Pages

Friday, December 14, 2012

ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ

ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ
Friday, 14 December 2012

အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်းရောင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပင်လယ်လိပ် များအား တန်ဂျောင် ဘီနိုအာမြို့ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော လှေတစ်စီး အတွင်း၌ ရဲတပ်ဖွဲ့က ရှာဖွေ
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဘာလီ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ရှိသူ
တစ်ဦးက timeslive.co. za သတင်း ဝက်ဘ်ဆိုက်သို့ ပြောကြား ခဲ့သည်။

ရှားပါးလိပ်များကို တရားမဝင် ဖမ်းဆီးသူ များအား စုံစမ်းရှာဖွေ လျက်ရှိကြောင်း၊ ၎င်းလိပ်များကို ဆူလာ ဝေစီကျွန်း အလွန်ရှိ ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ဟန်တူကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖမ်းဆီး ရမိသော လိပ်များမှာ အလေးချိန် အားဖြင့် ၃ဝ ကီလို ဂရမ်နှင့် ၆ဝ ကီလို ဂရမ် ကြားရှိပြီး အရှည်မှာ ၃ဝ စင်တီမီတာမှ ၁ မီတာ ရှိကြောင်း သိရသည်။

၎င်းလိပ် တစ်ကောင်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၃၅ ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

Friday, 14 December 2012

အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်း
ရာင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အသက်ကယ် ဘောလုံး တရုတ် လယ်သမား တစ်ဦး တည်ဆောက်

အသက်ကယ် ဘောလုံး တရုတ် လယ်သမား တစ်ဦး တည်ဆောက်

တရုတ်နိုင်ငံ ပေကျင်းမြို့ တောင်ပိုင်း ဟူဘေပြည်နယ် ချင်တန်ရွာရှိ လယ်သမား တစ်ဦးဖြစ်သူ လျိုချီယွမ် ဆိုသူသည် ၎င်း၏ နေအိမ် ခြံဝင်းထဲတွင် သဘာဝ ဘေးအန္တရာယ် ဒဏ်ခံနိုင်သော အသက် ကယ် ဘောလုံး ခုနစ်လုံးကို တည်ဆောက် လျက်ရှိသည်ဟု သိရသည်။ လျိုသည်၎င်းအသက်ကယ် ဘောလုံးအားသင်္ဘော၏ကိုယ်ထည်ဖြင့်
ဆောက်လုပ် ထားပြီး စတီးများ အသုံးပြု ထားသည်ဟု သိရသည်။

အဆိုပါ အသက်ကယ် ဘောလုံးများအား အနာဂတ်တွင် ဆူနာမီ၊ ငလျင်၊ ဟာရီကိန်း မုန်တိုင်း အစရှိသည့် သဘာဝဘေး အန္တရာယ်များ ကျရောက် လာပါက အစိုးရ ဌာနများနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ အသုံးပြု နိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ယင်းအသက်ကယ် ဘောလုံး တည်ဆောက်ရန် စိတ်ကူးအား ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်ကား "2012" ကို ကြည့်ရှုပြီးနောက် ရရှိခဲ့ခြင်း ဖြစ်သည်ဟု လျိုက ပြောကြားခဲ့သည်။

ထိုအသက်ကယ် ဘောလုံးများ အတွင်း၌  အောက်ဆီဂျင် ဘူးများပါဝင်ပြီး လူ ၁၄ ဦးခန့် ဝင်ရောက် နေထိုင် နိုင်ကြောင်း၊ ထို့အပြင် ၎င်းတို့ အတွက် ခိုင်ခံ့သော ထိုင်ခုံ ခါးပတ်များ ပါဝင်ကြောင်း သိရသည်။ 

၎င်းဘောလုံးကို ရေထဲတွင် မတ်မတ် တည်ရှိနိုင်ရန် ဒီဇိုင်းထွင် တည်ဆောက် ထားခြင်းကြောင့် ရေပေါ်တွင် ပေါလောပေါ် နိုင်ပြီး ခရီးနှင် နိုင်ကြောင်း သိရသည်။ 

၎င်းအသက်ကယ် ဘောလုံးသည် အလွန်ကြီး မားသောကြောင့် လျို၏ ခြံထဲတွင် တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားနိုင်ရန် စက်သီး အသုံးပြု၍ လူလေးဦးက ဆွဲရကြောင်း သိရသည်။ အဆိုပါ အသက်ကယ် ဘောလုံး တစ်လုံး၏ တန်ဖိုးမှာ  စတာလင်ပေါင် ၁၅ဝဝဝဝ  ရှိကြောင်း၊ ၎င်းဘောလုံးအတွင်း မိသားစုဝင် သုံးဦး ၁ဝ လကြာ ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်နိုင်ကြောင်း တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ရန်းကျိုဖုက ယခုနှစ် အစောပိုင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/allnews/global/item/1781-2012-12-14-09-21-47

တရုတ်နိုင်ငံ ပေကျင်းမြို့ တောင်ပိုင်း ဟူဘေပြည်နယ် ချင်တန်ရွာရှိ လယ်သမား တစ်ဦးဖြစ်သူ လျိုချီယွမ် ဆိုသူသည် ၎င်း၏ နေအိမ် ခြံဝင်းထဲတွင် သဘာဝ ဘေးအန္တရာယ် ဒဏ်ခံနိုင်သော အသက် ကယ် ဘောလုံး ခုနစ်လုံးကို တည်ဆောက် လျက်ရှိသည်ဟု သိရသည်။ လျိုသည်၎င်းအသက်ကယ် ဘောလုံးအားသင်္ဘော
၏ကိုယ်ထည်ဖြင့်ဆောက်လုပ် ထားပြီး စတီးများ အသုံးပြု ထားသည်ဟု သိရသည်။

မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်အားသန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွား

မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်အားသန့် ရှင်းရေး
ပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။
သန်ရှင်းရေးပြုလုပ်နေသူများမှကန်မော်ကျေး၇ွာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ ၀င်သုံးဦးဒဏ်ရာအ
နည်းငယ်ရရှိခဲ့သည်။ တစ်ဦးမှာ အသက်ကြီးပိုင်းအမျိုးသမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။

လိုင်ဇာကို စစ်ဆင်သော အစိုးရ စစ်ကြောင်း KIA ၏ ချေမှုန်းခြင်း ခံရ

လိုင်ဇာကို စစ်ဆင်သော အစိုးရ စစ်ကြောင်း KIA ၏ ချေမှုန်းခြင်း ခံရ

 Friday, 14 December Written by ရွှေဟင်္သာသတင်းဌာန

လိုင်ဇာမြို့ အနီးရှိ လဂျာယန်းသို့ ထိုးစစ်ဆင် လာသော အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ပူးပေါင်း တပ်ဖွဲ့ တို့၏ ၀ိုင်းဝန်း ချေမှုန်း ခြင်းကို ခံခဲ့ရ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။

“တိုက်ပွဲ ကတော့ မနက်က တည်းက ဖြစ်ပြီးတော့ ညနေ (၆) နာရီ လောက်မှာ ရပ်သွားတယ်။ တနေ့လုံး ဖြစ်ခဲ့တယ်။ သူတို့ ဖက်ကတော့ ရဟတ်ယာဉ် တွေနဲ့ ပစ်ကူ ပေးခဲ့ ရတယ်လေ” ဟု ဦးလနန်မှ ဆိုပါသည်။

အစိုးရ ခမရ (၃၈၈) နှင့် (၃၈၃) တပ်ဖွဲ့ တို့သည် အင်အား(၂၀၀)  ဖြင့် လိုင်ဇာမြို့ကို လှမ်းမြင် နေရသည့် လဂျာယမ်း ဘုန်းကြီးကျောင်း အထိ စစ်ဆင် လာခဲ့ ပါသည်။ ထိုစစ်ကြောင်းကို KIA တပ်ဖွဲ့နှင့် ABSDF တို့က ၀ိုင်းဝန်း ပိတ်ဆို့ ပြီးချေမှုန်း ခဲ့ခြင်း ဖြစ်ပါသည်။  အထိအခိုက် အကျအဆုံး များသဖြင့် ရဟတ်ယာဉ် (၃) စင်း၏ လေကြောင်း ပစ်ကူနှင့် မနက်ပိုင်း တွင် တကြိမ်နှင့် နေ့လည်ပိုင်း၌ တကြိမ် နှစ်ကြိမ်တိုင် ဒုံးကျည် များဖြင့် ပစ်ကူ ပေးခဲ့သည်ဟု KIA စစ်ရုံးမှ အရာရှိ တဦးက ဆိုပါသည်။

ထို့အပြင် KIA ၏ ပစ်ခတ် မှုကြောင့် ရဟတ်ယာဉ် တစင်း ထိမှန် ခဲ့ရာ မီးခိုးလုံးများ ထွက်ပြီး ဆုတ်ခွာ သွားရာမှ ပြန်မလာ တော့ကြောင်း ဆိုပါသည်။ ထိခိုက်မှု များနေသော အစိုးရ တပ်ဖွဲ့ များသည် လောလောဆယ် ဆုတ်ခွာ နိုင်လိမ့်မည် မဟုတ်ကြောင်း၊ စစ်ကူများ ထပ်မံ ရောက်လာဖွယ် ရှိနေကြောင်းနှင့် မနက်ဖြန် ၌လည်း ရဟတ်ယာဉ် များဖြင့် လူနာများ သယ်ထုတ်ဖွယ် ရှိနေ သည်ဟု  KIA ဖက်မှ ယူဆ နေပါသည်။

အစိုးရ တပ်ဖွဲ့များ ဤကဲ့သို့ ချေမှုန်း ခံရခြင်းမှာ ၄င်းတို့သည် KIA ဆင်ထားသည့် တိုက်ကွက်ထဲ ကျွှံဝင် သွားသဖြင့် ချေမှုန်း ခံရခြင်း ဖြစ်ဖွယ် ရှိပြီး ကျဆုံး ဒဏ်ရာ များမှုကြောင့် ငြိမ်ဝပ် နေရဖွယ် ရှိကြောင်း စစ်ရေး အကဲခတ် များက ဆိုပါသည်။ 

ထို့အပြင် စစ်ကူများ မရောက် မချင်း အစိုးရ တပ်ဖွဲ့ များသည် ဤနေရာမှ ဆုတ်ခွာ နိုင်လိမ့်မည် မဟုတ်ပေ။ KIA ကလည်း ဤအခြေ အနေကို အခွင့်ကောင်း ယူပြီး ထပ်မံ ချေမှုန်းဖွယ် ရှိကြောင်း စစ်ရေး လေ့လာသူ များက ဆိုပါသည်။  

အလားတူ ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပန်ဝါ မြို့နယ် ၌လည်း KIA လက်ထဲ ကျသွားသည့် စခန်းကို ပြန်ရရန် အစိုးရ တပ်ဖွဲ့က တနေ့လုံး ပြင်းပြင်းထန်ထန် စစ်ဆင် နေသည်ဟု ဆိုပါသည်။ ဤတိုက်ပွဲ ၌လည်း အစိုးရ ဖက်မှ ထိခိုက်မှု များဖွယ်ရှိ ပါသည်။

ယခု ကဲ့သို့ တိုက်စွမ်းရည် ကျနေ ခြင်းသည် အစိုးရ တပ်ဖွဲ့ များတွင် အသက်အရွယ် ငယ်ပြီး လူသစ် များခြင်း၊ စစ်ရေး အတွေ့ အကြုံ နည်းပါးလာပြီး စည်းလုံး ညီညွတ်မှုနှင့် အမိန့် နာခံမှု  လျှော့ရဲ လာခြင်းကြောင့် ဖြစ်သည်ဟု စစ်ရေး လေ့လာသူ များက ဆိုပါသည်။

ဒီဇင်ဘာ ၁၄

လိုင်ဇာမြို့ အနီးရှိ လဂျာယန်းသို့ ထိုးစစ်ဆင် လာသော အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေးအဖွဲ့
(KIA) နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ပူးပေါင်း တပ်ဖွဲ့ တို့၏ ၀ိုင်းဝန်း ချေမှုန်း ခြင်းကို ခံခဲ့ရ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။

လီဖန်းအမျိုးအစားသုံးဘီးဆိုင်ကယ်..ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် ယာဉ်ပေါ်ပါခရီးသည် ၆ ဦးဒဏ်ရာများရရှိ

မကွေးတိုင်းဒေသကြီးမကွေးခရိုင တောင်တွင်းကြီးမြို့နယ် တောင်တွင်း -မကွေးလမ်းကွမ်းခြံ စုလမ်းခွဲတွင်
ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိ သည်။

အခမဲ့ iPhone app များအနက် Google Maps ထိပ်ဆုံးမှ ဦးဆောင်နေ

အခမဲ့ iPhone app များအနက် Google Maps ထိပ်ဆုံးမှ ဦးဆောင်နေ

မကြာသေးမီက App Store တွင် ဖြန့်ချိခဲ့သည့် Google Maps app သည် နာမည်ကျော် အခမဲ့ app များကို ကျော်လွန်ကာ ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

Google Maps app သည် iTunes မှဖြန့်ချိပြီး နာရီအနည်းငယ်အတွင်း ဝေဖန်ချက် ၈,၀၀၀ ကျော်ရှိခဲ့ပြီး ဝေဖန်ချက်အားလုံးနီးပါးတွင်လည်း အဆင့်သတ်မှတ်ချက်အဖြစ် ကြယ်ပွင့် ငါးပွင့် ရရှိခဲ့သည်။

အဆိုပါ app သစ်သည် ယခင် iOS standard app အတိုင်း feature အားလုံးပါဝင်လာသော်လည်း အသွင် အပြင်မှာ ပိုမိုသန့်ပြန့်လာသည်။ Google Maps ကို iOS ထုတ်ကုန်အားလုံးအတွက် ထုတ်လုပ်ထားသော် လည်း iPad-optimized ဗားရှင်းကိုမူ ဖြန့်ချိထားခြင်းမရှိသေးပေ။

Google Maps သည် စက်တင်ဘာလက iOS 6 ကို ဖြန့်ချိခဲ့ပြီးနောက် App Store မှ ဖယ်ရှားခံရပြီး ၎င်း၏ နေရာတွင် Apple က ကိုယ်ပိုင် Maps app ဖြင့် အစားထိုး အသုံးပြုခဲ့သည်။

Ref: CNET
မကြာသေးမီကAppStoreတွင်ဖန့်ချိခဲ့သည့်GoogleMapsappသည်နာမည်ကျော်အခမဲ့appများကို ကျော်လွန်
ကာ ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

ကလေးနှစ်ဦးသေဆုံးပြီး၊ လူကြီး(၁၃)ဦး ဆေးရုံတင်လိုက်ရတဲ့ ဖရဲသီးနှင့်လျှက်ဆား

ကလေးနှစ်ဦးသေဆုံးပြီး၊ လူကြီး(၁၃)ဦး ဆေးရုံတင်လိုက်ရတဲ့ ဖရဲသီးနှင့်လျှက်ဆား

“ အပင်စိုက်ပျိုးစဉ်ကာလတုန်းက အလွန်အကျွံသုံးစွဲထားတဲ့ ဓာတုဆေးဝါးတွေကြောင့် ဘေးထွက်ဆိုးကြိုး တစ်ရပ်အဖြစ် ရရှိတဲ့ရောဂါတွေဖြစ်ပါတယ်။ ဖရဲသီးနဲ့ လျှက်ဆားတွဲဘက်၍ စားသင့်မစားသင့်ဆိုတာကိုတော့ စီစစ်ဆဲဖြစ်ပါတယ်”ဟု မုံရွာမြို့ပေါ်ရှိ ကျန်းမာရေးကွန်ယက်မှ ဆရာဝန်တစ်ဦးက ခန့်မှန်းပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေလက်ဒေသအချို့တွင် တရုတ်နိုင်ငံသားများက မြေယာငှားရမ်း၍ ဖရဲစိုက်ခင်း များစိုက်ပျိုးလျက်ရှိရာ ယင်း အခင်းမှထွက်ရှိသော ဖရဲသီးများစားသုံးပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ လျှက်ဆား လျက်ပြီးနောက် အော့အံမူးဝေပြီး အသက်သေဆုံးရသည့် အခြေအနေအထိ ဖြစ်စဉ်များပေါ်ပေါက်လျက်ရှိကြောင်း မုံရွာခရိုင်၊ ချောင်ဦးမြို့ခံတစ်ဦးကပြောကြားသည်။
“ကျည်ကုန်းရွာက ကလေးငယ်နှစ်ဦး ဖရဲသီးစားပြီး လျှက်ဆားလျက်ရာက သေဆုံးသွားခဲ့ပါတယ်”ဟု ၎င်း မြို့ခံက ဆက်လက်၍ ပြောပြသည်။
အဆိုပါ ဖရဲသီးစားသုံးပြီး လူသေဆုံးရခြင်းနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ကျည်ကုန်းကျေးရွာ ဒေသခံတစ် ဦးထံ ဆကိသွယ်မေးမြန်းရာ ၎င်းက “ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်ခန့်က (ဘ) ဦးဝင်းခိုင်၏သား မောင်ကျော်ဇင်လှိုင် အသက်(၆)နှစ်၊ မောင်ကျော်ကျော်ဘို အသက်(၅)နှစ် ဆိုသူကလေးနှစ်ယောက်နဲ့ ဦးသန့်ဇင် ၏သား မောင်မြင့်မြတ်သူ ဆိုသူ ပေါင်းကလေးသူငယ် သုံးယောက်ဟာ ဖရဲသီးတစ်လုံးကို ခွဲဝေစားသောက်ခဲ့ပြီး မကြာခင် ဗိုက်အောင့်ဗိုက်နာဖြစ်တယ်။ နေအိမ်ရှိ စားပွဲပေါ်မှာတင်ထားတဲ့ လျှက်ဆားပုလင်းကိုယူလျှက်ပြီး မူးဝေ အော့အံတာကြောင့် အချိန်မီဆေးရုံကိုပို့ဆောင်ပေးခဲ့မဲ့ မောင်ကျော်ကျော်ဘိုနဲ့ မောင်မြင့်မြတ်သူ ဆိုတဲ့ ကလေးနှစ် ယောက်က သေဆုံးခဲ့ရပါတယ်” ဟု ၎င်းဒေသခံက တုန့်ပြန်ပြောကြားသည်။
တရုတ်နိုင်ငံသား ဖရဲစိုက်တောင်သူအချို့သည် နှစ်စဉ် ဖရဲ၊သခွား စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် တစ်သီးစားစနစ်ဖြင့် မြေငှားရမ်း၍ ဖရဲ၊သခွား များစိုက်ပျိုးကာ တ ရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချလေ့ရှိကြောင်း၊ ယခင်နှစ်များက မြေငှားရမ်းခြင်းစနစ်တွင်ကျယ်ခဲ့သော်လည်း ယခုနှစ်များတွင် ဖရဲ၊သခွားစိုက်မြေယာများသည် မြေဆီလွှာ ပျက်စီးဆုံးရှုံးရသည်ဟုဆိုကာ မြေယာငှားရမ်းသူအ ကြိုက် ဈေးကောင်းပေး၍ ငှားရမ်းသော်လည်း မြေယာငှားရမ်းသူအလွန်နည်းပါးကြောင်း ချောင်းဦးမြို့နယ် မင်း ခေါင်ကျေးရွာမှ ဖရဲစိုက်တောင်သူတစ်ဦးက ပြောပြသည်။
“ဓာတုဗေဒ မြေဆီလွှာတွေကို တစ်သီးစိုက်ကာလအတွင်း သူတို့ကအရမ်းသုံးတာကြောင့် မြေဆီလွှာတွေ ဆုတ်ရုတ်ကုန်တယ်။ သဘောကတော့ဗျာ .. သဘာဝရှိသင့်ရှိထိုက်တဲ့ အပင်အရွယ်အစားထက်ပိုပြီး ကြီးထွား အောင် အကူဓာတ်တွေသုံးပြီး စိုက်ပျိုးလိုက်တဲ့အခါ နောက်သီးနှံတွေစိုက်ပျိုးဖို့အတွက်ကျတော့ မြေဆီလွှာဓာတ် ပျက်စီးမှုတွေကြောင့် အခက်တွေ့ရတယ်”ဟု ၎င်း ဒေသခံက ဆက်လက်၍ ပြောပြသည်။
ယခုလ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ဆင်တဲကျေးရွာနေ ဦးစိန်ကုလား၏ ဖရဲစိုက်ခင်းတွင် ဖရဲစိုက်လုပ် သားများ ဖရဲသီးခွဲစားရာမှ ဗိုက်အောင့်ဗိုက်နာဖြစ်လာသည့်အတွက် ဒေါ်ထူးထူးလျှက်ဆားလျှက်ပြီးနောက် အချိန်မကြာခင် မူးဝေအော့အံမှုများဖြစ်ပွားခဲ့သဖြင့် တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာနေ (ဘ) ဦးကျော်မြင့်၏ သား ကိုကျော်လွင်အပါအ၀င် လုပ်သား ၁၃ ဦးသည် အရေးပေါ်လူနာအဖြစ် တံတားဦးဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူပြီးနောက် ၎င်းဆေးရုံမှတဆင့် မန္တလေးဆေးရုံသို့ ပြောင်းရွှေ့တက်ခဲ့ရကြောင်း စစ်ကိုင်းမြို့ခံ တစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရှိရသည်။
Monywa Times
အပင်စိုက်ပျိုးစဉ်ကာလတုန်းကအလွန်အကျွံသုံးစွဲထားတဲ့ဓာတုဆေးဝါးတွေကြောင့်ဘးထွက်ဆိုးကြိုးတစ်ရပ်
အဖြစ်ရရှိတဲ့ ရောဂါတွေဖြစ် ပါတယ်။ဖရဲသီးနဲ့လျှက်ဆားတွဲဘက်၍ စားသင့်မစားသင့် ဆိုတာ ကိုတော့ စီစစ်ဆဲဖြစ်ပါတယ်”ဟု မုံရွာမြို့ပေါ်ရှိ ကျန်းမာရေး ကွန်ယက်မှ ဆရာဝန်တစ်ဦးက ခန့်မှန်းပြောဆိုသည်။

ဆွီဒင်လက်နက် မြန်မာလက်ထဲရောက်သွားမှု ရှင်းလင်းဖို့ အိန္ဒိယကို တောင်းဆို

ဥရောပသမဂ္ဂ(အီးယူ)ရဲ့ပိတ်ဆို့ ဒဏ်ခတ်ထားမှုကိုဖောက်ဖျက်ပြီး ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာနိုင်
ငံကို ဘယ်လို ရောက်သွားတာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ ဆွီဒင် အစိုးရက အိန္ဒိယအာဏာပိုင်
တွကို တောင်းဆိုလိုက်ပါတယ်။

တရုတ်နယ်ခြားမှတ်တိုင်(၆)အနီးရှိ တရုတ်လုံခြုံရေးစခန်း ပစ်ခတ်ခံရ

တရုတ်လုံခြုံရေးစခန်း ပစ်ခတ်ခံရ

December 14, 2012 post by MKA blog news

ပန်ဝါဒေသတွင် ဒီဇင်ဘာလ(၁၄)ရက် မနက်(၁၀)နာရီခွဲအချိန်မှစတင်ကာ မြန်မာအစိုးရစစ်ကြောင်းနှင့် KIA တပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
မွန်းလွဲ(၁)နာရီခွဲအချိန်တွင် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးကျည်တလုံး သည် တရုတ်နယ်ခြားမှတ်တိုင်(၆)အနီး၊ တရုတ်နိုင်ငံဖက်အတွင်းရှိ တရုတ်လုံခြုံရေးကင်းစခန်းကို ထိမှန်ပျက်စီးသွားကြောင်းနှင့် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ယင်းအနီးတွင် ဒုက္ခသည်(၇၀၀)ခန့်နေထိုင်သော ယာယီဒုက္ခသည်စခန်းလည်း ရှိသည်။

ပန်ဝါဒေသတွင် ဒီဇင်ဘာလ(၁၄)ရက်မနက်(၁၀)နာရီခွဲအချိန်မှစတင်ကာ မြန်မာအစိုးရစစ်ကြောင်းနှင့်KIA
တပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ

မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ

ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယ ကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည် စစ်တမ်းကောက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။ 

အိန္ဒိယမှာပဲ ပိုမိုအတွေ့များတဲ့အတွက် အိန္ဒိယ ကျားဖြူ လို့ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အိန္ဒိယမှာ ၁၆၀၀ မှ ၁၉၀၀ ကြား၊ ဘင်္ဂလားဒေ့ရှ်မှာ ၄၄၀၊ နီပေါမှာ ၂၂၉၊ ဘူတန်မှာ ၈၈ ဖြစ်ပြီး မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူ။ သူ့ကို ဘင်္ဂလား ကျားလို့လည်း ခေါ်ပါတယ်။ 

ဘင်္ဂလားကျားခေါင်းစဉ်အောက်မှာ အခြားအရောင်များလည်း ရှိပေမယ့် အဖြူရောင်ကတော့ ရှားပါးပဲ ဖြစ်ပါတယ်။ အထီးဟာ အရှည်အားဖြင့် ၁၁၀ မှ ၁၂၀ လက်မ၊ အမ ၉၄ မှ ၁၀၄ လက်မ ရှိပါတယ်။ ပေါင်ချိန်ကတော့ အထီးက ၄၄၈ ပေါင်၊ အမ ၃၀၈ ပေါင် လောက်ထိ ၀ိတ် ရှိပါတယ်။ အဖြူရောင် ဆိုပေမယ့် အနက်ရောင် အဆင်းများလည်း ပါရှိပါတယ်။

ယနေ့မှာဆိုရင် အရေအတွက် ၁၂၀၀ ကျော်ဝန်းကျင်တောင် ကျန်ရှိဖို့ မသေချာ တော့တဲ့ ကျား ဖြစ်ပါတယ်။ နောင် နှစ်အနည်းငယ် အတွင်း မျိုးသုန်း တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ကျားဖြူနဲ့ ဘင်္ဂလားကျားမျိုးများကို ရှားပါးအဖြစ် သတ်မှတ် ထားပါတယ်။ ကမ္ဘာကလည်း ရှားပါး တိရစ္ဆာန်စာရင်းထဲ ထည့်သွင်း ထားပါတယ်။ 

မျိုးပွားဖို့ ကြိုးစားပေမယ့် အရေအတွက် ကျားဖြူများရဲ့  အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာကြောင်း သိရပါတယ်။ 
--
Ref: wiki

http://www.innewsmyanmar.com/2012/12/blog-post_5109.html

--

ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယ ကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည် စစ်တမ်း
ကာက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။

တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်

တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်

ယနေ့တိုင် တရုတ်ပြည်မှာ ထွန်းကားနေတဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ ချမ်းသာသူတို့ လူစားထိုး ပြစ်ဒဏ်ကျခံစေတဲ့ စနစ် ဖြစ်ပါတယ်။ ၎င်းကို Ding zui လို့ ခေါ်ပါတယ်။ 

ကွန်မြူနစ် စနစ် ထွန်းကားတဲ့ တရုတ်ပြည်မှာ ယင်း အစားထိုး ထောင်ကျစေ၊ အပြစ်ဒဏ်ကျခံစေတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။ ၂၀၁၂ ခုနှစ် မှာတောင် နိုင်ငံခြားသားကို သတ်လိုက်တဲ့ အမျိုးသမီး နိုင်ငံရေးသမား Gu Kailai ဟာ သူ့အစား အခြား လူကို ပြစ်ဒဏ်ကျခံစေထားတယ်ဆိုတာ တစ်မ္ဘာလုံးက သိနေပါတယ်။ ယင်း ယဉ်ကျေးမှု ပျောက်ကွယ်အောင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များ၊ မီဒီယာများက တိုက်ခိုက်ပေမယ့် ယနေ့ချိန်ထိ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ 

ငွေချမ်းသာသူတို့က ရုပ်ဆင်တူယိုးမှား အခြား လူတစ်ယောက် ဆင်းရဲသား ကို ငှားပါတယ်။ မတူလည်း ခွဲစိတ်ဆရာန်များ နဲ့ ပြန်လည် ပြုပြင် ပေး ပါတယ်။ ပြီးတော့ ထောင်ဒဏ် ၁၀ နှစ်ဆိုလည်း ၁၀ နှစ် အနှစ် ၃၀ ဆိုလည်း ၃၀ ငွေကြး အလုံအလောက် ပေးပြီး လူစားထိုးပါတယ်။ အချို့  ဆို သေဒဏ် ကျခံပေးတဲ့ အထိတောင် စတေး ကြပါတယ်။ 

ဒါကြောင့် ခေတ်မှီ စက်ကိရိယာများနဲ့ တကယ့် တရားခံ ဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းပညာများ အသုံးပြုဖို့ နိုင်ငံတကာက ဖိအားပေးပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ သို့ပေမယ့် Ding zui လို့ခေါ်တဲ့ လူစား ထိုး ပြစ်ဒဏ် ကျခံစေတဲ့ စနစ်ဟာ ကွန်မြူနစ်စနစ် ရှိနေသမျှ ဆက်လက် တည်ရှိနေအုံးမယ်လို့ နိုင်ငံတကာက သုံးသပ်ထားကြောင်း သိရပါတယ်။
---
Ref: wiki

http://www.innewsmyanmar.com/2012/12/blog-post_14.html

---


ယနေ့တိုင် တရုတ်ပြည်မှာ ထွန်းကားနေတဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ ချမ်းသာသူတို့ လူစား
ထိုး ပြစ်ဒဏ်ကျခံစေတဲ့ စနစ် ဖြစ်ပါတယ်။ ၎င်းကို Ding zui လို့ ခေါ်ပါတယ်။

"တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဖွင့်ဟလိုက်တဲ့ အိန္ဒြာကျော်ဇင်"

"တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဖွင့်ဟလိုက်တဲ့ အိန္ဒြာကျော်ဇင်"

အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းဆင်တူတဲ့အတွက် တူမဖြစ်သူ မေတိုးခိုင်ကို အိန္ဒြာကျော်ဇင် အသေးစားလေးလို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။ ဒီလိုမျိုး လူပြောများ လာကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးဖို့ စိတ်ကူးနဲ့အတူ ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးက တူဝရီးနှစ်ဦးရဲ့ ပုံရိပ် ဒီဇိုင်း ဆန်းဆန်းလေးတွေကို ရိုက်ကူးခဲ့ပြီးရှေ့  အပတ် ပေါ်ပြူလာဂျာနယ် မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အဒေါ်နဲ့တူမနှစ်ယောက် ရဲ့  ဒီဇိုင်းဆန်းဆန်းလေး တွေကို မြင်တွေ့ကြရပြီး တအားကို   နှစ်သက် သဘောကျနေကြပါတယ်။ ဓာတ်ပုံရိုက်ကွင်း မှာတော့ တူမဖြစ်သူနဲ့ ပထမဆုံးအတူတူ ရိုက်ကူးမှုဖြစ်တာကြောင့် အိန္ဒြာကျော်ဇင်က တူမ ဖြစ်သူ မတိုးခိုင် အတွက် အစစအရာရာ သေချာပြင်ဆင်ပေးနေသလို အိုက်တင် ပုံစံတွေကိုပါ သင်ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုတစ်ပတ် မှာတော့ အဒေါ်ဖြစ်သူ အိန္ဒြာ   ကျော်ဇင်ကို တူမဖြစ်သူရဲ့ အနုပညာနဲ့ ပတ်သက်ပြီး သူ့မျှော်လင့်ထားမှုတွေကို မေးမြန်းဖြစ်ခဲ့ ပါတယ်။ ဓာတ်ပုံ ရိုက်ကွင်းမှာ တူမဖြစ်သူ မေတိုးခိုင်ကို အစစအရာရာ သေချာပြင် ဆင်ပြောပြ ပေးနေတဲ့ အိန္ဒြာကျော်ဇင်ကို တူမလေးနဲ့အတူ ဓာတ်ပုံ ရိုက်ကူး ရတဲ့ခံစားမှုကို မေးတော့ “ကိုယ့်တူမနဲ့ ရိုက်ရတာ နည်းနည်းတော့ ပိုပင်ပန်း တယ်။ ကိုယ့်တစ်ယောက်တည်း အိုက်တင် မဟုတ်ဘူး။ သူ့အိုက်တင်ပါ ကြည့်ရတာလေ။ သူအဆင်ပြေဖို့အတွက်ပါ စဉ်းစားရတယ်။ ကိုယ့် တူမနဲ့ ရိုက်ရတာ ပျော်ဖို့ကောင်း ပါတယ်။ သူနဲ့ဒီလိုရိုက်တာက ပထမဆုံး ပါပဲ။ အဝတ်အစားက မသဲ(vivid)က စပွန်ဆာပေးတယ်။ ကိုဝဏ္ဏကလည်း ဒီလို တိုက်ခေါင်မိုးပေါ်မှာ ရိုက်ချင်တယ် ဆိုတော့ မသဲနဲ့တိုင်ပင်ပြီး ခုခေတ်မှာ Update ဖြစ်နေတဲ့ စတိုင်လေး ရိုက်ဖြစ်တာပါ။ သူ့ကို မိတ်ကပ်က လည်း ပေါ့ပေါ့ပါးပါးလေး လိမ်းဖို့ အတွက်ပြောထားတာ” လို့ဆိုပါတယ်။
ဓာတ်ပုံတွဲရိုက်ရင်းနဲ့ တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဝါရင့် အနု ပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လို မြင်မိလဲလို့ မေးတော့ “သူက ငယ်နေ သေးတော့ အလုပ်အပေါ်မှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စိတ်၊ လူကြီး စိတ်လေး မရှိသေးဘူး။ ပေါ့ပေါ့ပါးပါး စိတ်မျိုးပဲရှိသေးတယ်။ တကယ်လုပ် မယ်ဆို ရင် သူ့ မှာ Talent လေးတော့ရှိ တယ်” လို့ အိန္ဒြာ ကျော်ဇင်က သူ့ရဲ့ အမြင် ကိုပြောပြပါတယ်။

အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းဆင်တူတဲ့အတွက် တူမဖြစ်သူ မေတိုးခိုင်ကို အိန္ဒြာကျော်ဇင် အသေးစားလေးလို့
လည်း ပရိသတ်တွေက ဆိုကြပါတယ်။

လိုအပ်လျှင် အာဏာပြန်သိမ်းမည်ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက်ပြော

လိုအပ်လျှင် အာဏာပြန်သိမ်းမည်ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက်ပြော

ဟိန်းခိုင်ထွန်း၊ ၊ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧပြီလ၈ ရက်နေ့က ကျင်းပသည့် ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်းဆင်း ဗိုလ်လောင်းများကို မိန့်ခွန်း ပြောကြားရာ၌ တပ်မတော်သည် လိုအပ်လျှင် အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။

ခောတ်သစ် မြန်မာနိုင်ငံရေး သမိုင်းတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အဆိုပါ ရာထူးကို ပြီးခဲ့သည့် လက လက်ခံခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် စစ်တပ်၏ အရေးပါသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော် အနေဖြင့် အမြဲ သတိရှိနေရန် သူက ပြောကြားပြီး တိုင်းပြည်အတွက် အန္တရာယ် ပေါင်းစုံနှင့် ရင်ဆိုင်ရပြီး အကျပ်အတည်း ဆိုက်နေပါက လိုအပ်လျှင် ၀င်ရောက် ထိန်းသိမ်း ရမည်”ဖြစ်ကြောင်း သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင်က ဗထူးတပ်မြို့ ဗိုလ်လောင်း သင်တန်းဆင်းပွဲကို ဒုကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်အေး တက်ရောက်ပြီး၊ မေမြို့  ဗိုလ်သင်တန်း ဆင်းပွဲကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တက်ရောက်သည်။
နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသည့် အရာရှိကြီး တစ်ဦးက FNG သို့ ပြောကြားရာတွင် ပြည်ထောင်စု အစိုးရမှ ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင့်ဦးနှင့် ဗိုလ်ချုပ် ကြီးမင်းအောင်လှိုင်တို့မှာ ကျောင်းတော်က ရန်စရှိခဲ့သူများဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရတို့ အာဏာပြိုင် ဆိုင်မှုများ နောက်ပိုင်းတွင် ပြင်းထန်လာနိုင်သည်ဟု တပ်မတော် အရာရှိဟောင်းများက သုံးသပ်ကြသည်။ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်ထဲ၌ ၎င်းထက် ပို၍ အတွေ့ အကြုံရင့်သူများ ကို ကျော်ဖြတ်ပြီး နေရာရခဲ့ခြင်းကြောင့် အချို့က မကျေနပ်ကြဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ၎င်း၏ လက်အောက်တွင် ကာကွယ်ရေးဝန်ကြီး မထမ်းဆောင်လို၍ ရာထူးမှ နှုတ်ထွက်ခဲ့သည်။

၎င်းသည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လူယုံတစ်ဦးဖြစ်ပြီး မည်မျှထိ ယုံရမည် ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြောင်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးတပ်မှ အရာရှိတစ်ဦးက Freedom News Groupသို့ ပြောသည်။

မြန်မာ့တပ်မတော်၏ အကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီး (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ(List of Commander in Chief in Burma)

၁. ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ မှ ၁၉.၀၇.၁၉၄၇ (ရဲဘော်သုံးကျိပ် အဖွဲ့ဝင်နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ)

၂. ဗိုလ်မှုးချုပ် လက်ျာ ၁၉၄၇ မှ ၁၉၄၈ (ရဲဘော်သုံးကျိပ် အဖွဲ့ဝင်နှင့် မြန်မာ့တပ်မတော် တည်ထောင်သူများတွင် ပါဝင်) (လင်္ကျာ – ဖရီးမင်း စာချုပ် ကို ချုပ်ဆို နိုင်ခဲ့သူ)

၃.ဗိုလ်ချုပ်ကြီးနေ၀င်း ၀၁.၀၂.၁၉၄၉ မှ – ၂၀.၀၄.၁၉၇၂ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင် မြန်မာ စစ်တပ်ကို အင်အား ပိုမိုကောင်းလာရန် လုပ်ဆောင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း စက်ရုံများ နိုင်ငံ တွင်း စတင်တည်ထောင်ကာ ပြည်ပနိုင်ငံများမှ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုကို စတင်ခဲ့

၎. ဗိုလ်ချုပ်ကြီးစန်းယု ၂၀.၀၄.၁၉၇၂ မှ- ၀၁.၀၃.၁၉၇၄ (နောက်ပိုင်းတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဌနှင့် သမ္မတဖြစ်လာသည်

၅. ဗိုလ်ချုပ်ကြီးသူရတင်ဦး ၀၁.၀၃.၁၉၇၄ မှ ၀၆.၀၃.၁၉၇၆ (နောက်ပိုင်းတွင် အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဖြစ်လာခဲ့သည်)

၆. ဗိုလ်ချုပ်ကြီးသူရကျော်ထင် ၀၆.၀၃.၁၉၇၆ မှ ၀၃.၁၁.၁၉၈၅ (ဗမာ့ကာကွယ်ရေး တပ်မတော်ကို ၁၉၄၃ ခုနှစ်တွင် တပ်သားအဖြစ်မှ စတင်ဝင်ရောက်ခဲ့သည့် တစ်ဦးတည်း သော ကာကွယ်ရေး ဦးစီးချုပ်ဖြစ်)
၎င်းသည် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်း သူ၏ ကာကွယ်ရေး ဦးစီးချုပ် သက်တမ်းတွင် ပူးတွဲယူခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရအေးကိုလည်း ၎င်းကာကွယ်ရေးဦးစီးချုပ် တာဝန်ယူစဉ် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
၎င်းလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာနကို ပိုမိုအဆင့်မြှင့်ခဲ့ပြီး စစ်တိုင်းအချို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ကာ တပ်မတော်ဖွဲ့စည်းပုံအချို့ကို ပြောင်းလဲခဲ့သည်

၇. ဗိုလ်ချုပ်မှုးကြီးစောမောင် ၀၃.၁၁.၁၉၈၅ မှ ၂၂.၀၄.၁၉၉၂ (၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်း ခေါင်းဆောင်ဖြစ်သည်)

၈. ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၂၂.၀၄.၁၉၉၂ မှ ၀၁.၀၄.၂၀၁၁ (စစ်တိုင်းများ ဆက်လက် တိုးချဲ့ခဲ့ပြီး ပြည်ပမှ စစ်လက်နက်များ ၀ယ်ယူခဲ့သည်။ လွှတ်တော်တွင် စစ်သားအများစု နေရာ ယူထားနိုင်အောင် စီစဉ်ခဲ့ပြီး၊ စစ်ထောက်လှမ်းရေးအဖွဲကို ဖျက်သိမ်းခဲ့သည်)

၉. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ၀၁.၀၄.၂၀၁၁ (တာဝန်ထမ်းဆောာင်ဆဲ)

ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧပြီလ၈ရက်နေ့
က ကျင်းပသည့် ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်းဆင်း ဗိုလ်
လောင်းများကို မိန့်ခွန်း ပြောကြားရာ၌ တပ်မတော်သည်လိုအပ်လျှင်အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက်
 ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။

နိုင်ငံတွင်းရှိ စားသောက်ကုန်ပစ္စည်း ၈၀ ရာခိုင်နှုန်းတွင် ဓာတုအဆိပ်သင့် ပစ္စည်းများ ပါဝင်

ရန်ကုန်၊မြန်မာနိုင်ငံတွင်စားသောက်အသုံးပြု နေသောကုန်ပစ္စည်း၈၀%မှာဓါတုအဆိပ် သင့်ပစ္စည်းများ ပါဝင်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
''ထုတ်လုပ်သူများ ကလဲတခြားတနေ ရာမှာစားသုံးသူဖြစ်နေမှာပါဘဲ။ အဲ့ဒါကြောင့် ကိုယ်ချင်း စာစိတ်လေး နဲ့ စိုက်ပျိုးကြရောင်း ချကြရင်ကောင်းမှာဘဲ''ဟု ဦးဗအုပ်ခိုင်က ပြောသည်။

ဧရာဝတီမြစ်အတွင်း ရွေ့လျားဟိုတယ်တည်ဆောက်နေ

ဧရာဝတီမြစ်အတွင်း ရွေ့လျားဟိုတယ်တည်ဆောက်နေ
===============================
လှိုင်ထွေးအောင်
===============================
ဧရာဝတီမြစ်အနောက်ဘက် ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းတွင် ဧည့်သည်များတည်းခိုနိုင်မည့် ရွေ့လျား ဟိုတယ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရွေ့လျားဟိုတယ်တည်ဆောက်ရာတွင် ရေပေ ၅၀ဝထိတည်ဆောက်ရန် သက်ဆိုင်ရာသို့တောင်းဆိုရာ ရေပေ ၁၅ဝသာရရှိသဖြင့် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရန် လိုအပ်သည့်ရေပေအကျယ်အဝန်း ရရှိစေရေး အတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ရွေ့လျားဟိုတယ်ကို ဧရာဝတီမြစ်အတွင်း ထားရှိ မည်ဖြစ်သဖြင့် စီဘီတွဲများပေါ်မှာ အခိုင်အမာတည်ဆောက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများ အတော် အတန် ပြီးစီးနေပြီဖြစ်သည်။
''ရေပေါ်ဥယျာဉ်နဲ့ ရွေ့လျားဟိုတယ်လို့ပြောတာပဲ။ တည်ဆောက်ပြီးချိန်မှာ ခမ်းနားလှပတဲ့ ရေပေါ်ရွေ့လျား ဟိုတယ်ဖြစ်မယ်လို့ သိရတယ်။''ဟု သံဘိုကျွန်းနှင့် ဘောဂကြီးဆိပ်ကမ်းပြေးဆွဲနေသော စက်လှေ မောင်းသူ တစ်ဦးက ပြောသည်။

''အဓိကကတော့ ဧရာဝတီမြစ်အတိုင်း ပုဂံကိုစုန်ဆင်းမယ့် နိုင်ငံခြားသားတွေ မန္တလေးမြို့နဲ့ ဓါးလွယ် ခုတ်မှာရှိတဲ့ မင်းကွန်းကိုသွားမယ့် နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ဆောက်တာပါ။ မန္တလေးမြို့ထဲက ဟိုတယ်တွေမှာ တည်းဖို့ မလိုတော့ဘူး။ ဒီဟိုတယ်မှာ အလွယ်တကူ အဆင်ပြေပြေသွား နိုင်အောင်လို့ ရွေ့လျား ဟိုတယ်ဆောက်တာ ပါ။ ပုဂံသွားမယ်ဆိုရင် မြို့ထဲကနေ မနက်အစောကြီးထလာဖို့ မလိုတော့ဘူး။ ဒီဟိုတယ်မှာ တည်းသူအနေနဲ့ ဟိုတယ်ပေါ်ကဆင်းပြီး ပုဂံသွားမယ့်သင်္ဘောပေါ်ကို တန်းပြီးတက်လိုက်ရုံပါပဲ''ဟု ယင်းဟော်တယ် ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။
ရေပေါ်ရွေ့လျားဟိုတယ် ဆောက်လုပ်ခြင်းကြောင့် မန္တလေးမြို့တွင် လိုအပ်နေသော ဟိုတယ်နှင့်တည်းခိုခန်း များအတွက် အထောက် အကူဖြစ်သလို ဒေသတွင်း တည်ဆောက်ရေး လုပ်ကိုင်သူများနှင့် ဒေသတွင်းအလုပ် သမားများ အလုပ်အကိုင် အဆင်ပြေမှုရှိလာသည့်အပြင် အဆိုပါဟိုတယ်များ တည်ဆောက်ပြီးစီးပါက မန္တလေးမြို့၊ ၂၆လမ်းနှင့် ၃၅လမ်းကြား၊ ဧရာဝတီမြစ်ကမ်းမှာ ပိုမိုစည်ကားမှုရှိလာမည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Yangon Media Group

ဧရာဝတီမြစ်အနောက်ဘက် ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းတွင် ဧည့်သည်များတည်းခိုနိုင်မည့် ရွေ့လျား ဟို
တယ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

"မိုဘိုင်းအင်တာနက်သုံးစွဲခ ဇန်န၀ါရီ ၁ တွင်ပြောင်းလဲကောက်ခံဦးမည်မဟုတ်"

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မိုဘိုင်းအင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံမည့် စနစ်အား လာမည့် ဇန်န၀ါရီ ၁ ရက်နေ့တွင် ပြောင်း
လဲကာက်ခံမည် မဟုတ်ဘဲ ယာယီရပ်ဆိုင်းထားဦးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိ
ရသည်။

Facebook မှတစ်ဆင့်ဆိုက်ဘာတိုက်ခိုက်သူ ၁ဝ ဦးအား အက်ဖ်ဘီအိုင် အဖွဲ့ဖမ်းဆီး

Facebook မှတစ်ဆင့်ဆိုက်ဘာတိုက်ခိုက်သူ ၁ဝ ဦးအား အက်ဖ်ဘီအိုင် အဖွဲ့ဖမ်းဆီး
Friday, December 14, 2012

Facebook ဝက်ဘ်ဆိုက် အသုံးပြုသူများ၏ အကောင့်များ ကိုဝင်ရောက်၍ ဘဏ်စာရင်းအချက် အလက်များ၊ credit card နံပါတ် များကို ခိုးယူခဲ့သော အဖွဲ့တစ်ဖွဲ့အား facebook လုံခြုံရေးအဖွဲ့၏ အကူအညီဖြင့် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Facebook ဝက်ဘ်ဆိုက်ကို ဖောက်ထွင်းခဲ့သူ ဟက်ကာ ၁ဝ ဦးမှာပီရူး၊
ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင် ငံခုနစ် နိုင်ငံမှဖြစ် သည်ဟု သိရသည်။ အဆိုပါအဖွဲ့သည် ကွန်ပျူ တာ သုံးစွဲသူများထံမှ စတာလင်ပေါင် ၅၂၅ သန်းကျော် ခိုး ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းဟက်ကာအဖွဲ့၏ လက်ချက်ကြောင့် ကွန်ပျူတာ ၁၁ သန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ပြီး သမိုင်းတွင် အကြီးမားဆုံးသော ဆိုက်ဘာတိုက် ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟက်ကာအဖွဲ့သည် ငွေကြေးဆိုင်ရာ အချက်အလက် များနှင့် ကိုယ်ရေး ကိုယ်တာများကို ခိုးယူသိရှိ နိုင်ရန် ကြိုတင်ကြံ စည် ထားပြီး "Yahos" software ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ
Facebook ဝက်ဘ်ဆိုက် အသုံးပြုသူများ၏ အကောင့်များ ကို ဝင်ရောက်၍ ဘဏ်စာရင်းအချက် အလက်များ၊ credit card နံပါတ် များကို ခိုးယူခဲ့သော အဖွဲ့တစ်ဖွဲ့အား facebook လုံခြုံရေးအဖွဲ့၏ အကူအညီဖြင့် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ ၂ဝဝ ခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း

လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ ၂ဝဝ ခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း

14.12.2012

 နှင်းများ သည်းထန်စွာ ကျဆင်းမှုနှင့် လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိပြီး လမ်းများ ပိတ်ဆို့နေကြောင်း ယူကရိန်း အာဏာပိုင် များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ ၂ဝဝ ခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း ယူကရိန်း အရေးပေါ်ကယ် ဆယ်ရေး ဝန်ကြီး ဌာနက ပြောကြားခဲ့ ပါသည်။ ယူကရိန်း နိုင်ငံ Kiev နှင့် Chernigov ဒေသ မြောက်ပိုင်းရှိ အဝေးပြေး လမ်းမပေါ်တွင် မော်တော်ကား ရာပေါင်း များစွာလည်း ပိတ်ဆို့လျက် ရှိပါသည်။ သို့သော် Boryspil အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် Kiev လေဆိပ်တို့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်း၌ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရ ပါသည်။

မြ၀တီ
နှင်းများ သည်းထန်စွာ ကျဆင်းမှုနှင့် လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် လျှပ်စစ်မီး များ ပြတ်တောက် လျက် ရှိပြီး လမ်းများ ပိတ်ဆို့နေကြောင်း ယူကရိန်း အာဏာပိုင် များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

အိန္ဒိယ တပ်မတော်သည် ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ကြိုးစား

အိန္ဒိယ တပ်မတော်သည် ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ကြိုးစား 
Thursday, 13 December 2012

အိန္ဒိယ တပ်မတော်၏ လစ်လပ် နေရာအတွက် အရာရှိ ၁၃,ဝဝဝ ဝန်းကျင်နှင့် အခြားအဆင့် ၅၃,၇ဝဝ ခန့် လိုအပ်မှု ရှိပြီး အိန္ဒိယ တပ်မတော်သည် ၎င်း ပြဿနာ များနှင့် ရင်ဆိုင် နေရကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K.Antony မှ ပါလီမန်သို့ စာဖြင့် ရေး သား ပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။ 

အိန္ဒိယ တပ်မတော်သည် ယခုလက်ရှိ အင်အား ၁.၄၅ သန်းရှိပြီး အရန် အင်အားမှာ ၂.၂ဝ သန်း ရှိကြောင်းနှင့် အခြား လက်နက်ကိုင် တပ်ဖွဲ့မှာ ခန့်မှန်းခြေ ၁.၄ဝ သန်း ရှိကြောင်း ဖော်ပြခဲ့ ပါသည်။ ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

မြ၀တီ
အိန္ဒိယ တပ်မတော်၏ လစ်လပ် နေရာအတွက် အရာရှိ ၁၃,ဝဝဝ ဝန်းကျင်နှင့် အခြားအဆင့် ၅၃,၇ဝဝ ခန့် လိုအပ်မှု ရှိပြီး အိန္ဒိယ တပ်မတော်သည် ၎င်း ပြဿနာ များနှင့် ရင်ဆိုင် နေရကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K.Antony မှ ပါလီမန်သို့ စာဖြင့် ရေး သား ပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။

12-12-12 ရက် 12နာရီ 12 မိနစ်တွင် အသက်(12)နှစ် ပြည့်သည့် "12"ခြောက်လုံး ပိုင်ရှင်ထွက်ပေါ်လာ

"12"ခြောက်လုံး ပိုင်ရှင်ထွက်ပေါ်လာ

      12-12-12 ရက် 12နာရီ 12 မိနစ်တွင် အသက်(12)နှစ် ပြည့်သည့်
အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှ ကီအမ်မိုရီယာ သည် "12" ခြောက်လုံးပိုင်ရှင်
ဖြစ်လာခဲ့ကြောင်း သိရသည် ။ ၄င်း၏ မွေးစာရင်းများကို သက်ဆိုင်ရာမှ စစ်
ဆေးပြီး နောက်ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။ 12-12-12 ရက်
ထပ်မံဖြစ်ပေါ်ရန် 2112ခုနှစ်အထိစောင့်ဆိုင်းရမည်ဖြစ်သောကြောင့် ဒီဇင်
ဘာလ ၏ထူးခြားသောနေ့ရက်တွင် ယင်းကဲ့သို့ "12" ခြောက်လုံးပိုင်ရှင်ပေါ်
ထွက်လာသဖြင့် ဂုဏ်ယူကြောင်း ဘာမင်ဂမ် တာဝန်ရှိသူများက ဆိုသည်။

(ကြေးမုံ)
၁၄ ဒီဇင်ဘာ ၂၀၁၂

============

TSJ Tech Team

============

12-12-12 ရက် 12နာရီ 12 မိနစ်တွင် အသက်(12)နှစ် ပြည့်သည့်အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှ ကီအမ်မိုရီ
ယာသည် "12"  ခြောက်လုံး ပိုင်ရှင်ဖြစ်လာခဲ့ကြောင်း သိရသည် ။ ၄င်း၏ မွေးစာရင်းများကို သက်ဆိုင်ရာမှ စစ်ဆေးပြီး နောက်ယင်းကဲ့သို့ အတည် ပြုခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးနည်3းG မိုဘိုင်းဖုန်းများမကြာမီရောင်းချပေးတော့မည်

တန်ဖိုးနည်3းG မိုဘိုင်းဖုန်းများမကြာမီရောင်းချပေးတော့မည်

ရန်ကုန်   ဒီဇင်ဘာ ၁၃
သတင်း-စိန်လွင်အောင်
ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှ

           တန်ဖိုးနည်းမိုဘိုင်းဖုန်းများ လာမည့် ၂၀၁၃ နှစ်ဦးပိုင်းတွင် ရန်ကုန်
တိုင်းဒေသကြီးအတွင်းတွင် အရောင်းဌာနကြီး ၁၈ ခုဖွင့်ကာစတင်ရောင်းချ
တော့မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံ
မှသိရသည်။

           အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရန်
ကုန်တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းခဲ့ရာ "ဟုတ်ပါတယ်
၊ပြည်သူတွေမျှော်လင့်ထားသလို တန်ဖိုးနည်းဖုန်းတွေကို မကြာမီ လာမည့် နှစ်ဦးပိုင်းမှာ နိုင်ငံတော်ကထပ်မံစတင်ရောင်းချဖို့ စီစဉ်ဆောင်
ရွက်နေပြီ ဖြစ်ပါတယ်။ တန်ဖိုးကတော့ အတိအကျပြောလို့မရသေးပါဘူး။
ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ရှုထောင့် ပေါင်းစုံက အ
သေးစိတ်တွက်ချက်ပြီးမှသာ ရောင်းချပေးမယ့်ဈေးနှုန်းကို အတည်တကျ 
ဖော်ပြပေးလို့ရမှာဖြစ်ပါတယ်။  တန်ဖိုးနည်းဖုန်း အနေနဲ့ အခု အသစ်ထပ်မံ
ရောင်းချပေးမယ့် ဖုန်းကတော့ 3G System UMTS လို့ခေါ်တဲ့ ဖုန်းအမျိုးအ
အစား ဖြစ်ပါတယ်"။ 

        "UMTS ဆိုတဲ့အဓိပါယ်ကတော့(Universal Mobile Telephone System)ဖြစ်ပါတယ်။ ယနေ့နိုင်ငံတကာမှာ အဓိက အသုံးပြုနေတာက 3G 
 စနစ်ကိုပဲ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် 
ကျွန်တော်တို့ နိုင်ငံအနေ နဲ့လည်း နိုင်ငံတကာမှာတွင်တွင်ကျယ်ကျယ်
အသုံးပြုနေတဲ့ ဒီ GSM စနစ်ကိုပဲတစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့ တပ်ဆင် အသုံးပြုသွားမှာ ဖြစ်ပါတယ်"  ဟုရှင်းပြသည်။

       ယခု အသစ်ထပ်မံရောင်းချပေးမည့် 3G / UMTS သည် ယနေ့နိုင်ငံ
တကာတွင် အများဆုံးတွင်ကျယ်စွာအသုံးပြုနေသော မိုဘိုင်းဖုန်းစနစ် ဖြစ်
ကြောင်း သိရသည်။ 3G အမျိုးအစားဖြစ်သည့်အလျောက် ဟန်းဆက်အမျိုး
အစားမြင့်လျှင် မြင့်သလို အကျိုးရှိစွာ ပိုမိုအသုံးပြုနိုင်သည်။

       အဆိုပါတန်ဖိုးနည်းဖုန်းထွက်ရှိလာလျှင် ပြည်သူများအား ရောင်းချ
ပေးမည့်အခြေအနေ နှင့်ပတ်သက်ပြီး "ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းအနေနဲ့ ကတော့ သက်ဆိုင်ရာဈေးနှုန်းသတ်မှတ် ပြီ ဆိုရင် ဒီ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ မိုဘိုင်းအရောင်းဌာန၁၈ ခု ထားရှိပြီး
ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒိဌာနတွေကတော့-

 (၁)လမ်း ၄၀အော်တို အင်ဂျင်နီယာချုပ်ရုံး

 (၂)အမှတ် (၁၂၅)၊ပန်းဆိုးတန်းလမ်း၊ပန်းဆိုးတန်းကြေးနန်းရုံး(Customer
Care Service Center)

 (၃)မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊ ရွှေဂုံတိုင်၊ဗဟန်း။

 (၄)မိုဘိုင်းဌာနရုံး(အလုံ)။

 (၅)အမှတ်(၃၉ )၊ ဗိုလ်အောင်ကျော်လမ်း၊တိုင်းမန်နေဂျာရုံး။

 (၆)အင်းစိန်စာတိုက်။

 (၇)တက်ကသိုလ်စာတို်က်(ကမာရွတ်)။

 (၈)ဗိုလ်တထောင်စာတိုက်။

 (၉ )ဒဂုံမြို့သစ်(မြောက်ပိုင်း)။

 (၁၀)ရန်ကင်းစာတိုက်။

 (၁၁)ကြေးနန်းဆက်သွယ်ရေးနှင့်စာတိုက်သင်တန်းကျောင်း(ပုဇွန်တောင်)။

 (၁၂)သန်လျင်အိတ်ချိန်း။

 (၁၃)သုံးခွအိတ်ချိန်း။

 (၁၄)တွံတေးအိတ်ချိန်း။

 (၁၅)ထန်းတပင်အိတ်ချိန်း။

 (၁၆)မှော်ဘီအိတ်ချိန်း။

 (၁၇)တိုက်ကြီးအိတ်ချိန်း။

 (၁၈)လှည်းကူးအိတ်ချိန်း။

တို့ကို ပြည်သူတွေနီးစပ်ရာမှ အဆင်ပြေလွယ်ကူစွာ ၀ယ်ယူအသုံးပြုနိုင်
အောင်စီစဉ်ပေးထားပါတယ်" ဟုပြောကြားသည်။

       အဆိုပါ တန်ဖိုးနည်3းG (System)/ UMTS ဖုန်းများကို ပြည်သူလူထု
၏ လိုအပ်ချက်အတိုင်း ရောင်းချပေးသွားမှာဖြစ်ပြီး ဖုန်းအရေအတွက် (Numbering System)မှာလည်း လောလောဆယ်အနေဖြင့် ထပ်တိုးလာ 
နိုင်မှု မရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ တန်ဖိုးနည်းဖုန်းများကို
နေပြည်တော်နှင့် မန်းတလေးတိုင်းဒေသကြီးတို့တွင်လည်း တပြိုင်နက်
ရောင်းချပေးသွားမည် ဖြစ်ပါသည်။
               
                                                                (မြန်မာ့အလင်း)


---------------------

TSJ Tech Team

---------------------
တန်ဖိုးနည်းမိုဘိုင်းဖုန်းများ လာမည့် ၂၀၁၃ နှစ်ဦးပိုင်းတွင် ရန်ကုန် တိုင်းဒေ သကြီး အတွင်းတွင် အရောင်း
ဌာနကြီး ၁၈ ခုဖွင့်ကာစတင်ရောင်းချ တော့မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ
တစ်ဦးထံ မှသိရသည်။

ခိုးယူခံရသော အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ရဲတပ်ဖွဲ့မှ ကယ်တင်

ခိုးယူခံရသော အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ရဲတပ်ဖွဲ့မှ ကယ်တင်

14.12.2012

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာ
နိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပါ ၀င်သောအဖွဲ့တစ်ဖွဲ့သည် ယခုလ ၁၃ရက်နေ့ 
မနက် ၁၀ နာရီအချိန်ခန့်ကမသင်္ကာဖွယ်ရာ ခိုးယူခြင်း ခံရသောအသက်(၁၂)
နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ကယ်တင်ခဲ့ပြီးမိဘများထံ ပြန်လည် 
အပ်နှံပေး ခဲ့ကြောင်းသိ ရှိရသည်။

ယခုလ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က မုံရွာခရိုင် ချောင်းဦးမြို့နယ် တောင်းကျောင်းကြီးကျေးရွာ အရှေ့ ပိုင်းနေ (ဘ) ဦးဘဇုန်၏သမီး မခင်စိုးထက် အသက်(၁၂)နှစ်၊ ဆဌမတန်းကျောင်းသူတစ်ဦး သည် နေအိမ် မှ ဂုံးကျော်ဈေးတန်းသို့ ခေါက်ဆွဲသုပ်ဝယ်ယူရန်သွားရောက်စဉ် အမည်မသိ လိုက်ထရပ် ကားတစ် စီး မောင်နင်းလာ သူတစ်ဦးက ဘုရားဖူးသွားမည် လိုက်ခဲ့ဟု ပြောဆိုသွေးဆောင်၍ ၎င်း ကလေးမလေး အား ကားပေါ်တင်ဆောင် ကာ မုံရွာမြို့ဘက်သို့ ဦးတည်မောင်းနှင်ထွက်လာခဲ့ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရှိ ရသည်။
အဆိုပါ မိန်းကလေးငယ်အား သွေးဆောင်ခိုးယူလာသူများသည် ကားပေါ်တွင် အသင့်ယူဆောင်လာသော အသက်(၁၄)နှစ်အရွယ်မိန်းကလေးဝတ် ဂျင်းဘောင်းဘီတို၊ အင်္ကျီ၊ ဒေါက်ဘိနပ်၊ လက်ကိုင် ပိုက်ဆံအိတ် တစ်လုံး နှင့်အတူ ငွေကျပ်နှစ်ထောင်ပေးကာ ငုံးဥပြုတ် ငါးလုံးအားကျွေးခဲ့ကြောင်း၊ ၎င်း ငုံးဥပြုတ်များ အား စားသောက်ပြီးနောက် အဆိုပါ ကလေးမလေးသည် ကားနောက်ခန်းတွင် တစ်ဦးတည်း အိပ်ပျော်၍ လိုက်ပါ သွား ခဲ့ရသည်ဟု သိရှိရသည်။
“ ကလေးမလေးဆီးကို ၀တ်ဖို့ပေးတဲ့ အ၀တ်အထည်တွေကိုကြည့်ရင်၊ အချက်(၂)ချက်တွေ့မြင်နိုင်ပါတယ်။ ပထမအချက်ကတော့ မိန်းကလေးဝတ်တွေဖြစ်တာကြောင့် သူတို့ပစ်မှတ်ထားပြီး ခိုးယူမဲ့သူက မိန်းကလေးတွေ ဖြစ်ပါတယ်။ နောက် ဒုတိယ အချက်ကတော့ အ၀တ်စားတွေရဲ့ ပုံစံဆိုဒ်ကိုကြည့်ရင် အသက် (၁၂/၁၂/၁၄)နှစ်အ ရွယ်တွေကို သူတို့ရွေးချယ်မယ်ဆိုတာ ထင်ရှားနေပါတယ်” ဟု အမှတ်(၁) ရဲစခန်းမှုး ရဲအုပ် ဦးကျော်ကျော်ညွှန့်က ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲပညာတစ်ရပ်အရ ဝေဖန်သုံးသပ်ကာ ပြောဆို သည်။
ယင်း မောင်းနင်းလာသောကားသည် မုံရွာမြို့ ချင်းတွင်းသလ္လာ ဈေးသစ်ကြီးအနီးတွင် ကားအားရပ်တန့် လျက်ေ စပြီး မိန်းကလေးငယ်အား အိပ်ယာမှနှိုးကာ ၎င်း နေရာမှ ဘယ်မှမသွားရန်နှင့် မကြာခင်ပြန် လည်လာ ရောက်ခေါ်ဆောင်ပေးမည်ဟု ဆိုကာ ကားမှမောင်းထွက်သွားခဲ့ကြောင်း၊ ကြောက်စိတ်များ ၀င်လာသူ မိန်းကလေး ငယ်သည် နီးစပ်ရာ ဆိုက္ကားတစ်စီးအားငှားရမ်း ကားလေးကွင်းသို့ ပို့ဆောင်ခိုင်းခဲ့ေ ကြာင်း၊ ကားေ လးကွင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များက အုပ်ထိန်းသူ လိုက်ပါခြင်း မရှိသော မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည့အတွက် မေးမြန်းစစ်ဆေးရာ အဆိုပါ မိန်းကလေးငယ်မှ ဖြစ်စဉ်နှ င့် ပတ်သက်၍ ယင်းကဲသို့ ပြောဆို ထွက်ရှိခဲ့ကြောင်း သိရှိရသည်။
“ ကားသမားတွေက အဲ့ဒီကလေးမလေးကိုယ်မေးတယ် ..။ သမီးက ဘယ်ကိုလိုက်မှာလည်း..။ ဘယ်သူတွေ ပါသေးသလဲ လို့မေးကျပါတယ်။ ဘာမှရေရေရာရာအဖြေမပေးနိုင်ပါဘူး။ ကြောင်အမ်းအမ်း ဖြစ်နေရ တာ ကို က အကြောင်းအရာတစ်ခုကို ဖွင့်ပြောပြနေသလိုမျိုးဖြစ်နေပါတယ်” ဟု မုံရွာ အဝေးပြေး ကားဂိတ် တွင် တာဝန်ကျရဲတပ်သား ကိုမင်းမင်းစိုး က ယင်းကဲသို့ပြောပြသည်။
ကားကွင်းတွင် ခရီးသွားပြည်သူလူထု စိတ်နှလုံးအေးချမ်းသာယာစွာ ခရီးသွားလာနိုင်ရေးအတွက် တာဝန် ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များသည် တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်သန်းသန်းနု ထံ တင်ပြ အကြောင်းကြားခဲ့ပြီးနောက် မုံရွာ အမှတ်(၁) ရဲစခန်းမှုး ရဲအုပ် ကျော်ကျော်ညွှန့်၏ အနီး ကပ်ကူ ညီပေးမှုဖြင့် မိန်းကလေးငယ်အား မိဘများထံ ကောင်းမွန်စွာပြန် လည်အပ်နှံပေး ခဲ့ကြောင်း သိရှိရသည်။ 
ဆက်လက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် ယင်းကိစ္စရပ်အပေါ် ဆက်လက်အရေးယူဆောင်ရွက်ရန် အခြေအနေ အားမေးမြန်းရာတွင်“ရဲလုပ်ငန်းသဘောအရကတော့ ချောင်းဦးမြို့နယ်ထဲမှာစတင်ဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်တာကြောင့် အမှုရေးဖွင့် ခြင်းနဲ့ ဆက်လက်စုံစမ်းခြင်းဆိုတာ ချောင်းဦးမြို့နယ် နဲ့ပဲသက်ဆိုင်ပါတယ်။ တာဝန်ရှိတာကတော့ အားလုံး မှာ တာဝန်ရှိပါတယ်။ လုပ်ငန်းသဘောအရ နယ်မြေကန့်သတ်ထားတာပါ”ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက တုန့်ပြန် ပြောဆိုသည်။အသက်အရွယ် နုငယ်သော သားသမီးများအပေါ် အုပ်ထိန်းသူမိဘများက သိရှိနားလည်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိသော သုတအဖြာဖြာအား တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဌ နှင့် ရဲစခန်းမှုးတို့က ၎င်းအခမ်းအနားတွင် ပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
oppositeyes
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိ သူ များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပါ ၀င်သောအဖွဲ့တစ်ဖွဲ့သည် ယခုလ ၁၃ရက်နေ့မနက် ၁၀ နာရီအချိန်ခန့်ကမသင်္ကာဖွယ်ရာ ခိုးယူခြင်း ခံရသောအသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ကယ်တင်ခဲ့ပြီးမိဘများထံ ပြန်လည် အပ်နှံပေး ခဲ့ကြောင်းသိ ရှိရသည်။

မြေငလျင်သတင်း

၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၁၄)ရက် မြန်မာစံတော်ချိန်(၀၈)နာရီ(၄၇)မိနစ်(၃၂)စက္ကန့်အချိန်တွင်မန္တလေးမြေ
လျင်စခန်းမှမြောက်ဘက်မိုင်(၆၀)ခန့်ကွာဝေးသောမန်မာနိုင်ငံပြည်တွင်း(သပိတ်ကျင်းမြို့၏အရှေ့တောင်
ဘက် (၇)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိအင်အားအနည်းငယ်ရှိသော
မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

အက်စစ်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄)ဦး ကျန်းမာရေးစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁၂/
၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
၁၃၇၄ ခု၊ နတ်တော်လဆန်း ၁ ရက်

>>> ဒီဇင်ဘာ ၁၄ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>

ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်
နှုန်း Reference Foreign Exchange Rateမှာအမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ၈၅၄ ကျပ်သတ်မှတ်ကြောင်း
သိရသည်။

အမိမြေကို ကာကွယ်ကြပါစို့ . . . .

အမိမြေကို ကာကွယ်ကြပါစို့ . . . .


မြန်မာ့မြေ လန်ပိကျွန်း ကျူးကျော်ခ့နေရပြီလော . . .
မြန်မာတိုင်းရင်းမောင်နှမ မော်ကင်း တို့ မျိုးပျောက်တော့မည်လော . . .
ကယ်ရာမဲ့၊ တွယ်ယာမဲ့ ဖြစ်နေရှာသော မြန်မာ့ တောင်စွန်းဒေသ
-----------------------------------------------------------------
သတင်းသစ်ဂျာနယ် မှ သတင်းထောက် အေးချမ်းမိုး ရေးသည်။

သတင်းသစ်ဂျာနယ် အတွဲ1၊ အမှတ် 38၊ 14-12-2012 သောကြာနေ့ထုတ်ဂျာနယ်တွင်ပါ၇ှိသော လန်ပိကျွန်း အကြောင်းက စိတ်ဝင်စားစရာဖြင့် ပြည့်နှက်နေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၇န်၊ ကိုယ့်ရေမြေ တောတောင်တို့အား ကာကွယ်ထိန်းသိမ်းရန်၊  ၀ိသမာလောဘသားများ၏ အနိုင်ကျင့်စိုးမိုးမှု ပပျောက်စေရန်၊ အကျင့်ပျက်သူတို့ပပျောက်စေရန်၊ မြန်မာတိုပ၏ သယံဇာတများအား နည်းအမျိုးမျိုးနှင့် ဂုတ်သွေးစုပ်နေမှုများအား ၀ိုင်းဝန်းထိမ်းသိမ်းကြစေလိုရန် ရည်ရွယ်ရ်ျ မူရင်စာသားများအား အနှစ်ချုပ်ပြီးဖော်ပြပေးပါမည်။

- မြန်မာနိုင်ငံ၏ လူမျိုးများထဲတွင် မြန်မာသာမက ကမ္ဘာကပါသိသော ပင်လယ်ပျော် မော်ကင်းလူမျိုးတို့မှာ ကျန်မာရေး၊ ပညာရေးချို့တဲ့သည့်အပြင် မှတ်ပုံတင်ပင်မရှိသည့်အတွက် လူမျိုးပါပျောက်မည့် အရေးနှင့်ရင်ဆိုင်နေရခြင်း။

- ဆလုံခေါ်မော်ကင်းတို့၏မြေသည် 1966 မှစပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ၀ါအမျိုးသားဥယျာသ်အဖြစ်သတ်မှတ်ခြင်းခံရသော လန်ပိကျွန်းဖြစ်သည်။ လန်ပိကျွန်းဟာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းဒေသမှ မိုင် 40၊ မြိတ်မြို့မှ မိုင် 90၊ ကောသောင်းမှ မိုင် 60 ရေလမ်းဖြင့် သွားရောက်ရသော အဖိုးမဖြတ်နိုင်သည့် မြန်မာတိုပ၏ ဒေသဖြစ်ခြင်း။

- လန်ပိကျွန်းသည် အမြဲစိမ်းသစ်တော 22 ရာခိုင်နှုန်း၊ ဒီရေတော 2 ရာခိုင်နှုန်း၊ သဲသောင်သစ်တော 1 ရာခိုင်နှုန်း၊ ရေသယံဇာတ 75 ရာခိုင်နှုန်း ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် 79 ဒသမ 9 မိုင်၊ ပေ 1500 အထက်တောင်များဖြင့်စုဖွဲထားပြီး ဆလုံလူမျိုးတို့ နေထိုင်ကျက်စားရာဒေသဖြစ်ခြင်း။

- လန်ပိကွန်းတွင် သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ ဒီရေတော၊ ရေချိုရေငန်၊ ရွှံ့နွ့တောများသာမက အပင်အမျိုးအစား 195 မျိုး (ကညင်နီ၊ ကညင်ဖြူ၊ ကညင်ရွက်သေး၊ သေခံ၊ ဦးပယ်၊ သင်္ကန်း၊ တောင်ဖြူ၊ ဟင်းချိုကြီးစသောအပင်ကြီးမျိုးများ)၊ ဒီရေတောအမျိုးအစာ 69 မျိုး၊ နို့တိုက် သတ္တ၀ါ 19 မျိုး၊ ဖွတ် 228 မျိုး၊ တွားသွားသတ္တ၀ါ 19 မျိုး၊ ကုန်ရေနေသတ္တ၀ါ 10 မျိုး၊ ခရု၊ ဂုံး၊ ကမာ၊ ယောက်သွားအမျိုး 50၊ ပင်လယ်ရေညှိ 73 မျိုး၊ ပင်လယ်ငှက် 11 မျိုး၇ှသည်။ ပသျှူးသင်းခွေချပ်၊ ရေ၀က်၊ ကဏန်းစားမျောက်၊ ခြေသည်ငယ်ဖျံ စသည့်ရှားပါးသတ္တ၀ါများမှာ လန်ပိကျွန်းတွင်ရှိပြီး မျိုးတုန်းပျောက်ကွယ်မည့်၇န်နှင့်ရင်ဆိုင်နေရခြင်း။

- လန်ပိကျွန်းရှိ ပင်လယ်ပျော် ဆလုံ(ခ)မော်ကင်းလူမျိုးတို့သည် အင်အားကြီးလူမျိုးစုများတစ်တစ်စ၀င်ရောက်လာမှု၊ အခြားလူမျိုးများနှင့်အိမ်ထောင်ကျမှု၊ ရေကြည်ရာမြက်နုရာေ၇ွှ့ပြောင်နေထိုင်မှုတို့ကြောင့် လွန်ခဲ့သော 7 နှစ်ခန့်က နေထိုင်သော ဆလု့လူမျိုးတို့ဟာ နည်းပါးလာပြီး မြန်မာ ကရင်အိမ်ထောင်စုများ 2 ဆကျော်များပြားလာခြင်း။

- အသိပညာရှာဖွေမှုအခွင့်အရေးအားနည်းသော စိတ်ရင်းဖြူသော ဆလုံတိုင်း ရင်းသားများ၇ှိရာသို့ စီးပွားေ၇းသမားများရောက်ရှိလာပြီး ကဘန်းခေါ်ေ၇ှးဆလုံအိမ်လှေကြီးများကိုဝယ်ပြီး ဆလု့လူမျိုးများကို ကင်းမွန်မျှားရန် အငှားပြန်ချကြပြီး ကင်းမွန်မျှားရာတွင် မျှားမည့်နေရာရောက်မှသာ အစားအစာထုတ်ပေးခြင်းခ့နေရပြီး မူးယစ်ဆေးဝါးဝါးမျိုခြင်းခံရသော ဆလုံအမျိုးသားရှားပါးလာဖြင်းကြောင့် အမျိုးသမီးနှင့် ကလေးငယ်များသာ ထိုအလုပ်ကိုလုက်ကိုင်နေ၇ပြီး လုပ်ငန်းရှင်များထံသို့  ထက်ဝက်ဈေးဖြင့်မဖြစ်မနေေ၇ာင်းချနေရခြင်းအပြင် အမိမြေလန်ပိကျွန်းသို့ အိမ်နီးချင်း ထိုင်နိုင်ငံမှ တရားမ၀င် စီးပွားရှာမှုကြောင့် ဂေဟစနစ်မှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာယိုယွင်းလာခြင်း။

- တစ်ခြားနိုင်ငံမှ တ၇ားမ၀င်သစ်ခိုထုတ်ခြင်း၊ ရေသယံဇာတများဖမ်းစီးခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းများကြောင့် သန္တာကျောက်တန်းများပင် ပျက်စီးနေခြင်း။

- အမိမြေ လန်ပိကျွန်း ဂေဟစနစ်ပျက်ယွင်းလာမှုကို ထိုကျွန်းသို့ကိုယ်တိုင် သွားလာ လေ့လာသူ သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါက်တာစောမွန်သိမ့်က ပြောကြားရာတွင် - - -
- မြန်မာနိုင်ငံရဲ့ အဏ၀ါအမျိုးသားဥယျာဉ်ဟာ marine Resources ပေါကြွယ်ဝလို့ ကျွန်မတို့အမြဲဂုဏ်ယူခဲ့ရတဲ့နေရာပါ။ ဒါပေမယ့် အခုတော့ marine resources တွေဟာ တကယ့်ကို မျိုးတုန်းပျက်စီးတော့မယ့် အခြေမနေအဖြစ် ခြိမ်းခြောက်ခံနေရပါပြီ၊ ကမ္ဘာမှာ ဒိုင်နိုစောတွေပျောက်ကွယ်သလို ပျောက်ကွယ်တော့မယ့် အပ်ငမျိုးစိတ်တွေ နေစဉ်ခုတ်လှဲခံနေရပါတယ်။ ကျွန်မတို့ သတိမပြုမိဘဲ မထိမ်းသိမ်းရင်မဖြစ်တော့တဲ့ အခြေမနေကိုရောက်နေပါပြီ တဲ့၊
- အဏ၀ါဥယျာဉ်ကို ကာကွယ်စောင့်ရှောက်ဖို့ 22 ဦးရှိတယ်လို့ ဌာနမှထုတ်ပြန်ချက်တွေမှာတွေ့ရပေမယ့် တကယ့်လက်တွေ့ရောက်သွားတော့ မ၇ှိဘူး။ အခုလိုဘာကြောင့်တစ်ဖက်နိုင်င့ကလူတွေလာပြီးလုပ်နေကြသလဲ၊ တရားဥပဒေစိုးမိုးမှုထုတ်ပြန်ထားတဲ့ သပဒေတွေမစိုးမိုးလို့ပါ။ တရားမ၀င် လုပ်ကိုင်နေသူတွေကိုယ်တိုင်က အဲ့ဒီနေရာရဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်နေတာ တွေ့ရတယ်
လို့ ဒေါက်တာစောမွန်သိမ့်ကပြောပြပါတယ်။

- ထိုပြင် စာရေးသာ အေးချမ်းမိုးကလည်း -- မော်ကငုးတို့၏ အမိမြေသည်လည်း တရားမ၀င်သစိခိုးထုတ်မှုများ၊ တရားမ၀င်ငါးဖမ်းမှုများ၊ တရားမ၀င်ရေသယံဇာတများကပုန်ကူးမှုတို့ကြောင့် မျိုးစိတ်များကွယ်ပျောက် ရာမှကျွန်းတစ်ခုလုံးပါကွယ်ပျောက်မည့်အန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်သည်။ထို့ကြောင့် သဘာဝဓလေ့၊ လူမျိုး၊ သဘာဝဥယျာဉ် စသည်တို့ မပျောက်ကွယ်စေရန် တာဝန်ရှိသူများမှသည် စာဖတ်သူများပါ ထိန်းသိမ်းကာကွယ်စေရန် ရည်ရွယ်ပြီးေ၇းသားလိုက်ရပါသည်  လို့တွေ့ရပါသည်။


-ထို့ကြောင့် ကျွန်တော်တို့နိုင်ငံသည် မြေပေါ်မြေအောက်၊ ရေ သယံဇာတများလန်စွာပေါကြွယ်ဝသောကြောင့် ထိုကဲ့သိုသော အထင်ကရ၊ ၇ှားပါးနေရာများတွင် ၀ိသမာလောဘ၊ ကိုယ်ကျိုးကြည့်သူတွေကြောင့် မည်မျှပင်ပျောက်ကွယ်နေမည်လဲဆိုသည်မှာ တွေးပင်မတွေးတက်အောင် ၇ှိခြင်းကြောင့် တိင်ပြည်နှင့်လူမျိုးအတွက် တစစိတ်တစ်ဒေသက ကူညီနုင်မည့်သူများ သိရှိပြီး ကာကွယ်ပေနိုင်ရန် စေတနာဖြင့်တင်ပြလိုက်ပါတယ်။

မြင့်စိုးဦး

သတင်းသစ်ဂျာနယ် အတွဲ1၊ အမှတ် 38၊ 14-12-2012 သောကြာနေ့ထုတ်ဂျာနယ်တွင်ပါ၇ှိသော လန်ပိကျွန်း အကြောင်းက စိတ်ဝင်စားစရာဖြင့် ပြည့်နှက်နေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၇န်၊ ကိုယ့်ရေမြေ
 တောတောင်တို့အား ကာကွယ်ထိန်းသိမ်းရန်၊ ၀ိသမာလောဘသားများ၏ အနိုင်ကျင့်စိုးမိုးမှု ပပျောက်စေ
ရန်၊ အကျင့်ပျက်သူတို့ပပျောက်စေရန်၊ မြန်မာတိုပ၏ သယံဇာတများအား နည်းအမျိုးမျိုးနှင့် ဂုတ်သွေးစုပ်
နေမှုများအားဝိုင်းဝန်းထိမ်းသိမ်းကြစေလိုရန်ရည်ရွယ်ရ်ျ မူရင်စာသားများအား အနှစ်ချုပ်ပြီးဖော်ပြပေးပါ
မည်။

တပ်ကြပ်ကြီး သို့မဟုတ် မယ်အင်္ဂလန်

Photo: တပ်ကြပ်ကြီး သို့မဟုတ် မယ်အင်္ဂလန်

ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကတော့ ၂၀၀၉ ခုနှစ်က မယ်အင်္ဂလန် (Miss England) ဆုရထားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒါတင်မကပဲ လက်ရှိမှာ သူမဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိတစ်ဦး ဖြစ်ပါတယ်။ Katrina Hodg...e လို့ အမည်ရပါတယ်။ 

အသက် ၁၇ နှစ်မှာ အစ်ကိုဖြစ်သူရဲ့  မြောက်ပေးမှုကြောင့် စစ်ထဲ ဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့  တော်ဝင်ကြည်းတပ်ကို ဝင်လိုက်တာ ဖြစ်ပါတယ်။ စစ်တပ်မှာ သူရဲ့ နာမည်ပြောင်က အရုပ်မ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး မျက်တောင် ခဏခဏ ကော့တာကြောင့် ဒဏ်ပေးတာ ခံရပြီး အရုပ်မလို့ နာမည် ပြောင်ပေးထားပါတယ်။ 

၂၀၀၅ ခုနှစ် ရောက်တော့ အီရတ်မှာ တာဝန်ကျပါတယ်။ အီရတ်မှာ တာဝန် ကျစဉ် အင်မတန် ရဲစွမ်းသတ္တိကြီးတဲ့ စစ်သူရဲလို့ နာမည်ကြီးပါတယ်။ ရှေ့ တန်း တိုက်ပွဲတွေမှာ သူပါပြီး သူကယ်လို့ အသက်မသေတဲ့ စစ်သားတွေ လည်း ရှိပါတယ်။ ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ ရန်သူတွေကိုလည်း နပန်းသတ် အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ဒုတပ်ကြပ် အထိ ရာထူး တိုးမြင့်ခံခဲ့ရပါတယ်။ ယခု ဆိုရင် တပ်ကြပ်ကြီး အဆင့်တောင် မကတော့ပါဘူး။ အာဖဂန်နစ္စတန်မှာ ရာထူးကြီးတဲ့ အမျိုးသမီး ကြည်းတပ် အရာရှိ ဖြစ်နေပါပြီ။ 

၂၀၀၈ ခုနှစ်ကစလို့ အလှမယ် ပြိုင်ပွဲတွေ စပြိုင်ပါတယ်။ တော်ဝင် ကြည်းတပ် ကိုယ်စားပြုအနေနဲ့ စတင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မို့ ရက်ပိုင်းပဲ အချိန်ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကျင်းပတဲ့ မယ်အင်္ဂလန် မှာတော့ 1st runner up ရရှိပါတယ်။ သို့ပေမယ့် သရဖူ ရတဲ့ မယ်က မှုခင်းတစ်ခုကြောင့် လက်လွတ်ရပြီး Katrina Hodge ဟာ မယ် အင်္ဂလန် အဖြစ် သရဖူ ဆောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်တိတိ လူမှုပရဟိတ လုပ်ငန်းလုပ်ပြီး ၂၀၁၀ ရောက်တော့ တပ်ထဲ ပြန်ဝင်ခဲ့ပါတယ်။ 

ယခုတော့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် စစ်အရာရှိတစ်ဦး နဲ့လည်း ၂၀၁၀ ခုနှစ် ဇွန်လက လက်ထက်ခဲ့ပါတယ်။ လက်ရှိချိန်မှာ ဗြိတိန် အစိုးရက တရားဝင် ပြုလုပ်ပေးထားတဲ့ စစ်သားများ အောင်သွယ်ဝဘ်ဆိုဒ် Uniform Dating ကိုလည်း ဦးစီး လုပ်ကိုင်ပေးနေပါတယ်။ ရှေ့ တန်းစစ်မျက်နှာမှာလည်း တာဝန်ထမ်းဆောင်နေပါတယ်။ 

ဒါကြောင့် Katrina ဟာ မယ်ဖြစ်လာတဲ့ ပထမဆုံး စစ်သမီးလို့ ထင်ရှားပြီး ဗြိတိန်နိုင်ငံရဲ့ စံပြ အမျိုးသမီး အဖြစ်လည်း လူသိများကြောင်း သိရပါတယ်။ 
--
Ref: wiki
--
http://www.innewsmyanmar.com/2012/12/blog-post_103.html
--
--

အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar

ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကတော့ ၂၀၀၉ ခုနှစ်က မယ်အင်္ဂလန် (Miss England) ဆုရထားတဲ့ အမျိုးသမီး
 ဖြစ်ပါတယ်။ ဒါတင်မကပဲ လက်ရှိမှာ သူမဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိ
တစ်ဦး ဖြစ်ပါတယ်။ Katrina Hodg...e လို့ အမည်ရပါတယ်။

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

Photo: တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

Dec 13, 2012

ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။


ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့ ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။

ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။

ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

(Oppositeye)

အေးချမ်းမွန်မှ  Kachin Daily News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Kachin Daily News

ဦးအောင်မင်းပြောသည့်တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်
အသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန်ဗကပဆိုပြီး လုပ်ခဲ့ကာတရုတ်မှအကူအညီများ
ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှတရုတ်
နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။

Facebook App Version 5.3 Update အသစ်ထွက်ရှိ

Photo: င်္Facebook App Version 5.3 Update ထွက်ရှိလာ...

ဒီမနက်လေးတင်ပဲကျွန်တော် App Store ဖွင့်ကြည့်မိတော့ Facebook App Update ထွက်လာတာကိုတွေ့လိုက်ပါတယ်။ Android အတွက်လည်း Facebook Update ထွက်ကို Google Play ကနေတစ်ဆင့်ရရှိနိုင်မှာဖြစ်ပါတယ်။
Version အနေနဲ့ကတော့ 5.3 ဖြစ်ပြီး ကျွန်တော် update လုပ်စမ်းသုံးကြည့်တော့ အရင် version ထက် သိသိသာသာမြန်လာတာကိုတွေ့လိုက်ရပါတယ်။ တစ်ခုပါပဲ မြန်မာဖောင့်နဲ့ရေးထားနဲ့ post တွေဒါမှမဟုတ် မြန်မာလိုရေးထားတဲ့ သတင်း Page တွေကိုသွားရင်တော့နည်းနည်းလေး လေးနေပါသေးတယ်။ ဒါပေမယ့်အရင်ကလောက်တော့မလေးတော့ပဲ news feed တက်တာတွေကလည်းအရမ်းမြန်လာပြီး တော်တော်လေးပေါ့ပါးသွားတာကိုတွေ့ရပါတယ်။

အသစ်ထည့်ပေးလိုက်တဲ့ feature တွေကတော့...

1. ကိုယ်တင်ချင်တဲ့ဓာတ်ပုံကို Gallery ထဲကနေရွေးပြီးရင် ကိုယ်တင်ချင်တဲက Album ကိုစိတ်ကြိုက်ရွေးပြီးတင်နိုင်ပါပြီ။

2. Loading နဲ့တစ်ခြား news feed တက်လာတာတွေ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ timeline ကိုသွားကြည့်ရင် timeline တက်လာတာတွေ ကတော်တော်လေးမြန်ပြီးပေါ့ပါးသွားပါတယ်။

iOS ကော Android မှာပါတစ်ပြိုင်နက်တည်း update ရတာဖြစ်ပြီး App Store နဲ့ Google Play တို့ကနေတိုက်ရိုက် update လုပ်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်....။
IT4M

အေးချမ်းမွန်မှ  Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Info Tech For Myanmar (IT4M)

ဒီမနက်လေးတင်ပဲကျွန်တော် App Store ဖွင့်ကြည့်မိတော့ Facebook App Update ထွက်လာတာကိုတွေ့
လိုက်ပါတယ်။ Android အတွက်လည်း Facebook Update ထွက်ကို Google Play ကနေတစ်ဆင့်ရရှိနိုင်မှာ
ဖြစ်ပါတယ်။

လူငယ်များ ကားဈေးကွက်ထဲသို့ ကိုယ်တိုင်ဆင်း၍ ဝယ်ယူမှုများလာ

ဟံသာဝတီယာဉ်ရပ်နားစခန်းဝင်းသို့ လူငယ်လူရွယ်များကားများကို  ကိုယ်တိုင်ရွေးချယ်ဝယ် ယူမှုများပြား
လာကြောင်း ကားဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။ လူငယ်များ အများဆုံးရွေး ချယ်ဝယ်ယူသည့်  ကား
များမှာHondar  Insight  Hybrid,  Suzuki  Swift, Mazda  Demio,Honda Fit နှင့် Mazda  R.X 8 ကားများကို အဓိကထား ရွေးချယ်ဝယ်ယူမှု   များပြားကြောင်းသိရသည်။

ကားဈေးကွက်တွင် Proboxကား လူကြိုက် နည်းကာ ဈေးကျ

ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ခေါင်းထောင် လာခဲ့ သော Probox ကားများ လူကြိုက် နည်းကာ
 ဈေးကျ ဆင်းလာကြောင်း ဟံသာဝတီ မော်တော် ယာဉ်များ ဝယ်ရောင်းစခန်းမှ ဝယ်ရောင်း အကျိုးဆောင်
များက ပြောကြား သည်။“အရင်က လူကြိုက်များ တယ်ဆိုတာ အငှားယာဉ် လုပ်ကြ တာလေ၊ အိမ်စီးကား
အဖြစ် အသုံး ပြုတဲ့သူက နည်းတယ်။ လူကြိုက် နည်း လာတော့ ဈေး ကျ လာတဲ့ သဘောပါ။