများနှင့် ထိတွေ့ မှုကို ထိန်းချုပ်ပါ - အင်း ဆက်ပိုးသတ်ဆေး၊ သန့်စင်ရေးပစ္စည်းနဲ့ တခြား အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လေဝင်လေထွက် ကောင်းတဲ့ နေရာမှာပဲ သုံးပါ။ လက်အိတ်၊ ဘောင်း ဘီရှည်နဲ့ နှာခေါင်းစည်းတို့ကို သုံးပြီး ကာကွယ်ပါ။
ကိုယ်အလေးချိန်ထိန်းပါ - ကိုယ်အလေးချိန်က ကျန်း မာရေးနဲ့ ညီညွတ်နေရင်တောင် အသည်းကျန်းမာ အောင် ကိုယ်အလေးချိန်ကို ထိန်းရပါမယ်။ ကိုယ် အလေးချိန်လျှော့ချဖို့ လိုရင် စားသမျှ ကယ်လိုရီ ပမာဏကို လျှော့ချပြီး နေ့စဉ်လေ့ကျင့်ခန်း လုပ် ဆောင်မှုကို တိုးမြှင့်ပေးပါ။
ဆေးလိပ်မသောက်ပါနှင့် - ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။

ကေအမ်

အေးချမ်းမွန်မှ  GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အသည်းက ပုံမှန်အရွယ်အစား ထက်ပိုကြီးနေရင် အသည်းကြီး တယ် (Enlarged Liver) လို့ ခေါ်ပါတယ်။ အ
သည်းက ဝမ်းဗိုက်ရဲ့ အပေါ် ညာဘက်ပိုင်းမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။အသည်း ကြီးတာက
ရောဂါမဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာ ရောဂါစတဲ့ အခြေခံ ကျန်းမာရေးပြဿနာ တစ်
ခုခုရဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

တန်ဖိုးနည်း ဖုန်းများအား ဆက်သွယ်ရေး ရုံးများမှာသာ ၀ယ်ယူနိုင်မည်

တန်ဖိုးနည်း ဖုန်းများအား ဆက်သွယ်ရေး ရုံးများမှာသာ ၀ယ်ယူနိုင်မည်

ဇန်န၀ါရီလ ၂ရက်၊ ၂၀၁၃

လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံ ထွက်ရှိမယ့် တန်ဖိုးနည်း ဖုန်းများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရုံးတွေမှာသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရောင်းချပေးရာ မှာတော့ ရန်ကုန်မြို့အတွင်း ဗဟိုစာတိုက်ကြီး၊ ပုဇွန်တောင် စာတိုက်၊ ဗိုလ်တထောင် စာတိုက်၊ အလုံ စာတိုက်နဲ့ ဆက်သွယ်ရေးရုံး၊ လမ်း ၄၀၊ ပန်းဆိုးတန်းနဲ့ ရွှေဂုံတိုင် တို့မှာ ရှိတဲ့ မြန်မာ့ ဆက်သွယ်ရေး ရုံးများ၊ စာတိုက်များမှာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

ထပ်မံချပေး သွားမယ့် မိုဘိုင်းဖုန်း တွေကို အခုလို ဆက်သွယ်ရေး ရုံးတွေမှာသာ ရောင်းချ ပေးသွား ဖို့စီစဉ်ရ တာဟာ ပြင်ပမှာ ရောင်းချခွင့် ရရှိခဲ့ရင် ဈေးနှုန်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်မှာ စိုးတဲ့ အတွက် ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီလို ရောင်းချဖို့ အတွက် ဈေးနှုန်း တွေကို အကြမ်းဖျဉ်း သတ်မှတ် ထားပြီး ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တစ်ခုဖြစ်တဲ့ Call Centre မှ သိရပါတယ်။

အခုလို သတ်မှတ် ထားရာမှာ GSM ဖုန်းကတ် အတွက် ကျပ် တစ်သိန်း နဲ့ WCDMA ဖုန်းအတွက် ကျပ်တစ်သိန်း နှစ်သောင်း သတ်မှတ် ထားတာ ဖြစ်ပါတယ်။ အခုလို သတ်မှတ် ရောင်းချပေးမှု အတွက် ဖုန်းအလုံးရေ အကန့်အသတ် မရှိဘဲ တစ်နိုင်ငံလုံးသို့ တစ်ပြိုင်နက် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



အေးချမ်းမွန်မှ  mrtv4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံ ထွက်ရှိမယ့် တန်ဖိုးနည်း ဖုန်းများကို မြန်မာ့ ဆက်
သွယ်ရေး လုပ်ငန်း ရုံးတွေမှာသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရောင်းချပေးရာ မှာတော့--------------------------------

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းမှ ပြည်တွင်း လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်

ပြည်တွင်း လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်

Thursday, January 03, 2013
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မန္တလေး-ရန်ကုန် နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

မန္တလေး-နေပြည်တော် နိုင်ငံသား ငွေကျပ် ၃၅၀၀၀၊ နိုင်ငံခြားသား ၄၄ ဒေါ်လာ၊
မန္တလေး-မြစ်ကြီးနား နိုင်ငံသား ငွေကျပ် ၅၃၀၀၀၊ နိုင်ငံခြားသား ၆၆ ဒေါ်လာ၊

မန္တလေး-ဗန်းမော် နိုင်ငံသား ငွေကျပ် ၄၃၀၀၀၊ နိုင်ငံခြားသား ၅၄ ဒေါ်လာ၊

မန္တလေး-ပူတာအို နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-ခန္တီး နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

မန္တလေး-ဟုမ္မလင်း နိုင်ငံသား ငွေကျပ် ၆၃၀၀၀၊ နိုင်ငံခြားသား ၇၉ ဒေါ်လာ၊

မန္တလေး-ကလေး နိုင်ငံသား ငွေကျပ် ၄၅၀၀၀၊ နိုင်ငံခြားသား ၅၆ ဒေါ်လာ၊

မန္တလေး-ကျိုင်းတုံ နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-တာချီလိတ် နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-ဟဲဟိုး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊

မန္တလေး-ညောင်ဦး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊

မန္တလေး-လားရှိုး နိုင်ငံသား ငွေကျပ် ၃၈၀၀၀၊ နိုင်ငံခြားသား ၄၈ ဒေါ်လာ တြို့ဖစ်ကြောင်း သိရသည်။

Myanmar1

Thursday, January 03, 2013

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မန္တလေး-ရန်ကုန် နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

လွတ်လပ်ရေး နေ့ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်

ဗြိတိသျှ ကိုလိုနီ လက်အောက် မှ မြန်မာ နိုင်ငံ လွတ်မြောက် သည့် ဇန်နဝါရီ လ ၄ ရက် လွတ်လပ်ရေး နေ့တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ယင်း ပါတီ၏ ရုံးချုပ်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားသည်။

လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse

လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse

02 JANUARY 2013  

evoMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။ အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့ USB ပေါက်ထိုးထားလိုက်ပြီးရင် လက်ကို မောက်စ်လို့ သုံးနိုင်ပြီ ဖြစ်ပါတယ်။
လပ်တော့၊ PC , Tablet အားလုံးနဲ့ အသုံးပြုလို့ ရပါတယ်။ Sensor ကောင်းပြီး အသုံးပြုလို့လည်း လွယ်ကူပါတယ်။ သုံးပုံသုံးနည်း ကိုလည်း ပေးထားပြီး ကိုယ်လိုချင်သလိုလည်း Train ထားပေးလို့ ရပါ တယ်။ USB ပေါက်မထိုးပဲနဲ့ Bluetooth ဖွင့်ပြီး ကြိုးမဲ့လည်း အသုံးပြုလို့ ရပါတယ်။ အားတော့ ပြန်သွင်းဖို့ လိုပါတယ်။
အသေးစိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့ လာ နိုင်ပါတယ်။

http://celluon.com/shop_evo_mouse.php

အေးချမ်းမွန်မှ   ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

evoMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။ အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့ USB
 ပေါက်ထိုးထားလိုက်ပြီးရင် လက်ကို မောက်စ်လို့ သုံးနိုင်ပြီ ဖြစ်ပါတယ်။