Pages

Wednesday, December 5, 2012

ပါရှန် ပင်လယ်ကွေ့ ကိုဖြတ်၍ နိုင်ငံပိုင်နက် အတွင်း ဝင်ရောက် လာသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ထိန်းချုပ်ခဲ့

ပါရှန် ပင်လယ်ကွေ့ ကိုဖြတ်၍ နိုင်ငံပိုင်နက် အတွင်း ဝင်ရောက် လာသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ထိန်းချုပ်ခဲ့ခြင်း

အီရန် နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC မှ ရေတပ် ဖွဲ့သည် အီရန် ရေပိုင်နက် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်း နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိန်းချုပ် ဆင်းသက် စေခဲ့ကြောင်း Sepah News သတင်း ဌာနက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ ပြီးခဲ့သော ရက်များ အတွင်းတွင် ပါရှန် ပင်လယ်ကွေ့ အပေါ် ပျံသန်းမှုများ ပြုလုပ်၍ ထောက်လှမ်းရေး သတင်းများ စုဆောင်းလျက် ရှိသော အမေရိကန် မောင်းသူမဲ့ လေယာဉ်သည် IRGC ၏ လေကြောင်းရန် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စနစ် များ အတွင်း ထိန်းချုပ်ခံ ခဲ့ရပြီး အီရန် ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီ အချိန်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ လေယာဉ်သည် အကြီးစား စစ်သင်္ဘော များမှ ပျံတက် နိုင်သော Scan Eagle အမျိုးအစား မောင်းသူမဲ့ လေယာဉ် ဖြစ်ကြောင်း IRGC ၏ ရေတပ် ဖွဲ့တပ်မှူး ရေတပ် ဗိုလ်ချုပ် အလီ ဖဒါဗီက ပြောကြား ခဲ့ပါသည်။

အလားတူ အီရန် တိုက်လေယာဉ် တစ်စီးသည် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်းနေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိပ်တိုက် ရင်ဆိုင်မှု ပြုလုပ်ခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာ ဟီဒီက နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပါရှန် ပင်လယ်ကွေ့တွင် ပုံမှန် ကင်းလှည့် နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ်အား အီရန် တိုက်လေယာဉ် တစ်စီးမှ တိုက်ခိုက် ခဲ့သော်လည်း ၎င်း၏ ပစ်မှတ်အား လွဲချော် သွားခဲ့ကြောင်းနှင့် မောင်းသူမဲ့ လေယာဉ်သည် ထိခိုက်မှု တစ်စုံတစ်ရာ မရရှိဘဲ အခြေ စိုက် စခန်းသို့ ဘေးကင်း လုံခြုံစွာ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း အမေရိကန် ကာကွယ် ရေး ဝန်ကြီးဌာန ကလည်း အစောပိုင်းတွင် ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ဖြစ်စဉ်သည် နိုင်ငံတကာ ရေပိုင်နက် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်းနေသော အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီး ပထမဆုံး အကြိမ် ပစ်ခတ်တိုက်ခိုက် ခံရမှု ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိများက ပြောကြား ခဲ့ပါသည်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်သည် ပါရှန် ပင်လယ်ကွေ့ အပေါ်ရှိ အီရန်နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီးက ပြောကြား ခဲ့ပါသည်။ 

အထက်ပါ ဖြစ်စဉ်သည် ဒေသတွင်း လှုပ်ရှားမှုများ အားလုံးကို အီရန် နိုင်ငံက သတိကြီးစွာ စောင့်ကြည့် လျက်ရှိပြီး အချိန်နှင့် တစ်ပြေးညီ ထိရောက်သော တုံ့ပြန်မှုများ ဆောင်ရွက် သွားမည် ဆိုသည်ကို ဖော် ညွှန်းလျက် ရှိကြောင်း သိရှိ ရပါသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

အီရန် နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC မှ ရေတပ် ဖွဲ့သည် အီရန် ရေပိုင်နက် ပါရှန် ပင်
လယ်ကွေ့ အပေါ်၌ ပျံသန်း နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိန်းချုပ် ဆင်းသက် စေ
ခဲ့ကြောင်း Sepah News သတင်း ဌာနက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

အစိုးရသတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ နာမည် ထိန်ချန်မှုတွေ ပြုလုပ်နေ

အစိုးရသတင်းစာ ဖော်ပြမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ နာမည် ထိန်ချန်မှုတွေ ပြုလုပ်နေတယ်လို့ အိုးပင်းသတင်းဂျာနယ်နဲ့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ဒီဗွီဘီ ကို ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ “စုံစမ်းရေးကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးကျင်းပ” ခေါင်းစဉ်နဲ့ သတင်းရေးသားဖော်ပြရာမှာ ဘယ်လိုစုံစမ်းရေးကော်မရှင် ဆိုတာကို မဖော်ပြရုံသာ မက ကော်မရှင် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်
နာမည်ကို လုံးဝ မဖော်ပြခဲ့တာလို့ သူက ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာ ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ သူ့ရဲ့ Facebook အင်တာနက် စာမျက်နှာတစ်ဆင့် ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် အတိုင်းသာ ဖော်ပြခဲ့တဲ့အကြောင်း ဖြေရှင်းရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ခရီးစဉ်တုန်းကလည်း အစိုးရ သတင်းစာတွေမှာ သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံတာ၊ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားတာတွေကို ဖော်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေကို ဖော်ပြတာ မျိုး မရှိခဲ့ပါဘူး။
ီDVB

အေးချမ်းမွန်မှ ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ခေတ်သတင်း

အစိုးရသတင်းစာ ဖော်ပြမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ နာမည် ထိန်ချန်မှုတွေ ပြုလုပ်နေတယ်လို့ အိုးပင်းသတင်းဂျာနယ်နဲ့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ဒီဗွီဘီ ကို ပြောပါတယ်။

ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး

ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး


သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က “နွားမတွေ”လို့ ခေါ်တာခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။
သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့ တောင်သူနှစ်ဦးပါပဲ။ သူတို့ဟာ အခြေခံ ပညာလောက်ပဲ တတ်ပေမယ့် လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်းမှာသူတို့ ထက် အဆများစွာ အင်အားကြီးတဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနဲ့ တရုတ်နိုင်ငံက  လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့  လုပ်ငန်းခွဲတစ်ခုတို့ကို အံတုရင်းကနေ တစ်နိုင်ငံလုံးက သူတို့ကို သတိပြုမိကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ ကတော့ သူတို့နှစ်ဦးကို မိမိထက် အဆ မတန် အင်အားကြီးမားသူများနဲ့ထိပ်တိုက် တွေ့ရဲသူ သတ္တိရှင်မိန်းမနှစ်ဦးအနေနဲ့ ရေး သားဖော်ပြကြပါတယ်။

“သူတို့ဘယ်လိုပဲ ဖိအားလာပေးပေး၊ ကျွန်မတို့ အလျှော့မပေးဘူး။ ကျွန်မတို့ ကတော့ ဒီစီမံကိန်းလုံးဝ ရပ်ဆိုင်းရတဲ့ အထိဖြစ်စေချင်တယ်”လို့
aကြးနီမိုင်းတွင်း နားမှာရှိတဲ့ သူတို့ရွာမှာလုပ်တဲ့ အင်တာဗျူးမှာ
 ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သမ္မတကြီးဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ဆီကို “နောက်ကြောင်း ပြန်မလှည့်စတမ်း ခြေလှမ်းနေပါပြီ”လို့ ကုလသမဂ္ဂမှာ ပြောကြားသွားပါတယ်။ အစိုးရအနေနဲ့လည်း သိသာထင်ရှားတဲ့ဖြေ လျှော့ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲ တွေဟာ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် နေထိုင်ကြတဲ့ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဘ၀နဲ့တော့ ကမ္ဘာခြားသလောက် ကွာဝေးနေတုန်းပါပဲ။
အခုတော့ ၀က်မှေးရွာတစ်ဝိုက်မှာ အာဏာပိုင်တွေဟာ အရင်လုပ်နေကျ ဖြစ် တဲ့ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေကို ကျင့်သုံးနေတုန်းပါပဲ။
ဝက်မှေးရွာဟာ စီမံကိန်းကြောင့် ရွှေ့ပေးရမယ့် ရွာပေါင်း ၂၀ ကျော်ထဲက တစ်ရွာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာမှာဒေသခံ အာဏာပိုင်တွေက အဲဒီမှာရှိတဲ့ ဘုန်းကြီး ကျောင်းကို ၀င်ဖျက်ဆီးပြီး ဗုဒ္ဓဆင်းတု တွေကို ယူဆောင်သွားတယ်။ စာသင် ကျောင်းတစ်ခုမှာဆိုရင်လည်း ပရိဘောဂ တွေ၊ တခြားပစ္စည်းတွေကို ဖယ်ရှားပစ်ခဲ့ပြီး ဒေသခံရွာသားတွေ နေရာရွှေ့ပေးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုကိစ္စတွေ ကြောင့် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာ ခဲ့ပြီး ရဲနဲ့ထိပ်တိုက်တွေ့ခဲ့ကြတာမှာ အစိုးရ သစ်တက်ပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြ မှုတွေ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ရဲတွေဘက်ကလည်းခပ် မာမာပါပဲ။ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို ချုပ် ထားခဲ့တဲ့ မုံရွာရဲစခန်းရဲ့ စခန်းမှူး ဦးတင့်အောင်ကို ဘာလို့ ဒီအမျိုးသမီးနှစ်ယောက် ကို စောင့်ကြည့်နေရတာလဲ လို့ တယ်လီဖုန်း ဆက်ပြီးမေးရာမှာတော့ သူက ပြန်ပြီးအော် ငေါက်ပစ်ခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေဟာ ဒီကိစ္စကို နိုင်ငံခြားသားတွေ စိတ်ဝင်စားမှာကိုလည်း မလိုလားကြပါဘူး။ နိုင်ငံခြားသတင်း ထောက်
တစ်ယောက် အဲဒီကိုနှစ်ရက် လောက်သွားတော့ သူ့ကို မော်တော်ဆိုင် ကယ်နဲ့ လူတွေက တောက်လျှောက်လိုက် တာခံရသလို  လ၀ကအရာရှိရဲ့တစ်နာရီ လောက်ထိန်းသိမ်းပြီးနောက်ကို ဒီနေရာ ပြန်မလာဖို့ သတိပေးတာကိုလည်းခံခဲ့ရပါ တယ်။ သူ့ရဲ့စကားပြန်ကိုလည်း ဖမ်းမယ် ဆီးမယ်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ အနည်းငယ်လွတ်လပ် လာတဲ့ ပြည်တွင်းမီဒီယာမှာ ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ပါလာခဲ့ပါတယ်။ ဒီကိစ္စကို အဓိကဆန့်ကျင်ကြရတာက ဒီစီမံကိန်းကြောင့် အနီးအနား လယ်မြေ တွေပေါ် ဓာတုပစ္စည်းတွေ စုပုံရောက်လာ ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်၊ ဒါ့ ထက်မက အနီးအနား လယ်တွေအသိမ်း ခံရမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကျယ်ကျယ်အငြင်းပွားမှုတွေဟာ မအေး နက်နဲ့ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို အာဏာ ပိုင်တွေက ပြုမူပုံတွေကြောင့်လည်း ဒီ လောက်အထိ ဂယက်ထခဲ့ရတာပါ။ “ဒီ အရေးကြောင့် သူတို့နှစ်ဦး
သံမဏိမိန်းမတွေ ဖြစ်လာခဲ့ကြတယ်။ ဒါသူတို့အတွက် သေ ရေး ရှင်ရေးပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဒေသ ကို သူတို့ကာကွယ်ကြလိမ့်မယ်”လို့ မုံရွာ မြို့ခံ ကဗျာဆရာ ဦးအံ့မောင်က ပြောပါ တယ်။

ဒီအမှုအခင်းဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ စစ်မှန်းမှုကို စမ်းသပ် စစ်ဆေးမှု ကောင်းတစ်ခုပဲလို့လည်း ဦးအံ့ မောင်က ပြောပါတယ်။
ပြဿနာက လွန်ခဲ့တဲ့နှစ်နှစ်လောက် မှာစတာပါ။ အစိုးရအာဏာပိုင်တွေက ဒီစီမံကိန်းအတွက် ဒေသခံတွေကို ရွှေ့ ပြောင်းခိုင်းပြီး အိမ်ရာအသစ်ဆောက်လုပ် ပေးတယ်၊ သူတို့ရဲ့သုံးလစာဝင်ငွေနဲ့ညီမျှ တဲ့လျော်ကြေးငွေကိုလည်း ပေးဖို့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် အသစ်ပေးမယ့် အိမ်ရာကတွေက ဖြစ်ကတတ်ဆန်းဆောက် ထားပြီး သူတို့လယ်တွေကို ဆုံးရှုံးရရင် ဘာမှလုပ်ကိုင်စားစရာ မရှိတော့ဘူးလို့ တချို့ကကန့်ကွက်ခဲ့ပါတယ်။ ကမ်းလှမ်း ချက်ကို လူတချို့က လက်ခံခဲ့ရာမှာတော့ အာဏာပိုင်တွေက အစည်းအဝေး ခေါ်ပြီး တော့ ရွာသားအားလုံးကို ရွှေ့ပြောင်းပေးဖို့ ပြောပါတယ်။

“သူတို့က ကျွန်မတို့ကို အော်တယ်၊ တိရစ္ဆာန်တွေလို့လည်း ပြောတယ်”လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ သူတို့က အစည်းအဝေးကို ရပ်ဖို့လုပ်ရာမှာ သူက အရပ်မခံခဲ့ဘူးလို့လည်း မသွဲ့သွဲ့ဝင်းက ပြောပါတယ်။
“ကျွန်မလည်း “အခု ကျွန်မပြောဖို့ အလှည့်”လို့ ပြောလိုက်တယ်။ အဲဒီတုန်းက အုပ်ချုပ်ရေးမှူးကို လက်ညှိုးထိုးပြီး “ရှင် လူကြီးလူကောင်းမဟုတ်ဘူး။ ဒီလို အစည်း အဝေးကို ကျွန်မကို နောက်ထပ် ထပ်မခေါ် နဲ့”လို့ပြောလိုက်တယ်” အဲဒီတုန်းက
 ရပ်ရွာအုပ်ချုပ်ရေးမှူး ဟာ အခုအနားယူသွားပြီမို့ သူ့မှတ်ချက် ကို မရနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဒီလုပ် ငန်းကိုလုပ်ကိုင်နေတဲ့ ကနေဒါအိုင်ဗင်ဟိုး ကုမ္ပဏီနုတ်ထွက်သွားတဲ့နောက် တရုတ် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ “နိုရင်ကို” ရဲ့လက်အောက်ခံဖြစ်တဲ့ မြန်မာဝမ်ပေါင် ကြေးနီတူးဖော်ရေးက  လက်လွှဲယူခဲ့ပါ တယ်။ အခုတော့ ဒီသတ္တုတွင်းကို တရုတ် ကုမ္ပဏီနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ဦးပိုင်လီမိတက်တို့ ပိုင်ဆိုင်လုပ်ကိုင်နေ ကြပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက
 ကုမ္ပဏီဝန် ထမ်းအချို့က ဒေသခံတွေကို ရိုင်းစိုင်းတဲ့ အမူအရာတွေလုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ၀က်မှေးရွာသားတွေ မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြပွဲတွေ စခဲ့ကြပါတယ်။ မအေးနက်တို့နှစ်ဦးကို ဖမ်းဆီးတဲ့နောက် ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဒီကိုလာပြီး သူတို့ကို လွှတ်ပေးဖို့ ညှိနှိုင်းရာမှာတော့ သူတို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ လွှတ်ပေး ခဲ့ပါတယ်။
မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာကုံးယီကတော့ သူ့ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ အဆင် ပြေအောင်နေလိုကြပြီး ရိုင်းရိုင်း စိုင်းစိုင်း အမူအယာတွေလုပ်ခဲ့တာ မရှိပါဘူးလို့ အီးမေးလ်နဲ့ ဖြေကြားပါတယ်။
““ဒီမိုင်းတွင်းဟာ အလုပ်အကိုင် ထောင်နဲ့ချီဖန်တီးပေးနိုင်ပြီး ပတ်ဝန်းကျင် ဒေသဖွံ့ဖြိုးရေးကိုလည်း အများကြီး အထောက်အကူပြုမှာ
ဖြစ်ပါတယ်။ 

ကုမ္ပဏီ မှာ မြန်မာဝန်ထမ်း ၂,၀၀၀ လောက်ရှိပြီး မကြာခင်မှာ ဒီအရေအတွက်ရဲ့ နှစ်ဆ လောက် ရှိလာနိုင်တယ်”လို့ သူကပြောပါ တယ်။ လောလောဆယ်မှာတော့ ဒေသခံတွေကို အတင်းအကြပ်ရွှေ့ခိုင်းဖို့ အစိုးရ မှာ စိတ်ကူးရှိဟန်မတူပါဘူး။ ဆားလင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမªး ဦးဇော်မိုး အောင်က အဲဒီလိုလုပ်ဖို့အစီအစဉ် အခု မရှိပါဘူးလို့ ပြောပါတယ်။
ဘုန်းတော်ကြီးကျောင်း ကိစ္စဖြစ်ပြီးခဲ့ တဲ့နောက်မှာ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးဟာ မန္တလေးကိုသွားပြီး  လယ်ယာ မြေပိုင်ဆိုင်ခွင့်ဆိုင်ရာကိစ္စအတွက် ရှေ့နေ တွေနဲ့တိုင်ပင်ခဲ့ပါတယ်။ နောက်ထပ် အာဏာပိုင်တွေဘက်က ၀င်ရောက်မှုတွေရှိ ရင် မှတ်တမ်းတင်ရအောင် ဗီဒီယိုကင်မရာ တစ်လုံးကိုလည်း ၀ယ်ယူခဲ့ကြပါတယ်။

မသွဲ့သွဲ့ဝင်းက အခုဆိုရင် ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဖတ် နေတယ်လို့ ပြောပါတယ်။ အရင်တုန်းက စစ်အုပ်ချုပ်ရေးအောက်မှာ အာဏာပိုင် တွေက တစ်ချက်လွှတ်အမိန့်ကို သုံးခဲ့တယ် လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “အခုတော့ စည်းနဲ့ကမ်းနဲ့ဖြစ်လာ ပြီဆိုတာ ကျွန်မတို့သိပါတယ်””လို့ သူက ပြောပါတယ်။

- သောမတ်စ်ဖူလာ
(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို  ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။)

သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီးအာဏာပိုင်အချို့က “နွားမတွေ”လို့ ခေါ်တာ
ခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့
aတာင်သူနှစ်ဦးပါပဲ။

လက်ပံတောင်း တောင် သံဃာ တွေ ကို နိုင်ငံ ကူး လက်မှတ် ထုတ်မပေး ......

FNG EXCLUSIVE 

လက်ပံတောင်း တောင် သံဃာ တွေ ကို နိုင်ငံ ကူး လက်မှတ် ထုတ်မပေး
နဲ့  ...... 

Do not Issue  Passport to
 protestors monk 

President Thein Sein to Home Affairs Minister General Ko Ko 

လက်ပံတန်းတောင် သပိတ် စခန်း တွင် သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့် အ
ကြမ်းဖက် တိုက် ခိုက် မှု ကို ခံ ရသည့် သံဃာတော်များ ပြည်သူ များ အား
နိုင်ငံ ကူး လက်မှတ် ထုတ် ပေး ခြင်း မပြု ရန် သမ္မတ ဦးသိန်းစိန် ကိုယ် တိုင်
ပြည်ထဲ ရေး ၀န်ကြီး ဗိုလ် ချုပ် ကိုကို ကို ညွှန်ကြား ထား ပြီး နိုင်ငံ ကူး လက်
မှတ် ရှိသူ များ ဆို ပါက ပြန်လည် ဖျက် သိမ်း ရန် နှင့် ဒဏ်ရာရ ထား သူ
များ သက်ဆိုင်ရာ ထောက်လှမ်း ရေး များ က စောင့် ကြည့် ရန် ညွှန်ကြား ထား သည်။ 

ဦးသိန်းစိန် ကိုယ်တိုင် ယနေ့  မနက် ဘရူ နိုင်း မှ ညွှန်ကြား မှု ပြု သည် ဟု သိရသည်။ 

Photo : Lotus Man

လက်ပံတန်းတောင် သပိတ် စခန်း တွင် သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ကိုခံ ရသည့်
သံဃာတော်များ ပြည်သူ များ အား နိုင်ငံ ကူး လက်မှတ် ထုတ် ပေး ခြင်း မပြု ရန် သမ္မတ ဦးသိန်းစိန် ကိုယ် တိုင်
ပြည်ထဲ ရေး ၀န်ကြီး ဗိုလ် ချုပ် ကိုကို ကို ညွှန်ကြား ထား ကြောင်းသတင်းရရှိပါသည်။

မျက်မမြင်သင်္ကေတစာများဖြစ်ပေါ်လာရန် နပိုလီယံ ကူညီခဲ့

မျက်မမြင် သင်္ကေတ စာများကို ပြင်သစ် လူမျိုး Braille တီထွင် ဖန်တီးခဲ့ တယ်လို့ သိကြပေမယ့် အမှန်တော့ နပိုလီယံက ဘိုနာပတ်က စခဲ့တာ ဖြစ် ပါတယ်။ သက္ကရာဇ် ၁၈၀၀ ကျော်ကာလအတွင်း အင်ပါယာထောင်ဖို့ စစ်ခင်းတဲ့ နပိုလီယံဟာ တိုက်ပွဲတွင်း အမိန့်ပေးမှုကို အသံထွက် ပြောချင်သူ မဟုတ်ပါဘူး။ ကိုယ်ရဲ့  စစ်ဗျူဟာကို အခြားလူမှာ ဆိုးလို့ ဖြစ်ပါတယ်။

ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော် -

ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော် -

ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 5 Dec, 2012

 လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအား နိုဝင်ဘာလ (၃၀) ရက်နေ့ နှင့် ဒီဇင်ဘာလ (၁) ရက်နေ့များတွင်  သံဃာများနှင့် ပြည်သူများဆန္ဒထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ တစ်ကြိမ်၊ (၄) ရက်နေ့၌ တာမွေဗလီအနီးတွင် လူဦးရေ(၄)ယောက်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား ခဲ့ပြီး၊ ရေကျော်၌ ကိုတိုးကျော်လှိုင်က ဆိုက်ကားပေါ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တာမွေဆန္ဒထုတ်ဖော်သူများတွင် ကိုထင်ကျော်နှင့်ကိုငြိမ်းချမ်းအပါအ၀င် (၅)ဦး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့ကလည်း ကြေးနီစီမံကိန်း ရပ်တန့်ရန် ပြည်သူများ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီး ၎င်းဆန္ဒထုတ်ဖော် သူထဲမှ (၆) ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကို ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ထို့သို့ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနေခဲ့သော်လည်း ပြည်သူများက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံလွတ်လပ်တဲ့နိုင်ငံမှာတော့ လွတ်လပ်တဲ့နိုင်ငံသား တစ်ယောက်ဟာ မိမိရဲ့ မကျေနပ်မှုကို မကျေနပ်ဘူးဆိုတာကို ပြောဆိုပိုင်ခွင့်ရှိတယ်။ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချ တာပဲ။”ဟု နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးအရေးယူမှုနှင့် သံဃာတော်များအား ဆေးဝါးများလုံလောက်စွာ မကုသပေးခြင်းများကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးစေချင်ကြောင်း ဆန္ဒထုတ်ဖော်သူများထံက သိရသည်။

“ဒီလိုဖမ်းဆီးမှုတွေက မကောင်းပါဘူး။ ဒါမျိုးတွေက မလုပ်သင့်ပါဘူး။ လက်ရှိသံဃာတော်တွေကို လုံလောက်စွာ ဆေးကုသမှု မပေးသေးဘူး။ ဒါတွေကိုကျွန်တော်ပြောချင်ပါတယ်။ ဒါတွေကိုတာဝန်ယူ၊ တာဝန်ခံပြီး ဖြေရှင်းပေးပါ လို့ပြောချင်ပါတယ်။”ဟု ကိုငြိမ်းချမ်းက ဆက်ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖြစ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးမျိုး ဖြစ်လျှင် လက်ခံနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း  ကိုငြိမ်းချမ်းက ဆိုသည်။

လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်
ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

ဗမာအစိုးရ စစ်ရဟတ်ယာဉ်မှ ဗမာစစ်တပ်သို့ မှားယွင်းပစ်ခတ်

ဗမာအစိုးရ စစ်ရဟတ်ယာဉ်မှ ဗမာစစ်တပ်သို့ မှားယွင်းပစ်ခတ်

ဒီဇင်ဘာ (၅) ဗုဒ္ဓဟူး post by Jinghpaw kasa 

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ   အင်ဒီအေကေ ဗျူဟာကုန်း (၁၀၀၂) တပ်တပ်သို့ ဗမာအစိုးရမှ စစ်ရဟတ်ယာဉ် (၇) စီးဖြင့် (၉) ကြီးတိုင် လက်နက်၊ ခဲယမ်းများ၊ စစ်အင်အားများ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် ကချင်ပြည်နှင့် တရုတ်ပြည်နယ်ခြားမှတ်တိုင် (၅) ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ် စစ်ကြောင်းများကို ကေအိုင်အေ များထင်မှတ်ကာ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များဖြင့် မှားယွင်းပစ်ခတ်ခဲ့ကြောင်း၊ ဤသို့ မှားယွင်းပစ်ခတ်မှုကြောင့် ဗမာအစိုးရ စစ်တပ်မှ စစ်ဗိုလ်တစ်ဦးနှင့် စစ်သား အများအပြားသေဆုံး၊ ဒဏ်ရာရရှိကြောင်း ဆက်လက် သတင်းရရှိပါသည်။

 ဗမာအစိုးရစစ်တပ်များသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ တပ်အင်းအား အများအပြား ပို့ဆောင်ထားမှုကြောင့် မကြာခဏ အချင်းချင်းမှားယွင်း ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များအား ရည်ရွယ်ကာ လာရောက်ပစ်ခတ်ခြင်းဖြစ်သော်လည်း အချင်းချင်းပစ်ခတ်သွားပြီး ကေအိုင်အေမျိုးချစ်ရဲဘော်များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသောကြောင့် ကေအိုင်အေမျိုးချစ်ရဲဘော်များမှ ဘုရားရှင်ကို ကျေးဇူးတင် ချီးမွမ်းလျက်ရှိကြောင်း ဆက်လက် သိရှိရပါသည်။

ဒီဇင်ဘာ (၅) ဗုဒ္ဓဟူး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ အင်ဒီ
အေကေ ဗျူဟာကုန်း (၁၀၀၂) တပ်တပ်သို့ ဗမာအစိုးရမှ စစ်ရဟတ်ယာဉ် (၇) စီးဖြင့် (၉) ကြီးတိုင် လက်နက်၊ ခဲယမ်းများ၊ စစ်အင်အားများ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လက်ဖက်ရည်ကြမ်းသည် ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချနိုင် ……….

ဗြိတိန်သုတေသီများ၏ လေ့လာချက်အရ တစ်နေ့ လျှင် လက်ဖက်ရည်ကြမ်းသုံးခွက်ခန့်  သောက်သုံးခြင်းဖြင့် ဆီ
းချိုရောဂါဖြစ်ပွားနိုင်မှုကို ကာကွယ်နိုင်ကြောင့် လေ့လာတွေ့ ရှိရသည် ။

ယနေ့ ဒီဇင်ဘာ ၅ရက်နေ့သည် ထိုင်းဘုရင် ဘူမိဘော အဒူရာဒက် ၏ ၈၅ နှစ်မြောက်မွေးနေ့စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ထိုင်းဘုရင် ဘူမိဘော အဒူရာဒက် ၏ ၈၅ နှစ်မြောက်မွေးနေ့ဖြစ်သည့် ယနေ့ဝယ် (ဒီဇင်ဘာ ၅) ဘန်ကောက်မြို့ရှိ Anantasamakom နန်းဆောင်ရှေ့ဝယ် ဘုရင်မင်းမြတ် မိန့်ခွန်းနားဆင်ရန် စောင့်ဆိုင်းကြိုဆိုနေကြသည့် ပြည်သူများ(AFP)
စောင်မျှော်နေကြတဲ့ပြည်သူများ
ထိုင်းဘုရင် ဘူမိဘော အဒူရာဒက် ၏ ၈၅ နှစ်မြောက်မွေးနေ့ဖြစ်သည့် ယနေ့ဝယ် (ဒီဇင်ဘာ ၅) ဘန်ကောက်မြို့ရှိ Anantasamakomနန်းဆောင်ရှေ့ဝယ်ဘုရင်မင်းမြတ်မိန့်ခွန်းနားဆင်ရန်ပည်သူများ စောင့်ဆိုင်းကြိုဆိုခဲ့ကြကြောင်း
သည့် ပြည်သူများ(AFP)သတင်းရရှိသည်။

“ရန်ကုန် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်ရန် အစည်းအဝေးကျင်းပ”

ရန်ကုန် ဒီဇင်ဘာ ၅

ဂျပန်အခြေစိုက် ( MHIEC )ကုမ္ပဏီ၏ နည်းပညာဖြင့် ရန်ကုန်မြို့ရှိ စွန့်ပစ်အမှိုက်များအား လောင်စာအဖြစ်

 ပြုလုပ်၍ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ရန် လုပ်ငန်းပြုလုပ်ပုံ အဆင့်ဆင့်တင်ပြခြင်းအစည်းအဝေးကိုယနေ့
နေ့လည် ( ၁ )နာရီတွင် Trader Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

Asean100 Leadership Forum ယနေ့ စတင်ကျင်းပ

Photo: Asean100 Leadership Forum  ယနေ့ စတင်ကျင်းပ

ရန်ကုန် ဒီဇင်ဘာ၅
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့ နေ့လည် (၂)နာရီမှ စတင်ကာAsean100 Leadership Forum ကိုကျင်းပရာ
ို မလေးရှားတော်ဝင်မင်းသား HRH Raja Nazrin Shah မှ ASEAN at Crossroads: Staying Together or Drifting Apart?" ခေါင်းစဉ်ဖြင့်ပြောကြားသည်။
  ဖိုရမ်စကားဝိုင်းကို ဒေါက်တာကံဇော် ကဦးဆောင်ကာ စတင်ကျင်းပတော့မည်ဖြစ်သည်။
ည ၇နာရီတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ပြီး မြန်မာနိုင်ငံ၏စိန်ခေါ်မှုနှင့်အခွင့်လမ်းများအကြောင်းကို 
ပြောကြားပြီး ယနေ့အစီစဉ်ပြီးဆုံးမည်ဖြစ်သည်။sk

ရန်ကုန် ဒီဇင်ဘာ၅
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့ နေ့လည် (၂)နာရီမှ စတင်ကာAsean100 Leadership Forum ကိုကျင်း
ပရာမလေးရှားတော်ဝင်မင်းသား HRH Raja Nazrin Shah မှ ASEAN at Crossroads: Staying Together or
Drifting Apart?" ခေါင်းစဉ်ဖြင့်ပြောကြားသည်။

လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၁၄ ဦး လိုင်စင်ပြန်ရ

နိုင်ငံရေးသမားများ၏ အမှုများကိုလိုက်ပါဆောင်ရွက်ရာမှ လိုင်စင်ရုပ်သိမ်းခံရသည့် တရားလွှတ်တော်ရှေ
့နေ ၂၅ဦးအနက် ၁၄ဦးမှာ ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှလိုင်စင်ပြန်လည်ရရှိ
ခဲ့ကြောင်း လိုင်စင်ပြန်လည်ရရှိခဲ့သူများအနက် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက
 ပြောသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး လေ့လာသူ ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံခြင်း

Photo: ဒီမိုကရေစီအသွင်ကူးပြောင်းရေး လေ့လာသူ ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံခြင်း

ရေးသားသူ- ထွန်းခိုင်၊ ရန်မျိုးနိုင်

ဒေါက်တာမင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြုစုခဲ့ပြီး George Mason University မှ ပါရဂူဘွဲ့ရခဲ့သည်။ Georgetown University မှ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဝိဇာဘွဲ့နှင့် George Mason University မှ ပဋိပက္ခသုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့တို့ရရှိခဲ့သည်။ လက်ရှိ Myanmar Peace Center တွင် ငြိမ်းချမ်းဆိုင်ရာလုပ်ငန်းများ ကူညီပေးနေသည်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ဘယ်အဆင့်ရောက်နေပြီလို့ ထင်ပါသလဲ။

“ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးက တကယ် “စ” လုံးရေ စဖို့တောင်ကြံတဲ့အဆင့်ပဲ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် စစချင်း အကူးအပြောင်းဖြစ်တယ်။ အကူးအပြောင်းမဖြစ်ခင်မှာ ဒီအရင်အစိုးရတွေက ဒီမိုကရေစီ မကျတကျ လစ်ဘရယ်လိုက်ဇေးရှင်းဆိုတဲ့ နိုင်ငံရေးတံခါးလေးကို စဖွင့်ပေးတယ်။ အဲဒီကာလတွေပြီးမှ အကူး အပြောင်း တကယ်ဖြစ်လာတယ်။ အကူးအပြောင်းဖြစ်လာရင် ဒီမိုကရေစီဖွံ့ဖြိုးဖို့ လုပ်ရတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်။

အဲဒီဖြစ်စဉ်တွေ အခြေခိုင်လာပြီ။ နှစ်ပေါင်းများစွာကြာလာတဲ့နောက် consolidation ပေါ့။ ကျွန်တော်တို့အဆင့်က ဒီမိုကရေစီ အကူးအပြောင်းဖြစ်တဲ့ transition အဆင့်လောက်ပြောလို့မရသေးဘူး။ ဘာလို့ပြောလို့ မရသေးလဲဆိုတော့ လက်ရှိအစိုးရက ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲက အားနည်းချက်တွေ အများကြီးရှိတယ်။ အဲဒီလို အားနည်းချက်တွေရှိတဲ့အပေါ်မှာ ကျွန်တော်တို့က လက်ရှိအစိုးရကို နိုင်ငံရေးတံ ခါးဖွင့်ပေးတဲ့ အစိုးရလို့ ကြည့်လို့ရှိရင် ပိုပြီးတော့ သင့်တော်မယ်။”

နောက်ပြန်မလှည့်အောင် ပြည်သူဘက်က ဘာလုပ်သင့်လဲ။

လူထုဘက်က နံပါတ်တစ်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ အကန့်အသတ်ထားဖို့လိုတယ်။ ဒီနေ့အချိန်ဟာ “စ” လုံးရေစအချိန်ပဲဖြစ်တယ်။ အဲဒီတော့ ပြဿနာအများစုကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒီအမြင်လေးကို ကျွန်တော်တို့မြင်ဖို့ လိုတယ်။ နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံကို ကျွန်တော်တို့သွားတော့မယ်ဆိုရင် ဒီမိုကရေစီသဘောတရားက ကိုယ်လိုချင်တာ တောင်းတာတစ်ခုတည်း မဟုတ်ဘူး။ တခြားသူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့က သိနိုင်ဖို့လိုတယ်။ အရင်တုန်းက အာဏာရှင်စနစ်မှာတော့ ဥပဒေဆိုလို့ရှိရင် ဒါဟာ မတရားတဲ့ဥပဒေဆိုတဲ့အတွက် ဒါဟာ ဖီဆန်ရမယ်ဆိုတဲ့သဘော ရှိလာတယ်။ ဒီမိုကရေစီနိုင်ငံ အကူးအပြောင်းဖြစ်ဖို့ ကြိုးစားလာတဲ့အချိန်မှာ ဥပဒေတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်နာတတ်ရမယ်။ လူထုကြားထဲမှာ ကျင့်သုံးဖို့လိုမယ်။

အခြားဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်က သူ့အလုပ်သူ လုပ်နိုင်အောင် ဘယ်လိုအခြေအနေတွေဖြစ်ဖို့လိုလဲ။

တပ်မတော်ကို နိုင်ငံရေးထဲက ထွက်စေချင်တယ်ဆိုလို့ရှိရင် တပ်မတော်နိုင်ငံရေးထဲမှာ ဘာလို့ရှိလဲဆိုတဲ့ အဓိကအကြောင်းအရာ ပြဿနာကို ဖြေရှင်းဖို့လိုတယ်။ အဲဒါဘာလဲဆိုတော့ လုံခြုံရေး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို လက်ရှိရှိတဲ့ လူမျိုးစုလက်နက်ကိုင် တိုင်းရင်းသားပြဿနာကို မဖြေရှင်းပေးနိုင်ရင် လုံခြုံရေးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒါကို မဖြေရှင်းပေးနိုင်ရင် တပ်မတော်ကိုလည်း ကျွန်တော်တို့က နိုင်ငံရေးထဲက ထွက်ဆိုတဲ့ဟာ ပြောရခက်လာလိမ့်မယ်။ တခြားနိုင်ငံတွေ ကြည့်တဲ့အခါမှာလည်း အင်ဒိုနီးရှားမှာ အာချေမှာ ပြည်တွင်းငြိမ်းချမ်းရေးရခဲ့တယ်။ အဲဒီလို အောင်မြင်မှုတွေရပြီးနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးထဲက ထွက်ရေးဆိုတာက တစ်ဖြေးဖြေးချင်း ဖြစ်လာတယ်။ နံပါတ်တစ် တပ်မတော်ကို နိုင်ငံရေးထဲမပါစေချင်ရင် တပ်မတော်ပါခဲ့တယ်ဆိုတဲ့အကြောင်း၊ လုံခြုံရေး၊ ဒီပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့လိုလိမ့်မယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ တပ်မတော်သားတွေကို အရာရှိ၊ အရာခံအားလုံးကို Professional စစ်တပ်တစ်ခုဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ Professional စစ်တပ်ဆိုတာ တပ်မတော်က စစ်သားဆိုတဲ့အတွက် စစ်သားအလုပ်ပဲ လုပ်သွားတယ်။ နိုင်ငံရေးမှာ သူတို့မပါဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နိုင်ဖို့ဆိုတာ တပ်မတော်သားတွေရဲ့ စားဝတ်နေရေးပြဿနာ အများကြီးဖြေရှင်းနိုင်ဖို့ လိုလိမ့်မယ်။ အဓိကတစ်ခုက စစ်တပ်ကို ဒီမိုကရေစီအပြောင်းအလဲထဲကို ပါစေချင်ရင် အပြောင်းအလဲဖြစ်ခြင်းကြောင့် စစ်တပ်ရဲ့ ပင်မရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးကို မငြိစွန်းဘဲနဲ့ မပွန်းပဲ့ဘဲနဲ့ ဒီမိုကရေစီတည်ဆောက်လို့ ရတယ်ဆိုတဲ့ အမြင်မျိုး စစ်တပ်ကို ပြောပြနိုင်ဖို့လိုလိမ့်မယ်။ ယုံကြည်အောင် လုပ်ပြရမယ်။ မဟုတ်လို့ရှိရင်တော့ စစ်တပ်က နိုင်ငံရေးထဲကထွက်ဖို့ ခက်မယ်ပေါ့။

သမ္မတဦးဆောင်တဲ့ လုပ်ရပ်တွေကို တောက်လျှောက်ထောက်ခံမှုရလာတာ ရှိတယ်။ လက်ပံတောင်းတောင်ကိစ္စမှာတော့ ဝေဖန်တာတွေ ရှိလာတယ်။ အခုလက်ရှိအခြေအနေမှာ အစိုးရအနေနဲ့ ဘာလုပ်သင့်တယ်ထင်လဲ။

လက်ရှိ အနေအထားမှာတော့ ဒီလိုမျိုး အကျပ်အတည်းတွေက ရှိလာမှာပဲ။ ဒါပထမဆုံးအကြိမ်ဆိုပေမယ့် ဒါမျိုးတွေလည်း နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ဘာအကျပ်အတည်းဖြစ်ဖြစ် အစိုးရဘက်ကကော အတိုက်အခံဘက်ကကော လူထုကြားထဲမှာပါ ပဋိပက္ခဖြေရှင်းတဲ့ပုံစံနဲ့ အရင်ချဉ်းကပ်ဖို့လိုတယ်။ ဒီမိုကရေစီစနစ်သွားနေပြီ။ ဒီမိုကရေစီကျင့်စဉ်က ဒီလိုလုပ်ရမယ်ဆိုပြီးတော့ စံပေတံတွေနဲ့ တိုင်းလို့က မလွယ်သေးဘူး။ အခုအချိန်မှာ။ ပြဿနာတွေကို ဖြေရှင်းတဲ့ ပဋိပက္ခဖြေရှင်းတဲ့ အခြေခံမျိုးနဲ့ မချဉ်းကပ်နိုင်သ၍ လက်ပံတောင်းတောင်လို ကိစ္စမျိုးက ဒါအစိုးရဘက်က တစ်ခုတည်းတင်မကဘူး။ ဘက်ပေါင်းစုံက အင်အားစုပေါင်းစုံက ဒီပုံစံနဲ့ ချဉ်းကပ်ဖို့လိုတယ်။ ငါတို့က ဒါတောင်းဆိုတယ်။ မရရင် တစ်လက်မမှ မလျှော့နိုင်ဘူးဆိုတဲ့ ဟာမျိုးကျတော့ ထိပ်တိုက်ရင်ဆိုင်ဖြစ်ဖို့ပဲ ရှိတော့တာပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ ချဉ်းကပ်မယ်ဆိုရင် နောက်ပိုင်းမှာလည်း လက်ပံတောင်းတောင်လို ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တာတွေ တော်တော်များများရှိတယ်ပြောတယ်။ ဒီအခြေအနေက ကျော်လွှားပြီး ဒီမိုကရေစီကူးပြောင်းမှု အောင်မြင်သွားရင် ကမ္ဘာက မြန်မာအပေါ် ဘယ်လိုမြင်မလဲ။

ကျွန်တော်လည်း အသွင်ကူးပြောင်းရေးတွေ အများကြီးလေ့လာခဲ့တယ်။ ကျွန်တော်တို့ အသွင်ကူးပြောင်းရေးက အခက်ဆုံးပဲ။ ကျွန်တော်တို့လောက် ပြဿနာရှုပ်ထွေးတဲ့ အကူးအပြောင်း၊ ပြဿနာများတဲ့ အကူးအပြောင်း မရှိခဲ့သေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အားကောင်းချက်က ဘာလဲဆိုတော့ အားနည်းချက်လည်း ဖြစ်လာနိုင်တာပေါ့ဗျာ။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ၊ အရင် ဦးနေ၀င်းအုပ်ချုပ်ခဲ့တဲ့ မ.ဆ.လအစိုးရလက်ထက်မှာ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး ဒါကို အများကြီးလုပ်နိုင်ခဲ့တယ်။ အဲဒီတော့ အခြားတိုင်းပြည်တွေမှာ ပြည်တွင်းစစ်တွေဖြစ်ပြီး အပြောင်းအလဲဖြစ်တဲ့အချိန်မှာ တိုင်းပြည်က မီးလောင်ငုတ်တိုပဲ ကျန်တော့တယ်။ အာဖဂန်နစ္စတန်မှာသွားကြည့်လိုက်၊ ရန်ကုန်မြို့လို ကာဘူးလ်ဆိုတဲ့မြို့တော်ကြီးမှာ အိမ်တွေက အမြောက်ရာ၊ ကျည်ရာတွေက နေရာတိုင်းမှာရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အဲဒီလိုအခြေအနေ မရောက်သွားခဲ့ဘူး။ ဘာကြောင့် မရောက်ခဲ့လဲဆိုရင် စစ်တပ်ဆိုတဲ့ စုဖွဲ့မှုက လုံခြုံရေးအရကော၊ နိုင်ငံရေးအရကော ထိန်းချုပ်ထားနိုင်ခဲ့တယ်။

လက်ရှိအစိုးရရဲ့ လုပ်ခဲ့တာတွေအနက် ကောင်းတာ၊ ဆိုးတာတွေက ဘာလို့မြင်မိလဲ။

အားနည်းချက်ကို အရင်ပြောရရင်တော့ အစိုးရတစ်ခုလုံးမှာ ရှေ့ကိုရွှေ့တဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ မူဝါဒတွေချမှတ်ပြီး ရွှေ့နိုင်တာ အားနည်းခဲ့တယ်။ မူဝါဒတွေ အကောင်အထည်ဖော်တာ အားနည်းခဲ့တယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပြဿနာ။ မူဝါဒဆိုတာ အပေါ်ကချမှတ်လိုက်တာလွယ်တယ်။ အကောင်အထည်ဖော်တာက ၀န်ကြီးဌာနတွေ ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်ရတယ်။ ဒါပေမဲ့ အပေါ်ကလူရဲ့ မူဝါဒကသာ အသစ်ဖြစ်လာတာ အောက်ကယန္တရားက အဟောင်းကြီး။ အဟောင်းကြီးကနေ မူဝါဒအသစ်ကို လုပ်ရတဲ့အခါကျတော့ အများကြီးခက်တယ်။ နောက်တစ်ခုက ခုနကပြောတဲ့ World View ပေါ့။ ပြောင်းချင်တဲ့ဆန္ဒရှိတယ်။ ဒီမိုကရေစီကိုသွားချင်တယ်။ ဒါပေမဲ့ အချို့ World View တွေက ဒီမိုကရေစီဘက်ကိုသွားတဲ့ World View နဲ့ အရင်ခေတ်က World View ကို ဒီမိုကရေစီခေတ်ထဲကို ဆွဲယူပြီးမှ စဉ်းစားတာပိုပြီး ခရီးရောက်တယ်ပေါ့။ နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်မျိုးတွေက ဆန့်ငင်ဆန့်ငင်နဲ့ ပါလာကြတာကိုဗျ။ နောက်တစ်ခုက ကျွန်တော်တို့မှာ Capacity အရမ်းကြီးတယ်။ လုံခြုံရေးဘက်ကပဲကြည့်ကြည့်၊ အစိုးရဘက်ကပဲကြည့်ကြည့်၊ ဌာနဆိုင်ရာဘက်ကပဲကြည့်ကြည့် Capacity ပြဿနာက အရမ်းကြီးတော့ အဲဒီပြဿနာကများလေလေ လုပ်ငန်းအကောင်အထည်ဖော်ဖို့ နှေးလေလေ၊ မူဝါဒကို ထိထိရောက်ရောက် ချမှတ်နိုင်မှု နည်းလေလေဖြစ်တယ်။

အောင်မြင်တဲ့ဘက်က ပြန်ကြည့်ရင် မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံးလိုလို မြေပေါ်ရောက်သွားတယ်။ ထောင်ချခံရတဲ့သူတွေ  ရွေးကောက်ပွဲလုပ်နိုင်တယ်။ လွှတ်တော်ထဲရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ပေါ့။ တစ်ဆက်တည်းမှာ နိုင်ငံရေးနယ်ပယ် ကျယ်လာတယ်။ မီဒီယာလွတ်လပ်ခွင့် အနေအထားမှာ အခုဆိုရင် ဆင်ဆာဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ အရင်က စစ်အစိုးရဆိုတာ သုံးလို့မရဘူး။ အခုကပြဿနာမရှိဘူးပေါ့။ နောက်တစ်ခုက ငြိမ်းချမ်းရေးကိစ္စ ကချင်ကလွဲရင် အခြားနေရာတွေ သေနတ်မဖောက်သလောက်ဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ ဆယ်ခုမှာ ပြဿနာအသေးလေးတွေ ဖြစ်တယ်ဆိုတာ သုံးခုလောက်ပဲရှိတယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ ပြည်တွင်းစစ်မှာ ကျွန်တော်တို့လောက် အပစ်အခတ်ရပ်စဲတာ အောင်မြင်ခဲ့တာမရှိဘူး။ 

အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ဘက်ကကြည့်ရင် အောင်မြင်ခဲ့တယ်။ ဟိုအရင်ကလည်း အောင်မြင်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး အဓိကအကျဆုံးတစ်ခုက လက်ရှိအစိုးရရဲ့ တိုင်းရင်းသားကိစ္စကို ဖြေရှင်းမယ်ဆိုတဲ့ပုံစံက အကျယ်ကြီး ထားပေးထားတယ်။ ဒီနေ့ ဦးအောင်မင်းလိုလူမျိုးက ပြည်ထောင်စုဝန်ကြီးတစ်ယောက်က ဖက်ဒရယ်ဆိုတာ ရဲရဲပြောရဲလာပြီ။ ဖက်ဒရယ်ကို အတိုက်ခံတွေတောင် ဒီမှာပြောဖို့ တော်တော်စဉ်းစားရတယ်။ ဒီမှာ ဖက်ဒရယ်ကို ကြောက်စရာမလိုဘူးဆိုတာ ဦးအောင်မင်းလိုလူမျိုး ရဲရဲပြောရဲလာတယ်။ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒါကသော့ချက်ပဲ။ ဒီသော့ချက်ကို ရဲရဲပြောရဲပြီး ရဲရဲစားပွဲပေါ်တင်ရဲတဲ့အဆင့် ဖြစ်လာတယ်။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဒီမိုကရေစီအပြောင်းအလဲမှာ နံပါတ်တစ်အန္တရာယ်အရှိဆုံး ဂိုဏ်းဂဏပြဿနာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့လိုတယ်။ ကျွန်တော်တို့မှာလည်း ပုဂ္ဂိုလ်ရေးအရတို့၊ ကိုယ်လုပ်နေတဲ့ အလုပ်အရတို့ တိုက်ခိုက်ခံရတာရှိတယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကော၊ကျွန်တော်ကိုယ်တိုင်ကော ဒါတွေကို မတုံ့ပြန်ဖို့လိုတယ်။ ကျွန်တော်တို့က ဒီဟာတွေကိုတုံ့ပြန်ပြီး ထိပ်တိုက်ရင်ဆိုင်ရင် ကျွန်တော်တို့ရဲ့ ပဋိပက္ခက ပိုကြီးလာဖို့ပဲရှိတယ်။ ဂိုဏ်းဂဏပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက အတူအလုပ်တွဲလုပ်နိုင်ဖို့နည်းလမ်း ဖြစ်တယ်။ ကျွန်တော်တို့ကြားထဲမှာ မတူတဲ့ဟာလေးတွေ ခွဲလုပ်လိုက်၊ တူတာတွေတွဲလုပ်၊ အဲဒီယဉ်ကျေးမှု တည်ဆောက်နိုင်ရန် ဂိုဏ်းဂဏပြဿနာ ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်။ ရှိနေဆဲဆိုရင်တော့ ကျွန်တော်တို့ ဒီမိုကရေစီအရေးသွားဖို့ အဟန့်အတား ဖြစ်နိုင်ပါတယ်။

ဒေါက်တာမင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြု
စုခဲ့ပြီး George Mason University မှ ပါရဂူဘွဲ့ရခဲ့သည်။ Georgetown University မှအမျိုးသားလုံခြုံရေးဆိုင်ရာ 
မဟာဝိဇာဘွဲ့နှင့် George Mason University မှ ပဋိပက္ခသုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့တို့ရရှိခဲ့သည်။ လက်
ရှိ Myanmar Peace Center တွင် ငြိမ်းချမ်းဆိုင်ရာလုပ်ငန်းများ ကူညီပေးနေသည်။

"ထိုးကြိတ်ခံရသော စိတ်မနှံ့သူ သေဆုံးမှုဖြင့် တပ်မတော်သား နှစ်ဦးအား အရေးယူ"

ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)၊ (၁၇) ရပ်ကွက်၌ တပ်မတော်သားနှစ်ဦးက စိတ်မနှံ့သူတစ်ဦးအား ဝိုင်းဝန်းထိုးကြိတ် ၍ သေဆုံးခဲ့သည်ဟုဆိုကာ ရပ်ကွက်အတွင်း နေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး ဒဂုံတောင်ရဲစခန်း၌ အမှုဖွင့် ထားကြောင်း သိရသည်။

ကြိုက်သလောက်စား နိုင်သလောက်သာရှင်းစရာလိုသော စားသောက်ဆိုင် အား ဘွန်ဂျိုဘီက ဖွင့်လှစ်ထား


ကြိုက်သလောက်စား နိုင်သလောက်သာရှင်းစရာလိုသော စားသောက်ဆိုင် အား ဘွန်ဂျိုဘီက ဖွင့်လှစ်ထား

အမေရိကန် ရော့ခ်ဂီတ အဆိုတော်ကြီး ဘွန်ဂျိုဘီ (Bon Jovi) ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက စလို့ ကြိုက်သလောက်စား နိုင် သလောက်သာ ရှင်းစရာလိုတဲ့ စားသောက်ဆိုင် ကို သူ့ရဲ့ မွေးရပ်မြေ အမေရိကန်၊ နယူးဂျာဆီ ပြည်နယ်မှာပဲ ဖွင့်လှစ်ထားပါတယ်။ 

အင်္ဂလိပ်လိုတော့ Pay what you can စားသောက်ဆိုင်လို့ အမည်ပေး ထားပါတယ်။ သက်သက် အလှူလုပ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ ပေး စရာ ငွေမရှိရင် နောက်ဖေးမှာ ပန်းကန်သွားဆေးပေးလို့ လည်း ရပါတယ်။ စားပွဲထိုး မိနစ်အနည်းငယ် လုပ်ပေးလိုက်လို့လည်း ရပါတယ်။ တစ်ခု ခုတော့ ပြန်ပေးရမှာ ဖြစ်ပါတယ်။ အငယ်၍ တစ်ဒေါ်လာပဲရှိတယ်ဆိုရင် တစ်ဒေါ်လာပဲ ပေးခဲ့လို့ ရပါတယ်။ ဘာမှ မရှိလို့ သူများစားပြီးသား စားပွဲခုန် တစ်လုံး သွားရှင်းပေးလိုက်လို့လည်း ရပါတယ်။ စေတနာ ရှိလွန်းလို့ ဒေါ်လာ ၁၀၀ မကပေးချင်လည်း ရပါတယ်။ 

ဆိုင်ကိုတော့ မရှိဆင်းရဲများ စားသောက်ရန် ရည်ရွယ်ပါတယ်။ သို့ပေမယ့် လူတန်းစား အားလုံး လာရောက်စားသောက်ရန်လည်း ဖိတ်ခေါ်ပါတယ်။ ဆိုင်နဲ့ အစားအစာများက အဆင့်အတန်းရှိပြီး ကျန်းမာရေးညီညွတ်တဲ့ ဟင်းလျာများ ဖြစ်ပါတယ်။ 

ဘွန်ဂျူဘီဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းထဲမှာ ပါရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်း ပုဂ္ဂိုလ်များ စာရင်းမှာလည်း ပါရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်လို့လည်း လူသိများသူ ဖြစ် ပါတယ်။ ဒါကြောင့် အလှူအတန်းလည်း ရက်ရောပါတယ်။ ကမ္ဘာတစ်လွှား လိုအပ်တဲ့ နေရာများအားလုံးကို တတ်နိုင်သလောက် လှူဒါန်းနေပြီး ဖောင်ဒေးရှင်းပေါင်း မြောက်များစွာလည်း တည်ထောင်ပါ တယ်။ 

ယခု ဖွင့်တဲ့ စားသောက်ဆိုင်ကလည်း အလှူအတန်းလည်း ပြုလုပ် ရင်း ဖောင်ဒေးရှင်းအတွက်လည်း ငွေ အလှူခံရင်း ဖြစ်ပါတယ်။ Pay waht you can အမည်ရ စားသောက်ဆိုင်လေးမှာ ကြိုက်သလောက်မှာစားတဲ့ အမေရိကန်ပြည်သူများဟာ ဖောင်ဒေးရှင်းအတွက် အလှူငွေပါ တတ်နိုင် သလောက် ထည့်ဝင်လှူဒါန်းကြကြောင်း သိရပါတယ်။ 
--
Ref: rarefacts

http://www.innewsmyanmar.com/2012/12/blog-post_5884.html
---
www.ads.com.mm
--

အမေရိကန် ရော့ခ်ဂီတ အဆိုတော်ကြီး ဘွန်ဂျိုဘီ (Bon Jovi) ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်း
က စလို့ ကြိုက်သလောက်စား နိုင် သလောက်သာ ရှင်းစရာလိုတဲ့ စားသောက်ဆိုင် ကို သူ့ရဲ့ မွေးရပ်မြေ အ
မရိကန်၊ နယူးဂျာဆီ ပြည်နယ်မှာပဲ ဖွင့်လှစ်ထားပါတယ်။

"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင် နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့မည်

"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင် နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့မည်
==========================================
D-မင်း
==========================================

"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင် နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့ မည် ဖြစ်ကြောင်းသိရသည်။  ရှမ်းပြည်နယ် "၀" အထူးဒေသ (၂) တိုးတက် ဖွံဖြိုးရေး အတွက် ၂၀၁၃-၁၄ နှစ်တွင် နိုင်ငံတော်က သိန်းလေးသောင်းထောက်ပံ့ မည် ဖြစ်ကြောင်း ယင်းပမာဏသည် ယမန်နှစ် များ ထက် ၅ ဆ ကျော် တိုးတက် ထောက်ပံခြင်းဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌများဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၃ ရက် နှင့် ၄ ရက်နေ့တို့က ရှမ်းပြည်နယ် အထူးဒေသ(၄) နှင့် အထူးဒေသ(၂) တို့ကို သွားရောက် ကြည့်ရှုလေ့လာ သည့် ခရီးစဉ်တွင် "၀" အထူးဒေသ(၂) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက အထက်ပါ အတိုင်းပြောကြား ခဲ့သည်။ 

"ကျွန်တော်တို့ "၀" အထူးဒေသ(၂) မှာ တိုင်းရင်းသားလူမျိုး ၁၈ မျိုး လူဦးရေ ၄၆၀၀၀၀ ကျော် ၊ တပ်ဖွဲ့အင်အား ၂၀၀၀၀ ရှိပါတယ်" ဟု  "၀" အထူးဒေသ(၂) မှဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။ 

ရှမ်းပြည်နယ်ရှိ ဟိုပန် မြို့နယ် ၊ မိုင်းမော မြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊နားဖန်းမြို့နယ် ၊ မက်မန်းမြို့နယ် ၊ နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင် နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့ မည် ဖြစ်ကြောင်းသိရသည်။ ရှမ်းပြည်နယ် "၀" အထူးဒေသ (၂) တိုးတက် ဖွံဖြိုးရေး အတွက် ၂၀၁၃-၁၄ နှစ်တွင်
 နိုင်ငံတော်က သိန်းလေးသောင်းထောက်ပံ့ မည် ဖြစ်ကြောင်း ယင်းပမာဏသည် ယမန်နှစ် များ ထက်၅ ဆ ကျော်
တိုးတက် ထောက်ပံခြင်းဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။

ဒဏ်ရာပြင်းသံဃာများကျန်းမာရေးမိမွေးတိုင်း ပြန်ဖြစ်မဖြစ် မပြောနိုင်သေး

ဒဏ်ရာပြင်းသံဃာများကျန်းမာရေးမိမွေးတိုင်း ပြန်ဖြစ်မဖြစ် မပြောနိုင်သေး

လက်ပံတောင်းတောင်အရေးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် သံဃာတော်များ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိတော့သော်လည်းမိမွေးတိုင်း ပြန်ဖြစ်မဖြစ်ကိုမူ လောလောဆယ် မပြောနိုင်သေးကြောင်းလာရောက်ပြုစုစော င့်ရှောက်ပေးနေသော ဆရာတော် ဦးရာဇကမိန့်သည်။

''အကောင်းပကတိအတိုင်း ပြန်ဖြစ် မဖြစ်ကိုတော့ဆရာဝန်တွေက လောလောဆယ်မပြောသေးပါဘူး''ဟု ဆရာတော် ဦးရာဇကမိန့်သည်။ မန္တလေးပြည်သူ့ဆေးရုံ၌ လက်ပံ တောင်းတောင်အရေးမှဒဏ်ရာရ သံဃာ ၉၆ ပါးနှင့်လူကိုးဦးတက်ရောက် ကုသလျက်ရှိပြီး ဒဏ်ရာပြင်းသော သံဃာရှစ်ပါးနှင် လူလေးဦးရှိကြောင်းဦးရာဇထံမှသိရသည်။

''မျက်စိကိုထိတဲ့သံဃာသုံးပါးရှိတယ်။ ခေါင်းတစ်ခုလုံးဒဏ်ရာရတဲ့ ကိုယ်တော်တွေလည်းရှိတယ်။ ခါး အောက်ပိုင်းတစ်ခုလုံးဒဏ်ရာရတာ တွေလည်း ရှိတယ်။ ဒါကဒဏ်ရာပြင်းတာတွေပေါ့''ဟု ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ဆေးရုံရောက်သံဃာများအား နေ့ဆွမ်း ပုံမှန်ဆက်ကပ်နေသော The Action Times Foundation မှ ကိုထင်အောင်ကပြောသည်။

မျက်လုံးဒဏ်ရာ ရထားသည့်ကိုယ်တော် သုံးပါး၏အခြေအနေ မှာ လောလောဆယ်ပုံမှန်ပါပဲဟုဆရာတော်ဦးရာဇက မိန့်သည်။ မျက်လုံးဒဏ်ရာရ ဦးဇင်းတစ်ပါး က''မျက်လုံးက နည်းနည်းမြင်ရ တယ်။ ကောင်းမယ်လို့လည်း ပြောတယ်။ မျက် ကြည်လွှာကိုမထိခိုက်ဘူး။ အပေါ်ယံကြောပဲထိခိုက်တာလို့ပြောတယ်'' ဟုမိန့်သည်။

ဒဏ်ရာ သက်သာလာသော် လည်းမိမွေးတိုင်း မဖြစ်နိုင်တော့ ဟုထင်ကြောင်းအထက်ပါ ဦးဇင်းက ဆက်လက်မိန့်သည်။ အင်တာနက်ပေါ် တွင်ပျံ့နှံ့လျက်ရှိသော ဒဏ်ရာရ ကိုယ်တော် အချို့၏ အသားများ ပဲ့ကျသည်ဆို သည့်သတင်းမှာ မဟုတ်မှန်ကြောင်းဦးရာဇက ဆက်လက်မိန့်သည်။

မန္တလေးဆေးရုံသို့ရောက်ရှိ လာပြီးမှ များစွာသက်သာလာ သည်ဟု ဒဏ်ရာရ ကိုယ်တော်များ ကမိန့်ကြောင်း ကိုထင်အောင်က ပြောသည်။ ဒဏ်ရာရရှိသော ရဟန်းရှင်လူများအား မုံရွာဆေးရုံမှမန္တလေးဆေးရုံကြီးသို့ ဒီဇင်ဘာ ၂ရက်နေ့ တွင် အပြီးပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။

The Action Times Foundation အနေဖြင့် သံဃာတော်များဆေးရုံမှမဆင်းမချင်း နေ့ဆွမ်းဆက် ကပ်သွားမည်ဟုသိရသည်။ လက်ပံတောင်းတောင်ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ကိုဒီဇင်ဘာ ၁ ရက်နေ့တွင်မုံရွာဆေးရုံ၌ ဖွဲ့စည်းခဲ့ပြီးလှူဒါန်း လိုသူများအနေနှင့်ဖော်ပြပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

credit to-စိုင်းလမင်း(popular myanmar news)

လက်ပံတောင်းတောင်အရေးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် သံဃာတော်များ၏ ကျန်းမာရေးအခြေအ
နေမှာစိုးရိမ်စရာ မရှိတော့သော်လည်းမိမွေးတိုင်း ပြန်ဖြစ်မဖြစ်ကိုမူ လောလောဆယ် မပြောနိုင်သေးကြောင်းလာ
ရောက်ပြုစုစော င့်ရှောက်ပေးနေသော ဆရာတော် ဦးရာဇကမိန့်သည်။

ပြည်သူချစ်တဲ့ အဆိုတော် မာမာအေး ဒီဇင်ဘာ ၇ ရက်နေ့ ရန်ကုန် ပြန်လာတော့မည်

For who love Aunty MarMarAye...

ချစ်ဆွေတို့ရေ တနေ့တော့ပြန်လာမယ်ဆိုလို့ မျှော်နေကြတဲ့ မာအေး ချစ်တဲ့သူ၊ မာအေးကိုချစ်တဲ့သူအားလုံး မာအေးပြန်လာပြီနော် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်ကို စင်္ကာပူလေကြောင်းနဲ့ ဒီဇင်ဘာ ၇ ရက်၊နံနက် ၉း၂၀ နာရီမှာ ဆိုက်ရောက်မယ်၊ ကိုယ်ချစ်တဲ့မြေကိုပြန်လည်ခြေချရတော့မယ်
ချစ်ဆွေတို့ရေမကြာခင်မှာပြန်လည်ဆုံစည်းကြမယ်နော်၊ ချစ်တဲ့မာအေး

Credit:Aunty MarMarAye
Post by RichelleKo.

ပြည်သူချစ် အဆိုတော်မာမာအေး သည် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်ကို စင်္ကာပူလေကြောင်းနဲ့ ဒီဇင်ဘာ ၇ ရက်
၊နံနက် ၉း၂၀ နာရီမှာ ပြန်လာတော့မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

မီးလောင် ဒဏ်ရာရ သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀)လှူဒါန်း

မီးလောင် ဒဏ်ရာရ သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀)လှူဒါန်း -

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 4 Dec, 2012

 လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။

မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများ ဒုက္ခခံစားနေရသည်မှာ မိမိတို့လူမျိုးများဖြစ်နေ သကဲ့သို့ခံစားရကြောင်း အစ္စလာမ်ဘာသာဝင်များ စုပေါင်း၍ သံဃာတော်များအား အလှူငွေ ပေးအပ်ပွဲတွင်  ဦးသန်းညွန့်က ပြောကြားလိုက်သည်။

 မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းပေါ်ရှိ ဂဠုန်နီဆရာတော် ဦးကာဝိယ၏ ငွေငါးကျောင်း တိုက်တွင် ပြုလုပ်သော အလှူငွေပေးအပ်ပွဲတွင် ယခုကဲသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

``သံဃာတွေခုလိုမျိုးဒုက္ခတွေဖြစ်နေတော့ ၊ အစ္စလာမ်ဘာသာဝင်တွေက ကိုယ်ဖြစ်သလိုပဲ ခံစား ရပါတယ် ´´ ဟု ဦးသန်းညွန့်က ပြောသည်။

 ဆေးကုသမှုခံယူသေူသံဃာတော်များအား ဦးဆောင်ကူညီနေသူ ငွေငါးကျောင်းတိုက်မှ ဂဠုန်နီ ဆရာ တော် ဦးကာဝိရက ယခုကဲ့သို့ ဆိုသည်။

 `` တကယ်လိုအပ်တဲ့လူကိုပဲ တကယ်ကူညီမယ် မလိုအပ်သေးဘူးဆိုရင်တော့ ဦးဇင်းတို့ စောင့် ကြည့်မယ် ´´ ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သံဃာ (၉၈)ပါးနှင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၅)ဦးတက် ရောက်ကုသလျှက်ရှိသည်။

အဆိုပါငွေလှူဒါန်းမှုကို မန္တလေးမြို့ရှိ ဦးကာဝိရ ၊ ဦးဝိသုတ ၊ ဦးဇင်းဂျောင်းဂျောင်းနှင့် အခြား ဆရာတော် တစ်ပါး တက်ရောက်ခဲ့ပြီး မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ၊ လူမှုကူညီရေးအဖွဲ့များ တက်ရောက်ခဲ့သည်။

လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများ
အတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။

မန္တလေးတွင် ဒီဇင်ဘာတတိယပတ်မှစတင်ကာ ဖောင်ကြွနံပါတ်ပြားမတပ်ဆင်သော မော်တော်ဆိုင်ကယ်များအား ထိရောက်စွာ အရေးယူသွားမည်

မန္တလေး၊ ဒီဇင်ဘာ ၅

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မော်တော်ဆိုင်ကယ်များအားသက်ဆိုင်ရာဌာနကထုတ်

ပေးသော ဖောင်းကြွ နံပါတ်ပြားများ တပ်ဆင်ခြင်းမရှိလျှင် ထိရောစွာအရေးယူဆောင်ရွက်သွားမည်ဟုသိရသည်
။ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ခွင့်ချထားပေးမှု ရပ်နားပြီးနောက် ပိုင်းတွင် မြို့တွင်း၌ရှိနေသောဆိုင်
ကယ် အရေအတွက်မှာ မှတ်ပုံတင်ခွင့် ပြုထားသောအရေအတွက်ထက်ပိုများနေ သောကြောင့်ယခုကဲ့သို့ အရေး
ယူ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု သိရသည်။

မန္တလေးတွင် ကားနှင့်ဆိုင်ကယ်များအတွက် ဘီးလှိမ့်ခွန်နှုန်းထားများ၂၀၁၂-၂၀၁၃ဘဏ္ဍရေးနှစ်ပြီးမှ တိုးမြင့်သွားရန် အစီအစဉ်ရှိ

မန္တလေး၊ ဒီဇင်ဘာ ၅။

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဘီးလှိမ့်ခွန်နှုန်းထား များအား၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်

အတွင်း တိုးမြင့်ကောက်ခံသွားရန် အစီအစဉ်မရှိကြောင်းသိရသည်။ မန္တလေးခြောက်မြို့နယ်အတွင်း ဆိုင်ကယ်၊ ကားစီးရေများ သိသာစွာ တိုးမြှင့် လာသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ ဖြစ်ပေါ်နေသော်
လည်း လတ်တလောပိုင်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် တိုးမြင့်ကောက်ခံမှု မလုပ်သေးခြင်း
ဖြစ်ကြောင်း သိရသည်။

ဆံပင်အစားထိုးစိုက် ကုသခြင်း ပြည်တွင်း၌ ဆောင်ရွက်နိုင်ပြီ

Photo: ဆံပင်အစားထိုးစိုက် ကုသခြင်း ပြည်တွင်း၌ ဆောင်ရွက်နိုင်ပြီဖြစ်

    04 December 2012  | 
    
ဆံပင်အစားထိုးစိုက် ကုသခြင်း ပြည်တွင်း၌ ဆောင်ရွက်နိုင်ပြီဖြစ်ယခင်က ပြည်ပ နိုင်ငံတွေ မှာသာ သွားရောက် ပြုလုပ်လို့ ရတဲ့ ဆံပင် အစားထိုးစိုက် ကုသမှုကို အခုအခါ ပြည်တွင်းမှာပါ ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က Asia Plaza Hotel မှာ ကျင်းပပြု လုပ်ခဲ့တဲ့ သွားလှလှဆံရှည်ရှည်နုပျိုပါစေ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ သိရပါတယ်။

အခုလိုဆံပင်အစားထိုးစိုက်ကုသပြီးရင် တော့ ဆံပင်ကိုခေါင်းလျှော်ရည်တွေနဲ့ လျှော်စရာမလိုဘဲ ဆေးခန်းမှပေး လိုက်တဲ့ဆေးကိုသာ ပုံမှန်သောက်သုံးပြီးထိန်းသိမ်းနိုင်တယ်လို့ သိရပါ တယ်။ အဲ့ဒီအတွက် ဆံပင်အစားထိုးစိုက်ကုသလိုသူတွေဟာ ယခင်ကလို ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ဆောင်ဖို့မလိုတော့ဘဲ ပြည်တွင်းမှာပဲ ကုသနိုင်မယ့်အတွက် ကုန်ကျစရိတ်တွေသက်သာလာမှာဖြစ်တယ်လို့ သိရပါတယ်။

အဆင့်မြင့် ဆံသဆိုင်ပိုင်ရှင်ဦးရဲတင့်က ပြောကြားရာမှာ “ပြည်ပမှာ ဆံပင်အစားထိုးစိုက်တဲ့ကုန်ကျစရိတ်က အရမ်းများတယ်။ အခုလို ပြည်တွင်းမှာ ရှိလာပြီဆိုတော့ ကုန်ကျမှုပိုသက်သာသွားတာပေါ့။ အရေးကြီးတာက ဆံပင်ထိန်းသိမ်းမှုကို လည်းသောက်ရမယ့် ဆေးအညွှန်း တွေအတိုင်းလိုက်နာဖို့တော့ရှိရမယ်”လို့ ဆိုပါတယ်။


ဆံပင်အစားထိုးစိုက် ကုသခြင်း ပြည်တွင်း၌ ဆောင်ရွက်နိုင်ပြီဖြစ်ယခင်က ပြည်ပ နိုင်ငံတွေ မှာသာ သွားရောက်
ပုလုပ်လို့ ရတဲ့ ဆံပင် အစားထိုးစိုက် ကုသမှုကို အခုအခါ ပြည်တွင်းမှာပါ ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ နိုဝင်ဘာ
လ ၂၅ ရက်နေ့က Asia Plaza Hotel မှာ ကျင်းပပြု လုပ်ခဲ့တဲ့ သွားလှလှဆံရှည်ရှည်နုပျိုပါစေ ခေါင်းစဉ်နဲ့ ကျင်းပ
ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ သိရပါတယ်။

တေးသံရှင်ဖြူဖြူကျော်သိန်းတူ မင်းဝဏ္ဏကျော်၏ တစ်နှစ်ပြည့်မွေးနေ့ကျင်းပ

Photo: ဖြူဖြူကျော်သိန်း၏ တူ မင်းဝဏ္ဏကျော်၏ တစ်နှစ်ပြည့်မွေးနေ့ကျင်းပ 

တေးသံရှင်ဖြူဖြူကျော်သိန်း၏ အမဖြစ်သူ မမညိုတို့ ဇနီးမောင်နှံ၏ သားဦးလေး Little Tiger ခေါ် မင်းဝဏ္ဏကျော်၏ တစ်နှစ်ပြည့် မွေးနေ့ပွဲကို ဒီဇင်ဘာလ၄ရက်နေ့ ည၇နာရီက Park Royal တွင် ကျင်းပပြုလုပ်ခဲ့ရာ အနုပညာအသိုင်းအ၀ိုင်းမှ မိတ်ဆွေများနှင့် ခင်မင်ရင်နှီးသော မိတ်ဆွေများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ —

အေးချမ်းမွန်မှ  Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Journal


တးသံရှင်ဖြူဖြူကျော်သိန်း၏ အမဖြစ်သူ မမညိုတို့ ဇနီးမောင်နှံ၏ သားဦးလေး Little Tiger ခေါ် မင်းဝဏ္ဏကျော်
၏ တစ်နှစ်ပြည့် မွေးနေ့ပွဲကို ဒီဇင်ဘာလ၄ရက်နေ့ ည၇နာရီက Park Royal တွင် ကျင်းပပြုလုပ်ခဲ့ရာ အနုပညာအ
သိုင်းအ၀ိုင်းမှ မိတ်ဆွေများနှင့် ခင်မင်ရင်နှီးသော မိတ်ဆွေများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ရာဇာ ဂန်းနမ်းစတိုင် ကခဲ့တဲ့ နန်းဆုရတီစိုး

Photo: ရာဇာ ဂန်းနမ်းစတိုင် ကခဲ့တဲ့ နန်းဆုရတီစိုး

    04 December 2012  | 
   

ရာဇာ ဂန်းနမ်းစတိုင် ကခဲ့တဲ့ နန်းဆုရတီစိုး“သရဖူက မချိုက နန်းဆု ကိုရီးယားက ပြန်လာတော့ ဒီအိုပါ ဂန်းနမ်းစတိုင်

သီချင်းကို ကိုရာဇာနေဝင်းနဲ့ ကပေးဖို့ ကမ်း လှမ်းတဲ့အတွက်ပါ။ နန်းဆု ကလည်း တအားစိတ် ဝင်စားတယ်။ 

ဒီအက ကလည်း တအားခေတ်စား နေတယ်ဆိုတော့ ကမ်းလှမ်းတာနဲ့ လက်ခံ ဖြစ်သွား တာပါ။ အကထဲမှာပါတဲ့ သူကလည်း ပိန်ပိန်သွယ်သွယ်လေးနဲ့  ဖြူဖြူလေးဆို တော့ နန်းဆုနဲ့ လိုက်ဖက်တယ်လို့လည်း ပြောတာ ကြောင့်ပါ။ ကိုရီးယားကို ဖျော်ဖြေရေး သွားတုန်းကလည်း သူငယ်ချင်းတွေနဲ့ အတူ လျှောက်လည်ပြီး ကကြတာကို ဓာတ်ပုံရိုက်ထားတာ အင်တာနက်ပေါ်မှာ တွေ့ကြတယ် ထင်တယ်။ အကလေ့ကျင့်ဖို့ အချိန်ကလည်း မရခဲ့ဘူး။ ၁ရက်ကို ၁နာရီလောက် Jade Dragon အကအဖွဲ့နဲ့ ၃ရက်လောက် လေ့ကျင့်ခဲ့တယ်။ ကတာက ခုန်ရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းတယ်။ ဒါပေမဲ့ ဒီ သီချင်းရော၊ အကရောကြိုက်တော့ ကနေရတာ ကိုပဲ ပျော်နေတာ။ ကိုရာဇာကလည်း အက တိုက်တဲ့အချိန်တုန်းက လုံးဝမနားဘူး။ ဆက်တိုက်ကတာ၊ တိုက်ထားပေမယ့် ကတဲ့ အချိန်မှာ တအားစိတ်လှုပ်ရှားတယ်။ အကုန်လုံးက စိတ်ဝင်စားကြတော့ ပိုတာဝန် ကြီးတယ်။

ကိုရီးယားမြူးဇစ်ကိုလည်း တော်တော်လေးအားကျမိတယ်။ ရတဲ့အချိန်လေးမှာ အကောင်းဆုံးကြိုးစား ခဲ့ရတာ လေ။ တီဗီကနေလည်း လွှင့်တော့ ပရိသတ်တွေက ကောင်း ကောင်းလေးသေသေချာချာ ကနော်၊ အားပေးမယ်လို့ ပြောကြတယ်။ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်”လို့ သရဖူမဂ္ဂဇင်း ၁၅နှစ် ပြည့်ပွဲမှာ အိုပါဂန်းနမ်းစတိုင် သီချင်းကို ရာဇာနေဝင်း ၊Jade Dragon အကအဖွဲ့ တို့နဲ့အတူ ကပြ ဖျော်ဖြေခဲ့တဲ့ နန်းဆုရတီစိုးက ပြောပါတယ်။ အက တိုက်ချိန်လည်း သိပ်မရပေမယ့် အကောင်းဆုံး ကြိုးစားခဲ့သလို တအားလည်း စိတ်လှုပ်ရှားခဲ့တယ် လို့ဆိုတဲ့ နန်းဆုရတီစိုး အတွက် ပရိသတ်အားပေးတဲ့ လက်ခုပ်သံတွေ က ကျေနပ်စရာဖြစ်ခဲ့မှာ အမှန်ပါပဲ။ တန်ဆောင်မုန်းလ ပြည့်နေ့မှာတော့ နန်းဆုရတီစိုးက မြင်းမူမှာ သီချင်းဆိုဖြစ်ခဲ့ ပြီး ဒုတိယစီးရီး အခွေအတွက် ပြင် ဆင်နေတာနဲ့ ပတ်သက်လို့ သီချင်းခွေ အစီအစဉ်ကိုလည်း သီချင်းတွေက အသံသွင်းဖို့ ကျန်သေးတာ။ မအားသေးတာနဲ့ အခုမှ လုပ်ဖြစ်တာ။

အမျိုးအစားကတော့ ထုံးစံအတိုင်း နည်း နည်းတော့ စုံမယ် ထင်တယ်။ အတတ်နိုင်ဆုံးတော့ ပရိသတ် အကြိုက်များတာပေါ့။ အကြိုက် မတူကြတာတွေလည်းရှိတော့ အစုံပေါ့။ သီချင်းခွေ Tittle က မသိသေးဘူး။ ပရိသတ်တွေက နန်းဆုနဲ့လိုက်မယ်ထင်တဲ့ Tittle လေးတွေကို Nan Su Yati Soe.com မှာMessage ချန်ခဲ့ပေးလို့ရတယ်။ ကိုယ့်ဘာသာ ကိုယ်လည်းပေးဖို့ ကြိုးစားမယ်။ ပရိသတ်တွေ ပေးထားတာ ပိုကောင်းရင် ရွေးချယ်ဖြစ်ခဲ့ရင် သူတို့အတွက် အမှတ်တရ တစ်ခုခုလုပ်ပေးမယ်။ ပရိသတ်တွေနဲ့ နန်းဆုနဲ့လည်း အမှတ်တရ ဖြစ်သွားတာပေါ့။ နန်းဆုရဲ့ ပရိုမိုးရှင်း ပွဲတွေလည်း ဖိတ်မယ်။ အခွေလည်း လက်ဆောင်ပေးမယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင် 

အေးချမ်းမွန်မှ   Popular News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Popular News

ရာဇာ ဂန်းနမ်းစတိုင် ကခဲ့တဲ့ နန်းဆုရတီစိုး“သရဖူက မချိုက နန်းဆု ကိုရီးယားက ပြန်လာတော့ ဒီအိုပါ ဂန်းနမ်း
စတိုင်သီချင်းကို ကိုရာဇာနေဝင်းနဲ့ ကပေးဖို့ ကမ်း လှမ်းတဲ့အတွက်ပါ။နန်းဆု ကလည်းတအားစိတ်ဝင်စားတယ်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ် စုပြုံတိုးဝေ့ကာ ကျောင်းအပ် မှုကြောင့် လဲကျကာ ကျောင်းသူ၂ဦးဒဏ်ရာ ရရှိ

Photo: မန္တလေးမြို့ ရတနာပုံတက္ကသိုလ် စုပြုံတိုးဝေ့ကာ ကျောင်းအပ် မှုကြောင့် လဲကျကာ ကျောင်းသူ၂ဦးဒဏ်ရာ ရရှိ==ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀ နာရီခွဲ အချိန်၌ မန္တလေးမြို့ ရတနာပုံ တက္ကသိုလ် ခုံအမှတ် ထုတ်ပေးသည့် ကောင်တာရှေ့တွင် ကျောင်းသား ကျောင်းသူများ စုပြုံတိုးဝေ့ ကာ ခုံအမှတ် ထုတ်ယူ ကြသောကြောင့် ပထမနှစ် ကျောင်းသူနှစ်ဦး ဒဏ်ရာရရှိသွားပါသည်။ သက်ဆိုင်ရာ ဝန်ထမ်းများ၏ ညံ့ဖျင်းသော စီမံ ကွပ်ကဲမှုကြောင့် ယခုကဲ့သို့ ဝရုန်း သုံးကားဖြစ်ကာ ကျောင်းသား ကျောင်းသူများ ဒဏ်ရာ အနာတရ ဖြစ်ရကြောင်း ကျောင်းလာအပ်သည့် မိဘတစ်ဦးက ပြောဆိုသည်။

by Myanmar News Now

အေးချမ်းမွန်မှ Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Mintun Zawmintun

ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀ နာရီခွဲ အချိန်၌ မန္တလေးမြို့ ရတနာပုံ တက္ကသိုလ် ခုံအမှတ် ထုတ်ပေးသည့် ကောင်
တာရှေ့တွင် ကျောင်းသား ကျောင်းသူများ စုပြုံတိုးဝေ့ ကာ ခုံအမှတ် ထုတ်ယူ ကြသောကြောင့် ပထမနှစ် ကျောင်း
သူနှစ်ဦး ဒဏ်ရာရရှိသွားပါသည်။

သီရိလင်္ကာ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုလ်တုကို တရုတ်နိုင်ငံမှ လွှတ်တင်

Photo: သီရိလင်္ကာ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုလ်တုကို တရုတ်နိုင်ငံမှ လွှတ်တင်

04 DECEMBER 2012  | BY FIRST MUSIC NEWS

သီရိင်္လကာသည် နိုင်ငံ သည် နိုင်ငံ၏ ပထမဆုံး ဂြိလ်တုကို တရုတ်နိုင်ငံ ရှိ အာကာသ စင်တာ တစ်ခုမှ နိုဝင်ဘာ ၂၇ ရက်နေ့တွင် လွှတ်တင် ခဲ့ကြောင်း ဒေသတွင်း ကုမ္ပဏီတစ်ခုက ထုတ်ပြန် ကြေညာခဲ့ သည်။
အဆိုပါဂြိုလ်တုလွှတ်တင်မှုကို သီရိလင်္ကာပုဂ္ဂလိကကုမ္ပဏီ Superme SAT နှင့် တရုပ်အစိုးရပိုင် China Great Wall Industry Corpotation တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
Superme SAT-1 ဟု အမည်ပေးထားသည့် ဂြိုလ်တုသည် အရှေ့အလယ်ပိုင်း၊ တောင်နှင့်ဗဟို အာရှ၊ ဩစတေးလျနိုင်ငံများအထိ အင်တာနက်၊ ဖုန်း၊ အသံလွှင့်ခြင်းအစ ရှိ ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ် ကြောင်း Supreme SAT ကပြော ကြားခဲ့သည်။ “ကျွန်တော်တို့ သီရိလင်္ကာနိုင်ငံသားတွေ အတွက် ဂုဏ်ယူစရာ အခိုက်အတန့် တစ်ခုပါပဲ” ဟု Supreme SAT ၏ အမှုဆောင် အရာရှိချုပ် Vijith Peiris က အစီရင် ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
Supreme SAT-1 လွှတ်တင်မှု အောင်မြင်ခဲ့သဖြင့် သီရိလင်္ကာသည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုလ်တု ပိုင်ဆိုင်သည့် ၄၅ ခုမြောက်နိုင်ငံဖြစ် လာခဲ့ပြီး အိန္ဒိယနှင့်ပါကစ္စတန်တို့ပြီး လျှင် ဂြိုလ်တုတစ်စင်းလွှတ်တင်ခဲ့ သည့် တတိယမြောက်အရှေ့အာရှ နိုင်ငံဖြစ်လာခဲ့သည်။
အဆိုပါဂြိုလ်တု လွှတ်တင်မှုကို နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ပြုလုပ်မည်ဟု ကနဦး မျှော်လင့် ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှု ကြောင့် ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ Ref:Xinhua

Post By Mobile ACM

သိရိင်္လကာသည် နိုင်ငံ သည် နိုင်ငံ၏ ပထမဆုံး ဂြိလ်တုကို တရုတ်နိုင်ငံ ရှိ အာကာသ စင်တာ တစ်ခုမှ နိုဝင်ဘာ ၂၇ ရက်နေ့တွင် လွှတ်တင် ခဲ့ကြောင်း ဒေသတွင်း ကုမ္ပဏီတစ်ခုက ထုတ်ပြန် ကြေညာခဲ့ သည်။

ဆုတောင်းပြည့် ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး" ၏ သမိုင်းအကျဉ်းချုပ်


ပဲခူးတိုင်း (အနောက်ပိုင်း) ရွှေတောင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော 'သမိုင်းဝင် ဆုတောင်းပြည့် ရွှေ

မျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး' သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ရွှေမျက်မှန်တပ်ဆင်ပူဇော်ထားသည့် တစ်
ဆူတည်းသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်၍ ထင်ပေါ်ကျော်ကြား လူသိများသော ဘုရားကြီး ဖြစ်ပါသည်။

ဘုရားသုံးဆူမြို့ ရဲစခန်းက ဖမ်းဆီးထားစဉ် သေဆုံးခဲ့သူအား ယနေ့ မီးသင်္ဂြိုလ်

ဘုရားသုံးဆူရဲဖမ်းဆီးထားစဉ် သေဆုံးခဲ့သူအား ယနေ့ မီးသင်္ဂြိုလ်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 05 ရက် 2012 ခုနှစ် မွန်အေဂျင်စီ သတင်း - 

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းက ဖမ်းဆီးထားစဉ် သေဆုံးသွားသော ဦးသိန်းမြင့်(ခေါ်) ဦးသားငယ် အသက်(၄၇)နှစ်၏ ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်းက မီးသင်္ဂြိုလ်ခဲ့ကြောင်း ဆွေးမျိုးတော်စပ်သူတို့ထံမှ သိရသည်။

ရဲစခန်းက ဓါးပြမှုနှင့် ပစ္စည်းခိုးမှုစွပ်စွဲချက်များဖြင့် ဦးသားငယ်အား နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း၌ ဘုရားသုံးဆူမြို့ဆေးရုံတွင် သေဆုံးနေသည့်သတင်းကြားသိခဲ့ရကြောင်း ဝမ်းကွဲအစ်ကိုယ်ဖြစ်သူ ဦးစံသင်းက ပြောသည်။

ဦးစံသင်းက “ဖမ်းသွားတုန်းက ကျန်းမာရေးကောင်းကောင်းပဲ၊ သေဆုံးပြီးတော့မှ ကျနော့်တို့ကို လာအပ်တယ်၊ ရဲတွေက ဘာတာဝန်မှ မယူဘူး၊ ကျနော်ကတော့ ရဲတွေရိုက်နှက်လို့ ခုလို သေဆုံးရတယ်လို့ယူဆတယ်” ဟု ပြောသည်။

သေဆုံးသူ ဦးသားငယ်အား ရဲများဖမ်းဆီးခေါ်ဆောင်ခဲ့ချိန်က ဆွေမျိုး၊ ရပ်ကွက်သားများ အပါအ၀င် ရပ်ကွက်အုပ်ချုပ်ရေးရေးမှူးလည်း မသိရကြောင်း ဦးစံသင်းက ပြောသည်။

ဦးသားငယ်သည် ဘုရားသုံးဆူမြို့၌ ကျပမ်းအလုပ်လုပ်ကိုင်ရင်း ရပ်ကွက်(၁) မြသိန်းတန် ဓမ္မာရုံတွင် အစောင့်တစ်ဦးအဖြစ် နေထိုင်သူ ဖြစ်သည်။

မြို့ခံဝန်ထမ်းတစ်ဦးက “တချို့ကတော့ အလောင်းဆေးရုံကိုရောက်လာတာ ဖျာလိမ့်နဲ့ ပတ်ထားတယ်လို့ ပြောဆိုသံတွေလည်း ထွက်နေတော့ မြို့ခံတွေအတော်မကြေမနပ် ဖြစ်နေတာ ဆန္ဒပြမလို ဖြစ်ခဲ့တယ်” ဟု ပြောသည်။

၎င်းမသင်္ကာဖွယ်သေဆုံးမှုနှင့်ကြောင့် ဘုရားသုံးဆူမြို့ခံ NLD ပါတီမှ ယမန်နေ့က လူစုလူဝေး စုဖွဲ့မှု ဖြစ်ပေါ်ခဲ့သော်လည်း ဆန္ဒပြမှုမရှိခဲ့ပေ။

ဦးစံသင်းက “ကိုသားငယ်က ရိုးရိုးနဲ့သေဆုံးသွားခဲ့တာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လက်၊ ပေါင်၊ ဒူးနေရာတွေမှာ အမဲကွက်ဒဏ်ရာတွေ တွေ့ရတယ်၊ ပြီးတော့ မီးလောင်ထားတဲ့ ဒဏ်ရာမျိုးလည်း တွေ့တယ်၊ ဆရာဝန်ကတော့ သွေးတိုးရောဂါနဲ့ ချက်ချင်းသေသွား တယ်လို့ဆိုပဲ” ဟု ဆက်ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးသူနှင့်ပတ်သက်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး စုံစမ်းစစ်ဆေးရေးနှင့်ခုံရုံးအဖွဲ့(စုံခုံ)က ဦးသားငယ်၏ရုပ်အလောင်းကို ယမန်နေ့က ဘုရားသုံးဆူဆေးရုံ၌ လာရောက်စစ်ဆေးခဲ့ကြသည်ဟု သိရသည်။

သို့ရာတွင် ဦးသားငယ်၏ သေဆုံးမှုနှင့်ပတ်သက်၍ ၄င်းစုံခုံအဖွဲ့၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာမှ ထုတ်ပြန်ခြင်း မရှိသေးပေ။

အေးချမ်းမွန်မှ  လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :လွတ်လပ်သော မွန်သတင်းအေဂျင်စီ


ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းက ဖမ်းဆီးထားစဉ် သေဆုံးသွားသော ဦး
သိန်းမြင့်(ခေါ်) ဦးသားငယ် အသက်(၄၇)နှစ်၏ ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်းက မီးသင်္ဂြိုလ်ခဲ့ကြောင်း ဆွေး
မျိုးတော်စပ်သူတို့ထံမှ သိရသည်။

ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် ( ဟံသာဝတီဦးဝင်းတင် ဆောင်းပါး)

* ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် *

ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ..... မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ် မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ် တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင် မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့ သူတွေဗျ။

ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေ ကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။

ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့ အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။

အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲ ထည့်ပြောနေရဦး မှာလားဗျာ။ ဟဲ.......ဟဲ။

လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီး သားတော်သမီးတော်တွေကို ရေပူရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူးရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင် ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။

အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေ လေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။

နိုင်ငံတော် သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့ လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာ မဟုတ်ဘူးလေဗျာ။ သူတို့ အလိုက်ကမ်းဆိုး သိရှာပါတယ်။

ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။

ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။

ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။

တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြ ရမှာလား။ တရုတ် ကိုယ်တော်ကြီးတွေကိုဆို ဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်းများက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊ သက်သာမှာ မဟုတ်ဘူးဗျို့။

ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။

စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော် ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင် ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။

ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလား ရယ်လို့ ဗိုက်တပွတ်ပွတ် ဖြစ်နေမိသဗျာ။

ကျုပ်ရဲ့ ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက် ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။

ဟံသာဝတီဦးဝင်းတင် - ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆) မှ ကူးယူဖေါ်ပြပါတယ်။

‎ ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ..... မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။
ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ် မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်
ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။