Pages

Thursday, January 31, 2013

ဒိုအာတောင်းခံရာတွင် လိုအပ်သောအချက်များနှင့် ဒိုအာလက်ခံစေသော အကြောင်းခံများ

ဒိုအာတောင်းခံရာတွင် လိုအပ်သောအချက်များနှင့် ဒိုအာလက်ခံစေသော အကြောင်းခံများ
အောက်ပါအချက်များသည် ကျမ်းမြတ်ကုရ်အာန်နှင့် စစ်မှန်သော ဟဒီးဆ်တော်များမှ ထုတ်နှုတ်ထားသော အချက်အလက်များဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးအား လွယ်ကူစွာ လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး အထောက်အထားများကို မဖော်ပြတော့ပဲ အချက်အလက် များကိုသာ ရေးသာတင်ပြထားပါတယ်။
(၁) ဒိုအာဟာ အေဗာဒသ် (ခဝပ်ကိုးကွယ်ခြင်း) ဖြစ်တာကြောင့် အစ်ခ်လားဆွ်       (အရှင်မြတ်အတွက် သီးသန့်ပြုလုပ်ခြင်း) ပါရမယ်။ (ဒီအချက်နဲ့ ပတ်သက်ပြီး      ပြောစရာစကားတွေ အများကြီးရှိပေမယ့် နောက်ကဏ္ဍတွေမှာ အကျယ်တဝန့်      ရေးသားတင်ပြသွားပါမယ်။
(၂)  မိမိရဲ့ အစားအသောက်၊ အဝတ်အစား နဲ့ သုံးစွဲမှုတွေက ဟလာဟ်(သန့်ပြန့်သော  ဥစ္စာပစ္စည်းများနဲ့သာ) ဖြစ်ရမယ်။
(၃) သူတစ်ပါးဆီက မတရားညှင်းပန်း ရယူထားတာတွေကို ပြန်လည်ပေးဆပ်ကာ 
       အရှင်မြတ်ထံမှာ ဝန်ချတောင်းပန်ရမယ်။ 
(၄) ကစ်ဗ်လာဟ်ဘက်ကို မျက်နှာမူရမယ်။
(၅) လက်တွေကို မြှောက်ပြီးတောင်းရမယ်။
(၆) အကယ်လို့ လွယ်ကူမယ်ဆိုရင် ဒိုအာမတောင်းခင် ဝူဇူလုပ်ရမယ်။
(၇) ဒိုအာတောင်းခံရာမှာ အရှင်မြတ်အား ကျေးဇူးတင်ခြင်း ၊ ချီးမွမ်းခြင်းနဲ့ အစပြုပြီး  တမန်တော်မြတ်(ဆွလလ္လာဟူ အလိုင်းဟိ ဝစလာမ်) ကို ဒရူးသ် စလာမ် ပို့သပြီး  အဆုံးသတ်ရမယ်။
(၈)ဒိုအာကို မြဲမြံစွာတောင်းခံပြီး ၊ လက်ခံမယ်လို့ ခိုင်ခိုင်မာမာယုံကြည်ရမယ်။
(၉) နှလုံးသားနဲ့ စူးစိုက်ပြီး တောင်းရမယ် ။ 
(၁၀) ဒိုအာတောင်းခံရာမှာ မိမိကိုယ်ကို ချိုးနှိမ်ခြင်း၊ ရိုကျိုးခြင်း၊ လိုလားတောင့်တခြင်း ၊         ကြောက်ရွံ့ခြင်း တို့ပါဝင်ရမယ်။
(၁၁) ဒိုအာတောင်းခံရာမှာ မိမိရဲ့ အပြစ်တွေကို ထုတ်ဖော်ဝန်ခံပြီး အဲ့ဒီအပြစ်တွေကနေ        လွတ်ငြိမ်းချမ်းသာခွင့်တောင်းရမယ်။ မိမိရရှိထားတဲ့ နေမသ်စည်းစိမ်တွေကို ထုတ်ဖော်        ဝန်ခံပြီး အဲဒါတွေအတွက် အရှင်မြတ်ကို ကျေးဇူးတင်ရမယ်။
 (၁၂) မိမိလိုအပ်တာကို သုံးကြိမ်သုံးခါ အထပ်ထပ်တောင်းရမယ်။
(၁၃) မြန်မြန် မတောင်းရပေ။
(၁၄) မိသားစုဝင်တွေ ၊ ဥစ္စာပစ္စည်း ၊ သားသမီး နဲ့ မိမိကိုယ်ကို  ကျိန်ဆဲမှုမပါပဲ         တောင်းခံရမယ်။
(၁၅) ချောင်လည်တဲ့ အချိန်မှာရော ၊ ကြပ်တည်းတဲ့ အချိန်မှာပါ ဒိုအာတောင်းခံရမယ်။
(၁၆) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ တောင်းခံရမယ်။
(၁၇) အသံ အလယ်အလတ်နဲ့ မတိုးမကျယ်တောင်းခံရမယ်။
(၁၈) အသံနေ ၊အသံထား (အလိုက်တစ်ခုခု)နဲ့ ဒိုအာမတောင်းရပေ။
(၁၉) မိမိအတွက် အရင်တောင်းပြီးမှ တစ်ခြားသူအတွက် တောင်းခံပေးပါ။
(၂၀) ဒိုအာတောင်းခံတဲ့အချိန် (၁) အလ္လာဟ်အရှင်မြတ်ရဲ့ လှပတဲ့ အမည်နာမတော်တွေ နဲ့         မြင့်မြတ်တဲ့ ဂုဏ်တော်တွေကို အကြောင်းခံပြီး ဒိုအာတောင်းရမယ်။(ဥပမာ - အို-  အလွန်တရာ သနားကြင်နာတော်မူသော အရှင်… ကျွန်တော်မျိုးကို သနားကြင်နာတော်မူပါ။) (၂) မိမိရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေ ကို အကြောင်းခံပြီး ဒိုအာ  တောင်းရမယ်။(ဥပမာ- အို အရှင်မြတ် ကျွန်တော်မျိုး အရှင်မြတ် အတွက်သီးသန့်   ဤ . . . .(လုပ်ရပ် ). . . . . . ကို လုပ်ခဲ့ပါတယ် ။ အဲ့ဒီလုပ်ရပ်ကို အကြောင်းခံပြီး     ကျွန်တော်မျိုးရဲ့ဒိုအာကို လက်ခံတော်မူပါ။) (၃) အသက်ထင်ရှားနဲ့ မိမိရှေ့မှာရှိပြီး     မွန်မြတ်တဲ့သူရဲ့ ဒိုအာကို အကြောင်းခံရမယ်။ ( ဥပမာ- မွန်မြတ်ပြီး သာသနာ      ကိုင်းရှိုင်းတဲ့သူဆီသွားပြီး ကျွန်တော်မှာ ဒီလို အခက်အခဲရှိနေတယ်။        ဒိုအာလုပ်ပေးပါလို့ပြောဆိုခြင်း )။
(၂၂) ဒိုအာတောင်းတဲ့သူဟာ ကောင်းရာညွှန်ကြား ၊ မကောင်းရာ မြစ်တားရမယ်။
(၂၃) အပြစ်အကုသိုလ်(အကြီးအသေး)အပေါင်း ကနေ ရှောင်ကြဉ်ရမယ်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ကို အပေါ်က အချက်အလက်တွေ ပြည့်စုံစွာနဲ့ ဒိုအာတောင်းနိုင်တဲ့ စွမ်းအား ချီးမြင့်တော်မူပါ။ ကျွန်တော်တို့အားလုံးရဲ့ ဒိုအာတွေကိုလည်း လက်ခံတော်မူပါ။ မြန်မာမွတ်စလင်မ်ထု တစ်ရပ်လုံးကိုလည်း ကွဲပြဲခြင်းမှ ကာကွယ်တော်မူပါ။
ကဲ …. ချစ်ပရိတ်သတ်ကြီးရေ …… ကျွန်တော်တို့ စာမျက်နှာရဲ့ ဝိုင်းတော်သားတွေအတွက်လည်း ဒိုအာတောင်းပေးဖို့ မမေ့နဲ့နော် . .  .

သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။
တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

ဒိုအာတောင်းခံရာတွင် လိုအပ်သောအချက်များနှင့် ဒိုအာလက်ခံစေသော အကြောင်းခံများ အောက်ပါအ
ချက်များသည် ကျမ်းမြတ်ကုရ်အာန်နှင့် စစ်မှန်သော ဟဒီးဆ်တော်များမှ ထုတ်နှုတ်ထားသော အချက်အ
လက်များဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးအား လွယ်ကူစွာ လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး အထောက်အထား
များကို မဖော်ပြတော့ပဲ အချက်အလက် များကိုသာ ရေးသာတင်ပြထားပါတယ်။(၁) ဒိုအာဟာ အေဗာဒသ်
 (ခဝပ်ကိုးကွယ်ခြင်း) ဖြစ်တာကြောင့် အစ်ခ်လားဆွ် (အရှင်မြတ်အတွက် သီးသန့်ပြုလုပ်ခြင်း) ပါရမယ်။ (ဒီအချက်နဲ့ ပတ်သက်ပြီး ပြောစရာစကားတွေ အများကြီးရှိပေမယ့် နောက်ကဏ္ဍတွေမှာအကျယ်တဝန့် ရေး
သားတင်ပြသွားပါမယ်။(၂) မိမိရဲ့ အစားအသောက်၊ အဝတ်အစား နဲ့ သုံးစွဲမှုတွေက ဟလာဟ်(သန့်ပြန့်သော ဥစ္စာပစ္စည်းများနဲ
့သာ) ဖြစ်ရမယ်။

(၃) သူတစ်ပါးဆီက မတရားညှင်းပန်း ရယူထားတာတွေကို ပြန်လည်ပေးဆပ်ကာ အရှင်မြတ်ထံမှာ ဝန်
ချတောင်းပန်ရမယ်။ 

(၄) ကစ်ဗ်လာဟ်ဘက်ကို မျက်နှာမူရမယ်။

(၅) လက်တွေကို မြှောက်ပြီးတောင်းရမယ်။

(၆) အကယ်လို့ လွယ်ကူမယ်ဆိုရင် ဒိုအာမတောင်းခင် ဝူဇူလုပ်ရမယ်။

(၇) ဒိုအာတောင်းခံရာမှာ အရှင်မြတ်အား ကျေးဇူးတင်ခြင်း ၊ ချီးမွမ်းခြင်းနဲ့ အစပြုပြီး တမန်တော်မြတ်(
ဆွလလ္လာဟူ အလိုင်းဟိ ဝစလာမ်) ကို ဒရူးသ် စလာမ် ပို့သပြီး အဆုံးသတ်ရမယ်။

(၈)ဒိုအာကို မြဲမြံစွာတောင်းခံပြီး ၊ လက်ခံမယ်လို့ ခိုင်ခိုင်မာမာယုံကြည်ရမယ်။

(၉) နှလုံးသားနဲ့ စူးစိုက်ပြီး တောင်းရမယ် ။ 

(၁၀) ဒိုအာတောင်းခံရာမှာ မိမိကိုယ်ကို ချိုးနှိမ်ခြင်း၊ ရိုကျိုးခြင်း၊ လိုလားတောင့်တခြင်း ၊ ကြောက်ရွံ့ခြင်း တို့ပါဝင်ရမယ်။

(၁၁) ဒိုအာတောင်းခံရာမှာ မိမိရဲ့ အပြစ်တွေကို ထုတ်ဖော်ဝန်ခံပြီး အဲ့ဒီအပြစ်တွေကနေ လွတ်ငြိမ်းချမ်းသာ
ခွင့်တောင်းရမယ်။ မိမိရရှိထားတဲ့ နေမသ်စည်းစိမ်တွေကို ထုတ်ဖော် ဝန်ခံပြီး အဲဒါတွေအတွက် အရှင်မြတ်
ကို ကျေးဇူးတင်ရမယ်။

(၁၂) မိမိလိုအပ်တာကို သုံးကြိမ်သုံးခါ အထပ်ထပ်တောင်းရမယ်။

(၁၃) မြန်မြန် မတောင်းရပေ။

(၁၄) မိသားစုဝင်တွေ ၊ ဥစ္စာပစ္စည်း ၊ သားသမီး နဲ့ မိမိကိုယ်ကို ကျိန်ဆဲမှုမပါပဲ တောင်းခံရမယ်။

(၁၅) ချောင်လည်တဲ့ အချိန်မှာရော ၊ ကြပ်တည်းတဲ့ အချိန်မှာပါ ဒိုအာတောင်းခံရမယ်။

(၁၆) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ တောင်းခံရမယ်။

(၁၇) အသံ အလယ်အလတ်နဲ့ မတိုးမကျယ်တောင်းခံရမယ်။

(၁၈) အသံနေ ၊အသံထား (အလိုက်တစ်ခုခု)နဲ့ ဒိုအာမတောင်းရပေ။

(၁၉) မိမိအတွက် အရင်တောင်းပြီးမှ တစ်ခြားသူအတွက် တောင်းခံပေးပါ။

(၂၀) ဒိုအာတောင်းခံတဲ့အချိန် (၁) အလ္လာဟ်အရှင်မြတ်ရဲ့ လှပတဲ့ အမည်နာမတော်တွေ နဲ့ မြင့်မြတ်တဲ့ ဂုဏ်တော်တွေကို အကြောင်းခံပြီး ဒိုအာတောင်းရမယ်။(ဥပမာ - အို- အလွန်တရာ သနားကြင်နာတော်
မူသော အရှင်… ကျွန်တော်မျိုးကို သနားကြင်နာတော်မူပါ။) (၂)မိမိရဲ့ မွန်မြတ်တဲ့လုပ်ရပ်တွေကို အကြောင်း
ခံပြီး ဒိုအာ တောင်းရမယ်။(ဥပမာ- အို အရှင်မြတ် ကျွန်တော်မျိုး အရှင်မြတ် အတွက်သီးသန့် ဤ . . . .(လုပ်ရပ် ). . . . . . ကို လုပ်ခဲ့ပါတယ် ။ အဲ့ဒီလုပ်ရပ်ကို အကြောင်းခံပြီး ကျွန်တော်မျိုးရဲ့ဒိုအာကို လက်ခံတော်မူပါ။) (၃) အသက်ထင်ရှားနဲ့ မိမိရှေ့မှာရှိပြီး မွန်မြတ်တဲ့သူရဲ့ ဒိုအာကို အကြောင်းခံရမယ်။ ( ဥပမာ- မွန်မြတ်ပြီး သာသနာ ကိုင်းရှိုင်းတဲ့သူဆီသွားပြီး ကျွန်တော်မှာ ဒီလို အခက်အခဲရှိနေတယ်။ ဒိုအာလုပ်ပေးပါလို့ပြောဆိုခြင်း )။

(၂၂) ဒိုအာတောင်းတဲ့သူဟာ ကောင်းရာညွှန်ကြား ၊ မကောင်းရာ မြစ်တားရမယ်။

(၂၃) အပြစ်အကုသိုလ်(အကြီးအသေး)အပေါင်း ကနေ ရှောင်ကြဉ်ရမယ်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ကို အပေါ်က အချက်အလက်တွေ ပြည့်စုံစွာနဲ့ ဒိုအာတောင်းနိုင်တဲ့ စွမ်း
အား ချီးမြင့်တော်မူပါ။ ကျွန်တော်တို့အားလုံးရဲ့ ဒိုအာတွေကိုလည်း လက်ခံတော်မူပါ။ မြန်မာမွတ်စလင်မ်ထု တစ်ရပ်လုံးကိုလည်း ကွဲပြဲခြင်းမှ ကာကွယ်တော်မူပါ။ကဲ …. ချစ်ပရိတ်သတ်ကြီးရေ ……ကျွန်တော်တို့ 
စာမျက်နှာရဲ့ ဝိုင်းတော်သားတွေအတွက်လည်း ဒိုအာတောင်းပေးဖို့ မမေ့နဲ့နော် . . .

သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။
တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”

( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )
 
အွန်လိုင်းအစ္စလာမ်စာမျက်နှာ

0 comments:

Post a Comment