Pages

Saturday, December 22, 2012

Avira Internet Security 2013 Key Till 2015



Download Avira Internet Security 2013
 မိမိကွန်ပျုတာမှာ virus တွေရဲ့ ရန်က ကင်းဝေးဖို့   Avira Internet Security 2013 ဆော့ဝဲလေးနဲ့  Key Till ကိုပါ ကိုဝင်းဆိုဒ်ထဲကနေတဆင့် တင်ပေးလိုက်ပါတယ်။ ကိုဝင်းကိုအထူးကျေးဇူးတင်ပါတယ်ဗျာ။

မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းဆားဗစ်စင်တာ ဖွင့်မည်

မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းဆားဗစ်စင်တာပါ ဖွင့်မည်
Saturday, 22 December 2012

မိုဘိုင်းဖုန်းအသုံးပြုသူများအဆင်ပြေစေရန် Customer Care Center 
များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

အဆိုပါ မိုဘိုင်းဆားဗစ်စင်တာ၌ မိုဘိုင်းဟမ်းဆက်များအား ပြုပြင်ပေးခြင်း၊ ဆင်းကဒ်များအား ရောင်းချပေးခြင်း၊ ဆင်းကဒ်နှင့်ပတ်သက်သည့် Customer Complain များကို ဖြေရှင်းပေးခြင်း၊ ဆင်းကဒ် ၀န်ဆောင်မှုပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဆားဗစ်စင်တာအား ရွှေဂုံတိုင်၊ အလုံနှင့် ပန်းဆိုးတန်းရှိ
မြန်မာ့ဆက်သွယ်ရေးရုံးများ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပန်းဆိုးတန်း
ဆက်သွယ်ရေးရုံးအား ပြန်လည်ပြင်ဆင်ပြီးမှ ဖွင့်လှစ် သွားမည်
ဖြစ်ကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့်နှစ်ဆန်းပိုင်းတွင် 3G မိုဘိုင်းဖုန်းလိုင်း ၁ ဒဿမ ၂၆ သန်း အား တိုးချဲ့တပ်ဆင်
သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“အခုလို မိုဘိုင်းတယ်လီဖုန်းတွေ တိုးချဲ့တပ်ဆင်လာတဲ့အတွက်
နောက်ပိုင်းမှာ ဖုန်းအသုံးပြုသူတွေ အဆင်မပြေဖြစ်လာရင်
ဖြေရှင်းပေးနိုင်ဖို့အတွက် Customer Care Center များပါ ဖွင့်လှစ်ဖို့ 
စီစဉ် ထားတာ ဖြစ်တယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးကပြောသည်။

လာမည်နှစ်ဆန်းပိုင်းအတွင်း ထပ်မံချထားပေးမည့် 3Gမိုဘိုင်းဖုန်းများ
အတွက်  Sim ကဒ် ရောင်းချ မှုကို မြန်မာ့ဆက်သွယ်ရေး မှသာ ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း
ရောင်းချမှုများကို နေရာ (၁၈) နေရာခွဲပြီး၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။

3G GSM Sim ကဒ်ရောင်းချပေးမည့် နေရာများမှာ - လမ်း ၄ဝ
အော်တိုအင်ဂျင်နီယာချုပ်ရုံး၊  အမှတ် ၁၂၅ ပန်းဆိုး တမ်းလမ်း ကြေးနန်းရုံး (Customer care Service Center)၊  ရွှေဂုံတိုင်ဗဟန်း မိုဘိုင်း
အင်ဂျင်နီယာချုပ်ရုံး၊  အလုံမိုဘိုင်း ဌာနရုံး၊ အမှတ် ၃၉ ဗိုလ်အောင်ကျော်လမ်း တိုင်းမန်နေဂျာ ကြီးရုံး၊  အင်းစိန်စာတိုက်၊  တက္ကသိုလ်စာတိုက် (က မာရွတ်)၊  ဗိုလ်တထောင် စာတိုက်၊  ဒဂုံမြို့သစ် မြောက်ပိုင်းစာတိုက်၊  ရန်ကင်းစာတိုက်၊  ကြေးနန်းဆက်သွယ်
ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ပုဇွန်တောင်၊  သန်လျင်အိတ်ချိန်း၊  သုံးခွအိတ်ချိန်း၊  တွံတေးအိတ်ချိန်း၊  ထန်းတပင်အိတ်ချိန်း၊  မှော်ဘီ
အိတ်ချိန်း၊  တိုက်ကြီးအိတ်ချိန်းနှင့် လှည်းကူးအိတ်ချိန်း စသည့်နေရာများ၌ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်သည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup

မိုဘိုင်းဖုန်းအသုံးပြုသူများအဆင်ပြေစေရန်Customer Care Centerများဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။ အဆိုပါ မိုဘိုင်းဆားဗစ်စင်တာ၌ မိုဘိုင်းဟမ်းဆက်များအား ပြုပြင်
ပေးခြင်း၊ ဆင်းကဒ်များအား ရောင်းချပေးခြင်း၊ ဆင်းကဒ်နှင့်ပတ်သက်သည့် Customer Complain များကိုဖြေ
ရှင်းပေးခြင်း၊ ဆင်းကဒ် ၀န်ဆောင်မှုပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ဥရောပတိုက် ခရော်တီးယားနိုင်ငံ Zagreb မြို့ က အသဲကွဲ ပြတိုက်

အသဲကွဲ ပြတိုက် အပြင်မှာ တကယ်ရှိ

22 DECEMBER 2012  

အသဲကွဲ ပြတိုက်ဆိုတော့ ကြားရတာ ကဗျာဆန်ပေမယ့် အပြင်မှာ တကယ် ရှိနေပါတယ်။ တည်နေရာကတော့ ဥရောပတိုက်ထဲက ခရော်တီးယားနိုင်ငံထဲမှာ ဖြစ်ပြီး Zagreb မြို့ မှာ တည်ထောင်ထားပါတယ်။
 
အင်္ဂလိပ်လို့ အပြည့်အစုံနာမည်ကတော့ Museum of Broken Relationships ဖြစ်ပါတယ်။ အိမ်ထောင်ကွဲသူ၊ ချစ်သူနဲ့ ကွဲရသူတို့ အားလုံး အနေနဲ့ ၎င်းတို့ ရဲ့  ပစ္စည်းကို ခင်းကျင်းပြသထားပါတယ်။ ရိုးရိုးတန်း တန်း တော့ မရပါဘူး။ ဥပမာ- စာရွက်ပြချင်တယ်ဆိုရင် ယင်းစာရွက်ဟာ ဘယ်နေ့က သူနဲ့ ဘယ်လို ပြဿနာ တက်ပြီး ရေးခဲ့တာ၊ ဆွဲဖြဲခဲ့တာ အစရှိတဲ့ အကြောင်းပြချက် စုံလင်စာနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။
နာမည်ကျော် ပုဂ္ဂိုလ်ရယ်လို့မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က အသည်းကွဲ သူတို့ရဲ့  အသုံးဆောင်ပစ္စည်းများ လာပြလို့ရပါတယ်။ ယခုသုံးနေတာ မဟုတ်ပဲ။ အတူနေထိုင်စဉ်၊ ချစ်နေစဉ် သုံးခဲ့တာတွေ၊ အိမ်ထောင်ကွဲ ခါနီး ပြဿနာတက်တော့ သုံးခဲ့တဲ့ ပစ္စည်းတွေ အစရှိသဖြင့် စုံလင်ပါတယ်။ အမျိုးသမီးတစ်ဦးဆိုရင် သူ့ယောင်္ကျားနောက်မိန်းမ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်လို့ သိတဲ့အခါ လိုက်ခုတ်ခဲ့တဲ့ ပေါက်စိန် ကိုတောင် တင်ပြ ထားပါတယ်။ ပန်းအိုးခွဲတယ်ဆိုလည်း ကွဲတဲ့ ပန်းအိုးက တင်ပြပါတယ်။ အကြောင်းအရာများလည်း ရေးသားပြသ ထားပါတယ်။
တကယ့် ပေါက်ပေါက်ရှာရှာနဲ့ လုပ်တယ်လို့ စစဖွင့်ချင်းက ထင်ကြပေ မယ့် နောက်တော့ တော်တော်ကို ကဗျာဆန်၊ လွမ်းစရာဆန်ဆန် ဖြစ်နေ တဲ့ ပြတိုက်မို့ လူ့ကြည့်အတော်များခဲ့ပါတယ်။ ယနေ့တိုင်လည်း လူစည် ဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလက စတင်ဖွင့်လှစ်ပါတယ်။
သို့ပေမယ့် ၂၀၀၆ ခုနှစ်ကတည်းက အမြည်းသဘောအနေနဲ့ စတင် ပြသ ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်ကတည်းက လူကြိုက်များခဲ့ တာ ဖြစ်ပါ တယ်။  နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်အပါဝင် လူဦးရေ သိန်းနဲ့ချီပြီး လာရောက်ကြည့်ရှုပါတယ်။ ကမ္ဘာအနှံ့လည်း ပြခန်းနဲ့ လုပ်ပြီး ပြသ ရာ အောင်မြင်ခဲ့ပြန်ပါသေးတယ်။
Museum of Broken Relationships ကို တည်ထောင်တဲ့ လူ ၂ယောက် ကလည်း Zagreb မြို့ ခံ ဒါရိုက်တာတစ်ဦးနဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဥရောပ ပြတိုက်ဖိုရမ်ကပေးတဲ့ ဥရောပရဲ့ အထူးခြား ဆုံး ပြတိုက်ဆု ရရှိခဲ့ကြောင်း သိရပါတယ်။ 
--
Ref: wiki

အေးချမ်းမွန်မှ   ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ရိုးရာလေး

အသဲကွဲ ပြတိုက်ဆိုတော့ ကြားရတာ ကဗျာဆန်ပေမယ့် အပြင်မှာ တကယ် ရှိနေပါတယ်။ တည်နေရာက
တာ့ ဥရောပတိုက်ထဲက ခရော်တီးယားနိုင်ငံထဲမှာ ဖြစ်ပြီး Zagreb မြို့ မှာ တည်ထောင်ထားပါတယ်။အင်္ဂ
လိပ်လို့ အပြည့်အစုံနာမည်ကတော့ Museum of Broken Relationships ဖြစ်ပါတယ်။ အိမ်ထောင်ကွဲသူ၊ ချစ်
သူနဲ့ ကွဲရသူတို့ အားလုံး အနေနဲ့ ၎င်းတို့ ရဲ့  ပစ္စည်းကို ခင်းကျင်းပြသထားပါတယ်။

ဘုရားဆင်းတုတော် ထုလုပ်ရာမှ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော်ပုံသဏ္ဍာန် တည်ရှိကြောင်း ဖူးမြှော်တွေ့ရှိရ

ဘုရားဆင်းတုတော် ထုလုပ်ရာမှ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော်ပုံသဏ္ဍာန် တည်ရှိကြောင်း ဖူးမြှော်တွေ့ရှိရ
ဒီဇင်ဘာ(၂၁)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာမှာ ကိုးကွယ်ပူဇော်ထားပါသည်။ ကုက္ကိုလ်သားနှင့် ထုဆစ်ထားပြီး ဦးခေါင်းတော်တွင် ဦးနှောက်သဏ္ဍာန် ဖြစ်ပေါ်နေသည့်အတွက် အများပြည်သူ ဖူးမျှော်နိုင်စေရန် လှစ်ဟကာ ပြထားခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထိုသို့ ဥိးခေါင်းတော်အား ဖွင့်လှစ်ထားခြင်းကို အချို့သော ဗုဒ္ဓဘာသာဝင်များနေဖြင့် သဘောကျနှစ်သက်ခြင်း မရှိဟု သိရှိရပါသည်။ ကြည်ညိုဖွယ်ရာဖြစ်သော မြတ်စွာဘုရားလျောင်းတော်မူ ရုပ်ပွားတော်အား ယခုကဲ့သို့ ပုံစံသစ်ဖြင့် ထွင်းထုပြီး ပူဇော်ထားသည်ကို ဆရာတော်အချို့မှ နောင်တွင် ပုံစံသစ်များ ထွင်၍ ပြုလုပ်ကိုးကွယ်လာကြမည်ကို စိုးရိမ်မိကြောင်း ပြောကြားပါသည်။
source:http://mandalaygazette.com/

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Monywa Times

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာမှာ ကိုး
ကွယ်ပူဇော်ထားပါသည်။ ကုက္ကိုလ်သားနှင့် ထုဆစ်ထားပြီး ဦးခေါင်းတော်တွင် ဦးနှောက်သဏ္ဍာန် ဖြစ်ပေါ်
နသည့်အတွက် အများပြည်သူ ဖူးမျှော်နိုင်စေရန် လှစ်ဟကာ ပြထားခြင်းဖြစ်သည်ဟု သိရှိရပါသည်။

မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမ၀င် သယ်ထုတ်နေဆဲ

တရုတ်သစ်ကုန်သည်တွေက ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းက ဒေသခံရွာသားတွေ ကနေ တဆင့် တရားမဝင် ဝယ်ယူကြတဲ့ သစ်တွေ တရုတ်နိုင်ငံဘက်ကို သယ်ယူဖို့ အတွက် သစ်တင်တဲ့ကား အများအပြား ရှမ်းပြည်မြောက်ပိုင်းမှာ အခုအခါရောက်ရှိနေကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိထဲက အပြာပါးကွက်နှင့် ရေဘဝဲ

ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိထဲက အပြာပါးကွက်နှင့် ရေဘဝဲ
Saturday, 22 December 2012

အပြာရေင် အကွင်းအကွင်းလေးတွေ ပါရှိတဲ့အတွက် သူ့ကို အင်္ဂလိပ်လို Blue-ringed octopus လို့ခေါ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပိုအတွေ့များပါတယ်။ သန္တာကျောက်တန်းတွေကြားထဲမှာ နေထိုင်တတ်ပါတယ်။ ကမ္ဘာ့အဆိပ် အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ သူလည်း ပါဝင်ပါတယ်။ သူ့အဆိပ်က အိမ်မှာသုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုက် ထက် အဆ ၁သောင်း မက ပြင်းပါတယ်။ သူ့ကိုက်လို့ အဆိပ်မိသွားရင် ဖြေဆေးမရှိပါဘူး။ အပြာကွက် ရေဘဝဲ ကို မသိလို့ စားမိရင်လည်း သေဖို့ပဲ ရှိပါတယ်။

ဒီအတွက် ဖြေဆေးကို ယနေ့တိုင် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သန္တာကျောက် တန်း လေ့လာသူများအတွက် အထူးသတိထားရ တဲ့ ရေအောက် သတ္တဝါစာရင်းထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆို အရောင်က တစ်လက်လက် နဲ့ လှနေတတ်ပြီး အရွယ်ကလည်း ၆ လက်မထက် ပိုမကြီးပါဘူး။ သေး လည်းသေးဆိုတော့ မသိတဲ့ သူများက သွားထိမိကြ ပါတယ်။ ဒီတော့ ရလဒ်က အဆိပ်သင့်သေဖို့ပဲ ဖြစ်ပါတယ်။

အဆိပ်မိပြီး မိနစ်ပိုင်းအတွင်း အသက်ရှုရပ်ပါတယ်။ နှလုံးခုံရပ်ပါတယ်။ ဦးနှောက်သို့ အောက်ဆီဂျင် မရောက်တော့ပဲ မိနစ်ပိုင်းအတွင်း ကို သေနိုင် ပါတယ်။ ဂျပန် တို့လို နိုင်ငံမှာဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှားဖို့ တားမြစ်ချက်များ ထုတ်ပြန် ထားရပါတယ်။

ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး သတင်း

အပြာရေင် အကွင်းအကွင်းလေးတွေ ပါရှိတဲ့အတွက် သူ့ကို အင်္ဂလိပ်လို Blue-ringed octopus လို့ခေါ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပိုအတွေ့များပါတယ်။ သန္တာကျောက်တန်းတွေကြားထဲမှာနေထိုင်ပါ
တယ်။ ကမ္ဘာ့အဆိပ် အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ သူလည်း ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံသား တစ်ဦးအား မြောက်ကိုရီးယား ဖမ်းဆီး

Photo: အမေရိကန် နိုင်ငံသား တစ်ဦးအား မြောက်ကိုရီးယား ဖမ်းဆီး
Saturday, 22 December 2012

မြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် နိုင်ငံသား တစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ 
၂၁ ရက်တွင် ကြေညာခဲ့သည်။

ဘေဂျွန်ဟို အမည်ရှိ ယင်းအမေရိကန် နိုင်ငံသားသည် ယခုနှစ် နိုဝင်ဘာ ၃ ရက်က ကမ္ဘာလှည့် ခရီးသည် တစ်ဦးအဖြစ် ဝင်ရောက် လာခဲ့ပြီး ၎င်းအား အာဏာပိုင် များက ပြစ်မှု ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မည်သည့် ပြစ်မှုဖြင့် ဖမ်းဆီး ခဲ့သည်ကို အာဏာပိုင် များက ဖော်ပြခဲ့ခြင်း မရှိပေ။

ထို့အတူ မြောက်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့သည့် သတင်းထောက် နှစ်ဦးအား ဖမ်းဆီးခဲ့ သော်လည်း နောက်ပိုင်းတွင် ပြန် လွှတ် ပေးခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယား လူ့အခွင့် အရေး လှုပ်ရှားသူ များ၏ ပြောကြားချက် အရ ဘေသည် ခရီးသွား ကုမ္ပဏီ တစ်ခု ဖွင့်လှစ်ထားပြီး ကမ္ဘာလှည့် ခရီးသည် များအား မြောက်ကိုရီးယား နိုင်ငံအတွင်း လှည့်လည်
ပြသရန် ရောက်ရှိ လာပြီးနောက် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် နိုင်ငံသား တစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။ 

KIA ကို ဆန့်ကျင်ကြောင်း ဆန္ဒပြရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိ NLD ပါတီ၏ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ထုတ်ဖော် ပြောကြား

Photo: NLD ပါတီဝင်များ သင်ပြလိုရာပြနိုင်သည်။ KIA ကို ဆန့်ကျင်ကြောင်း 
ဆန္ဒပြရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိ
Friday, 21 December 2012

KIA ကို ဆန့်ကျင်ကြောင်း ဆနပြရန် ကချင်လူငယ်များ ဦးဆောင်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်က ဆောင်ရွက်လျက်ရှိရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိကြောင်း NLD ပါတီ၏
ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

NLD ပါတီအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို အစဉ်အမြဲ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ KIA အား ဆနပြမည့် သတင်းများ ထွက်ပေါ်လာနေခြင်းတွင် ပါတီဝင်များ ပါဝင်ရန် ခွင့်ပြုထားခြင်း ရှိ မရှိအား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း
ဖြစ်သည်။

ပါတီဝင်များအနေဖြင့် မိမိတို့ ကိုယ်တိုင် ဆုံးဖြတ် ဆောင်ရွက်ကြရန်သာ
ဖြစ်ကြောင်း၊ ပါတီဝင်တစ်ဦး ချင်း၏ အမျိုးသားရေးဆောင်ရွက်မှုများကို ပါတီဌာနချုပ်က ပိတ်ပင် ကန့် သတ်ထားခြင်း မရှိကြောင်း သိရှိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုရဲရင့်အောင်က ၄င်းတို့ အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့  တရားဝင် ခွင့်ပြုချက်တင်ကာ တရားဝင်
ငြိမ်းချမ်းစွာ ဆနပြမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်မည်
ဖြစ်ကြောင်း ပြောကြားလိုက်သည်။

The Street View
KIA ကို ဆန့်ကျင်ကြောင်း ဆနပြရန် ကချင်လူငယ်များ ဦးဆောင် သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက် က ဆောင်ရွက်လျက် ရှိရာတွင် NLD ပါတီဝင်များ မပါရဟု ပိတ်ပင်ထားခြင်း မရှိကြောင်း NLD ပါတီ၏ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ထုတ်ဖော် ပြောကြား လိုက်သည်။  

အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲ မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် ကြေးအမြင့်ဆုံး ရရှိ

အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲ မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် ကြေးအမြင့်ဆုံး ရရှိ

လော့အိန်ဂျလိစ် မြို့တွင် ယခု သီတင်းပတ် အတွင်း ပြုလုပ်သည့် အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲတွင် မိုက်ကယ် ဂျက်ဆင်၏ အမှတ်အသားဟု ဆိုရသော ၎င်း၏ လက်အိတ် တစ်ဖက်သည် ကြေးအမြင့်ဆုံး ရရှိခဲ့ကြောင်း လေလံတင် ကုမ္ပဏီက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့သည်။

မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် တစ်ဖက်အား အမေရိကန် ဒေါ်လာ ၁၉၉၀၆၉ ဖြင့် လေလံတင် ရောင်းချ ခဲ့ကြောင်း Nade D.Sanders လေလံတင် ကုမ္ပဏီက ပြောကြား ခဲ့သည်။

သလင်းကျောက် များဖြင့် အလှဆင်ထားသော အဆိုပါ လက်အိတ်အား မိုက်ကယ် ဂျက်ဆင်သည် ၁၉၈၄ ခုနှစ်က ပြုလုပ်ခဲ့သော အမေရိကန် ဂီတ ထူးချွန်ဆု ပေးပွဲ၌ ဝတ်ဆင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအမေရိကန် ဂီတဆု ပေးပွဲတွင် မိုက်ကယ် ဂျက်ဆင်၏ "Thriller" တေးအယ်လ် ဘမ်သည် ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် ဆုကို ရရှိခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/arts/artcorner/item/2559-2012-12-22-11-09-48
လော့အိန်ဂျလိစ်မြို့တွင်ယခုသီတင်းပတ်အတွင်းပုလုပ်သည့်အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲတွင် မိုက်ကယ်ဂျက်ဆင်၏ အမှတ်အသားဟု ဆိုရသော ၎င်း၏ လက်အိတ် တစ်ဖက်သည် ကြေးအမြင့်ဆုံး ရရှိ ခဲ့ကြောင်း လေ လံတင်ကုမ္ပဏီက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့သည်။

၂၀၁၁ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအတွက် ဆန်ခါတင် ဇာတ်ကားစာရင်းများ

Photo: ၂၀၁၁ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအတွက် 
ဆန်ခါတင် ဇာတ်ကားစာရင်းများ

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ Page

၂၀၁၁ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအတွက် ဆန်ခါတင် ဇာတ်ကားစာရင်းယနေ့ထွက်ရှ

လာသည်။

အသက် မသေသော်လည်း ဘဝသေခဲ့ရသော တိုက်တန်းနစ်ပေါ်က ဂျပန်တစ်ယောာက်

အသက် မသေသော်လည်း ဘဝသေခဲ့ရသော တိုက်တန်းနစ်ပေါ်က ဂျပန်တစ်ယောာက်

တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင်ပါတယ်။ တကယ့် ရှားရှားပါးပါးပါပဲ။ ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဌာနက အသက် ၄၂ နှစ်အရွယ် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ Masabumi Hosono လို့ အမည်ရပါတယ်။

ရုရှား နိုင်ငံကနေ မီးရထားလမ်းပညာ လေ့လာသင်ယူပြီးနောက် ဂျပန် ကို ပြန်ရမှာ ဖြစ်ပေမယ့် လန်ဒန်အရင်ရောက်ပါတယ်။ တိုက်တန်းနစ် သင်္ဘောရဲ့  ခရီးစဉ်မှာ သူလည်း ပါလာပါတယ်။ ဒုတိယတန်းစား ခရီးသည် အနေနဲ့ လိုက်စီးတာ ဖြစ်ပါတယ်။ သင်္ဘောရေခဲနဲ့ တိုက်ချိန်မှာတော့ အိပ်ယာမှာ ရှိနေပြီး သင်္ဘောလုပ်သားနိုးမှ ထပါတယ်။ အပေါ် တက်ကြည့်တော့ ဝရုန်းသုန်းကား ဖြစ်နေပြီး သက်ကယ်လှေတိုင်းမှာ အမျိုးသမီးနဲ့ ကလေးတွေနဲ့ ပြည့်နေပါတယ်။ ဒါတောင် ပထမတန်းစား ဧည့်သည်တွေကို ပိုပြီး ဦးစားပေးပါတယ်။ ကိုယ့်ကိုယ်ကို သေပြီလို့ ယူဆ ထားပေမယ့် မျော်လင့်ချက်ကတော့ ပျောက်မသွားပါဘူး။ နံပါတ် ၁၀ သက်ကယ်လှေက လူနှစ်ယောက်အတွက် နေရာရှိသေးကြောင်း လှမ်းအော်ပါတယ်။

ကြိမ်းသေတာကတော့ ယင်းနှစ်ယောက် နေရာမှာ အမျိုးသား စီးခွင့်ရမှာ မဟုတ်ပါဘူး။ အမျိုးသမီးနဲ့ ကလေးတွေကိုပဲ ဦးစားပေးမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးကလည်း ပျက်၊ သင်္ဘောကလည်း ယိမ်းနေတာကြောင့် အမှောင် ထဲမှာ Hosono ဟာ မိန်းကလေးကို အသံပြုလို့ ကျယ်လောင်စွာ အော် ပါတယ်။ ပြီးတော့ လှေပေါ်ကို မိန်းကလေးလို အသံပြုလို့ တက်သွားပြီး သေဘေးမှ လွတ်မြောက်သွားပါတယ်။

နယူးယောက်ကို အရင်ရောက်ပြီး ဂျပန်ရောက်ဖို့ အမေရိကန်အစိုးရက စီစဉ် ပေးပါတယ်။ စစရောက်ချင်းမှာတောင် လူသိများထင်ရှားပြီး တိုက်တန်းနစ်မှ လွတ်လာသော တစ်ဦးတည်းသော ဂျပန်နိုင်ငံသား အမည်နဲ့ ဂုဏ်ယူပါတယ်။ သို့ပေမယ့် သက်ကယ်လှေပေါ် မတက်သော်ငြား အသက် ရှင်ကျန်ခဲ့တဲ့ အမေရိကန် စားရေးဆရာ Archibald Gracie IV ကတော့ အားလုံးကို သိနေပါတယ်။

Archibald Gracie IV သူရေးတဲ့ သင်္ဘောနှစ်တဲ့အကြောင်း စာအုပ်ထဲမှာ လည်း ယင်း ဂျပန်နိုင်ငံသားဟာ မိန်းကလေးလို ဟန်ဆောင်လို့ လွတ်သွား ပါတယ် ဆိုတာကို ရှုံ့ ချရေးသားခဲ့ပါတယ်။ ဒီတော့ Hosono ပြောသမျှဟာ အမှန်ကိုချန်ခဲ့ပြီး မိန်းကလေးအစားထိုးပြီး ကိုယ်လွတ်ရုန်း ပြေးလာ သူဆိုတာကို သိသွားပါတယ်။ ဂျပန်အစိုးရကလည်း သူ့ကို အလုပ်ဖြုတ်ခဲ့ပါ တယ်။ ဂျပန်ဆာမူရိုင်းလူ့အဖွဲ့အစည်းကလည်း သူ့လုပ်ရပ်ကို ရှုံ့ ချပြီး ရိုးရာ ဓလေ့အတိုင်း သက်သေဖို့တောင် တောင်းဆို ပါတယ်။

သို့ပေမယ့် Hosono သရဲဘောကြောင်ပြီး ဂျပန်ဆာမူရိုင်း အစဉ်အလာ ကနေ တောင်ထွက်ခွာခဲ့ပါတယ်။ ယင်းနောက်ပိုင်း ဘဝ သက်တမ်း တစ်လျှောက် အရှက်နဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ရပါတယ်။ မိသားစု အပေါ် လည်း အရှက်ရစေခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့ သရဲဘောကြောင်မှုကတော့ ဂျပန်ပညာရေး စာသင်ရိုးမျာ စံပြ သရဲဘောင်ကြောင်သူ အဖြစ် ယနေ့တိုင် ကျန်ရှိစေခဲ့ပါတယ်။

အမျိုးသမီးနဲ့ ကလေးကို ဦးစားပေးရမယ်ဆိုတဲ့ ကမ္ဘာ့ကျင့်ဝတ်ကို ပယ်ဖျတ်ပြီး ကိုယ်လွတ်ရုန်းသူ ဖြစ်တဲ့အတွက် Masabumi Hosono ကို ယနေ့တိုင် လူသိများနေဆဲ ဖြစ်ပါတယ်။
--
Ref: wiki

http://www.innewsmyanmar.com/2012/12/blog-post_5557.html


အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar

တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင်ပါတယ်။ တကယ့် ရှားရှားပါးပါးပါပဲ။ ဂျပန် ပို့
ဆာင်ရေးဝန်ကြီးဌာနကအသက်၄၂ နှစ်အရွယ်ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ Masabumi Hosono လို့ အမည်
ရပါတယ်။

ပန်းပဲတန်းမြို့နယ်အတွင်း ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံအား သုံးနှစ်ခန့်ကြာသည်အထိ ပြန်လည်တည်ဆောက်ပေးမှု မရှိခြင်းအပေါ် မူလနေထိုင်သူများမှ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနအား တရားစွဲဆိုရန် စီစဉ်နေ

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ၂၈ လမ်းထောင့်ရှိ အဆောက်အအုံအမှတ် (၆၇၀/၆၈၀) အား ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ရာ လက်ရှိသုံးနှစ်ခန့်ကြာသည်အထိ ပြန်လည်တည်ဆောက်ပေးနိုင်မှု မရှိခြင်းအပေါ်တွင် မူလနေထိုင်သူများမှ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနအား တရားစွဲဆိုရန် စီစဉ်နေကြောင်း အဆိုပါအဆောက်အအုံ ပိုင်ရှင်ဖြစ်သူ ဦးစိုးမင်းသန့်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် M3 စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော အဆောက်အအုံနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နျူကလိယဗုံးဘာနဲ့လုပ်တယ် ဘယ်လိုထိရောက်မှုရှိလဲလေ့လာရအောင်


နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင်
လေ့လာ ရပါမယ်။


အသုံးပြုသော သတ္တုအမျိုးအစား

လက်သရဲ ဝင်ပူးသည့် ရောဂါ (ဂြိုလ်သားလက် ရောဂါ)

လက်သရဲ ဝင်ပူးသည့် ရောဂါ (ဂြိုလ်သားလက် ရောဂါ)

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။ 

ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။ 

သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲမိပါတယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။ 

လက်က သူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက်ပိုင်းအတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ပဲ ထင်ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။ 

စစ်တမ်းအရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေ မှာ အဖြစ်များပြီး အချို့ ကျတော့ အလိုလိုကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွားတာကို အချို့ ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သားလက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်းကျင်အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။ 

သေချာတာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်းခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့တာမျိုးတို့ ဖြစ်တတ်ပါတယ်။  

ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand syndrome  ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။ 
--
Ref: wiki

http://www.innewsmyanmar.com/2012/12/blog-post_7667.html


---

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သား
လက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။ ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို
့မဟုတ်ညာဘက်နှစ်ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိ
တာ့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။

ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း KIA ကို ဆန္ဒပြတော့မည်

KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြတော့မည်

ဒီနေ့တော့ ကျွန်တော် အလုပ်ကနေပြန်အလာ ကွန်ပျူတာကို ဖွင့်ပြီး ဖတ်ကြည့် မိတဲ့အခါ KIA ကို တစ်နိုင်ငံ လုံးဆန္ဒပြမည့် အကြောင်း ဖတ်မိတဲ့အတွက် ကျွန်တော် ပြန်လည် မျှဝေလိုက်ပါတယ်


ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။

၎င်းတို့  လူငယ်များအနေဖြင့် သမ္မတကြီးဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  စသည်အားဖြင့် နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေး ချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးကို အားထုတ်ကြိုးပမ်းနေချိန်တွင် KIA အဖွဲ့ ၏ လုပ်ဆောင်ချက်များမှာ နိုင်ငံတည်ဆောက်ရေးထက် နိုင်ငံနှောင့်နှေးရေးကို ရှေ့ ရှုနေသည်ကို တွေ့  ရှိရကြောင်း၊

 ယခု သက်ဆိုင်ရာသို့  တင်ပြထားသည့် ဆန္ဒပြခွင့်တွင် ကချင်လူငယ်များ အများအပြား ပါဝင်ကြောင်း၊ ကချင်ပြည်နယ်ကောင်းစားရေးအတွက် အမည်ခံထားသော်လည်း ကချင်ပြည်နယ်ပြည်သူများ ဒုက္ခရောက်စေရန်သာ ဖန်တီးနေခြင်း ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ်ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည်သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ 

အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာရင်းတွင် မပါရှိသေးသည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း ရှိနိုင်ကြောင်း၊ 

ဆန္ဒပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို တမင် သက်သက်နှောင့်နှေးကြန့် ကြာစေရန် အချိန်ဆွဲ ခေါင်းဆောင်နေသော KIA-KIO ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  ဦးတည်လာစေရန် ဖြစ်ကြောင်း အခြား ကချင်လူငယ်တစ်ဦးက ပြောသည်။

ဆန္ဒပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ဖြစ်လာနိုင်မည် မဟုတ် ဟူသည်ကို မိမိတို့  သိရှိပါကြောင်း၊

 အဓိက လိုလားချက်မှာ မိမိတို့ ပြည်သူများ၏ သဘောထားကို သမ္မတ ကြီးဦးသိန်းစိန်၊ ငြိမ်းချမ်းရေးတာဝန်ခံ ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊

 မြန်မာစစ်တပ်နှင့် KIA တို့  အားလုံး သိရှိစေရန် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေး၊ KIA ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး၊ တရားဥပဒေကို KIA တပ်များနှင့် မြန်မာ စစ်တပ်တို့  (၂)ဖက်စလုံး လိုက်နာရေးတို့ ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

လောလောဆယ်ကာလတွင် ငြိမ်းချမ်းရေးဆန္ဒပြမှုများကို မိမိတို့  လူငယ်များ သက်သက် သာ ဆောင် ရွက်မည် ဖြစ်ကြောင်း၊

 ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက်မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းအခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောကြောင့် ဖြစ်ကြောင်း၊ 

ယခုဆန္ဒပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆန္ဒပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီးအကျယ် ပျှော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် သေဆုံးခဲ့ရသူ၊ 

ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုက္ခရောက်နေရသူ အပြစ်မဲ့ ပြည်သူများ၏ ဘ၀ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူငယ်များ မည်သို့  ဆန္ဒထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆန္ဒပြမည့် အစေခံလူငယ်များကွန်ယက်မှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယခု ဆန္ဒပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင်ရန် ဖြစ်ကြောင်း၊ ဆန္ဒပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ 

ထိုသို့  ဆန္ဒထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆို သွားမည် ဖြစ်ကြောင်း၊ 

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊ ပြည်သူလူထု တစ်ရပ် လုံး၏ ထောက်ခံမှု၊ လွှတ်တော်များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။

မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင်လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မှလည်း အဆက်အသွယ် မရှိကြောင်း ၄င်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network)သည် မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီထွန်းကားရေး၊ 

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းထားသော လူငယ်လှုပ်ရှားမှု ကွန်ရက်တစ်ခု ဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ကွန်ရက်အဖွဲ့ ဝင် (၃၀၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

 ကွန်ရက်၏ အမှတ်တံဆိပ် မှာ မြန်မာနိုင်ငံမြေပုံပေါ်တွင် ငြိမ်းချမ်းရေးချိုးငှက် သံလွင်ခက် ချီလာသည့် ရုပ်ပုံ ဖြစ်ပြီး ခရစ္စမတ်နေ့ တွင် ယင်းဝတ်စုံများဖြင့် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ကျွန်တော့် အမြင်ပြောရရင် ကချင်ဒေသက ပြည်သူများဟာလည်း
ခုချိန်မှာဆို ကျီးစာလန့်လန့် ဖြစ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်
တပ်မတော် ပိုင်းအနေနဲ့ပြောရရင်လည်း အသက်ဆုံးရှုံးသွားတဲ့
စစ်သည်များ အတွက်ကျွန်တော် သူတို့ မိသားစုများနဲ့ ထပ်တူ ထပ်မျှ
စိတ်ထဲမှာ ၀မ်းနည်းမိပါတယ်......

ကေအိုင်အေ အနေနဲ့ပြောရရင်တော့ သူတို့ဟာ ကချင်ပြည်နယ်
လွှတ်မြောက်ရေး ကချင်ပြည်နယ် ကောင်းစားရေးလို့ သူတို့ပြောပါတယ်
ဒါပေမဲ့ တစ်ကယ်တမ်းဖြစ်နေတာက ဆတ်ကြေးကောက်တယ်
လူသစ်ကို အတင်းအဓမ္မ စုတယ်.....ဒါတွေက ကချင်ပြည်နယ် ကောင်းစားဖို့အတွက်တဲ့လားဗျာ
ကျွန်တော် ပြောနေတာတွေက

တစ်ဖတ်သတ်ပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင် ခံစား ရတဲ့ လူငယ်
တစ်ယောက်ကိုယ်တိုင်က ပြောပြတာပါ....ခုချိန်မှာ ကျွန်တော် ဖြစ်စေချင်တာကတော့ အင်တာနက်ပေါ်မှာ မဟုတ်ပဲ
စစ်ပွဲတွေ ငြိမ်းချမ်းဖို့ အတွက် ကိုယ်တက်နိုင်တဲ့ ဖက်ကနေ ကူညီ
အကြံဥာဏ်များ ပေးစေလို့ပါတယ်.....အချင်း ချင်းဆဲဆိုနေတာတွေကို
ကျွန်တော် မလိုလားပါဘူးခင်ဗျာ......

ပလေတို ဒီမို

ဒီနေ့တော့ ကျွန်တော် အလုပ်ကနေပြန်အလာ ကွန်ပျူတာကို ဖွင့်ပြီး ဖတ်ကြည့် မိတဲ့အခါ KIA ကို တစ်နိုင်ငံ လုံးဆန္ဒပြမည့် အကြောင်း ဖတ်မိတဲ့အတွက် ကျွန်တော် ပြန်လည်မျှဝေလိုက်ပါတယ်ဒီမိုကရေစီနှင့် ငြိမ်းချမ်း
ရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍လာမည့်ခရစ္စမတ်နေ့ နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်းဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။

စစ်ကိုင်းပြတ်ရွှေ့ငလျင် တစ်ရက်ခြားလှုပ်ခတ်နေသဖြင့် သတိထားကြရန်နှိုးဆော်

စစ်ကိုင်းပြတ်ရွှေ့ငလျင် တစ်ရက်ခြားလှုပ်ခတ်နေသဖြင့် သတိလေးတော့ ထားစေချင်

ပုံမှာ မြင်ရတဲ့ အတိုင်း ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ နေပြည်တော်အနီး ဧလာမြို့အရှေ့ဘက် ၇ မိုင်ခန့်နှင့် တောင်ငူမြို့ အနောက်ဘက် ၁၇ မိုင်ခန့် နေရာတွေမှာ ငလျင်ငယ် ၂ ကြိမ်လှုပ်သွားကြောင်း တွေ့ရပါတယ်။ စစ်ကိုင်း ပြတ်ရွေ့တစ်လျှောက် ငလျင်ငယ်များ လှုပ်ရှားမှု အကြိမ်ရေ တစ်ရက်ခြားတစ်ကြိမ်လောက်အထိ စိပ်လာတဲ့ အတွက် ဒါဟာ သတိပြုစရာ၊ သတိထားစရာ တစ်ခု ဖြစ်လာကြောင်း အသိပေး တင်ပြလိုပါတယ်။

ငလျင်လှုပ်တာကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ပေမဲ့ ငလျင်ငယ်တွေဟာ ရွှေဘို-မလယ် ငလျင်အပြီးမှာ မရပ်သေးပဲ ဆက်လှုပ်နေသေးတာကြောင့် သတိရှိကြပါလို့ နှိုးဆော်လိုက်ရပါတယ်။

____________________________________
Reference and Credit to -မြေငလျင် ဆူနာမီ သတင်း

ပုံမှာ မြင်ရတဲ့ အတိုင်း ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ
 နေပြည်တော်အနီး ဧလာမြို့အရှေ့ဘက် ၇ မိုင်ခန့်နှင့် တောင်ငူမြို့ အနောက်ဘက် ၁၇ မိုင်ခန့် နေရာတွေမှာ ငလျင်ငယ် ၂ ကြိမ်လှုပ်သွားကြောင်း တွေ့ရပါတယ်။

ဖောက်ထွင်း မှုပေါင်း ၂၆ မှု ကျုးလွန် ထားပြီး မင်္ဂလာ တောင်ညွန့် တရားရုံး အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားတဲ့ ဖောက်ထွင်း ဝိဇ္ဇာ နှစ်ဦးကို လာရှိုးမှာ ဖမ်းမိပြီ

အချုပ်ခန်းမှ ထွက်ပြေး သွားသည့် ဖောက်ထွင်း ဝိဇ္ဇာ ကို ၁၀ ရက် အကြာတွင် ဖမ်းမိ

မည်သည့် သော့ အမျိုးအစား ကိုမဆို
ငါးစက္ကန့် တွင်း ဖျက်ဆီး နိုင်စွမ်း ရှိပြီး
 ဖောက်ထွင်း မှုပေါင်း ၂၆ မှု ကျုးလွန်
ထားပြီး မင်္ဂလာ တောင်ညွန့် တရားရုံး
အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားသည့် ဖောက်ထွင်း ဝိဇ္ဇာ နှစ်ဦးကို ၁၀ ရက် အကြာတွင် လားရှိုး မြို့တွင် ပြန်လည် ဖမ်းဆီး ရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။

နေရာ အနှံ့တွင် ဖမ်းဝရမ်း ထုတ် ကြေငြာ ခဲ့ပြီး ၁၀ ရက် အကြာ ဒီဇင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီ တွင် လားရှိုးမြို့ ၈ ရက်ကွက် တွင် သိမ်းနီ လမ်းမပေါ် အရောက်တွင် ရန်ကုန်တိုင်း ဒုစရိုက် နိမ်နင်းရေး တပ်ဖွဲ့ နှင့် ပူးပေါင်းကာ လက်ရ ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံ များကို လားရှိုး အမှတ် ( ၁ ) ရဲစခန်း တွင် ခေတ္တ ထိန်းသိမ်း ထားကြောင်း ရဲစခန်းနှင့် မှုခင်း မှတ်တမ်း များ အရ သိရသည်။

ရှိုးဂန်း ( ခ ) စံလင်းအောင် ( ခ ) ဟာမစ် ၂၇ နှစ်နှင့် ကျော်ဇေယျာလင်း ( ခ ) ဖိုးကျော် ၂၇ နှစ် တို့ကို တိုက်ကြီး မြို့နယ်၊ ဂုံးတန်း ကျေးရွာ အုပ်စု၊ ကောက်ကွေးတန်း ကျေးရွာ တွင် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဖောက်ထွင်းမှု ဖြင့် ဖမ်းဆီး ရမိ ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန် ခန့်တွင် တရား ရုံးတွင် ရုံးထုတ်စဉ် ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။

ဖမ်းဆီး ရမိသူ များကို မင်္ဂလာ တောင်ညွန့် ရဲစခန်းမှ ပြစ်မှု ပေါင်း ၅ မှု၊ ပုဇွန်တောင် ရဲ စခန်းမှ ပြစ်မှုပေါင်း ၃ မှု၊ သင်္ဃန်းကျွန်း ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ တာမွေ ရဲစခန်းမှ ၂ မှု၊ အလုံ ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ ကမာရွတ် ရဲစခန်းမှ ပြစ်မှုပေါင်း ၄ မှု၊ လှိုင် ရဲစခန်းမှ ( ပ ) ၁၂၁ / ၁၀၁၂၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀၊ ကြည့်မြင်တိုင် ရဲစခန်းမှ ပြစ်မှုပေါင်း ၃ မှု၊ စမ်းချောင်း ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ အင်းစိန် ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ွှThe Voice Weekly

မည်သည့် သော့ အမျိုးအစား ကိုမဆို ငါးစက္ကန့် တွင်း ဖျက်ဆီး နိုင်စွမ်း ရှိပြီး ဖောက်ထွင်း မှုပေါင်း ၂၆ မှု ကျုး
လွန်ထားပြီး မင်္ဂလာ တောင်ညွန့် တရားရုံးအချုပ်မှ ထွက်ပြေး လွတ်မြောက် သွားသည့် ဖောက်ထွင်း ဝိဇ္ဇာ
 နှစ်ဦးကို ၁၀ ရက် အကြာတွင် လားရှိုး မြို့တွင် ပြန်လည် ဖမ်းဆီး ရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ အတွက် အလုပ်သမား မှတ်ပုံတင်ရက်တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာတိုက်တွန်း

အလုပ်သမား မှတ်ပုံတင်ရက်တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာတိုက်တွန်းခဲ့

ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကို နိုင်ငံသားအသိအမှတ်ပြုကဒ်ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

မြန်မာပြည်ကို ပြီးခဲ့တဲ့ တနင်္လာနေ့သွားရောက်ခဲ့စဉ်မှာ မြန်မာအလုပ်သမားဝန်ကြီးရဲ့ တိုက်တွန်းချက်အရ ထိုင်းဝန်ကြီးချုပ် က အဲဒီလိုကတိပေးခဲ့တာဖြစ်ကြောင်း မြန်မာအလုပ်သမားရေးရာဌာန ညွန်ကြားရေမှူးချုပ် ဦးမျိုးအောင်က ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွန်ကြားရေးမှူးချုပ်  ပရာဗစ် Pravit ကို ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ စနေနေ့ ထုတ်ဝေတဲ့ Bangkok Post သတင်းစာမှာဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ်  ပရာဗစ် Pravit က သူတို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင်ခေါ်ယူဖို့ စဉ်းစားနေကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ အဲဒီလိုခေါ်ယူခြင်းအားဖြင့် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ နို်င်ငခြားအလုပ်သမားတွေကို တရားဝင် ဌားရမ်းနိုင်မယ်လို့ဆိုပါတယ်။ ထိုင်း အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနကို တရားဝင်တင်ပြလျှောက်ထားရမယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံသားအသိအမှတ်ပြုကဒ်
ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း





Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကိုအရိုးရှင်းဆုံးနဲ့ အလွယ်ကူ
ဆုံးအထောက်အကူပြုနိုင်မဲ့privacy shortcutsများကိုထည့်သွင်းပေးထားတာတွေ့ရမှာပါ။ဒီလိုprivacyshortcuts
များကိုUS ကuser များထံစတင်ထည့်သွင်းပေးခဲ့ပြီးအခုအချိန်မှာတော့ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေ
အတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။

ဗိုလ်ချုပ်မူတူးစေးဖိုးကို ကေအဲန်ယူ ဥက္ကဌသစ်အဖြစ် ရွေးချယ်

ဗိုလ်ချုပ်မူတူးစေးဖိုးကို ကေအဲန်ယူ ဥက္ကဌသစ်အဖြစ် ရွေးချယ်

ကရင်အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့  (၁၅)ကြိမ်မြောက် ညီလာခံကနေ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စတဲ့ ထိပ်ပိုင်း (၅)နေရာကို လူသစ်တွေနဲ့ သောကြာနေ့က အစားထိုးရွေးချယ်တင်မြောက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာ ၂၆ရက်ကနေ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လေးဝါးတပ်စခန်းမှာ  စတင်ကျင်းပတဲ့ ညီလာခံကနေ ကေအဲန်ယူရဲ့ထိပ်ပိုင်းခေါင်းဆောင်အဆင့်နေရာ ၅ နေရာမှာ တာဝန်ထမ်းဆောင်ဖို့ လူသစ်တွေကို  ရွေးချယ်တင်မြောက်ခဲ့ကြောင်း ညီလာခံကို တက်ရောက်နေတဲ့ ဗဟိုကော်မတီဝင် ဦးမန်းမျိုးမြင့် က ပြောပါတယ်။

"ဗိုလ်ချုပ်မူတူးစေးဖိုးက ဥက္ကဌ၊ ဒုဥက္ကဌက ဆရာမနော်စီဖိုးရာစိန်၊ အထွေထွေအတွင်းမှူးကျတော့ ပဒိုကွယ်ထူးဝင်း၊ တွဲဘက်အတွင်းရေးမှူး(၁)က သောသီဘွဲ၊ တွဲဘက်အတွင်းရေးမှူး(၂)က မန်းမန်း၊ မဲပေးပိုင်ခွင့်ရှိတဲ့ (၁၇၁)ဦးကနေအဆင့်ဆင့်ပေါ့ နောက်ဆုံး ဒီလူကြီးတွေကိုရွေးချယ်တာလေ"

အခု ရွေးချယ်တင်မြောက်ခံရသူတွေဟာ နောက်တစ်ကြိမ်ညီလာခံကျင်းပတဲ့အထိ သက်တမ်း ၄နှစ်ကြာ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူရဲ့တာဝန်တွေကို ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူရဲ့ (၁၅)ကြိမ်မြောက်ညီလာခံကနေ ဥက္ကဌ၊ အထွေထွေအတွင်းရေး
မှူးစတဲ့ထိပ်ပိုင်း(၅)နေရာကို လူသစ်တွေနဲ့ သောကြာနေ့က အစားထိုးရွေးချယ်တင်မြောက်ခဲ့တယ်လို့ စုံစမ်း
သိရပါတယ်။

အန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့ကကမ္ဘာ့ဈေးအကြီးဆုံးအိမ်

Photo: ကမ္ဘာ့ဈေးအကြီးဆုံးအိမ်
Friday, 21 December 2012

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။

ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

သူပိုင်ဆိုင်သော အိမ်ကို Antilia ဟု အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် အထက်တွင် ရှိကြောင်း သိရသည်။ Antilia တိုက်သည် ၂၇ ထပ်မြင့်ပြီး လူ၅၀ ဆန့်သော ရုပ်ရှင်ရုံငယ်ကို ရှစ်ထပ်တွင်ထားရှိသည်။ ရေကူးကန်တစ်ကန်၊ သုံးထပ်စာပန်းခြံ၊ ခန်းမကြီးတစ်ခုတို့လည်း ပါဝင်သည်။

စတုရန်းပေ လေးသိန်းကျယ်သော နေထိုင်ရာနေရာ၊ ကား ၁၆၈ စီး ထားသိုနိုင်သော ပါကင်၊ ကားပြင်အလုပ်ရုံကြီး တစ်ထပ်၊ ရဟတ်ယာဉ် ဆင်းသက်ကွင်း ၃ ကွင်း၊ လေကြောင်းထိန်းချုပ်စင်တာ တစ်ခု၊ ကျန်းမာရေး spa တစ်ခု၊ ရောဂျကျင့်ရန်သီးသန့်ခန်း၊ လူလုပ်ရေခဲခန်းတစ်ခန်း၊
ကျောက်ဆောင်၊ ကျောက်ခဲများဖြင့် ပြုလုပ်ဖန်တီးထားသော ပန်းခြံတစ်ခု၊ ကမ္ဘာ့အကြီးဆုံး ရှေးခေတ်အပ်ချုပ်စက်များ ခင်းကျင်းပြသထားသည့်
ပြတိုက်ငယ် စသည်တို့လည်းပါရှိသည်။

ဓာတ်လှေကား ၉ ခုပါရှိပြီး အမြင့် ၅၆၈ ပေ ရှိသော Antilia အမည်ရတိုက် တွင် ဝန်ထမ်းပေါင်း ၆၀၀ ကျော်က နေ့စဉ်တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

တိုက်ကို ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံး အဆင့် ၁၀တွင်ရှိသော Altamount လမ်းတွင် တည်ဆောက်ထားပြီး ၂၀၀၇ခုနှစ်က စတင်ရာ ၂၀၁၀ ခုနှစ်တွင်
ဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၁၀ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်နေထိုင်သော ယင်းတိုက်ကို ကမ္ဘာတစ်လွှားမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများကို ဧည့်ခံတွေ့ဆုံလေ့ 
ရှိကြောင်း သိရသည်။

Ref:dailymail
International news for myanmar
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ်စံချိန်တင်ထားသောအိမ်ကိုအန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့
ရမည်ဖစ်သည်။ပိုင်ရှင်မှာ(၂၀၁၂စစ်တမ်းအရ)အာရှတိုက်၏ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊တစ်ကမ္ဘာလုံးအ
တိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။