Pages

Saturday, May 11, 2013

မိုး/ဇလ၏ မုန်တိုင်းသတင်း ထုတ်ပြန်ချက် နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များနှင့် လွဲချော်နေ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ် စောင့်ကြည့်ရန်လို

မိုး/ဇလ၏ မုန်တိုင်းသတင်း ထုတ်ပြန်ချက် နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များနှင့် လွဲချော်နေ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ် စောင့်ကြည့်ရန်လို

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် အမည်ပေးသည့် အဆင့်သို့ ရောက်ရှိနေသည့် ဂျမာလာမုန်တိုင်းဖြစ်ပြီး သက်ရောက်နိုင်ခြေ အတွက်ကိုမူ သီရိလင်္ကာ ဖြစ်သည်ဟု လတ်တလောတွင် နိုင်ငံတကာမှ ခန့်မှန်းထားကြသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B အပူပိုင်း မုန်တိုင်းနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ မိုးလေ၀သခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်အချို့တွင် ခန့်မှန်းမှုများကို ထုတ်ပြန်ခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် သည့် Tropical Cyclone 01B (www.gdacs.com တွင် One-13 ဟု လတ်တလော ဖော်ပြထား) နှင့်ပတ်သက်၍ Tropical Storm Risk(TSR) က ခန့်မှန်းချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ မုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဆင့်ဖြင့် မြန်မာနိုင်ငံ ကမ်းခြေကို မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

TSR ၏ ခန့်မှန်းချက်အရ မေလ ၁၁ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်၊ မေလ ၁၂ ရက်နေ့တွင် category 1 ၊ မေလ ၁၃ ရက်နေ့တွင် category 1 ၊ မေလ ၁၄ ရက် နေ့တွင် category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟုလည်း သိရှိရသည်။

Joint Typhoon Warning Center (JTWC) ၏ ခန့်မှန်းဂရပ် ဖော်ပြမှုတွင်မူ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် နီးကပ်လာမည့်ရက်ကို မေလ ၁၄ ရက်နေ့ဟု ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုများကို ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က အပူပိုင်း မုန်တိုင်းသည် သက်ရောက်မည့် ဒေသ၏ လူဦးရေ၊ ၎င်းတို့၏ သက်ရောက်လွယ်နိုင်ခြေနှင့် လေတိုက်နှုန်း ပြင်းထန်မှု စသည်တို့ပေါ်တွင် မူတည်ကာ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း ဆိုထားသည်။

ယခုဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သို့ သက်ရောက်နိုင်ခြေရှိကြောင်း accuweather.com တွင် ခန့်မှန်းဖော်ပြထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့ မွန်း လွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ဘန်ဒါအာချေးမြို့၏ အနောက်ဘက် မိုင် ၁၅၀ ခန့်အကွာ မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းငယ်အား အ၀ါရောင်အဆင့်ဟု သတ်မှတ်ထားကာ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်းလည်း မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုး/ဇလမှ ပြောကြားချက်အရ သိရှိရသည်။

''မုန်တိုင်းကို ဆက်လက်စောင့်ကြည့် နေပါတယ်။ သတင်းထုတ်ပြန်ချက် တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်မှာ ဖြစ်ပါတယ်'' ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁၀ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ထို့ပြင် မေလ ၁၀ ရက်နေ့ ည ၇ နာရီ အချိန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကြောင်း၊ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားကာ အ၀ါရောင်အဆင့်သာ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုသည် ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပတ်သက်၍ နိုင်ငံတကာ မိုးလေ၀သနှင့် ပတ်သက်သော ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားချက်များနှင့် လွဲချော်နေကြောင်း တွေ့ရှိရသည်။

ဘင်္ဂလားပင်လယ်အော် အတွင်းရှိ အမည်မသတ်မှတ်ရသေးသော မုန်တိုင်းနှင့် ပတ်သက်၍ မေလ ၁၀ ရက်နေ့ည ၁၂ နာရီအချိန် ဆက်သွယ်မေးမြန်းချက်အရလည်း အဆိုပါ ထုတ်ပြန်ချက်မှာ အပြောင်းအလဲ မရှိဘဲ နောက်ရက်များတွင် အပြောင်းအလဲရှိပါက ဆက်လက် ထုတ်ပြန်သွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။

လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမိုသတိပြုရလေ့ရှိသည်။

၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ်ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ဖြစ်ပေါ်မှုများ ယခုနောက်ပိုင်း နှစ်များတွင် လျော့နည်းလာပြီး ယင်းသို့ လျော့နည်းလာခြင်းသည် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်း မရှိသော မိုးရာသီတွင်သာ လျော့နည်းလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းကို သတိပြုရသော ကာလများသည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလ ဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်ပြီး မုတ်သုံအ၀င် နောက်ကျမှုနှင့် အထွက်စောမှုတို့က မုန်တိုင်းရာသီကို ပိုမိုရှည်လျား လာစေခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။

ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် မေလ ၁ ရက်နေ့တွင် category 2 အဆင့်ဖြစ်ပြီး ၀င်ရောက်တိုက်ခတ်ချိန်တွင်မူ အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် category 4 အဆင့်ဖြင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ၀န်းကျင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၈၄၀၀၀ ၀န်းကျင်၊ ပျောက်ဆုံးသူ ၅၄၀၀၀ ၀န်းကျင်၊ ထိခိုက်သူ ၁၁ သန်းခန့်၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု ၇၄၅၇၆၄ ခု၊ အစိုးရပိုင် ပျက်စီးဆုံးရှုံးမှု ကျပ် ၃ ဒသမ ၃၅၄၇ ထရီလီယံ၊ ပုဂ္ဂလိကပိုင်ဆုံးရှုံးမှု ကျပ် ၈ ဒသမ ၃၈၀၀ ထရီလီယံရှိခဲ့ကာ ကမ္ဘာတွင် ပျက်စီးဆုံးရှုံးမှု၊ သေကြေမှု အမြင့်မားဆုံး နံပါတ်(၈)အဆင့် ဖြစ်ခဲ့သည်။

အဆိုပါ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့သို့ အဓိက သက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ပျက်စီးဆုံးရှုံးမှု ပိုမိုခဲ့သည်။

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်
နိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသောမုန်တိုင်း
သည် အမည်ပေးသည့် အဆင့်သို့ ရောက်ရှိနေသည့် ဂျမာလာမုန်တိုင်းဖြစ်ပြီး သက်ရောက်နိုင်ခြေ အတွက်
ကိုမူ သီရိလင်္ကာ ဖြစ်သည်ဟု လတ်တလောတွင် နိုင်ငံတကာမှ ခန့်မှန်းထားကြသည်။
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B အပူပိုင်း မုန်တိုင်းနှင့် ပတ်သက်၍
လည်း နိုင်ငံတကာမှ မိုးလေ၀သခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်အချို့တွင် ခန့်မှန်းမှုများကို ထုတ်ပြန်ခဲ့ကြ
သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် သည့် Tropical Cyclone 01B (www.gdacs.com တွင် One-13 ဟု လတ်

တလော ဖော်ပြထား) နှင့်ပတ်သက်၍ Tropical Storm Risk(TSR) က ခန့်မှန်းချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ မုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဆင့်ဖြင့် မြန်
မာနိုင်ငံ ကမ်းခြေကို မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

TSR ၏ ခန့်မှန်းချက်အရ မေလ ၁၁ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်၊ မေလ ၁၂ ရက်နေ့တွင် category 1 ၊ မေလ ၁၃ ရက်နေ့တွင် category 1 ၊ မေလ ၁၄ ရက် နေ့တွင် category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟု

လည်း သိရှိရသည်။

Joint Typhoon Warning Center (JTWC) ၏ ခန့်မှန်းဂရပ် ဖော်ပြမှုတွင်မူ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် နီးကပ်လာမည့်ရက်ကို မေလ ၁၄ ရက်နေ့ဟု ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုများကို ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination Systemက အပူပိုင်း မုန်တိုင်းသည် သက်ရောက်မည့် ဒေသ၏ လူဦးရေ၊ ၎င်းတို့၏ သက်ရောက်

လွယ်နိုင်ခြေနှင့် လေတိုက်နှုန်း ပြင်းထန်မှု စသည်တို့ပေါ်တွင် မူတည်ကာ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်
ပေါ်နိုင်သည်ဟုလည်း ဆိုထားသည်။

ယခုဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သို့ သက်ရောက်နိုင်

ခြေရှိကြောင်း accuweather.com တွင် ခန့်မှန်းဖော်ပြထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိပြီး

နောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့ မွန်း လွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့

တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်
သို့ ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ဘန်ဒါအာချေးမြို့၏ အနောက်ဘက် မိုင် ၁၅၀ ခန့်
အကွာ မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု
နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး မုန်တိုင်း

ငယ်အားအ၀ါရောင်အဆင့်ဟုသတ်မှတ်ထားကာ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျား
မည့်အခြေအနေမရှိဟုသတ်မှတ်ထားကြောင်းလည်း မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုး/ဇလမှ ပြောကြား
ချက်အရ သိရှိရသည်။

''မုန်တိုင်းကို ဆက်လက်စောင့်ကြည့် နေပါတယ်။ သတင်းထုတ်ပြန်ချက် တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်မှာ ဖြစ်ပါတယ်'' ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁၀ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ထို့ပြင် မေလ ၁၀ ရက်နေ့ ည ၇ နာရီ အချိန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်

အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကော့သောင်းမြို့
အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကြောင်း၊ မုန်တိုင်းငယ်သည် အနောက်
မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားကာ အ၀ါရောင်အဆင့်သာ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့
သည်။

အဆိုပါ ထုတ်ပြန်မှုသည် ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပတ်သက်၍ နိုင်ငံ

တကာ မိုးလေ၀သနှင့် ပတ်သက်သော ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားချက်များနှင့် လွဲချော်နေကြောင်း
တွေ့ရှိရသည်။

ဘင်္ဂလားပင်လယ်အော် အတွင်းရှိ အမည်မသတ်မှတ်ရသေးသော မုန်တိုင်းနှင့် ပတ်သက်၍ မေလ ၁၀ ရက်

နေ့ည ၁၂ နာရီအချိန် ဆက်သွယ်မေးမြန်းချက်အရလည်း အဆိုပါ ထုတ်ပြန်ချက်မှာ အပြောင်းအလဲ မရှိဘဲ
နောက်ရက်များတွင် အပြောင်းအလဲရှိပါက ဆက်လက် ထုတ်ပြန်သွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်
ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။

လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အ

နေဖြင့်သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမိုသတိပြုရလေ့ရှိသည်။

၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ်ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့မုန်တိုင်း၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်း

သည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ဖြစ်ပေါ်မှုများ ယခုနောက်ပိုင်း နှစ်များတွင် လျော့နည်းလာပြီး ယင်းသို့

လျော့နည်းလာခြင်းသည် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်း မရှိသော မိုးရာသီတွင်သာ လျော့နည်း
လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းကို သတိပြုရသော ကာလများသည် မိုးကြိုကာလဖြစ်
သော ဧပြီနှင့် မေ၊ မိုးလွန်ကာလ ဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်ပြီး မုတ်သုံအ၀င် နောက်
ကျမှုနှင့် အထွက်စောမှုတို့က မုန်တိုင်းရာသီကို ပိုမိုရှည်လျား လာစေခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀

 ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။

ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အ

များဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း

သည် မေလ ၁ ရက်နေ့တွင် category 2 အဆင့်ဖြစ်ပြီး ၀င်ရောက်တိုက်ခတ်ချိန်တွင်မူ အလွန်အားကောင်း
သော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် category 4 အဆင့်ဖြင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ၀န်းကျင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၈၄၀၀၀ ၀န်းကျင်၊ ပျောက်ဆုံးသူ ၅၄၀၀၀ ၀န်းကျင်၊ ထိခိုက်သူ ၁၁ သန်းခန့်၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု ၇၄၅၇၆၄ ခု၊ အစိုးရပိုင် ပျက်စီးဆုံးရှုံးမှု ကျပ် ၃ ဒသမ ၃၅၄၇ ထရီ

လီယံ၊ ပုဂ္ဂလိကပိုင်ဆုံးရှုံးမှု ကျပ် ၈ ဒသမ ၃၈၀၀ ထရီလီယံရှိခဲ့ကာ ကမ္ဘာတွင် ပျက်စီးဆုံးရှုံးမှု၊ သေကြေမှု အမြင့်မားဆုံး နံပါတ်(၈)အဆင့် ဖြစ်ခဲ့သည်။

အဆိုပါ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့သို့ အဓိက သက်ရောက်

ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ပျက်စီးဆုံးရှုံးမှု ပိုမိုခဲ့သည်။

Eleven Media , Rangonnewsdaily
RND:  :11.5.2013 

0 comments:

Post a Comment