Pages

Thursday, January 31, 2013

ပထမဆုံး ၂၇ ထပ်တိုက် ဆောက်လုပ်ခွင့်ရသူ ဦးအေးမြင့်ဦးနှင့် တွေ့ဆုံခြင်း

 Tuesday, 29 January 2013 

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကုမ္ပဏီများအား အထပ်(၂၀)ကျော်တိုက်များ
တည်ဆောက်ခွင့်ကို စစ်အစိုးရက ပိတ်ပင်ခဲ့သော်လည်း  အစိုးရသစ်တက်
လာပြီးနောက် မကြာသေးမီက အထပ်မြင့်တိုက် စီမံကိန်းတည်ဆောက်
မှုများအား ခွင့်ပြုလိုက်ပြီဖြစ်သည်။  

ပထမဦးဆုံး အထပ်မြင့်တည်ဆောက်နိုင်ခွင့်ရသည့် ကုမ္ပဏီမှာ အေးမိသားစု
ကုမ္ပဏီဖြစ်သည်။ ၄င်းကုမ္ပဏီမှ ရဟတ်ယာဉ် ဆင်းသက်နိုင်မည့်(၂၇)ထပ်
အမြင့်ရှိ တိုက်(၄)လုံးအား(၂)နှစ်တာကာလအတွင်း အပြီးတည်ဆောက်သွား
မည်ဟု  သိရသည်။ အေးမိသားစုကုမ္ပဏီပိုင်ရှင် ဦးအေးမြင့်ဦးအား အထပ် မြင့်တည်ဆောက်ခွင့်၊ တိုက် ဒီဇိုင်းများနှင့်ပတ်သက်၍ အသေးစိတ်
မေးမြန်းချက်များအား ကောက်နုတ် ဖော်ပြလိုက်ပါသည်။

အထပ်မြင့် တိုက်တည်ဆောက်ခွင့် ပါမစ်ရရှိ

 ၂၀၀၉ ခုနှစ်မှာ တခါ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း
ကနေ ပါမစ်ကို နိုင်ငံတော်အကြီးအကဲ အရင်အစိုးရအဖွဲ့ကို တင်တယ်။ ဒါပေမယ့် ဆောက်လုပ်ခွင့်မရခဲ့ဘူး။ မြို့တော်ဝန် အနေနဲ့က ရန်ကုန်မှာဆို ကိုယ်ပိုင်မြေပေါ်မှာ (၁၂) ထပ် အထိပဲ ဆောက်လုပ်ခွင့်၊ မန္တလေးဆိုရင် (၉) ထပ် တည်ဆောက်ခွင့်ပဲ ရှိတယ်။ နိုင်ငံတော်ကပိုင်တဲ့ မြေဆို နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်းမယ်ဆို အထပ် နှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ်လည်းဆောက်
လို့ ရတယ်။ ဒါဟိုတုန်းကတည်းကရှိထားတဲ့မူ ပေါ့နော်။

 အနားယူသွားတဲ့ ဒု-သမ္မတ သီဟသူရတင်အောင်မြင့်ဦး လက်ထက်မှာ
လည်း မရခဲ့ဘူး။ သူ ကျန်းမာရေးချို့တဲ့နေတဲ့အချိန်မှာ သမ္မတ ဦးသိန်းစိန်ကို တိုက်ရိုက်တင်ပြတယ်။ အကျိုးအကြောင်း ရှင်းပြတဲ့အခါမှာ သမ္မတက
ဒီကိစ္စကို လေးငါးရက်အတွင်းမှာပဲ ဆောက်လုပ်ခွင့်ကို ချပေးခဲ့တယ်။ ချပေးတဲ့အခါ ဒီလိုကိစ္စမျိုးတွေ အလားတူရှိသေးတယ်ဆိုတာ သိတဲ့အခါ သမ္မတကြီးက ဆက်တိုက် ချပေးခဲ့တယ်။ အဲ့လိုနဲ့ ၂၇ ထပ် အဆောက်အဦး ပထမဦးဆုံး ပါမစ်ရခဲ့တယ်။ 

 (၂) နှစ် အတွင်း အပြီးဆောက်မယ်

ဆောက်တဲ့အခါမှာ နံရံတွေ ကော်လံတွေ အုတ်မြစ်ချတာတွေကို ဂျပန်
ကပေးတဲ့ နည်းပညာတွေနဲ့ တချိန်တည်းနဲ့   လောင်းလိုက်တာနဲ့ ပြီး သွားအောင် ဒီနည်းပညာတွေ ဒီဇိုင်းတွေကို အသုံးပြု ပြီးတော့ လုပ်ထားတယ်။ ဒီဟာက မြန်သွားသလို ငွေကြေးအကုန်အကျတော့ အတော်များပါတယ်။ ဦးလေး မြေကွက်က ဘိုးဘွားပိုင်မြေကွက် အမွေရထားတာဆိုတော့ အရင်းမရှိဘူးပေါ့ကွာ။ အရင်း မရှိတော့ လည်း ဆောက်တဲ့အခါမှာ ပိုပြီးတော့ အကုန်ခံ ကြည့်လိုက်ပါတယ်။

နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောက်လုပ်ခဲ့တဲ့ဟာဆို (၆) နှစ်၊ (၇) နှစ်၊ (၉) နှစ်အထိ ကြာတဲ့ဟာ လည်းရှိတယ်။ ၂၀၀၃ ကနေ စဆောက်တာ ခုထက်ထိ မပြီးတာလည်းရှိတယ်။ အဲ့တာတော့ လုပ်ငန်းအတွေ့အကြုံ၊
 ဖြတ်သန်းရတဲ့ အခက်အခဲတွေ အများကြီးရှိမှာပဲလေ။

ဂျပန်နည်းပညာကို ၀ယ်ပြီးတော့ လုပ်လိုက်တဲ့အခါမှာ (၂) နှစ်ထက်
 စောပြီးမယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ (၂) နှစ်အတွင်း အပြီးပါ။ အံသြစရာပါပဲ။ 

 ဒီဇိုင်း 

ဒီဇိုင်းက နိုင်ငံခြား ဒီဇိုင်း။ ဂျပန်နိုင်ငံက ဆောင်ရွက်ပေးထားတဲ့ ဒီဇိုင်း ပြီးတာကြာပြီ။ ၂၀၀၃ ခုနှစ် လောက်ထဲက စကြတာ။ အဲ့ဒီတော့ ဒီဇိုင်း တစ်ခု လုပ်တဲ့အခါမှာ ၆ ထပ်၊ ၇ထပ်၊ ၈ထပ်နဲ့ မတူပါဘူး။ ၁၀ ထပ်၊ ၉ ထပ်တို့ကို သူများဆောက်ပြီးသား စင်္ကာပူတို့မှာ ဆောက်တာကို ယူဆောက်နေကြ
တယ်။ အရင် ဆောက်ခဲ့ပြီး အထပ်မြင့် (၂၀) ဝန်းကျင်လောက်ကိုလည်း စင်္ကာပူ၊ ထိုင်းတို့မှာ ဆောက်တဲ့ ဒီဇိုင်းဟောင်းတွေ က တိုက်ရိုက်ကူးယူ၊ သွယ်ဝိုက်ပြီး ကူးယူကြတယ်။ ဒီဇိုင်းတွေလည်း မပြည့်စုံခဲ့ ပါဘူး။ ဒီဇိုင်း
တစ်ခုကို အတိအကျ လုပ်မယ်ဆိုရင် ကနေ့ တိုးတက်နေတဲ့ နိုင်ငံတွေ
မှာတော့ နှစ်ချီ ကြာပါတယ်။ 

အဆောက်အဦးတစ်ခုနဲ့ ဒီဇိုင်းတစ်ခုကို လိုက်ဖက်အောင် ဖန်တီးမယ်ဆိုလို့
ရှိရင် နှစ်နဲ့ချီကြာပါတယ်။ ဆီဒိုးနားတို့က (၉) ထပ်လောက်ပဲ ရှိတာပေါ့နော။ ဒီ Trader Hotel ၊ Sakura Tower   တို့လည်း အထပ် (၃၀)ကျော၊် (၃၂)  အမြင့် ဆောက်မယ် ကြားတယ်။ သူတို့ ဗိသုကာ ဒီဇိုင်းမပြီး သေးဘူး။ တည်ဆောက်ပုံ ဒီဇိုင်းတွက်လို့ မပြီးဘူး။ 

စက်ယန္တရားတင်သွင်းမှုအခြေအနေ 

ဆောက်လုပ်တဲ့ အချိန်ကနေစပြီးတော့ ပြီးစီးသွားတဲ့ နောက်ပိုင်းအချိန်
များတိုင်အောင် မီးအာမခံစနစ် ထားရှိဖို့ ဆောင်ရွက်နေပြီ။   နိုင်ငံခြား
အာမခံကုမဏီတွေ မြန်မာ့အာမခံကုမဏီတွေနဲ့လည်း ဆက်သွယ် နေပြီ ဘယ်ဟာက ပိုပြီးတော့ခိုင်မာသလဲ မြန်မာ့အာမခံ ကလည်း နိုင်ငံခြား
အာမခံကို အပ်ရတာပါပဲ။ မီးအာမခံနဲ့အတူ အလုံးစုံ အာမခံကို ထားရှိပေးသွားမယ်။ ငလျင်ဒဏ်တို့ သဘာဝဘေး အန္တရာယ်ဒဏ်တို့ ဆက်လုပ်နေပါတယ်။ Prefabricated systems လို့ပဲပြောရမှာပေါ့လေ။ 

၂ နှစ်နဲ့ပြီးအောင် ဒါမှမဟုတ်စောပြီးအောင် ပြည်ပက အကူအညီတွေ
လည်းပေးနေတယ်။ နောက်ထပ်လည်း နည်းလမ်းတွေ ရှာနေပါတယ်။ သုံးရတဲ့ ယန္တရားမျိုးစုံကို ပိုပြီးတော့ထည့်သွင်း အသုံးပြုနိုင်အောင် ကြိုးစားနေတယ်။ ပစ္စည်းတွေက အဆင်သင့်ပါ။ ခုချက်ချင်း သင်္ဘောနဲ့
မတင် နိုင်တာ လိုင်စင်အခက်ခဲလေး ဖြစ်နေလို့ပါ။ ဒီပစ္စည်းတွေသွင်းလာဖို့
အတွက်ပါပဲ လိုင်စင်ကရခါနီး စဲစဲလေး ဖြစ်နေတယ်။ စက်ပစ္စည်းသွင်းနိုင်ဖို့ အပြည့်အစုံတင်ပြထားပြီးပါပြီ။ လိုင်စင်သာ မြန်မြန်ရနိုင်ရင် အဆင်ပြေနိုင်
မှာပါ။ ဒီစက်ပစ္စည်းတွေက ဒီတိုင်းပြည်ကို မရောက်ဖူးသေးတဲ့ ယန္တရားတွေနဲ့ အသုံးပြုနိုင်တယ်ဆိုတာ မျက်ဝါးထင်ထင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
 နှစ်ပတ်လောက်ပဲ စောင့်ရတော့ မယ်လို့ ထင်ပါတယ်။ 

ဝယ်သူကိုမြေအပိုင်ပေးမယ် 

မြေပိုင်ဆိုင်မှုအတွက်ကတော့ ၀ယ်ယူသူကိုအပိုင်ပေးမှာပါ။ (၂၇)ထပ် (၄)လုံးဆိုရင်  ဒီဆောက်အဦး အရမ်းရှုပ်နေလိမ့်မယ် ။ လေးခု စလုံးအတွက် ခွဲစိတ်ပြီး   အေက အေအပိုင်းကို ပိုင်ပါလိမ့်မယ်။ ဘီက ဘီအပိုင်းကို ပိုင်ပါမယ်။ အခန်းဝယ်ယူသူ ပိုင်မှာပါ။ 

အခြားတိုက်များနှင့် ကွာခြားချက်

ဖောင်ဒေးရှင်းကိုတော့ Reinforced concrete Pile Foundation နဲ့လုပ်မယ်။ ဒီ(၂၇)ထပ် အဆောက်အဦးမှာဆို နားနေခန်းတွေ ၊ ကောင်းကင် နားနေခန်းတွေ၊ နောက်တစ်ခါ ရက်ရှည် နေထိုင်သူတွေအတွက် အခန်းတွေ သက်ကြီးရွယ်အိုတွေ အတွက် သက်တောင့် သက်သာနေနိုင်ဖို့ နိုင်ငံခြားမှာဆို စီနီယာ ကွန်မြူနတီ ယူနစ်လို့ခေါ်တာပေါ့လေ အမေရိကားတို့ဘာတို့မှာ ရှိပြီးသားတွေပါပဲ။ သားသမီးတွေနဲ့နေဖို့ အခြေနေမပေးတဲ့ ပိုက်ဆံရှိပြီးသား ပုဂ္ဂိုလ် တွေ စိတ်အေးချမ်းသာစွာနဲ့ ဘ၀ကို ဆက်လက်ပြီးတော့ တည်ဆောက်ချင် ကြတဲ့သူတွေက ဒီလို နေရာတွေမှာ နေထိုင်နိုင်ကြတာပေါ့။ ယာဉ်ရပ်နားဖို့အတွက်လည်း အခန်းတိုင်း အတွက် ကာတစ်စီး ဆီရပ်နားဖို့ရအောင် အပိုအနေနဲ့ အစီး(၁၅၀)နေရာလုပ်ထားတယ်။ ကားထားဖို့ (၅) ထပ်လုပ် ထားပါတယ်။ ဒီအဆောက်အဦးမှာ Shopping Centre ၊Hotel လိုဟာမျိုးတွေထည့်
မထားပါဘူး။ အေးချမ်းတည်ငြိမ်စွာနဲ့ လူနေသီးသန့် သားရေး၊ သမီးရေးကအစ စိတ်ချလက်ချ ဂုဏ်သိက္ခာရှိရှိနေ ထိုင်နိုင်ဖို့ ထည့်ထားခြင်းဖြစ်ပါတယ်။

ပါမစ်ရရှိလာသည်နှင့် အမျှ စိုးရိမ်ရမည့်အခြေအနေ 

အေးမိသားစု ဆောက်လုပ်ရေးကော်မတီနဲ့ ဆောက်လုပ်ခွင့်လိုင်စင် ရယူထားတယ်။ အခု အထပ်မြင့်ကို (၂၇) ထပ်နဲ့ ပထမရခဲ့တယ်။ အမြင့်ဆုံးဆိုပေမယ့်လည်း နောက်မှာ ၃၀၊ ၄၀၊ ၅၀၊ ၁၀၀ ရမှာပေါ့။ ဒါကောင်းပါတယ် တိုင်းပြည်အတွက်လည်း။ တံခါးပွင့်သွားတာပေါ့။

အခု ကုမ္ပဏီတွေ တော်တော်များများ အချို့တွေက လိုင်စင်ကို ငှားရမ်းပြီး ဆောက်လုပ်နေကြတယ်။ တစ်ခုခု ဖြစ်လာရင် လိုင်စင်က အရေးကြီးတယ်။ ဖြစ်သင့်တာတော့ ကုမ္ပဏီရဲ့ အကြီးအကဲက လိုင်စင်ရှိရင်တော့ ဒီပုဂ္ဂိုလ်တွေ တိုက်တည်ဆောက်မှုကို ပိုပြီး ဂရုစိုက်လာမယ်။

အထပ်မြင့် အဖွဲ့အစည်းအုပ်ချုပ်မှု အောက်၌သာ 

အခု အစိုးရက ဘယ်နိုင်ငံက ပညာရှင်တွေ၊ ဒီဇိုင်းတွေနဲ့ လာဆောက်ပါစေ။ ဒါပေမယ့် အားလုံးဟာ တို့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ အထပ်မြင့် အဖွဲ့အစည်းရဲ့ အစစ်အဆေး၊ အထိန်းအကျောင်းရဲ့ ဦးဆောင်မှု အောက်မှာ လုပ်ရမယ်ဆိုတာ သတ်မှတ်ထားတာ ရှိတယ်။ ဒါလည်း အင်မတန်
 ကောင်းပါတယ်။ ဆိုတော့ နိုင်ငံတော်က ဘယ်သူ လာဆောက်ဆောက် ဒီမှာရှိတဲ့ တိုင်းရင်းသား ပညာရှင်တွေက တာဝန်ခံ လက်မှတ်ထိုးပေး
ရမယ်ဆိုတဲ့အချက်ကို သဘောကျတယ်။ 

တိုင်းရင်းသားပညာရှင်တွေကို ထိန်းကျောင်းဖို့ လွယ်တာကို။ သူများနိုင်ငံကို စည်းကမ်းသတ်မှတ်ဖို့ လွယ်ပေမယ့် အရေးယူဖို့က ခက်တယ်။ အဲ့လိုလုပ်မှပဲ အထပ်မြင့်က တိုင်းပြည်အတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက် အကျိုးရှိမယ်။
 ဘေးက ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ၊ အဆောက်အဦးတွေ ထိခိုက်နိုင် တယ်။ တို့ ဗမာ အင်ဂျီနီယာ professor တွေရဲ့ ဉာဏ်ပညာ၊ အရည်
အသွေးတွေက မသေးသိမ်တော့ ဘူးပေါ့။  

 ၂၇ အထပ်မြင့် တိုက်စံမံကိန်း တည်ဆောက်မှု အင်ဂျင်နီရာ အဖွဲ့တွင်  Aye’s Family construction ၊ Business Company ၊ Naoo INT’L.CO.,LTD (Japan) ၊ A-Amo Pte Corporation(U.S.A)၊ KMT Design & Consultant Group၊ Myanmar V-Pile CO.,LTD တို့ ဖြစ်ကြသည်။

Myit Makha Mediagroup

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကုမ္ပဏီများအား အထပ်(၂၀)ကျော်တိုက်များ
တည်ဆောက်ခွင့်ကို စစ်အစိုးရက ပိတ်ပင်ခဲ့သော်လည်း အစိုးရသစ်တက်
လာပြီးနောက် မကြာသေးမီက အထပ်မြင့်တိုက် စီမံကိန်းတည်ဆောက်
မှုများအား ခွင့်ပြုလိုက်ပြီဖြစ်သည်။ ပထမဦးဆုံး အထပ်မြင့်တည်ဆောက်နိုင်ခွင့်ရသည့် ကုမ္ပဏီမှာ အေးမိသားစု

0 comments:

Post a Comment