Pages

Saturday, December 15, 2012

အိုဘားမား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းတွေလေ့လာရအောင်

အိုဘား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများ

အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာတွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့ အိုဘားမားက ပြည်တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။ 

ဒီတော့ နိုင်ငံခြားဖြစ်တွေ တော်ရုံမသုံးပါဘူ။ သို့ပေမယ့် ရှားရှားပါးပါး သူကြည့်တဲ့ တီဗီကတော့ LG ရဲ့  ၃၂ လက်မ LED တီဗီ ဖြစ်ပါတယ်။ တောင်ကိုရီးယား ဖြစ် တီဗီလေးတော့ အသုံးပြု ပါတယ်။ 

iPad

အိုဘားမားက iPad ကြိုက်သူ ဖြစ်ပါတယ်။ လက်ရှိ သူသုံးနေတဲ့ iPad က နောက်ဆုံးထွက် တတိယမျိုးဆက်ဖြစ်ပြီး သွားလေရာ ဆောင်တယ်လို့ သိရပါတယ်။ Retina display ကို ကြိုက်တယ်လို့ ဆိုပါတယ်။ 

Macbook Pro

Apple ရဲ့  Macbook Pro ကိုလည်း သုံးပါတယ်။ iPad နဲ့ တွဲသုံးတာ ဖြစ် ပါတယ်။ သို့ပေမယ့် အပြင်သွားတဲ့အခါ ယူသွားလေ့ မရှိ ပါဘူး။ ရုံးမှာပဲ အသုံးများတယ်လို့ ဆိုပါတယ်။ ၂၀၁၁ နောက်ပိုင်းကထုတ်တဲ့ ၁၅ လက်မ Pro ဖြစ်ပါတယ်။ 

Dell Latitude E6420 

၁၄ လက်မ Core i7 notebook ဖြစ်ပါတယ်။ ဒီ Notebook ကတော့ သွားလေရာ ဆောင်ပါတယ်။ Air Force One နဲ့ ခရီးသွားတိုင်း အမြဲ ပါတယ် ဆိုတဲ့အတွက် မြန်မာပြည်လာတုန်းကလည်း ကြိမ်းသေပါလာမယ့် သူ့ အချစ်တော် Notebook ဖြစ်ပါတယ်။ 

BlackBerry Curve 8300

ဖုန်းထဲမှာတော့ Blackberry ပရိတ်သတ် ဖြစ်ပါတယ်။ Blackberry ကို အိုဘားမား ကြိုက်တယ်ဆိုတာ အမေရိကန်က လူတိုင်း သိပြီး ဖြစ်ပါတယ်။ သို့ပေမယ့် 8300 ကီးဘုတ်ဖုန်းက ၂၀၀၇ နောင်းပိုင်းကတည်းက ထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ မော်ဒယ်အသစ်တောင် ပြောင်းမကိုင်ပါဘူး။ အလုပ်ပဲရှုပ်လို့လား၊ အဟောင်းပဲ ကြိုက်တာလားတော့ မသိပေမယ့် BlackBerry Curve 8300 ကတော့ သူသွားလေရာ ပါပါတယ်။

BlackBerry Curve 8900

နောက်တစ်လုံးကတော့ 8900 ဖြစ်ပါတယ်။ သမ္မတ တစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးနဲ့ မလုံလောက်ဘူးဆိုတာတော့ လူတိုင်း သိပါတယ်။ 8900 ကတော့ ၂၀၀၉ လောက်ကထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ 8300 ရော၊ 8900 က GSM ဖုန်းများ ဖြစ်ပါတယ်။ 

HP Elitebook 6930p notebook

နောက်ထပ် လပ်ပ်တော့ တစ်လုံးကတော့ HP ဖြစ်ပါတယ်။ Elitebook 6930p ဖြစ်ပြီး အစည်းအဝေးခန်းထဲမှာ အသုံးပြု ပါတယ်။ 

ရုံးခန်းစားပွဲပေါ်တင်ထားတဲ့ လျှို့ ဝှက်စကားပြော Telecore IST-2 secure phone, အစည်းဝေးအခန်းမှာ ပုံသေထားရှိတဲ့ Polycom SoundStation 2 conference phone, နံရံကပ် AMX Modero (7-inch) Tabletop Touch Panel, Digital Display Systems Multi-Region Wall Clock,Cisco Unified IP Phone 7965G အစရှိသဖြင့် အခြားသော ပစ္စည်းများလည်း ရှိပါသေးတယ်။ 

အထက်ဖော်ပြပါ ပစ္စည်းတွေကတောင် သူ Officially ဖော်ပြထားလို့ သိရတာ ဖြစ်ပါတယ်။ အမှန်တကယ် သူသုံးနေတဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများလည်းရှိနေအုံးမှာ ဖြစ်ပါတယ်။ 

ဥပမာ - The Beast ဇိမ်ခံကား ကို အမြဲမစီးနိုင်ပါဘူ။ အခမ်းအနားတွေမှာသာ အစီးများပြီး ကျန်တဲ့အချိန်ဆို Genera Motors ကထုတ်တဲ့လျှပ်စစ်ကား Chevrolet Volt ကို အသုံးပြုပါတယ်။ ဈေးနှုန်းသက်သာ ပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ကားပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သမ္မတ စီးဖြစ်တဲ့အတွက် လုံခြုံရေးကတော့ ကြိမ်းသေ အဆင့်မြင့်ထားမှာ ဖြစ်ပါတယ်။ 

အထက်ဖော်ပြပါ ပစ္စည်းများဟာ လက်ရှိအချိန်ထိ အမေရိကန် သမ္မတ အိုဘားမားမှ အသုံးပြုဆဲ အီလက်ထရောနစ် ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: Zdnet
အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2012/12/blog-post_15.html

---
အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal

အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာ
တွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့ အိုဘားမားက ပြည်
တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။

~မိန်းကလေးများ အတင်းပြောခြင်း၏ကောင်းကျိုး ~

~မိန်းကလေးများ အတင်းပြောခြင်း၏ကောင်းကျိုး ~

လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်တဲ့အကျင့်ဟာလူမှုရေးအရ နှာခေါင်းရှုံ့ချင်စရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ အတင်းခြင်းဟာ မိန်းကလေးတွေကိုပိုပြီးကျန်းမာစေသလိုပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။ သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာ progesteroneလို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက် အများကြီးပိုပြီး ထွက်လာတတ်ပြီး အဲဒီဟိုမုန်းဟာလူတစ်ယောက်ချင်းစီရဲ့စိတ်ဖိစီးမှု ဝေဒနာကိုသိသိသာသာ လျော့ပါးစေပါတယ်တဲ့။ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ ကျောင်းသူပေါင်း (၁၆၀)လောက်ကို အတွဲလိုက်သတ်မှတ်ပေးပြီး လေ့လာကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတ ဖလှယ်ကြတဲ့ မိန်းကလေးတွေက စကားနည်းပြီး အတင်းပြောရတာ ၀ါသနာမပါတဲ့ မိန်းကလေးတွေထက်ကျန်းမာရေးကောင်းသလိုပိုပြီးလည်း ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။ 

ပိုပြီးထူးခြားတဲ့အချက်က အတင်းပြောတဲ့ မိန်းကလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍမှာ ပိုပြီးတော့ အကျိုးသက်ရောက်မှုတွေ ရှိလာပြီး လူမှုရေးနယ်ပယ်မှာ တွင်ကျယ်ဝင်ဆံ့လာပါတယ်တဲ့။ ဆရာဝန်တွေရဲ့ အဆိုအရတော့ မိန်းကလေးတွေဟာ သူတို့စိတ်အားထက်သန်တဲ့ ကိစ္စတစ်ခုမှာ တိုးတိုးကြိတ်ကြိတ် ပြောနေကြရတာ မိနစ်(၂၀)လောက် ကြာရုံနဲ့တင် progesteroneပမာဏဟာ ထူးထူးခြားခြား တိုးတက်မြင့်မားလာတယ်လို့ သိရပါတယ်။ ခပ်အေးအေးနဲ့ စကားသိပ်မပြောတဲ့ မိန်းကလေးတွေမှာတော့ progesteroneဟာ လုံးဝတက်မလာဘူးလို့ ဆရာဝန်တွေက ရှင်းပြခဲ့တယ်။ 

ပါမောက္ခ စတက်ဖနီဘရောင်းဟာ ဒီသုတေသနလုပ်ငန်းမှာ ခေါင်းဆောင်ဖြစ်ပြီး သူက တွေ့ရှိချက်တွေကို Hormones and Behaviourဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ “လူနှစ်ယောက် အတင်းပြောနေတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးယှက်နွယ်မှုဟာ ပိုပြီးခိုင်ခံ့လာသလို progesteroneကလည်း ထိုးတက်လာပါတယ်။ ဒါဟာ ဇီဝကမ္မလှုပ်ရှားမှုတွေနဲ့ လူတွေရဲ့ အကျင့်စရိုက်အပေါ်မှာ အကောင်းလက္ခဏာဘက်က သက်ရောက်နိုင်တဲ့ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပါ”လို့ ပါမောက္ခကြီးက ရှင်းပြပါတယ်။ progesteroneရဲ့ ကောင်းကျိုးတစ်ခုက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်လာစေတဲ့ oestrogenကိုတောင် လျှော့ချပေးနိုင်တဲ့အတွက်လူတိုင်းအတင်းများများပြောသင့်တယ်လို့တောင် ပါမောက္ခကြီးက ကျီစယ်သွားပါသေးတယ်။

Credit:Original post
Shared by LoveBUDS
နှင်းဆီဖူးလေးများ-Love BUDS

လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်တဲ့အကျင့်ဟာလူမှုရေးအရ နှာခေါင်းရှုံ့ချင်စရာ ဖြစ်နိုင်ပေမယ့် ဆေး
ပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့် မီးရထားလမ်း တရုတ် နိုင်ငံ၌ ဖွင့်လှစ်မည်


ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့် မီးရထားလမ်း တရုတ် နိုင်ငံ၌ ဖွင့်လှစ်မည်


ကမ္ဘာ့ အရှည်ဆုံး မီးရထားလမ်း တစ်ခုဖြစ်သော ပေကျင်း-ကွမ်ကျိုး မြန်နှုန်းမြင့် ရထားလမ်းကို ဒီဇင်ဘာ ၂၆ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း China Central ရုပ်သံ ဌာန၏ ကြေညာချက်များ အရ သိရသည်။

အဆိုပါ ရထားလမ်းသည် ပေကျင်းမြို့နှင့် ကွမ်ကျိုးမြို့ အကြား ဆက်သွယ် ဖောက်လုပ် ထားသော ရထားလမ်း ဖြစ် ကြောင်း၊ ၎င်းမြို့ နှစ်မြို့ကြား ခရီးအကွာ အဝေးသည
် ၂၂၉၄ ကီလိုမီတာ ရှိပြီး ယခင်က နာရီ ၂ဝ ကြာ မောင်းနှင်ရသော ခရီးကို ယခု အခါတွင် ၈ နာရီကြာ သာခုတ်မောင်း နိုင်တော့မည် ဖြစ်ကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားခဲ့သည်။

ထိုမြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘေး ပြည်နယ်ရှိ ကျားကျွမ်းမြို့ နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့နှင့် နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ရှန်ကျန်း မြို့များကို ဖြတ်၍ ပြေးဆွဲ ခုတ်မောင်း မည် ဖြစ်ကြောင်း တရုတ် နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ရထားလိုင်းသစ် အတွက် လက်မှတ် ဈေးနှုန်းကို မီးရထား ဝန်ကြီး ဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် ဒုတိယတန်း ထိုင်ခုံ တစ်လုံးအတွက် လက်မှတ်ခမှာ ယွမ် ၉ဝဝကျော် ကုန်ကျနိုင်ဖွယ် ရှိပြီး လက်ရှိဈေးနှုန်း ယွမ် ၂၅၃ ထက်ကျော်လွန် နိုင်ကြောင်း၊ အိပ်ခန်းတွဲ လက်မှတ် တစ်စောင်လျှင် ယွမ် ၄၅ဝ ဝန်းကျင် ရှိကြောင်း သိရသည်။

ယခုနှစ် ပထမ ၁၁ လ အတွင်း ရထားလမ်း တည်ဆောက်မှုနှင့် ရထားတွဲ ဝယ်ယူမှုများ အပါ အဝင် စုစုပေါင်း ကုန်ကျငွေသည် အမေရိကန် ဒေါ်လာ ၈၁ ဒသမ ၁ ဘီလီယံ ရှိကြောင်း မီးရထား ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။


အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ကမ္ဘာ့ အရှည်ဆုံး မီးရထားလမ်း တစ်ခုဖြစ်သော ပေကျင်း-ကွမ်ကျိုး မြန်နှုန်းမြင့် ရထားလမ်းကို ဒီဇင်ဘာ ၂၆ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း China Central ရုပ်သံ ဌာန၏ ကြေညာချက်များ အရ သိရ
သည်။

နာဆာအဖွဲ့ လကမ္ဘာကို စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အာကာသ ယာဉ်ငယ် နှစ်စင်း အသုံး ပြုမည် ချီကာဂို

နာဆာအဖွဲ့ လကမ္ဘာကို စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အာကာသ ယာဉ်ငယ် နှစ်စင်း အသုံး ပြုမည် ချီကာဂို 

အမေရိကန် အာကာသ အေဂျင်စီ နာဆာ (NASA) အဖွဲ့သည် လမျက်နှာပြင် အထက် ကမ္ဘာ ပတ်လမ်းကြောင်းမှ မိုင်ပေါင်းများစွာ ကွာဝေးသော နေရာမှ နေ၍ အချက်အလက် များကို လပေါင်း များစွာကြာ ရယူပြီးနောက် လကမ္ဘာတွင် စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အတွက် ဒီဇင်ဘာ ၁၇ ရက်တွင် အာကာသ ယာဉ်ငယ် နှစ်စင်းကို အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာကာသ ယာဉ်များသည် အဝတ်လျှော်စက် အရွယ်အစား ရှိကြောင်း သိရသည်။

Ebb နှင့် Flow ဟု အမည် ပေးထားသော စူးစမ်း လေ့လာရေး အာကာသယာဉ် နှစ်စင်းသည် လ၏ မြောက်ဝင်ရိုးစွန်း အနီးရှိ တောင်ပေါ်သို့ ဂရင်းနစ် စံတော်ချိန် ၁ဝ နာရီ ၂၈ မိနစ်တွင် ဆင်းသက်၍ တစ်နာရီလျှင် ၃၇၆ဝ မိုင်နှုန်းဖြင့် လ၏ မျက်နှာပြင်ကို ဝင်တိုက်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယင်းအချိန်၌ အဆိုပါ ဒေသသည် မှောင်ရိပ် ကျနေသည့် အတွက် နာဆာအဖွဲ့ အနေဖြင့် ဓာတ်ပုံများ ရိုက်ယူရန် လုပ်ဆောင်နိုင်မည် မဟုတ်သည့် အပြင် စူးစမ်း လေ့လာရေး အာကာသ ယာဉ်ငယ်များသည် ကမ္ဘာပတ်လမ်း အတွင်း နိမ့်ဆင်း ပျံသန်း၍ နောက်ဆုံးတွင် ပျက်စီးသွားမည် ဖြစ်သည်။

အဆိုပါ အာကာသ ယာဉ်များသည် အာကာသ အတွင်းမှ စုဆောင်း ရရှိသော ပြတ်သားမှု အရှိဆုံး ကမ္ဘာ မြေထု၏ ဆွဲငင်အား မြေပုံ တစ်ခုကို ထုတ်လုပ် နိုင်ခဲ့သည်။ အဆိုပါ မြေပုံသည် ကမ္ဘာမြေ ကြီးအား လေ့လာရာတွင် ပိုမိုနား လည် နိုင်စေရန် ထောက်ပံ့ ကူညီသွားမည် ဖြစ်ပြီး နေစကြ ဝဠာ အတွင်းရှိ အခြားသော ဂြိုဟ်များ ဖြစ်ပေါ်မှုနှင့် အဆင့်ဆင့် ပြောင်းလဲပုံကို ပိုမို နားလည်ရန် အကူအညီ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

http://www.myawady.com.mm/allnews/global/item/1889-2012-12-15-10-52-46

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

အမေရိကန် အာကာသ အေဂျင်စီ နာဆာ (NASA)အဖွဲ့သည်လမျက်နှာပြင်အထက်ကမ္ဘာပတ်လမ်းကြောင်း
မှ မိုင်ပေါင်းများစွာကွာဝေးသော နေရာမှ နေ၍အချက်အလက် များကိုလပေါင်းများစွာကြာ ရယူပြီးနောက်
လကမ္ဘာတွင် စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် အတွက် ဒီဇင်ဘာ ၁၇ ရက်တွင်အာကာသ ယာဉ်ငယ် နှစ်စင်း
ကို အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာကာသ ယာဉ်များသည် အဝတ်လျှော်စက် အရွယ်
အစား ရှိကြောင်း သိရသည်။

"ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ "

လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ်ကလေးတွေကို ကြည့်ပြီး ဝယ်လေ့ရှိ ပါတယ်။၎င်းပစ္စည်းရဲ့ နောက်ကျော ဘက်
မှာ ရေးထားတဲ့ ကုဒ်ကိုတော့ ဖတ်လေ့ဖတ်ထ မရှိသလောက်ပါပဲ။

လိင်ပညာပေး “ညှို့” မဂ္ဂဇင်း မဖတ်ရသေးတဲ့ သူငယ်ချင်းတွေအတွက်



 လိင်ပညာပေး “ညှို့” မဂ္ဂဇင်းမဖတ်ရသေးတဲ့ သူငယ်ချင်းတွေအတွက် စာအုပ်လေး ဒေါက်တာချက်ကြီးရဲ့ဆိုဒ်
ထဲကနေတွေ့လို့ယူလာပေးလိုက်ပါတယ်။

မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက် မီးလောင်မူဖြစ်ပွား၊ ကျပ်သိန်း ၄၀ ဖို့ ခန့် ဆုံးရှူံး


မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်မျှော်လင့် ၁ ရပ်၊ရတခ ငါးမွေးကန် လမ်းရှိ၊ ငွေမိုး အုန်းဆီစက်ရုံတွင် ဒီဇင်
ဘာ ၁၄ ရက်နေ့ နေ့လည်  ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီစစ်ကန်ထဲသို့ ကျ
ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းရွှေမြန်မာမီဒီဂရုမှသတင်းရရှိသည်။

လက်မထပ်ရ သေးသည့် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်မည့် တောင် ကိုရီးယား နိုင်ငံမှ ကြင်ဖော် ရွေးချယ် ပွဲကြီး

လက်မထပ်ရ သေးသည့် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်မည့် တောင် ကိုရီးယား နိုင်ငံမှ ကြင်ဖော် ရွေးချယ် ပွဲကြီး

တောင်ကိုရီးယား နိုင်ငံတွင် လက်မထပ်ရ သေးသည့် ချစ်ဒုက္ခ ရောက်နေ သူများမှာ ထောင်ချီလျက် ရှိပြီး ၎င်းတို့ သည် ကြင်ဖက်လောင်းများ ရှာဖွေရန် အတွက် လာမည့် ခရစ္စ မတ် နှစ်သစ်ကူး ပွဲတော် မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံကြရန် ပြီးခဲ့သော လကတည်းက ဖေ့စ်ဘွတ်ပေါ်တွင် အချိန်းအချက်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ချိန်းဆို တွေ့ဆုံပွဲကြီးကို ဆိုးလ်မြို့လယ်ကောင်ရှိ ပန်းခြံတစ်ခု အတွင်း တစုတဝေးတည်း ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်ကို ဟာသ ဥာဏ်ရှိသော လူငယ် နှစ် ဦးက စိတ်ကူးရခဲ့ပြီး လူမှုရေး ဆိုင်ရာ ဝက်ဘ်ဆိုက်ပေါ်တွင် တင်၍ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ကြင်ဖက်လောင်း ရှာဖွေရေး အတွက် ရည်ရွယ် ပြုလုပ်သော ချိန်းဆိုတွေ့ဆုံ ပွဲကြီးတွင် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်ကြမည် ဖြစ်သည်။ မိမိတို့သည် တစ်ကိုယ်တော် အထီး ကျန် လျက် ရှိသူများအား ကူညီသည့် အနေဖြင့် ခရစ္စမတ် ပွဲတော် အကြိုနေ့တွင် ကြင်ဖက်လောင်း များနှင့် ဆုံတွေ့ခွင့် ပေးရန် စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းပွဲကြီးအား စီစဉ်သူ  လူငယ်နှစ်ဦး အနက် တစ်ဦးဖြစ်သော အသက် ၂၉ နှစ်အရွယ် ဂျန်က ပြောကြားထားသည်။ 

ဂျန်သည် အဆိုပါ ချိန်းဆို ပွဲကြီးတွင် ၎င်း ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲ မည် ဖြစ်သည်။ အဆိုပါ ကြင်ဖက်လောင်း ရှာဖွေရေး တွေ့ဆုံပွဲကြီးသည် လွန်စွာ ရိုးရှင်းသော်လည်း ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး စိတ်ဝင်စားဖွယ် အစီအစဉ် တစ်ရပ် ဖြစ်သည်ဟုလည်း ၎င်း က ပြောကြား ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/1793-2012-12-14-09-50-03
တောင်ကိုရီးယား နိုင်ငံတွင် လက်မထပ်ရ သေးသည့် ချစ်ဒုက္ခ ရောက်နေ သူများမှာ ထောင်ချီလျက် ရှိပြီး ၎င်းတို့ သည် ကြင်ဖက်လောင်းများ ရှာဖွေရန် အတွက် လာမည့် ခရစ္စ မတ် နှစ်သစ်ကူး ပွဲတော် မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံကြရန် ပြီးခဲ့သော လကတည်းက ဖေ့စ်ဘွတ်ပေါ်တွင် အချိန်းအချက်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဘားကုတ် (bar code) ကို တီထွင်ခဲ့သည့် Norman Joseph Woodland ကွယ်လွန်

ဘားကုတ် (bar code) ကို တီထွင်ခဲ့သည့် Norman Joseph Woodland  ကွယ်လွန်
========================================

ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းတိုင်းလိုလိုမှာ ပါရှိတဲ့ ဘားကုတ်စနစ်ကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာ Norman Joseph Woodland ဟာ အသက် ၉၁ နှစ် မှာ အမေရိကန် နယူးဂျာစီပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ပါတယ်။

Woodland ဟာ ၁၉၄၉ ခုနှစ်မှာ ကုန်ပစ္စည်းဝယ်ယူတဲ့အခါ အဆင်ပြေလွယ်ကူအောင် ဘားကုတ်စနစ်နဲ့ အစားထိုးနိုင်တာကို သိရှိခဲ့ပေမယ့် နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဘားကုတ်နည်းပညာစနစ် က လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပါတယ်။ Woodland ဟာ ၁၉၅၁ ခုနှစ်မှာ IBM မှာ အလုပ်လုပ်ခဲ့ပြီး ဘားကုတ်ကိုတီထွင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲဒီအချိန်တုံးက ဘားကုတ်ဖတ်တဲ့ လေဆာရောင်ခြည် စကင်နာ ကို ထုတ်နိုင်စွမ်း မရှိသေးလို့ မအောင်မြင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

၁၉၇၀ နှစ်များ အစောပိုင်းကျမှ လေဆာစကင်နာ တီထွင်နိုင်ခဲ့ပြီး IBM ကနေ ဘားကုတ်ကို ကမ္ဘာတ၀ှမ်းလက်ခံအသုံးပြုတဲ့ UPC - Universal Product Code ခေါ်တဲ့ လေးထောင့်ကွက်ဘားကုတ်ကို ကျင့်သုံးစေခဲ့ပါတယ်။

ပထမဦးဆုံး ဘားကုတ်သုံးပြီး ရောင်းခဲ့တဲ့ ကုန်ပစ္စည်းတစ်ခုက ၁၉၇၄ ခု ဇွန်လမှာ အမေရိကန် အိုဟိုင်းရိုးပြည်နယ် က Troy စူပါမားကက်တစ်ခုမှ ၀ယ်ယူသွားတဲ့ ဒေါ်လာ ၀.၆၇ ပြားတန် Wrigley's gum ပီကေ ဖြစ်ပါတယ်။

ယနေ့အခါမှာ ကမ္ဘာတ၀ှမ်းမှာ ကုန်ပစ္စည်းပေါင်း ၅ ဘီလီယံခန့် နေ့စဉ် ဘားကုတ်နဲ့ဖတ်ပြီး ရောင်းဝယ်မှုပြုလုပ်နေကြောင်း ဖော်ပြလိုက်ပါတယ်။
ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းတိုင်းလိုလိုမှာ ပါရှိတဲ့ ဘားကုတ်စနစ်ကို တီထွင် ခဲ့တဲ့ အင်ဂျင်နီယာ Norman Joseph Woodland ဟာ အသက် ၉၁ နှစ် မှာ အမေရိကန် နယူးဂျာစီပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ပါတယ်။

မိုဘိုင်းဖုန်း ပတ်သတ်ပြီး သင်မသိသေးတဲ့ လျှို့ဝှက်ချက်တချို့

လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ

http://www.myawady.com.mm/tech/localtechnews/item/1871

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည်
ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။
၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည်ပေးထားပါတယ်။

United Bank of India ရုံးခွဲ မြန်မာနိုင်ငံတွင်ဖွင့်လှစ်

္ဒယနိုင်ငံမှ Bank of India ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးကို လပြည့်ဝန်းပလာဇာ၌ ဖွင့်လှစ်၍ လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်သည်။ ယင်းဘဏ်မှာ မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက်ဖွင့်လှစ်သော ပထမဆုံးအိန္ဒိယဘဏ်ဖြစ်ပြီး ရုံးခွဲဖွင့်လှစ်ခြင်းဖြင့် အိန္ဒိယနှင့်မြန်မာနိုင်ငံကြား ကုန်သွယ်ရေး ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။

ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ

Photo: ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ
(International Seminor on Buddhist Cultural Heritage ) ဖွင့်ပွဲကို နံနက် ၈ နာရီ ၃၀ က သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ဗုဒ္ဓအမွေအနှစ်စာတမ်းဖတ်ပွဲဖွင့်ပွဲသို့ နိုင်ငံတော်ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း၊ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေ သည့် အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီးဆယ်လ်မန်ခါရှစ်တို့လည်း တက်ရောက်ခဲ့သည်။ 

ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဗြိတိန်၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံတို့မှ ပညာရှင်များနှင့်မြန်မာနိုင်ငံမှပညာရှင်များက ဗုဒ္ဓဘာသာဆိုင်ရာစာတမ်းများဖတ်ကြားကြမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။

ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)
7Day News Journal
(International Seminor on Buddhist Cultural Heritage ) ဖွင့်ပွဲကို နံနက် ၈ နာရီ ၃၀ က သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ တက္ကသိုလ် တွင် ကျင်းပခဲ့သည်။ 

CB Bank ၏ ATM တပ်ဆင် ထားသော နေရာများကို မိုဘိုင်းဖုန်း Web application ဖြင့် ကြည့်ရှုနိုင်

CB Bank ၏ ATM တပ်ဆင် ထားသော နေရာများကို မိုဘိုင်းဖုန်း Web application ဖြင့် ကြည့်ရှုနိုင်

http://http://www.myawady.com.mm/tech/localtechnews/item/1776

နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ ပထမဆုံး အနေဖြင့် Master Card, Maestro, Cirrus Cards များ အသုံးပြု၍ ATM မှ ငွေသား ထုတ်ယူခြင်း ဝန်ဆောင်မှုကို စတင်ပေး ခဲ့သော CB Bank ၏ ATM စက်တပ်ဆင် ထားသော နေရာများကို iPhone, android ဖုန်း ကိုင်ဆောင်သူများ ဖြစ်လျှင် ဖုန်းပေါ်တွင် web application များမှ တစ်ဆင့် ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါATM နှင့်ပတ်သက် သည့် အချက် အလက်များကို CB Bank ၏ ကိုယ်ပိုင် Website ဖြစ်သော www.cbbankmm. com နှင့် www.mastercard com/global/atmlocations/ index.htm! တို့ တွင်ကြည့်ရှုနိုင်ပြီး website ကြည့်ရှုရန်အခက်အခဲ ရှိသူများ အနေဖြင့်လည်း CB Bank ထက် Call Center (1887) သို့ မေးမြန်းရန် စီစဉ် ထားမည်ဖြစ်သည်။

ယာယီအနေဖြင့် CB Bank Card Center ၏ Hot Line နံပါတ် (၉၅၁-၃၇၇၅၃၉) သို့ မေးမြန်းစုံစမ်းနိုင်သည်။ CB Bank ၏ Master Card ကို ယခုအခါ Chatrium ဟိုတယ် ရှိ ATM စက်ဖြင့် ထုတ်ယူနိုင်ပြီ ဖြစ်ပြီး ရန်ကုန်ရှိနာမည်ကြီး ဟိုတယ်များတွင် ဆက်လက်တပ် ဆင်ပေးမည်ဟု သိရသည်။

ထို့ အပြင် ၄င်းကတ်များဖြင့် စားသောက်ဆိုင်များ၊ ခရီးသွားလာရေး ကိစ္စများ၊ ကျောက်မျက် ရတနာ ဆိုင်များ၊ အမှတ်တရ အရောင်း ဆိုင်များတွင် ငွေပေးချေနိုင်ရန် POS စက်များ ကို ထားရှိပေးသွား မည်ဖြစ်ပြီး ၂၀၁၃ ဧပြီလတွင် စတင် အသုံးပြုနိုင် မည်ဖြစ်သည်။

ယခု အချိန်တွင် CB Bank ATM စက်များတွင် Master Card ဖြင့် ငွေထုတ် ယူနိုင်သော နေရာ ၃၉ နေရာနှင့် စက်အလုံး အရေအတွက် ၄၂ လုံး တပ်ဆင် ထားပြီး ဖြစ်ကြောင်း သိရှိ ရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ ပထမဆုံး အနေဖြင့် Master Card, Maestro, Cirrus Cards များ အသုံးပြု၍ ATM မှ ငွေသား ထုတ်ယူခြင်း ဝန်ဆောင်မှုကို စတင်ပေး ခဲ့သော CB Bank ၏ ATM စက်တပ်ဆင် ထားသော နေရာများကို iPhone, android ဖုန်း ကိုင်ဆောင်သူများ ဖြစ်လျှင် ဖုန်းပေါ်တွင် web application များမှ တစ်ဆင့် ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း သိရသည်။

ဂျပန် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ KDDI မြန်မာနိုင်ငံတွင် လုပ်ငန်းသစ်ထူတောင်မည်

ဂျပန် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ KDDI မြန်မာနိုင်ငံတွင် လုပ်ငန်းသစ်ထူတောင်မည်
======================================

ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးမား ဆုံး တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် လုပ်ငန်း သစ်လုပ် ကိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးပြောင်းလဲ မှုများ အလျင် အမြန်ဖော်ဆောင် လာမှုက အိမ်နီးချင်းနိုင်ငံတို့မှ ကုမ္ပဏီများကို အ များအပြား ဝင်ရောက်လာစေ ကာ လုပ် ငန်းထူထောင်မှု ပြုခဲ့ကြစေသည်ဟု သိရ သည်။ KDDI Myanmar က ၂၀၁၃ခု ဇန်နဝါရီမှ စတင်ကာ အစမ်းသဘော အားဖြင့် လုပ်ငန်း လုပ်ကိုင်သွားမည်ဖြစ် သည်။ KDDI Myanmar သည် ဂျပန် ကုမ္ပဏီ နှင့် စင်ကာပူရှိ KDDI ကုမ္ပဏီ ခွဲတို့နှင့် ပူးပေါင်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံရှိ KDDI ၏ ရုံး သစ်သည် ကုမ္ပဏီ၏ ၁၀ ခုမြောက်နိုင်ငံရပ် ခြားရှိ ရုံးဖြစ်ကြောင်းသိရသည်။ ဂျပန်နိုင်ငံ ရှိ KDDI ကုမ္ပဏီသည် ဆယ်လ်လူလာ နှင့် ဒေတာအစီအစဉ်များကို အများဆုံး နှင့် ဝန်ဆောင်မှုအများအပြား ဆောင် ရွက်လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံရှိ ရုံးသစ်မှနေ၍ လုပ်ငန်း ဖောက်သည်များအား အလေးထားဆောင် ရွက်ပေးရန်အတွက် ဖြစ်ကြောင်းသိရ သည်။ KDDI အနေဖြင့် မြန်မာနိုင်ငံ တွင် IT အခြေခံအဆောက်အအုံ များနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်း များကို စီမံပေးနိုင်မည့် ပြည့်စုံလုံလောက် သော ရုံးခန်းနေရာများအတွက် လိုအပ် သော ဖြည့်ဆည်းမှုကို ပြုရန်စီစဉ်ထား ကြောင်း သိရသည်။ 

ထိုသို့ လုပ်ဆောင် ခြင်းဖြင့် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းစတင် လည်ပတ်မှုကို ပြုလုပ်နိုင်ရန် မျှော်လင့် နေမှုကို ပြည့်ဝစေမည်ဖြစ်သည့်အပြင် ရလဒ်အဖြစ် KDDI Myanmar Busi-ness Center ကို ရန်ကုန်မြို့တွင် ထားရှိ မည်ဖြစ်ကြောင်း သိရသည်။ KDDI ၏ မြန်မာနိုင်ငံတွင် အခြေချမှုက မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ အခြားသော ဂျပန် ကုမ္ပဏီများ ဝင်ရောက်လာ စေမည့် ကြီး မားသော အကျိုးကျေးဇူးကို ရရှိစေမည် ဟု သိရသည်။Yangon Media Group


ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးမား ဆုံး တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံတွင်လုပ်ငန်း သစ်
လုပ် ကိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးပြောင်းလဲ မှုများ အလျင် အမြန်
ဖော်ဆောင် လာမှုက အိမ်နီးချင်းနိုင်ငံတို့မှ ကုမ္ပဏီများကို အ များအပြား ဝင်ရောက်လာစေ ကာ လုပ် ငန်း
ထူထောင်မှု ပြုခဲ့ကြစေသည်ဟု သိရ သည်။

ကမ္ဘာ့အလှဆုံး ရေလောင်တမံ

ကမ္ဘာ့အလှဆုံး ရေလောင်တမံ

ပုံမှာ မြင်တွေ့ရတဲ့ အသည်းပုံ သဏ္ဍန် ရေလှောင်တမံ ကတော့ ကမ္ဘာ့ အလှဆုံး ရေလှောင်တမံလို့  အတင်စားခံထားရတဲ့ ရေလှောင် တမံ ဖြစ် ပါတယ်။ 

မော်ရိုကိုနိုင်ငံ၊ စိန့်လူးဝစ်ပြည်နယ်မှာရှိတဲ့ Taum Sauk Dam Upper Reservoir လို့အမည်ရတဲ့ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပါတယ်။
...
ယင်းစီမံကိန်းကို အမေရိကန်EU ကုမ္ပဏီမှတာဝန်ယူဆောက်လုပ်ပေး ခဲ့ပြီး ဆောက်လုပ်ရေး စီမံကိန်းတစ်နှစ်ကျော်ကြာမြင့်ပါတယ်။ 

ယင်းစက်ရုံကို ၂၀၀၈ သြဂုတ်လမှာတည်ဆောက်ပြီး ၂၀၀၉ စက်တင်ဘာလမှာ စတင်လည်ပတ်နိုင်ခဲ့ ပါတယ်။ Taum Sauk Dam မှ ရေလှောင်တမံနှင့် ရေအားလျှပ်စစ် စက်ရုံဟာ ယနေ့အချိန် အထိ ရေအား လျှပ်စစ်ထုတ်ဝေပေးလျက်ရှိကြောင်း သိရပါတယ်။

Ref: Fall line

http://www.innewsmyanmar.com/2012/12/blog-post_15.html

အေးချမ်းမွန်မှ rnational news for myanmar  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :rnational news for myanmar


ပုံမှာ မြင်တွေ့ရတဲ့ အသည်းပုံ သဏ္ဍန် ရေလှောင်တမံ ကတော့ ကမ္ဘာ့ အလှဆုံး ရေလှောင်တမံလို့  အတင်
စားခံထားရတဲ့ ရေလှောင် တမံ ဖြစ် ပါတယ်။

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်		

SATURDAY, 15 DECEMBER 2012 14:07

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။
“ခရီးစဉ် မပျက်ပါဘူး။ နဂိုစီစဉ်ထားတဲ့ အတိုင်းပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင်က ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျွန်းစုမြို့သို့ ရှပ်ပြေးဖြင့်သွားရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကံမော်ကျေးရွာမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါခရီးစဉ်အတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားမည်လည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် နိုဝင်ဘာလ ၂၉ မှ ၃၀ ရက်နေ့အထိ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်စီမံကိန်းအပါအ၀င် ကျေးရွာများသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့နယ်အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :reuters.com

SATURDAY, 15 DECEMBER

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ်
မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင်ဒီဇင်ဘာလ၁၄
ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်းခရီးစဉ်ကိုဖျက်သိမ်းမဟုတ်ကြောင်းအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။

တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်း

ရန်ကုန်၊ ဒီဇင်ဘာ-၁၅

တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီကို ဒီဇင်ဘာ ၁၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။

ကျန်းမာရေးအကျိုးကျေးဇူးများသည့် ဗိုက်လှုပ်အက

ကျန်းမာရေးအကျိုးကျေးဇူးများသည့် ဗိုက်လှုပ်ကခြင်း ........

အောက်ပါတို့ကတော့ ဗိုက်လှုပ်ကခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာကိုတော့ ပျင်းရိတတ်ပြီး အကကိုတော့ ဝါသနာပါတဲ့ ဒီနေ့ခေတ် မိန်းကလေးတွေအနေနဲ့ Shakira လိုမျိုး ဗိုက်လှုပ်ကမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူး တွေကို ရရှိမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း
...ဗိုက်လှုပ်ကတဲ့ ပြင်းအားပေါ်မူတည်ပြီး တစ်နာရီမှာ ကယ်လိုရီ ၃၀၀ အထိလောင်ကျွမ်း စေနိုင်ပါတယ်။ သင်ဟာ ကိုယ်အလေးချိန် ကျချင်ပြီး လေ့ကျင့်ခန်းလုပ်ရမှာလည်း ပျင်းတယ်ဆိုရင် ဗိုက်လှုပ်အကကို လေ့ကျင့်သင်ကြားပြီး ကတာက ပျော်စရာလည်းကောင်းပြီး ကိုယ်အလေးချိန်ကိုလည်း ထိထိရောက်ရောက် ကျစေမှာဖြစ်ပါတယ်။

ကြွက်သားများကို သန်မာစေခြင်း
ဗိုက်လှုပ်အကဟာ ဗိုက်သာမက ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ လှုပ်ရှားစေပြီး ကြွက်သားတွေ ကို ကျစ်လျစ်သန်မာစေပါတယ်။ ဒီအကရဲ့ အကောင်းဆုံး အကျိုးကျေးဇူးကတော့ ကရာမှာ ပါဝင်တဲ့ ကြွက်သားအားလုံးကို ကျစ်လျစ်သွယ်လျစေပြီး သန်မာစေနိုင်ပါတယ်။

ရာသီအကြိုဝေဒနာကို သက်သာစေခြင်း
ဗိုက်လှုပ်အကဟာ တင်ပဆုံနေရာတစ်ဝိုက်က ပိတ်ဆို့နေတာအားလုံးကို ရှင်းလင်းသွား စေပြီး ရာသီအကြိုဝေဒနာခံစားရတာတွေကိုလည်း ရာသီအကြို လျော့ပါးသက်သာ သွားစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
ယှဉ်ပြိုင်မှုတွေများပြီး စိတ်ဖိစီးမှုတွေကို အဆက်မပြတ် ကြုံတွေ့ရတတ်တဲ့ ဒီနေ့ခေတ်မှာ စိတ်ကိုအနားပေးဖို့လိုအပ်ပါတယ်။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေနဲ့အတူ လှလှပပ ဗိုက်လှုပ်ကတာဟာ စိတ်ကိုအပန်းပြေစေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

အရိုးများကို သန်မာစေခြင်း
ဗိုက်လှုပ်ကတာဟာ ခန္ဓာကိုယ်အလေးချိန်ကို သယ်ဆောင်ထားရတဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်တာကြောင့် အရိုးသိပ်သည်းဆကို ပိုများစေနိုင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်နာကျင်မှု သက်သာစေခြင်း
ဗိုက်လှုပ်ကတဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှုတွေဟာ နောက်ကျောနဲ့ တင်ပဆုံမှာရှိတဲ့ အဆစ် တွေနဲ့ အရွတ်တွေကို ညင်သာပေမယ့် ထပ်ကာထပ်ကာ လှုပ်ရှားမှုတွေ ဖြစ်စေပါတယ်။ ဒီအခါ အဆစ်တွေထဲမှာရှိတဲ့ အရည် (Synovial fluid) တွေရဲ့ လှုပ်ရှားမှု အလျင်ကို တိုးစေပါတယ်။ ဒီအရည်တွေက အဆစ်နာကျင်မှု သက်သာအောင် ကူညီနိုင်ပါတယ်။

Health

အေးချမ်းမွန်မှ  Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Mg Mandalay

အောက်ပါတို့ကတော့ ဗိုက်လှုပ်ကခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ
ကိုတော့ ပျင်းရိတတ်ပြီး အကကိုတော့ ဝါသနာပါတဲ့ ဒီနေ့ခေတ် မိန်းကလေးတွေအနေနဲ့ Shakira လိုမျိုး ဗိုက်လှုပ်ကမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူး တွေကို ရရှိမှာဖြစ်ပါတယ်။

ကျပ်နှစ်သိန်းနှင့် နှစ်သိန်းငါးသောင်းတန် မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ အရောင်းဆိုင်များမှ ဆက်သွယ်ရေးပြန်သိမ်း

မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ ဆက်သွယ်ရေးပြန်သိမ်း

15/Dec/2012

ဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့် နှစ်သိန်းငါးသောင်းတန် လက်ကျန် မိုဘိုင်းလ်ဖုန်း လိုင်းကတ်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။ “ဟုတ်တယ်။ လိုင်းကတ်တွေ ပြန်အပ် ခိုင်းထားတယ်။ နောက်ထပ်ထွက်မယ့် တန်ဖိုးနည်းဖုန်းတွေက ဇန်နဝါရီလလောက် ဖြစ်မယ် ထင်တယ်။ အဲဒီထက် နောက်ကျရင်လည်း နောက်ကျနိုင်တယ်” ဟု ၄င်းကပြောကြားသည်။ ပုသိမ်ရှိ Elite ဖုန်းဆိုင်များတွင် ယနေ့စတင်၍ လိုင်းကတ်များ မရောင်းတော့ကြောင်း၊ MPT သို့ လိုင်းကတ်များ အပ်နှံရန်အတွက် ရုံးချုပ်မှ အကြောင်းကြားထားကြောင်း၊ အရေအတွက် မည်မျှရှိသည်ကိုမူ ပြောခွင့်မရှိကြောင်း ပုသိမ်မြို့ရှိ Elite ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ “ကျွန်တော်တို့က ဒီကတ်တွေကို တာဝန်ယူ ဖြန့်တာဆိုတော့ ကျွန်တော်တို့ Elite ဆိုင်တွေကနေပဲ သိမ်းတာပါ။ MPT ကို ဒီနေ့စအပ်ရတယ်။ ဘယ်နေ့ နောက်ဆုံးလို့တော့ သတ်မှတ်ထားတာမျိုး မရှိဘူး။ မြန်မြန်လေးတော့ အပ်ခိုင်းတယ်” ဟု Elite Tech ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သို့သော် အခြားဆိုင်များတွင် ရှိနေသော လိုင်းကတ်များကိုမူ တာဝန်ယူသိမ်းဆည်းမည် မဟုတ်ဘဲ Elite ဖုန်းဆိုင်များတွင် ကျန်ရှိနေသော လိုင်းကတ်များကိုသာ ပြန်လည် သိမ်းခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်းများကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ဖြန့်ချိခဲ့ပြီး ဧပြီလတွင် တရားဝင် စတင်ရောင်းချခဲ့သည်။ ပြည်တွင်း ဖုန်းဈေး ကွက်တွင်မူ ကျပ်တစ်သိန်း သုံးသောင်းတန် လိုင်းကတ်များ ရောင်းချတော့ မည်ဖြစ်၍ ပြန်သိမ်းခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ လဆန်းပိုင်းတွင် ရောင်းချပေးဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အာဆီယံဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းလ်ဖုန်း SIM ကတ်များကို ထိုင်းနိုင်ငံတွင် ၃.၅၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်တွင် ၁.၅၀ ဒေါ်လာ၊ ဖိလစ်ပိုင်တွင် ၁၁ ဒေါ်လာ၊ စင်ကာပူတွင် ၁၉.၆၄ ဒေါ်လာ၊ ဗီယက်နမ်တွင် ၂.၃၉ ဒေါ်လာ၊ မလေးရှားတွင် ၁.၄၇ ဒေါ်လာနှုန်း တို့ဖြင့် ရောင်းချကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


အေးချမ်းမွန်မှ  ခေတ်လူငယ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google

15/Dec/2012

ဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့် နှစ်သိန်းငါးသောင်းတန် လက်ကျန် မိုဘိုင်း
လ်ဖုန်း လိုင်းကတ်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။

အခွန်ဆောင်ရန် ငွေလိုအိပ်နေသဖြင့် နာမည်ကျော် မင်းသမီး လင်ဆေးလိုဟန် အဝတ်အစားရောင်း

အခွန်ဆောင်ရန် လင်ဆေးလိုဟန် အဝတ်အစားရောင်း\

14 DECEMBER 2012  

လင်ဆေးလိုဟန်သည် သူမ၏ ဝင်ငွေခွန် ပေးဆောင်ရန် အတွက် သူမ၏ အဝတ်အစား များကို ရောင်းချ နေရသည်ဟု ဆိုသည်။ အသက် ၂၆ နှစ်အရွယ်ရှိ လင်ဆေးသည် သူမ၏ အဖိုးတန်ဆုံး အဝတ်အစားများ၊ ဖိနပ်များနှင့် အခြား အသုံးအဆောင် များကို လော့အိန်ဂျလိစ် မြို့ရှိ အဝတ်ဟောင်း အရောင်းဆိုင်တွင်ရောင်းချရန် သူမ၏ညီမ အာလီကို စေလွှတ်ခဲ့သည်ဟု အမေရိကန်ဝက်ဆိုဘ်တစ်ခုဖြစ်သော Radar Online က ဖော်ပြခဲ့သည်။
သူမ၏ဘဏ်ငွေစာရင်းကို ပြည်တွင်းအခွန်ဌာနက သိမ်းလိုက်ပြီးနောက် သူမယခုကဲ့သို့ အသည်း အသန်ငွေဖော်နေရခြင်းဖြစ်သည်။ လင်ဇီးသည် ၂၀၁၀ ခုနှစ်အတွက် ဝင်ငွေခွန်ပေါင် ၁၄၆၀ဝ၀ ခန့် ပေးဆောင်ရန်ရှိနေပြီး ၂၀၁၁ ခုနှစ် ဝင်ငွေပေးဆောင်ရန်လည်းရှိနေခဲ့သည်။
သူမ၏မိတ်ဆွေ ချာလီရှင်းက ပေါင် ၆၂၀ဝ၀ အလကားပေးခဲ့သော်လည်း ထိုငွေပမာဏက အရာမထင်ဖြစ်နေသည်။ အဟောင်းဆိုင်သို့ အထည်သွားရောင်းခဲ့သည့် အာလီသည်လည်း ဒေါ်လာ ၇၀ဝ လောက်တန်သောပစ္စည်းအတွက် ဒေါ်လာ ၇၀ သာပေး၍ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရ သည်။
ဤအဝတ်အထည် များသည် နာမည်ကျော် မင်းသမီး လင်လိုဟန်၏ အဝတ်အထည်များဖြစ်သည် ဟူသော စကားပင်လျှင် အရာမထင်ခဲ့ချေ။

7.12.12 Daily Mails

အေးချမ်းမွန်မှ   THE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : THE PUBLIC IMAGE


14 DECEMBER 2012

လင်ဆေးလိုဟန်သည် သူမ၏ ဝင်ငွေခွန် ပေးဆောင်ရန် အတွက် သူမ၏ အဝတ်အစား များကို ရောင်းချ နေ
ရသည်ဟု ဆိုသည်။ အသက် ၂၆ နှစ်အရွယ်ရှိ လင်ဆေးသည် သူမ၏ အဖိုးတန်ဆုံး အဝတ်အစားများ၊ ဖိနပ်
များနှင့် အခြား အသုံးအဆောင် များကို လော့အိန်ဂျလိစ် မြို့ရှိ အဝတ်ဟောင်း အရောင်းဆိုင်တွင်ရောင်းချရန် သူမ၏ညီမ အာလီကို စေလွှတ်ခဲ့သည်ဟု အမေရိကန်ဝက်ဆိုဘ်တစ်ခုဖြစ်သော Radar Online က ဖော်ပြခဲ့
သည်။

ရှမ်းရိုးရာ နှစ်ကူး ပဒေသာပင် အလှူ

ရှမ်းရိုးရာ နှစ်ကူး ပဒေသာပင် အလှူ

15/12/2012

ယနေ့ နေ့ခင်း ၁၂း၀၀ နာရီခန့်တွင် တောင်ကြီးမြို့ ၊ မိန်းလမ်း တောက်လျှောက် ရှမ်းရိုးရာ နှစ်သစ်ကူး ကထိန်ပဒေသာပင်များကို အိုးစည်ဗုံမောင်းများဖြင့် အဖွဲ့လိုက်စီတန်း လှည့်လည်ခဲ့သည်ကို တွေ့ရသည်။

ပဒေသာပင်စုစုပေါင်း အခု ၅၀ ကျော် ပါဝင်ပြီး တောင်ကြီးမြို့နယ် ဒေသအသီးသီးရှိ ရှမ်းရွာများ၊ မြို့နယ်များမှ ပဒေသာပင်များပါ ပါဝင်ကြောင်း တောင်ကြီးဒေသခံ ရှမ်းတိုင်းရင်းသား ကိုစိုင်းမွန်းကပြောသည်။

ယခု နှစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၇ တွင် ကျရောက်ကြောင်း ၊ ယခုကဲ့သို့ နှစ်ကူးတွင် အလှူ လှူဒါန်းရခြင်းသည် နှစ်သစ်ကူး အထိမ်းအမှတ် နှစ်ဆန်း မင်္ဂလာအလှူဖြစ်ကြောင်း၊ ဆန်းစပါးအသစ် ထွက်သည့်အချိန်လည်း ဖြစ်သောကြောင့် ညအလှူ အတန်းပြုလုပ်ကြသည်မှာ ရှေးယခင် ခေတ်အစဉ်အဆက်မှ ကျင်းပလာခြင်း ဖြစ်ကြောင်း ကိုစိုင်းမွန်းကပြောသည်။

လှူဒါန်းထားသည့် ပဒေသာပင်အသီးသီးကို မနက်ဖြန် ဒီဇင်ဘာ ၁၅ ရက် ရှမ်းနှစ်ဆန်း (၁) ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဝေဠုဝန်ကျောင်း၊ ကျိုင်းတုံကျောင်း၊ ရှမ်းပိဋကတ်ကျောင်း၊ မင်းကွန်းကမဋ္ဌန်းကျောင်း အစရှိသည်တို့ကို သွားရောက်ပြီး ရေစက်ချ လှူဒါန်းကြမည်ဖြစ်ကြောင်း ဒေသခံရှမ်းတိုင်းရင်းသားများထံမှ သိရသည်။

ဓာတ်ပုံများကြည့်ရန်
http://shannnews.blogspot.com/2012/12/blog-post_5679.html

အေးချမ်းမွန်မှ  Shan News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Shan News

15/12/2012

ယနေ့ နေ့ခင်း ၁၂း၀၀ နာရီခန့်တွင် တောင်ကြီးမြို့ ၊ မိန်းလမ်း တောက်လျှောက်ရှမ်းရိုးရာ နှစ်သစ်ကူး ကထိန်
ပဒေသာပင်များကို အိုးစည်ဗုံမောင်းများဖြင့် အဖွဲ့လိုက်စီတန်း လှည့်လည်ခဲ့သည်ကို တွေ့ရသည်။

အမေရိကန်နိုင်ငံ ကောနက်တီကတ်ပြည်နယ်က မူလတန်းကျောင်းက သေနတ်ပစ်ခတ်မှုအတွက် သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျခဲ့ရတဲ့ သမ္မတအိုဘားမား

ကောနက်တီကတ်ပြည်နယ်က မူလတန်းကျောင်းက ၅နှစ်ခြောက်နှစ်အရွယ်
ကလေးငယ်တွေ အများစု အပါအ၀င်လူ၂၆ ယောက် သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွက် သတင်းစာရှင်းလင်းပွဲမှာ စိတ်ထိခိုက်မျက်ရည်ကျနေတဲ့ သမ္မတအိုဘားမားပါ။

ဒီလိုကိစ္စတွေနဲ့ ကြုံရင် သမ္မတတဦးထက် သမီးနှစ်ဦးရဲ့ ဖခင် မိဘတဦးအနေနဲ့ ပိုပြီး ခံစားရပါတယ် လို့ မျက်ရည်သုတ်ရင်း အရေးပေါ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာသူကပြောကြားခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ ပစ်ခတ်မှုကြောင့် ကလေးအယောက် (၂၀) နဲ့ လူကြီးခြောက်ယောက် သေဆုံးခဲ့ပါတယ်။ 

ပစ်ခတ်သူသေနတ်သမားကတော့ ကျောင်းက ဆရာမတဦးရဲ့ သား ကျောင်းသားတဦးလို့ သိရပြီး သူ့ အမေဆရာမလည်း နေအိမ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်လည်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ ရပါတယ်လို့ NBS ရုပ်သံသတင်းအရသိရပါတယ်။

By - ထားထားမြင့် (Burma-Newselite) Dec 14, 2012
ဓာတ်ပုံ AP

အေးချမ်းမွန်မှ  အဘ ဥက္ကာကိုကို တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :အဘ ဥက္ကာကိုကို

ကောနက်တီကတ်ပြည်နယ်က မူလတန်းကျောင်းက၅နှစ်ခြောက်နှစ်အရွယ်ကလေးငယ်တွေ အများစု အပါ
အ၀င်လူ၂၆ ယောက် သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွက် သတင်းစာရှင်းလင်းပွဲမှာသမ္မတအိုဘားမာ
စိတ်ထိခိုက်မျက်ရည်ကျခဲ့ရပါတယ်။

စက်တင်ဘာ အရေးအခင်း(ခေါ်) ဘုန်းကြီးတွေ လမ်းပေါ်ထွက်အောင်လုပ်တဲ့ ဘုန်းကြီးယုတ် ဘုန်းကြီးတု အကြောင်းဖော်ထုတ်ပြီ

 
စက်တင်ဘာလကိုရောက်လာပြီဆိုရင်ဖြင့် ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်းတွေမြင်လာရပြန်ပါပြီ။ တကယ်ဆို ၀ါတွင်းကာလကြီး မဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေးတွေလုပ်နေလို့ EU ကတောင် Sanction တွေရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှုက လွဲရင်ကျန်တဲ့ ကုန်သွယ်ရေးဆိုင်ရာ ကင်းလွတ်ခွင့်တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါပြီ။

ABSDF ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန် ကို မြောက်ဒဂုံရဲစခန်းမှ လူသတ်မှုဖြင့် တရားစွဲပြီ



ABSDF ကျောင်းသားခေါင်းဆောင်ဟောင်းမိုးသီးဇွန်ကို မြောက်ဒဂုံရဲစခန်းမှလူသတ်မှုဖြင့် တရားစွဲဆိုလိုက်
ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

ထိုင်းနိုင်ငံရောက် နိုင်ငံခြားအလုပ်သမား မှတ်ပုံတင်ရက် ကုန်ဆုံးသွားပြီ

မြန်မာအများစုပါဝင်တဲ့ ထိုင်းနိင်ငံ ရှိ ရွေ့ပြောင်းအလုပ်သမားတွေ ဟာ သောကြာနေ့ကို နောက်ဆုံးရက်အဖြစ် မှတ်ပုံတင်ဖို့ တိုင်းအစိုးရက သတ်မှတ်ထားလို့ Samut Sakhon အလယ်ပိုင်း ခရိုင်ရှိ ထိုင်းအလုပ်သမားရုံးမှာ ကြိတ်ကြိတ်တိုး အလုအယက်မှတ်ပုံတင်ခဲ့ကြကြောင်း TNA ထိုင်းသတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။

HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာကုသနိုင်ခဲ့

HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာကုသနိုင်ခဲ့

အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များသည် အိတ်ခ်ျအိုင်ဗွီ (HIV) ပိုးကို အသုံးပြု၍ သွေးကင်ဆာ ရောဂါ ခံစားနေရသော ခုနစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သိရသည်။

အမ်မာဝိုက်ဟက်ဒ်အမည်ရှိ အဆိုပါ မိန်းကလေးငယ်သည် သွေးကင်ဆာ ရောဂါကို ဓာတုကုထုံး များဖြင့် နှစ်နှစ်နီးပါး ကြာကုသပြီးနောက် ဖေဖော်ဝါရီလ အတွင်း၌ ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံမှ ဆရာဝန်များ က HIV ပိုးကို အသုံးပြု၍ ကုသမှု တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန် တစ်ဦးဖြစ်သူ စတီဖင်ဂရပ်က ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် သွေးကင်ဆာ ရောဂါ ခံစားနေရသော လူနာများကို အောင်မြင်စွာ ကုသနိုင်သည့် ကုသမှုတစ်ရပ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း၊ T-cells များကို အမှန်တကယ် ဖန်တီးနိုင်ပြီဖြစ်သည့် အပြင် ယင်း T-cells များသည် လူနာ၏ ခန္ဓာကိုယ်အတွက် ဆက်လက်ရှင် သန်ကြီးထွားပြီး ကင်ဆာ ဆဲလ်များ ကို တိုက်ဖျက်နိုင်သည့် ခုခံအားစနစ်ကိုထုတ်လုပ်ပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CTLO19 အမည်ရှိ အဆိုပါကုထုံးကို ပင်ဆယ်ပေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် အဆိုပါ ကုထုံးကို အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု ဌာနက ထောက်ခံခဲ့ပြီး အခြားဆေးရုံများတွင်လည်း ကုသနိုင် ပြီဖြစ်ကြောင်း ဒေါက်တာဂရပ်ကပြော ကြားခဲ့သည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များသည် အိတ်ခ်ျအိုင်ဗွီ (HIV) ပိုးကို အသုံးပြု၍ သွေးကင်ဆာ ရောဂါ ခံစားနေရသော ခုနစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာတို့၏ ပထမဆုံးများ

မြန်မာတို့၏ ပထမဆုံးများ
===============
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ 
မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ်
ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )

၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်

၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး

၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ

၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်

၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး

၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး

၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး

၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး

၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 

၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ

၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)

၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း

၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်

၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်

၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်

၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်

၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)

၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)

၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်

၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)

၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း

၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်

၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်

၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)

၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု

၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ

၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 

၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်


Credit-Myanmar Online News

မြန်မာတို့၏ ပထမဆုံးများ
===============
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ
မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ်
ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )

သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်


.သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်

သမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူသည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသား တစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအာ...း ယခုအခါတွင် ပြသနေ ပြီဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ဂျိုဟန်သည် အဆိုပါ လှေကြီးကို တည်ဆောက်ရန် အတွက် နှစ်ပေါင်း ၂ဝ ကြာ စူးစမ်း လေ့လာမှုများ ပြုလုပ် ခဲ့ရကြောင်း သိရသည်။ ၎င်းစူးစမ်း လေ့လာမှုများ ပြုလုပ်ရာတွင် ကမ္ဘာဦး ကျမ်းစာများကို မှီငြမ်းခဲ့ ရကြောင်း သိရသည်။

၎င်းလှေကြီးသည် ၄၂၇ ပေ အရှည်ရှိပြီး အကျယ် ၉၅ ပေနှင့် အမြင့် ၇၅ ပေရှိကြောင်း၊ ၎င်းလှေကြီးကို သမ္မာ ကျမ်းစာအရ အချိုးအစား ညီညီ တည်ဆောက် ထားကြောင်း သိရသည်။ ထိုလှေကြီးသည် သမ္မာ ကျမ်းစာတွင် ဖော်ပြထား သကဲ့သို့ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးစိတ် အများအပြားကို တင်ဆောင်နိုင်ခြင်း မရှိသော်လည်း ဆင်နှစ်ကောင် ကနိုင်လောက်သည့် နေရာ အကျယ်အဝန်း ရှိကြောင်း သိရသည်။

ထို့ပြင် လှေကြီး၏ ထိုင်ခုံတန်း များကို ထင်းရှူးသား များနှင့် ပြု လုပ်ထားပြီး ထိုလှေကြီး ပေါ်သို့ လာရောက်ကြသည့် ဧည့်ပရိသတ်များ ကြည့်ရှုနိုင်ရန် အတွက် ပလတ်စတစ်ဖြင့် ပြု လုပ်ထားသည့် ကျွဲ၊ မြင်း၊ ကျား၊ မျောက်ဝံ၊ ခြင်္သေ့၊ ဝက်ဝံ အရုပ်များကို ၎င်းလှေပေါ်တွင် ခင်းကျင်း ပြသထားပြီး အန္တရာယ် မပေးနိုင်သော အခြားသက်ရှိ သတ္တဝါများ ကိုလည်း သင်္ဘောပေါ်တွင် ထည့်သွင်း ထားရှိကြောင်း သိရသည်။ ထိုလှေကြီးသည် အလွန်ပင်အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းလှေသို့ လာရောက် လည်ပတ်သည့် တောင်အာဖရိကမှ ဧည့်သည် တစ်ဦးက ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/1780-2012-12-14-09-19-46


အေးချမ်းမွန်မှ မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : မြ၀တီသတင်း

သမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူသည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသား တစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအာယခုအခါတွင် ပြသနေ ပြီ
ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

လက်ပံတောင်း သံဃာတွေကို အစိုးရက ယနေ့ ဒီဇင်ဘာ ၁၅တွင် တောင်းပန်မယ်

လက်ပံတောင်း သပိတ် စခန်းတွေကို အင်အားသုံး ဖြိုခွဲ ခဲ့လို့ ဒဏ်ရာ ရတဲ့ သံဃာတော်တွေကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ အဖွဲ့က သွားရောက် တောင်းပန် မယ်လို့ သိရပါ
တယ်။

CoCaCoLa နောက်ထပ်တွေ့ရှိတဲ့ လျှို့ ဝှက်ချက်များ------

အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------

ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။ 

 
သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

ဆေးဝါးအဖြစ် သုံးစွဲခြင်း

ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း

အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။

ဟင်းချက်ရာတွင် အသုံးပြုခြင်း

ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။
့http://discoverychannel99.blogspot.com မှကူးယူတင်ပြပါသည်။

ကိုကာကိုလာအချိုရည်မှာ အသုံးပြုလို့ရ တဲ့ နည်းလမ်းထပ်မံတွှေု့ရှိထားပါတယ်။

အမေရိကန် ကျောင်းတခုမှာ ပစ်ခတ်မှု ဖြစ်ပွား

အမေရိကန် ကျောင်းတခုမှာ ပစ်ခတ်မှု ဖြစ်ပွား

အမေရိကန် ပြည်ထောင်စု Connecticut ပြည်နယ် က မူလတန်း ကျောင်း တခုမှာ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့တဲ့ အတွက် ကလေးတွေ အပါ အဝင် လူအများ အပြား သေဆုံး သွားပါတယ်။

သေဆုံးသူ အရေ အတွက် ဘယ်လောက် ရှိတယ် ဆိုတာ ကိုတော့ လောလော ဆယ်မှာ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါ။

ဒါပေမယ့်လို့ ဒေသတွင်း မီဒီယာက သတင်း ထုတ်ပြန် ရာမှာတော့  လူပေါင်း ၂၀ ကျော်လောက် သေဆုံး သွားနိုင်တယ် လို့ဆိုပါတယ်။

ပစ်ခတ်မှုဟာ ပြီးဆုံး သွားပြီ ဖြစ်ပြီး သေနတ် သမားလည်း သေဆုံး သွားပြီ ဖြစ်တယ်လို့ အရာရှိ တွေက ပြောပါတယ်။

သေနတ် သမားဟာ ကျောင်းရုံးဘက်ကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို ယူဆရ ပေမယ့်လို့ စာသင်ခန်းတွေ ဘက်ကိုလည်း ပစ်ခတ် ခဲ့တယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်နေ ပါတယ်။

http://www.bbc.co.uk/burmese/world/2012/12/121214_us_shooting.shtml

အမေရိကန် ပြည်ထောင်စု Connecticut ပြည်နယ် က မူလတန်း ကျောင်း တခုမှာ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့တဲ့ အတွက် ကလေးတွေ အပါ အဝင် လူအများ အပြား သေဆုံး သွားပါတယ်။

KIA, တပ်ရင်း(၃၃) အုပ်ချုပ်နယ်မြေ လောပွန်ပို့စ် အား KIA, ပြန်လည်သိမ်းပိုက်

လောပွန်ပို့စ် အား KIA, ပြန်လည်သိမ်းပိုက်နိုင်
=========================
LAW PUM POST HPE BAI LU ZING LA
========================
KIA, တပ်မဟာ (၁)ဒေသ၊ KIA, တပ်ရင်း(၃၃)
အုပ်ချုပ်နယ်မြေ တရုတ် -မြန်မာ နယ်ခြားမှတ်တိုင် 
အမှတ် (၆) အနီးရှိ KIA,တပ်ရင်း(၃၃)တပ်ဖွဲ့ ၀င်များ
 နှင့် မြန်မာ အစိုးရစစ်တပ်တို့ (၂၀၁၂၊ ဒီဇင်ဘာလ၊
၁၄)ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွား
ကြောင်းသိရှိရပါသည်။ ဤတိုက်ပွဲ တွင် ပြီးခဲ့သော 
အပတ်အတွင်း မြန်မာအစိုးရ စစ်တပ်က စစ်အင်အား
အလုံးအရင်းဖြင့် အသုံးပြုကာထိုးစစ်ဆင်တိုက်ခိုက်
သိမ်းပိုက်ထားသော KIA, တပ်ရင်း (၃၃)၏ ရှေ့တန်း
စခန်းတစ်ခုဖြစ်သော "လောပွန်ပို့စ် " အား (ဒီဇင်
ဘာလ၊၁၄)ရက်နေ့တိုက်ပွဲ တွင် အစိုးရတပ်ထံမှ KIA,
ပြန်လည်သိမ်းပိုက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသတင်း
ရရှိပါသည်။

Wunpawng Mungdan Shanglawt Asuya 
Dingdung Ginwang Dap Ba (1) n pu, KIA 
Dung (33) Ginra rai nga ai Jinghpaw Mung 
hte Miwa Mung jarit shadaw masat (6) 
makau de Dung (33) na KIA myu tsaw share 
ninghkring ni hte myen tai hpyen hpung ni 
December (14) ya shani laja lana gap gasat 
lai wa sai lam shiga na chye lu ai. Lai wa sai 
bat hta myen hpyen ni n gun kaba hte htu 
gasat zing la lai wa sai KIA Post rai nga ai 
Law Pum Post hpe KIA myu tsaw share ning
hkring ni kawn dai ni bai lu gasat zing la lu 
sai lam hpe mung matut na chye lu ai.
(source-jinghpawkasa)

KIA, တပ်မဟာ (၁)ဒေသ၊ KIA, တပ်ရင်း(၃၃)အုပ်ချုပ်နယ်မြေတရုတ် -မြန်မာနယ်ခြားမှတ်တိုင်အမှတ်(၆)
အနီးရှိ KIA,တပ်ရင်း(၃၃)တပ်ဖွဲ့ ၀င်များ နှင့် မြန်မာ အစိုးရစစ်တပ်တို့ (၂၀၁၂၊ဒီဇင်ဘာလ၊၁၄)ရက့်နေ့တွင်
အပြင်းအထန် တိုက်ပွဲ ဖြစ်ပွား ကြောင်းသိရှိရပါသည်။