Pages

Monday, December 24, 2012

ဗိုလ်မှူးချုပ်ဂျော်နီကို ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ခန့်အပ်

ဗိုလ်မှူးချုပ်ဂျော်နီကို ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ခန့်အပ်
ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကွန်ဂရက်(ညီလာခံ)တွင် တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခန့်အပ်လိုက်ပြီဖြစ်သည်။

၎င်းစစ်ဦးစီးချုပ်အပြင် ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲကိုပါ KNU ဗဟိုထိပ်ပိုင်းခေါင်းဆောင် ၅ဦး နှင့် တပ်မဟာမှူး ၇ဦးတို့က တိုင်ပင်ညှိနှိုင်းကာ ကွန်ဂရက်ခမ်းမဆောင်၌ ယနေ့မနက်ပိုင်းက ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ယနေ့ ဆက်လက် ပြုလုပ်သည့် ကွန်ဂရက် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ထားသည့် ထိပ်ပိုင်းခေါင်းဆောင်ငါးဦး နှင့် ဗဟိုကော်မတီဝင်များက ကျန်ရှိနေသေးသည့် ဗဟိုအလုပ်အမှုဆောင်များကို ဆက်လက် ရွေးချယ်ရာ စစ်ဦးစီးချုပ်၊ ဒုစစ်ဦး စီးချုပ်၊ ပဒိုစောရောဂျာခင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုတာဒို့မူးတို့အား အတည်ပြု သတ်မှတ်လိုက်သည်။

ထို့အပြင် ဌာနဆိုင်ရာ တာဝန်ခံများကိုလည်း ရွေးချယ်သတ်မှတ်ခဲ့ရာ
ပဒိုမန်းဘထွန်း   - သစ်တောဌာန
ပဒိုကော်ကဆာစောနေစိုး - လမ်းပန်းဆက်သွယ်ရေးဌာန
ပဒိုစောအဲ့ကလူရွှေဦး - ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန
ပဒိုစောလှထွန်း  - စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန
ပဒိုစောလားစေး  - ပညာရေးနှင့် ယဉ်ကျေးမှုဌာန
ပဒိုစောမြမောင်`  - မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန
ပဒိုစောရောဂျာခင်  - ကာကွယ်ရေးဌာန
ပဒိုစောကဲလဲ  - သတ္တုနှင့် မိုင်းဌာန
ပဒိုစောအဲ့ကလူစေး - တရားရေးဌာန
ပဒိုစောဒေးဗစ်သကဘော - မဟာမိတ်ဆက်ဆံရေးဌာန
ပဒိုစောအောင်ဝင်းရွှေ - နိုင်ငံခြားရေးဌာန
ပဒိုစောအားတိုး  - ပြည်ထဲရေးနှင့် သာသနာရေးဌာန
ပဒိုစောဟေးစယ်  - ဘဏ္ဍာရေးဌာန တို့ဖြစ်ကြသည်။

သို့သော် ယနေ့ အစည်းအဝေးသို့ မတက်ရောက်သူများရှိသလို လက်ရှိ ရွေးချယ်လိုက်သည့် ခေါင်းဆောင်များနှင့် တာဝန်ခံများ ကို ဒီဇင်ဘာလ ၂၆ရက်နေ့တွင် အခြားညီလာခံကိုယ်စားလှယ်များ ပါဝင်သည့် ကွန်ဂရက်ကို ပြန်လည်တင်ပြပြီး ထပ်မံ အတည် ပြုကာ ခေါင်းဆောင်များမှ ကျမ်းသစ္စာကျိန်ဆို၍ ကွန်ဂရက်ကို အဆုံးသတ်သွားမည်ဖြစ်သည်။

နိုဝင်ဘာလ ၂၆ရက်နေ့က စတင် ကျင်းပခဲ့သည့် KNU ကွန်ဂရက်မှာ ရက်သတ္တ လေးပတ်ကြာမြင့်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့မှသာ ရွေးကောက်ပွဲကို စတင်ခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦးကို လျှို့ဝှက်မဲစနစ်ဖြင့် နှစ်ဆင့် ရွေးချယ်ခဲ့ကြ သည်။

ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူးအားလုံး ပါဝင်သည့် ဗဟိုအမြဲတမ်းကော်မတီများထဲမှ KNU ဥက္ကဌအ ဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဌအဖြစ် ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁)အဖြစ် ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ပဒိုမန်းမန်းမန်းတို့အား လျှို့ဝှက်မဲစနစ် ဖြင့်ပင် ရွေးကောက်ခဲ့ကြသည်။

ထိုနေ့တွင်ပင် ကွန်ဂရက်ကိုယ်စားလှယ်များက တရားသူကြီးချုပ်ကို လျှို့ဝှက်မဲအများဆုံးရရှိသူ ပဒိုစောအားတိုးအား ရွေး ကောက်ခဲ့သော်လည်း သက်ဆိုင်သူမှ ငြင်းပယ်ခဲ့သည့်အတွက် ဒုတိယ မဲအများဆုံးရရှိသူ ပဒိုစောဒေါ့လေးမူအား တရားသူကြီး ချုပ်အဖြစ် ယနေ့ ပြောင်းလဲသတ်မှတ်လိုက်သည်။

ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်
မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကွန်ဂရက်(ညီလာခံ)တွင်တပ်မဟာ(၇)မှူး ဗိုလ်မှူး
ချုပ်ဂျော်နီကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခန့်အပ်
လိုက်ပြီဖြစ်သည်

မီးလောင်မှုကိုသိရှိနိုင်ရန်အတွက် အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ခြင်းကို မူလရွေးချယ်ထားသည့် နေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲ ရှိမည်


မီးလောင်မှုကိုသိရှိနိုင်ရန်အတွက် အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ခြင်းကို မူလရွေးချယ်ထားသည့် နေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲ ရှိမည်  

Monday, 24 December 2012 

မြန်မာနိုင်ငံတွင် မီးလောင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ဆောင်ရွက်မှုကို ယခင်ရွေးချယ်ထားသည့် နေရာ ၄ ခုနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲများ အနည်းငယ်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် ယင်းလုပ်ငန်းကို လာမည့် ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ သုံးလအတွင်း ပြီးဆုံးအောင်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုရွေးချယ်ထားသည့်နေရာများနှင့် အဆင်မပြေနိုင်မှုများ ရှိပါက အခြားသောနေရာများသို့ ပြောင်းလဲတပ်ဆင်သွားရန်နှင့် ယခုရွေးချယ်ထားသည့်နေရာသည် မီးလောင်မှုကို သိရှိနိုင်ရန်အတွက် အချက်အချာကျဆုံးနေရာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ''အခုတော့ ပစ္စည်းကိရိယာဝယ်ယူမှုတွေ လုပ်နေပါပြီ။ သုံးလအတွင်း အပြီးလုပ်ဆောင်သွားမှာပါ။ မြန်မာနိုင်ငံက နည်းပညာတွေနဲ့ပဲ လုပ်ကိုင်သွားမှာပါ။ အခုရွေးထားတဲ့နေရာနဲ့ အဆင်မပြေရင်တော့ နေရာအပြောင်းအရွေ့လေးတော့ နည်းနည်းရှိနိုင်ပါတယ် ဒါကလည်း အဆင်မပြေမှပါ'' ဟု ပြောသည်။

အဆိုပါကင်မရာများကို ရန်ကုန်မြို၌ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၊ ဆာကူရာတာဝါ၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်နှင့် ရန်ကင်းဘောက်ထော်လမ်းရှိ မြ၀တီရုံးတို့၌ တပ်ဆင်သွားမည်ဖြစ်ကာ ယင်းနေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းရွေ့များ ရှိနိုင်ကြောင်း ယင်းကဆက်လက်ပြောခဲ့သည်။


အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
photo from: google

 
မြန်မာနိုင်ငံတွင်မီးလောင်မှုများကိုအချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်အတွက်ရန်ကုန်မြို့ရှိအထပ်မြင့်အဆောက်
အအုံများတွင် CCTV တပ်ဆင်ဆောင်ရွက်မှုကို ယခင်ရွေးချယ်ထားသည့် နေရာ ၄ ခုနှင့် အဆင်မပြေပါက
 နေရာအပြောင်းအလဲများ အနည်းငယ်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။

မြောက်ပိုင်းတိုင်း တိုင်းမှုး ထွန်းထွန်းနိုင် ပေးပို့ သော ရာဇသံ ပေးစာ အပေါ် KIA/KIO မှ ပြန်လည်တုန့် ပြန် ကန့် ကွက် စာပေးပို့

မြောက်ပိုင်းတိုင်း တိုင်းမှုး ထွန်းထွန်းနိုင် ပေးပို့ သော ရာဇသံ ပေးစာ အပေါ် KIA/KIO မှ ပြန်လည်တုန့် ပြန် ကန့် ကွက်သောအားဖြင့် ပေးပို့ သော ပေးစာ ...

မြောက်ပိုင်းတိုင်း တိုင်းမှုး ထွန်းထွန်းနိုင် ပေးပို့ သော ရာဇသံ ပေးစာ အပေါ် KIA/KIO မှ ပြန်လည်တုန့် ပြန် သည့်အနေဖြင့် ကန့် ကွက်စာတစ်စောင်ပေးပို့လိုက်ကြောင်းသတင်းရရှိပါသည်။

သုံးနိုင်ငံ လက်နက်မှောင်ခိုလမ်း အိန္ဒိယ ထောက်လှမ်းရေး စုံစမ်းနေ

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ခ်ျ နှင့် မြန်မာတို့တွင်ရှိသည့် လက်နက်ကုန်သည်များအကြား ဆက်စပ်နိုင်ခြေများကို အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က ရှာဖွေလေ့လာနေပြီဖြစ်ကြောင်း သိရသည်။

ပြည့်တန်ဆာများတရားဝင်လိုင်စင်ရရှိအောင် NLD မှ အမျိုးသမီးလွှတ်တော်အမတ်တစ်ဦး ကြိုးပမ်းသွားမည်ဟုပြောကြား

ပြည့်တန်ဆာများကို တရား ဝင်လိုင်စင်ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောသည်။

ကမ္ဘာ့မြေဆွဲအားဖြင့်မီးလင်းစေမည့် မီးလုံးကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်မီးမထွန်းနိုင်သူ သန်းထောင့်ငါးရာကျော်ကို အလင်းပေးနိုင်တော့မည်

ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ရုရှားလူငယ်ကြား ခေတ်စားလာသော စွန့်စားဓာတ်ပုံပညာ

ရုရှားလူငယ်ကြား ခေတ်စားလာသော စွန့်စားဓာတ်ပုံပညာ

Skywalking လို့အမည်ရတဲ့ အန္တရာယ်များ ဓာတ်ပုံရိုက်ကူးမှုဟာ ရုရှား လူငယ်များကြား ခေတ်စားလာတယ်လို့ သိရပါတယ်။ 

Daredevil photographer လို့ အတင်စားခေါ်ခံရတဲ့ Dennis Maitlan နဲ့ Tom Ryaboi ကို အတုခိုးလို့ Vitaly Rasklov နဲ့ Alexander Remnoy အမည်ရ ဓာတ်ပုံဆရာ ၂ ဦးက ယခုလို ရိုက်ကူးထားကြပါတယ်။ ဒီအတွက် ဓာတ်ပုံရိုက်ကူးဖို့ ဘာ လုံခြုံရေး ကားပတ်မှ မပတ်ပါဘူး။ ပဲရစ်မြို့ က မျော်စင် တို့လို နာမည်ကြီး တာဝါများပေါ် တက်လို့ စတန့်ထွင် ရိုက်ကူးကြ ပါတယ်။

ပြီးတော့ ယင်းဓာတ်ပုံများကို အင်တာနက်စာမျက်နှာများနဲ့ Youtube မှာ ပြန်တင်ကြပါတယ်။ အားပေးတဲ့သူ များပေမယ့် တစ်ချိန်ကျ သက်ဆိုင်ရာက တားမြစ်မယ့် အနေအထားမှာ ရှိပါတယ်။ ဘာလုံခြုံရေး ခါးပါတ်၊ ကြိုး၊ အထိန်းအကွပ်မှ မပါပဲ အမြင့်တက် ဓာတ်ပုံရိုက်ကူးမှုဟာ သေဖို့ အလွန်နီးကပ် တဲ့အတွက် ဝါသနာဟာ အသက်နဲ့ လဲရမယ့်ကိန်း ရှိကြောင်း ဝေဖန်ထားကြပါတယ်။ 
--
Ref: memorfacts.
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_4259.html

----

Skywalking လို့အမည်ရတဲ့ အန္တရာယ်များ ဓာတ်ပုံရိုက်ကူးမှုဟာ ရုရှား လူငယ်များကြား ခေတ်စားလာတယ်
လို့ သိရပါတယ်။ Daredevil photographer လို့အတင်စားခေါ်ခံရတဲ့Dennis Maitlan နဲ့ Tom Ryaboi ကို အတုခိုး
လို့ Vitaly Rasklov နဲ့ Alexander Remnoyအမည်ရ ဓာတ်ပုံဆရာ ၂ ဦးကယခုလိုရိုက်ကူးထားကြပါတယ်။

၅ဝဝဝ တန် ဆင်းမ်ကတ် ရောင်းချပေးနိုင်ရန် ဆက်လက်ကြိုးစားမည်ဟု ရွှေပြည်တံခွန်ကုမ္ပဏီဆို

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်ဈေးနှုန်းများကို လျှော့ ချ၍ ရောင်းချပေးသွားမည်ဟုထုတ် ပြန်ထားသော်လည်း ရွှေပြည်တံခွန် ကုမ္ပဏီမှ ၅ဝဝဝ တန်ဆင်းမ်ကတ် များကို အများပြည်သူများထံသို့ ရောင်း ချပေးရန် အဆင်သင့်ရှိကြောင်းနှင့် ရောင်းချသွားနိုင်ရန်လည်း ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။

တယ်လီဖုန်းပြောဆိုခနှုန်းထားများကို လတ်တလော၌ လျှော့ချပေးရန် မဖြစ်နိုင်သေးဟုဆို

လက်ရှိအသုံးပြုနေသော တယ် လီဖုန်းပြောဆိုခနှုန်းထားများကို လတ် တလော၌ လျှော့ချပေးရန် မဖြစ်နိုင် သေးကြောင်း ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန မိုဘိုင်း ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"သမီးလေးပြေသုဒြာကို ငပလီ လိုက်ပို့ပေးမယ့် အိန္ဒြာကျော်ဇင်"

"သမီးလေးပြေသုဒြာကို  ငပလီ လိုက်ပို့ပေးမယ့် အိန္ဒြာကျော်ဇင်"

အိန္ဒြာကျော်ဇင်က ဖက်ရှင်ရှိုးပွဲတွေ တော်တော်များများမှာ အကဲဖြတ်ဒိုင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ်လည်း ဒိုင်အဖြစ်ဆောင်ရွက်ဖို့ လာကမ်းလှမ်း ထားတာတွေလည်းရှိသေးကြောင်း ပြောပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အကဲဖြတ် ဆုံးဖြတ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ် သက်ပြီး အိန္ဒြာကျော်ဇင်က "ပြိုင်ပွဲမှာ သူ တို့စည်းမျဉ်း စည်းကမ်းတွေရှိ တယ်။ Complexion ပါမယ်။ Personality ပါမယ်။ ခန္ဓာကိုယ် အလှပါမယ်။ လမ်း လျှောက်ဟန်၊ မေးခွန်းအမေး အဖြေမှာ ပြောဟန်ဆိုဟန်၊ သူတို့မှာ အေူနညအ ဘယ်လောက်ရှိလဲ၊ မေးခွန်းဖြေတဲ့အခါ ဘယ်လောက် Óဏ်ရည် ရှိလဲအဲဒါတွေ တော် တော်များများပါတယ်။ အဲဒါတွေကို ကြည့်ပြီး ဆုံးဖြတ် ရတာပေါ့။ အမှတ်ပေးရတာပေါ့"လို့ ပြောပါတယ်။ 

အခုနောက် ပိုင်းမော်ဒယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး "မျက်နှာ သစ် မော်ဒယ်တွေ ပေါ်လာတာ ကောင်းပါတယ်။ အပြင်ကနေ သာမန်လူတစ်ယောက်က ဒီလောကထဲဝင်ဖို့ ခဲယဉ်းတယ်လေ။ အဲဒီလိုပြိုင်ပွဲကတစ်ဆင့် ပြိုင်ပွဲမှာ ဆုရသွားတယ်။ ဆုမရရင်တောင်မှ Top 5 ထဲကိုပါတဲ့ မော်ဒယ်လောက် ဆိုရင် တော်တော်လေး အသိအမှတ်ပြု ခံရတယ်။ အဲဒီကတစ်ဆင့် အနုပညာအလုပ်ထဲကို ဝင်ဖို့ကျတော့ ခြေ လှမ်းကနီးသွားတာပေါ့။

အနုပညာလောကထဲ ဘယ်လိုဝင်ရမှန်း မသိတဲ့ ကောင်မလေးတွေ ရှိတယ်လေ။ ပြိုင်ပွဲထဲကနေ ဆုရသွားတဲ့လူဆိုရင် ဒီလောကနဲ့ ပိုနီးစပ် သွားတယ်။ Miss Title လည်းရတယ်။ ဒီလောကထဲဝင် တော့လည်း ပိုကောင်းသွားတယ်"လို့ ပြောပါတယ်။ ခရစ္စမတ် နဲ့ နယူးရီးယားကိုတော့ ရန်ကုန်မှာပဲ ဖြတ်သန်းမှာ ဖြစ်ပြီး ဒီဇင်ဘာ ၂၈ရက်နေ့မှာတော့ ငပလီကို မိသားစုနဲ့အတူ သွားဖို့ရှိ ကြောင်းပြောတဲ့ အိန္ဒြာကျော်ဇင်က "အဓိက သမီးလေးအတွက် သွားမှာပါ။ ကမ်းခြေမှာ သူပျော်အောင်လေ။ သူ သဲပေါ်မှာ ဆော့ရပြီး သဲဓာတ်တွေလည်းရအောင်ပေါ့။ ဒီဇင်ဘာ ၃ဝ ရက်နေ့ မနက် လေယာဉ်နဲ့ပြန်လာမှာပါ။ ကိုပြေတီဦးက အင်းလေးမှာ ကြော်ငြာသွား ရိုက်ရမှာဆိုတော့ ရိုက်မယ့်ရက်နဲ့ တိုက်နေတော့ သူလိုက်လို့ မရဘူးဖြစ်သွား တယ်။ သမီးလေး ပျော်မယ်ထင်လို့ လိုက်ပို့တာပါ"လို့ပြောပါတယ်။         

ခိုင်ဝေလွင်

အိန္ဒြာကျော်ဇင်က ဖက်ရှင်ရှိုးပွဲတွေ တော်တော်များများမှာ အကဲဖြတ်ဒိုင် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်
။ နောက်ထပ်လည်း ဒိုင်အဖြစ်ဆောင်ရွက်ဖို့ လာကမ်းလှမ်း ထားတာတွေလည်းရှိသေးကြောင်း ပြောပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အကဲဖြတ် ဆုံးဖြတ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ် သက်ပြီး အိန္ဒြာကျော်ဇင်က "ပြိုင်ပွဲ
မှာ သူ တို့စည်းမျဉ်း စည်းကမ်းတွေရှိ တယ်။ Complexion ပါမယ်။ Personality ပါမယ်။ ခန္ဓာကိုယ် အလှပါမယ်။

"ဇာတ်ကားမရိုက်ခင် ဝေဖန်မှုတွေ အကြောင်း ဒါရိုက်တာဝိုင်းပြော"

"ဇာတ်ကားမရိုက်ခင် ဝေဖန်မှုတွေ အကြောင်း ဒါရိုက်တာဝိုင်းပြော"

	အနုပညာနဲ့ပတ်သက်လာရင် ဒီမိုကရေစီခေတ်မှာ Freedom of Expression ဆိုတာ ရှိပြီး လူတိုင်း ပြောရေးဆိုခွင့် ရှိတယ်။ သူတို့ဖန်တီးဖို့ အနုပညာ အတွက် သူတို့ ကိုယ်တိုင်ပဲ တာဝန်ယူ ရမယ်။ သိတတ်ရမယ်ဟု ဆိုလာသူ ဒါရိုက်တာဝိုင်းက..
	"ဇာတ်ကားရိုက်ကူးတာကို မြင် ပြီး တကယ် ယဉ်ကျေးမှုကို စော် ကားတယ်၊ Sexy ဖြစ်တယ်ဆိုရင်၊  ကိုအောင်လင်းနိုင် ရေးသလိုဖြစ်နေ ရင် ဒါက ဒါရိုက်တာရဲ့တာဝန်ပဲ။ ဘာမှလည်း မရိုက်ရသေးဘဲ ဘာမှ လည်း မမြင်ရသေးဘဲနဲ့ Wild Sex တို့ဘာတို့ သုံးနှုန်းလာတယ်။ ဒါက ဘာကို သိလို့ သုံးနှုန်းတာလဲလို့ မေး ချင်တယ်။ ရိုက်ပြီးသားမြန်မာဇာတ် ကားတွေ မှာ ပြောစရာတွေအများ ကြီး ရှိတယ်။ Sex နဲ့ပတ်သက်တာ  တို့၊ ဘာသာရေး နဲ့ပတ်သက်တာတို့ အများကြီး ရှိတယ်။ ဥပမာယဉ်ကျေး မှုကိုပြောချင်ရင် အခု အင်တာနက်မှာ လူပြောသူပြောများနေတဲ့ သီချင်းတစ် ပုဒ်ကို ဝေဖန်ရမယ်။ ဘာလို့ကျွန်တော့် ရဲ့ဇာတ်ကားကို မပြရသေးဘဲနဲ့ ဝေ ဖန်တာလဲ။ အကြောင်းရှိတယ်။ ဖဲသမား အဆိုအရတော့ "နှပ်ကြောင်း" ပေးတာပေါ့ ဒီလောက်ဆိုသဘောပေါက် ကျမှာပေါ့။ အရင်တုန်းကဆိုရင် ရုပ်ရှင်ဇာတ်ကားတွေကို ဇာတ်ကားထွက် လာပြီး မှ ဝေဖန်ကြတယ်၊ ဆောင်းပါး တွေရေးသားကြတယ်။ ရိုက်တောင် မရိုက် ရသေးဘဲ အခုဟာက ဝေဖန် မှုတွေများနေတယ်။ မြန်မာစကားထဲ မှာလည်း မရောင်ရာ ဆီလူး ဆိုသလို ဖြစ်နေတယ်။ ဥပမာ မင်းသမီးကို Sexy Dance ကခိုင်းတယ်။ မြန်မာ ဇာတ်ကားတွေမှာ Sexy အကပါတဲ့ ဇာတ်ကားတွေ အများကြီးပဲ။ အဲဒီ ဇာတ်ကား ရိုက်တုန်းက ဆင်ဆာအဖွဲ့ ဆိုတာရှိတယ်။ ဆင်ဆာ လူကြီးတွေ ခွင့်ပြုချက်ရပြီးမှ ဇာတ်ကားထွက် တာ။ ဒါပေမဲ့ လူပြော သူပြောများ တယ် ဆိုတာက သရုပ်ဆောင်ဆိုတာ ဆေးစက်ကျရာ အရုပ်ထင် ရတယ်။ အရုပ်မထင်ရင်သရုပ်ဆောင် မတော် လို့ဘဲ။ သရုပ်ဆောင်က သူကိုယ်တို င်မကျွမ်းကျင်လို့ သူ့ရဲ့မိတ်ကပ် ဆရာကိုရှေ့က ကခိုင်းပြီး သရုပ် ဆောင်ခဲ့တယ်။ အဲဒီအခွေအခုထိ ရှိတယ်...ဒါပေမယ့် ကျွန်တော့် အင်တာနက်မှာ မတင်ခဲ့ဘူး။ သူ့မျက် နှာလူမြင်မှာစိုးလို့..အဲဒီတော့ သရုပ်ဆောင်ကို ယ်တိုင်က သေသေ ချာချာ မလေ့လာဘဲကတဲ့အခါ လူ ပြောသူပြော များတယ်။ အဲဒီတော့ သရုပ်ဆောင်က ဒါရိုက်တာကို အပြစ်ဖို့တယ်။ ဒါတွေကို မသိဘဲနဲ့ ဝေဖန်ရေးတွေ မရေးသင့်ဘူး "လို့ ပြော ပါတယ်။
	ဝတ္ထုတစ်ပုဒ်၊ ဇာတ်လမ်းတစ် ခုမှာ Tempo  ဇာတ်ရှိန်မြှင့်ရတဲ့ အပိုင်းတွေနဲ့ပတ်သက်ပြီး..
	"အခုရိုက်မယ့် ဇာတ်ကားမှာ နမ်းတဲ့ ဇာတ်ဝင်ခန်းတော့ ပါတယ်။ တကယ် နှုတ်ခမ်းချင်းတေ့ စုပ်ပြီး တကယ်နမ်းတာကို ပြရင် ဒါရိုက်တာ အမှား၊ မင်းသမီးမလုံ မခြုံနဲ့ဆိုရင် ဒါရိုက်တာ အမှားပဲလေ။ နမ်းဟန်ပြ တဲ့ ဇာတ်ဝင်ခန်းတွေက မြင်အောင် ပြောရရင် ၁၉၅ဝ ခုနှစ်လောက်က တည်းက ရိုက်ကူးခဲ့တယ်။ ဆင်ဆာ ဆိုတဲ့ မူဝါဒ ကပြောရရင် လူတစ်စုပဲ ဆုံးဖြတ်စရာ မလိုဘူး။ ဆင်ဆာ ဆို တာ လူတစ်ယောက်ရဲ့ဦးနှောက်ကို ပိတ် ဆို့ထား တယ်လို့ မြင်တယ်။ အခုဖြစ်နေတာ ဆရာချစ်ဦးညိုပြော ခဲ့သလို ဖန်အိမ်ထဲ မှာ နေနေရတဲ့ဖား တစ်ကောင်နဲ့ တူတယ်။ အဲဒီဖားက လွတ်မလား ဆိုပြီး နေ့တိုင်းခုန်နေ တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကျတော့ ဖားက မလွတ်နိုင်မှန်းသိ သွားတယ်။ အဲဒီအခါကျတော့ ဖန်အိမ်ကို ဖွင့်ပေးလိုက် တယ်။ ဒါ ပေမဲ့ ဖားကဖန်အိမ်ရှိတယ်လို့ပဲ ထင် နေတော့ မခုန်တော့ဘူး။ ဒီသဘောပဲ လေ။ ဦးနှောက်ကို ဒီဆင်ဆာဆို တဲ့ဟာက ပိတ်ဆို့လိုက်တဲ့ အခါကျ တော့ ကျန် တဲ့အတွေးအမြင်တွေပါ ပိတ်ကုန် တယ်။ 

လူမျိုးတိုင်းမှာတော့ ဘာ သာတရား၊ ယဉ်ကျေးမှုဆိုတာရှိ တာပဲလေ။  ကိုယ့်လူမျိုးပဲ  ယဉ် ကျေးမှုရှိတယ်မထင်နဲ့။ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်စတဲ့ ဟာတွေလည်း ရှိတာပဲလေ။ သူတို့ဇာတ်ကားတွေ ကြည့်ဦး။ ဒါကို ယဉ်ကျေးမှုပျောက် တယ်ခေါ်မလား။ သူတို့အများကြီး တိုးတက်နေပြီ။ နမ်းတယ်ဆိုတာက စိတ်အမျိုးမျိုးရှိတယ်။ ဥပမာ- ဝိုင်ဝိုင်းအခွေထဲက အိမ်ပြန်ချိန်ဆိုတဲ့ သီချင်းကို ရိုက်ခဲ့တယ်။ Zအဘောက် ရဲ့နဖူးကို ဝိုင်ဝိုင်းက နမ်းခဲ့တယ်။ ဒါရိုက်တာက ဟန်ဆောင်နမ်းခိုင်း တာ၊ ဝိုင်ဝိုင်းက တကယ် နမ်းခဲ့တယ်။ အဲဒီမှာ သူကစကားတစ်ခွန်းပြောခဲ့ တယ်။ အဲဒီလို မျက်လုံးပြူးပြီး မကြည့် နဲ့။ ငါက ဘာစိတ်မှမပါပါဘူး။ ငါ့ အိုက်တင်အတွက် နမ်းခဲ့ရတာလေ။ အရေးကြီးတာက လူတွေမှာ စိတ်ပါ ပဲ။ ဒီ Sex နဲ့ပတ်သက် ပြီး ပရိသတ် ကို လှုံ့ဆော်ချင်တဲ့စိတ်မပါဘူး။ အနုပညာဖန်တီးမှုမှာ ဘာမှ မသိသေး ခင် ဝေဖန်တာမျိုး မဖြစ်စေချင်ဘူး" လို့ ပြောပါတယ်။ 

ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင် လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။ အခုကိုအောင်လင်း နိုင်ရေး တဲ့ ဆောင်းပါးက ကျွန်တော့်ရဲ့ နမ်း တဲ့အခန်းကို ခုတုံးလုပ်ပြီး သူလိုချင်တဲ့ ရှုထောင့်အမျိုးမျိုး က ရေးထားတာ ကိုတွေ့ရတယ်။သူ့ဆောင်းပါးကို အကျဉ်းချုပ်လိုက်ရင် ဆင်ဆာဆိုတာ ရှိ သေးတာပေါ့။ကျွန်တော်လုံးဝလက် ခံလို့မရပါဘူး ။

"ဒီမိုကရေစီ"မှာ Freedom of Expression ဟာအရေး ပါပါတယ်။ ကဲ...အခုတိုင်းပြည်မှာ တကယ်ဖြစ်နေတဲ့  အမှန်တရား တစ်ခုကို ရိုက်ပြ မယ်လေ၊ သူတို့ လက်ခံမလား။ ဥပမာ ပြောရရင် အမိမြေကို တစ်လက် မတောင် ဘယ်သူမှအဆုံးရှုံးမခံနိုင်ပေမယ့် တကယ် ဖြစ်နေတဲ့၊ သတင်းတွေ မှာတောင်ရေးနေကြတဲ့အကြောင်းအရာကို အဲဒီ အတိုင်း ရိုက်ပြမယ်၊ လက်ခံနိုင်မလား ဆိုတာမေးချင်တယ် "လို့ပြောပြပါတယ်။

‎အနုပညာနဲ့ပတ်သက်လာရင် ဒီမိုကရေစီခေတ်မှာ Freedom of Expression ဆိုတာ ရှိပြီး လူတိုင်း ပြောရေးဆို
ခွင့် ရှိတယ်။ သူတို့ဖန်တီးဖို့ အနုပညာ အတွက် သူတို့ ကိုယ်တိုင်ပဲ တာဝန်ယူ ရမယ်။ သိတတ်ရမယ်ဟု ဆို
လာသူ ဒါရိုက်တာဝိုင်းက.."ဇာတ်ကားရိုက်ကူးတာကို မြင် ပြီး တကယ် ယဉ်ကျေးမှုကို စော် ကားတယ်၊ Sexy
 ဖြစ်တယ်ဆိုရင်၊ ကိုအောင်လင်းနိုင် ရေးသလိုဖြစ်နေ ရင် ဒါက ဒါရိုက်တာရဲ့တာဝန်ပဲ။ ဘာမှလည်း မရိုက်ရ
သေးဘဲ ဘာမှ လည်း မမြင်ရသေးဘဲနဲ့ Wild Sex တို့ဘာတို့သုံးနှုန်းလာတယ်။ဒါကဘာကို သိလို့ သုံးနှုန်းတာ
လဲလို့ မေး ချင်တယ်။

ရန်ကုန်-မန်္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

၃-၁၂-၂၀၁၂ ရက်နေ့ ၀၇၅၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန်္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၃၉)နှင့် (၃၉/၁)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှမန်္တလေးသို့ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁၆-ခ)ရပ်ကွက်နေ အောင်ကိုဖြိုး(၂၃)နှစ် မောင်းနှင်လာသည့် ၃ဃ/xxxxပါရာဒိုအစိမ်းပုတ်ရောင် ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး လမ်းယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက် ပက်လက်လန်သွားခဲ့ကြောင်း သိရသည်။

၁၉ လမ်းနဲ့ ခိုင်ထူး

 
၁၉ လမ်း ခိုင်ထူးလို့ အများက တညီတညွတ်တည်း နာမည်ပေးထားတဲ့သူကို သောကြာနေ့ညက ရန်ကုန်မြို့ တရုတ်တန်း ၁၉ လမ်း စားသောက်ဆိုင်တခုမှာ  တွေ့ရပါတယ်။
သူ့ကို ဆိုင်က ဖျော်ဖြေရေးအတွက် ခေါ်ထားတာ ဟုတ်မဟုတ် စုံစမ်းကြည့်တော့ ... သူက ဒီလိုပဲ ... လမ်းထဲက ဆိုင်တွေမှာ လှည့်ပြီး သီချင်းဆိုနေတာ လို့ ဆိုင်ဝန်ထမ်းတယောက်က ရှင်းပြပါတယ်။ ဆိုင်တွေကိုရောက်လာသူတချို့က သူ့ကို ပိုက်ဆံပေးကြတယ် တဲ့။

ပိန်ချင်သူများ သတိထားဖွယ်

ဓာတ်ပုံများ - Mirror News
ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်ပါ။ မိန်းကလေးတိုင်း လှချင်ကြတာကတော့ဓမ္မတာပါဘဲ။ဒါပေမယ့်မိန်းကလေးတိုင်းရဲ့အလှဟာကိုယ့်ရဲ့ကျန်းမာရေးနဲ့ညီညွတ်စွာ
ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ခန္ဓာကိုယ် ပိန်ချင်တဲ့ အတွက် ကိုယ်အလေးချိန် ချခဲ့ရာက ကမ္ဘာ့အပိန်ဆုံး အမျိုးသမီး ဖြစ်သွားသူကတော့ရုရှားနိုင်ငံဖွားမိုနာကို နိုင်ငံမှာနေထိုင်တဲ့ အသက် ၃၉ နှစ်
အရွယ်ရှိတဲ့ (Valeria Levitin) ဗလာရီရာ လက်ဗီတင် ဆိုသူပါဘဲ။ 

ဒေါ်လာအတု ၄ သိန်းခွဲ သယ်ဆောင်လာသည်ဟုဆိုသော မြန်မာတဦး မဲဆောက်တွင် ဖမ်းမိ

ကိုမောင်ဦးလှိုင်ထံမှ သိမ်းဆည်းရမိသည်ဟု ဆိုသော ပစ္စည်းများ (ဓာတ်ပုံများ-ပြည်တော်မြင့်/ဧရာဝတီ)
ကိုမောင်ဦးလှိုင် ဆိုသူကို  ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေါ်လာအတု ၄သိန်းခွဲ၊လိုင်စင်မဲ့ကားတစီး
၊ ကားနံပတ်များနှင့်အတူ ဖမ်းဆီးရမိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Huawei Company ကထုတ်တဲ့ ၆.၁ လက်မ အရွယ်ဖုန်း iPhonw 5 ထက်သာသည်ဟု ပြောကြား

ဈေးသက်သာ ၆.၁ လက်မ အရွယ်ဖုန်း Huawei ကထုတ်၊ iPhonw 5 ထက်သာသည်ဟု ပြော

လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။

ကျောက်သင်ပုန်း ကွန်ပြူတာ အနေနဲ့ ထုတ်လုပ်ခြင်းလည်းမဟုတ်ပဲ စမတ်ဖုန်းနဲ့ Tablet ပေါင်းထားတဲ့ Phablet ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကြီးတေည့ resolution ကိုလည်း အလေးထား ပြုလုပ်ထားပေး ပါတယ်။ Full HD 1920x1080 display ဖြစ်ပြီး ဖုန်းရဲ့ အမည်ကိုတော့ Ascend Mate လို့ အမည်ပေးထားပါတယ်။ 

Android OS ကို အသုံးပြုပြီး 1.8 Ghz quad core processor ကို အသုံးပြု ထားတဲ့အတွက် high class ဖုန်းပဲ ဖြစ်ပါတယ်။ ဘက်ထရီလည်း အားကြီး ပါတယ်။ 4000 mAh ဆိုတော့ function အကုန် သုံးလို့ ဘက်ထရီ မခံမှာ မစိုးရိမ်ရ ပါဘူး။ iPhone 5 ထက်သော resolution ကောင်းနေတာကို ထူးဆန်းအံ့သြစွာ တွေ့ရှိရပါတယ်။ တစ်လက်မမှာ သိပ်သည်းဆ 361 pixel ရှိပါတယ်။ iPhone 5 ရဲ့  Retina ထက်တောင် ပိုကောင်းနေပါတယ်။ 

အရွယ်ကလည်း ကြီးတယ်။ လက်ရှိစမတ်ဖုန်းတွေထက်လည်း spec အချို့ က သာနေပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၄၈၀ လောက်ပဲလို့ ဆိုပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ရင်တောင် ၄ သိန်း ခွဲ မရှိပါဘူး။ iPhone ရော၊ Samsung တွေထက်တောင် ဈေးသက်သာမယ့် အနေအထား မှာ ရှိပါတယ်။ ၂၀၁၃ နှစ်ဆန်း အီလက်ထရောနစ် ကုန်စည်ပြပွဲမှာ ဝင်ရောက်ပြသပြီး ဖေဖော်ဝါရီလ အတွင်း ရောင်းချ နိုင်ချေ ရှိကြောင်း သိရပါတယ်။
--
Ref: dvice
Aung Kham (TSJ team)
http://blog.techspace.com.mm/2012/12/huawei.html

လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။

LG ကထုတ်တဲ့ Google TV အသံဖြင့် ထိန်းချုပ်နိုင်မည်

LG Google TV က အသံဖြင့် ထိန်းချုပ်နိုင်မည်

တောင်ကိုရီးယား LG ကုမ္မဏီဟာ တီဗီ ထုတ်လုပ်မှုာတော့ နံပါတ် ၁ ဖြစ်လာရန် နီးစပ်နေပါတယ်။

စမတ်ဖုန်း ထုတ်တဲ့ ကုမ္မဏီအများစု အတွက်လည်း Display အဓိက ထောက်ပံ့ ပေးတဲ့ ကုမ္မဏီ တစ်ခု ဖြစ်လာပါတယ်။ တီဗီထုတ်လုပ်မှုမှာလည်း နည်းပညာက ထိပ်တန်း ဦးဆောင်နေပါတယ်။ ဖရိမ်မပါသော HD TV, ကမ္ဘာ့အကြီးဆုံး 3D TV အစရှိသဖြင့် ထုတ်လုး၉ပ်လို့ အောင်မြင်မှု ရရှိထားပြီး ယခုတစ်ခါကတော့ ထုတ်သမျှ Google HDTV တိုင်းကို အသံနဲ့ ထိန်းချုပ် စေနိုင်မယ့် နည်းပညာ ပေါင်းစပ်ပေးဖို့ ဖြစ်ပါတယ်။ 

ဥပမာ- Go to NBC ဆိုရင် NBV ရုပ်သံလိုင်းကို ဖွင့်ပေးစေတာမျိုး ဖြစ်ပါတယ်။ ဘာသာစကားအများစု ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ LG တရားဝင် ရုံးခွဲ လာရောက်ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ အနာဂတ်မှာ LG တင်မကပဲ အခြား အဆင့်မြင့် HD TV တိုင်းမှာ မြန်မာဘာသာ စကား အသုံးပြုလို့ ရမယ့် အခြေအနေတစ်ခုကို  ဖန်တီးပေးနိုင်မယ်လို့ မျော်လင့်ပါတယ်။ အင်တာနက်ရုပ်သံလိုင်းများကို တီဗီ ကနေ တိုက်ရိုက်ကြည့်ရှုတဲ့ ယဉ်ကျေးမှုက မြ န်မာပြည်နဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ 

LG ရဲ့  အသံနဲ့ထိန်းချုပ် စနစ် နည်းပညာကတော့ ၂၀၁၃ နှစ်ဆန်းထုတ် Google TV တိုင်းမှာ ပါဝင်မယ်လို့ သိရပါတယ်။ 
---
Ref: dvice
Aung Kham (TSJ team)
http://blog.techspace.com.mm/2012/12/lg-google-tv.html

တောင်ကိုရီးယား LG ကုမ္မဏီဟာတီဗီထုတ်လုပ်မှုာတော့နံပါတ်၁ ဖြစ်လာရန် နီးစပ်နေပါတယ်။ စမတ်ဖုန်း
ထုတ်တဲ့ ကုမ္မဏီအများစု အတွက်လည်း Display အဓိက ထောက်ပံ့ ပေးတဲ့ ကုမ္မဏီ တစ်ခု ဖြစ်လာပါတယ်။ တီဗီထုတ်လုပ်မှုမှာလည်း နည်းပညာက ထိပ်တန်း ဦးဆောင်နေပါတယ်။

ရန်ကုန်-ပြည်လမ်းမကြီး အေဒီမီးပွိုင့်လမ်းဆုံတွင် ယာဉ်တိုက် မှုတစ်ခုဖြစ်ပွား

ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်-ပြည်လမ်းမကြီး အေဒီမီးပွိုင့်လမ်းဆုံတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားရာ ပုလင်းခွံများအား ပီနန်အိတ်များဖြင့် သယ်ဆောင်လာသော ကုန်တင်ယာဉ်မှာ ဘေးတိုက်လဲကျသွားခဲ့သည်။ အခြားကားနှစ်စီးခန့်မှာလည်း အနည်းငယ်ထိခိုက်ကာ အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)
ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)
ယနေ့ (ဒီဇင်ဘာ ၂၄ ရက်)မွန်းလွဲ၁ နာရီခန့်ကရန်ကုန်-ပြည်လမ်းမကြီး အေဒီမီးပွိုင့်လမ်းဆုံတွင် ယာဉ်တိုက်
မှုတစ်ခုဖြစ်ပွားရာ ပုလင်းခွံများအား ပီနန်အိတ်များဖြင့်သယ်ဆောင်လာသောကုန်တင်ယာဉ်မှာ ဘေးတိုက်
လဲကျသွားခဲ့သည်။

တုန်လှုပ်ခြောက်ခြားဖွယ် သေနတ်ပစ်ခတ်မှုကြီး ဖြစ်ပွားခဲ့ရာပယ်ရီဟောလ်ကျောင်းမှ အသက်ရှင်ကျန်ရစ်သူထံ လေဒီဂါဂါ လက်ဆောင်ပို့

ပယ်ရီဟောလ်ကျောင်းမှ အသက်ရှင်ကျန်ရစ်သူထံ လေဒီဂါဂါ လက်ဆောင်ပို့

လေဒီဂါဂါသည် တုန်လှုပ်ခြောက်ခြားဖွယ် သေနတ်ပစ်ခတ်မှုကြီး ဖြစ်ပွားခဲ့ရာ ပယ်ရီဟောလ် အထက်
တန်းကျောင်း ဖြစ်စဉ်တွင် အသက်ရှင် ကျန်ရစ်ခဲ့သူ ဒန်နီရယ်လ် ဘိုရိုဝီထံ လက်ဆောင်များ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ဆရာတော်ဦးတိက္ခဥာဏ၏ ဆေးကုသစရိတ် ဘတ်ငွေသုံးသန်းကျော် ကုန်ကျနေခြင်းကြောင့် ပုဂ္ဂလိက ဘန်ကောက်ဆေးရုံကြီးမှ ထိုင်းအစိုးရဆေးရုံသို့ ပြောင်းရွှေ့ကုသရန်စီစဉ်

ထိုင်းနိုင်ငံရှိ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဒဏ်ရာရသံဃာတော် ဦးတိက္ခဥာဏ၏ ဆေးကုသစရိတ်မှာ ဘတ်ငွေသုံးသန်းကျော် ကုန်ကျပြီးဖြစ်ကြောင်းနှင့် ထိုသို့ ကုသစရိတ် ကြီးမြင့်သောကြောင့် ပုဂ္ဂလိက ဘန်ကောက်ဆေးရုံကြီးမှ ထိုင်းအစိုးရဆေးရုံသို့ ပြောင်းရွှေ့ကုသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာအစိုးရတပ်များ စစ်ဆင်ရေးအတွက် ဗန်းမော်သို့ အင်အားဖြည့်

မြန်မာအစိုးရတပ်များ စစ်ဆင်ရေးအတွက် ဗန်းမော်သို့ အင်အားဖြည့်

December 24, 2012 post by Myitkyina blog news

 ဒီဇင်ဘာလ(၂၃)ရက် မနက်(၃)နာရီအချိန်တွင် မြန်မာအစိုးရတပ်ဖွဲ့ဝင်(၂၀၀)ခန့်သည် ဗန်းမော် မှ ခူးလီ၊ နားလိုင် ဘက်သို့ ချီတက်သွားကြောင်း သိရှိရသည်။

 ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် မြစ်ကြီးနားမှ ဗန်းမော်သို့ ရဟတ်ယာဉ်ဖြင့် (၃)ကြိမ် မြန်မာအစိုးရတပ်ဖွဲ့များ ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 မြန်မာ့တပ်မတော်သည် KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာ ကို စိုးမိုးထိန်းချုပ်ပိတ်ဆို့ထားနိုင်ရေးအတွက် အထူးစစ်ဆင်ရေးကွပ်ကွဲရေးရုံးကို ဗန်းမော်မြို့တွင် ဖွင့်လှစ်၍ စီမံချက်ချမှတ်၊ ညွှန်ကြားမှုပြုနေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၃)ရက် မနက်(၃)နာရီအချိန်တွင် မြန်မာအစိုးရတပ်ဖွဲ့ဝင်(၂၀၀)ခန့်သည် ဗန်းမော် မှ ခူးလီ၊ နားလိုင် ဘက်သို့ ချီတက်သွားကြောင်း သိရှိရသည်။

N.L.D ပညာရေးရန်ပုံငွေပွဲတွင် အနုပညာရှင်အများအပြား ပါဝင်သီဆိုဖျော်ဖြေကြမည်

N.L.D ပညာရေးရန်ပုံငွေပွဲ သီဆိုဖျော်ဖြေမည့် အနုပညာရှင်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ပညာရေးကွန်ရက် (၂)နှစ်ပြည့်ရန်ပုံငွေရှာဖွေပွဲတော်အဖြစ် ဈေးပွဲတော်နဲ့ ဂီတပွဲတော် တို့ကို ရန်ကုန်မြို့ ပြည့်သူ့ဥယျာဉ်(ပြည်သူ့ယျာဉ်ပြင်)မှာ ၂၇.၁၂.၂၀၁၂(ကြာသပတေးနေ့)နဲ့ ၂၈.၁၂.၂၀၁၂(သောကြာနေ့)တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ညဖက်တွေမှာ ပြုလုပ်မည့် စတိပ်ရှိုးတွေမှာတော့ လက်မှတ်တွေကို ၇၅၀၀ကျပ် တန်းနဲ့ ၁၅၀၀၀ကျပ်တန်းဆိုပြီး ခွဲထားပါတယ်။
၁ရက်စာလက်မှတ် တစ်စောင်တည်းဝယ်ရုံ နဲ့ ၂ရက်စလုံးကြည့်ရှုခွင့်ရမယ်လို့လည်းသိရပါတယ်။
လက်မှတ်တွေကို NLDဗဟိုဌာနချုပ်၊ စိန်ဂေဟာ၊ နဲ့အခြားနေရာတွေမှာ ရောင်းချပေးမယ်လို့ လည်းသိရပါတယ်။
လောလောဆယ်မှာ ပါဝင်သီဆိုပေးမဲ့အဆိုတော်တွေအတော်များနေပေမဲ့
နောက်ထပ်သီဆိုပေးမည့်အဆိုတော်တွေလည်းထပ်တိုးနေတယ်လို့
့သိရပါတယ်။

**********************************
ဖျော်ဖြေရေး(၂၇.၁၂.၂၀၁၂)
**********************************
(1)Aurora Band
*******************
၁.ဘိုဘိုဟန်
၂.ဗစ်တာခင်ညို
၃.စိန်ဝင်းထွန်း
၎.ခိုင်ထူး
၅.တူးတူး
၆.ချစ်ကောင်း
၇.အက်(စ်)ကဲနက်
၈.နော်လီဇာ

(2) Lazy Club Band
*******************
၁.ရန်အောင်
၂.ဟဲလေး
၃.ထွန်းအိန္ဒြာဗို
၎.ဖြုဖြုကျော်သိန်း
၅.၀ိုင်းစုခိုင်သိန်း
၆.အေသင်ချိုဆွေ
၇.ဆူဇီ

(3)Heaven Bron
*******************
၁.ဖြိုးကြီး
၂.သျှီ
၃.မေခလာ
၎.သော်တာချမ်းမြေ့
၅.ရတနာမိုင်
၆.အိမ့်ချစ်
၇.ရတနာ
၈.ခင်ဘုဏ်း

(4)Spectrum Band
*******************
၁.ရင်ဂို
၂.ဘိုဖြူ
၃.ဂရေဟမ်
၎.ချောစုခင်
၅.ကဗျာဘွဲ့မှူး
၆.မီးမီးခဲ
၇.ရေဗက္ကာဝင်း
၈.ထွန်းထွန်း
၉.ကျော်ကျော်ဗို

(5) Hip Hop
*******************
၁. Acid
၂.နေဇော်
၃.Cyclone
၎.စန္ဒြီုမင့်လွင်
၅.Too Big
၆.J-me
၇.ဘိုလေး
၈.ရသ
၉.ချမ်းအေးဝင်း

**********************************
ဖျော်ဖြေရေး(၂၈.၁၂.၂၀၁၂)
**********************************
(1)မဇ္ဇျိမလှိုင်း Band
*******************
၁.ကိုရဲလွင်
၂.ကိုနေ၀င်း
၃.ဂျေမောင်မောင်
၎.သားထွေး
၅.စိုးထက်
၆.ကိုထွဋ်
၇.ခက်ခက်ရန်အောင်
၈.သီရန်စု

(2) IRON CROSS Band
*******************
၁.လေးဖြူ
၂.အငဲ
၃.မျိုးကြီး
၎.၀ိုင်ဝိုင်း

(3)ရွှေသံဇဉ်
*******************
၁.နွဲယဉ်ဝင်း
၂.ဆုန်သင်းပါရ်
၃.သံသာဝင်း
၎.ခိုင်မြဲသာ
၅.ကာကာ
၆.ဥာဏ်လင်းအောင်
၇.စိုးပြည့်ပြည့်စဲ
၈.Violence

(4) Plus Three Band
*******************
၁.ထွန်းအိန္ဒြာဗို
၂.နေတိုး
၃.ပြေတီဦး
၎.ချစ်သုဝေ
၅.အိန္ဒြာကျော်ဇင်
၆.မျိုးကျော့မြိုင်
၇.ဆောင်ဦးလှိုင်
၈.အဲလက်(စ်)
၉.စည်သူလွင်
၁၀.ရှင်ဖုန်း

(5) မေတ္တာရွှေစင်(ဟာဒယ)
*******************
၁. မေတ္တာ
၂.လူမော်
၃.ငွေမိုး
၎.ချစ်ချော
၅.ပွမ်ပွမ်

FROM-Mgbohtun Nld

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက် (၂)နှစ်ပြည့်ရန်ပုံငွေရှာဖွေပွဲတော်အဖြစ် ဈေးပွဲတော်နဲ့ ဂီတပွဲတော် တို့ကို ရန်ကုန်မြို့ ပြည့်သူ့ဥယျာဉ်(ပြည်သူ့ယျာဉ်ပြင်)မှာ ၂၇.၁၂.၂၀၁၂(ကြာသပတေးနေ့)နဲ့ ၂၈.၁၂.၂၀၁၂(သောကြာနေ့)တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

ရွှေတိဂုံစေတီပေါ် လာရောက်ခိုနားသော လင်းတများ ဌာနေပြန်ပြီ´

` ရွှေတိဂုံစေတီပေါ် လာရောက်ခိုနားသော လင်းတများ ဌာနေပြန်ပြီ´

ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ လေးနာရီဝန်းကျင်ခန့်က ရွှေတိဂုံစေတီတော်ပေါ်တွင် လာရောက်ခိုနားသော လင်းတငှက် ၆ကောင်သည်
ယနေ့ နေ့လည် ၁၁နာရီကျော်ခန့်တွင် ပျံသန်းထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါငှက်များသည် ယနေ့နံနက်အထိ ရှိနေဆဲဖြစ်သော်လည်း နေ့လည်အချိန်ခန့်တွင် လေးကောင်စတင်ထွက်ခွာသွားပြီးနောက် ကျန်ရှိသောနှစ်ကောင်မှာလည်း
ယခုအခါ ပျံသန်းသွားပြီဖြစ်သည်။
သတင်း-ဓါတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
သတင်း-ဓါတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
 ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ လေးနာရီဝန်းကျင်ခန့်က ရွှေတိဂုံစေတီတော်ပေါ်တွင် လာရောက်ခိုနားသော လင်းတငှက်၆ကောင်သည်ယနေ့ နေ့လည်၁၁နာရီကျော်ခန့်တွင်ပျံသန်းထွက်ခွာသွားပြီဖြစ်ကြောင်းသတင်း
ရရှိပါသည်။အဆိုပါငှက်များသည်

ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၂)

 လယာဉ်မောင်းသင်တန်းဆင်းပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားနေသော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်း

စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မြို့ဟာ ထောင်နှင့်ချီတဲ့ ဗိုလ်လောင်းဈေးကွက်ကြီး၊ ထိုမှတဖန် အရာရှိ

သင်တန်းသား ဈေးကွက်ကြီးနဲ့လက်ညိုးထိုးမလွဲသောစစ်ဗိုလ်တို့ကျက်စားရာ  မြေယာဖြစ်နေပေပြီ။ အလျဉ်း
သင့်လို့ ပြောပြပါအုံးမယ်။ ကျွန်တော်တို့  အပတ်စဉ်မှာ လေတပ်က တပ်ကြပ်ကြီးတစ်ယောက်ရဲ့သား ပါလာ
ပါတယ်။ 

ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၁)

စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနားတစ်ခု


တပ်မတော်ထဲက အဆင်မပြေမှုများစွာကို ဒီနေရာကနေ ပြည်သူတွေဆီ ပြောပြချင်ပါတယ်။ ဒါမှလည်း “မြွေ
တိုင်း အဆိပ်မရှိဘူး” လို့ လက်ခံ အားပေးကြမှာပါ။ အရင်ကကျွန်တော်ဟာ စာစီစာကုံးကိုတောင် အမှတ်ရ
အာင် ဘယ်လို ရေးရမှန်း မသိခဲ့သူပါ။  သူငယ်ချင်းတချို့ စာစီစာကုံး ပြိုင်ပွဲတွေ ၀င်ပြီး ဆုရတယ် ဆိုတဲ့အခါ ဘယ်လို  ရေးရတာပါလိမ့်လို့ မေးမိလို့ အဟား ခံခဲ့ရဘူးပါတယ်။ အခုတော့လည်း ရင်ထဲက  ဆန္ဒနဲ့ အဖြစ်မှန်
ကို ချရေးမိတဲ့အခါ ဆောင်းပါးတစ်ပုဒ်တော့ ဖြစ်လာခဲ့ပါပြီ။

ပထမဆုံး မြန်မာခေါင်းဆောင်တစ်ဦး အနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်း၏ အုတ်နန်းပြာသာဒ်နှင့် စံအိမ်တော်သို့သွားရောက်

ပထမဆုံး မြန်မာခေါင်းဆောင်တစ်ဦး အနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်း၏ အုတ်နန်းပြာသာဒ်နှင့် စံအိမ်တော်သို့သွားရောက် 

Monday, 24 December 2012 00:23


အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ရှိ မြန်မာဘုရင် သီပေါမင်း၏ အုတ်နန်းပြာသာဒ်နှင့် စံအိမ်တော်သို့ သွားရောက်ကြည့်ရှုကာ သီပေါမင်းနှင့် မိဖုရားငယ် ရမည်းသင်းထိပ် စုဖုရားလေးတို့၏ အုတ်နန်းပြာသာဒ်နှင့် ပထမသမီးတော်၏ အုတ်နန်းပြာသာဒ်တို့တွင် ပန်းခွေချပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သည် သီပေါမင်း၏ စံအိမ်တော်သို့ သွားရောက်ပြီး စံအိမ်တော်အပေါ်ထပ်ရှိ သီပေါမင်း၏ ပုံတူပန်းချီကားနှင့် အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းထားမှုကို လေ့လာခဲ့သလို စံအိမ်တော်အတွင်းရှိ ရိုးရာအသုံးအဆောင် ပြခန်းကို လေ့လာကြည့်ရှုပြီး စံအိမ်တော်ဧည့်သည် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတသည် သီပေါမင်း၏ ဆွေတော်မျိုးတော် ငါးဦးနှင့်လည်း တွေဆုံခဲ့ပြီး ရတနာဂီရိခရိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းအား အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ခြင်းခံခဲ့ရသလို အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သူ ဇဖားရှားဘုရင်မှာလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပို့ဆောင်ခြင်းခံခဲ့ရသောကြောင့် အပြန်အလှန်အားဖြင့် ရတနာဂီရိမြို့ရှိ သီပေါမင်းနှင့်မိသားစု အုတ်နန်းပြာသာဒ်ကိုလည်း စောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင် သီပေါမင်းမှာ ဗြိတိသျှတို့က ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် နေ့တွင် မန္တလေးမြို့မှ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံ မဒရပ်မြို့မှတစ်ဆင့် မဟာရှပ်စ်ထရာပြည်နယ် ရတနာဂီရိမြို့သို့ ပို့ဆောင်ခြင်းခံခဲ့ရကာ ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ညတွင် နတ်ရွာစံခဲ့သည်။

အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ရှိ သီပေါမင်း၏ အုတ်နန်းပြာသာဒ်နှင့် စံအိမ်တော်အား မဟာရှပ်စ်ထရာပြည်နယ် အစိုးရ၏ စောင့်ရှောက်မှုဖြင့် ထားရှိကြောင်းသိရပြီး မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် မြန်မာခေါင်းဆောင်များအနက် သီပေါမင်း၏ စံအိမ်တော်နှင့် အုတ်နန်းပြာသာဒ်ကို ပထမဆုံး လာရောက်ကြည့်ရှုပြီး ဆုတောင်းမေတ္တာ ပို့သသူဖြစ်သည်။


သီပေါမင်း၏ အုတ်နန်းပြာသာဒ်တွင် ပန်းခွေချဆုတောင်းမေတ္တာ ပို့သနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ-AFP)


အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
သီပေါမင်း၏ အုတ်နန်းပြာသာဒ်တွင် ပန်းခွေချဆုတောင်းမေတ္တာ ပို့သနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ-AFP)
အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ရှိ မြန်မာဘုရင် သီပေါမင်း၏ အုတ်
နန်းပြာသာဒ်နှင့် စံအိမ်တော်သို့ သွားရောက်ကြည့်ရှုကာ သီပေါမင်းနှင့် မိဖုရားငယ် ရမည်းသင်းထိပ် စုဖုရား
လးတို့၏ အုတ်နန်းပြာသာဒ်နှင့် ပထမသမီးတော်၏ အုတ်နန်းပြာသာဒ်တို့တွင် ပန်းခွေချပြီး ဆုတောင်းမေ
တ္တာ ပို့သခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၄ ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၃ နံနက်က ပြုလုပ် သောရပ်ကွက်အုပ်ချုပ်ရေးမူးရွေးချယ်ပွဲ ခိုက်ရဖြစ်ပွားပြီး ရွေးချယ်ပွဲပျက်

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၎ ရပ်ကွက်တွင်ယနေ့  (ဒီဇင်ဘာလ ၂၃) နံနက်က ပြုလုပ်သောရပ်
ကွက်အုပ်ချုပ်ရေးမူးရွေးချယ်ပွဲတွင်ခိုက်ရန်ဖြစ်ပွါးသဖြင့်ရွေးချယ်ပွဲပျက်သွားခဲ့ကြောင်းသတင်းရရှိသည်။

လှည်းတန်းလမ်းဆုံပြဿနာရှင်းပေးမယ့် တံတားကြီးအခြေအနေ

လုပ်ငန်းခွင်တနေရာ
ရန်ကုန်က နာမည်ကျော်လှည်းတန်းလမ်းဆုံမှာ ခုံးကျော်တံတားကြီး ဆောက်နေတာ အဆုံးမသတ်နိုင်သေး
ပါဘူး။ဒီနေရာဟာ လမ်း ၅ ခု ဆုံတဲ့ အတွက် ဒီမှာ မီးပွိုင့်မိပြီဆိုရင် တခြားနေရာထက် ပိုပြီး ကြာကြာ စောင့်
ရတာပါ။ ဒီနေရာမှာ ပေါ်ပေါက်လာမယ့် တံတားကြီးပေါ် ကားတွေ ဖြတ်သွားနိုင်ပြီ ဆိုရင်တော့ ဒီလမ်းဆုံ အ
သုံးပြုသူတွေ စိတ်ချမ်းသာနိုင်ပါပြီ။ အခုတော့ တံတားက ဆောက်လက်စ၊ တိုင်တွေထူပြီးစ ဖြစ်တာကြောင့် စိတ်မချမ်းသာနိုင်သေးပါ။

''1ST MYANMAR TRAVEL & TRADE EXPO 2013 '' ကျင်းပမည်

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် (Myanmar Tourism Federation) မှ ကြီးမှူး ကျင်းပကာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ နံနက် ၉ နာရီမှ ည ၈ နာရီအတွင်း ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မ လမ်းရှိ MCC ခန်းမ (Myanmar Convention Center) ၌ ''1st Myanmar Travel & Trade Expo 2013 '' ကို ကျင်းပမည် ဖြစ်သည်။

★ စုစည်းညီညွတ်သည့် အစည်းအဝေးတခု ကျင်းပနိုင်ဖို့ ဒီမိုကရေစီအင်အားစုများ သဘောတူညီချက်ရရှိ ★

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ
၈၈ မျိုးဆက်ကျာင်းသားများအဖွဲ့နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ပ)၊ ကျောင်းသားတပ်မတော် (ABSDF) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ အားလုံး စုစည်းညီညွတ်စွာနှင့် လုပ်ဆောင်နိုင်မယ့် လုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်စေရန်၊

ပိုပြင်းသောအရေးတော်ပုံကိုကိုယ် တိုင်ဦးဆောင်မည်ဟုဦးဝီရသူမိန်ကြား

ပိုပြင်းသောအရေးတော်ပုံကိုကိုယ်တိုင်ဦးဆောင်မည်ဟုဦးဝီရသူမိန်ကြား 

ရန်ကုန်၊ဒီဇင်ဘာ၊ ၂၃ ရက်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးချက်များနှင့် အစိုးရ၏ ဆုံးဖြတ်ဆာင်ရွက်ဆောင်ရွက်မှုများသည် တရားမျှတမှုမရှိခဲ့လျှင် ပိုမိုပြင်းထန်သော အရေးတော်ပုံကို ကိုယ်တိုင်ဦးဆောင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်းရန်ကုန်ဆေးရုံကြီးအရးပေါ်ဌာနမှ ဒဏ်ရာရသံဃာတော်များအား လာရောက်ကြည့်ရှုစဉ် ဦးဝီရသူက မိန့်ကြားသွားခဲ့သည။် “သံဃာကိုထိလို့မကျေနပ်တာက နိုင်ငံရေးမဟုတ်ဘူး။ ဦးဇင်းတို့လိုလားတဲ့ လိုချင်တဲ့ဆန္ဒတွေ အကုန်လုံးပြည့်ဝအောင် အမျိုးသားအကျိုးစီးပွား မထိခိုက်နိုင်အောင်ဆိုနိုင်မှနိုင်ငံရေးလို့ ဦးဇင်းတို့ကမြင်တယ်"ဟုဦးဝီရသူကမိန့်သည်။ ဆရာတော်မှသံဃာ့ ဆန္ဒလည်းပြည့်ဝအောင်၊ အမျိုးသားအကျိုးစီးပွားလည်း မထိခိုက်စေပဲ အားလုံးပါဝင် ပူးပေါင်းသောနည်းဖြင့်ဖြေရှင်းသင့်ကြောင်း ဆရာတော်အနေဖြင့် ရွာသူရွာသားများနှင့် ဦးဇင်းတို့က တစ်သားတည်း ရှိကြကြောင်း နှင့်လက်ပံတောင်းတောင် အရေးဆောင်ရွက်နေသော သံဃာတော်များနှင့် ဆရာတော်သည် တစ်သားတည်းရှိကြောင်း လည်းပြောကြားသည်။ “ဆေးရုံပေါ်ကထိခိုက်ဒဏ်ရာရနေတဲ့သွေးမြေကျခဲ့ရတဲ့သံဃာတော်တွေနဲ့ပြည်သူတွေကလည်းတစ်သားတည်းရှိတယ်၊ ဒီအေ၇းတော်ပုံကြီးမအောင်မခြင်း ပြည်သူတွေရဲ့ ဆန္ဒမပြည့်ဝမခြင်း အမျိုးသားအကျိုးစီးပွားကိုမထိခိုက်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်မျာပါ" ဟုထပ်မံမိန့်ကြားခဲ့သည်။ ၄င်းအပြင်ဆရာတော်က လက်ပံတောင်းတောင် အရေးဆိုသည်မှာပြည်သူ့ အရေးဖြစ်ကြောင်းနှင့် ပြည်သူ့အရေးတွင် ဦးဝီရသူသည် ဘယ်တော့မှ လက်မနှေးကြောင်း၊ လက်မရှောင်ကြောင်းကို ပြည်သူများအနေနှင့် သိစေချင်ကြောင်း ဆရာတော်က မိန့်ကြားသွားခဲ့သည်။ ဟိန်းကို

The Myanma Age

ရန်ကုန်၊ဒီဇင်ဘာ၊ ၂၃ ရက်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးချက်များနှင့် အစိုးရ၏ ဆုံးဖြတ်ဆာင်
ွက်ဆောင်ရွက်မှုများသည် တရားမျှတမှုမရှိခဲ့လျှင်ပိုမိုပြင်းထန်သောအရေးတော်ပုံကို ကိုယ်တိုင်ဦးဆောင်
၍ ပြုလုပ်သွားမည် ဖြစ်ကြောင်းရန်ကုန်ဆေးရုံကြီးအရးပေါ်ဌာနမှဒဏ်ရာရသံဃာတော်များအား လာရောက်
ကြည့်ရှုစဉ် ဦးဝီရသူက မိန့်ကြားသွားခဲ့သည။်

ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားနိုင်ငံရေး( မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရီးစဉ်မိန့်ခွန်း)

ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားနိုင်ငံရေး

ဒီဇင်ဘာလ ၂၂ရက်၊ 

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ် ကောင်း/မကောင်း ဆိုတာ အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိပါတယ်။ လုံးဝကို တာဝန်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကျဆင်းခဲ့တာဟာ အရင်အနှစ် (၅၀) လောက်က စခဲ့တာပါ၊ အာဏာရှင် အစိုးရ တက်တာနဲ့ပဲ ပညာရေးစနစ်ဟာ ယိမ်းယိုင်ခဲ့တယ်၊ ဘာဖြစ်လို့လဲလို့ သေချာစဉ်းစားလို့ရှိရင်

အာဏာရှင် အစိုးရဆိုတာ မိမိတို့ အာဏာတည်မြဲရေးကိုပဲ အဓိကစဉ်းစားကြတယ်၊ မိမိတို့ အာဏာတည်မြဲရေးကိုပဲ အဓိကထားစဉ်းစားတဲ့ အခါကျတော့ 

ပြည်သူပြည်သားတွေ သိပ့်အင်အားကြီးသွားမှာကို သိပ့်ကြောက်ကြတယ်၊ ပြည်သူပြည်သားတွေ အင်အားရှိလို့ရှိရင် အစိုးရအတွက် အန္တရာယ်လို့ အာဏာရှင်အစိုးရက မြင်ကြတယ်၊ 

တကယ်တော့ ပြည်သူနဲ့ အစိုးရဆိုတာ တစ်သားတည်းဖြစ်ရမယ်၊ ပြည်သူပြည်သားတွေရဲ့ ဆန္ဒအလျှောက် ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဆိုတာ ပြည်သူ့ရဲ့ အင်အားကို အားကိုးရတယ်၊

ပြည်သူတွေအင်အားရှိမှ၊ ပြည်သူတွေတော်မှ ဒီအစိုးရဟာလဲ ထိထိရောက်ရောက် လုပ်နိုင်မှာ ဖြစ်တယ်၊ 

ကျွန်မတို့ ထူထောင်ချင်တဲ့ စနစ်မှာ ဆိုလို့ရှိရင် အစိုးရက ပြည်သူကိုလေးစားရမယ်၊ အစိုးရက ပြည်သူကို ကြောက်ရမယ်၊ မဟုတ်တာလုပ်ဖို့ ကြောက်ရမယ့် အကြောက်မျိုးပဲ ဖြစ်ရမယ်၊ တခြားအကြောက်မျိုးမဟုတ်ရဘူး၊

ကျောင်းသူကျောင်းသားများကို ပညာအရည်အချင်းမမှီအောင် ထားခဲ့တာဟာလဲ အစိုးရရဲ့ မမှန်မကန်လုပ်ရပ်တွေကို သိပ့်ပြီးတော့သိတဲ့သူတွေများမှာစိုးလို့လို့ ကျွန်မတို့မြင်တယ်။

မှန်မှန်ကန်ကန်လုပ်နေတဲ့ အစိုးရဟာ ပညာတတ်ပြည်သူပြည်သားတွေကို ကြောက်စရာ လုံးလုံးမရှိဘူးလို့ ယုံကြည်ပါတယ်။

ကျောင်းသားသမ္မဂများဆိုတာ တရားဝင် တက္ကသိုလ်တိုင်းမှာ ထူထောင်ခွင့်ရှိရမယ့် အဖွဲ့အစည်းတွေပါ၊ ဒီလိုရှိမှပဲ ကျောင်းသူကျောင်းသားများဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်သိတတ်တဲ့စိတ် ပြည့်ဝတဲ့ နိုင်ငံရေးလုပ်တတ်မှာပါ။

နိုင်ငံရေးလုပ်တဲ့နေရာမှာ တာဝန်သိဖို့ အများကြီးလိုပါတယ်၊ ကျွန်မတို့ လူငယ်ကျောင်းသားများ နှလုံးသွင်းစေချင်ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ အင်မတန်မှ လေးနက်တဲ့ ကိစ္စပါ၊ အင်မတန်မှ တာဝန်သိမှုလိုအပ်တဲ့ ကိစ္စတစ်ခုပါ၊ 

တစ်ချို့က နိုင်ငံရေးလုပ်တယ်ဆိုတာ တစ်ချိန်လုံး အော်နေဟစ်နေရတယ်လို့ ထင်ပါတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ အော်ဖိုအချိန်ကျ အော်ရမယ်၊ ငြိမ်းငြိမ်းလေးနေဖို့ အချိန်ကျရင် ငြိမ်းငြိမ်းလေးနေရမယ်၊ 

ဘယ်အချိန်မှာ အော်ရမယ်၊ ဘယ်အချိန်မျာ ငြိမ်းငြိမ်းလေးနေရမယ်ဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမယ်၊ ဒါဟာနိုင်ငံရေးပဲ၊ 

နိုင်ငံရေးဆိုတာ ဂီတတစ်ပုဒ်လိုပေါ့၊ တစ်ချိန်လုံးတီးလုံးက  တစ်ချိန်လုံး တစ်သံတည်းထွက်ပြီး ကျယ်လောင်နေလို့ ရှိရင် ရေရှည်မှာ နားထောင်လို့ မရဘူး၊ တကယ်ဂီတ အရသာပါတယ်ဆိုရင် တစ်ချို့နေရာမှာ နှေးရမယ်၊ တစ်ချို့နေရာမှာ မြန်ရမယ်၊ ကျယ်သင့်တဲ့ နေရာမှာ ကျယ်ရမယ်၊ တိုးသင့်တဲ့ နေရာမှာ တိုးရမယ်၊ ပညာပါရမယ်၊ 

တစ်ချို့က ပညာပါတယ်ဆိုတာ ဘယ်လိုနားလည်လဲ ဆိုတော့ လူလည်လုပ်တာလို့ နားလည်တယ်၊ ပညာပါတယ်ဆိုတာ လူလည်လုပ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ပညာပါတယ်ဆိုတာ မှန်မှန်ကန်ကန် သုံးသပ်လုပ်တယ်ဆိုတာ ပြောချင်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ အခု အဆင့်မြှင့် ပညာရေးအတွက် ဥပဒေကို လွှတ်တော်ထဲမှာ ပြင်ဆင်နေပါတယ်။ ဒီလိုဥပဒေဆွဲရခြင်း အကြောင်းက ကျွန်မတို့ နိုင်ငံက လူငယ်တွေဟာ တကယ်အဆင့်မှီတဲ့ တက္ကသိုလ်ပညာရရှိရေးတင် မကပါဘူး၊ တကယ်အဆင့်မှီတဲ့ နိုင်ငံသူနိုင်ငံသားများ ဖြစ်လာဖို့ဖြစ်ပါတယ်၊ 

တက္ကလိုလ်တစ်ခုမှာ ဆိုလို့ရှိရင် တက္ကသိုလ်ကျောင်းသူကျောင်းသားများဟာ ဘွဲ့တစ်ခုတင်ရတာ မဟုတ်ပဲနဲ့ ဘ၀ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်းတွေကို ရယူတဲ့ပရ၀ဏ် ပဲဖြစ်ပါတယ်၊ 

အဲဒီလိုပရ၀ဏ်ဆိုတာ အင်မတန်မှ တက်ကြွရမယ်၊ ရှင်သန်ရမယ်၊ ထိုက်သင့်ရမယ်၊ လွတ်လပ်ရမယ်၊ ကိုယ့်စည်းကိုယ်ထိန်းထားတဲ့ စနစ်မျိုးဖြစ်ရမယ်၊ ပြင်ပကနေ စည်းတွေချထားပြီးတော့ တုပ်ထား၊  

ချည်ထားတဲ့ နှောင်ထားတဲ့ ပရ၀ဏ်မျိုးမဖြစ်ရဘူး၊ အဲဒီလို ပရ၀ဏ်မျိုးမှာ ကျွန်မတို့ ကျောင်းသူကျောင်းသားလူငယ်များဟာ ဘယ်လိုမှ ပညာဥဏ်တွေ မထွားကြီးနိုင်မှာ မဟုတ်ဘူး၊ ပညာဥာဏ်တွေ ကနေ တောက်ပလာနိုင်မှာ မဟုတ်ပါဘူး၊ 

အဲဒါကြေင့် နိုင်ငံရေးနဲ့ ပညာရေးဆိုတာ အင်မတန်မှ နီးကပ်ဆက်စပ်နေပါတယ်၊ နောက် လူမှုရေးနဲ့ နိုင်ငံရေးထိစပ်နေတာ ကတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရီးစဉ်မိန့်ခွန်း

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ် ကောင်း/မကောင်း ဆိုတာ အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ အများကြီး တာဝန် 
ရှိပါတယ်။လုံးဝကိုတာဝန်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကျဆင်းခဲ့တာဟာအရင်အနှစ်(၅၀)လောက်
က စခဲ့တာပါ၊ အာဏာရှင် အစိုးရ တက်တာနဲ့ပဲ ပညာရေးစနစ်ဟာ ယိမ်းယိုင်ခဲ့တယ်၊ဘာဖြစ်လို့လဲလို့ သေ
ချာစဉ်းစားလို့ရှိရင်