Pages

Saturday, February 2, 2013

မော်တော်ယာဉ် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ က.ည.န၏ ၀က်ဘ်ဆိုက်လွှင့်တင်

က.ည.န၏ ၀က်ဘ်ဆိုက်လွှင့်တင်

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၀က်ဘ်ဆိုက်ကို စတင်လွှင့်တင်ထားပြီး ဖေ့စ်ဘုတ်အကောင့်
မှတစ်ဆင့် မော်တော်ယာဉ် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရ
သည်။ အဆိုပါဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆောင်ရွက်ချက်များကို သိရှိနိုင်ရန် လွှင့်တင်ထားခြင်း
ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသောင်းလွင်ကပြောသည်။
"မရှင်းတာတွေကို ဖေ့စ်ဘုတ်အကောင့်ကတစ်ဆင့် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ Comment ပေးပြီး မေးနိုင်

မှာပါ" ဟု တာဝန်ရှိသူတစ်ဦးကလည်း ပြောပြသည်။ 

ဝက်ဘ်ဆိုက်လိပ်စာမှာ www.myanmartrad.com ဖြစ်ပြီး ဖေ့စ်ဘုတ်အကောင့်မှာwww.facebook.com/rtad
  ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။ သတင်းများကို တင်ထားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အဆိုပါဝက်ဘ်ဆိုက်ကို လွှင့်တင်ထားမည်ဖြစ်ပြီး လက်ရှိ
အချိန်တွင် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း၊ မော်တော်ယာဉ်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်စေရန် သတင်းများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရ
သည်။

မော်တော်ယာဉ်နှင့်ပတ်သက်၍ နံပါတ်အသစ်ပေးသည့် လုပ်ငန်း၊ ကားသစ်များတင်သွင်းသည့်အခါ၊ စာအုပ်
ထုတ်သည့်အခါ စသည်ဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပြီး အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဖေ့စ်ဘုတ် Comment Box မှတစ်ဆင့် မေးမြန်းနိုင်မည်ဖြစ်သည်။ 

လက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၀က်ဘ်ဆိုက်တွင် ကနဦးမှတ်ပုံတင်ယာဉ် ရက်လွန်
ဏ်ကြေးငွေ ကောက်ခံခြင်းအကြောင်း သိကောင်းစရာ၊ နံပါတ်ပြားအကြောင်း သိကောင်းစရာများ စသည်
တို့ကို လွှင့်တင်ထားပြီး မော်တော်ယာဉ်နှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ ယာဉ်မောင်းလိုင်စင်
စင့် ပတ်သက်သော အချက်အလက်များ၊ မော်တော်ယာဉ်မူဝါဒ စည်းမျဉ်းစည်းကမ်းများ၊ မော်တော်ယာဉ်
မောင်း သင်တန်းများအကြောင်း၊ တင်ဒါခေါ်ယူခြင်းဆိုင်ရာ အချက်အလက်၊ နောက်ဆုံးရသတင်း စသည်တို့
ကိုပါ ကြည့်ရှုနိုင်စေရန် စီစဉ်ကြောင်းသိရသည်။

 မော်တော်ယာဉ်မူဝါဒများနှင့် ပတ်သက်၍ ပြောင်းလဲလာသော အချက်အလက်များ၊ သတင်းများကို ယခု လွှင့်တင်လိုက်သောကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏၀က်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်မည့်အပြင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၀က်ဘ်ဆိုက်၊ အကောက်ခွန်ဦးစီးဌာန၏ ၀က်ဘ်ဆိုက်တို
့တွင်လည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။



 Internet Journal

0 comments:

Post a Comment