Pages

Thursday, January 31, 2013

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှာ ညအိပ်ရပ်နားတဲ့ကားတွေကို ဖယ်ရှားခိုင်းနေပြီ

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှာ ညအိပ်ရပ်နားတဲ့ကားတွေကို
ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်ဖယ်ရှားခိုင်းနေတယ်လို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးပြ စခန်းက ကားဝယ်ရောင်းလုပ်ကိုင်နေသူအချို့ကDVB ကိုပြောကြားခဲ့ပါတယ်။ " အဓိက ကတော့ မီးဘေးအန္တရာယ်ဖြစ်မှာ စိုးလို့ဆိုပြီး ဖယ်ခိုင်းတာပါ။ ၀ိုင်းအပြင်မှာ ရောအတွင်းမှာပါ ညအိပ်ကားတွေ ရှိတယ် ။နှစ်ခုလုံးကို ဖယ်ခိုင်းတာပါ။ သူတို့ဖယ်ခိုင်းတဲ့အချိန်မှာ မဖယ်ရှားပေးရင် ကရိန်းနဲ့
သူတို့ဘာသာ သူတို့ဖယ်ရှားမယ်လို့တော့ပြောတယ်။"လို့ဝယ်ရောင်းတစ်ဦးကခုလိုပြောပါတယ်။

အခုလို ကားဝိုင်းထဲက ညအိပ်ကားတွေကိုဖယ်ရှားခိုင်းလိုက်တဲ့အတွက် ညအိပ်ကား ထားရှိဖို့ ဂိုဒေါင်တွေ ဌားရမ်းမှုတွေ ပိုများလာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

DVB News

0 comments:

Post a Comment