Pages
Thursday, December 27, 2012
အရပ်သားကိုပစ်မှတ်ထား လက်နက်ကြီးဖြင့် မြန်မာ့တပ်မတော်ပစ်ခတ်
အရပ်သားကိုပစ်မှတ်ထား လက်နက်ကြီးဖြင့် မြန်မာ့တပ်မတော်ပစ်ခတ်
December 27, 2012 by Myitkyina blog news
ဒီဇင်ဘာလ(၂၇)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် ဒေါ့ဖုန်းယန် ခန်းကိုင်တောင် အမြောက်တပ်ရင်း အမှတ်(၃၆၄) က ပစ်ခတ်လိုက်သော ၁၀၅ မမ ဟော်ဝင်ဇာ လက်နက်ကြီးကျည်များသည် အရပ်သားများကို ထိခိုက်စေခဲ့ပြီး (၁)ဦး သေဆုံးကာ၊ (၃)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ယင်းအရပ်သားများသည် လိုင်ဇာရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသည့်အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးဖြစ်ကြ ကာ၊ တုန်ဟုန်း(Dung Hkung Mare) ဒေသခံများဖြစ်သည်။
မုန်လွှဲချောင်း(Munglai Hka) နဘေး ပန်ကွေ့ကျေးရွာရှိ လယ်ကွက်တွင် ဖရဲစိုက်ခင်းအတွက် မြေဖို့၊ မြေညှိလုပ်ငန်း ကို နေ့စားအဖြင့် ၀င်ရောက်လုပ်ကိုင်နေစဉ် ယခုကဲ့သို့ ထိခိုက်ခဲ့ရခြင်းဖြစ်သည်။ ပထမ(၁)လုံး ကျရောက်ပေါက်ကွဲရာ တွင် ဦးမဂျီတူးဂျာ (Salang Maji Tu Ja) ၄၀-နှစ် သည် ဦးခေါင်းထိခိုက်သေဆုံးသွားကာ ဦးထွယ်မာဆိုင်း (Salang Htoi Ma Seng) ထိခိုက်ခဲ့သည်။
ထိုသို့ ပစ်ခတ်သဖြင့် နေ့စားဝင်ရောက်လုပ်ကိုင်သူများ ထွက်ပြေးခဲ့ရာ နောက် ထပ်မံ၍ အမြောက်ဆံများ ကျကွဲ ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီး(၂)ဦး ထပ်မံထိခိုက်ခဲ့ရသည်။ ပေါင်ရင်းတွင် ထိမှန်ပြီး ဆီးအိမ်ပေါက်၍ ခါးရိုးကြိုး သွားသူမှာ ၀ိုင်ကျိုင်(Woi Chyai)ဒုက္ခသည်စခန်းရှိ မူကြိုကျောင်းတွင် ဆရာမတာဝန်ထမ်းဆောင်နေသော ဆရာမလမုန်ကိုင်လိန်(Saranum Lamung Kai Lung)ဖြစ်သည်။ သူသည် ကလေးငယ်နှစ်ဦး၏ မိခင်လည်း ဖြစ်သည်။ ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသောအခြေအနေဟု ဆေးရုံကသတ်မှတ်ထားရသည်။
အခြားအမျိုးသမီးတစ်ဦးမှာ ၀ိုင်ကျိုင်ဒုက္ခသည်စခန်းနေ ဒေါ်လမာလု(Lama Lu)ဖြစ်ကာ ပေါင်တွင် လက်နက်ကြီးစ (၂)ခု ထိမှန်ထားသည်။ ကျန်အမျိုးသား ဦးထွယ်မာဆိုင်းသည် ခြေသလုံး လုံးဝပျက်စီးသွားကာ နဖူးတွင်လည်း ထိမှန်ခဲ့သည်။
ယခုအချိန်တွင် ဒဏ်ရာရရှိသူများကို လိုင်ဇာဆေးရုံတွင် ကုသပေးနေကြောင်း သိရှိရသည်။
ယနေ့ဖြစ်ပျက်မှုတွင် အရပ်သားများကိုပစ်ခတ်ရန် ပစ်မှတ်ရှာဖွေပေးသည်မှာ လဂျားယန် လုံရောက်(Lung Rawk) မြန်မာစစ်စခန်းမှ ဒေါ့ဖုန်းယန်သို့ မြေပုံညွှန်းရှာပေးခဲ့ခြင်းဖြင့် အရပ်သားများအလုပ်လုပ်နေသည်ကို ပစ်မှတ် တိုက်ရိုက်ထိမှန်အောင် လက်နက်ကြီး (၆)ကြိမ်ကို ဆက်တိုက်ပစ်ခတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာတွင် KIA တပ်စခန်း မရှိဘဲ အရပ်သားများ ဖရဲခင်း၊ အခြားစိုက်ခင်းများ အမြဲအလုပ်ဆင်းသောနေရာဖြစ်သည်။
မြန်မာအစိုးရစစ်တပ်၏ KIA ဌာနချုပ်သို့ ထိုးစစ်ဆင်တိုက်ခိုက်မှု၏ ပထမဦးဆုံး လူသားထိခိုက်မှုဖြစ်ပြီး အရပ်သားများ စတင်သေကြေပျက်စီးနေရပြီ ဖြစ်သည်။
ဒီဇင်ဘာလ(၂၇)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် ဒေါ့ဖုန်းယန် ခန်းကိုင်တောင် အမြောက်တပ်ရင်း အမှတ်
(၃၆၄) က ပစ်ခတ်လိုက်သော ၁၀၅ မမ ဟော်ဝင်ဇာလက်နက်ကြီးကျည်များသည်အရပ်သားများကို ထိခိုက်
စခဲ့ပြီး (၁)ဦး သေဆုံးကာ၊ (၃)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
မြန်မာ့တပ်မတော်၏ ရာဇသံအကျိုးရလဒ်
မြန်မာ့တပ်မတော်၏ ရာဇသံအကျိုးရလဒ်
December 27, 2012 by Myitkyina blog news
မြန်မာ့တပ်မတော်သည် KIA အမြစ်ပြတ်ချေမှုန်းရေးအတွက် အားသွန်ခွန်စိုက်စီမံချက် ချမှတ်ဆောင်ရွက်လျက် ရှိသည်။ မြန်မာ့တပ်မတော်က KIA ကို ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် နောက်ဆုံးရက်သတ်မှတ်ကာ နောက်ဆုတ်သွားရန် ရာဇသံပေးထားခဲ့သည်။ ထိုရက်မတိုင်မီကပင် မြန်မာအစိုးရတပ်ဖွဲ့က KIA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလ(၁၉)ရက်ခန့်မှစတင်ကာ စစ်ဆင်ရေးပြင်ဆင်မှု၊ စစ်ကြောင်းပို့လွှတ်မှု တို့ကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ KIA ၏ ရှေ့တန်းစခန်းငယ်ကိုပင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု သာမက၊ စစ်ရဟတ်ယာဉ်(၂)စင်းဖြင့် (၂)ရက်ဆက်တိုက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြန်မာ့တပ်မတော်သည် လူ၊ လက်နက်၊ ကျည်တို့ကို လိုသလောက်ဖြုန်းပြစ်ရန် စီမံချက်ချထားပြီ ဖြစ်ကြောင်း သုံးသပ်ရသည်။
မြန်မာ့လေတပ်သည်လည်း ဒီဇင်ဘာလတွင် တပ်ဖွဲ့၊ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးခြင်းကိုသာ မကတော့ ဘဲ တိုက်ပွဲအတွင်းသို့ စစ်ရဟတ်ယာဉ်များ ပါဝင်ကူညီတိုက်ခိုက်ခဲ့သည်မှာ အကြိမ်အရေအတွက်များလာပြီ ဖြစ်သည်။
မြန်မာ့တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်ဖြစ်သော ယူဂူဆလပ်နိုင်ငံထုတ်(Soko G-4 Super Galeb) အမျိုးအစား ဂျက်တိုက်လေယာဉ်(၄)စီး ကိုလည်း မြစ်ကြီးနား လေတပ်စခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ယခုစစ်ဆင်ရေးအတွက် စစ်ရဟတ်ယာဉ် သာမက၊ တိုက်လေယာဉ်ကိုပါ အသုံးပြုရန် စီစဉ်လျက်ရှိနေပြီ ဖြစ်သည်။
ဒီဇင်ဘာလ(၂၇)ရက် မနက်(၁၀)နာရီခန့်တွင် ကင်းထောက် ဂျက်လေယာဉ်(၁)စီးသည် ဒေါ့ဖုန်းယန် – နားလုံ- ခယါ – အောင်ဂျာယန် – နမ်ဆမ်ယန် – ဂန်ဒေါ်ယန် ကို ဖြတ်သန်း၍ သတင်းထောက်လှမ်းနေကြောင်း သိရှိရသည်။
ယခုကဲ့သို့ လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာခြင်းသည် ကချင်အမျိုးသားလူထုတရပ်လုံးအတွက် နိုင်ငံရေးအချိုးအကွေ့တစ်ခုခုဖြစ်စေရေး၊ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုခုကို အလျင်အမြန်ချမှတ်စေရေးကို တွန်းအားပေးနေခြင်းပင်ဖြစ်တော့မည် ဖြစ်သည်။
နောင်ဖြစ်ပေါ်လာမည့်အကျိုးဆက်အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများက ပြစ်တင်ဝေဖန်ပြောဆိုမှုများသည် အခါနှောင်းလာစေမည်ဖြစ်သည်။ အပြစ်ဆို၊ အပြစ်ဘို့စရာများ ပေါ်ပေါက်လာနိုင်သော်လည်း မြန်မာ့ တပ်မတော်၏ တွန်းအားပေးဖန်တီးမှု၏ အကျိုးရလဒ်ဟု သတ်မှတ်ရတော့မည် ဖြစ်သည်။
မနောသန်းနိုင်
မြစ်ကြီးနား
၂၇ – ၁၂ – ၂၀၁၂
မြန်မာ့တပ်မတော်သည် KIA အမြစ်ပြတ်ချေမှုန်းရေးအတွက်အားသွန်ခွန်စိုက်စီမံချက်ချမှတ်ဆောင်ရွက်
လျက် ရှိသည်။ မြန်မာ့တပ်မတော်က KIA ကို ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် နောက်ဆုံးရက်သတ်မှတ်ကာ
နာက်ဆုတ်သွားရန် ရာဇသံပေးထားခဲ့သည်။ ထိုရက်မတိုင်မီကပင် မြန်မာအစိုးရတပ်ဖွဲ့က KIA ကို ထိုးစစ်
ဆင်တိုက်ခိုက်ခဲ့သည်။
ရုရှားကလပ်၏ ငွေကြေးအမြောက်အမြားဖြင့် ကမ်းလှမ်းမှုကို မက်ဆီ ငြင်းပယ်
messi
ကမ္ဘာကျော် ဘောလုံးကစားသမား လီယွန်နယ် မက်ဆီသည် ဘဏ္ဍာရေးအင်အား အလွန်တောင့်တင်းသော ရုရှားကလပ်အသင်းတစ်သင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။ El Mundo Deportivo သတင်းစာ၏ အဆိုအရ---------
လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box ဆိုတာဘာလဲ
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black
-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ
လေယာဉ်ပျက်ကျစဉ်သေဆုံးသွားတဲ့ ဦးပြား ရဲ့ ကျန်ရစ်သူမိသားစုသတင်း
လေယာဉ်ပျက်ကျစဉ်သေဆုံးသွားတဲ့ ဦးပြား ၏ ၄ လအရွယ် ကလေး ပုံပါ။ ဦးပြားဇနီးအား မေးမြန်းစဉ် မည်သည့်စကားတစ်လုံးမှ မပြောနိုင်ဘဲ ငိုမြဲသာငိုနေလျှက်ရှိသည်။
ယခုပုံသည် သေဆုံးသူဦးပြားနေထိုင်ရာ ကုန်းမို့ကျေးရွာသို့ ကိုယ်တိုင်သွားရောက် သတင်းယူထားပုံဖြစ်ပါသည်။ ဌာနဆိုင်ရာနှင့် အဲပုံဂံ လေကြောင်းလိုင်းမှ သိန်း ၄၀ပေးကာ မည်သည့် စိတ်ကျမ်းမာရေး ပြုစုစောက်ရှောက်မူ့ မပေးတဲ့အပေါ် အင်တာနက်ပေါ်တင်ပေးလိုက်ပါသည်။ အကူအညီလိုအပ် နေတဲ့ မိသားစုလေးမို့ ဝိုင်း share လိုက်ကြပါအုံး
လေယာဉ်ပျက်ကျစဉ်သေဆုံးသွားတဲ့ ဦးပြား ၏ ၄ လအရွယ် ကလေး ပုံပါ။ ဦးပြားဇနီးအား မေးမြန်းစဉ် မည်
သည့်စကားတစ်လုံးမှ မပြောနိုင်ဘဲငိုမြဲသာငိုနေလျှက်ရှိသည်။ယခုပုံသည် သေဆုံးသူဦးပြားနေထိုင်ရာ ကုန်း
မို့ကျေးရွာသို့ ကိုနေလင်းသိုက် ကိုယ်တိုင်သွားရောက် သတင်းယူထားပုံဖြစ်ပါသည်။
လောကပြဿနာတို့ရဲ့အဖြေမှန်ကို ရှာဖွေခြင်း
" လောကပြဿနာတို့ရဲ့အဖြေမှန်ကို ရှာဖွေခြင်း - ၄ "
••••••••••••••••••••••••••••••••••••••••••••
“ ဒီနေ့ကမ္ဘာမှာ ငတ်နေကြသလား၊
                - သတ်နေကြသလား၊
	 - ပညာတွေ မတတ်တော့ဘူး၊ ပညာမဲ့လူကန်းတွေ
ဖြစ်ကုန်ပြီလား။ Event က သုံးခုထဲပဲ။
အဲဒီသုံးခု တကယ်ဖြစ်နေတယ်ဆိုရင် ဘယ်သူ့ကြောင့်လို့
ဘယ်သူ့ကြောင့်မှ လူပုဂ္ဂိုလ်သတ္တ၀ါတွေကို အပြစ်မပြောပဲ။ 
ဟေတုံ ပဋိစ္စသမ္ဘူတံ -  အကြောင်းရှိလို့ဖြစ်ကြတာ။
လောဘဆိုတဲ့အကြောင်းကြောင့် - ငတ်ပြတ်တဲ့ကမ္ဘာ။
ဒေါသဆိုတဲ့အကြောင်းကြောင့် - သတ်ဖြတ်တဲ့လောက။
မောဟဆိုတဲ့အကြောင်းကြောင့် - ပညာမဲ့တဲ့လူတွေဖြစ်လာကြတယ်။
အဲဒါကြောင့် ဒီအကြောင်းတွေရှိလို့ ဒါတွေဖြစ်တာ။ အဲဒါဆိုရင်
ဒါတွေ ဘယ်တော့ကုန်ဆုံးမလဲ။
ငတ်တာတွေ၊ သတ်တာတွေ၊ ပညာမဲ့တာတွေ ဘယ်တော့ပြီးဆုံးမလဲ။
ဟေတုဘင်္ဂါနိရုဇ္ဈန္တိ- အဲဒီအကြောင်းသုံးပါး  ကုန်ဆုံးတဲ့နေ့ဟာ 
ကုန်ဆုံးဖို့ပဲ။
- လောဘကုန်တဲ့နေ့မှာ- ငတ်တဲ့ကမ္ဘာကြီး အဆုံးသတ်မယ်။
- ဒေါသကုန်ဆုံးတဲ့နေ့ဟာ - သတ်တဲ့လောကဟာ ပြီးဆုံးမယ်။
- မောဟကုန်ဆုံးတဲ့နေကြရင် - အကုန်လုံး ပညာတတ်တွေဖြစ်လာ
မယ်။ ဒီလိုမဟုတ်လား။ 
အဲဒါကို ဟေတုံ ပဋိစ္စ သမ္ဘူတံ အကြောင်းရှိလို့ဖြစ်တယ်ဆိုရင်
ဟေတုဘင်္ဂါ - အကြောင်းတွေကုန်တဲ့အခါကျတော့ ၊
နိရုဇ္ဈန္တိ- ယခုဖြစ်နေတဲ့ ဖြစ်ခြင်းသုံးမျိုး ( ငတ်ပြတ်ခြင်း၊ သတ်ဖြတ်ခြင်း၊
ပညာမဲ့ခြင်း)။ အဲဒီဖြစ်နေတဲ့ အကျိုးသုံးပါးတို့က ကွယ်ပျောက်ချုပ်ငြိမ်း၍ 
ရုတ်သိမ်းသွားကြမှာပဲ။ 
အဲဒါကြောင့်
န ယိဒံ အတ္တကတံ ဗိမ္မံ- ဘယ်လောက်ပဲ ကောင်းကောင်း ငါလုပ်
တယ်လို့ မမှတ်နဲ့။ န ယိဒံ ပရကတံ - ဘယ်လောက်ပင်ဆိုးဆိုး 
သူတို့လုပ်တယ်လို့  မပြောကြနဲ့။
နောက်ထပ်စာလုံးနှစ်လုံး - န ယိဒံ အတ္တကတံ ၊ နောက်တစ်
လုံးက - န ပရ ကတံ။
န အတ္တကံတ - ငါလုပ်တာမဟုတ်ဘူး။ နောက်တစ်ချက်က
န ပရ ကတံ - သူလုပ်တာမဟုတ်ဘူး။
ဘာနဲ့ဘာ လွတ်အောင်ရှောင်။ ပါဠိလိုပြောမယ်အတ္တ ၊ ပရ ရယ်။ 
ဗမာလိုပြော -  ငါရယ်၊ သူရယ်။
နေရာတကာကို ငါ ကို သိပ်ပြီး ရှေ့တန်းမတင်နဲ့။ ငါ့ရှေ့တန်းမတင်လို့ ငါ
နောက်တန်းပို့လိုက်တော့ သူတို့ချည်းလည်း ရှေ့တန်းထိုးမထည့်နဲ့။
- “ ငါ ”နဲ့ “ သူ ”ကို ရှောင်ပြီး အကြောင်းနဲ့အကျိုး သိအောင်
ဆင်ခြင်။ အကြောင်းကြောင့်ပေါ်လာတဲ့အကျိုးကို စနစ်တကျ
ဆင်ခြင်နားလည်ခြင်းဟာ- သမ္မာဒိဋ္ဌိ။ အင်္ဂလိပ်လိုပြောမယ်ဆိုရင်
True understanding - အမှန်ကိုနားလည်ခြင်း ။  (true understanding 
- အမှန်ကိုနားလည်ခြင်းသည် Starting  point of the solution of the 
problem )။ အမှန်ကိုနားလည်ခြင်းသည် ပြဿနာတို့ရဲ့အဖြေကို
စတာပဲပဲ။ အမှန်ကိုသိခြင်းသည် ပြဿနာတို့ရဲ့အဖြေပဲ။
-  ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး 
( ဆက်လက်ဖော်ပြပါမည် )
------------- * ------------- * --------------------
" လောကလူသားတို့အတွက် အလွန်အကျိုးကျေးဇူးများသော
မူရင်း " ငါ့ကြောင့်မဟုတ်၊ သူ့ကြောင့်မဟုတ် " ခေါင်းစဉ်ဖြင့်
ဖြင့် သေလာထေရီဘိက္ခူနီမှ မာရ်နတ်၏ အမေးကို ဖြေဆို
ထားသော ဤတရားတော်အပြည့်အစုံကို " လောကပြဿနာ
တို့ရဲ့အဖြေမှန်ကိုရှာဖွေခြင်း " ခေါင်းစဉ်ဖြင့် ဖော်ပြလှူဒါန်း
သွားမည်ဖြစ်ပါသည်။ "
~ ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )
‎သတ်နေကြသလား၊- ပညာတွေ မတတ်တော့ဘူး၊ ပညာမဲ့လူကန်းတွေဖြစ်ကုန်ပြီလား။ Event က သုံးခုထဲပဲ။
အဲဒီသုံးခု တကယ်ဖြစ်နေတယ်ဆိုရင် ဘယ်သူ့ကြောင့်လို့ဘယ်သူ့ကြောင့်မှ လူပုဂ္ဂိုလ်သတ္တ၀ါတွေကို အပြစ်
မပြောပဲ။ ဟေတုံ ပဋိစ္စသမ္ဘူတံ - အကြောင်းရှိလို့ဖြစ်ကြတာ။
သဘာဝအနေအထားကြောင့်ဆင်းရဲ ခြင်းမဟုတ်ပဲ စနစ်ကြောင့်သာဆင်းရဲနေခြင်းဖြစ်ကြောင်း ပညာရေး ရန်ပုံငွေပွဲတွင် ဒေါ်အောင်ဆန်းစုကြည့်မှပြောကြား
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇။
ယနေ့ မွန်းလွဲတစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး
ရန်ပုံငွေပွဲတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကမိမိတို့နိုင်ငံတွင်သဘာဝအနေအထားကြောင့်ဆင်းရဲ
ခြင်းမဟုတ်ပဲ စနစ်ကြောင့်သာဆင်းရဲနေခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။အားလုံးကသိပါတယ်
ကျွန်မတို့နိုင်ငံက ဆင်းရဲတယ်ဆိုတာ--------------
တန်ဖိုးနည်းဖုန်းများ ဇန်နဝါရီ ၈ ရက် ထွက်မည်
တန်ဖိုးနည်းဖုန်းများ ဇန်နဝါရီ ၈ ရက် ထွက်မည် 
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်းဖုန်းများဖြစ်သော GSM, WCDMA များကို ဇန်နဝါရီလ (၈) ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သင်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မော်လမြိုင်မြို့တွေမှာ ဖုန်း (၁) သန်းကျော် ချပေးမှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ GSM ကို (၁) သိန်းကျပ် WCDMA ကို (၁၂၀၀၀၀) ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရောင်းချသွားမယ့် နေရာကတော့ Elite ရတနာပုံတယ်လီပို့နဲ့ ဆက်သွယ်ရေးတွေမှာ ရောင်းချသွားမှာပါ။ ဖုန်းဝယ်ယူသူတွေ ပိုမိုအဆင်ပြေ ဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားခြင်း ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဖြေကြားခဲ့သည်။ ၎င်းတန်ဖိုးနည်းဖုန်း ကျပ် (၁) သိန်းနှင့် ကျပ် (၁၂၀၀၀၀) တန် ထွက်ရှိလာပါသော်လည်း အခြေခံလူတန်းစားများ အနေဖြင့် စဉ်းစားရမည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။ တန်ဖိုးနည်းဖုန်းများ ထွက်လာချိန်တွင် ယခင် (၂၀၀၀၀၀) တန် ထွက်စဉ်က ရောင်းတဲ့ဆိုင်တွေမှာ တိုးဝှေ့ပြီး ဝယ်ရကြောင်း၊ အခုရောင်းမယ်ဆိုရင် ရောင်းမယ့် ဆိုင်တွေက ဝယ်သူတွေကို စနစ်တကျနဲ့ ဆိုင်အရေအတွက် များများ ရောင်းချပေးစေလိုကြောင်း ဖုန်းဝယ်ယူရန် အခက်အခဲရှိသူများက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် Hot News ဂျာနယ်တွင် ဖော်ပြထားပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တန်ဖိုးနည်းဖုန်းများဖြစ်သောGSM, WCDMA များကို ဇန်နဝါရီလ (၈) ရက်
တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သင်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊  မော်လမြိုင်မြို့
တွမှာ ဖုန်း (၁) သန်းကျော် ချပေးမှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ GSM ကို
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာစံမြို့နယ်တွင် ဆင်ဆာမဲ့ ဗီစီဒီ/ဒီဗွီဒီခွေများ ဖမ်းဆီးအရေးယူ
ဆင်ဆာမဲ့ ဗီစီဒီ/ဒီဗွီဒီခွေများ ဖမ်းဆီးအရေးယူ
၂၆-၁၂-၂၀၁၂ရက်နေ့ ၁၂၀၀အချိန် မန္တလေးခရိုင်ရဲတပ် ဖွဲ့မှတပ်ဖွဲ့ ၀င်များနှင့်ဗွီဒီယိုအခြေခံ အဖွဲ့ဥက္ကဋ္ဌတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ (၃၄)လမ်း၊ ၈၃x၈၄ လမ်းကြားရှိ အာကာစိုး(၁၉)နှစ် ၏ ““အာကာစိုး””ခွေအရောင်းဆိုင်အား ၀င်ရောက်ရှာဖွေခဲ့သည်။ 
ထိုသို့ရှာဖွေခဲ့ရာ ဆင်ဆာမဲ့ ဗွီစီဒီ/ ဒီဗွီဒီသီ ချင်းခွေ(၆၀၀၀)ချပ်၊ နိုင်ငံခြားခွေ (၁၈၀၀)ချပ်၊ ညစ်ညမ်းခွေ(၃၀၀၀) ချပ်တို့အား သိမ်းဆည်းရမိခဲ့ သဖြင့် ၁၄၂၀ အချိန် အာကာစိုးအား အမှတ်(၈)ရဲစခန်း (ပ)၇၄၂/၂၀၁၂၊ ရုပ်မြင် သံကြားနှင့်ဗွီဒီယို အက်ဥပဒေပုဒ်မ ၃၂(ခ)နှင့် (ပ)၇၄၃/၂၀၁၂၊ ပြစ်မှုပုဒ်မ ၂၉၂ တို့ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
၂၆-၁၂-၂၀၁၂ရက်နေ့ ၁၂၀၀အချိန် မန္တလေးခရိုင်ရဲတပ် ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့်ဗွီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌတိုပါ
ဝင်သာပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူမန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း
ရိပ်သာအရှေ့ရပ်ကွက်၊ (၃၄)လမ်း၊ ၈၃x၈၄ လမ်းကြားရှိအာကာစိုး(၁၉)နှစ် ၏“အာကာစိုး””ခွေအရောင်းဆိုင်
အား ၀င်ရောက်ရှာဖွေခဲ့သည်။ထိုသို့ရှာဖွေခဲ့ရာ---------------
အမျိုးသားဒီမိုကရေစီအဖွဲ့ ပညာရေးရန်ပုံငွေပွဲ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယက်လုပ်ထားသည့် ပါဝါတဘက်တစ်ထည်အား လေးလံစနစ်ဖြင့် ရောင်း ချမည်
ယနေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ပညာရေးရန်ပုံငွေပွဲ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယက်လုပ်ထားသည့် ပါဝါတဘက်တစ်ထည်အား လေးလံစနစ်ဖြင့် ရောင်းချမည်ဖြစ်သဖြင့် ၀ယ်ယူလိုသူများ အောက်ပါဖုန်းနံပတ်ကို ဖုန်းဖြင့် ကြိုတင်စာရင်းပေး အကြောင်းထားနိုင်ပါသည်။(၀၉-၄၂၈၀၂၀၀၉၁)
ယနေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ပညာရေးရန်ပုံငွေပွဲ ဂီတဖျော်ဖြေပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယက်လုပ်ထားသည့် ပါဝါတဘက်တစ်ထည်အား လေးလံစနစ်ဖြင့် ရောင်း
ချမည်ဖြစ်သဖြင့် ၀ယ်ယူလိုသူများ အောက်ပါဖုန်းနံပတ်ကို ဖုန်းဖြင့် ကြိုတင်စာရင်းပေး အကြောင်းထားနိုင်
ပါသည်။(၀၉-၄၂၈၀၂၀၀၉၁)
ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်
ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်
ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိအမှတ်ပြုခဲ့သော
မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။
သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ 
ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင်
ပို၍အံ့အားသင့်ကြပေလိမ့်မည်။
ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။
ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ
ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။
ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီးသည်
ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး 
အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မ၀င်စားခဲ့ဘဲ 
နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် 
ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊
ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် 
စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ 
ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် 
သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ 
သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို 
မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။
ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက်
မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။
ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် 
ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို
ဝယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။
ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ 
စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ 
မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို 
သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် 
ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသော
စေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။
သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် 
နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး 
သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ 
လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။
ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော 
ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော 
အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။
နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် 
ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် 
ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော 
လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော 
အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို 
ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ 
ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော
အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။
ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် 
အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ 
မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၄င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။
မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော 
သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။
မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။
မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်း
သင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး 
အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထ၀ီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို 
လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။
ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ
ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော 
ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ 
ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ်
ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် 
အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။
အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် 
နှမြောစရာကောင်းလှပါသည်။
ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က
ပိုပြီးနှမြောဖို့ကောင်းပါသည်။
သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ
ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။
တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊
ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ 
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။
ထို့ကြောင့် မက္ခရာမင်းသားကြီးအား ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော
မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ် ကျွန်တော်အနေဖြင့် 
မှတ်တမ်းတင်ဂုဏ်ပြုကာ တင်ပြလိုက်ရပါသည်။
စိတ်ကူးပျော်ရာဆိုဒ်မှ စာရေးသူ မင်းအရိပ်၏ ရေးသားမှု.အားပြန်လည်မျှဝေပါတယ်
ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်
ပါသည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
NLD ပညာရေး ရန်ပုံငွေပွဲမှာ AGD ဘဏ်လည်း ၀န်ဆောင်မှုပေးနေ
NLD ပညာရေး ရန်ပုံငွေပွဲမှာ AGD ဘဏ်လည်း ၀န်ဆောင်မှုပေး
Thursday, December 27, 2012  
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင်ပြီး ၂ ရက်တာ ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပညာရေး ကွန်ရက် ရဲ့ ၂ နှစ်ပြည့် အနေဖြင့် ပညာရေး ရံပုံငွေ အတွက် ဂီတ ပွဲတော်မှာ (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက်) AGD Bank ရဲ့ ၀န်ဆောင်မှုကိုလည်း အခုလိုမြင်တွေ့ရမှာပါ။
AGD ဘဏ်အနေနဲ့ ဂီတပွဲတော်လာ အများပြည်သူတွေ ငွေကြေး အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ရေး အတွက် ATM Card Account တွေ one stop service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း အဆိုပါ ဘဏ်က သတင်းပါးထားပါတယ်။ 
ဒီအပြင် ပညာရေး ရံပုံငွေ ဂီတ ပွဲတော် ကျင်းပနေတဲ့ (၂၇) နှင့် (၂၈) နှစ်ရက်အတွင်း လာရောက်ကြတဲ့ အများပြည်သူများအတွက် လွယ်ကူစွာ ငွေထုတ်ယူနိုင်ရန် ATM စက်တစ်လုံးကိုလည်း တပ်ဆင်ပေး တယ်လို့ သိရပါတယ်။ 
အခု ဂီတပွဲမှာ နာမည်ကျော် တေးဂီတ အဖွဲ့တွေနဲ့ နာမည်ကြီး အဆိုတော်များစွာ ပါဝင်အားဖြည့်ထားကြပြီး NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးပါတယ်။ 
ှုIrrawaddy
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင်ပြီး ၂ ရက်တာ ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပညာရေး ကွန်ရက် ရဲ့ ၂ နှစ်ပြည့် အနေဖြင့် ပညာရေး ရံပုံငွေ အတွက် ဂီတ ပွဲတော်မှာ (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက်)AGD Bank ရဲ့ဝန်ဆောင်မှုကိုလည်းအခုလိုမြင်တွေ
့ရမှာပါ။
အိန္ဒိယနိုင်ငံ တွင်အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသည့် အိန္ဒိယမိန်းကလေးငယ် ဆေးကုသရန် စင်ကာပူသို့ရောက်ရှိ
အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသည့် အိန္ဒိယမိန်းကလေးငယ် ဆေးကုသရန် စင်ကာပူသို့ရောက်ရှိ
နယူးဒေလီတွင် မောင်းနှင်နေသောဘတ်စ်ကားတစ်စင်းပေါ်၌ အုပ်စုဖွဲမုဒိမ်းကျင့်ခြင်းခံရသော ဆေးကျောင်း
သူမှာ စင်္ကာပူရှိ မောင့်အဲလိဇဘက် ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။
Erotomania လို့ခေါ်တဲ့ နာမည်ကြီး သူတစ်ဦးဦးနဲ့ ချစ်သူဖြစ်နေတယ်လို့ ထင်မှတ်နေတဲ့ ကြောက်စရာ ရောဂါတစ်မျိုး
နာမည်ကြီး နဲ့ ချစ်သူဖြစ်သည်ဟု ထင်သော ကြောက်စရာ ရောဂါ
Erotomania  လို့ခေါ်တဲ့ ရောဂါ ဖြစ်ပါတယ်။ စိတ်ရောဂါ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဦးထက် မနည်းက သူနဲ့ ချစ်သူဖြစ်နေတယ်လို့ စွဲလမ်းနေတဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။ 
စိတ်ကစဥ့်ကလျား ရောဂါ ရှိသူများ၊ တစ်ဦးတစ်ရောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသူများ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အများစုကတော့ နာမည်ကြီး သရုပ်ဆောင် သို့မဟုတ်၊ အဆိုတော် အစရှိသဖြင့် အနုပညာရှင်များ၊ လူသိများသူများကို ယခုလို စွဲလမ်းတတ်ပါတယ်။ သူနဲ့ ရည်းစားဖြစ်နေတယ် လို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဘယ်လိုတွေ့ကြောင်း၊ ဘယ်လို စကားပြောဆိုကြောင်း တွေက အစ ကိုယ်တိုင် ဇာတ်လမ်းဆင်ပြီး ပြောတဲ့ အထိ အခြေအနေ ဆိုးတဲ့ သူတောင် ရှိပါတယ်။ 
အချို့ ကျတော့ ကိုယ့်ကို သူက သို့မဟုတ် သူစိမ်းတစ်ယောက်က တစ်ဖက် သက် ကြိုက်နေပါတယ်လို့ စွဲလမ်းမှတ်ယူနေတတ်ပါတယ်။ ယင်းကဲ့ သို့ ရောဂါဝေဒနာကို Erotomania  လို့အမည်ပေးပြီး စိတ်ရောဂါ တစ်မျိုး အဖြစ် သတ်မှတ်ပါတယ်။ ပြန်လည်ကုသမှုများများ ပြုလုပ်ရပါတယ်။ ဒီရောဂါဟာ ကြောက်စရာလည်း ကောင်းပါတယ်။ 
ယဉ်ယဉ်လေးရူးလို့ ဆိုရလောက်တဲ့ ရောဂါလိုမျိုးလည်း ဖြစ်ပြီး သူချစ်နေသူ သို့မဟုတ် သူနဲ့ ရည်းစားဖြစ်နေသူတို့ ယူဆတဲ့ သူနောက်ကို တစ်ကောက်ကောက် လိုက်တတ်ပါတယ်။ တစ်ခါတစ်ရံ စကားသွားပြော ဆိုတာမျိုး၊ ဖုန်းလှမ်းဆက်တာမျိုး၊ ပစ္စည်းပို့တာမျိုး၊ စာပို့တာမျိုးတို့ လုပ်တတ်ပြီး တစ်ခါတစ်လေကျရင် လိုက်နှောက်ယှက် တာတွေ အထိတောင် ဖြစ်တတ်ပါတယ်။ 
အဆိုးရွားဆုံး ဖြစ်ရပ်ကတော့ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က အမေရိကန် မော်ဒယ် မင်းသမီး Rebecca Schaeffer အသတ်ခံ ရမှု ဖြစ် ပါတယ်။ သတ်သူ တရားခံကတော့ Robert John Bardo ဖြစ်ပြီး Erotomania အမည်ရ စိတ်ရောဂါ ဝေဒနာ ခံစားနေရ သူ ဖြစ်ပါတယ်။ ယင်းကဲ့သို့ လူသိများ Erotomania ရောဂါဆက်စပ် ရာဇဝတ်မှုပေါင်းများစွာ ကမ္ဘာအနှံ့အပြားမှာ ဖြစ်ခဲ့ဖူးကြောင်း၊ ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ 
(အပြစ်မရှိပဲ အသတ်ခံလို့ ကွယ်လွန်သွားရတဲ့ အသက် ၂၁ နှစ်အရွယ် မင်းသမီး Rebecca Schaeffer ရဲ့ ဝဘ်ဆိုဒ်ကို အောက်ပါလခ့်မှာ ဝင်လေ့လာနိုင်ပါတယ်။ http://www.rebeccaschaeffer.com/  )
--
Ref: wiki
International news for myanmar
http://www.colayonline.com.mm/automobile
--
Erotomania လို့ခေါ်တဲ့ ရောဂါ ဖြစ်ပါတယ်။ စိတ်ရောဂါ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဦးထက် မနည်းက သူနဲ့ ချစ်သူဖြစ်နေတယ်လို့ စွဲလမ်းနေတဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။စိတ်က
စဥ့်ကလျား ရောဂါ ရှိသူများ၊ တစ်ဦးတစ်ရောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသူများအဖြစ်များတဲ့ ရောဂါ ဖြစ်ပါ
တယ်။
ရေအောက်စတိတ်စင်/ စတူဒီယို
ရေအောက်စတိတ်စင်/ စတူဒီယို
အင်္ဂလန်နိုင်ငံ၊ Buckinghamshir ပြည်နယ် Iver မြို့ မှာ ရှိတဲ့ ရေအောက် စတူဒီယို တစ်ခု ဖြစ်ပါတယ်။ 
ဥရောပမှာ တစ်ခုတည်းသော စတူဒီယို ဖြစ်ပါတယ်။ စတိတ်စင်ရယ်လို့ မက ပဲ အခြားသော ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများလည်း ပြု လုပ်ပေးထားပါတယ်။ ရေတွေနဲ့ပြည့်နေပြီး ရုပ်ရှင် ရိုက်ကူးသူများ၊ ဓာတ်ပုံ၊ ကြော်ငြာရိုက်ကူးသူများအတွက် နေရာ တစ်ခု ဖြစ်ပါတယ်။ 
ဧပြီလ ၂၄ ရက်နေ့ ၂၀၀၄ ခုနှစ်က စဆောက်ပြီး ၂၀၀၅ ခုနှစ်မှာ စတင်ဖွင့် လှစ် ပါတယ်။ အားလုံး ပြီးတယ်လို့ မဟုတ်ပဲ ပြီးသလောက်နဲ့ စဖွင့် တာ ဖြစ် ပါတယ်။ ယခုတော့ အားလုံး ပြီးစီးပြီ ဖြစ်ပေမယ့် Development များလည်း ဆက်လုပ်နေပါတယ်။ ရေကို အပူပေးထား ရပါတယ်။ ၃၀ ဒီဂရီ စင်တီဂရိတ် မှာ ထားရှိထားပြီး ultraviolet system  နဲ့ ရေသန့်ထား တာကြောင့် ရေကူး ကန်က ရေနဲ့တောင် မတူပဲ သဘာဝအတိုင်းကို ကြည်လင်နေတာ ယခု လို မြင်တွေ့ ရပါတယ်။ ကန်ထဲမှာ လက်ဝှေ့စင်ထား တာတို့၊ ကားဝင်မောင်း တာတို့၊ အခြားသော ပစ္စည်းများ ထားရှိတာတို့ကအစ အသေအချာ စီစဉ် ပြု လုပ် ရပါတယ်။ 
ရုပ်ရှင်၊ ဂီတ အနုပညာ အတွက် အသုံးချမှုအပြင် လာရောက် လေ့လာ သူများနဲ့လည်း ရေအောက် စတူဒီယိုက လူစည်ကားလျက် ရှိကြောင်း သိရ ပါတယ်။ 
--
Ref: cool-place
International news for myanmar
http://www.innewsmyanmar.com/2012/12/blog-post_3567.html
--
အင်္ဂလန်နိုင်ငံ၊ Buckinghamshir ပြည်နယ် Iver မြို့ မှာ ရှိတဲ့ ရေအောက် စတူဒီယို တစ်ခု ဖြစ်ပါတယ်။ ဥရောပ
မှာ တစ်ခုတည်းသော စတူဒီယို ဖြစ်ပါတယ်။ စတိတ်စင်ရယ်လို့ မက ပဲ အခြားသော ရေအောက် ကမ္ဘာပုံစံ
ငယ်များ၊ အိမ်ခန်းများလည်း ပြု လုပ်ပေးထားပါတယ်။ ရေတွေနဲ့ပြည့်နေပြီး ရုပ်ရှင် ရိုက်ကူးသူများ၊ ဓာတ်ပုံ၊
 ကြော်ငြာရိုက်ကူးသူများအတွက် နေရာ တစ်ခု ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်မှ အစပြု၍ ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
မြန်မာနိုင်ငံ၏ ပညာရေးအဆင့်မြှင့်တင်ရန် ရန်ကုန်တက္ကသိုလ်မှ အစပြုလိုကြောင်း အမျိုးသားဒီမိုကရေစီအ
ဖွဲ့ချုပ်၏ ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေးဂီတပွဲတော် အခမ်း
အနားတွင် ကျေးဇူးတင်စကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။ "ကျွန်မတို
့နိုင်ငံရဲ့ ပညာရေးကို တက္ကသိုလ်အားလုံးက လေးစားအောင်လို့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ စချင်ပါ
တယ်။ အဲ့လို စခြင်းဟာ ရန်ကုန်ကို အသားပေးချင်လို့ မဟုတ်ပါဘူး။ အခြေအနေအရ အလွယ်ဆုံး အထိ
ရာက်ဆုံးလုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ ရွေးချယ်ထားတာပါ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေး
ဒီဇင်ဘာ ၂၇ရက်နေ့တွင်ကျင်းပပြုလုပ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပညာရေးကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲတော် ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
26.12.2012
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေ အခုထိရှိနေသလို ကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့  ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံး ပါဝင်ကြဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို  မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမ္မတက ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့ အဓိကထားပြောကြားခဲ့ ပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်တဲ့ အပြင် စစ်အုပ်စုဘက်က အများစုပါဝင်တဲ့ အစိုးရတရပ်အတွက် စစ်အစိုးရလက်ထက်က ကျန်နေတဲ့ အခွင့်ထူးခံတွေပြဿနာ ကို အရင်ရှင်းဖို့ လိုအပ်တယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။ ဒီမိန့်ခွန်းနဲ့ ပါတ်သက်ပြီး မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်ခင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။
ဦးအောင်ခင်- “မြန်မာပြည်ရဲ့ပြုပြင်ရေးလုပ်တယ်ဆိုတာ အထက်ကလုပ်တာကိုး၊ အောက်ကို ဘယ်လောက်အထိ ရောက်ပြီလည်းဆိုတာ ပြောရတာခက်တယ်။ အရင်တုန်းကလည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ သန့်ရှင်းတဲ့အစိုးရ အခုလည်းပြောတယ်။ အခုတခါ ထူးခြားတာကတော့ ကော်မတီဖွဲ့တာပေါ့လေ။ ကော်မတီတွေဖွဲ့ပြီး ထိထိရောက်ရောက်လုပ်ဖို့ ရပ်ကွက်၊ကျေးရွာကော်မတီတွေ၊ အထိအောင်ဖွဲ့စည်းပြီးတော့ အထက်ကို တင်ပြနိုင်မယ့် သဘောမျိုး ပြောသွားတာတော့ ထူးခြားတယ်လို့ထင်တယ်။
မိန့်ခွန်းတခုလုံး ကျနော်ဖတ်ကြည့်တဲ့အခါကျတော့ ကျနော်ထင်တယ် ဒါအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့ ပြောတာပေါ့လေ။ ဆိုတော့ ဒီဥစ္စာက လည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲလေ။အစိုးရက နှစ်ပေါင်း ၂၀လောက် အစိုးရဗျူရိုကရေစီယန္တရားကြီးက ခြစားပြီးတော့ ထင်ရာမြင်ရာ စိုင်းလာတဲ့ ယန္တရားကြီးကို ပြင်ဖို့ဆိုတာက ဦးသိန်းစိန်အစိုးရက ၂၁လပဲရှိသေးတယ်။ ၂၁လထဲမှာ ဒီလောက် ယိုယွင်းပျက်စီး ခြစားနေတဲ့ ဗျူရိုကရေစီယန္တရားကြီးနဲ့ သန့်ရှင်းတဲ့အစိုးရ လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပဲ။ အဲ့တော့ သူတို့ပြောတာတွေက ဘယ်လောက် အထိအောင် အောက်ခြေကို ရောက်လာလည်း၊ ပြည်သူလူထုဘဝနဲ့ ဘယ်လောက်အထိအောင် နီးစပ်လာလည်း၊ လက်တွေ့မှာ သိရဖို့ တော်တော်ခက်ခဲတယ်လေ။”
ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ရှင်။ အခုလိုမျိုး နှစ်ပေါင်းများစွာ ခြစားပြီး အရိုးစွဲနေတဲ့ဒီမူဝါဒနဲ့ နေလာတဲ့ လူထုတွေပေါ့နော်။ ဒီလူထုတွေအတွက် သမ္မတရဲ့မိန့်ခွန်းဟာ ဘယ်အတိုင်းအတာအထိ လိုက်နာနိုင်မယ်လို့ရော ဆရာယူဆပါသလဲဆရာ။”
ဦးအောင်ခင်- “အဲ့တာလည်း ပြောရခက်တယ်။ ဟိုတနေ့ကတောင် ကျနော်တွေ့လိုက်သေးတယ်။ ရပ်ကွက်ကော်မတီ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ တယောက်နဲ့တယောက်အဆင်မပြေဖြစ်ပြီး လက်သီးနဲ့ ဆွဲထိုးတာတို့ ဘာတို့ပေါလေ့။ ဆိုတော့ ဒီမိုကရေစီဆိုတာ အကျင့်ပေါ့ဗျာ။ အလေ့အကျင့်ပေါ့။ အမေရိကန်မှာ ဒီမိုကရေစီထွန်းကားတယ်ဆိုတာ လူတိုင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး အစည်းအဝေးခေါ်ရင် တအိမ်တယောက်ဆို တအိမ်တယောက်သွားတယ်။ စိတ်ဝင်စားတယ်။ ဆွေးနွေးတယ်။ အလေ့အထပေါ့ဗျာ။ အလေ့အထက မြန်မာပြည်မှာ မရှိဘူး။ ဘယ်ရှိနိုင်မလဲဗျာ။ စစ်တပ်က အုပ်ချုပ်နေတဲ့တိုင်းပြည်ဘဲ။ အခုလည်းပဲ သူပြောသွားတဲ့အထဲမှာ စစ်တပ်က မပါဘူး။ ဒါတွေ ဘယ်လောက်ပဲလုပ်လုပ် စစ်တပ်က ဝင်လုပ်လိုက်ရင် ပျက်ဦးမှာဘဲ။ ဘယ်ဘက်မှာကျတော့ သေနတ်ရှိတဲ့ စစ်ဗိုလ်က ကြီးစိုးနေတာကိုး။”
ဒေါ်ခင်မျိုးသက်- “ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ အုပ်ချုပ်ရေးမှာ သမ္မတအနေနဲ့ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း တချို့ဆုံးဖြတ်ချက်တွေက အကြာကြီး ဆိုင်းငံ့ထားရတာရှိတယ်ပေါ့နော်။ ဥပမာ မီဒီယာဥပဒေလိုမျိုးပေါ့။ နောက် ရခိုင်ပြည်နယ်ထဲမှာဖြစ်တဲ့ အဓိကရုဏ်းတွေ၊ တိုင်းရင်းသားအရေးမှာလည်း ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ဖို့ပြောတယ်။ ဒါပေမဲ့ အခုထက်ထိ စစ်တပ်ဘက်က မရပ်ဘူး။ ဒါတွေမဖြစ်အောင် သမ္မတအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ဖို့လိုတယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ။”
ဦးအောင်ခင်-“သူကတော့ သူတတ်နိုင်သလောက် လုပ်နေတဲ့ပုံစံပဲပေါ့လေ။ အစိုးရစနစ်ကို ပထမဆုံး သူကောင်းအောင်လုပ်မယ်။ အစိုးရစနစ်ကောင်းသွားရင် ကျန်တဲ့ဟာတွေလည်း သူကောင်းအောင် လုပ်လို့ရမယ်လို့ သူထင်တာပေါ့လေ။ ကျနော်တို့ တချို့ မြင်ကြတာကျတော့ ဦးသိန်းစိန်အစိုးရကလည်း စစ်အုပ်စုက ဖွဲ့ထားတဲ့အစိုးရပဲလေ။ သူအစိုးရစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေမယ့် စစ်အုပ်စုရဲ့အခွင့်ထူးခံတွေ၊ အခွင့်ထူးခံဘဝကနေပြီးတော့ ဘယ်လိုလုပ်ပြီး အားလုံးတန်းတူညီတူဖြစ်အောင် လုပ်မလည်းဆိုတာတွေတော့ မပါဘူးပေါ့ဗျာ။ ဥပမာ စစ်အုပ်စုက ရောင်းစားတဲ့ ဓာတ်ငွေ့ကရထားတဲ့ ဒေါ်လာတွေ၊ အစိုးရကနေပြီးတော့ တိုင်းပြည်အတွက် ဘယ်နေရာမှာ သုံးမလဲဆိုတာ ပြောသံ တခါမှ ကျနော်တို့မကြားရဘူး။ သဘာဝသယံဇာတရောင်းစားတယ်ဆိုတာ တိုင်းပြည်ရဲ့ ပိုက်ဆံပဲ။ ဦးပိုင်ကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်ဘူး။ စစ်အုပ်စုရဲ့ ပိုက်ဆံမဟုတ်ဘူး။ တိုင်းပြည်ကရတဲ့ ဒေါ်လာတွေကို တိုင်းပြည်အတွက် ဘယ်လိုသုံးမယ်ဆိုတာ ပြောရင် တိုင်းသူပြည်သား ထောက်ခံမှု ပိုရမှာပေါ့လေ။”
ဒေါ်ခင်မျိုးသက်- “ အခုအချိန်မှာ လူထုထက်ကို နိုင်ငံရပ်ခြားကနေ လာပြီးတော့ ရင်းနှီးမြုတ်နှံမယ့်သူတွေကို ဆွဲဆောင်ဖို့အတွက် ဦးစားပေးနေတယ်လို့ သုံးသပ်နေသူတွေလည်းရှိနေပါတယ် ဆရာ။ ဆရာ့အမြင်ကို သိပါရစေ။”
ဦးအောင်ခင်-“ဘယ်လောက်ပဲဆွဲဆောင်၊ ဆွဲဆောင်လေ။ မြန်မာပြည်မှာ နိုင်ငံခြားကလာပြီး ရင်းနှီးမြုတ်နှံတဲ့သူတွေက ဒီတိုင်းပြည်မှာ လုပ်ရင် သူတို့အတွက် အကျိုးရှိမရှိဆိုတာ သူတို့ကပိုသိတာပေါ့။ ဘယ်လောက်ပဲဆွဲဆောင် ဆွဲဆောင် သူတို့လာချင်မှ လာမှာပေါ့။ အခုကတော့ လာပြီးတော့ လေ့လာနေတဲ့အဆင့်ပဲ ရှိသေးတာကိုး။”
ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ဆရာ။ လုပ်ဖို့တော့ အများကြီးလိုသေးတယ်ပေါ့နော်။”
ဦးအောင်ခင်- “ဟုတ်ပါတယ်ခင်ဗျ။ ကြည့်ရတာ ဦးသိန်းစိန်အစိုးရ က စစ်အုပ်စုရဲ့ သြဇာခံ၊ စစ်အုပ်စု အခွင့်ထူးခံ၊ ဘယ်လောက်အထိအောင် သူလုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။”
ဒေါ်ခင်မျိုးသက်- “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။”
VOA
နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာအဂတိလိုက်စားမှုတွေအခုထိရှိနေသလို ကောင်းမွန်တဲ့အစိုး 
ရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့ ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံးပါဝင်ကြ
ဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သီချင်းက မဟောင်းသေးတာလား ခေတ်က မပြောင်းသေးတာလား ( ဒီမိုကရေစီရပြီးချိန်ထိ လယ်သမားတွေရဲ့ဘ၀ကို တိုးတတ်အောင်လုပ်မပေးနိုင်သေး) ဆောင်းပါး
သီချင်းက မဟောင်းသေးတာလား ခေတ်က မပြောင်းသေးတာလား
ရေးသားသူ- သင်းရီ
“ဘယ်အစားလဲလို့ .. မေးခဲ့ကြရင်ဖြင့် ...လယ်သမားပဲဗျို့ ကျွေးမွေးတဲ့ သခင်တွေ .. စကား ပြိုင်ချေ အားပြိုင်ချေ.. အများ ထက်သာနိုင်ပေ .. ဒို့လယ်သမားတွေ.. လူတို့ဌာနေ အာဟာရဖြန့်ကာဝေ ...”
လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀ စစ်ကြိုခေတ်က ခေတ်စားခဲ့သော ခေတ်ဟောင်း သီချင်းတစ်ပုဒ်ဖြစ်သည်။ ဒဂုံဆရာတင် ရေးပြီး အဆိုတော် မောင်ပွကြီးက သီဆိုခဲ့သည်။ လယ်သမားတွေကို အာဟာရ ကျေးဇူးရှင်များအဖြစ် ဂုဏ်ပြု စပ်ဆိုခဲ့သည့် “ဒို့လယ်သမား” သီချင်းဖြစ်၏။ သီချင်းထဲတွင်ပါသည့် စာသားတွေကလည်း လယ်သမားများနှင့် ပီဘိထိုက်တန်သော စာသားတွေဖြစ်လေသည်။
သို့သော် လယ်သမားတို့ဘ၀က ဓားမနောက်ပိတ် ဓားခွေးဆိုသကဲ့သို့ပင် နောက်တန်းအောက်တန်းမှာသာ နေခဲ့ကြရသည်။ သူ့ကျွန်ဘ၀အခါတုန်းကလည်း အင်္ဂလိပ်တို့ တင်သွင်းလာသည့် ချစ်တီးတို့လက်တွင် လယ်သိမ်း ယာသိမ်း လှည်းသိမ်း ... နောက်ဆုံး သမီးကိုပါ အသိမ်းပိုက်ခံရသည့် ဘ၀မျိုးတွေနှင့်သာ ကြုံခဲ့ကြရသည်။ ထို့ကြောင့်ပင် ထန်းတစ်ပင် လယ်သမား အရေးအခင်းလို၊ ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံကြီးတွေလို အုံကြွတော်လှန်မှုကြီးများ ပေါ်ပေါက်လာခဲ့ကြရသည်။
လွတ်လပ်ရေးရခဲ့ကာ ကိုယ့်မင်းကိုယ့်ချင်းနှင့် ဒီမိုကရေစီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၁၀ နှစ်တာ ဒီမိုကရေစီ အမြည်းအစမ်းကာလ အချိန်အခါတွင်လည်း စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံ၏ အဓိကလူတန်းစားဖြစ်သည့် လယ်သမားတို့ဘ၀က အသက်၀၀ ရှူနိုင်လာသည့်တိုင် ရှေ့တန်းသို့မူ ရောက်မလာခဲ့သေး။
၁၉၆၂ တွင် စစ်တပ်မှ အာဏာသိမ်းကာ ဆိုရှယ်လစ်အရေခြုံခဲ့သည်တိုင် ဆိုရှယ်လစ်စနစ်၏ အဓိကအခြေခံလူတန်းစားဖြစ်သည့် အလုပ်သမား၊ လယ်သမားတို့၏ဘ၀က ဖွတ်သထက်ညစ်၊ နစ်သထက်ကျွံဘ၀တွင်သာ ငုတ်ရိုက်ထားသလို အနည်ထိုင်ခဲ့ကြရလျက် ရေပေါ်ဆီအာဏာရှင်တို့သာ ပြောင်ပြောင်ရောင်ရောင်ရှိခဲ့ကြသည်။ သို့နှင့်ပင် ၂၆ နှစ်အကြာ၌ ကျောင်းသားများက ဦးဆောင်ကာ နိုင်ငံနှင့်အ၀န်းမှ တောင်သူလယ်သမားအများစုကြီး ပါဝင်ဆင်နွှဲသော တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချရေး ၁၉၈၈ သြဂုတ်လ ၈ ရက် ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရသည်။
လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ကိုးကွယ် စိုက်ပျိုး သိုလှောင် ရောင်းချပိုင်ခွင့်များကို အခြေခံသည့် ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြသည်။
သို့သော် ဒီမိုကရေစီ ကြက်ဦးမတွန်နိုင်သေးမီမှာပင် စစ်အုပ်ချုပ်ရေး၏ အကြွင်းမဲ့အာဏာနှင့်အတူ ပါလာသည့် ခရိုနီများ၏ လက်ဝယ်တွင် လယ်သမားတို့၏ လယ်ယာမြေတို့ စိတ်ရှိတိုင်း ခြယ်လှယ်ခံခဲ့ကြပြန်၏။   လယ်လုပ်သူ လယ်မပိုင်ဘဲ လယ်လုပ်ပိုင်ခွင့်သာရှိသည့် ဥပဒေက လယ်သမားတို့အား ကယ်သူမဲ့ဘ၀သို့သာ တွန်းပို့ခဲ့လေသည်။
သို့သော် ထုသားပေသားရနေသည့် လယ်သမားတို့အဖို့ကား လက်ဝယ်ရှိနေသမျှသေးသော လယ်ကလေးတွေကို လုပ်ပိုင်ခွင့်ရနေသေးသည်ကိုပင် နတ်သိကြားပေးသည့် ဆုလာဘ်တစ်ခုနှယ် ၀မ်းမြောက်ဝမ်းသာ ဖြစ်လို့မဆုံးနိုင်ကြ။ ထွန်တုံး ထွန်တံနှင့် မြေကြီး လက်ဆုပ် လုပ်ပိုင်ခွင့်လေးရှိနေသေးလျှင်ပင် နေပျော်သည့်ဘ၀ တစ်ခုကို ပိုင်ဆိုင်နေရခြင်း ဖြစ်သည်ဟု တွေးမြင်ခံစားတတ်ကြသူများ ဖြစ်လေ၏။
နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း၊  နတ်တော်ဆို တစ်မျှော်တစ်ခေါ် လယ်ကွင်းပြင်ကြီးက နံနက်စောစော ဆောင်းနေခြည်အောက်တွင် ကြည့်လိုက်တိုင်း ၀င်းထိန်နေတတ်သည်။ နှင်းမှုန်ဖွေးဖွေးလေးတွေ ခိုသီးရွှဲစိုနေသော စပါးနှံတွေက အိတွဲငိုက်ကျနေလိုက်လို့ ..။ မြောက်လေဖြူးဖြူးမှာ ဘယ်ညာ ယိမ်းကလို့ ...။
လယ်သမားတစ်ယောက်အဖို့တော့ လယ်ကန်သင်းဆုံတွင်ရပ်ကာ အဲ့သည့် ရွှေဝါရောင်လယ်ကွင်းကြီးကို ကြည့်ရမြင်ရရုံနှင့်ပင် တစ်မိုးလုံး ရွှံ့ထဲ၊ ရေထဲ နွားနှင့်အတူ ကုန်းရုန်းလာခဲ့ရသည့် အမောတွေက ပြေသည်။ ကောက်သင်းရနံ့တွေ လှိုင်နေသည့် မြောက်ပြန်လေကို တစ်ဝကြီး ပြင်းပြင်းရှိုက်ရှူလိုက်ရင်းလည်း ဆောင်းသီးနှံအတွက် အစိုဓာတ်မီအောင် အမြန်ထွန်ဖို့ ယက်ဖို့ အားယူရသည်။ ငွေပေါ်ချိန်နီးပြီမို့ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေတတ်ကြသည်။
ဟိုယခင် မြန်မာ့ဆိုရှယ်လစ်ဆိုသည့် ခေတ်အခါတုန်းကတော့ စပါးပေါ်သည်နှင့် တာဝန်ကျေ စပါး၊ တပ်မတော် ရိက္ခာစပါး၊ ဟိုစပါး သည်စပါး၊ ဘာညာစပါးနှင့်ပင် တလင်းထဲ စပါးမကျန်တတ်။ တာဝန်ကျေစပါး မချနိုင်သဖြင့် ရဲစခန်းထဲ ကိုယ့်ထမင်းထုပ်နှင့်ကိုယ်သွား အချုပ်ခံရလိုခံရနှင့် စပါးပေါ်ချိန်မြင်ကွင်းက မလှပခဲ့။ လယ်သမား ဆန်ဝယ်စားခဲ့ရသည့်ခေတ်။
ယခုတော့ တောင်းခဲ့သည့် ဒီမိုကရေစီရနံ့လေး သဲ့သဲ့ရလာသလိုရှိသဖြင့် လယ်ယာထွက်ပစ္စည်းတွေကို လွတ်လပ်စွာ သိုလှောင် ကြိတ်ခွဲ၊ သယ်ယူရောင်းချခွင့် ရှိလာသောကြောင့် အထိုက်အလျောက်တော့ဖြင့် လယ်သမားဘ၀ထူထူထောင်ထောင်ရှိလာပြီဟု ဆိုရမည်လားမသိ။ သို့သော် သိပ်တော့ဖြင့်လည်း ထူးထူးခြားခြား တိုးတက်လာမှုတွေမရှိလှ။ တိုးတက်လာနိုင်အောင်လည်း နည်းပေးလမ်းပြ ပို့ချသင်ကြား ထောက်ပံ့ကူညီမှုတွေ မမြင်ရသေး။ လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် နည်းပညာတွေက ဟိုဘက်ရာစုထဲမှာပင် အိပ်မောကျနေဆဲဆိုလျှင်လည်း မှားမည်မဟုတ်။
သို့သော် လယ်သမားဆိုသည်က သူ့လယ်သူ့မြေလေးပေါ် အပိတ်အပင် အတားအဆီး အနှောင့်အယှက်ကင်းကင်း ရာသီဥတုမှန်မှန်ကန်ကန်လေးနှင့် ကိုယ်စိုက်ချင်တာလေးကိုစိုက်ပျိုးနေရလျှင် လူဖြစ်ရကျိုးနပ်လိုက်တာဟု ရောင့်
ရဲပျော်ရွှင်နေတတ်သူတွေ ဖြစ်လေသည်။
သို့သော် သည်နှစ်ထဲတွင်တော့ မြန်မာပြည် မြေလတ်ပိုင်းဒေသ တော်တော်များများမှ လယ်သမားတွေ ၀မ်းမမြောက်နိုင်ကြ။ စပါးတွေ နို့ရည်တည်ပြီး အောင်ချိန်ကျခါမှ နောက်မိုးက တာ့တာလုပ်သွားသည်။ တော်သလင်းလ ဆန်းကတည်းကပင် မိုးက ပြန်စောင်းတောင်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ ရာသီမိုးကိုသာ အမှီပြုသည့် အခြေအနေတွင် လယ်သမားတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရသည်။ ရေစီးရေလာရှိသေးသည့် ချောင်းနှင့် အင်း နှင့် နီးသည့် လယ်တချို့ ရေစုပ်စက်ဖြင့် ရေတင်ကာ အသက်ဆက်နိုင်ခဲ့သေးသော်လည်း အများစုကြီးကမူ ဆေးမမီတော့သည့် ကိုယ့်သားသမီးဝေဒနာသည်ကို သည်အတိုင်း လက်ပိုက်ကာ ငုတ်တုတ်ထိုင် ကြည့်နေလိုက်ကြရသလို ရင်ထဲမချိကြ။
တကယ်တော့ ကောက်တစ်ပင် လယ်တစ်ကွက် ဖြစ်လာဖို့ဆို သည်က လုပ်အား၊ ငွေအားရင်းနှီး မတည်ရမှုတွေက မနည်းလှ။ မျိုးစပါး၊ ထွန်ခယက်ခ၊ ပျိုးနုတ်ခ၊ ကောက်စိုက်ခ၊ ရိတ်သိမ်းခ၊ သယ်ယူခြွေလှေ့ခ စုစုပေါင်းလိုက်သည့်အခါ လယ်တစ်ဧက စရိတ်စုစုပေါင်း ငွေခြောက်သောင်း ခုနစ်သောင်းအောက်တွင်မရှိ။ ကိုယ်တိုင်ပါဝင်ရသည့် လုပ်အားခမပါသေး။ ထွန်သမား ထယ်သမား၊ ပျိုးနုတ်ကောက်စိုက်၊ ကောက်ရိတ်လုပ်သားတွေ မနက်အစော ထမင်းကြမ်း ရေနွေးလှလှပပဖြစ်အောင် စီမံပို့ပေးရတာမပါသေး။ ကောက်လှိုင်းတိုက် လက်စားလိုက်ကူညီသူ လယ်နီးနား၊ အိမ်နီးနားချင်းတွေကို ညနေမှောင်တရီကျွေးမွေးပြုစုရတာ မပါသေး။
လယ်ယာလုပ်ငန်းခွင်၏ နောက်ဆုံးအဆင့် စပါးလှေ့စပါး ယပ်ကာတလင်းထဲ စပါးပုံမြင်ရပြီဆိုသည့်အခါ စပါးယပ်အလုပ်ကူသူတွေနှင့် အိမ်နီးချင်းတွေကို ကျတော့ ငါးပေါပေါနှင့် ချက်သည့် မြန်မာ့ရိုးရာ မုန့်ဟင်းခါး။ ဒါကလည်း အစဉ်အလာ လယ်သမား ထုံးဓလေ့ပေမို့ ကျွေးရမွေးရ အကုန်အကျများလှဟု မစဉ်းစားကြ။ ဤသည်ပင် ဒါနတစ်ခုဖြစ်လေသည်။
သို့သော် လယ်တွေကိုဖြင့် မြေဆီဝအောင် မကျွေးနိုင်ကြတော့။ သုံးမျိုးစပ်ဓာတ်မြေသြဇာ တစ်အိတ်က ငွေနှစ်သောင်းခွဲ ဖြစ်နေပြီ။ တစ်ဧကကို ဓာတ်မြေသြဇာ ကျွေးမည်ဆို တစ်အိတ်။ ထိုတစ်အိတ်တန်ဖိုးကိုပါ ထည့်တွက်လျှင် လယ်တစ်ဧက ကုန်ကျစရိတ်က ငွေတစ်သိန်းနား ကပ်သွားပြီ။ စပါးထွက်နှုန်းက အကောင်းအဆိုး ပျမ်းမျှတစ်ဧက တင်း ၄၀ မျှသာ ရှိသည်ဆိုသည့်အခါ တွက်ခြေမကိုက်တော့။ သည်တော့လည်း ငါ့လယ်အနေတော် ဇယော်ဇယရှိ တော်ရောပေါ့ဖြင့် ဓာတ်မြေသြဇာမကျွေးနိုင်ကြတော့။ သဘာဝ မြေသြဇာနွားချေးက လှည်းတစ်စီး ငွေလေးထောင်။ နွားကောင်ရေက ပေါပေါကိုင်နိုင်သည်မဟုတ်သဖြင့် လယ်မြေအနှံ့နွားချေးဝယ်ချဖို့ကလည်း မလွယ်။
စပါးပေါ်ချိန်ဆို ကုန်သည်ပွဲစားတွ ၀ယ်သည့်ဈေးက စပါးတင်းတစ်ရာကို ငွေသုံးသိန်းပဲပေးကြ၏။ နှောင်းပိုင်းအထိ ထားနိုင်မည်ဆိုလျှင်တော့ သုံးသိန်းခွဲသာသာ ရတတ်သည်။ များသောအားဖြင့် လယ်သမားတွေကတော့ ထိုအချိန်အထိ စောင့်နိုင်အားမရှိကြ။ စပါးပေါ်ချိန်ပေါက်ဈေးနှင့်ပင် ရောင်းကြရသည်။ သည်တော့ တစ်ဧကထွက်သည့် စပါးတင်း ၄၀ က ငွေတစ်သိန်းနှစ်သောင်း။ ထိုရငွေထဲမှ ဓာတ်မြေသြဇာဖိုးမပါ။  စရိတ်စက လုပ်အားခ တိုလီမိုလီကို ပြန်နုတ်သည့်အခါ ထွန်ပြင် ထယ်ပြင်နှင့် တန်ခူးကဆုန်မှ အစပြု လုပ်ငန်းခွင်ဝင်ခဲ့သည့် လယ်သမားတစ်ယောက်အတွက် နတ်တော်၊ ပြာသိုစပါးပေါ်ချိန်အရောက်တွင် လုပ်ခဲ့ရသည့် လယ်တစ်ဧက မှ ငွေငါးသောင်းမျှလောက်သာ အဖတ်တင်လေတော့သည်။
သည်နှုန်းဖြင့် တွက်သည့်အခါ လယ်လေးဆယ်စိုက်(ဆယ်ဧက) ပိုင်သည့် လယ်ပိုင်တစ်ယောက်အဖို့ စပါးတစ်ရာသီ၏ ၀င်ငွေက ငွေငါးသိန်းမျှသာရှိလေ၏။
သို့တိုင်လည်း အနောက်တောင်ဆီမှ မိုးလေးညို့ တိမ်ရိပ်ဆင်သည့် မိုးဦးကျ လေဦးကျဆို ထွန်ထယ်ပြင်ရင်း လယ်သမားတို့ ပျော်ကြသည်ပဲ။
သို့သော် သည်နှစ်လို မိုးမမှန် လေမမှန် ရာသီဥတုဖောက်ပြန်ပြီဆိုလျှင်တော့ လယ်သမားတို့ စိတ်မချမ်းသာကြတော့။ စားစရာမရှိကာမှနေ၊ လျော်စရာတော့ ရှိရမည်ဆိုသည့် မြန်မာစကားက ရှိသေးသည်။ ဘဏ်ကြွေးက မဆပ်ဘဲနေလို့မရ။ ဆပ်ရလေဦးမည်။ သူ့ငွေ ယူထားမိသည်ပဲ။ ပြီး လယ်သမားဘ၀ ဆိုသည်က ဘယ်လောက်ပင် ခေတ်တွေပြောင်းခဲ့ဆိုဦး၊ နောက်တွင်သာ ကျန်နေခဲ့မြဲ ရှိသေးသည်မို့ ရုံးပြင်ကနားနှင့် ရင်ဆိုင်ရမည့် ကိစ္စတွေဆို ကြောက်တတ်ကြသည်။ သည်တော့ အစိုးရထံမှချေးထားသည့် ဘဏ်ငွေက ဆပ်ရမည့်အချိန်ဆို ရှိတာမရှိတာ၊ စပါး အောင်တာ မအောင်တာ အပထား မရှိ၊ ရှိတာ ရောင်းချပေါင်နှံကာ ဆပ်ကြရသည်။
မနှစ်ကလည်း မိုးလယ်နှင့် မိုးနှောင်း မိုးအလွန်ကောင်းသဖြင့် လယ်တွေရေနစ်ကုန်ကြသည်။ လယ်သိမ်းချိန်တိုင်အောင်ပင် ကန်သင်းတွေပေါ် ရေတွေလျှံနေတုန်း။ လုပ်ရကိုင်ရအတော်ပင် ကသီခဲ့ကြရသည့်အပြင် ရေနစ်စပါးတွေက ထွက်နှုန်းမကောင်းခဲ့။ ထွက်နှုန်းတွေ မကောင်းလေမှ စပါးဈေးကလည်း မကောင်း။ သည်တုန်းကလည်း စားစရာမရှိနေစေ လျော်စရာဖြင့်ရှိရပေမပေါ့နှင့်ပင် ဘဏ်ကြွေးဆပ်ဖို့ နွားပေါင်ဖဲ့၍ ရောင်းခဲ့ကြရသေးသည်။
“နွားပေါင်ဖဲ့” ဆိုသည်က နွားနှစ်ကောင်ရှိသည့်အထဲမှ တစ်ကောင်ဖဲ့ရောင်းရခြင်းကို ဆိုသည်။ သည်ခေတ်ထဲ နွားပေါင်ဖဲ့ရပြီဆိုလျှင်တော့ လယ်သမားတစ်ယောက်အဖို့ လိုက်လို့မမီနိုင်တော့။ အောက်ထစ် ခိုင်းနွားတစ်ကောင်က သုံးသိန်းရှိသည်။ ထမ်းပိုးကောင်း အသားပြည့် နွားလှနွားချောချောဆို ငါးသိန်းအောက်မဆင်း။ ကိုယ်နှင့်အတူ မိုးထဲရေထဲမှ ဖက်ရုန်းလာခဲ့ကြရသည့် သည်ကောင်ကြီးတွေကို မရောင်းချင်ကြပေမင့် အစိုးရနှင့် ပတ်သက်သည့် ဘဏ်ကြွေးရုံးပြင်ကနားကိစ္စဆိုတော့ မနေရဲကြ။ ရှိတာလေးဖြင့် ရောင်းကြရမည်ပ။
သည်နှစ်လည်း သည်နှယ်ပင် ရင်ဆိုင်လာကြရပြန်သည်။ မိုးခေါင်သဖြင့် စပါးတွေ မအောင်ကြ။ အတော်များများမှာ တံစဉ်ပင် လွတ်ကြသည်။ တစ်ပင်မျှမရိတ်လိုက်ကြရ။ သို့သော်လည်း ယူထားမိခဲ့ကြသည့် ဘဏ်ကြွေးကတော့ ဆပ်ကြရလိမ့်မည်။ သည်နှစ် နွားပေါင်ထပ်၍ ဖဲ့ရလျှင် နွားပြုတ်ပေတော့မည်။
သက်ဆိုင်ရာ ကျေးရွာအုပ်စု တာဝန်ရှိသူတွေနှင့် တင်ပြတိုင်ပင် ဆွေးနွေးကြည့်တော့လည်း သည်အကြွေးက ဖေဖော်ဝါရီနောက်ဆုံးထား၍ မဆပ်မနေ ဆပ်ရမည်ဟု ဆိုကြသည်။ ရွှေ့လို့ ဆိုင်းလို့မရ။ ဘာတတ်နိုင်ပါမည်နည်း။ သည်လိုပဲ ကြံကြဖန်ကြရတော့မည်ထင်သည်။ ဘယ်တော့များမှ ရာသီဥတု သက်သက်ကိုသာ မှီခိုနေကြသည့် လယ်သမားဘ၀မှ လွတ်ပါမည်လဲတွေးတော့ ဘာကိုမျှ သဲကွဲစွာ မမြင်ကြရသေး။ လယ်သမားတွေ၏ တကယ့်အကျိုးစီးပွားကို တကယ်အစစ်အမှန် ရှေ့ရှုသည့် ခေတ်ကို ဘယ်တော့များမှ ရောက်ကြရပါမည်လဲ တွေးတော့လည်း အနာဂတ်က မှုန်တိမှုန်ဝါးရှိနေဆဲပင်။ 
ယခုတော့ ဒီမိုကရေစီ ကြက်ဦးတွန်ကာလသို့ ရောက်လာခဲ့သဖြင့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရသည်။ နိုင်ငံတော်ဆီကလည်း ဆင်းရဲမွဲတေမှုလျှော့ချရေး အစီအမံ အသံတွေ ကြားလာရသည်။ မြန်မာနိုင်ငံ လူဦးရေ၏ အများဆုံးသော အခြေခံလူတန်းစားမှာ လယ်သမားတွေသာဖြစ်သဖြင့် တောင်သူလယ်သမား လူတန်းစားတို့၏ဘ၀များ တိုးတက်မလာနိုင်သေးသရွေ့ နိုင်ငံတော်သည်လည်း သီးခြားကင်းလွတ်ကာ တိုးတက်လာနိုင်စရာ  အကြောင်းကား  မမြင်။
ယနေ့ တောင်သူလယ်သမားများ၏ ဘ၀အခြေအနေကမူ လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တုန်းက လယ်သမားများ၏ ဘ၀ကို ထင်ဟပ်ရေးစပ်ခဲ့သည့် ဆရာရွှေတိုင်ညွန့်၏ “လယ်တောသူ” သီချင်းထဲမှအတိုင်းသာ ရှိနေချေသေးသည်။ ထိုသီချင်းကို ခေတ်ဟောင်းအဆိုတော်ကြီး စိန်ပါတီက ကရုဏာရသပါအောင် ပျစ်ပျစ် နှစ်နှစ် သီဆိုသွားခဲ့သည်။
“သြော် .. ၀မ်းစာရေးပေမို့ ပျော်ရွှင်ကာရယ် .. အေးရှာသေးတယ် ချမ်းရှာသေးတယ် .. အပင်ပန်းခံကာ မိုးရေထဲမှာ .. ပျိုးတွေလည်း ကြဲလို့ အမြဲနေ့စဉ်ဝယ်..သာယာတဲ့ ရွာနံဘေးမှာ လယ်တောသူတွေ တေးဆိုတယ်.. ဆင်းရဲသားပေမို့ နေကုန်အောင် ပင်ပန်းတယ် .. သဘောဖြူစွာ တော်သူအပေါင်း .. ယာပြင် စောင်းဝယ်.. နွားတွေကျောင်း လို့ နေရပါလေတယ်..”
လွတ်လပ်ရေးမရခင် သူ့ကျွန်ဘ၀က လယ်သမားများ၏ဘ၀ကို ရေးစပ်သီဆိုခဲ့သည့် သည်သီချင်းသံလေးက လွတ်လပ်ရေးရပြီး၍ ၆၅ နှစ်နီးပါးရှိသည့် ယခုတိုင် ခေတ်မီနေဆဲဖြစ်နေသည်။ သီချင်းက ခေတ်နောက်သို့ အပြေးလိုက်လာခဲ့သည်တော့ မဟုတ်တန်ရာ။ ခေတ်က မရွေ့ဘဲ ရပ်နေတာထင်ပါရဲ့ တွေးမိတော့ စိတ်ထဲမှာဖြင့် အမှန်မချမ်းသာ။
“ဘယ်အစားလဲလို့ .. မေးခဲ့ကြရင်ဖြင့် ...လယ်သမားပဲဗျို့ ကျွေးမွေးတဲ့ သခင်တွေ .. စကား ပြိုင်ချေ အားပြိုင်
ချေ.. အများ ထက်သာနိုင်ပေ .. ဒို့လယ်သမားတွေ..လူတို့ဌာနေ အာဟာရဖြန့်ကာဝေ ...” လွတ်လပ်ရေးမရ
မီ သူ့ကျွန်ဘ၀ စစ်ကြိုခေတ်က ခေတ်စားခဲ့သော ခေတ်ဟောင်း သီချင်းတစ်ပုဒ်ဖြစ်သည်။ 
ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေး ဂျီအက်စ်အမ်နှင့် 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေ ငွေကျပ် တစ်သိန်းဝန်ကျင်ဖြင့် ရောင်းချပေးတော့မယ်
လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ်ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
လက်ပံတောင်း ကနဦးအစီရင်ခံစာ ၂ ပတ်အတွင်း ထွက်မည်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ရန်နှင့် လူမှုဘဝ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်ကျင်သိပ္ပံကို တာဝန်ပေးထားကြောင်း၊ ဂေဟဗဒစနစ် ကျွမ်းကျင်သူ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံ၊ မြေလွှာနှင့် ရေဆိုင်ရာ ကျွမ်းကျင်သူ၊
ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလိုင်း တရုတ်ဖွင့်လှစ်
ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့် ရထားလိုင်းကို တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျရာတွင်ပါဝင်ခဲ.သော ဧည်.လမ်းညွှန်ကိုစိုးမိုးသူနှင် .တွေ.ဆုံခြင်း
လေယာဉ်ပျက်ကျရာတွင်ပါဝင်ခဲ.သော ဧည်.လမ်းညွှန်ကိုစိုးမိုးသူနှင်.တွေ.ဆုံခြင်း
- ဘယ်တွေမှာ ဒဏ်ရာရသွားသလဲ ၊ ခါးရိုးကြိုးသွားတယ် လို.ကြားလို. ဟုတ်သလား ။
- ခါးရိုးတော.မကျိုးပါဘူး ဒီမှာ ဓါတ်မှန်ရိုက်ထားတာ ခါးရိုးကြားကအရွတ်ကလေးတွေပေါ. ထိသွားတယ် အရိုးနုကြားကအဆစ်ကလေးတွေဟ သွားတယ် ။
- ဒါဆိုခါးကိုထိတာက လေယာဉ်ပေါ်ကခုန်ချလို.လား
- မဟုတ်ဘူးဗျ လေယာဉ်အဆင်းမှာမြေကြီးနဲ.ဆောင်.မိတာလေ Impact ပေါ. ၊ လေယာဉ်နဲ.မြေကြီး Impact ဖြစ်တဲ.အချိန်မှာ ခါးကဆောင်.ချသလိုဖြစ်ပြီး ဒဏ်ရာရတာ
- ဟဲဟိုးကွင်းမှာ မြူဆိုင်းလို. ကွင်းမှားဆင်းတယ်ဆိုတာရောဟုတ်ပါသလား
- အင်းဒါကတော. ဒီဘက်က မြူဆိုင်းတယ် Clear မဖြစ်ဘူးဆိုရင်တော. အစထဲက Control Tower က ဆင်းခိုင်းမှာ မဟုတ်ဘူး ။ ဒီဘက်က Clear ဖြစ်လို.သာ မန္တလေးလေဆိပ်ကတက်ခဲ.တယ်ထင်ပါတယ်
- ဒါဆို Cause of crush ( ပျက်ကျရသောအကြောင်းရင်း) က ဘာလဲ
- အဲဒါတော.ဘယ်သူမှမသိဘူး၊ ကျွန်တော်တို.လဲမသိဘူး ၊ညနေကျ သူတို. ( Air Bagan ) Press Conference လုပ်မယ်တဲ. ။
- မန္တလေးကစတက်လာတော. လေယာဉ်အင်ဂျင်စက်သံကပုံမှန်ပဲလား ၊မူမမှန်တာတွေ ရှိခဲ.လား
- အင်ဂျင်သံကပုံမှန်ပဲ ၊ ဘာမှမဖြစ်ဘူး ၊ အဆင်းမှာတော.ဆင်းပြီလို.ထင်လိုက်တာ ၊ ပြုတ်ကျပြီဆိုမှ အုန်းဆို …ဟာ …ခါးတွေ အီစလံဝေသွားတာပဲ ၊ ကျွန်တော်ကပထမတော. တော်တော် Landing ကြမ်းတဲ. လေယာဉ်မှူးပဲလို. ထင်လိုက်တာ ၊
- ဒါဆို Emergency Landing ( အရေးပေါ်ဆင်းသက်ခြင်းလုပ်ပါတော.မယ်လို. လေယာဉ်မှူးကကြေငြာသလား ) ကြိုတင်သတိပေးသလား
- မပေးဘူး ၊ အဲဒိလိုတော.မပြောဘူး ။ )ုန်းဒိုင်းကျဲပြီး လယ်ကွင်းထဲရောက်မှ Landing ရိုးရိုးမဟုတ်ဘူးလို.သိရတာ။ ကျွန်တော်ကအိပ်နေတာလေ ၊မနက်အစော ပိုင်း Flight ဆိုတော. အိပ်ငိုက်ပြီးလိုက်လာတာ ။ လေယာဉ်ပေါ်ရောက်ရင်အိပ်နေကြပဲ ။ အဲဒိတော.မှ တစ်ချက်လောက် ခုန်ပြီး ၀ုန်းဝုန်းဆိုဖြစ်တော.မှ ငါတော. သွားပြီဆိုပြီး ရှေ.ကထိုင်ခုံကိုကိုင်ထားမိတယ် ။ခါးကလည်းတော်တော်နာနေပြီ ။အထဲမှာလဲဆူညံနေတယ် ။သိတဲ.အတိုင်းပဲ နိုင်ငံခြားသားတွေကပိုပြီး Nervous ဖြစ်တယ်လေ ။ ရပ်လဲသွားရော မီးခိုးတွေကတက်နေပြီ။
- လေယာဉ်မယ်တွေက ခရီးသည်တွေကို ကူညီတာ ၊သတိပေးတာ၊ကယ်ထုတ်တာတွေရှိသလား
- အဲဒါတွေဘာမှမမှတ်မိတော.ဘူး ၊အားလုံးရုန်းရင်းဆန်ခတ် ဖြစ်နေတယ် ။ တံခါးတွေကပွင်.နေတာပဲ ၊ စက္ကန်.ပိုင်းလေးမှာကြည်.တော.မီးတွေကတောက်နေပြီ ။ ဂိုဒ်တွေက လေယာဉ်စီးရင် ဘောင်းဘီရှည်ဝတ်ကြပါ ။ အင်းလေးမှာအေးလို. ကျွန်တော် ဂျင်းဘောင်းဘီဝတ်သွားတာတော်သေးတာပဲ ။ ပြေးရလွှားရတဲ.အခါကျ တော်တော်အဆင်ပြေတယ်။ ကျွန်တော်.ရှေ.မှာ အဖြူကောင်တွေ လေယဉ်ပေါ်ကနေခုန်ချပြီးပြေးတော. ကျွန်တော်လဲ ခုန်ချပြီးပြေးတယ် ။ ခါးကလဲ အရမ်းနာတော. လေးဖက်ထောက်ပြီးပြေးရတယ် ။ရုပ်ရှင်ထဲကလိုပဲ လေယာဉ်ပေါက်ကွဲတော.မယ်လို.ထင်တာနဲ. လွတ်တဲ.အထိ လေးဖက်ထောက် လယ်ကွင်းထဲမှာပြေးမိတယ် ။ လွတ်လောက်တဲ.နေရာကိုပြေးတာ ။ ရွာသားတွေကလဲ ဟဲဟိုးလေဆိပ်ထဲက သံဆူးကြိုးတွေကို ကျွန်တော်ထွက်လို.ရအောင် ကိုင်ပေးကြတယ် ။ လွတ်လောက်ပြီလို.စိတ်လျှော.လိုက်ပြီး ပက်လက်လှန်ချလိုက်တော. လူနာတင်ကားတွေရောက်လာတယ် ။
- ဒါဆို သေသွားတဲ. ဂိုဒ် နွယ်လင်းရှိန် ကဘယ်လိုသေတာလဲ ။
- သူက လေယာဉ် ပေါ်မှ တခြားဂိုဒ် မတိုးတိုးခင် ကို အစ်မအမြန်ဆင်းလို.တောင်ပြောသေးတယ်ပြောတယ် ။နောက်တော.ဘယ်လိုဖြစ်သလဲမသိဘူး။ သတိလစ်သွားသလား ၊ မီးခိုးမွှန်သွားသလား ၊ ခြေထောက်ကျိုးသွားသလားတော. မပြောတတ်ဘူး ။လေယာဉ်ပေါ်မှာ သူကျန်ခဲ.တယ် ။ စက္ကန်. ၉၀ လောက်အတွင်းမှာလေယာဉ်ကထပေါက်ကွဲတာပဲ ။သူဘာ.ကြောင်.ကျန်ခဲ.တယ်ဆိုတာ တော.မသိဘူး ။ ဧည်.လမ်းညွှန်တွေက လေယာဉ်ရဲ.နောက်ဖက်မှာစီးတာများတယ် ။အရေးပေါ်ထွက်ပေါက်နဲ.ကနည်းနည်းလှမ်းတယ် ။
-
- ဒါဆိုသူကျန်ခဲ.တာကိုလေယာဉ်မယ်တွေ ကမသိဘူးလား
- အဲဒါတော.ကျွန်တော်လဲမပြောတတ်ဘူး၊ အားလုံးကအသက်လုပြီးထွက်ပြေးကြတာပဲ
- ခရီးဆောင်အိပ်တွေရော ယူချိန်ရသေးလား
- Baggage တွေမပြောနဲ. အဲဒိအချိန်မှာ ဘာတစ်ခုမှ ယူဖို.သတိမရဘူး ။ဘာကိုမှ ဘယ်သူမှ မစဉ်းစားနိုင်ဘူး ၊
- ၁၁ နှစ်အရွယ်နိုင်ငံခြားသားခလေးတစ်ယောက်သေတယ်ဆိုတာဟုတ်လား
- အမှန်ကလေယာဉ်ပေါ်မှာ မီးလောင်နေတဲ.အလောင်းကိုတွေ.တော. အရွယ်ကိုခန်.မှန်းပြီး ၁၁ နှစ်အရွယ်နိုင် ငံခြားသား ခလေးအလောင်းလို. ယူဆကြတာ ။ ခရီးသည်စာရင်းကိုကြည်.တော.ကလေးမပါဘူး ။အမှန်က အဲဒါ နွယ်လင်းရှိန်အလောင်း။ သူက အရပ်ပုပု ခပ်သေးသေးသွယ်သွယ်ပဲ ။ နောက်တော. စပ်စံထွန်းဆေးရုံကစစ်တော.မှ မြန်မာ ဧည်.လမ်းညွှန်ရဲ.အလောင်းဆိုတာအတည်ပြုပေးတာ။
By Ko Nyi ( Tharawun ) 4:30pm Dec 26 မှ 
@[100003032208873:2048:Tun Wai], @[1570317110:2048:Zaw Min Tun], @[100003937918955:2048:Aung Than], @[1694933112:2048:TeZa Hlaing], @[100000386933106:2048:Thant Zaw Myoma], @[100000687975485:2048:Thanthar Win], @[661068703:2048:Yaung Ni Oo], @[578279432:2048:Ni Lynn], @[100004255904108:2048:Maung Nauktoe], @[100001724205761:2048:Thorn Nay Soe],
ဘယ်တွေမှာ ဒဏ်ရာရသွားသလဲ ၊ ခါးရိုးကြိုးသွားတယ် လို.ကြားလို. ဟုတ်သလား ။ခါးရိုးတော.မကျိုးပါဘူး 
ဒီမှာ ဓါတ်မှန်ရိုက်ထားတာ ခါးရိုးကြားကအရွတ်ကလေးတွေပေါထိသွားတယ် အရိုးနုကြားကအဆစ်ကလေး
တွေဟ သွားတယ် ။
- ဒါဆိုခါးကိုထိတာက လေယာဉ်ပေါ်ကခုန်ချလို.လား
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရွာသားများ အစိုးရတပ် ခလရ(၆၈) (၂၄၀)တပ်ဖွဲ့များ ရဲ့ နှိပ်စက်ခံရ၍ ထွက်ပြေးသူများလာ
ကွတ်ခိုင်မြို့ နယ်တွင် ရွာသားများ နှိပ်စက်ခံရ၍ ထွက်ပြေးသူများလာ
December 27 ,2012 by Myitkyina blog news
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ဆင်ရေးလှုပ်ရှားနေသော ခလရ(၆၈) (၂၄၀)တပ်ဖွဲ့များသည် ဂါလိုင်(Ga Leng)ကျေးရွာသူ၊ ရွာသားများအား ရိုက်နှက်၊ နှိပ်စက်၊ ဖမ်းဆီး၊ ခြိမ်ခြောက်ခြင်း အမျိုးမျိုးပြုမူနေ သောကြောင့် နမ်ဘား(Nam Ba)၊ မုန်နမ်(Mung Nam) ခူးနောင်(Hku Nawng)၊ ဖေါင်းဒုန် (Hpawng Dung) ခန်နောင်ပါ(Hkan Nawng Pa) မန်န(Man Na) နန်မ(Nang Ma)ကျေးရွာမှ ရွာသူရွာသားများသည် ကွတ်ခိုင် မြို့သို့ လုံခြုံရေးအရ ရှောင်တိမ်းရောက်ရှိလာကြောင်း သိရှိရသည်။
ယခုအချိန်အထိကွတ်ခိုင်မြို့ရှိခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိလာသော မြန်မာ့တပ်မတော်အား ကြောက်ရွံ့၍ ထွက်ပြေးလာသူ ဒုက္ခသည် ပေါင်း(၅၀၀)ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်အတွင်းစစ်ဆင်ရေးလှုပ်ရှားနေသောခလရ(၆၈) (၂၄၀)တပ်ဖွဲ့များသည်
ဂါလိုင်(Ga Leng)ကျေးရွာသူ၊ ရွာသားများအား ရိုက်နှက်၊ နှိပ်စက်၊ ဖမ်းဆီး၊ ခြိမ်ခြောက်ခြင်း အမျိုးမျိုးပြုမူနေ
သာကြောင့် နမ်ဘား(Nam Ba)၊ မုန်နမ်(Mung Nam) ခူးနောင်(Hku Nawng)၊ ဖေါင်းဒုန် (Hpawng Dung) ခန်
နာင်ပါ(Hkan Nawng Pa) မန်န(Man Na) နန်မ(Nang Ma)ကျေးရွာမှ ရွာသူရွာသားများသည် ကွတ်ခိုင် မြို့
သို့ လုံခြုံရေးအရ ရှောင်တိမ်းရောက်ရှိလာကြောင်း သိရှိရသည်။
နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှု လာမယ့်နှစ်မှာ ရပ်တော့မယ်
နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှု လာမယ့်နှစ်မှာ ရပ်တော့မယ်
Wednesday, December 26, 2012  အိမ့်သံစဉ်  No comments
ဇွဲထက် ~
မြန်မာပြည်ကသစ်တွေ အခြားနိုင်ငံများသို့ အလုံးလိုက်တင်ပို့ရောင်းချခြင်းကို လာမည့်နှစ်အတွင်း ရပ်တန့်
တော့မည်ဟု အစိုးရ ဌာနတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။ 
 တောင်ဂတုံးများဖြစ်နေသည့် ကယားပြည်နယ် မြင်ကွင်း၊ ဓာတ်ပုံ-ကောင်ညီဟန်၊ဇွဲထက် 
သို့သော်လည်းပဲ လူသုံးကုန် ပစ္စည်းများအဖြစ် အခြားနိုင်ငံများသို့ ဆက်လက် တင်ပိှု့နိုင်ရန်အတွက် ကုမ္ပဏီများကို ခွင့်ပြု ထားကြောင်း ပရိဘောဂ ကုမ္ပဏီကြီး တစ်ခုမှ မန်နေဂျာကဆိုပါတယ်။ 
သစ်များကို ပြည်ပလိုအပ်ချက်အရ အလုံးလိုက်တင်ပို့ခြင်းမှာ အဓိကကျွန်းသစ်ဖြစ်ပြီး ၁၀ စုနှစ်ကျော် တစ်ခု လုံး မြန်မာ့သစ် တောများမှသစ်များ ပြည်ပသို့ တရားဝင်လမ်းကြောင်နဲ့ တရားမ၀င် လမ်းကြောင်းများ မှ ဆက်တိုက်တင်ပို့ခြင်းကြောင့် လက်ရှိတွင်မြန်မာနိုင်ငံရှိသစ်တောများ ဖြုန်းတီးနေကြောင်းကိုလည်း သဘာဝ ပတ်ဝန်းကျင်း ထိန်းသိမ်းရေးဆိုင်ရာ ပုဂ္ဂိုလ်များ ၏ လေ့လာတွေရှိချက်များတွင် ဖော်ပြထား သည်။ 
ABSDF မှ မြန်မာနိုင်ငံသို့ တရားဝင်ရောက်ရှိလာတဲ့ ဦးဆန်နီက''ငါ့တောင်တွေ ဘာဖြစ်ကုန်တာလဲ၊ အရင် တုန်းက ဒီနေရာတွေမှာ ကညင်ပင်တွေနဲ့ တောကြီးက တိုးမပေါက်ဘူး။ လူတင် မက တောင်တွေ ပါပြင် ရမယ်''ဟု ၂၄ နှစ်တာမြန်မာပြည်နဲ့ကင်းကွာ နေခဲ့ပြီး ဇာတိဖြစ်တဲ့ ကယားပြည်နယ်ပြည်ရောက်ပြီးတွေ့ လိုက်ရသည့် မြင်ကွင်းကိုပြောပါတယ်။ 
''သစ်တစ်ပင်ခုတ် ထောင် ၃ နှစ် တစ်တောလုံး ခုတ် ပါမစ်ရ'' ဆိုတဲ့ စကားကလဲ ကယားပြည်နယ်မှာ သစ်စက်က လူတွေနဲ့ တွေရင် ပြောနေကြစကားတစ်ခု အဖြစ် ရေပန်းစားနေကြောင်း တောင်ယာ လုပ်ငန်း လုပ်တဲ့ လွိုင်ကော်ဒေသခံကပြောပါတယ်။ 
ဒေသခံတိုင်းရင်းသားတွေကတော့ ၀မ်းစာအတွက် သစ်ခုတ်သည့် အလုပ်ကို လုပ်ခဲ့သော်လည်း ပါမစ်ရ ကုမ္ပဏီတွေရဲ့လုပ်ရပ်ကြောင့် ကယားပြည်နယ်အတွင်း လွိုင်ကော် စက်မှုဇုန်ကတော့ သစ်စက်များသာရှိ တဲ့ ဇုန်အဖြစ်လာပါတယ်။ 
ကရင်နီများ အများဆုံးနေထိုင်ရာဖြစ်တဲ့ ကယားပြည်နယ်မှာတော့ ညအိပ်ရင်တောင် ပလက်လန် မအိပ် ရဲ ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကယားပြည်နယ်မှာ သစ်ခုတ်တာတွေကများလွန်းလို့ သစ်ပင် ထင်ပြီး လာခုတ်သွားအုံးမည်ဟုဆို ပါတယ်။ 
ကယားပြည်နယ်ဟာ ယခုအချိန်တွင် တိုင်းပြည်ပြောင်းလဲလာတာနဲ့အမျှ လာရောက် လည်ပတ်လေ့လာသူ များ အရင်က ထက် များလာသော်လည်း အခြားပြည်နယ်တွေနဲ့ယှဉ်ရင် တိုးတက်မှု အားလွန်စွာနည်း 
နေသေးကြောင်း တောင်ကွဲစေတီ တွင် ဓာတ်ပုံရိုက်သည့် ကိုကျော်ကျော်ထွန်းကဆိုပါတယ်။ 
Posted in: News,သတင်း 
အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
တောင်ဂတုံးများဖြစ်နေသည့် ကယားပြည်နယ် မြင်ကွင်း၊ ဓာတ်ပုံ-ကောင်ညီဟန်၊ဇွဲထက်
မြန်မာပြည်ကသစ်တွေ အခြားနိုင်ငံများသို့ အလုံးလိုက်တင်ပို့ရောင်းချခြင်းကို လာမည့်နှစ်အတွင်း ရပ်တန့်
တော့မည်ဟု အစိုးရ ဌာနတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။သို့သော်လည်းပဲလူသုံးကုန်ပစ္စည်းများအဖြစ်
အခြားနိုင်ငံများသို့ ဆက်လက် တင်ပိှု့နိုင်ရန်အတွက် ကုမ္ပဏီများကို ခွင့်ပြု ထားကြောင်း ပရိဘောဂ ကုမ္ပဏီ
ကီး တစ်ခုမှ မန်နေဂျာကဆိုပါတယ်။
နှစ်ပေါင်း ၆၀ ကျော် ဗမာ အစိုးရ အောက်မှာ နေလာတာ ကချင်လူမျိုးတွေ ဘာများ တိုးတက်သွားသလဲ?
သူတို့ ပြောတဲ့ အတိုင်း ဘိန်းစား နဲ့ အရက်သမား ပေါလာတာပဲ အဖက်တင်တယ်။ မြစ်ကြီးနားမြို့လို တိုင်းမှူးထိုင်တဲ့ မြို့တော်က သက္ကသိုလ်ကျောင်းတွေမှာ ဘိန်းဖြူကို လွတ်လပ်စွာ ရောင်းနေတာ ပြည်သူ့ရဲတွေ နဲ့ အစိုးရ ထောက်လှမ်းရေး တွေ မသိပဲ ရောင်းလို့ ရနိုင်မလား။ မြစ်ကြီးနား ဆိုတာ မြို့ကျင်းကျင်းလေး။ ရန်ကုန်လို ကျယ်ပြန့်တဲ့ မြို့ကြီးမှာတောင် ဒီလို လွတ်လွတ်လပ်လပ် ရောင်းတာ မတွေ့ဖူးပါ။
Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်
Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်	
THURSDAY, 27 DECEMBER 2012 04:22
ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြခဲ့သည်များအား ဖော်ပြအပ်ပါသည်။
လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်...
''ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို သေချာစစ်ပြီးမှ အားလုံး Clear  ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။
လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။
နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။ လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်ထောက်ပြီး ထွက်လာတာကို တွေ့ရတယ်။
သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရ တော့ဘူး။ ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါတယ်။ နောက်ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။
လေယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်။
မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြနေစဉ်
အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြနေစဉ်
ဒီဇင်ဘာလ၂၅ ရက်နေ့နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ်တာဝန်ယူလိုက်ပါကာခရီး
သည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်
များကို Eleven Media Group သို့ ပြောပြခဲ့သည်များအား ဖော်ပြအပ်ပါသည်။
အစိုးရနှင့်ကေအိုင်အေ စစ်ရေးအခြေအနေ မေးမြန်းချက်
အစိုးရနှင့်ကေအိုင်အေ စစ်ရေးအခြေအနေ မေးမြန်းချက်
===============================
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ဖို့ ဆက်သွယ်ဆောင်ရွက်နေကြတဲ့ကြားက မြောက်ပိုင်းတိုင်း 
စစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေကို ဒီဇင်ဘာလ ၂၃ 
ရက်နေ့က သတိပေးစာပေးပို့ခဲ့ပါတယ်။အစိုးရတပ်တွေ 
ဝင်ရောက်ဖို့ရှိနေတဲ့ လဂျားယန်လမ်းကြောင်းမှာ ကေအိုင်
အေတပ်တွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံး
ထားပြီး ဆုတ်ပေးဖို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ
ကနေတဆင့် စာရေးသားပြောဆိုခဲ့တာဖြစ်ပြီး ကေအိုင်အေ
ဘက်ကလည်း ကန့်ကွက်ကြောင်း စာတစောင်ကို ဒီဇင်ဘာ 
၂၄ ရက်နေ့မှာ ပြန်ပို့ခဲ့ပါတယ်။ ဒီကိစ္စအပါအ၀င် လက်ရှိ 
စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အေပြောခွင့်ရ 
ဦးလနန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေပြီး ၂၃ ရက်နေ့ 
ရက်စွဲနဲ့ ကေအိုင်အေဘက်ကို သတိပေးစာတစောင် ပေးပို့
ခဲ့ပါတယ်။ အဲဒီစာကို ကန့်ကွက်တဲ့အနေနဲ့ ဦးအောင်မင်းကို ကန့်ကွက်စာတစောင်ပေးပို့လိုက်ပါတယ်။ အစိုးရအဖွဲ့နဲ့ ထိတွေ့
ဖို့က ဦးအောင်မင်းနဲ့ လမ်းကြောင်းတွေရှိတယ်။ ဦးအောင်မင်း
ကို ကန့်ကွက်စာပေးပို့တာက အစိုးရကို ကန့်ကွက်တဲ့သဘော
ပါပဲ။ ဦးအောင်မင်းက အကြောင်းပြန်တာတော့ မရှိဘူး။ 
အကြောင်းပြန်ဖို့လည်း မမျှော်လင့်ပါဘူး ကျနော်တို့ဘက်က။”
စစ်ရေးအခြေအနေက ဘယ်လိုရှိလဲ။
“ဒါကတော့ သူတို့ရဲ့ စစ်ဆင်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ 
တပ်စခန်းတွေကို ဒီဇင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး 
ဆုတ်ပေးဖို့ သတိပေးတဲ့စာပေါ့။ ဒါကိုကြည့်ခြင်းအားဖြင့် 
စစ်ရေးကတော့ ပိုမြင့်မားပြီး တင်းမာလာတာပေါ့။ အဲပုံစံ
အတိုင်း သူတို့ ဆက်ပြီး အကောင်အထည် ဖော်မယ်ဆိုရင်
တော့ တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်လာဖို့ပဲ ရှိတယ်။”
ဒီနေ့ရော တိုက်ပွဲတွေ ဖြစ်သေးလား။
“မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့တော့ သတင်းမရ
သေးဘူး။ ဒါပေမယ့် ရှေ့တန်းမှာကတော့ တိုက်ပွဲတွေက
 ဖြစ်နေမှာပါ။ မနေ့ကတော့ သံတောင်ရန်ဘက်ကို ချီတက်
လာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ လှုပ်ရှားတပ်ရင်း ၂၅၅ နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ မနေ့က လေယာဉ်
နဲ့လည်း ထပ်ပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲလိုမျိုး လုပ်
လာတဲ့အတွက်ကြောင့် မြစ်ကြီးနား၊ ၀ိုင်းမော်တွေကို ပေးထား
တဲ့ လျှပ်စစ်သွယ်တန်းတဲ့ တာဝါတခုဟာ လေယာဉ်နဲ့ပစ်
ခတ်တဲ့ ဒုံးကျည်ထိမှန်ပြီး ကျိုးပျက်သွားတယ်။ ဒါကြောင့်မို့ 
မနေ့က မနက်ပိုင်း ၉ နာရီခွဲလောက်ကစပြီး မြစ်ကြီးနား၊
သွားတယ်။”
ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့
အချိန် အခုလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အပေါ်မှာ 
ဘာများပြောချင်ပါသလဲ။
“ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဦးအောင်မင်း စာ ၁စောင် ပို့တယ်။
 ဒီဇင်ဘာလမှာ ခင်ဗျားတို့ ကေအိုင်အေ အဖွဲ့အစည်းကတော့ 
အလုပ်များပါလိမ့်မယ်။ ဒါကြောင့် ဖေဖော်ဝါရီလလောက်မှာ
 တွေ့ရအောင်ဆိုပြီး စာပေးလာတာ။ ဒီဇင်ဘာ ၁၃ ရက် ပေး
လာတဲ့စာနဲ့အတူ စစ်ဆင်ရေးကလည်း တပါတည်း ပါလာတယ်။ 
၁၃ ရက်နေ့ ညနေကနေပြီးတော့ အင်အားတွေ ဖြည့်တင်း
လာတယ်။ ၁၄ ရက်နေ့ မနက်မှာ စပြီးတော့တိုက်ပွဲ ပြင်းပြင်း
ထန်ထန် ဖြစ်လာတယ်။ ဒါကြောင့် ဦးအောင်မင်းပေးပို့တဲ့စာ
ဟာ စစ်ဆင်ရေးနဲ့အတူ ပူးတွဲပြီးမှ ဟန်ချက်ညီပေးပို့တဲ့စာလို့ပဲ
 အဓိပ္ပာယ်ကောက်ယူလို့ရတယ်။ ဒါကြောင့် စာတွေပေးပို့တိုင်း၊
 တွေ့ဆုံမှုတွေလုပ်တိုင်း အစိုးရတပ်တွေ စစ်ဆင်မှုတွေ၊ စစ်ရေး
လှုပ်ရှားမှုတွေက ဒီတွေ့ဆုံမှုကို အခွင့်ကောင်းယူပြီးမှ တပ်တွေ
ပို့တာမျိုး၊ စခန်းသိမ်းတိုက်ပွဲလုပ်တာမျိုးက လုပ်ရိုးလုပ်စဉ်ပုံစံ
လို ဖြစ်နေပြီ။
“ဒါကြောင့် ဦးအောင်မင်း ဒီဇင်ဘာ ၁၃ ရက်နေ့ ပို့လာတဲ့ စာနဲ့ 
ပတ်သက်လို့ အကြောင်းပြန်ဖို့ အခြေအနေကမပေးနိုင်သေးဘူး။ 
အခု ထိုးစစ်တွေက ဒီဇင်ဘာ ၁၄ ကနေ စပြီးတော့ ဗဟိုဒေသ
အနီးတ၀ိုက်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် လုပ်လာတဲ့အပေါ်
မှာ အားလုံးဟာ ထိုးစစ်ဆင်လာတာကို ခုခံတိုက်ပွဲတွေနဲ့ အချိန်
ပေးနေရတယ်။ ဒါကြောင့် ဦးအောင်မင်း ဒီဇင်ဘာ ၁၃ ရက်နေ့က
ပေးပို့တဲ့ စာပေါ်မှာ တိုက်ရိုက် ပြန်ကြားတာမျိုး မလုပ်နိုင်သေးဘူး။ 
မလုပ်နိုင်သေးဘူးဆိုပေမယ့် ဒီပြဿနာဟာ တွေ့ဆုံညှိနှိုင်းဆွေး
နွေးပြီးမှ ဖြေရှင်းနိုင်မှာဆိုတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့က
လည်း အချိန်ရောက်လာတော့ စဉ်းစားဖို့ရှိတယ်။”
ဒီတပတ်အတွင်းမှာ အစိုးရဘက်က အင်အားတိုးချဲ့လာတာ တော်
တော်များပါလား။
“များပါတယ်။ သူတို့ ဗဟိုဌာနချုပ် လိုင်ဇာနဲ့အနီးဆုံးနေရာမှာရှိ
တဲ့ ကေအိုင်အို စခန်းတခုပါ။ အဲဒါ လွန်ခဲ့တဲ့ ၅ လလောက်က 
အစိုးရတပ်တွေက လာသိမ်းပိုက်ထားတယ်။ အခုမနေ့ညကပဲ 
ဗျူဟာ ၁ ခုနဲ့ တပ်ရင်း ၃ ရင်း အဲနေရာမှာ အင်အားလာဖြည့်
ထားတယ်။ အဲလောက်ဆို အင်အားက ၅၀၀ လောက်ရှိနိုင်တယ်။ ဗဟိုဌာနချုပ်နဲ့အနီးဆုံးနေရာမှာ ရောက်နေကြပြီ။ နောက်
မစ်ကြီးနားဘက်က ၀င်လာတဲ့လမ်းကြောင်းတွေက တပ်တွေက 
ဒါန်ပါကို မနေ့က ညအမှောင်မှာ ၀င်လာကြတယ်။ ကားအစင်း 
၁၀ စင်းကျော်၊ မြင်းတွေ၊ လားတွေပါတယ်။ အင်အားတော်တော်
များများနဲ့ လက်နက်ကြီးတွေလည်း အပြည့်အစုံပါလာတယ်။ 
လိုင်ဇာရဲ့ အနောက်ဘက်ခြမ်းမှာ ဒါန်ပါ ဆိုတာရှိတယ်။ အဲမှာ
မိုးကောင်းအခြေစိုက်စကခ၃လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ
 တော်တော်နေရာယူထားပြီး ဖြစ်တယ်။ ဒါကြောင့် ဒီရက်ပိုင်း
အတောအတွင်း ဒီဇင်ဘာလ ၂၅ ရက်ကျော်တာနဲ့ သူတို့ဘက်က 
ထိုးစစ်အရှိန်မြှင့်လုပ်လာဖို့ ရှိတယ်။ ထိုးစစ်ဆိုရာမှာလည်း သူ
တို့လုပ်နေတဲ့ တိုက်ပွဲတွေဟာ ထိုးစစ်တွေကြောင့်၊ စစ်ဆင်ရေး
တွေကြောင့် ဖြစ်ပေါ်လာရတဲ့ တိုက်ပွဲတွေပါ။ ဒီတခေါက်တော့ တရားဝင်စာတွေ ပေးပို့ထားတယ်ဆိုတော့ ထိုးစစ်ပြင်းပြင်းထန်
ထန် လုပ်လာဖို့ပဲ ရှိတယ်။ ပစ်ခတ်မှုတိုင်း ပစ်ခတ်မှုတိုင်းမှာ 
ရဟတ်ယာဉ် ၁ စင်း အမြဲ တွဲသုံးတယ်။ ဒုံးကျည်နဲ့ ပစ်မှတ်ရှာပြီး 
ပစ်ခတ်တာမျိုး လုပ်တယ်။”
အထိအခိုက်တော်တော်များပါလား။
“တိုက်ပွဲတွေမှာ လေယာဉ်ပျံတွေ၊ အမြောက်ကြီးတွေနဲ့ ဖော်ဆောင်
လာတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း တွေးစရာ၊ ဆုံးဖြတ်
စရာအများကြီး ပေါ်လာနိုင်တယ်။ တိုင်းရင်းသားအဖွဲ့တခုကို အဲလို
 ချေမှုန်းလာတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း တခြားနည်း
လမ်းနဲ့ ပြောဆိုစရာ၊ စဉ်းစားစရာ နည်းလမ်းတွေပေါ်လာနိုင်တယ်
လို့ မြင်တယ်။ လေယာဉ်ပျံ၊ လက်နက်ကြီးတွေ အသုံးပြုတယ်ဆိုရင်
တော့ အဲဒီရဲ့ အကျိုးရလဒ်တွေဟာ ဆိုးကျိုးဘက် ဦးတည်လာနိုင်
တယ်လို့ သုံးသပ်တယ်။”
ကေအိုင်အေရဲဘော်တွေရော ဒီနေ့ ခရစ္စမတ်နေ့မှာ ဘယ်လိုဆင်
နွှဲဖို့ ရှိပါလဲ။
“ခရစ္စမတ်ကာလဟာ ပျော်ရွှင်စရာနေ့ထူးနေ့မြတ်ဖြစ်ပေမယ့် 
ရှေ့တန်းနယ်မြေတွေမှာတော့ သတိအနေအထားနဲ့ ကိုယ့်ရဲ့မြေကို 
ကတုတ်လုပ်ပြီးတော့မှ ထိုးစစ်ဆင်လာမယ့် အစိုးရတပ်တွေကို 
ခုခံတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားတယ်။”
(DVB)
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ဖို့ ဆက်
သွယ်ဆောင်ရွက်နေကြတဲ့ကြားက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေကိုဒီဇင်ဘာလ ၂၃
ရက်နေ့ကသတိပေးစာပေးပို့ခဲ့ပါတယ်။