Pages

Saturday, December 8, 2012

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ
Saturday, 08 December 2012

အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ ဆိုလာပယ်နယ် ပန်းခြံကျယ်ကြီး တစ်ခုကို ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံထဲမှာ တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

တရုတ်ပြည်မှာ တည်ရှိတဲ့ ဆိုလာပန်းခြံထက်တောင်ကျယ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်မှာ တည်ရှိပြီး လျှပ်စစ်အား ထုတ်လုပ်နိုင်မှုက ၆၀၀ မီဂါဝပ်အား ရှိပါတယ်။ တရုတ်ပြည်က
အကြီးဆုံး ဆိုလာပန်းခြံက ထုတ်လုပ်နိုင်မှုထက် သုံးဆလောက်များပါတယ်။ 

လက်ရှိ အိန္ဒိယနိုင်ငံရဲ့  လျှပ်စစ် စွမ်းအင်လိုအပ်ချက် ၆ ရာခိုင်နှုန်းစားကို ထုတ်လုပ် ပေးနေပါတယ်။ သက္ကရာဇ် ၂၀၂၀ အရောက်မှာတော့ ၁၆ ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် တိုးချဲ့ လျက် ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ၁၀၀၀ မီဂါဝပ် 
အား ထုတ်လုပ်နိုင်အောင် တိုးချဲ့ တည်ဆောက်လျက် ရှိပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံရှိ Gujarat Solar Park ဟာ ကမ္ဘာ့အကြီးဆုံး ဆိုလာ ပန်းခြံ တစ်ခုအဖြစ် ၂၀၁၃ မှာ ပြိုင်ဘက်မရှိ မှတ်တမ်းတင်တော့မှာ ဖြစ် တယ်လို့ သိရပါတယ်။
--
Ref: tech-art
International news for myanmar
အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ဆိုလာပယ်နယ် ပန်းခြံကျယ်ကြီးတစ်ခုကို ကမ္ဘာ့ အကြီး ဆုံးနေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံထဲမှာ တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး သုံးဖက်မြင် လမ်းမပန်းချီ

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး သုံးဖက်မြင် လမ်းမပန်းချီ

ဂင်းနစ် စံချိန် ဆု နှစ်ဆု ရထားတဲ့ 3D ပန်းချီ အနုပညာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး 3D Street Art နဲ့ ကမ္ဘာ့အရှည်ဆုံး 3D Street Art ဆိုပြီး နှစ်ဆု ရရှိထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လေး ရက်ကြာမြင့်ခဲ့ ပါ တယ်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အနောက်ပိုင်းက လမ်းတစ်နေရာ မှာ ဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်းကတော့ ဧရိယာ ၁၁၆၄ စတုရန်း မီတာ ရှိပါတယ်။  3D ပန်းချီဆရာ Joe နဲ့ Max အမည်ရ မှ အဖွဲ့ တစ်ခု ဖွဲ့လို့ ကြိုးစားဖန်တီး ခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် သူတို့ ဖန်တီးထားတဲ့ 3D Street Art ဟာ ကမ္ဘာ့အကြီးဆုံး နဲ့ အရှည်ဆုံး 3D Street painting အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့ကြောင်း သိရပါ တယ်။ 
--
ဖန်တီးပုံ ဗီဒီယို - http://youtu.be/GwNeukAmxJw

http://www.innewsmyanmar.com/2012/12/blog-post_444.html

-----
ဂင်းနစ် စံချိန် ဆု နှစ်ဆု ရထားတဲ့ 3D ပန်းချီ အနုပညာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး 3D Street Art နဲ့ ကမ္ဘာ့အရှည်ဆုံး 3D Street Art ဆိုပြီး နှစ်ဆု ရရှိထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

မထသ (ဗဟို)တွင် ပြီးခဲ့သည့် (၄) လအတွင်းအမှု အများဆုံးမှာ မချေမငံပြောဆိုသည့်အမှု အများဆုံးဖြစ်

မထသ (ဗဟို)တွင် ပြီးခဲ့သည့် (၄) လအတွင်းအမှု အများဆုံးမှာ
မချေမငံပြောဆိုသည့်အမှု အများဆုံးဖြစ်
Saturday, 08 December 2012

ရန်ကုန်မြို့အတွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများအားအကြောင်း
အမျိုးမျိုးကြောင့် တိုင်ကြားရာတွင် ယာဉ်နောက်လိုက်များမှ မချေမငံပြောဆိုဆက်ဆံမှုနှင့် ယာဉ်စီးခပိုတောင်းခြင်းသည်အများဆုံး
ဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။

အဆိုပါတိုင်ကြားရာတွင် ပြီးခဲ့သည့် လေးလအတွင်း မချေမငံပြောဆို
ဆက်ဆံမှုသည်စုစုပေါင်း (၈) မှုရှိပြီး ယာဉ်စီးခပိုတောင်းခြင်းမှာ (၆) မှုရှိကြောင်းသိရှိရသည်။

အလားတူ အသက်အန္တရယ်ဖြစ်လောက်အောင် အရှိန်ပြင်းစွာမောင်းနှင်မှုမှာ (၂)မှုရှိကြောင်းကိုလည်း သိရှိရသည်။ ယင်းတိုင်ကြားမှုများသည် မထသ (ဗဟို) သို့(၄) လအတွင်း ဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်
လည်းကောင်းတိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။

“မထသ(ဗဟို)အနေနဲ့က ကျွန်တော်တို့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေဆီကို
တင်ပြပြီးတော့ သင်တန်းတွေဖွင့် ပါတယ်။ အခြေခံသင်တန်းဆို ၂နှစ်မပြည့်သေးတဲ့သူတွေကို ဆွေးနွေးပါတယ်။ ၂ နှစ်ကျော်သွားတဲ့
သူတွေကိုလည်းမွမ်းမံသင်တန်းဆိုပြီးဆွေးနွေးပါ တယ်။” ဟု မထသ 
(ဗဟို) ဥက္ကဌဦးလှအောင်က ပြောကြားသည်။

မထသ (ဗဟို)အနေဖြင့် သင်တန်းများဖွင့်လှစ်သင်ကြားနေပြီးယခုလို
တိုင်ကြားနေမှုများဖြစ်ပေါ်နေရခြင်းမှာ ယာဉ်မောင်းများနှင့်
ယာဉ်နောက်လိုက်များ၏ အသက်အရွယ်အပိုင်းအခြားရဖြစ်ကြောင်း
သိရသည်။

“ဒီလိုတွေလုပ်နေပေမယ့်လည်းအခုလိုဖြစ်စဉ်တွေဖြစ်နေတာတွေ
တွေ့နေတော့လေ့လာကြည့်တဲ့အခါမှာယာဉ်နောက်လိုက်တွေ ရဲ့ အသက်အပိုင်းခြားကိုသုံးသပ်ကြည့်တဲ့အခါမှာ အသက် (၃၀)ပတ်ဝန်းကျင်က
အများစု ဖြစ်နေတာကိုတွေ့ရတယ်။ သုံးသပ်မိ တာကလူငယ်သဘာဝ
အရဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဓာတ်တွေကိုပိုပြုပြင် ပေးဖို့လိုတာကို
သုံးသပ်မိတယ်။”ဟု မထသ (ဗဟို) ဥက္ကဌက ဆက်ပြောသည်။

မထသ (ဗဟို) သည် သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် မွမ်းမံ
သင်တန်းအမှတ်စဉ် (၁/၂၀၁၁) မှ (၁၁/ ၂၀၁၂) ထိ ယာဉ်မောင်း (၄၃၈) ဦး၊ယာဉ်နောက်လိုက် (၆၅၃) ဦး သင်တန်းပို့ချပေးခဲ့ပြီး အခြေခံ
သင်တန်းအမှတ်စဉ် (၁/ ၂၀၁၁) မှ (၁၃/ ၂၀၁၂) ထိ ယာဉ်မောင်း   (၄၅၂) ဦး၊ယာဉ်နောက်လိုက် (၇၆၈) ဦးအား သင်တန်းများ ပို့ချပေးခဲ့ကြောင်း သိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup

ရန်ကုန်မြို့အတွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများအားအကြောင်း အမျိုး မျိုးကြောင့် တိုင်ကြားရာတွင် ယာဉ်နောက်လိုက်များမှ မချေမငံပြောဆို ဆက်ဆံ မှုနှင့် ယာဉ်စီးခပိုတောင်းခြင်းသည်အများဆုံးဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။

လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်

လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်။
(ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။)
--------------------------------------------------------------------------------
''စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့
ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီ..........။

ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုးရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်''
 COPY FROM-ငရဲ သား
ယနေ့ အကြိုက်ဆုံး စကား....။
(၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)
လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ

''စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေ
ကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။

တန်ဖဲ ရွာသား စိတ်မမှန်သူ တဦးအား တပ်မ ၃၃ တပ်ဖွဲ့များ ရိုက်နှက်

တန်ဖဲ ရွာသား စိတ်မမှန်သူ တဦးအား တပ်မ ၃၃ တပ်ဖွဲ့များ ရိုက်နှက်ခဲ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
အထက်ပိုင်း ဧရာဝတီ မြစ်ဆုံအနီး
တန်ဖဲကျေးရွာသား ဦးလရှီလနူး အား
အစိုးရ၏ တပ်မ ၃၃ လက်အောက်ခံ
 တပ်ဖွဲ့များက စစ်ဆေးမေးမြန်း၍ ရိုက်နက်ခံခဲ့ရကြောင်း တန်ဖရဲကျေးရွာသား တဦးက ပြောသည်။

 သောကြာနေ့ ည ၈ နာရီချိန်တွင် အသက် ၃၀ ကျော်အရွယ် ဦးလရှီလနူးသည် ကွယ်လွန်သူ တန်ဖဲကျေးရွာသား ဦးရှိန်ရိုင် ဇော်တောင်၏ တနှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲမှ၍ အပြန် မြစ်ဆုံလမ်းခွဲတွင် အစိုးရတပ်ဖွဲ့များက ထိုးကြိတ်၍ သေနတ်ဖြင့် ဦးခေါင်းနှင့် မျက်နှာများတွင် ရိုက်နက်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။

“မနေ့ည ဆုတောင်းပွဲတခု ရှိတယ်။ အဲဒီကနေ အပြန်မှာ မြစ်ဆုံနဲ့ ဆွမ်ပရာဘွမ်တက်တဲ့ လမ်းခွဲမှာ သူ့အိမ်ရှေ့အရောက် စစ်သားတွေက သူ့ကို စစ်ဆေးမေးမြန်းတယ်။ သူက စိတ် သိပ်မူမမှန်ဘူး။ ဘယ်လို ပြောလိုက်တာလဲ မသိဘူး။ သူ့ကို ရိုက်နက် ထိုးကြိတ်တာ သတိတောင်မရဘူး” ဟု တန်ဖဲ ရွာသားတဦးက ပြောသည်။

 လက်ရှိ ကိုလရှီလနှုးသည့် သွေးထွက်သံယိုမှု များပြားသဖြင့် သတိမဲ့ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ဆေးကုသရန် ပြောဆိုသော်လည်း ကံယံကံရှင်မှာ ကယောင်ခြောက်ခြား ဖြစ်နေသည်ဟု သိရသည်။          

“သူက ဗမာစကားရေရေလည်လည် မပြောတတ်ဘူး။ သေနတ်နဲ့ ထုထားတော့ ခေါင်းမှာ အရမ်းဆိုးတယ်။ ပါးနဲ့ မျက်ခုံး နှစ်နေရာမှာ ပေါက်ပြဲနေတယ်။ သွေးတွေချည်းပဲ။ အဲဒီစစ်သားတွေက ဓါတ်ပုံတွေ ရိုက်ထားတယ်” ဟု မဇ္စျိမကို ပြောသည်။

 ၎င်းတပ်ဖွဲ့များက ဦးလရှီလနှုး၏ အဖိုးတန် ကချင်ရိုးရာ လည်ဆွဲကိုလည်း ယူသွားသည်ဟု ဒေသခံက ဆိုသည်။

ဦးလရှီလနူးသည် အောင်မြင်သာကျေးရွာတွင် နေထိုင်နေပြီး တန်ဖဲကျေးရွာသို့ တောင်ယာ လုပ်ကိုင်ရန် သွားရောက် နေထိုင်နေသူ ဖြစ်သည်။ စနေနေ့ ညနေပိုင်းတွင် သူ၏ မိသားစုနှင့် မိတ်ဆွေများက အောင်မြင်သာကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးရုံးသို့ စာတင်ရန် စီစဉ်နေသည်ဟု ထိုဒေသခံက ပြောသည်။ 

အောင်မြင်သာကျေးရွာ ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးလရမ်က “ကျနော်မြစ်ကြီးနားရောက်နေလို့ အသေးစိတ် မသိသေးဘူး။ နယ်မြေမှူးတွေက ဓါတ်ပုံတွေတော့ ရိုက်ထားတယ်လို့ ပြောတယ်။ ရိုက်ခံရတဲ့ လူက နည်းနည်း ကြောင်နေတယ်။ သူ စကားပြောမှားတာလား ဘာလား မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ သတင်းဌာန

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထက်ပိုင်း ဧရာဝတီ မြစ်ဆုံအနီး တန်ဖဲကျေးရွာသား ဦးလရှီလနူး အား
အစိုးရ၏ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များက စစ်ဆေးမေးမြန်း၍ ရိုက်နက်ခံခဲ့ရကြောင်း တန်ဖရဲကျေး
ရွာသား တဦးက ပြောသည်။

ယနေ့ (ဒီဇင်ဘာလ ၈ရက်) အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပန်ဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ပုံငွေဈေးရောင်းပွဲကျင်းပပြုလုပ်



ယနေ့ (ဒီဇင်ဘာလ ၈ရက်) အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပန်ဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ပုံငွေဈေးရောင်းပွဲကျင်းပပြုလုပ်နေကြောင်းသတင်းရရှိပါသည်။

ဒဂုံစင်တာကားပါကင်ရှိဓါတ်တိုင်များ လျှပ်စစ်စီးနေမှုသတိပြုသင့်

ဒဂုံစင်တာကားပါကင်ရှိဓါတ်တိုင်များ လျှပ်စစ်စီးနေမှုသတိပြုသင့်

စမ်းချောင်းမြို့နယ်၊မြေနီကုန်း ဒဂုံစင်တာ ရှေ့မျက်နှာစာ ကား ပါကင်တွင်တည်ရှိသော ဓာတ် တိုင်တစ်ခုတွင် လျှပ်စစ်များစီးနေ ပြီး ယခုကဲ့သို့ ဖြစ်မှုများကို မသိ ရှိပဲ သွားရောက်ကိုင်တွယ်မိပါက   အန္တရာယ်ရှိနိုင်ကြောင်းနှင့်အန္တ ရာယ်ကင်းအောင်လုပ်ဆောင်သင့် ကြောင်း Hot News သတင်း ထောက် ကိုသဲကြီးမှ သူ့ကိုယ်တွေ့ကြုံပုံ များကို ပြောပြခဲ့သည်။
““ဒီဇင်ဘာ (၄)ရက်ညက ဒဂုံစင်တာကားပါကင်နားမှာ ခဏ  ထိုင်နေတုန်းမှာ ရုတ်တရက်ဓာတ် တိုင်ကို ကိုင်လိုက်မိတယ်။တော် သေးတာက လက်နှစ်ဖက်လုံးနဲ့ မကိုင်မိလိုက်လို့ပေါ့၊နောက်မို့ဆို    သေတောင်သေသွားမလားမသိ ဘူး။ နားထင်ထိကို လျှပ်စီးကြောင်း က ရောက်လာတာ လုံခြုံရေးတွေ  ကိုမေးတော့ အဲ့ဓာတ်တိုင်က လျှပ်စစ်စီးနေတာကြာပြီလို့ပြော တယ်””ဟု ကိုယ်တိုင်ဓာတ်လိုက်မှု ကို ကြုံတွေ့ခဲ့ရကြောင်းပြောပြခဲ့ သည်။
မျက်မြင်သက်သေများဖြစ် သော နေမင်းညို၊တူးတူးတို့မှလဲ ““ကျွန်တော်တို့နှစ်ယောက်က ကိုသဲကြီး ဘေးနားမှာ ထိုင်နေတာ  ရုတ်တရက် ကျွန်တော်တို့(၂) ယောက် စကားပြောနေတုန်း ““ဖျက်ဖျက်””ဆိုပြီး လျှပ်စစ်စီးတဲ့ အသံအကျယ်ကြီးကြားရပြီးမှ သူ က ဓာတ်လိုက်တယ်ဟဆိုပြီး ပြော   မှ သိရတာ အသံက တော်တော်   ကျယ်တယ်။ဒါက တကယ်လို့ မသိတဲ့လူက သွားကိုင်မိရင် အန္တ ရာယ်ရှိနိုင်ပါတယ်။ အကာအကွယ်  ဖြစ်ဖြစ် ဒါမှမဟုတ် သတိပေးစာ ဖြစ်ဖြစ် ကပ်ထားသင့်ပါတယ်””ဟု   ပြောပြခဲ့သည်။
ဒဂုံစင်တာ လုံခြုံရေးများသို့    မေးမြန်းကြည့်ရာတွင်လည်း ယခု ကဲ့သို့ ဖြစ်နေသည်မှာ ကြာပြီဖြစ် ကြောင်း ပြောပြခဲ့သည်။
hotnews

စမ်းချောင်းမြို့နယ်၊မြေနီကုန်း ဒဂုံစင်တာ ရှေ့မျက်နှာစာ ကား ပါကင်တွင်တည်ရှိသော ဓာတ် တိုင်တစ်ခု
တွင် လျှပ်စစ်များစီးနေ ပြီး ယခုကဲ့သို့ ဖြစ်မှုများကို မသိ ရှိပဲ သွားရောက်ကိုင်တွယ်မိပါက အန္တရာယ်ရှိနိုင်
ကြာင်းနှင့်အန္တ ရာယ်ကင်းအောင်လုပ်ဆောင်သင့် ကြောင်း Hot News သတင်း ထောက် ကိုသဲကြီးမှ သူ့
ကိုယ်တွေ့ကြုံပုံ များကို ပြောပြခဲ့သည်။

ပန်းပွင့် တစ်သိန်းငါးသောင်းနှင့် IC Show ပါဝင်မည့် ပန်းပွဲတော်

ပန်းပွင့် တစ်သိန်းငါးသောင်းနှင့် IC Show ပါဝင်မည့် ပန်းပွဲတော်
Saturday, 08 December 2012 

IC Show ပါဝင်မည့် ပြင်ဦးလွင် ပန်းပွဲတော်ပြပွဲတွင် လာရောက်
ကြည့်ရှုလေ့လာသူများပြားလာနိုင် ကြောင်း ဦးစီးကျင်းပပြုလုပ်မည့် ထူးကုမ္ပဏီမှ သိရှိရသည်။

"မိုးတွင်းမှာတောင် တစ်နေ့ကို လူဦးရေ ၂၀၀၀ လောက်ပဲဝင်တယ်။ အခုလိုရာသီဥတု၊ ပွဲတော်အချိန် တွေနဲ့ဆို တစ်နေ့ကို ၂သောင်းခွဲ၊ ၃သောင်းလောက်ဝင်နိုင်တယ်။ IC Show ပွဲနေ့ဆို လူပိုဝင်လာနိုင်
တယ်"ဟု ပြင်ဦးလွင် ထူးကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးဝေအောင်က ပြောသည်။

အဆိုပါ ပွဲတော်တွင် ပန်းအပွင့်ရေ တစ်သိန်း ငါးသောင်း၊ ပန်းအမျိုးပေါင်း (၂၆)မျိုးနှင့် အရုပ် (၈၃)ရုပ် တို့်အား စုစုပေါင်း ကျပ်သိန်း (၃၀၀)၀န်းကျင်
အသုံးပြုကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခင်ကျင်းပပြုခဲ့သော ပန်းပွဲတော်အတွေ့အကြုံများအရ ရက်ပိုင်းအတွင်း ဟိုတယ်၊ စားသောက်ဆိုင်၊ ဒေသတွင်းထွက်ကုန်ရောင်းဝယ်ရေး စသည့် လုပ်ငန်းများလည်း  ပိုမိုအဆင်ပြေမှုရှိလာတတ်ကြောင်း ဒေသခံများက ဆိုသည်။

"ဒီနှစ်ပန်းပွဲတော်ကို လာရောက်လေ့လာသူတွေများပြားလာနိုင်တယ်။
ပြင်ဦးလွင်က ကမ္ဘာလှည့်ခရီးသည် စိတ်ဝင်စားတဲ့ မြို့လဲဖြစ်တယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအတွက် တော်တော်လေး ၀င်ငွေကောင်းလာနိုင်တယ်"ဟု ပြင်ဦးလွင် ကန်တော်ကြီးအနီးရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အဆိုပါ ပန်းပွဲတော်ကို ဒီဇင်ဘာ (၁၅)ရက်နေ့မှစတင်ကာ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပပြုလုပ်မည့် ပန်းပွဲတော် သည် (၇)ကြိမ်မြောက်ဖြစ်ကာ တရုတ်၊ ထိုင်း၊ ဂျပန်နိုင်ငံတို့မှ မှာယူစိုက်ပျိုးထားသော ပန်းမျိုးစေ့များစွာပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပန်းပွဲတော်များသို့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာတို့မှ အဓိက လာရောက် ကြည့်ရှုလည်ပတ်သူများပြားပြီး လီလီပန်း၊ ကျားပါးစပ်၊ ခရစ္စမတ်၊ ပင်စိမ်းရောင်စုံ၊ ကြက်မောက် စသည့်ပန်းများပါဝင်မည်ဖြစ်ကာ ဥယျာဉ်ဝင်ကြေးမှ တစ်ဦးလျှင် ကျပ် (၁)ထောင်ဖြစ်ပြီး IC Show ၀င်ကြေး လက်မှတ်ခမှာ တစ်ဦးလျှင် ကျပ် (၇၀၀၀) ဖြစ်ကြောင်း သိရှိရသည်။

ငြိမ်းချမ်း (မြစ်မခ)
Myit Makha Mediagroup

Saturday, 08 December 2012

IC Show ပါဝင်မည့် ပြင်ဦးလွင်ပန်းပွဲတော်ပြပွဲတွင်လာရောက် ကြည့်ရှုလေ့လာသူများပြားလာနိုင် ကြောင်း
ဦးစီးကျင်းပပြုလုပ်မည့် ထူးကုမ္ပဏီမှ သိရှိရသည်။

အစ္စရေး F-16 စစ်လေယာဉ် အင်ဂျင်များ အခိုးခံရ

အစ္စရေး F-16 စစ်လေယာဉ် အင်ဂျင်များ အခိုးခံရ

အစ္စရေး နိုင်ငံ အလယ်ပိုင်း လေတပ် အခြေစိုက် စစ်စခန်း တစ်ခုမှ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် F-16 စစ်လေယာဉ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော အမေရိကန်လုပ် အင်ဂျင် အများအပြား ခိုးယူခြင်း ခံခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ခိုးယူမှုနှင့် စပ်လျဉ်း၍ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ဘက် သို့မ ဟုတ် အရပ်ဘက်ကြား ပူးပေါင်း လိမ်လည်မှု ဖြစ်နိုင်ဖွယ် ရှိသည်ဟု ၎င်းအဖွဲ့က စုံစမ်း တွေ့ရှိခဲ့ကြောင်း အစ္စရေး နိုင်ငံ၏ ဝေါလ်လာ အင်တာနက် ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းအင်ဂျင် များကို သံတိုသံစ အဖြစ် ရောင်းချရန် ခိုးယူခဲ့ဖွယ် ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆခဲ့ကြောင်း၊ ခိုးယူမှု ဖြစ်ပွားခဲ့သည့် အချိန်ကို တိတိကျကျ မသိရှိကြောင်း ၎င်းဝက်ဘ်ဆိုက်တွင် ဆက်လက် ဖော်ပြထားသည်။ 

အဆိုပါ ခိုးယူမှုနှင့် ပတ်သက်၍ ထင်မြင် သုံးသပ်ချက် ပေးရန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူက ငြင်းဆိုခဲ့ပြီး စုံစမ်း စစ်ဆေး မှုနှင့် ပတ်သက်သည့် အစီရင် ခံစာများကို စစ်ဘက်ဆိုင်ရာ ရှေ့နေထံသို့ ပေးပို့လိမ့်မည် ဖြစ်ကြောင်း တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယခင်နှစ်က တဲလ်အဗစ်မြို့ အနီးရှိ တဲလ်နော့ဖ် လေတပ် အခြေစိုက် စခန်းမှ F-15 နှင့် F-16 စစ်လေယာဉ် များ၏ အစိတ်အပိုင်း များကို သူခိုးများက ခိုးယူ ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သံတို၊ သံစ အရောင်းအဝယ် သမားများ အသုံးပြုသည့် ဂိုဒေါင်များ အတွင်း၌ ရှာဖွေတွေ့ရှိ ခဲ့ ကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/global/item/1166-2012-12-08-10-26-22


အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

အစ္စရေး နိုင်ငံ အလယ်ပိုင်း လေတပ် အခြေစိုက် စစ်စခန်း တစ်ခုမှ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် F-16 စစ်လေယာဉ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော အမေရိကန်လုပ် အင်ဂျင် အများအပြား ခိုးယူခြင်း ခံခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။

ဆန္ဒထုတ်ဖော်သော သံဃာာတော်များသည် ဆူးလေသို့ ရောက်ရှိ

ဆန္ဒထုတ်ဖော်သော သံဃာတော်များသည် ကုန်သည်ကြီးများဟော်တယ်နှင့်
ရှေ့ဆောင်ရုပ်ရှင်ရုံရှေ့သို့ ရောက်ရှိ။

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ဆန္ဒထုတ်ဖော်သော သံဃာာတော်များသည် ဆူးလေသို့ ရောက်ရှိလာပြီး မဟာဗန္ဓုလပန်းခြံရှေ့တွင် ဒဏ်ရာရသော သံဃာတော်များအား သက်ဆိုင်ရာမှ တာဝန်ယူပေးခြင်းမရှိသည့်အတွက် နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဆန္ဒထုတ်ဖော်သော အခမ်းအနားစတင်ကြောင်း သိရသည်။

မန္တလေးမြို့၏ အထင်ကရ နေရာ သုဓမ္မာ ဇရပ်တန်းတွင် အမှောင်ကို အသုံးချကာ ချစ်တင်းနှော နေကြသူများ

မန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်း
ဝင် အမွေ အနှစ်များ ဖြစ်သောကြောင့် နို င်ငံတော်မှ ပြုပြင် ထိန်းသိမ်း ခဲ့ကြသည်။ နိုင်ငံခြားခရီးသွားများ
သည်လည်းထိုနေရာသို့လာရောက်၍ လေ့လာနေသည် ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ကြီးနှင့် ကျုံး၊ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇ ရပ်တန်းသည် အလွန် ပနံသင့် လှ
ပသည်။

Bopha တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလိပိုင်မှာ သေဆုံးသူဦးရေ ၅၀၀ ကျော်သွားပြီ

Bopha တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလိပိုင်မှာ သေဆုံးသူဦးရေ ၅၀၀ ကျော်သွား
====================================
ဖိလိပိုင် ဘိုဖာတိုင်ဖုန်းမုန်တိုင်းကြောင်း သေဆုံးသူဦးရေ ၅၀၀ ကျော်အထိ ဆက်လက်တိုးများလာပြီး ရာပေါင်းများစွာလည်း ပျောက်ဆုံးနေပါသေးတယ်။ ထို့အပြင် မုန်တိုင်းဟာ အင်အားပြန်လည်ရရှိလာပြီး Luzon ကမ်းခြေဒေသကို ရွေ့လျားနေတယ်လို့ သိရပါတယ်။ သောကြာနေ့ညနေအထိ လေမုန်တိုင်းဟာ တစ်နာရီ ၁၂၅ မိုင်နှုန်းခန့် ရှိခဲ့ကြောင်း အမေရိကန်ရေတပ်နဲ့လေတပ်တို့မှ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်ဖုန်းမုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဖိလိပိုင် ဘိုဖာတိုင်ဖုန်းမုန်တိုင်းကြောင်း သေဆုံးသူဦးရေ ၅၀၀ ကျော်အထိ ဆက်လက်တိုးများလာပြီး ရာ
ပါင်းများစွာလည်း ပျောက်ဆုံးနေပါသေးတယ်။ထို့အပြင်မုန်တိုင်းဟာ အင်အားပြန်လည်ရရှိလာပြီး Luzon ကမ်းခြေဒေသကို ရွေ့လျားနေတယ်လို့ သိရပါတယ်။

မင်္ဂလာပွဲကို တပျော်တပါးကြီး ဆင်နွှဲခဲ့သည့် ပေကျင်းမြို့မှ လူပုစုံတွဲများ

မင်္ဂလာပွဲကို တပျော်တပါးကြီး ဆင်နွှဲခဲ့သည့် ပေကျင်းမြို့မှ လူပုစုံတွဲများ

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁ ရက်က စုံတွဲ ခုနစ်တွဲတစ်ပြိုင် နက်တည်း မင်္ဂလာပွဲဆင်နွှဲခဲ့သည်။ ထူးခြားချက်မှာ ၎င်းစုံတွဲ ခုနစ်တွဲစလုံးမှ သတို့သားနှင့် သတို့သမီး အားလုံးသည် အရပ် ၁၂၆ စင်တီမီတာခန့်သာ ရှိသည့် လူပုလေးများဖြစ်ကြခြင်းဖြစ်သည်။

၎င်းစုံတွဲ ခုနစ်တွဲ၏ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကြပုံ၊ လက်ချင်းယှက်၍ ကြင်နာယုယပုံများမှာ မြင်ရသူတိုင်းကို စိတ်ကြည်နူးစေခဲ့ကြောင်း သိရသည်။


အေးချမ်းမွန်မှ  မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁ ရက်က စုံတွဲ ခုနစ်တွဲတစ်ပြိုင် နက်တည်း မင်္ဂလာပွဲဆင်နွှဲခဲ့သည်။ ထူးခြားချက်မှာ ၎င်းစုံတွဲ ခုနစ်တွဲစလုံးမှ သတို့သားနှင့် သတို့သမီး အားလုံးသည် အရပ် ၁၂၆ စင်တီမီတာ
ခန့်သာ ရှိသည့် လူပုလေးများဖြစ်ကြခြင်းဖြစ်သည်။

Apple -Siri iOS 6 ဗားရှင်း iPhone ဖြင့် GM ကားများကို အသံဖြင့် ထိန်းချုပ်နိုင်ပြီ

Apple -Siri ဖြင့် GM ကားများကို အသံဖြင့် ထိန်းချုပ်နိုင်မည်

iPhone တစ်လုံးရှိမယ်၊ iOS 6 ဗားရှင်း ဖြစ်မယ်ဆိုရင် General Motors ကားများကို ထိန်းချုပ်လို့ရမယ့် စီမံကိန်းကို အမေရိကန် GM တို့ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

နိုဝင်ဘာလ ၂၇ လော့အိမ်ဂျလစ်မော်တော်ယာဉ် ပြပွဲမှာ ယင်းနည်းပညာကို ဝင်ရောက် ပြသသွားခြင်း ဖြစ်ပြီး Siri- အသံစေခိုင်းနည်းပညာနဲ့ GM ကားတစ်စီးရဲ့  လုပ်ငန်းဆောင်တာ တော်တော်များများကို ထိန်းချုပ်လို့ရ မှာ ဖြစ်ပါတယ်။ ပထမဆုံး Integrated လုပ်ပေးထားတဲ့ ကားများကတော့ Chevrolet Sonic LTZ, RS, Spark 1LT နဲ့ 2LT တို့ ဖြစ်ပါတယ်။ 

အသုံးပြုပုံကတော့ ယင်းကားများမှာ ပါဝင်တဲ့ GM ထုတ် ကား OS ဖြစ်တဲ့ MyLink infotainment system ကို ချိတ်ပေးရမှာ ဖြစ်ပါတယ်။ Bluetooth ပါဝင်ပြီး Siri နဲ့ join လုပ်ပြီးချိန်မှာတော့ လိုသလို ခိုင်းစေလို့ ရပါပြီ။ ဥပမာ- ကားမောင်းနေရင်း လမ်းမသိတဲ့အခါ လှမ်းမေးနိုင်ပြီး ကား Speaker တွေ ကနေ အလိုအလျောက် ဖြေပေးမှာ ဖြစ်ပါတယ်။ ကိုယ် ဖွင့်ချင်တဲ့ သီချင်းကို အသံထွက်လိုက်ရုံနဲ့ Siri ကရှာဖွေပေးပြီး ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ရာသီဥတု အခြေအနေ၊ ကားအတွင်းခန်း အပူချိန်၊ ခရီးမိုင် အကွာအဝေး၊ ဆီစားနှုန်း အစရှိသဖြင့်တို့ကို စက္ကထရီ တစ်ဦးပမာ မေး သမျှတောက်လျှောက်ဖြေပေး သွားမှာ ဖြစ်ပါတယ်။ 

Apple ရဲ့  Siri ကိုအသုံးပြုဖို့ ဆက်သွယ်ထားတဲ့ ကုမ္မဏီ ၉ခုထဲက GM က ပထမဆုံး ဖြစ်ပြီး ယခုလို စမ်းသပ်အောင်မြင်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထုတ်မယ့် GM ရဲ့  ကားတော်တော်များများမှာ ယင်းနည်းပညာကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။ 

တောင်ကိုရီးယား၊ ဂျပန် အစရှိတဲ့ ကုမ္မဏီများလည်း အလားတူ နည်းပညာ ကုမ္မဏီများနဲ့ တွဲဆက်ပြီး အသံနဲ့စေခိုင်းမယ့် စနစ်များ ကြိုးစား ဖန်တီးလျက် ရှိတယ်လို့ သိရပါတယ်။ 
--
Ref: eetimes

အေးချမ်းမွန်မှ   ColayOnline:Automobile  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

iPhone တစ်လုံးရှိမယ်၊ iOS 6 ဗားရှင်း ဖြစ်မယ်ဆိုရင် General Motors ကားများကို ထိန်းချုပ်လို့ရမယ့် စီမံ
ကိန်းကို အမေရိကန် GM တို့ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာအစိုးရတပ် လေကြောင်းမှ စစ်ရဟတ်ယာဉ်များကျုးကျော်မှုမှကာကွယ်ရန် ကချင်-တရုပ် နယ်ခြားမှတ်တိုင်(၆)အနီး တရုပ်စစ်တပ် တိုးမြှင့်ချထား

ကချင်-တရုပ် နယ်ခြားမှတ်တိုင်(၆)အနီး တရုပ်စစ်တပ် တိုးမြှင့်ချထား

စနေ ၊ ဒီဇင်ဘာ(၈) Source by Jinghpawkasa 

ကချင်-တရုပ် နယ်စပ် ကေအိုင်အေ တပ်မဟာ(၁)နယ်မြေ ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီးတွင် တရုပ်စစ်တပ် မှ အင်အား(၃၀၀)ခန့် တိုးမြှင့်ချထားကြောင်းသိရှိရသည်။

 ယခုရက်ပိုင်းအတွင်း မြန်မာအစိုးရတပ်မှ ကေအိုင်အေ အားတိုက်ခိုက်ရာတွင် လေကြောင်းမှ စစ်ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဉ်များသည် တရုပ်ဘက်ခြမ်းသို့ မီတာ( ၈၀၀)ခန့် နယ်စပ်ကိုကျော်ဖြတ်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တရုပ်စစ်တပ်မှ ယခုကဲ့သို့ စစ်အင်အား တိုးမြှင့်ချထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လေယာဉ်ပစ် သေနတ်များကိုပါ အသင့်အနေအထားတပ်ဆင်ချထားပြီး နောက်ထပ် စစ်ရဟတ်ယာဉ်များ ထပ်မံနယ်ကျော်ဝင်ရောက်လာပါက ပစ်ခတ်ရန် အမိန့် ပေးထားပြီး နေပြည်တော်သို့ လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရှိရသည်။

Wunpawng Mungdan Shanglawt Asuya Dingdung Ginwang Dap Ba (1) up hkang ginra rai nga ai Pangwa, Jinghpaw Mung hte Miwa Mung jarit masat shadaw (6) maga de Miwa Asuya kawn Miwa hpyen la (300) jan hpe sa jahkrat da sai lam shiga na chye lu ai. N dai zawn Miwa hpyen la ni hpe sa jahkrat da ai lam gaw Myen hpyen asuya ni kawn Wunpawng Mungdan Shanglawt Asuya KIA ni hpe nbungli hte sa htim gasat ai hta myen hpyen a nbungli gaw Miwa mung kata de Meter (800) jan lai bang nna wa gap ai majaw re lam chye lu ai. Miwa asuya ni gaw lamu ga jarit hta nbungli gap sinat ni mung sa shadun da sai lam, myen hpyen ni a n bungli ni n dai lang bai lai bang wa yang gaw gap kau na re lam hte myen hpyen asuya Naypyidaw ginjaw de mung shana da sai lam shiga na chye lu ai.

ဒီဇင်ဘာ(၈)

ကချင်-တရုပ် နယ်စပ် ကေအိုင်အေ တပ်မဟာ(၁)နယ်မြေ ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီးတွင် တရုပ်စစ်တပ် မှ အင်အား(၃၀၀)ခန့် တိုးမြှင့်ချထားကြောင်းသိရှိရသ
ည်။

စင်ကာပူ Marina Bay Sands လောင်းကစားရုံကြီးမှာ ဒေါ်လာ ၃၄၄၀၀ ငွေလိမ်သွားသူ မလေးရှား ညီအစ်သူသုံးဦး ထောင်ဒဏ်ချမှတ်ခံရ

MBS မှ ဒေါ်လာ ၃၄၄၀၀ ငွေလိမ်သွားသူ မလေးရှား ညီအစ်သူသုံးဦး 
===================================
စင်ကာပူ Marina Bay Sands လောင်းကစားရုံကြီးမှာ ဖဲဝိုင်းဖဲဝေသူ အဖြစ် အလုပ်လုပ်နေသူ အသက် ၂၄ နှစ် အရွယ် Matthias Ng Khay Yeek က သူ့ရဲ့ ညီအစ်ကို ၂ ယောက်ကို စည်းရုံးပြီး လောင်းကစားရုံမှ ငွေဒေါ်လာ ၃၄၄၀၀၀ လိမ်ယူမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံသွားရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ က Matthias ဒိုင်လုပ်တဲ့ကစားဝိုင်းမှာ ကစားနေသူ ညီအစ်ကို ၂ ယောက်ကို ထိုးကြေးထက် များစွာပိုပြီး တိုကင်ပိုက်ဆံပေးခဲ့တာကို လုံခြုံရေးစောင့်ကြည့်ကင်မရာ ကနေ မှတ်တမ်းတင်ထားခဲ့ပါတယ်။ မေလထဲမှာ အလုပ်စခဲ့တဲ့ Matthias က အခြားသော ဖဲဝေဒိုင်များက မတော်တဆမှားယွင်းကာ တိုကင်ပြားပိုပြီး အလျော်ပေးခဲ့တာကို လောင်းကစားရုံ အုပ်ချုပ်ရေးတာဝန်ရှိသူများ လုံးဝ မသိရှိခဲ့ကြောင်း ကြားဖူးခဲ့ပါတယ်။ ဒါနဲ့ သြဂုတ်လထဲမှာ သူရဲ့ ညီအစ်ကို Matthew နဲ့ Mark နေထိုင်တဲ့ မလေးရှား ဂျိုဟောဘရူးမြို့ (Johor Baru) နေအိမ်မှာ စည်းရုံးတိုင်ပင်ခဲ့ပြီး လောင်းကစားရုံ က တိုကင် chip ပြားတွေကို လိမ်ယူဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
(Ref; Straits Times)

စင်ကာပူ Marina Bay Sands လောင်းကစားရုံကြီးမှာ ဖဲဝိုင်းဖဲဝေသူ အဖြစ်အလုပ်လုပ်နေသူ အသက် ၂၄
နှစ် အရွယ် Matthias Ng Khay Yeek က သူ့ရဲ့ ညီအစ်ကို ၂ ယောက်ကို စည်းရုံးပြီး လောင်းကစားရုံမှ ငွေ
ဒေါ်လာ ၃၄၄၀၀၀ လိမ်ယူမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံသွားရပါတယ်။

ခေတ်မမီတော့သည့် ငွေကြေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တော့မည်

ခေတ်မမီတော့သည့် ငွေကြေးဆိုင်ရာ ဥပဒေကို ပြင်ဆင်

    07 December 2012  | 
   

mm notesငွေကြေးနှင့် သက်ဆိုင်သော ဥပဒေ ငါးမျိုးကို ပြန်လည် ပြင်ဆင် ဖြည့်စွက်သွားရန်  ရှိကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။ 

”အရမ်းကိုကြာနေတဲ့ ဥပဒေတွေကို အခုနဲ့ လိုက်လျော ညီထွေမှုရှိအောင် ပယ်ဖျက်သင့်တာ ပယ်ဖျက် ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်ရမယ်။ ဘဏ္ဍာအခွန် ဝန်ကြီးဌာန က ရေးဆွဲထားတဲ့ ဥပဒေတွေကို ခေတ်နဲ့ ညီအောင် ပြန်ပြင်ရမှာ” ဟု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်း ထားသော ဝင်ငွေခွန် ဥပဒေနှင့် နည်းဥပဒေ၊ ၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ကုန်သွယ်ခွန် ဥပဒေ၊ နည်းဥပဒေနှင့် အမိန့် ကြေညာစာများ၊ ၁၉၂၄ ခုနှစ် တွင် ပြဋ္ဌာန်းထားသော ကုန်း လမ်း အကောက်ခွန်ဥပဒေ၊ ၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ငွေ ကြေးအဖွဲ့အစည်းများ ဥပဒေ၊ နည်းဥပဒေနှင့် ၁၈၇၈ ခုနှစ် တွင် ပြဋ္ဌာန်းထားသော ပင်လယ်အ ကောက်ခွန်ဥပဒေများကို ပြန် လည်ပြင်ဆင် ဖြည့်စွက်ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရ သည်။ ”ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန် ဥပဒေက အရေးကြီးတယ်။ လက် တွေ့ဆောင်ရွက်နေရမှုမှာ ဌာန ဆိုင်ရာတွေက ဥပဒေနောက်တစ်ခု ဖြစ်မလာခင်မှာ ဒါကိုကိုင်ပြီး လုပ်နေရ တယ်” ဟု ကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကော်မတီအနေ ဖြင့် ဗဟိုဘဏ်ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး အတွက် ပြင်ဆင်ဖြည့်စွက် ရေးဆွဲခြင်းများ ကို ပြုလုပ်နေ ရပြီး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နည်းဥပဒေပေါ်ထွက် လာ ရေးအတွက် လည်း ဆောင်ရွက် နေရကြောင်း သိရသည်။ အထက်ပါ ဥပဒေ များပြင်ဆင် ဖြည့်စွက်ရေး ဆွဲနိုင်ရေးအတွက် ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များထံ အကြံဥာဏ်များ တောင်းခံရယူနေ ကြောင်း သိရသည်။

ဝေယံမိုးမြင့် 


အေးချမ်းမွန်မှ  Popular News   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular News

ငွေကြေးနှင့် သက်ဆိုင်သော ဥပဒေ ငါးမျိုးကို ပြန်လည် ပြင်ဆင် ဖြည့်စွက်သွားရန်ရှိကြောင်း ပြည်သူ့လွှတ်
တာ် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။

လက်ပံတောင်းတောင်အရေးနှင့်ပတ် သက်၍ ဓမ္မသာဝကအဖွဲ့က ဒီဇင်ဘာ(၈)ရက်နေ့ မွန်းလွဲ တစ်နာရီခန့်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်တည်း ဆန္ဒဖော်ထုတ်မည်

"လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ ဓမ္မသာဝကအဖွဲ့က ဆန္ဒဖော်ထုတ်ကြဦးမည်"

ရန်ကုန်၊ ဒီဇင်ဘာ ၈

လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ ဓမ္မသာဝကအဖွဲ့ မှ ဆရာတာ် ဦးအဂ္ဂ အမှူးပြုသည့် သံဃာတော်များဦးဆောင်ကာ ဒီဇင်ဘာ(၈)ရက်နေ့ မွန်းလွဲ တစ်နာရီခန့်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်တည်း ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါအဖွဲ့အား ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု မှ ၀န်းရံပေးမည်ဖြစ်ပြီး၊ ရန်ကုန်မြို့တွင်မူ ဗဟန်း ကြေးသွန်းဘုရားကြီးမှစတင်ကာ ဆူးလေဘုရားအထိ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်သလို၊ မန္တလေးမြို့တွင်မူ အိမ်တော်ရာဘုရားမှ စတင်လှည့်လည်မည်ဖြစ်ကြောင်းသိရသည်။

"ဒီလို ဆန္ဒဖော်ထုတ်မယ့်အကြောင်းကို မနေ့ညကတည်းက သက်ဆိုင်ရာ အထူးသတင်းတပ်ဖွဲ့ကိုတော့ အကြောင်းကြားထားပါတယ်"ဟု ဓမ္မသာဝကအဖွဲ့ကိုဝန်းရံပေးမည့် ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု မှ ကိုထင်ကျော်ကပြောသည်။

WMT
popular

ရန်ကုန်၊ ဒီဇင်ဘာ ၈

လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ ဓမ္မသာဝကအဖွဲ့ မှ ဆရာတာ် ဦးအဂ္ဂ အမှူးပြုသည့် သံဃာ
တ်ာများဦးဆောင်ကာ ဒီဇင်ဘာ(၈)ရက်နေ့မွန်းလွဲတစ်နာရီခန့်တွင်ရန်ကုန်နှင့်မန္တလေးမြို့တို့၌ တစ်ပြိုင်
တည်း ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ် မတူပီမြို့ နယ်တွင် ဆင်းရဲနွမ်းပါးမှူ ပပျောက်ရေး အလှူ ပစ္စည်းများ အလွဲသုံးစားလုပ်ခံရ

ဒီဇင်ဘာလ 08 ရက် 2012 ခုနှစ်

မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ် မတူပီမြို့ နယ်တွင် စစ်တပ်က ဆင်းရဲနွမ်းပါးမှူ ပပျောက်ရေး အတွက် လှူဒါန်းခဲ့သည့် ပစ္စည်းများကို ဒေသခံ အာဏာပိုင်များက အလွဲသုံးစားပြုလုပ် ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ – ၁ (ကစထ)မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် အနောက်မြောက်တိုင်း စစ်ဌာန
ချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်တို့ သွားရောက်စဉ် အလှူပစ္စည်းများကို မတူပီမြို့ အုပ်ချုပ်ရေးမှူးရုံးသို့  ပေးလှူခဲ့ခြင်းဖြစ်သည်ဟု မြို့ခံ တဦးကဆိုသည်။

နှစ်တစ်ထောင်မှာတစ်ကြိမ်သာကြုံကြိုက်ခွင့်ရမယ် ( ၂၀၁၂ ဒီဇင်ဘာ ၁၂ရက် ၁၂နာရီ ၊ ၁၂မိနစ် ၊ ၁၂ စကန့်) အချိန်လေးကို ၀ိုင်းဝန်းကြိုဆိုကြပါဆို့

နှစ်တစ်ထောင်မှာမှ တစ်ခါကြုံရမဲ့ အချိန်လေး 121212121212 Happy New Year ကိုပဲ အာရုံရောက်နေပြီး ... အခုလို ထူးထူးခြားခြား နေ့ရက် အချိန်လေးကို သတိမထားမိတဲ့ သူငယ်ချင်းများအတွက်အမှတ်တရေ
များပြုလုပ်နိုင်ရန Heart Canteen ရဲ့ဒီဇိုင်လေးနဲ့အတူ ဖော်ပြလိုက်ပါတယ်။

မှောင်နဲ့ မဲမဲ ခရမ်းမြို့က ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး နေတဲ့ ကြေးသွန်း ရုပ်ထု မီးလင်းပြီ

မှောင်နဲ့ မဲမဲ ခရမ်းက ဗိုလ်ချုပ် မြင်းစီး ကြေးရုပ် မီးလင်းပြီ
##################################

မှောင်နဲ့ မဲမဲ ဖြစ်နေတဲ့ ခရမ်းမြို့က ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး နေတဲ့ ကြေးသွန်း ရုပ်ထုကို ခရမ်းမြို့က ခေတ်ဆန်း လူငယ် စာကြည့်တိုက် လူငယ်များ ကနေပြီး မီးထွန်းနိုင်ဖို့က သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားတာ တစ်လလောက် ကြာပေမယ့် တုံ့ပြန်ချက် တစ်စုံတစ်ရာ မရှိသေးပါဘူး၊ ဒါကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့က စလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ ဗိုလ်ချုပ် ကြေးရုပ်ကို မီးထွန်း ခဲ့ကြ တယ်လို့ ခရမ်း ခေတ်ဆန်းလူငယ် စာကြည့်တိုက် လူငယ်များက ဆိုပါတယ်။

ခေတ်ဆန်းလူငယ် စာကြည့်တိုက် လူငယ် တွေရဲ့ တင်ပြထားချက် အပြည့်အစုံ ကတော့ - 

ခရမ်းသားများ၏ အမှန်တရားအတွက် မကြောက်တရား

ဗိုလ်ချုပ်ကြေးရုပ် ခန့်ခန့်ညားညား မီးလင်းထွန်းညှိနိုင်ရန် စွမ်းဆောင်ခဲ့ကြသော ခေတ်ဆန်းလူငယ် စာကြည့်တိုက်လူငယ် များ(ခရမ်းမြို့)အား ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

မှောင်မဲနေသော ဗိုလ်ချုပ်ကြေးရုပ် မီးလင်းတော့မည်။
ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်မှ့လူငယ်များမှ့

၇.၁၂.၂၀၁၂ နေ့တွင် မီးထွန်းပါတော့မည်။လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် မီးထွန်းရန်
အချိန် ၁လ ခန့်ကြာမြင့်စွာ လုပ်ဆောင်ရပါသည်။

အသက်မရှိတော့သော ကျနော်တို့
ရဲ့ လွတ်လပ်ရေးဖခင်ကြီး ရဲ့ ကြေးရုပ်ကို မီးလင်းစေရန် အခက်အခဲများစွာကို ကြိုးစား
ကျော်ဖြတ်နေရပါသည်။

ခရမ်းမြို့၏ မြို့လယ်တွင် မားမားမတ်
မတ် တည်ရှိနေသည့်ဗိုလ်ချုပ်ကြေးရုပ်ကို မီးလင်းစေဖို့ အဆင့်ဆင့်သော ဌာန ဆိုင်ရာများတွင် ခွင့်ပြုပေး
ရန် တင်ပြ၊ ပြောဆိုနေရသည်မှာ အချိန် ၁ လခန့်နောက်ကျခဲ့ရပါသည်။

ထို့ကြောင့်ကိုယ်မြို့၊ ကိုယ်ရွာ ဖွံ့ဖြိုးတိုးတက် စေဖို့ ကိုယ့်မြို့သားတွေမှာ တာဝန်ရှိပါတယ်။ဌာနဆိုင်ရာဆိုသူများ က ဧည့်သည်တွေပါ၊ အချိန်တန်ရင် ကိုယ်နေရာကိုယ်ပြန်ရတာတွေပါ။

ထို့ကြောင့် ဒီမိုကရေစီခရီးလမ်းမှာ ဒီလို ကိစ္စလေးတွေက အစ နောက်ပြန်ဆွဲနေသလိုမျိုး လုပ်ဆောင်နေမယ်ဆိုရင် အရမ်းကို ရုပ်ဆိုးလွန်းလှပါတယ်။

နောက်ဆုံးအနေနဲ့ ပြောလိုသည်မှာ ခွင့်ပြုမိန့်ပေးချင်ပေး၊ မပေးချင်နေ၊ ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်လူငယ်များမှ့ ၇.၁၂.၂၀၁၂ သောကြာ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း
ကြေးရုပ်အား မီးထွန်းပါမည်။

ဖမ်းတာက ဌာနဆိုင်ရာတွေ ရဲ့ အလုပ်ပါ။ ကိုယ်မြို့တိုး
တက်စေဖို့က ကျနော်တို့ ခရမ်းသားတွေရဲ့ အလုပ်ပါ။

မှတ်ချက်။ စိန်ခေါ်ခြင်း မဟုတ်ပါ….မကြောက်ခြင်း ဖြစ်ပါတယ်။
ခေတ်ဆန်း လူငယ် စာကြည့်တိုက် လူငယ်များ( ခရမ်းမြို့ )

ဇေယျာဦး

Zaw Mintun Zawmintun စာမျက်နှာ၌ တင်ပြ ထားသည်ကို အက်မင်မှ အနည်းငယ် ပြင်ဆင် ရေးသား၍ ပြန်လည် တင်ပြ အပ်ပါသည်။

အေးချမ်းမွန်မှ  အင်တာနတ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :အင်တာနတ်

မှောင်နဲ့ မဲမဲ ဖြစ်နေတဲ့ ခရမ်းမြို့က ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး နေတဲ့ ကြေးသွန်း ရုပ်ထုကို ခရမ်းမြို့က
 ခေတ်ဆန်း လူငယ် စာကြည့်တိုက် လူငယ်များ ကနေပြီး မီးထွန်းနိုင်ဖို့က သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားတာ တစ်လလောက် ကြာပေမယ့် တုံ့ပြန်ချက် တစ်စုံတစ်ရာ မရှိသေးပါဘူး၊ ဒါကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့က စလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ ဗိုလ်ချုပ် ကြေးရုပ်ကို မီးထွန်း ခဲ့ကြ တယ်လို့ ခရမ်း ခေတ်ဆန်းလူငယ် စာကြည့်တိုက် လူငယ်များက ဆိုပါတယ်။

ယနေ့ ဒီဇင်ဘာ၈ရက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ၈၈ မျိုးဆက်ကျောင်း သား များ အဖွဲ့က သ၀ဏ်လွှာတစ်စောင်ထုတ်ပြန်

၈၈ က အမျိုးသားနေ့ သ၀ဏ်လွှာမှာ ဘာပြောထားလဲ
Saturday, December 08, 2012  အိမ့်သံစဉ်  

ယနေ့ ကျရောက်သော ၈၈ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်  ၈၈ မျိုးဆက်ကျောင်း သား များ အဖွဲ့က ယခုအချိန်အခါဟာ မြန်မာနိုင်ငံအနေနဲ့ အသွင်ကူးပြောင်းရေး ကာလ တရပ်ကို သွားနေ ချိန်မှာ သိမ်မွေ့နက်နဲကြောင်း၊ အကြမ်းဖက်ဖြေရှင်းမှု မှန်သမျှကို ကန့်ကွက်ကြောင်းများ ပါဝင်တဲ့ သ၀ဏ် လွှာ တစောင်ကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဤနေ့ ဤရက်သည် လွန်ခဲ့သော "၈၂"နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကိုလိုနီ နယ်ချဲ့ အစိုးရအား ပထမဆုံး အောင်ပွဲခံခဲ့သည့် နေ့ပင်ဖြစ်သည်။ 

ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေးနိုးကြားမှုကို တပ်လှန့်နှိုးဆော်လိုက်သော နေ့လည်းဖြစ်သည်။ 

၁၉၈၈ လူထုအုံကြွမှုကြီးတွင်လည်း ကျောင်းသား လှုပ်ရှားမှုများမှ စတင်၍ ဒီမိုကရေစီရေး၊ လူ့ အခွင့် အရေး ကြွေးကြော်သံများဖြင့် သမိုင်းမျက်နှာစာသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ 

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ အသွင်ကူး ပြောင်းရေးကာလတစ်ရပ်ကို သိမ်မွေ့ခက်ခဲစွာ ဖြတ် သန်းနေရသည့် ကာလဖြစ်သည်။ နိုင်ငံသားများ၏ လိုအပ်ချက်၊ နစ်နာချက်များကို ဖေါ်ထုတ်ပြသနိုင်ရန် တိုက်တွန်း အားပေးခြင်းနှင့်အတူ ဝိုင်းဝန်းညှိနှိုင်း ဖြေရှင်းနိုင်မည့် နည်းလမ်းများ ကိုလည်း ရှာဖွေကြ ရန်လိုအပ်သည်။ 

အကြမ်းဖက်ဖြေရှင်းမှုမှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်သည်။ နိုင်ငံတော်ဖွံ့ဖြိုး ရေးကြိုးပမ်းရာတွင် လည်း နိုင်ငံသားများ၏ အကျိုးစီးပွားသည် ပဓါနဖြစ်သည်။

နိုင်ငံသားများ၏ အခန်းကဏ္ဍကို မြှင့်တင်ရမည်ဖြစ် သည်။ နိုင်ငံသားပြည်သူတစ်ရပ်လုံး၏ နိုးကြား တက်ကြွမှု အမျိုးသားအောင်ပွဲစိတ်ဓါတ်ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ကို အရယူနိုင်သကဲ့သို့ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ အခက်အခဲများကိုလည်း အမျိုးသားအောင်ပွဲ စိတ်ဓါတ်ဖြင့် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးနှင့် တိုင်ရင်းသားတန်းတူညီမျှရေး ပန်းတိုင်များကို မျက်ခြေပြတ်မခံဘဲ အမျိုးသားအောင်ပွဲ စိတ်ဓါတ်ဖြင့် ဆက်လက်ချီတက်ကြရန် အဓိဋ္ဌါန်ပြု တိုက်တွန်း လိုက်ရပေသည်။ 

 ၈၈ မျိုးဆက်ကျောင်းသားများ 
irrawaddy

ယနေ့ ကျရောက်သော ၈၈ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ၈၈ မျိုးဆက်ကျောင်း
 သား များ အဖွဲ့က ယခုအချိန်အခါဟာ မြန်မာနိုင်ငံအနေနဲ့ အသွင်ကူးပြောင်းရေး ကာလ တရပ်ကို သွားနေ ချိန်မှာ သိမ်မွေ့နက်နဲကြောင်း၊ အကြမ်းဖက်ဖြေရှင်းမှု မှန်သမျှကို ကန့်ကွက်ကြောင်းများ ပါဝင်တဲ့ သ၀ဏ် လွှာ တစောင်ကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံတွင် မိုင်ပေါင်း ၁၂၀ ရှည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်

ရုရှားနိုင်ငံတွင် မိုင်ပေါင်း ၁၂၀ ရှည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်

    07 December 2012  | 
    
ရုရှားနိုင်ငံတွင် မိုင်ပေါင်း ၁၂၀ ရှည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်မော်စကိုမြို့ အနောက်မြောက် ဘက် အဝေးပြေး လမ်းမကြီးပေါ် တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ် ပြီး မော်တော်ယာဉ်များမှာ သုံး ရက်ကြာ ပိတ်မိ နေကြောင်း သိရ သည်။ M10 အဝေးပြေး လမ်းမကြီး ပေါ်ရှိ ယာဉ်ကြောပိတ်ဆို့မှုမှာ မိုင် ပေါင်း ၁၂၀ ခန့်အထိ ရှည်လျား သည်ဟု မီဒီယာ သတင်းများက ဆိုသည်။

ယာဉ်မောင်းတစ်ဦးက လည်း ယာဉ်ကြောမှာ ၂၄ နာရီအ တွင်း တစ်ကီလိုမီတာသာ ရှေ့သို့ ရွေ့သွားသည်ဟု ပြောသည်။ နှင်း များ ထူထပ်စွာ ကျဆင်းခဲ့၍ ယာဉ် ကြောပိတ်ဆို့ရသည်ဟု ဆိုသည်။ ယာဉ်မောင်းများမှာ လမ်း ဘေးကွင်းပြင်များမှာပင် ချက် ပြုတ်စားသောက်နေကြသော် လည်း သုညအမှတ်အောက်နေ သော အအေးဒဏ်ကို ခံနိုင်ရန် ၄င်းတို့၏ ကားအင်ဂျင်များနှင့် အပူပေးစနစ်များဖွင့်ထားရန် ဆီ ပြတ်လပ်နေပြီဟု ယာဉ်မောင်းအ များအပြားက ပြောသည်။

“ယာဉ်မောင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ယိုင်း ပင်းကူညီကြပါတယ်။ အာဏာပိုင် တွေ ဘက်မှာ ပြဿနာရှိနေတာ ပါ။ ဓာတ်ဆီတင်ယာဉ်တွေ လာ တာလည်း မရှိဘူး။ ရေလည်း မရှိ၊ ဘာလည်း မရှိ၊ ငါတို့ဒီမှာပဲ ပိတ်မိ နေကြတာပဲ”ဟု ဆာဂျီဟု အမည် ရှိသော ယာဉ်မောင်းက ဆို သည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦးကမူ ယာဉ်ကြောပိတ်ဆို့မှုမှာ မိုင် ၂၀ ထက် မပိုဘဲ တဖြည်းဖြည်း လျော့ နည်းလာနေသည်ဟု ဒီဇင်ဘာ ၂ ရက်က ပြောသည်။ သို့သော် ဝန် ကြီးချုပ် မက်ဗီဒက်၏ ပြောရေးဆို ခွင့်ရှိသူ အမျိုးသမီးက ယာဉ် ကြောပိတ်ဆို့မှု အဆုံးသတ်ရေး နှင့် သောင်တင်နေသော ယာဉ် မောင်းများအား ကူညီရေးနည်း လမ်းရှာရန် မစ္စတာမက်ဗီဒက်က ဒုတိယဝန်ကြီးချုပ်အား ညွှန်ကြား ထားသည်ဟု ပြောကြားသည်။

ရုရှားနိုင်ငံ၏ M10 အဝေး ပြေးလမ်းမကြီးမှာ မော်စကိုမြို့မှ မိုင်ပေါင်း ၄၃၅ မိုင်ဝေးသော နိုင်ငံ ၏ ဒုတိယအကြီးဆုံး စိန့်ပီတာ စဘာ့ဂ်မြို့နှင့် ဆက်သွယ်ထား သော ဖင်လန်နိုင်ငံနယ်စပ်အထိ ဖောက်လုပ်ထားသည့် လမ်းမကြီး ဖြစ်သည်။

—Ref: ASP

အေးချမ်းမွန်မှ  7Day News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  7Day News

ရုရှားနိုင်ငံတွင် မိုင်ပေါင်း၁၂၀ ရှည်ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်မော်စကိုမြို့ အနောက်မြောက်ဘက်အဝေး
ပြေး လမ်းမကြီးပေါ် တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ် ပြီး မော်တော်ယာဉ်များမှာ သုံး ရက်ကြာ ပိတ်မိနေ
ကြာင်း သိရ သည်။ M10 အဝေးပြေး လမ်းမကြီး ပေါ်ရှိ ယာဉ်ကြောပိတ်ဆို့မှုမှာ မိုင် ပေါင်း ၁၂၀ ခန့်အထိ ရှည်လျား သည်ဟု မီဒီယာ သတင်းများက ဆိုသည်။

ထိုင်းစက်ရုံက တရားဝင်မြန်မာအလုပ်သမားတွေ အလုပ်ဖြုတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ လတ်ဘူရီခရိုင်၊ ပဝိုင်မြို့နယ်၊ ကီလိုကောက်ဒေသမှာရှိတဲ့ V&K နာနတ်သီး ဖျော်ရည်သွပ်စက်ရုံက တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက်အလုပ်လုပ်နေသူ မြန်မာအလုပ်သမား ၁ဝ၂ ဦးဟာ နှစ်နိုင်ငံ သဘောတူစာချုပ် MOU မှာပါရှိတဲ့ အခွင့်အရေးအတိုင်း တောင်းဆိုတာကို စက်ရုံငြင်းပယ်လိုက်ပြီး၊ နိုင်ငံကူးလက်မှတ်တွေ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ အလုပ်ထုတ်ခံရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတဦးဖြစ်တဲ့ ကိုဇော်မျိုးလတ်က အခုလိုပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမှုမခံရမီ ၆ ရက်အလို ရန်ကုန်မြို့ မြို့တော်ခန်းမ၌ မြွတ်ကြားခဲ့သော မိန့်ခွန်း(ကောက်နှုတ်ချက်)

၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၃) ရက်နေ့ (ဗိုလ်ချုပ် လုပ်ကြံမှုမခံရမီ ၆ ရက်အလို) ရန်ကုန်မြို့ မြို့တော်ခန်းမ၌ မြွတ်ကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့်ခွန်းမှ ထုတ်နှုတ်ထားပါသည်..။

"ကျွန်တော်တို့အစိုးရဟာ တိုင်းပြည်လူထုကထောက်ခံလို့ ဖြစ်လာတဲ့ အစိုးရဖြစ်တယ်..။ တိုင်းပြည်လူထုက မကြည်ညိုဘူးလို့ သိလာတဲ့တစ်နေ့မှာ တွယ်ကပ်မနေဘူး..။ ထွက်ပေးမယ်..။ သို့သော် တစ်နှစ်လောက်စောင့်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ဘယ်လိုလူးစားလဲ ဆိုတာ သိလိမ့်မယ်..။ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားမဟုတ်ဘူးဆိုတာ ခဗျာင်္းတို့ကိုယ်တိုင်သိမယ်..။

လွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလို ဖြစ်ချင်သလား..။ တူရကီလိုဖြစ်ချင်သလား..။ အိုင်ယာလန်လိုဖြစ်ချင်သလား..။ ဆိုဗီယက်ရုရှားလို ဖြစ်ချင်သလား..။ ဗမာပြည်လွတ်လပ်ရေးရတဲ့ အခါမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းများကို အမျိုးမျိုးသော နည်းများနဲ့လုပ်မှ၊ ခပ်ရိုင်းရိုင်း ဗမာလိုပြောရရင် အတော့်ကို ပြဲအောင်ကြိုးစားလုပ်ကိုင်မှ အနှစ် ၂၀ ကျော်လောက်ကြာမှ ဗမာပြည်တော်ရုံရောက်မယ်..။ မလုပ်လို့ရှိရင် ယိုးဒယားတောင် မှီမှာမဟုတ်ဘူး..။ အခြားလွတ်လပ်သောတိုင်းပြည် ခြေတစ်လှမ်း လှမ်းရင် ကိုယ် ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံကျမယ်..။ အဲ့ဒီလို မလုပ်ရင် ဟိုလူလာလဲ မျက်နှာချိုသွေးရ..၊ ဒီလူလာလဲ မျက်နှာချိုသွေးရနဲ့ 'ဖာသယ်' နိုင်ငံဖြစ်မှာဘဲ...။ 

(ဤသည်ကိုကြည့်လျှင် ဗိုလ်ချုပ်သည် ပြည်သူအပေါ် အဘယ်မျှယုံကြည်သည်ကို သိနိုင်၏..။ ကွက်ကွက်ကွင်းကွင်း မြင်နိုင်၏..။ ဗိုလ်ချုပ်စကားသည် ကြမ်းသော်လည်း စေတနာပါသည်..။ သူ့စကားတွေအားလုံးက လုံးဝဥသုံ ပုံကျစေတဲ့စကားတွေပင်..။ ဗိုလ်ချုပ်စကား.. ဗိုလ်ချုပ်မှာတမ်းတွေက ကျနော်တို့တွေအတွက် ယနေ့ချိန်ထိ.. မှန်ကန်နေဆဲ.. သတိပေးနေဆဲ မဟုတ်ပါလော...)

အေးချမ်းမွန်မှ  Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Ko Nay Myo

၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၃) ရက်နေ့ (ဗိုလ်ချုပ် လုပ်ကြံမှုမခံရမီ ၆ ရက်အလို) ရန်ကုန်မြို့ မြို့တော်ခန်းမ၌
 မြွတ်ကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့်ခွန်းမှ ထုတ်နှုတ်ထားပါသည်..။

မောင်တောမြို့နယ် ဘကုန်းနားကျေးရွာရှိ မွတ်စလင်မ်ဈေးဆိုင်ခန်းများ မီးရှို့ ဖျက်ဆီးခံရ

မောင်တောမြို့နယ် ဘကုန်းနားကျေးရွာရှိ မွတ်စလင်မ်ဈေးဆိုင်ခန်းများကို ဒေသတွင်းတာဝန်ကျ နစက များက ယခုလ ၅ ရက်နေ့ည ၉ နာရီ ၀န်းကျင်ခန့်တွင် မီးရှို့ ဖျက်ဆီးမှုပြုခဲ့သဖြင့် ဆိုင်ခန်း အချို့ ပျက်ဆီးသွားကြောင်း သိရသည်။

“ဖုံးကွယ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု” အယ်လ်ဂျဇီးရား သတင်းဌာနက ပြသတော့မည်

ရခိုင်ပြည်နယ်မှာရှေးနှစ်ပေါင်း များစွာကနေထိုင်လာတဲ့ ဒေသခံရိုဟင်ဂျာ မွတ်စလင်တွေကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုအချိန်ထိလည်းဆေးဝါး ကုသမှုမရ၊ အာဟာရချို့တဲ့မှုတွေ ကြောင့်နေ့စဉ်နဲ့အမျှသေဆုံးတွေ ဆက်တိုက်ဖြစ်နေပါတယ်။