Pages

Sunday, December 23, 2012

ယနေ့(၂၃.၁၂.၂၀၁၂)ညနေ ၄နာရီဝန်းကျင်က ရွှေတိဂုံပေါ်တွင် လဒ(၆)ကောင် တွေ့လိုက်ရကြောင်းသတင်းရရှိ

ဒီနေ့ညနေ ၄နာရီခွဲလောက်ရွှေတိဂုံရောက်တော့ စေတီမှာငှက်ကြီးတွေ တက်နေတယ်ပြောတာတွေ့လိုက်ရတယ်။

အကောင်ကတော်တော်ကြီးတော့ ဒေါင်းလို့ထင်လိုက်မိတာ အမှန်က "လဒ" တွေဖြစ်နေပါတယ်။

အင်္ဂါထောင့်က ခေါင်းလောင်းတော်အထက်ဖောင်းရစ် နေရာနဲ့ တနင်္ဂနွေထောင့် ငှက်ပျောဖူးအောက်ကြာမှောက်ကြာလန်နားမှာ (၃)ကောင်စီပါ ။ ဘာကြောင့်ရောက်လာလဲမသိပေမဲ့ထူးခြားလို့တွေ့ဖူးရအောင်တင်ပေးပါတယ်။

____________________________________
Reference and Credit to -သတင်းဓာတ်ပုံခွင့်ပြုပေးခဲ့တဲ့ မချိုဝေလွင်ကို ကျေးဇူးအထူးတင်ရှိပါသည်။
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)


ဒီနေ့ညနေ ၄နာရီခွဲလောက်ရွှေတိဂုံရောက်တော့ စေတီမှာငှက်ကြီးတွေ တက်နေတယ်ပြောတာတွေ့လိုက်
ရတယ်။ အကောင်ကတော်တော်ကြီးတော့ ဒေါင်းလို့ထင်လိုက်မိတာ အမှန်က "လဒ" တွေဖြစ်နေပါတယ်။

လက်နှစ်ဖက်ဖြင့် ဘာသာနှစ်မျိုး တစ်ပြိုင်တည်း ရေးနိုင်သူ

လက်နှစ်ဖက်ဖြင့် ဘာသာနှစ်မျိုး တစ်ပြိုင်တည်း ရေးနိုင်သူ

တရုတ်နိုင်ငံ ၊ ဟီဘင်းပြည်နယ် ၊ ဟန်ဒန်း ဒေသမှ အသက် ၂၄ နှစ်အရွယ် Chen Siyuan သည် ထူးခြားသည့် ပါရမီရှင်တစ်ဦး ဟုဆိုရမည်ဖြစ်သည်..။ သူမအနေဖြင့် လက်ဝဲ လက်ယာ နှစ်ဖက်စလုံး နှင့် တစ်ပြိုင်နက် စာရေးသားနိုင်သည်..။ လက်တစ်ဖက်ဖြင့် ဒေါင်လိုက် စာရေးသားနေစဉ်.. အခြားလက်တစ်ဖက်ဖြင့် ရေပြင်ညီအတိုင်း စာရေးသားနိုင်ရုံမက ဘာသာစကားနှစ်မျိုး( အင်္ဂလိပ် ၊ တရုတ်) ကို လက်နှစ်ဖက်ဖြင့် တစ်ပြိုင်နက်ရေးသားနိုင်သည်..။ သူမအနေဖြင့် သာမန်ထက်ထူးကဲလှသည့် အံ့ဖွယ်စွမ်းရည်ကို နှစ်ရှည်လများ အပင်ပန်းခံ လေ့ကျင့်မှုကြောင့်မဟုတ်ဘဲ ထူးခြားလှသည့် ပါရမီကြောင့်ဟု ဆိုရမည်ဖြစ်သည်..။ အထက်တန်းကျောင်းသူဘ၀တွင် များပြားလှသည့် အိမ်စာကို ဖြေရှင်းရန် လက်နှစ်ဖက်ဖြင့် တစ်ပြိုင်နက် ရေးသားကြည့်ရာမှ မိမိ၏စွမ်းရည်ထူးကို အမှတ်မထင်သိရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်..။ သူမ ကဲ့သို့ သူမ၏အတန်းဖော်များက အားကျ၍ မည်မျှပင်ကြိုးစား ကြစေကာမူ အောင်မြင်မှု မရခဲ့ကြ ဟုလည်းဆိုသည်..။ 

ref>>:other photos & video link>>mail online>>: http://www.dailymail.co.uk/news/article-2247414/Incredible-skill-Chinese-woman-write-hands-time-different-languages.html
ref>>:myanmar post global

တရုတ်နိုင်ငံ ၊ ဟီဘင်းပြည်နယ် ၊ ဟန်ဒန်း ဒေသမှ အသက် ၂၄ နှစ်အရွယ် Chen Siyuan သည် ထူးခြားသည့် ပါရမီရှင်တစ်ဦး ဟုဆိုရမည်ဖြစ်သည်..။ သူမအနေဖြင့် လက်ဝဲ လက်ယာ နှစ်ဖက်စလုံး နှင့် တစ်ပြိုင်နက် စာရေးသားနိုင်သည်..။

ဆွစ်ဇာလန် ဓါတ်ပုံဆရာ မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံစာအုပ် အခမဲ့ ထုတ်ဝေမည်

မြန်မာနိုင်ငံ တစ်ဝန်းတွင် ရိုက်ကူးခဲ့သော အလှအပ ရှုခင်းများ၊ လျှပ်တစ်ပြက် ဓာတ်ပုံ များကို စုစည်း၍ အခမဲ့ ဓါတ်ပုံစာအုပ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံသား ဓာတ်ပုံဆရာ Mr.Armin Graessl ကTheVoiceWeeklyသို့ပြောကြားသည်။"ဒီနိုင်ငံကအလှတရားတွေကိုဒီနိုင်ငံကလူတွေကိုယ်တိုင်သိသင့်တယ်
ဗျ၊ ပြီးတော့ နိုင်ငံခြားသားတွေ ဒီကို လာအောင် ဆွဲဆောင်ရာမှာ ကျွန်တော့် စာအုပ်ကအနည်းအကျဉ်း ပဲဖြစ်ဖြစ်အကျိုး ပြုနိုင်တယ်ဆိုရင် စာအုပ် ထုတ်ရကျိုး နပ်တယ်ဗျ" ဟု ၎င်းက ပြောကြားသည်။

ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)

ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)
Sunday, 23 December 2012


“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။
အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)

“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့အဖြစ်ဆိုတော့လူပွဲစားကလည်းရပ်ကွက်ထဲမှာ ထိုင်း
ကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကိုအိမ်ကယုံယုံကြည်ကြည်နဲ့ထည့်လိုက်တာပါ။စရိတ်ငြိမ်း
ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်း
စားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။

ဓါတ်လှေခါးအတွင်းပိတ်မိနေသော အသက် ၅၀ကျော်ခန့် ရှိ အမျိုးသားတစ်ဦး ကို မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှရဲဘော်များ အရေးပေါ်ကယ်ထုတ်ခဲ့ရ

ယနေ့ ညနေ ၄နာရီခွဲခန့် က ရွှေဂုံတိုင်လမ်းဆုံအနီးရှိ ပွင့်သစ်ဆန်း လက်ဘက်ရည်ဆိုင် ဖွင့်လှစ်ထားသော အဆောက်အအုံ ပထမထပ် ဓါတ်လှေခါးအတွင်း အသက် ၅၀ကျော်ခန့် ရှိသူ အမျိုးသားတစ်ဦး ပိတ်မိနေသည်ကို မီးသတ်ဦးစီးဌာနမှ မီးသတ်ရဲဘော်များက ကူညီကယ်ထုတ်ပေးခဲ့ရာ ညနေ ၅နာရီ ၄၅မိနစ်ခန်တွင် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်ကို တွေ့ ရသည်။

အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Voice Weekly

ယနေ့ ညနေ ၄နာရီခွဲခန့် က ရွှေဂုံတိုင်လမ်းဆုံအနီးရှိ ပွင့်သစ်ဆန်း လက်ဘက်ရည်ဆိုင် ဖွင့်လှစ်ထားသော အဆောက်အအုံ ပထမထပ် ဓါတ်လှေခါးအတွင်း အသက် ၅၀ကျော်ခန့် ရှိသူ အမျိုးသားတစ်ဦး ပိတ်မိနေခဲ့
ကြောင်းသတင်းရရှိသည်။ ထိုသို့ ပိတ်မိနေသည်ကို 

စိတ်ကူးဖြင့် ပုံဖော်၍ ယှဉ်ပြိုင်ရသည့် ကွန်ပျူတာ စစ်တုရင် ပြိုင်ပွဲကြီး

စိတ်ကူးဖြင့် ပုံဖော်၍ ယှဉ်ပြိုင်ရသည့် ကွန်ပျူတာ စစ်တုရင် ပြိုင်ပွဲကြီး
 
ကမ္ဘာ အရပ်ရပ်မှ စစ်တုရင် အကျော်အမော် များသည် တရုတ် နိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့သော ထိပ်သီး စစ်တုရင် ပြိုင်ပွဲ ကြီးတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ထူးခြားချက်မှာ ပြိုင်ပွဲဝင် သူများသည် ကွန်ပျူတာကို အသုံးပြု၍ စိတ်ကူးဖြင့် ပုံဖော် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်များ အားလုံးသည် ရွှေတံဆိပ် ဆုကို ဆွတ်ခူး ရရှိနိုင်ရေး အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားကြရပြီး အဆိုပါ စစ်တုရင် ပြိုင်ပွဲ ကြီးကို တိတ်ဆိတ် ငြိမ်သက် နေသော အခန်း ထဲတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် များသည် ၎င်းတို့ ရှေ့မှောက်ရှိ ကွန်ပျူတာ Screen တွင် အရုပ်များ မပါရှိသည့် စစ်တုရင် ခုံကြီးကို အာရုံစိုက် ကြည့်ရှုပြီး အကွက် တစ်ကွက် ရွှေ့မည် ဆိုပါက ကီးဘုတ်မှ တစ်ဆင့် ရိုက်နှိပ်၍ ရွှေ့ရခြင်း ဖြစ်သည်။ ၎င်းအပြင် ထိုသို့ မရွှေ့မီ ပြိုင်ဘက်အား မိမိရွှေ့မည့် အကွက်ကို ခေတ္တခဏ ကြည့်ရှုခွင့် ပြုရသည်ဟု သိရသည်။

အဆိုပါ စစ်တုရင် ပြိုင်ပွဲ၏ အမျိုးသား ပြိုင်ပွဲတွင် အာမေးရီးယားမှ ကမ္ဘာ့ နံပါတ်(၂) အဆင့်ရှိ လီဗွန်အေ ဂိုနီယန်က ရွှေတံဆိပ် ရရှိခဲ့ပြီး အမျိုးသမီး ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး ကမ္ဘာ့ စစ်တုရင် ချန်ပီယံဟောင်း ဟောရီဖန်းက ရွှေတံဆိပ်ဆု ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်များ အားလုံးသည် မိမိရွှေ့မည့် စစ်တုရင် အကွက်များကို စိတ်ကူးဖြင့် ပုံဖော်ရကြောင်း၊ နာရီပေါင်း များစွာ အာရုံစိုက် ခဲရသည့် အတွက် ခေါင်းကိုက် ခဲ့ရကြောင်း ပြိုင်ပွဲဝင် များက ပြောကြား ထားသည်။

သို့ရာတွင် စိတ်ကူးဖြင့် ပုံဖော်၍ စစ်တုရင် ယှဉ်ပြိုင်ရခြင်းသည် ကစားသူ၏ အရည်အချင်းကို ပိုမို အသုံးချခြင်း ဖြစ်သောကြောင့် သာမာန် ကစား ရသည်ထက် ပို၍ စိတ်ဝင် စားဖွယ် ကောင်းကြောင်း ပထမဆု ရရှိခဲ့သည့် နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သူ ရီဖန်းက ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/arts/artcorner/item/2561-2012-12-22-11-56-30

ကမ္ဘာ အရပ်ရပ်မှ စစ်တုရင် အကျော်အမော် များသည် တရုတ် နိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့ 
သော ထိပ်သီး စစ်တုရင် ပြိုင်ပွဲ ကြီးတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

အီရန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့  ရခိုင်ရှိ ဘင်္ဂလီများ၏အခြေအနေလေ့လာရန် လာရောက်မည်

အီရန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ 
ရခိုင်ရှိ ဘင်္ဂလီများ၏အခြေအနေလေ့လာရန် လာရောက်မည်

ရန်ကုန်-ဒီဇင်ဘာ၂၃

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများ၏အခြေအနေလေ့လာရန် အီရန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်နှစ်ဦးပိုင်းတွင်
် မြန်မာနိင်ငံသို့လာရောက်မည်ဟုသိရသည်။
အီရန်လွှတ်တော်ကိုယ်စားလှယ်အဖွဲံ့ မြန်မာလာဖို့ အကြိုသဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း အီရန်လွှတ်တော်
အမျိုးသားလုံခြုံရေးနှင့် နိင်ငံခြားရေးမူဝါဒကော်မတီဒုဥက္ကဌ Mansour Haqiqatpour ကပြောသည်။
  အဆိုပါခရီးတွင် အီရန်ကြက်ခြေနီအဖွဲ့အစည်း (IRCS)နှင့် အီရန်အစ္စလမ်မစ် ရုပ်သံလည်းလိုက်ပါလာမည်ဟုသိရသည်။ KYL

                                                                     ref; press Tv

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများ၏အခြေအနေလေ့လာရန် အီရန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်နှစ်ဦးပိုင်းတွင် မြန်မာနိင်ငံသို့လာရောက်မည်ဟုသိရသည်။ အီရန်လွှတ်တော်ကိုယ်စားလှယ်အဖွဲံ့ မြန်
မာလာဖို့ အကြိုသဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း အီရန်လွှတ်တော်အမျိုးသားလုံခြုံရေးနှင့် နိင်ငံခြား
ရးမူဝါဒကော်မတီဒုဥက္ကဌ Mansour Haqiqatpour ကပြောသည်။

ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်ကုမ္ပဏီတို့ တရားရုံး နောက်တစ်ဆင့်တွင် ရင်ဆိုင်လျက်ရှိပြီး မြန်မာကျောက်စိမ်းများ တရုတ်သို့ မှောင်ခိုကုန်သွယ်နေသည့် လမ်းကြောင်းကို အဓိကစစ်ဆေးနေ


ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်ကုမ္ပဏီတို့ တရားရုံး နောက်တစ်ဆင့်တွင် ရင်ဆိုင်လျက်ရှိပြီး မြန်မာကျောက်စိမ်းများ တရုတ်သို့ မှောင်ခိုကုန်သွယ်နေသည့် လမ်းကြောင်းကို အဓိကစစ်ဆေးနေ  

Sunday, 23 December 2012 12:26

မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက်စိမ်းတုံး နှစ်တုံးနှင့်ပတ်သက်၍ မြန်မာနှင့်တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ ဖူဆန်မြို့ အငယ်စား ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေရာမှ ဖူဆန်မြို့အလတ်စား ပြည်သူ့တရားရုံးတွင် ဆက်လက်တရား ရင်ဆိုင်လျက်ရှိပြီး မြန်မာကျောက်စိမ်းများ တရုတ်သို့ မှောင်ခိုကုန်သွယ်နေသည့် လမ်းကြောင်းကို အဓိကစစ်ဆေးနေကြောင်း မြန်မာကျောက်စိမ်း ကုမ္ပဏီ သီတာမြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သတင်းရရှိပါသည်။

အဆိုပါအမှုသည် မြန်မာကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်စိမ်းကုမ္ပဏီနှင့် တရုတ်လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့အကြား တရားရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ဖူဆန်မြို့ အလတ်စားတရားရုံးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ပြီး အမှုမပြီးပြတ်သေးကြောင်း သိရပါသည်။

“မြန်မာနိုင်ငံမှာ ကျောက်စိမ်းတုံးက တရားဝင်၊ ဒါပေမယ့် တရုတ်နိုင်ငံကို ကျောက်စိမ်းတုံးက  တရားဝင်ကုန်သွယ်မှု အထောက်အထား၊ အခွန်ပေးဆောင်မှုမရှိဘဲ ရောက်သွားတယ်။ အဲဒါကြောင့် တရားစွဲတာပါ။ တရုတ်တရားရုံးကလည်း ဒါကို အဓိကထားပြီး စစ်ဆေးနေပါတယ်” ဟု သီတာမြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

ကျောက်စိမ်းတုံးနှစ်တုံးသည် သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့်ကျောက်စိမ်းလုပ်ကွက် တစ်ခုမှ ၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်း တူးဖော်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အလေးချိန် ၃၂ တန်ရှိ အဆိုပါ ကျောက်စိမ်းတုံးကို လေးခြမ်းရရှိအောင် ဖြတ်တောက်ခဲ့ပြီး နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတွင် ချန်လုံကျောက်မျက် ကုမ္ပဏီမှတစ်ဆင့် တင်ပြရောင်းချခဲ့ကြောင်း၊ ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူစန်မြို့၊ နန်ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ပေးဆောင်ရန် သီတမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက်စိမ်းကုန်သွယ်ရေး ကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့်ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန်ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံလက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းအထိ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် တရားစွဲရခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်စိမ်းတုံး နှစ်တုံးမှာ တန်ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်း ယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။


နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း သီတာမြနန်း ကုမ္ပဏီပိုင် ချိပ်ပိတ်ထားသည့် ကျောက်စိမ်းတုံးနှစ်တုံးကို တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း သီတာမြနန်း ကုမ္ပဏီပိုင် ချိပ်ပိတ်ထားသည့် ကျောက်စိမ်းတုံးနှစ်တုံးကို တွေ့ရစဉ်
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက်စိမ်းတုံး နှစ်တုံးနှင့်ပတ်သက်၍ မြန်မာနှင့်တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ ဖူဆန်မြို့ အငယ်စား ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေရာမှ ဖူဆန်မြို့အလတ်စား ပြည်သူ့တရားရုံးတွင် ဆက်လက်တရား ရင်ဆိုင်လျက်ရှိပြီး မြန်မာကျောက်စိမ်းများ တရုတ်သို့ မှောင်ခိုကုန်သွယ်နေသည့် လမ်းကြောင်းကို အဓိကစစ်ဆေးနေကြောင်း မြန်မာကျောက်စိမ်း ကုမ္ပဏီ သီတာမြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သတင်းရရှိပါသည်။

မယ်စင်္ကြာဝဌာ သရဖူအမေရိကန်နိုင်ငံသူ ဆွတ်ခူးရရှိ

အမေရိကန်သူက မယ်စင်္ကြာဝဌာ သရဖူ ဆွတ်ခူး

ပြီးခဲ့တဲ့ ဗုဒ္ဓ္ဓဟူးနေ့ ကျင်းပပြီးစီးခဲ့တဲ့ မယ်စင်္ကြာဌာ (Miss Universe 2012) ပြိုင်ပွဲရလဒ် ဖြစ်ပါတယ်။ 

အသက် ၂၀ အရွယ် အမေရိကန် မယ် Olivia Culpo (အနီရောင် ဂါဝန်) မှ သရဖူ ဆွတ်ခူးနိုင်ခဲ့ပြီး ဖိလစ်ပိုင်မယ် Janine Tugonon (မိုးပြာရာင်) က First runner up ၊ ဗင်နီဇွဲလား မယ် Irene Sofia Esser Quintero (စိမ်းပြာရောင်) က second runner up ရရှိပါတယ်။ သြစတေးလျနဲ့ ဘရာဇီးမယ်များက နောက်ထပ် အစဉ်လိုက် ဖြစ်ပါတယ်။

ဆုကို ယမန်နှစ်က သရဖူဆောင်းနိုင်ခဲ့သော အန်ဂိုလယ်မယ်ကိုယ်တိုင် လွဲအပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ မယ်စင်္ကြ၀ဌာ အိုလီဗာအနေနဲ့ တစ်နှစ်တာ ကာလလုံး ပရဟိတ လုပ်ငန်းများ လုပ်ဖို့အတွက် လက်ခံသဘော တူပြီး ဖြစ်တဲ့အတွက် ၂၀၁၃ မယ်စင်္ကြာဝဌာ ပြိုင်ပွဲ မတိုင်မှီအထိ သရဖူ ပိုင်ဆိုင်ထားရမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: missuniverse

www.innewsmyanmar.com/2012/12/blog-post_7811.html

ပြီးခဲ့တဲ့ဗုဒ္ဓ္ဓဟူးနေ့ကျင်းပပြီးစီးခဲ့တဲ့မယ်စင်္ကြာဌာ(Miss Universe 2012) ပြိုင်ပွဲရလဒ် ဖြစ်ပါတယ်။အသက်၂၀ 
အရွယ် အမေရိကန် မယ် Olivia Culpo (အနီရောင် ဂါဝန်) မှ သရဖူ ဆွတ်ခူးနိုင်ခဲ့ပြီး ဖိလစ်ပိုင်မယ် Janine Tugonon (မိုးပြာရာင်) က First runner up ၊ ဗင်နီဇွဲလား မယ် Irene Sofia Esser Quintero (စိမ်းပြာရောင်) က second runner up ရရှိပါတယ်။ သြစတေးလျနဲ့ ဘရာဇီးမယ်များက နောက်ထပ် အစဉ်လိုက် ဖြစ်ပါတယ်။

၂၀၁၃ဇန်န၀ါရီရောင်းချမည့် တန်ဖိုးနည်းဖုန်း အင်တာနက်ပါ ထည့်လျှောက်နိင်

၂၀၁၃ဇန်န၀ါရီရောင်းချမည့် တန်ဖိုးနည်းဖုန်း အင်တာနက်ပါ ထည့်လျှောက်နိင်

ရန်ကုန်-ဒီဇင်ဘာ၂၃

၂၀၁၃ဇန်န၀ါရီ၌ရောင်းချမည့် တန်ဖိုးနည်းဖုန်းတွင် အင်တာနက်လျှောက်ထားခွင့်
ရမည်ဟု မြန်မာဆက်သွယ်ရေးမှသိရသည်။
နှန်းထားကတော့ လက်ရှိကောက်ခံနေတဲ့နှုန်းအတိုင်းကောက်မှာပါ။အင်တာနက်
တစ်ခါတည်း လျှောက်ချင်ရင်လျှောက်ခွင့်ပေးမှာပါဟု ဒုတိယအင်ဂျင်နီယာချုပ်
ဦးစိုးးအောင်ကပြောသည်။
ဇန်န၀ါရီ၌ရောင်းချမည့် တန်ဖိုးနည်းဖုန်းနှုန်းထားကိုကျပ်နှစ်သိန်းထက်လျှော့သော
ဈေးဖြင့်ေ၇ာင်းချသွာမည်ဟုသိရသည်။az

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal

 
၂၀၁၃ဇန်န၀ါရီ၌ရောင်းချမည့် တန်ဖိုးနည်းဖုန်းတွင် အင်တာနက်လျှောက်ထားခွင့်ရမည်ဟု မြန်မာဆက်သွယ်ရေး
မှသိရသည်။နှန်းထားကတော့လက်ရှိကောက်ခံနေတဲ့နှုန်းအတိုင်းကောက်မှာပါ။အင်တာနက်တစ်ခါတည်း
လျှာက်ချင်ရင်လျှောက်ခွင့်ပေးမှာပါဟု ဒုတိယအင်ဂျင်နီယာချုပ်ဦးစိုးးအောင်ကပြောသည်။

(၆၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့မင်္ဂလာဈေး အထူးဈေးရောင်းပွဲတော် ကျင်းပပြုလုပ်တော့မည်


Photo: “(၆၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့ မင်္ဂလာဈေး အထူးဈေးရောင်းပွဲတော်”

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

(၆၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထူးဈေးရောင်းပွဲတော်ကြီးအား အဆင့်မြင့် မင်္ဂလာဈေး၊မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ်နှင့် ရွှေပြည့်စုံဈေး တို့တွင် ဈေးသူ/သားများ စုပေါင်းပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးဈေးရောင်းပွဲတော်ကြီးအား မင်္ဂလာဈေးဝင်းအတွင်း ဇန်န၀ါရီလ (၃)ရက်နေ့ မှ (၅)ရက်နေ့အထိ နံနက် (၉)နာရီမှ စတင်ကာ ၃ ရက်တိုင် ကျင်းပမည်ဖြစ်ပြီး မေတ္တာတုံ့ပြန်သောအားဖြင့် ပထမဆု Pro box မော်တော်ယာဉ်အပါအ၀င် အခြား ကံစမ်းမဲအစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

YN

Popular Myanmar News Journal

(၆၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထူးဈေးရောင်းပွဲတော်ကြီးအား အဆင့်မြင့် မင်္ဂလာဈေး၊မင်္ဂလာမွန်
ဈး၊ မင်္ဂလာဈေးသစ်နှင့် ရွှေပြည့်စုံဈေး တို့တွင် ဈေးသူ/သားများ စုပေါင်းပြုလုပ်မည် ဖြစ်ကြောင်း သိရ
သည်။

သွားကြိတ်တတ်ကလေးတွေအတွက် မိဘတွေသတိပြုမိစေရန်

Photo: သင့်ကလေး သွားကြိတ်တတ်ပါသလား

22 DECEMBER 2012 

အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း သည် သွားကိုဖိကြိတ်ခြင်း သို့မဟုတ် မေးရိုးအားပြု၍ သွားကြိတ်ခြင်းဖြစ်ကာ အထူးသဖြင့် အိပ်ပျော်နေစဉ် သို့မဟုတ် စိတ်ဖိစီးမှုဖြစ်နေစဉ်တွင် ဖြစ်တတ်သည်။ အများအားဖြင့် သွားများပျက်စီးမှုမရှိသော်လည်း သွားကြိတ်သောကလေး အချို့တွင် ခေါင်းကိုက်ခြင်း သို့မဟုတ် နားကိုက်ခြင်းများ ခံစားတတကြရသည်။ Nemours ဖောင်ဒေးရှင်းက အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းများ အတွက် ဖြစ်နိုင်သော သတိပေး လက္ခဏာများကို ပြုစု ထုတ်ပြန်ထား သည်မှာ-
- သင့်ကလေးအိပ်ပျော်နေစဉ် သွားကြိတ်သံကြားရအောင် သွားကြိတ်ခြင်း
- သင့်ကလေး၏မေးရိုး သို့မဟုတ် မျက်နှာတွင် နံနက်ပိုင်း၌နာကျင်မှုခံစားရခြင်း
- သင့်ကလေးသည် လက်မစုပ်တတ်ခြင်း သင့်ကလေးသည် လက်သည်းများကိုက်တတ်ခြင်း
- သင့်ကလေးတွင် ပါးစောင်အတွင်း၌ ကိုက်ထားသည့် လက္ခဏများရှိနေခြင်း
- သင့်ကလေးသည် ကစားစရာ အရုပ်များ သို့မဟုတ် ခဲတံများအစရှိသည့် ပစ္စည်းများကို ရံဖန်ရံခါကိုက်ဝါးတတ်ခြင်း တို့ဖြစ်သည်။

အေးချမ်းမွန်မှ   ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ရိုးရာလေး

အိပ်ပျော်နေစဉ်သွားကြိတ်ခြင်းသည်သွားကိုဖိကြိတ်ခြင်းသို့မဟုတ် မေးရိုးအားပြု၍သွားကြိတ်ခြင်းဖြစ်ကာ
အထူးသဖြင့် အိပ်ပျော်နေစဉ် သို့မဟုတ် စိတ်ဖိစီးမှုဖြစ်နေစဉ်တွင် ဖြစ်တတ်သည်။ အများအားဖြင့် သွားများ
ပျက်စီးမှုမရှိသော်လည်း သွားကြိတ်သောကလေး အချို့တွင် ခေါင်းကိုက်ခြင်း သို့မဟုတ် နားကိုက်ခြင်းများ ခံ
စားတတကြရသည်။

စတိဗ်ဂျော့ ရွက်လှေကို နယ်သာလှန်အစိုးရပိုင်အဖြစ် သိမ်းယူ

စတိဗ်ဂျော့ ရွက်လှေကို နယ်သာလှန်အစိုးရပိုင်အဖြစ် သိမ်း

စတိဗ်ဂျော့ပိုင်တဲ့ လှေကို နယ်သာလှန်နိုင်ငံ၊ Amsterdam မြို့  ဆိပ်ကမ်းက အာဏာပိုင်တို့ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ 

ကြွေးမြီကိစ္စ စကားများလို့ ဖြစ်ပါတယ်။ ယင်းလှေကို ပြုလုပ်ပေးသူကတော့ နယ်သာလှန် ဒီဇိုင်နာ Mr Starck  ရဲ့  UBik ကုမ္မဏီက ဖြစ်ပါတယ်။ ယင်းအတွက် ငါးနှစ်တောင် အချိန်ယူခဲ့ရပါတယ်။ ရွက်လှေ တည်ဆောက်မှု ပရောဂျက်အတွက် Mr Starck ကို ယူရိုငွေ ၉ သန်း ပေးရမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ၃ သန်းပေးဖို့ ကျန်ရှိနေသေးပြီး ဒီအတွက် ငွေ တောင်းဆိုနေပါတယ်။ နောက်ဆုံး လှေကိုတောင် ယူမယ့် အနေအထားအထိ ဖြစ်ခဲ့ပါတယ်။ 

လှေရဲ့  စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၃၈ သန်း ဖြစ်ပြီး စတိဗ်ဂျော့မှ ပေးချေပြီး ဖြစ်ပါတယ်။ အလူနီယမ် ကိုယ်ထည့်နဲ့ ပြုလုပ်ထား တဲ့ အဆင့်မြင့် ဇိမ်ခံ ရွက်လှေဖြစ်ပြီး Venus (ဗီးနတ်စ်)လို့ အမည်ပေးထားပါတယ်။ 

၂၀၁၁ မှာ ကွယ်လွန်ခဲ့တဲ့ စတိဂျော့ကတော့ ရွက်လှေကို ရေချတဲ့ အထိတောင် မမြင်လိုက်ရပါဘူး။ ယခုဆိုရင် ယင်းလှေက ပင်လယ် ခရီး သွားနိုင်နေပြီ ဖြစ်ပါတယ်။ ပေ ၂၆၀ ရှည်တဲ့ ဈေးကြီး ရွက်လှေ တစ်စီး ဖြစ်ပါတယ်။ ယခုတော့ နယ်သာလန် Amsterdam ဆိပ်ကမ်း အာဏာပိုင်တို့က ကြွေးမြီ ပြဿနာ ကြောင့် Venus ကို သိမ်းဆည်း လိုက်ကြောင်း သိရပါတယ်။ 
--
Ref: BBC
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/blog-post_22.html

---

စတိဗ်ဂျော့ပိုင်တဲ့ လှေကို နယ်သာလှန်နိုင်ငံ၊ Amsterdam မြို့  ဆိပ်ကမ်းက အာဏာပိုင်တို့ သိမ်းဆည်းလိုက်
ပီ ဖြစ်ကြောင်း သိရပါတယ်။ ကြွေးမြီကိစ္စ စကားများလို့ ဖြစ်ပါတယ်။ယင်းလှေကို ပြုလုပ်ပေးသူကတော့ နယ်
သာလှန် ဒီဇိုင်နာ Mr Starck ရဲ့  UBik ကုမ္မဏီက ဖြစ်ပါတယ်။

ရေငုံနှုတ်ပိတ်နေသော သမ္မတ နှင့် သွားသလောက် တာမရောက်သော လူထုခေါင်းဆောင်

နိုင်ငံတော်သမ္မတသည် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရုံမှတစ်ပါးဒဏ်ရာရဆန္ဒပြသံယာတော်များ နှင့်လည်း
တွေ့ဆုံခြင်းမရှိ ရေငုံနှုတ်ပိတ် နေလေသည်..။ လက်ပတောင်း သပိတ်စခန်းဖြိုခွင်းမှု အပြီး ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မုံရွာဆေးရုံသို့ ဒဏ်ရာရရှိသူများ ကို သွားရောက်ကြည့်ရှုအား
ပေးခဲ့သည်..။

ဖျော်ရည်နှင့် ဆေးဝါး တွဲသောက်လျှင်

ဖျော်ရည်နှင့် ဆေးဝါး တွဲသောက်လျှင်

ဂရိတ်ဖရု ဖျော်ရည်သည် ခန္ဓာကိုယ်မှ ဆေးဝါး စုပ်ယူနိုင်မှု ပမာဏကို အနှောင့်အယှက် ဖြစ်စေနိုင် ရုံမျှမက လိမ္မော်ရည်၊ ပန်းသီးဖျော်ရည် များသည် ပင်အချို့သော ဆေးဝါးများ၏ အကျိုး သက်ရောက် နိုင်မှုကို ကျဆင်း စေတတ်ကြောင်း တွေ့ရှိချက် တစ်ရပ်က ဆိုသည်။

များစွာသော သစ်သီး ဖျော်ရည် များသည် ကင်ဆာနှင့် နှလုံးရောဂါတွင် ဆေးဝါးနှင့် အတွေ့မှာ ကောင်းကျိုးထက် အသက် အန္တရာယ်ရှိသော ဆိုးကျိုးများ ဖြစ်စေသည်ဟု မကြာခင်က ပြုလုပ်ခဲ့သော လေ့လာမှု တစ်ခုက ဆိုသည်။

တစ်ခါတစ်ရံ ထိုဖျော်ရည် များကြောင့်ပင် ဆေးအာနိသင် တစ်ဝက်မျှပဲ ရစေတတ်၏။ အစဉ်အဆက် သုတေသန ပြုမှုများတွင် ဂရိတ်ဖရု အချိုရည် သည် အချို့ဆေးများကို ဆိုးဆိုး ရွားရွား ပြင်းထန်စေ တတ်ကြောင်း သိရသည်။

သို့ဆိုလျှင် ဆေးကို မည်သို့သောက်မည်နည်း။ ရှင်းပါသည်။ ဆေးကို ရိုးရိုးရေနှင့်သာ သောက်သင့် ပါသည်။

အေးချမ်းမွန်မှ  Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Royal Hero Media

ဂရိတ်ဖရု ဖျော်ရည်သည် ခန္ဓာကိုယ်မှ ဆေးဝါး စုပ်ယူနိုင်မှု ပမာဏကို အနှောင့်အယှက် ဖြစ်စေနိုင် ရုံမျှမက လိမ္မော်ရည်၊ ပန်းသီးဖျော်ရည် များသည် ပင်အချို့သော ဆေးဝါးများ၏အကျိုးသက်ရောက် နိုင်မှုကို ကျဆင်း
 စေတတ်ကြောင်း တွေ့ရှိချက် တစ်ရပ်က ဆိုသည်။

စိတ်ပိုင်းဆိုင်ရာချို့တဲ့သည့် ကလေးများအား လင်းပိုင်များအသုံးပြု ကုသမှု အောင်မြင်နေ

စိတ်ပိုင်းဆိုင်ရာချို့တဲ့သည့် ကလေးများအား လင်းပိုင်များအသုံးပြု ကုသမှု အောင်မြင်နေ 

Posted on Dec 22 12 

 တရုတ်နိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့မှု ရှိနေသော ကလေးငယ်များကို လင်းပိုင်များ အသုံးပြုသည့် ကုထုံးဖြင့် ကုသမှုများ အဆင်ပြေနေကြောင်း သိရှိရသည်။ ပုလင်းပုံ နှာခေါင်းနှင့် လင်းပိုင်စုံတွဲကို ဟန်ဇူး ပိုလာအိုးရှင်း အဏ္ဏဝါဥယျာဉ်တွင် တစ်နေ့ (၁၅)ကြိမ် အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သော ကလေးများကို ကုသပေးနေကြောင်း ဖခင်တစ်ဦးဖြစ်သော ဇန်ဂျွန်းက ရှင်းပြခဲ့သည်။ ၎င်း၏ အထီးကျန် စိတ်ဝေဒနာသည် (၅)နှစ်သားလေးသည် အဆိုပါ ကုထုံးကြောင့် သူငယ်တန်းအဆင့် ပညာသင်ယူရေးတွင် လိုက်နိုင်လောက်သည့် အသိနှင့် သတိတို့ ရှိလာကြောင်း ဇန်က ဆိုသည်။ ၎င်းက လင်းပိုင်များနှင့် ပျော်ရွှင်စွာ ထိတွေ့ ဆော့ကစားသည့် ကုထုံးသည် သားဖြစ်သူအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။



ဇန်က "ခုဆိုရင် ကျွန်တော့်သားကို သူ့အတန်းဖော်တွေနဲ့ သီးခြားပုံစံ ဖြစ်နေတယ်လို့ ဘယ်သူမှ မပြောတော့ဘူး"ဟု ပြောကြားခဲ့သည်။ ဇန်သည် ဩစတြေးလျသို့ အလည်အပတ် သွားရောက်စဉ် လင်းပိုင်များနှင့် ရေကူးသည့် အစီအစဉ်ကို သဘောကျ နှစ်သက်ခဲ့သူ ဖြစ်သည်။ ယခုအခါ လာမည့် နွေရာသီအတွက် စိတ်ကျန်းမာရေး ချွတ်ယွင်းချက် ရှိနေသော ကလေးငယ်များအနက် (၈၀)ရာခိုင်နှုန်းခန့်သည် လင်းပိုင်ကုထုံး ခံယူရန် စာရင်းသွင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ကျန်သော ရာသီဥတုများတွင် အအေးဓာတ် လွန်ကဲလေ့ရှိပြီး ကလေးများအတွက် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် နွေရာသီကိုသာ သီးခြား ရွေးချယ်ခြင်းဟုလည်း ဆိုသည်။

ရှီဂျီအန်း ငါးပြတိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုက ပိုင်ဆိုင်သော အဏ္ဏဝါဥယျာဉ်မှ မန်နေဂျာ လျူကွမ်ရှန်းက (၂၀၁၃)ခုနှစ် နွေရာသီအတွက် စာရင်းပိတ်ပြီ ဖြစ်သောကြောင့် အခြားကလေးငယ်များသည် (၂၀၁၄)ကျမှ ယင်းကုထုံးကို ခံယူနိုင်မည်ဟု ဆိုသည်။ လျူက သက်တမ်း(၃)နှစ် ရှိပြီဖြစ်သော လင်းပိုင်များနှင့် ရေကူးမှု အစီအစဉ်နှင့် ပတ်သက်၍ "စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတဲ့သူတွေမှာတောင် တိုတောင်းတဲ့ သက်တမ်းတစ်ခုစာ သိစိတ်ကတော့ ရှိနေပါတယ်။ လင်းပိုင်တွေနဲ့ ရေကူးတာဟာ သူတို့ရဲ့ စိတ်ကို အထောက်အကူ ဖြစ်စေသလို သက်တောင့်သက်သာနဲ့ အာရုံစူးစိုက်တတ်လာစေတယ်။ လင်းပိုင် ကုထုံးဟာ တကယ် အာနိသင် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေဟာ ဒီတိရစ္ဆာန်လေးတွေကို အာရုံကျပြီး နှစ်သက်လေ့ရှိတာကြောင့် လူသားတွေနဲ့ ကုသတာထက်ကို ပိုပြီး သက်ရောက်မှု ကောင်းပါတယ်"ဟု ရှင်းပြသွားခဲ့သည်။ 

Source: Xinhua


အေးချမ်းမွန်မှ Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network

တရုတ်နိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့မှု ရှိနေသော ကလေးငယ်များကို လင်းပိုင်များ အသုံး
ပြုသည့် ကုထုံးဖြင့် ကုသမှုများ အဆင်ပြေနေကြောင်း သိရှိရသည်။ ပုလင်းပုံ နှာခေါင်းနှင့် လင်းပိုင်စုံတွဲကို ဟန်ဇူး ပိုလာအိုးရှင်း အဏ္ဏဝါဥယျာဉ်တွင် တစ်နေ့ (၁၅)ကြိမ် အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို
့တဲ့သော ကလေးများကို ကုသပေးနေကြောင်း ဖခင်တစ်ဦးဖြစ်သော ဇန်ဂျွန်းက ရှင်းပြခဲ့သည်။

အထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး MD ဦးအောင်ကျော်စိုး နှင့် မိန်းမအရှုပ်တော်ပုံ

အထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် မိန်းမအရှုပ်တော်ပုံ 

အထည်လုပ်ငန်း MD ဦးအောင်ကျော်စိုးသည်လည်း နိုင်ငံတော်ပိုင်ငွေကြေးများစွာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေပီး ရန်ကုန်မြို၊ စမ်းချောင်းမြို့နယ်၊ ဟင်္သာတ လမ်းတွင် ရုပ်ရှင်မင်းသား ဒွေးနေထိုင်ခဲ့
သောအိမ်ကိုဝယ်ယူနေထိုင်နေပါတယ်။ သူ့ရဲ့နောက်ထပ်ပိုင်ဆိုင်မှုမှာ ရန်ကုန်မြို့လူကုံထံများနေထိုင်သော ကမာရွတ်မြို့နယ်၊ အင်းယားကန်နားမှ မြကန်သာ (၂) လမ်းတွင် ၂ထပ်တိုက်ကြီးတစ်လုံး ခေတ်ကာလ
ပေါက်ဈေး သိန်း ၃၀၀၀ကျော် ကိုလည်း လက်ရှိဆောက်လုပ်ပြီးစီးထားပါတယ်။ထို့ပြင်ရန်ကုန်မြိုမြေနီကုန်းမြို့နယ် ဒဂုံစင်တာ၂ ၏ဘေးလမ်း ၊ ကျောင်းလမ်းတွင်လည်း ကန်ထရိုက်တိုက်တစ်လုံး ကာလပေါက်ဈေး သိန်း ၁၀၀၀ ကိုလည်းဆောက်လုပ်ထားပါတယ်။ ဓါတ်ပုံများကိုလည်းပူးတွဲတင်ပြပေးပါမည်။
နေပြည်တော်တွင်လက်ရှိနေထိုင်သောအိမ်မှာလည်း ဥတရသီရိမြို့နယ်တွင်တည်ရှိပြီး ပုဂံ(၁)လမ်းတွင် တည်ဆောက်ထားပါတယ်။ခေတ်ကာလပေါက်ဈေး သိန်း ၂၀၀၀ ကျော်ရှိပါသည်။ထိုပြင် သူ၏အမျိုးသမီးဖြစ်သူ မှာ သူဌေးအများစု ဇိမ်ခံကာ စီးသော MARK X ကားအမျိုးအစား ကားနံပတ် ၄ဃ/၈၇၈၃ ဖြစ်ပါတယ်။ ကာလပေါက်ဈေး သိန်း ၃၅၀ အထက်ဖြစ်ပါတယ်။ထို့ပြင် Light Truck ကားအမျိုးအစား တစ်စီး၊ ကာလပေါက် ဈေး သိန်း ၁၅၀၊ ဆူဇူကီး R+ အနီရောင် တစ်စီး ခေတ်ကာလပေါက်ဈေး သိန်း၂၀၀ အစရှိတဲ့ကားများကိုဝယ်ယူပိုင်ဆိုင်ထားပါတယ်။ဦးအောင်ကျော်စိုး၏ တပည့်အရင်းဖြစ်သူကိုင်ရိုအထည်ချုပ်လုပ်ငန်း နှင့် ကိုင်ရိုဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူဦးအောင်ထွေးမှ ဖွင့်ဟ၀န်ခံထားခြင်းဖြစ်ပါတယ်။ အသံဖိုင်ကိုလည်းပူးတွဲတင်ပြပါမည်။
ဦးအောင်ကျော်စိုးအား သူ၏ဇနီး ဒေါ်ညိုညိုဝင်းမှ မယားငယ်ထားမှုဖြင့် စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးနှင့်နိုင်ငံတော်သမတရုံးကိုလည်းလက်ရှိတိုင်ကြားထားပါသည်။ ထိုတိုင်ကြားစာကို သမတရုံးလူကြီးလက်မှ ဦးအောင်ထွေးမှ သူကိုယ်တိုင် သွားရောက်ကာ ပြန်ယူလာကြောင်းကိုလည်း အသံဖိုင်တွင်ပါဝင်ပါသည်။ ဦးအောင်ကျော်စိုးသည် သူနှင့်စီးပွားရေးအကျိုးတူလုပ်ကိုင်သော အမျိုးသမီးတစ်ဦးအား ချစ်ကြောင်း ကြိုက်ကြောင်းမက်ဆေ့ပို့ထားသည်ကို ဦးအောင်ကျော်စိုး၏ အမျိုးသမီးဖြစ်သူဒေါ်ညိုညိုဝင်းမှသိရှိကာ တိုင်ကြားခြင်းဖြစ်ပါသည်။ ထို့ပြင် ဦးအောင်ကျော်စိုးသည် သူ၏လက်အောက်ငယ်သား အမျိုးသမီးဝန်ထမ်း
နှစ်ဦးအပေါ်တွင်လည်း လုပ်ငန်းများပေးမည်ဟု စည်းရုံးသိမ်းသွင်းကာ သားမယားပြုကျင့်ရန် နေပြည်တော်မြို့ရှိ တာမိုးကျော်စားသောက်ဆိုင်သို့ခေါ်ယူကာ အရက်သေစာသောက်စားနေစဉ်တွင်လည်း ၄င်း၏ အမျိုးသမီး ဒေါ်ညိုညိုဝင်းမှ သတင်းအတိအကျရကာ လိုက်လာပြီး စားသောက်ဆိုင်အတွင်း အော်ဟစ်သောင်းကျန်းနေသည်ကို စက်မှု၁ ၀န်ကြီးဌာနမှ စက်ရုံမှူးတစ်ဦးက ထုတ်ဖော်ပြောပြချက်အရသိရသည်။
ထို့ပြင် ဦးအောင်ကျော်စိုးသည်လည်း သူ၏မိန်းမ ဖြစ်သူဒေါ်ညိုညိုဝင်းဖြစ်သူ မယားကျင့်ဝတ်ဖောက်ဖျက်ကာ နယ်စပ်စည်ပင်မှဗိုလ်မှူးကြီး ၀င်းမြိုင်နှင့်ငြိစွန်းကာ ကလေးတစ်ယောက်ရထားခြင်းကိုလည်းကိုင်ရို အထည်လုပ်ငန်းပိုင်ရှင် ဦးအောင်ထွေးမှပြောပြထားပါသည်။ထို့ပြင် ဒေါ်ညိုညိုဝင်းသည် ၄င်းပိုင်ဆိုင်သော ဒဂုံစင်တာအနောက်ဖက် ကျောင်းလမ်းမှ ကန်ထရိုက် တိုက်တွင် ငှားရမ်းနေထိုင်သော ဗိုလ်ကြီး ကျော်စိုးသူနှင့်လည်း ထပ်မံငြိစွန်းနေသည်ကို လက်ပူးလက်ကြပ်တွေ့ ခဲ့ရသဖြင့် ဦးအောင်ကျော်စိုးမှ ကွာရှင်းခွင့်တောင်းဆိုထားသည်ကိုသိရှိရပါသည်။ ဦးအောင်ကျော်စိုးတွင် သမီးတစ်ဦးနှင့် သားတစ်ဦး
ရှိပြီး သမီးအကြီးအမည်မှာ မထက်ထက်ဦးဝေဖြစ်ပီး ယခု ပထမနှစ်ဆေးကျောင်းသူဖြစ်ပါသည်။ဒုတိယ သားဖြစ်သူမောင်စည်သူမှာ ဦးအောင်ကျော်စိုး၏ သားမဟုတ်ကြောင်းကို ဦးအောင်ကျော်စိုးမှ စုံစမ်းစစ်ဆေး ရေးအဖွဲ့ ကို ငြင်းဆိုထားကာ၊ သူ၏အမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန်သောကြောင့် သူလွတ်လပ်စွာနေထိုင်သည်မှာ မဆန်းပါကြောင်းပြောင်ပြောင်တင်းတင်း အာဏာရှင်ဆန်ဆန် ထွက်ဆိုထား ပါသည်။ ယဉ်ကျေးမှုလွှမ်းမိုးသော မြန်မာနိုင်ငံတွင် အထူးသဖြင့် ၀တ်စားဆင်ယင်ရသော ၀တ်စုံမှာ မြန်မာ ၀တ်စုံဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်း မြတ်နိုးစွာ ၀တ်ဆင်ကြသော မြန်မာ့အ၀တ်အထည် လုပ်ငန်းကို ဦးစီးဦးဆောင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သော ဦးအောင်ကျော်စိုး နှင့် သူ၏ ဇနီးတို့၏ အိမ်ထောင်ရေးအရှုပ်တော်ပုံ ကို နှစ်ဦးကြားမဖြေရှင်းနိုင်ကြကာ စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးတွင် လက်ရှိဖြေရှင်းနေကြပါသည်။ မြန်မာနိုင်ငံကို အခြားနိုင်ငံများနင့်ရင်ဘောင်တန်းကာ ဂုဏ်ယူဝင့်ကြွားနိုင်ငံ နိုင်ငံတော်သမတကြီးမှအစ ကျားကုတ်ကျားခဲကြိုးစားနေသည့်အချိန် တွင် စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးတွင်တော့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၏ မိန်းမကိတ်စ အရှုပ်တော်ပုံကို ၀န်ကြီး၊ ဒု-၀န်ကြီး နှင့် ညွှန်ကြားရေးမှူးများပါ ၀ိုင်းဝန်းဖြေရှင်းနေကြရပါသည်။
ထို့အတွက် နိုင်ငံတော်၏ အဖိုးတန်အချိန်များ များစွာဆုံးရှုံးနစ်နာနေရပါကြောင်း အများပြည်သူများ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
အထည်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး

အထည်လုပ်ငန်း MD ဦးအောင်ကျော်စိုးသည်လည်း နိုင်ငံတော်ပိုင်ငွေကြေးများစွာကို ကိုယ်ကျိုးစီးပွား
တွက် အသုံးပြုနေပီး ရန်ကုန်မြို၊ စမ်းချောင်းမြို့နယ်၊ဟင်္သာတလမ်းတွင်ရုပ်ရှင်မင်းသား ဒွေးနေထိုင်ခဲ့သော
အိမ်ကိုဝယ်ယူနေထိုင်နေပါတယ်။သူ့ရဲ့နောက်ထပ်ပိုင်ဆိုင်မှုမှာ ရန်ကုန်မြို့လူကုံထံများနေထိုင်သော ကမာ
ရွတ်မြို့နယ်၊ အင်းယားကန်နားမှ မြကန်သာ(၂)လမ်းတွင်၂ထပ်တိုက်ကြီးတစ်လုံး ခေတ်ကာလပေါက်ဈေး
သိန်း ၃၀၀၀ကျော် ကိုလည်း လက်ရှိဆောက်လုပ်ပြီးစီးထားပါတယ်။

ရန်ကုန်-မော်လမြိုင် အမှတ်(၈၉)အဆန်ရထားရထားစက်ခေါင်း မီးလောင်မှုဖြစ်ပွား

၂၁-၁၂-၂၀၁၂ရက်နေ့ ၁၈၃၀အချိန်ရန်ကုန်-မော်လမြိုင် အမှတ်(၈၉)အဆန်ရထားသည် မော်လမြိုင်မြို့နယ်
၊ မုတ်္တမဘူတာနှင့်မော်လမြိုင်ဘူတာအကြား မိုင်တိုင်အမှတ်(၁၇၆/၄-၆)ကြားအရောက်တွင် ရထားစက်ခေါင်း
၏ အင်ဂျင်စက်ခေါင်းအတွင်း ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။