Pages

Thursday, January 31, 2013

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ် ၏ facebook စာမျက်နှာတွင် " ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတက မိဘပြည်သူများကို ပြောကြား တဲ့ရေဒီယိုမိန့်ခွန်းအား မြန်မာ့အသံနဲ့ အက်ဖ်အမ်အသံလွှင့်ဌာန များက ထုတ်လွှင့်ပေးပါ့မယ်။
ထုတ်လွှင့်ချိန်များက မနက် ၀၇၀၀ နာရီ၊ ၁၁၀၀ နာရီသတင်းအပြီး၊ ညနေ ၆ နာရီသတင်းအပြီးနဲ့ ၈ နာရီသတင်း အပြီးချိန်များဖြစ်ပါတယ်။" ဟုရေးသားဖော်ပြထားသည်။
Yangon Media Group

0 comments:

Post a Comment