Pages

Wednesday, January 2, 2013

စစ်မှုထမ်းချိန်တွင် မင်းသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့မှုအတွက် Rain စစ်ဆေးခံရမည်

စစ်မှုထမ်းချိန်တွင် မင်းသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့မှုအတွက် Rain စစ်ဆေးခံရမည်


တောင်ကိုရီးယား Popဂီတ ကြယ်ပွင့် Rainအနေဖြင့် နိုင်ငံ၏ ထိပ်တန်း နာမည်ကျော် မင်းသမီး တစ်ဦးနှင့် တိတ်တဆိတ် သွားရောက်တွေ့ဆုံ
ခဲ့ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။

ပါပါရာဇီများက Rainသည် ကင်မ်တေဟီး ရှိနေသည့် မြို့သို့ သွားရောက်
ခဲ့ကြောင်း ဓာတ်ပုံရိုက်ကူး ဖော်ပြခဲ့သည်။ ထို့ကြောင့် လက်ရှိ စစ်မှုမထမ်း
မနေရ စနစ်ဖြင့် စစ်တပ်ထဲ ရောက်နေသည့် Rainမှာ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဆေးမှုကို ခံယူရတော့မည် ဖြစ်သည်။

ဝန်ကြီးဌာနကလည်း ယင်းဖြစ်စဉ်တွင် Rainအနေဖြင့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ စုံစမ်းသွားမည်ဟု ဆိုသည်။ တေဟီး၏ မြို့သို့
ရောက်နေချိန်တွင် Rainသည် စစ်မှုထမ်း တာဝန်ချိန် ဖြစ်နေသည်
ဟုလည်း ယူဆရသည်။



အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

တာင်ကိုရီးယား Popဂီတ ကြယ်ပွင့် Rainအနေဖြင့် နိုင်ငံ၏ ထိပ်တန်း နာမည်ကျော် မင်းသမီး တစ်ဦးနှင့် တိတ်တဆိတ် သွားရောက်တွေ့ဆုံခဲ့ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။

အိန္ဒိယတွင် နှစ်သစ်ကူး ပွဲတော် ကျင်းပမှုများ ဖျက်သိမ်း

အိန္ဒိယတွင် နှစ်သစ်ကူး ပွဲတော် ကျင်းပမှုများ ဖျက်သိမ်း

အိန္ဒိယ ကြည်းတပ်နှင့် ရေတပ်သည် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် နှစ်သစ်ကူး ပွဲတော် ကျင်းပမှု အစီအစဉ်အား ဖျက်သိမ်းခဲ့ ပါသည်။

ဆန္ဒပြ သူများနှင့် နိုင်ငံရေး သမားများသည် အမျိုးသမီး များနှင့် ပတ်သက်၍ နိုင်ငံ၏ ဆက်ဆံရေး နည်းလမ်းများအား ပြောင်းလဲရန်၊ အဓိက ရဲတပ်ဖွဲ့အား ပြုပြင် ပြောင်းလဲရန်နှင့် ပိုမိုခိုင်မာသော အဓမ္မပြု ကျင့်မှုဆိုင်ရာ ဥပဒေများအား ရေးဆွဲရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြပါသည်။

ကြည်းတပ်နှင့် ရေတပ် အနေဖြင့် ၎င်းတို့၏ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ အစီအစဉ်အား ဖျက်သိမ်းလိုက် သကဲ့သို့ အာဏာရ ကွန်ကရက် ပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဒီကလည်း ဖျက်သိမ်းခဲ့ ပါသည်။ ၎င်းအပြင် မြို့တော်အနှံ့ရှိ ဟိုတယ်များနှင့် ကလပ်များအား ၎င်းတို့၏ ပြုလုပ်နေကျ ပါတီပွဲအား ရပ်တန့်သင့်ကြောင်း ဂန္ဒီက ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3418-2013-01-02-14-10-26

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အိန္ဒိယ ကြည်းတပ်နှင့် ရေတပ်သည် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် နှစ်သစ်ကူး ပွဲတော် ကျင်းပမှု အစီအစဉ်အား ဖျက်သိမ်းခဲ့ ပါသည်။

နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ

နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ
Wednesday, 02 January 2013

ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသောကျောင်းသားများအား နေရာဒေသ
အလိုက်ကျောင်းဝင်ခွင့်ပြုသည့်စနစ်ကို ယခု (၂၀၁၂-၁၃)ပညာသင်နှစ်
တွင် စတင်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာဦးစီး ဌာနမှ
သတင်းရရှိသည်။

ယခင်က ရန်ကုန်ဆေးတက္ကသိုလ်(၁)နှင့် (၂)တို့တွင် ရန်ကုန်တိုင်း
ဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးဆေးတက္ကသိုလ်တွင် မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် မကွေးဆေး
တက္ကသိုလ်တွင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျောင်းသား၊
ကျောင်းသူများအား ကျောင်းဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုပညာသင်နှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁၊ ၂)တို့နှင့် မန္တလေးဆေးတက္ကသိုလ်တို့၌ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ
ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဒီနှစ်ရဲ့ ထူးခြားချက်က ရန်ကုန်ဆေးတက္ကသိုလ် (၁)နဲ့ (၂) မှာ ရန်ကုန်တိုင်းဒေသကြီးအပြင် ရန်ကုန်နဲ့နီးတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီ
တိုင်းဒေသကြီးက ကျောင်းသားတွေကို ၀င်ခွင့်ပြုလိုက်တယ်။ မန္တလေးဆေးတက္ကသိုလ်ကတော့ မန္တလေးတိုင်းဒေသကြီးအပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ကျောင်းသားတွေကို ၀င်ခွင့်ပြုလိုက်တယ်။ ကျန်တိုင်းဒေသကြီးနဲ့
ပြည်နယ်နဲ့ ဝေးလံပြီး လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့
ဒေသတွေက ဆေးတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားတွေကို မကွေးဆေးတက္ကသိုလ်ကို ၀င်ခွင့်ပြုတယ်” ဟု ဆေးသိပံ္ပပညာဦးစီးဌာန၊
ဘွဲ့ကြိုဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပညာသင်နှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင်
ကျောင်းသား၊ ကျောင်းသူ ၄၃၀ ဦး၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) တွင် ကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦး၊ မန္တလေးဆေးတက္ကသိုလ်တွင်
ကျောင်းသား၊ ကျောင်းသူ ၃၇၉ ဦးနှင့် မကွေးဆေးတက္ကသိုလ်တွင်
ကျောင်းသား၊ ကျောင်းသူ ၉၉ ဦးတက်ရောက် ပညာသင်ယူခွင့်ရရှိခဲ့သည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်သတ်မှတ်ချက်မှာ ဆေးတက္ကသိုလ် လေးခုလုံးအတွက် တစ်ပြေးညီ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်နှစ် တက္ကသိုလ်ဝင်တန်း
ရမှတ်များထက် သိသိသာသာ မြင့်တက်သွားခဲ့ကာ ကျား-၄၉၀ ဦးနှင့် မ-၅၀၈ မှတ်ထိ ရောက်ရှိခဲ့သည်။

7Day News Journal

ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသောကျောင်းသားများအား နေရာဒေသအလိုက်ကျောင်းဝင်ခွင့်ပြုသည့်စနစ်ကို ယခု (၂၀၁၂-၁၃)ပညာသင်နှစ်တွင် စတင်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာဦးစီး ဌာနမှ သတင်း ရရှိသည်။

ထာဝရအလင်းတန်းများရဲ့ အကယ်ဒမီည

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၃၀ရက်က ပြန်လည်ကျင်းပခဲ့သော ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု
ပေးပွဲတွင် ဇာတ်ကားတစ်ကားတည်းက ထူးချွန်ဆုရှစ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြင့် ““ထာဝရအလင်းတန်းများ”” ရုပ်ရှင်ဇာတ်ကားမှာ ဆုအများဆုံးရသောစံချိန်သစ်တင်နိုင်ခဲ့သည်။သို့သော်ယင်းဇာတ်ကားမှာ၁၉၉၉ ခုနှစ်
က တရုတ်ရုပ်ရှင်ဒါ ရိုက်တာ ကျန်ရီမူ ရိုက်ကူးခဲ့ သည့်The Road Home ရုပ်ရှင်ဇာတ် ကား၏ ဇာတ်ကွက်အ
ချို့၊ အချို့ ဇာတ်ဝင်ခန်းချင်းဆင်တူနေကြောင်းရုပ်ရှင်ချစ်သူ ပြည်တွင်းပြည်ပပရိသတ်များ၏ ဝေဖန်ပြောဆို
မှု များ ထွက်ပေါ်နေသည်။

မိခင်က သမီးဖြစ်သူအား စွန့်ပစ်မှုဖြစ်ပွား

မိခင်အရင်းဖြစ်သူက သမီးဖြစ်သူအား စွန့်ပစ်ခဲ့၍သက်ဆိုင်ရာ ရဲစခန်းမှတစ်ဆင့် ပြန်လည်အပ်နှံခဲ့ရသော ဖြစ်စဉ်တစ်ခု အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာလ ၂၉ ရက်က ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး မှတ်တိုင်တွင် ငိုနေသော အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသမီးတစ်ဦးက အိမ်ပြန်ပို့ပေးမည်ဟုပြောကာ ခေါ်ဆောင်သွားသည်ကို အနီးပတ်ဝန်းကျင်မှ ဈေးရောင်းချသူများက မသင်္ကာ၍ ယင်းကလေးငယ်ကို ပြန်လည်ခေါ်ယူခဲ့သည်။

သမ္မတကတိ ကေအိုင်အေဌာနချုပ်ကို သိမ်းမည်မဟုတ်ဟု ဆိုထားသော်လည်း--------

တပ်မတော်မှ တိုက်လေယာဉ်များဖြင့် KIA စခန်းများကို တိုက်ခိုက်နေပုံအား မျက်မြင်ကိုယ်တွေ့သတင်းယူနေသော ရန်ကုန်မြို့အခြေစိုက် သတင်းမီဒီယာများ။
တပ်မတော်မှ တိုက်လေယာဉ်များဖြင့် KIA စခန်းများကို တိုက်ခိုက်နေပုံအား မျက်မြင်ကိုယ်တွေ့သတင်းယူနေသော ရန်ကုန်မြို့အခြေစိုက် သတင်းမီဒီယာများ
ကအိုင်အေဌာနချုပ်လိုင်ဇာကိုတိုက်ခိုက်သိမ်းပိုက်မည်မဟုတ်ဟုသမ္မတကိုယ်တိုင်ပြောထားပြီးဖြစ်ကြောင်း
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော သည်လိုင်ဇာကိုသိမ်းဖို့ မရှိပါဘူး။သမ္မတကြီးကကတိ
ပေးပြီးသားပဲ။ သမ္မတကြီးပေးတဲ့ ကတိက လူကြီးပေး တဲ့ ကတိပဲ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားနိုင်ငံမှ လူငယ်တစ်ဦး သေဆုံး

ကြက်ဥအစိမ်း ၂၈ လုံး  ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး

ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။ 

ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။

 ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_9054.html


---

ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူ
ငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ----------------------------

“တို့ရွာသမိုင်း” (မင်းသုဝဏ်) ကဗျာ

“တို့ရွာသမိုင်း” (မင်းသုဝဏ်)

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။

မင်းသုဝဏ်

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။

အနုပညာရှင်တွေကို ခွင့်မတောင်းပဲ တေးသီချင်းတွေ လွှင့်ပြီးမှ လွှင့်ခ ပေးတဲ့ စနစ်မှ အနုပညာကြေးပေးပြီး လွှင့်ရမယ့် အနေအထားကို ဂီတ အစည်းအရုံးက စတင်ပြောင်းလဲနေပြီ

အရင်က မီဒီယာတွေဟာ ဘယ်အနုပညာရှင်ကိုမှ ခွင့်မတောင်းပဲ တေးသီချင်းတွေ လွှင့်ပြီးမှ လွှင့်ခ ပေးတဲ့ စနစ်ကနေ အနုပညာရှင်တွေ ခွင့်ပြုမှ သတ်မှတ် အနုပညာကြေးပေးပြီး လွှင့်ရမယ့် အနေအထားကို ဂီတ အစည်းအရုံးကနေ ဦးဆောင်ပြောင်းလဲနေပြီလို့ ခေတ်သစ်ဂီတအလွှာတွဲဘက်အတွင်းရေးမှူးကိုကျော်လင်း
ထိန်က ပြောပြပါတယ်။ ဒီအတွက် သက်ဆိုင်ရာ အဆိုတော်---------------------------------------------------------

ဒေါသကို ဘယ်လို ထိန်းချုပ်မလဲ ?

ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံ
ပုချက်တွေတော့ ရှိပါတယ်။ တစ်ယောက် ယောက်က သင့်ကိုကားလမ်းကြောင်းပိတ်လိုက်တဲ့အခါသင့်ကိုယ်
သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့အတိုင်းလုပ်မပေးခဲ့ရင် တွေးတွေးပြီး
ဒေါသ ပေါက်ကွဲ ဖူးပါသလား။

ဂျပန်တွင် တိုယိုတာ ခရောင်း မော်ဒယ်သစ် နှစ်မျိုး စတင်ရောင်းချ

ဂျပန်တွင် တိုယိုတာ ခရောင်း မော်ဒယ်သစ် နှစ်မျိုး စတင်ရောင်းချ
Wednesday, 02 January 2013 

၅၈ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ တိုယိုတာ ခရောင်းက ကမ္ဘာမှာတင်မက ပဲ၊ ပြည်တွင်း ဂျပန်မှာတော် အတော်လေး ရေပန်းစားတဲ့ ကား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ခါနီးကပဲ မိတ်ဆက်ပြီး ယခု ဇန်နဝါရီမှာ စတင် ရောင်းချပြီ ဖြစ်ပါတယ်။ ခရောင်း (Crown) ကို နှစ်မျိုးနှစ်စား ထုတ်လိုက်ပါတယ်။ Toyota Crown Royal Saloon နဲ့ Toyota Crown Athlete တို့ ဖြစ်ပါတယ်။ နျစ်မျိုးလုံးကို ဟိုင်းဘရစ်ဗားရှင်းနဲ့ ရနိုင်ပါတယ်။

Crown Royal

တော်ဝင် ခရောင်းကတော့ အရင့်အရင်က ထုတ်လုပ်နေကျနဲ့ မကွဲပဲ နာမည် အသက်ဆက်တဲ့ ဆလွန်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၂၅၀၀ စီစီ၊ ဆလင်ဒါ ၆လုံးပူး V အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ၁၇၆ ထုတ်လုပ်နိုင် တဲ့တဲ့ ကန်မရီ ဘက်ထရီလည်း ပါဝင်အားဖြည့်ထားပါသေး တယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်မျုက ၃၀၀ ကျော်သွားပါတယ်။ Lexus ES နဲ့ Performance ချင်း သိပ်မကွာတဲ့အတွက် ဇိမ်ခံဆလွန်းဆိုရင် ခရောင်းကလည်း ထပ်ရွေးချယ်စရာ အသစ်တစ်ခု ဖြစ်လာမယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။ အပေါ်က ပုံကတော့ တိုယိုတာ တော်ဝင် ခရောင်း (Toyota Crown Royal) ဖြစ်ပါတယ်။

Crown Royal မှာကိုမှာ ရိုးရိုး Royal နဲ့ Royal G ဆိုပြီး နှစ်မျိုးတောင် ထုတ်ထားပါသေးတယ်။ G ပါတာက ပစ္စည်းပိုစုံပြီး ဟိုင်းဘရစ်အင်ဂျင်သုံး ကား ဖြစ်ပါတယ်။

Crown Athlete

Athlete ဆိုတော့ အားကစားသမားလို့ တိုက်ရိုက် ဘာသာပြန်နိုင်ပါတယ်။ သို့ပေမယ့် ဒီမှာတော့ အားကစားသမားကိုဆိုခြင်း မဟုတ်ပဲ ဒီ တိုယိုတာ ခရောင်း ဆလွန်းက ဝါရင့် အားကစား သမား တစ်ဦးလိုပဲ လျင်မြန်၊ သန်မာ တယ်ဆိုတဲ့ သဘောကို သိစေလိုတဲ့အတွက် Crown Athlete လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ပုံစံကလည်း ခရောင်း ရွိုင်ရယ်နဲ့ မတူတော့ပါဘူး။ အောက်ပုံက ကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၃၅၀၀ စီစီ၊ ဆလင်ဒါ ၆လုံးပူး V အင်ဂျင်ဖြစ်ပြီး ဟိုင်းဘရစ် ဘက်ထရီနဲ့ပါ ပေါင်းရင် သူက Crown Royal ထက် ပိုအားကောင်းသွားပါတယ်။ Athlete က ဇိမ်ခံ ဆလွန်းပုံစံထက် ဇိမ်ခံဆလွန်း-ပြိုင်ကား နည်းနည်း ဆန်ပါတယ်။

Athlete မှာလည်း ဟိုင်းဘရစ်နဲ့ ရိုးရိုးထပ်ခွဲတာကြောင့် Athlete နဲ့ Athlete G ဆိုပြီး နှစ်မျိုးကွဲသွားပါသေးတယ်။

ဈေးနှုန်း

ဂျပန်ယမ်းနဲ့ဖော်ပြချက်ကို အမေရိကန်ဒေါ်လာ သို့ ပြောင်းလိုက်ရင် ရိုးရိုး Royal က ဒေါ်လာ ၄၀၉၈၃ ၊ Royal G က ၆၂၂၂၅၊ Athlete ရိုးရိုးက ၄၁၄၃၈၊ Athlete G က ၆၃၀၂၈ ဒေါ်လာ စီ တန်ဖိုး အသီးသီး ရှိပါတယ်။

ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိနေပြီ ဖြစ်ပြီး ကမ္ဘာ့အနှံ့လည်း ဖြန့်ချိ ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: Toyota
http://www.colayonline.com.mm/automobile
ColayOnline:Automobile

၅၈ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ တိုယိုတာ ခရောင်းက ကမ္ဘာမှာတင်မက ပဲ၊ ပြည်တွင်း ဂျပန်မှာတော် အတော်လေး ရေပန်းစားတဲ့ ကား ဖြစ်ပါတယ်။

အလုပ်ရှာပေးမည်ဟုဆိုကာ ကာရာအိုကေဆိုင်အား ပို့ဆောင်လိုက်သူအား ထောင်ဒဏ် ၁၂ ချမှတ်

အလုပ်ရှာပေးမည်ဟုဆိုကာကာရာအိုကေဆိုင်အားပို့ဆောင်လိုက်သူအား ထောင်ဒဏ် ၁၂ ချမှတ်ခဲ့ကြောင်
သတင်းရရှိပါသည်။.

ထိုင်းနိုင်ငံ New Year ပါတီပွဲ တစ်ခုတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေနတ်ပစ်ခတ်ခံရ

Photo: ထိုင်းနိုင်ငံ New Year ပါတီပွဲ တစ်ခုတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေနတ်ပစ်ခတ်ခံရ
Tuesday, January 01, 2013 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ Phangan အပန်းဖြေကျွန်း ကမ်းခြေတွင်ပြုလုပ်သော New Year ပါတီပွဲတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး
သေနတ်ပစ်ခတ်မှု ထိမှန်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အသက် ၂၂ နှစ်အရွယ် စတီဖင် အက်ရှ်တန်မှာ ကမ်းခြေ New Year ပါတီတွင် ဖြစ်ပွားခဲ့သော ထိုင်းလူမျိုး ဂိုဏ်နှစ်ဂိုဏ်ကြား တိုက်ခိုက်မှု
ဖြစ်ပွားစဉ် သေနတ်ဖြင့် ပစ်ခတ်ရာမှ ၎င်းအား မတော်တဆထိမှန်ကာ
သေဆုံးခဲ့ခြင်းဖြစ်သည်။

သေနတ်သမားမှာ အခြားဂိုဏ်းမှ အဖွဲ့ဝင်များကို ရည်ရွယ်ပစ်ခတ်
ခဲ့ခြင်းဖြစ်သော်လည်း အက်ရှ်တန်အား ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က AFP သို့ ပြောကြားသည်။

Planet Myanmar Network

ထိုင်းနိုင်ငံတောင်ပိုင်းရှိPhanganအပန်းဖြေကျွန်းကမ်းခြေတွင်ပြုလုပ်သောNewYearပါတီပွဲတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦးသေနတ်ပစ်ခတ်မှု ထိမှန်ခံရပြီး သေဆုံးသွားကြောင်း သိရှိရ သည်။ အသက် ၂၂ နှစ်အရွယ်------------------------------