Pages

Sunday, October 13, 2013

အစၥလာမ္ဘာသာ၀င္မ်ား၏ ကုရ္ဗာနီ အိဒ် ကို အာဏာပိုင်များမှ ”ယစ်ပူဇော် ” တယ်ဟုသုံနှုန်းထား

RangonNewsDaily:: October. 13 .2013

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုရ်ဗာနီ အိဒ်အတွက် ခွင့်ပြုမိန့် ထုတ်ပေးရာတွင် ပုသိမ်မြို့တွင် ”ယစ်ပူဇော် ”တယ်ဟူသော အသုံးအနုန်းဖြင့် စာထွက်လာသည့် အတွက် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များက စိတ်ခံစားချက်များ ဖြစ်ပေါ်နေရကြောင်း သိရှိရသည်။ တိုင်းဒေသကြီးအတွင်းရှိ မြောင်းမြခရိုင်တွင်လည်း အဆိုပါအတွင်း စာထုတ်ခဲ့ကြောင်း သိရှိရပါသည်။ ပုသိမ်မြို့တွင် အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များ အဖွဲ့မှ လုံခြုံရေး တင်းကြပ်စွာပေးရန် ရဲ့မှူးထံတင်ပြရာတွင် ဆရာတော်များထံ လျှောက်ထား ရန် ပြောဆိုခဲ့သည်ဟု အိုလမာအဖွဲ့ လူကြီးတစ်ဦးမှ ရင်ဖွင့်ပြောကြားခဲ့သည်ကိုလည်း သတင်းပေးပို့ချက်အရ သိရပါသည်။

မြောင်းမြတွင်လည်း ၎င်းကဲ့သို့ပင် လုံခြုံရေးကိစ္စကို စိုးရိမ်နေရကြောင်းဒေသခံများက ပြာပါသည်။ အိမ်မဲမြို့ အထက်ပိုင်းဗလီတွင် ကုရ်ဗာနီ အတွက် ဦးအုန်းကြိုင် လက်မှတ်ဖြင့်ကြေငြာချက်တွ ကပ်ရာတွင် မင်နီဖြင့် ကျွဲ၊နွား မလုပ်ရင် ပို၍ ပို၍ ကောင်းပါသည် ဟူသောစာသားပါရှိရာ ဒေသခံများကမည်သည့်အတွက် အဆိုပါ စာသားကို ရေးရသနည်းဟုမေးရာ ဦးအုန်းကြိုင်မှဒေသ အာဏာပိုင်မှ ထည့်သွင်း ခိုင်းခြင်းဖြစ်ကြောင်း ၊

၎င်းအပြင် တစ်ကောင်ကို တစ်သောင်း(၁၀၀၀၀/ိ)ပေးသွင်းရန် နှင့် နွားဖျက်ခအဖြစ် တစ်သောင်း(၁၀၀၀၀/ိ) စုစုပေါင်းနှစ်သောင်း(၂၀၀၀၀/ိ) ကောက်ခံရာ အလှူရှင်များမှ မကြေမနပ်ဖြစ်နေရပါကြောင်း ကုရ်ဗာနီ အလှူရှင်တစ်ဦးမှ Burma Muslim Youth Network Malaysiaသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပါသည်။

ကျောင်းကုန်းမြို့တွင်လည်း ကုရ်ဗာနီ အီးဒ်ပွဲ ဆင်နွဲရန် စိုးရိမ်ထိတ်လန့်နေရကြောင်း ၊ ၀ါးခယ်မလည်း အဆိုပါ အတိုင်းရှိနေကြောင်းဒေသခံ များထံမှ သိရပါသည်။
မြို့တိုင်းတွင် ကုရ်ဗာနီ အလှူရှင်များက ငွေကြေး ထည့်ဝင်ရပြီး အဆိုပါငွေကြေးမှာ ဒေသအာဏာပိုင်များ ရဲတပ်ဖွဲ့ ၊ အက်စ်ဘီ၊ စရဖ ၊တိမွေးကု တို့ကိုပေးရကြောင်း လေ့လာသိရှိခဲ့ရကြောင်း ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်ခဲ့တာဖြစ်ပါတယ်။

အောင်ကျော်မိုး။
(Burma Muslim Youth Network) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment