Pages

Wednesday, July 24, 2013

အောင်ရဲလင်း ရဲ့ ဖက်ရှင်ဒီဇိုင်း

Photo: အောင်ရဲလင်း ရဲ့ ဖက်ရှင်ဒီဇိုင်း
Wednesday, July 24, 2013

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ "ညအက္ခရာ" ဇာတ်ကားကို အောင်ရဲလင်းက မိုးဟေကိုနဲ့အတူ ရိုက် ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဂျလေဘီကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး ကိုယ် မှန်ရင်အကုန်လုံး လုပ်တတ်တဲ့ ကောင်လေးအဖြစ် သရုပ် ဆောင်ထားပါတယ်။ 

ဒီဇာတ်ကားထဲမှာလည်း အောင်ရဲ လင်းကဂျလေဘီကာရိုက်တာနဲ့လိုက်အောင် ဆံပင်ပုံစံ ပြောင်းလဲထားတာတွေ့ရပါတယ်။ ဇာတ်ကားတစ် ကားမှာဖက်ရှင်ပုံစံပြောင်းလဲသွားမှလည်း ပရိသတ် ရဲ့အမြင်မှာအသစ်အဆန်း လေးတွေမြင် စေချင်တဲ့အကြောင်းကို လည်းအောင်ရဲလင်းက

" ဇာတ်ကား တစ်ကားမှာဖက်ရှင်က နံပါတ်တစ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဇာတ် ကားတွေ တော် တော်များများဆိုအချစ်ထဲမှာပဲ လှည့်ပတ်ပြီး ရိုက်နေရ တော့ ဖက်ရှင်ပုံစံပြောင်းမှ ပရိသတ်ရဲ့အမြင်မှာ ပြောင်းလဲသွားမယ်။ ပုံစံကွဲသွားမယ်။ အဲဒါ ကြောင့် ဖက်ရှင်ကိုအဓိကထားပြီး လုပ်တယ်။ 

ဆံပင်ကိုလည်းအဓိကအတတ်နိုင်ဆုံး ပြောင်းဖြစ်တယ်။အခု ဒီဇာတ်ကား ထဲမှာဆိုရင်ကျွန်တော်က ဂျလေ ဘီကာရိုက်တာအဖြစ် သရုပ် ဆောင်ရတော့ကာရိုက်တာ နဲ့လိုက်အောင် ဆံပင်ပုံစံ ကိုပြောင်းထားတယ်။ ဒီဆံပင်ပုံစံကိုဥက္ကာထက် Pop Soul ဖန်တီးပေးထားတယ်။ ကျွန်တော်ရှိတဲ့ဆံပင်ကို ထပ်ပြီးတော့ဆက်ထားတယ်။ 

အတုနဲ့အစစ်နဲ့ ရောထားတယ်။ ဘာပဲပြောပြောအတတ်နိုင်ဆုံး ပရိသတ်ရဲ့အမြင် မှာတစ်ခုခုကိုအပြောင်းအလဲလေးဖြစ် သွားစေချင် တဲ့အတွက်ကြိုးစားပြီး သရုပ်ဆောင်ဖြစ်ပါတယ်" လို့ပြောပါတယ်။ ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး ဆံပင်ပုံစံ၊အဝတ်အစားဖက်ရှင်ပုံစံတွေကို စဉ်းစား လေ့ရှိတဲ့အောင်ရဲလင်းက

" ဘာဖြစ်လို့လဲဆိုတော့ ဖက်ရှင်နဲ့ဆံပင်ပုံစံက ၅ဝရာခိုင်နှုန်းလောက် အထောက်အပံ့ပေးတယ်။ ကျန်တဲ့ ၅ဝ ရာ ခိုင်နှုန်းကကိုယ့်ရဲ့အိုက်တင်နဲ့ပေါင်းပြီးလုပ် တယ်။ဆံပင်ဆိုလည်းပုံစံအမြဲ ပြောင်းတယ်။

အဲဒီလိုပြောင်းတဲ့အတွက် စိတ်ပါပြောင်း သွားအောင်လို့ အမြဲတမ်း ဆံပင်ပုံစံ ကိုပြောင်းတယ်။ ပြီးတော့ကျွန်တော်က ဇာတ်ကားရိုက်ရင် တအားကြီးစိတ် ညစ်ရတဲ့ ဇာတ်မျိုးဆိုရင် မရိုက်ဖြစ် ဘူး။ကိုယ်တိုင်ကလည်း စိတ်ညစ်တဲ့ဒဏ်ကိုသိပ်ပြီးမခံနိုင်ဘူး။ 

ဥပမာ- ဒုက္ခိတဇာတ်မျိုးတွေဆိုရင် ကျွန်တော် မရိုက်ဖြစ်ဘူး။ ဇာတ်ရွေးတယ်။ အဓိကကတော့ကိုယ်တိုင်က စိတ် ညစ်တဲ့ဒဏ်ကိုမခံ နိုင်တာကြောင့် ပါ။ အချစ်ဇာတ်လမ်းလေးတွေကျတော့ လူငယ်တွေနဲ့လည်း ပိုပြီးအံဝင်ခွင် ကျဖြစ်မယ်လို့ ထင်တယ်။ ပြီးတော့လူကြီးတွေအတွက်ကျတော့ မိသားစုဒရာမာလေးတွေ ရိုက်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Popular Journal
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Wednesday, July 24, 2013

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ "ညအက္ခရာ" ဇာတ်ကားကို အောင်ရဲလင်းက မိုးဟေကိုနဲ့အတူ ရိုက် ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဂျလေဘီကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး ကိုယ် မှန်ရင်အကုန်လုံး လုပ်တတ်တဲ့ ကောင်လေးအဖြစ် သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာလည်း အောင်ရဲ လင်းကဂျလေဘီကာရိုက်တာနဲ့လိုက်အောင် ဆံပင်ပုံစံ ပြောင်းလဲထားတာတွေ့ရပါတယ်။ ဇာတ်ကားတစ် ကားမှာဖက်ရှင်ပုံစံပြောင်းလဲသွားမှလည်း ပရိသတ် ရဲ့အမြင်မှာအသစ်အဆန်း လေးတွေမြင် စေချင်တဲ့အကြောင်းကို လည်းအောင်ရဲလင်းက

" ဇာတ်ကား တစ်ကားမှာဖက်ရှင်က နံပါတ်တစ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဇာတ် ကားတွေ တော် တော်များများဆိုအချစ်ထဲမှာပဲ လှည့်ပတ်ပြီး ရိုက်နေရ တော့ ဖက်ရှင်ပုံစံပြောင်းမှ ပရိသတ်ရဲ့အမြင်မှာ ပြောင်းလဲသွားမယ်။ ပုံစံကွဲသွားမယ်။ အဲဒါ ကြောင့် ဖက်ရှင်ကိုအဓိကထားပြီး လုပ်တယ်။

ဆံပင်ကိုလည်းအဓိကအတတ်နိုင်ဆုံး ပြောင်းဖြစ်တယ်။အခု ဒီဇာတ်ကား ထဲမှာဆိုရင်ကျွန်တော်က ဂျလေ ဘီကာရိုက်တာအဖြစ် သရုပ် ဆောင်ရတော့ကာရိုက်တာ နဲ့လိုက်အောင် ဆံပင်ပုံစံ ကိုပြောင်းထားတယ်။ ဒီဆံပင်ပုံစံကိုဥက္ကာထက် Pop Soul ဖန်တီးပေးထားတယ်။ ကျွန်တော်ရှိတဲ့ဆံပင်ကို ထပ်ပြီးတော့ဆက်ထားတယ်။

အတုနဲ့အစစ်နဲ့ ရောထားတယ်။ ဘာပဲပြောပြောအတတ်နိုင်ဆုံး ပရိသတ်ရဲ့အမြင် မှာတစ်ခုခုကိုအပြောင်းအလဲလေးဖြစ် သွားစေချင် တဲ့အတွက်ကြိုးစားပြီး သရုပ်ဆောင်ဖြစ်ပါတယ်" လို့ပြောပါတယ်။ ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး ဆံပင်ပုံစံ၊အဝတ်အစားဖက်ရှင်ပုံစံတွေကို စဉ်းစား လေ့ရှိတဲ့အောင်ရဲလင်းက

" ဘာဖြစ်လို့လဲဆိုတော့ ဖက်ရှင်နဲ့ဆံပင်ပုံစံက ၅ဝရာခိုင်နှုန်းလောက် အထောက်အပံ့ပေးတယ်။ ကျန်တဲ့ ၅ဝ ရာ ခိုင်နှုန်းကကိုယ့်ရဲ့အိုက်တင်နဲ့ပေါင်းပြီးလုပ် တယ်။ဆံပင်ဆိုလည်းပုံစံအမြဲ ပြောင်းတယ်။

အဲဒီလိုပြောင်းတဲ့အတွက် စိတ်ပါပြောင်း သွားအောင်လို့ အမြဲတမ်း ဆံပင်ပုံစံ ကိုပြောင်းတယ်။ ပြီးတော့ကျွန်တော်က ဇာတ်ကားရိုက်ရင် တအားကြီးစိတ် ညစ်ရတဲ့ ဇာတ်မျိုးဆိုရင် မရိုက်ဖြစ် ဘူး။ကိုယ်တိုင်ကလည်း စိတ်ညစ်တဲ့ဒဏ်ကိုသိပ်ပြီးမခံနိုင်ဘူး။

ဥပမာ- ဒုက္ခိတဇာတ်မျိုးတွေဆိုရင် ကျွန်တော် မရိုက်ဖြစ်ဘူး။ ဇာတ်ရွေးတယ်။ အဓိကကတော့ကိုယ်တိုင်က စိတ် ညစ်တဲ့ဒဏ်ကိုမခံ နိုင်တာကြောင့် ပါ။ အချစ်ဇာတ်လမ်းလေးတွေကျတော့ လူငယ်တွေနဲ့လည်း ပိုပြီးအံဝင်ခွင် ကျဖြစ်မယ်လို့ ထင်တယ်။ ပြီးတော့လူကြီးတွေအတွက်ကျတော့ မိသားစုဒရာမာလေးတွေ ရိုက်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

လွင်လွင်ထွန်း
Popular Journal , RangonNewsDaily
kolatt (Pabedan): 24.7.2013

0 comments:

Post a Comment