Pages

Tuesday, December 4, 2012

ဒဏ်ရာရ သံဃာများ ကုသရေး ရွှေညဝါဆရာတော်၏ ထိုင်းနိုင်ငံ တရားပွဲ ခရီးစဉ်

လက်ပန်းတောင်း သပိတ်စခန်း ဖြိုခွင်းခံရစဉ်က ဒဏ်ရာ ရရှိခဲ့သော ကိုယ်တော်များဆေးဝါး ကုသနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင်းတရားပွဲများလှည့်လည် ဟောပြောခြင်းဖြင့်ကုသိုလ်ပြုရန် ရွှေညဝါဆရာတော်ကစီစဉ်ထားသည်။  
 မြန်မာပြည်တွင်း တရားဟောပွဲ အပိတ်ပင် ခံထားရ၍ ထိုင်းနိုင်ငံ၌ အင်္ဂါနေ့မှ စတင်ကာ ဒီဇင်္ဘာလ ၁၆ ရက်နေ့ထိ တရားပွဲ ပြုလုပ်မည်ဟု ရွှေညဝါ ဆရာတော် ဦးပညာသီဟ က မိန့်ဆိုသည်။

အစိုးရနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ရာမှာ ရွာသားတစ်ဦးသေဆုံး

အစိုးရနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ရာမှာ ရွာသားတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်ကို ရိက္ခာသယ်ယူ ပို့ဆောင်နေတဲ့ အစိုးရတပ်ယာဉ်တန်း ကို ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအဝင် လီဒို လမ်းမပေါ်မှာ ကေအိုင်အေဘက်က ပစ်ခတ်မှုကြောင့် အစိုးရတပ်က ပြန်လည် ပစ်ခတ်ရာမှာ မူလတန်းကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မနေ့က ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်က ရှဒူးဇွပ်ကျေးရွာ မောချယ်ရီစားသောက်ဆိုင်ရှေ့မှာ တပ်မ ၈၈ လက်အောက်ခံလှုပ်ရှားတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လီဒိုလမ်းဘေး နောင်းမြီ ရွာလယ်ကွင်းထဲမိသားစု စပါးရိတ်နေချိန် ကျည်ထိမှန်ခဲ့ပြီး ညာဘက်တံတောင်ဆစ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နမ္မတီးဒေသ သူဋ္ဌေးကုန်းကျေးရွာက အသက် ၁၁ နှစ်အရွယ် တတိယတန်း ကျောင်းသား မောင်ကျော်မင်းလတ်ရဲ့ ဖခင်က  အခုလို ရှင်းပြပါတယ်။

"မိုင်းလား သေနတ်လားမသိဘူး၊ ကျနော်လည်း သတိမထားမိဘူး၊ ရွာထဲမှာ တိုက်ပွဲဖြစ်ကြတာ ကေအိုင်အေနဲ့ ဖြစ်ကြတာ ဗမာစစ်သားနဲ့ တွေ့ရာပစ်သစ်တာ သူတို့၊ စပါးရိပ်ရင်းနဲ့ တိုက်ပွဲဟိုးအရှေ့မှာ ဖြစ်ကြတယ်ဆိုတော့ ကျနော့်သားသမီးမိသားစုတွေအားလုံး ဝပ်ကြတဲ့အချိန်မှာ ထိသွားတာ နောက်မြီး ကွင်းကျတာပေါ့"

ရှဒူးဇွပ်ရွာက အသက် ၆ နှစ်အရွယ် သူငယ်တန်းကျောင်းသား မောင်ရန်နိုင်ရဲ့ဖခင်က မနေ့က နေ့လည်ပိုင်းမှာ ကျည်ဆံထိမှန်မှုကြောင့် ညာဘက်ခြေထောက်မှာ မောင်ရန်နိုင် ဒဏ်ရာရရှိခဲ့ပုံကို ပြောပြပါတယ်။

"တဒိုင်းဒိုင်းနဲ့ ဝင်ပစ်လာတာပဲ သိလိုက်တယ်၊ ကျနော့်သားကတော့ ၁၂နာရီခွဲ ကျောင်းဆင်းလာတာ ထမင်းတောင် မစားရသေးဘူး၊ ခြံထဲမှာ ကလေးတွေသေနတ်သံကြားတော့ အဲထဲထည့်ထားလိုက်တာ၊ ဒဏ်ရာကတော့ သေနတ်ဒဏ်ရာတွေ့တာပဲ၊ လက်နက်ကြီးတွေ မိုင်းတွေတော့ အဲလောက်လဲ ကျနော်တို့လဲမသိဘူး၊ ခုတော့ သိပ်တော့စိုးရိမ်စရာမရှိဘူး၊ ခွဲတော့ခွဲရမယ်လို့ပြောတာပဲ၊ အဲလောက်ပဲကျနော်တို့သိသေးတာ၊ ဆေးရုံးကိုရောက်တယ်"

ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ မူလတန်းကျောင်းသား ကလေးငယ် ၂ဦးနဲ့ တင်ပဆုံမှာ ဒဏ်ရာရရှိခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်ဋ္ဌေးကြွယ်ဆိုသူ အမျိုးသမီးတို့ဟာ မြစ်ကြီးနားဆေးရုံပေါ်မှာ ခွဲစိတ်ကုသခံနေတယ်လို့သိရပြီး ရှဒူးဇွပ်ရွာသား ဦးဂွန်ထပ်နော် ဆိုသူကတော့ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း နမ္မတီး - တနိုင်း လီဒိုလမ်းတလျှောက်မှာ ရှိတဲ့ လွယ်လျန်၊ ဝါရာဇွပ်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ ကျေးရွာတွေတဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်ကို ရိက္ခာသယ်ယူ ပို့ဆောင်နေတဲ့ အစိုးရတပ်ယာဉ်တန်း ကို ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအဝင် လီဒို လမ်းမပေါ်မှာ ကေအိုင်အေဘက်က ပစ်ခတ်မှုကြောင့် အစိုးရတပ်က ပြန်
လည် ပစ်ခတ်ရာမှာ မူလတန်းကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်
ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မြန်မာ့လေတပ်မှ ကချင်တိုက်ပွဲတွင်ပါဝင်တိုက်ခို က်

မြန်မာ့လေတပ်မှ ကချင်တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်

အင်္ဂါ ၊ ဒီဇင်ဘာ (၄) by MKA blog news

ဒီဇင်ဘာလ(၄)ရက်နေ့တွင် မြစ်ကြီးနားမြို့ အမှတ်(၅၀၃) လေတပ်စခန်းမှ စစ်ရဟတ်ယာဉ်(၇)စီးသည် ပန်ဝါ ဒေသသို့ စစ်လက်နက်နှင့် တပ်အင်အားကို ပို့ဆောင်ပေးခဲ့သည်။ ယင်းမှ စစ်သုံးရဟတ်ယာဉ်(၂)စီး သည် ဝေဟင်မှ မြေပြင်ပစ်ဒုံးဖြင့် နယ်ခြားမှတ်တိုင်အမှတ်(၆)တ၀ိုက်ရှိ KIA တပ်စခန်းသို့ မွန်းလွဲ ၃း၃၀ အချိန်တွင် (၂)ကြိမ် ၀င်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လေကြောင်းမှ ပစ်ခတ်လိုက်သော ဒုံးကျည်အချို့သည် တရုတ်နိုင်ငံဘက်သို့ နယ်စပ်ကျော် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ(၃)ရက်နေ့တွင်လည်း ခလရ(၇၄) (၇၇)တပ်ဖွဲ့တို့ ပစ်ခတ်လိုက်သော ၈၄ မမ စိန်ပြောင်း  ကျည်အချို့သည် တရုတ်နိုင်ငံဘက် ကျရောက်ပေါက်ကွဲခဲ့ကာ တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်အစိုးရက မြန်မာအစိုးရအား ဆန့်ကျင်ကန့်ကွက်ထားကြောင်း သိရှိရသည်။


ဒီဇင်ဘာလ(၄)ရက်နေ့တွင် မြစ်ကြီးနားမြို့ အမှတ်(၅၀၃) လေတပ်စခန်းမှ စစ်ရဟတ်ယာဉ်(၇)စီးသည် ပန်ဝါ ဒေ
သသို့ စစ်လက်နက်နှင့် တပ်အင်အားကို ပို့ဆောင်ပေးခဲ့သည်။ ယင်းမှ စစ်သုံးရဟတ်ယာဉ်(၂)စီး သည် ဝေဟင်
မှ မြေပြင်ပစ်ဒုံးဖြင့် နယ်ခြားမှတ်တိုင်အမှတ်(၆)တ၀ိုက်ရှိ KIA တပ်စခန်းသို့ မွန်းလွဲ ၃း၃၀ အချိန်တွင် (၂)ကြိမ် ၀င်
ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသား ၅၆ယောက် ရနောင်းမှာ ထိုင်းရဲဖမ်းဆီး

မြန်မာနိုင်ငံသား ၅၆ယောက် ရနောင်းမှာ  ထိုင်းရဲဖမ်းဆီး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သန်းထိုက်ဦး ~

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင် အထိ အကုန်အကျခံပြီးတော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။

(ပွဲစားခက မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၃၀,၀၀ ကနေ ၂၂၀,၀၀၀ အထိ ဖြစ်ပါတယ်)


သူတို့ အဖမ်းခံရတယ် ဆိုတဲ့ ရနောင်းမြို့က  ကော့သောင်းမြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။

တခြားဒေသကို ကားတွေနဲ့ အသွား စစ်ဆေးရေး ဂိတ်တခုမှာ အခုလို အဖမ်းခံရတယ်၊
ကားသမား တွေ ကတော့ စစ်ဆေးရေး ဂိတ်က အာဏာပိုင်တွေကို မြင်တာနဲ့ ကားရပ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။

အဖမ်းခံရသူတွေအထဲမှာ အမျိုးသမီး ၇ ယောက် ပါဝင်ပြီး ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်တယ်၊ သူတို့တွေကို ပွဲစားတွေက  ဆူရတ်ဌာနီမြို့နယ်မှာ အလုပ်သွင်းပေးဖို့  စီစဉ်ထားကြတာပါ တဲ့။

ဒီဖြစ်ရပ်နဲ့ပါ ဆိုရင် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်တဲ့ မြန်မာပြည်သားတွေ အလုံးအရင်းနဲ့ အဖမ်းခံရတာ ဒီဇင်ဘာလဆန်းပိုင်းမှာပဲ ၁၂၅ ယောက် ရှိသွားပါပြီ။

ယခုလ ၂ ရက်နေ့က မြန်မာပြည်သား ၆၉ ဦးကို ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်စပ် တဖက်ကမ်း စံခလဘူရီမြို့နယ်မှာ ဖမ်းမိတာပါ။ ဖမ်ဆီးခံရသူများထဲမှာလည်း သက်ကြီး ရွယ်အိုနဲ့ အသက် တနှစ်အရွယ် ကလေးတွေလဲ ပါတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို ယခုလော မြန်မာနိုင်ငံသားတွေ ၀င်လာတာဟာ မကြာသေးခင်က ထိုင်းအလုပ်သမားဝန်ကြီး ဌာနက လာမယ့်  ဇန်န၀ါလ ၁ ရက်နေ့က အစပြုပြီး  အလုပ်သမားတွေကို  တနေ့ လုပ်အားခ အနည်းဆုံး ဘတ်ငွေ ၃၀၀ ပေးရမယ်လို့ သတ်မှတ်ထားချိန်နဲ့ တိုက်ဆိုင် နေပါတယ်။


တချိန်တည်းမှာလည်း အဖမ်းအဆီး ဆိုင်ရာ ကြေညာချက်လည်း ရှိပါတယ် -

ထိုင်းနိုင်ငံမှာ တရားမ၀င် နေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ဖမ်းဆီးပြီးတော့ သက်ဆိုင် ရာ နိုင်ငံ  ပြန်ပို့မယ့် အရေးယူမှုကို လာယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းမှာ  ပြုလုပ်မယ်လို့ ထိုင်း အလုပ်သမားဝန် ကြီးဌာနက ကြေညာထားတာပါပဲ။

တရားဝင်လက်မှတ်မရှိတဲ့ ဒီလိုအိမ်နီးချင်းနိုင်ငံက အလုပ်သမားမျိုးကို တွေ့ရင်တော့ ဖမ်းပြီး ပြန်ပို့တာ ထုံးစံပါပဲ။ အခုလို ကြေညာချက် ထုတ်တယ် ဆိုတော့ ခါတိုင်းထက် ပိုဖမ်းမယ်၊ စစ်ဆင်ရေးသဘောမျိုး လိုက်လံရှာဖွေ ဖမ်းဆီး ပြန်ပို့တာ လုပ်မယ်ဆိုတဲ့သဘောပါ။

ထိုင်း အစိုးရအနေနဲ့ကတော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (Nationality Verification Process – NVP) အရ နောက်ဆုံး သတ် မှတ်ပေးထားတဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကိုပဲ အရေးယူမယ်လို့ ဆိုပါတယ်။

မြန်မာပြည် အနယ်နယ် အရပ်ရပ်က အလုပ်အကိုင် ရှာဖွေသူတွေဟာ ထိုင်းနိုင်ငံမှာ ၀င်ရောက် အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဒေသ ကို နေ့စဉ်နဲ့ အမျှ ရောက်ရှိနေပါတယ်။

ထိုင်းနိုင်ငံတဝန်း ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စတဲ့  လုပ်ငန်းများမှာ အလုပ်လုပ်ကိုင်နေတဲ့  မြန်မာပြည်သား အရေအတွက်က  ၂ သန်းကနေ ၄ သန်း အထိ ရှိနိုင်တယ်လို့ အလုပ်သမားအဖွဲ့တွေကခန့်မှန်ထားပါတယ်။

(ဧရာဝတီ)

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင်အထိ အကုန်အကျခံပြီး
တော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်း
သတင်းတွေမှာ ရေးထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော

လက်ပံတောင်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော
 
ကိုပေါက် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်
 
နယူးဒေလီ (မဇ္ဈိမ) ။     ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ၏ လျော်ကြေး
တောင်းဆိုမှုများနှင့် ပတ်သက်၍ အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။
 
မြန်မာ့ပြည်တွင်းပြဿနာဖြစ်၍ မစွက်ဖက်လိုသော်လည်း ဒေသခံများ တောင်းဆိုမှုများတွင် ပါဝင်သည့် မြေယာ
ပြဿနာအပြင် အခြားကိစ္စများလည်း ရှိကြောင်း မစ္စတာ ဂေါင်မင်ဘို Mr Gao Mingbo က ပြောသည်။
 
“ကျနော် သိရသလောက်တော့ မြေယာနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်နေတယ်။ ဒီပြဿနာ တခုတည်းတော့ မဟုတ် ဘူး။ မြေယာကိစ္စနဲ့ ဆက်နွယ်နေတဲ့ တခြား ခက်ခဲတဲ့ ပြဿနာတွေလည်း ပါတယ်။ သိထားတာ... သမိုင်းကြောင်းက ပိုပြီးရှည်တယ်” ဟု မဇ္ဈိမကို ပြောသည်။
 
နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် သံရုံးကြေညာချက်တွင် “ရွှေ့ပြောင်းမှု လျော်ကြေးငွေ” ကို “နှစ်ဦးနှစ်ဖက်
ဆွေးနွေးပြီး သတ်မှတ်ထားခဲ့သည်” ဟု ပါရှိပြီး ဒေသခံများ၏ ပြောဆိုချက်များနှင့် ကွဲလွဲမှုရှိနေ၍ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားခြင်းဖြစ်သည်။
 
“တချို့ တောင်းဆိုမှုတွေက အတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်။ လူတွေက အမျိုးမျိုးပြောနေကြတယ်။ တချို့က မြေယာ အသုံးချမှုအတွက် မကျေနပ်ချက်၊ တချို့က စိုက်ပျိုးသီနှံအတွက်၊ အချို့က ပြန်လည် နေရာချထားပေးဖို့.... ဒါကြောင့်
လျော်ကြေးကိစ္စကို ဘယ်လိုဖြေရှင်းမယ်ဆိုတာက ကျနော့်အတွက် ကျစ်ကျစ်လစ်လစ်နဲ့ ရှင်းပြပေးဖို့ ခဲယဉ်းပါတယ်” ဟု သံရုံး ပထမ အတွင်းဝန် မစ္စတာ ဂေါင် က ပြောသည်။
 
၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စီမံကိန်းအတွက် ဝက်မှေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ချိတ်ပိတ်သွား ခဲ့ပြီး အိမ်ခြေ ၆ဝ ခန့် ပြောင်းရွှေ့ပေးခဲ့ရသည်။ ထို့ပြင် စီမံကိန်းအရ ဝက်မှေးရွာအပြင် ကျော်ရွာ၊ ဆယ်တည်း၊
တောင်သာနှင့် ဆီးတောရွာများလည်း ပြောင်းရွှေ့ပေးကြရမည် ဖြစ်သည်။
 
တရုတ်လူမျိုးပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ဦးပိုင်လီမိတက်တို့် ဖက်စပ်လုပ်ကိုင်သည့် အဆိုပါ ကြေးနီ စီမံကိန်းအတွက် တောင်သူများပိုင် မြေဧက ၇,၈ဝဝ ကျော်အား သိမ်းယူခဲ့ရာတွင် အဓိပ္ပါယ် ရှင်းလင်းတိကျမှု မရှိသည့် လျော်ကြေးငွေ အချို့အား လယ်သမားထံ ပေးခဲ့ကြောင်းနှင့် သီးနှံ လျော်ကြေးအဖြစ် ၃ နှစ်စာ ကျပ်ငွေ ၅ သိန်း ၂ သောင်း ပေးခဲ့သော်လည်း လယ်မြေတန်ဖိုးကိုမူ မပေးခဲ့ကြောင်း လယ်အသိမ်းခံ တောင်သူများက စောဒက တက်နေကြသည်။
 
ထိုကိစ္စနှင့်ပတ်သက်၍ ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့သံရုံးသို့ ဆက်သွယ်လာကြောင်းနှင့် မြန်မာနိုင်ငံ၏ “လုပ်ထုံး လုပ်နည်း” များနှင့် “ဥပဒေ” ကို လိုက်နာသွားရန် ကြိုးစားနေကာ နိုင်ငံ အကြီးအကဲ တဦးဦးနှင့် အမြန်ဆုံး တွေ့ဆုံ
ပြောဖို့ ကြိုးစားနေကြောင်း ပြောသည်။
 
“ကျနော်တို့ ယုံကြည်ထားတာက ရင်းနှီးမြှုပ်နှံမှုအတွက် ကြိုတင်တွက်ဆနိုင်တဲ့ ပတ်ဝန်းကျင်၊ ဒါက မြန်မာနိုင်ငံ အတွက် အစပိုင်းလုပ်ငန်းစဉ်မှာ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်သူတွေအတွက် ရေရှည်အကျိုးစီးပွားကို တည်ဆောက်သလိုဖြစ်မယ်” ဟု မစ္စတာဂေါင် က ဆိုသည်။
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိစေမည့် ကိစ္စများအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ သလို အပြောင်းအလဲမရှိသော မူဝါဒဖြင့် အပြန်အလှန် လေးစားရင်းနှီးလျက်ရှိကြောင်း သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က
ပြောဆိုသွားသည်။

အေးချမ်းမွန်မှ  Mizzima - News in Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : mgkyautkhae.com

ဒီဇင်ဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ်
ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ၏ လျော်ကြေးတောင်းဆိုမှုများနှင့်
 ပတ်သက်၍ အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆို
ခွင့်ရှိသူတဦးက ဆိုသည်။

တရုတ်နိုင်ငံမှ အမျိုးသမီးငယ်တစ်ဦးသည် ရည်းစားဖြစ်သူ၏ အချက်အလက်များကို ဆိုင်းဘုတ်တစ်ခုတွင် ရေးသားလျက် ရည်း စားပျောက် ရှာပုံတော်ဖွင့်နေ

တရုတ်နိုင်ငံ ဟေးနန်မြို့ရှိ အမျိုးသမီးငယ်တစ်ဦးသည် ရည်းစားဖြစ်သူ၏ အချက်အလက်များကို ဆိုင်းဘုတ်တစ်ခုတွင် ရေးသားလျက် အလိုရှိကြောင်း ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ ရည်းစားပျောက် ရှာပုံတော်ဖွင့်ခဲ့သည်။ 

သူမ၏ချစ်သူမှာ အသက်သုံးဆယ်အရွယ်ရှိ ဟျူးနန်မြို့သားတစ်ဦးဖြစ်သည်။ ပြီးခဲ့သော ဧပြီလက သူမ၏ အကြွေးဝယ်ကတ်အား ငှါးရမ်းသွားခဲ့ကာ အောက်တိုဘာလက နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက်ပိုင်း ခြေရာဖျောက်သွားခဲ့ခြင်း ဖြစ်သည်။ 

အကြွေးဆပ်ရန်အတွက် ဘဏ်မှ သူမထံ အကြောင်းကြားမှသာ သူမ၏ချစ်သူသည် ယွမ် သိန်း ၁၁၀ ကို သုံးစွဲသွားခဲ့ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် မည်သည့်အရပ်သို့ရောက်ရှိနေမှန်းမသိရသော သူမ၏ချစ်သူအား ယခုကဲ့သို့ ဆိုင်းဘုတ်ထောင်ကာ ရှာဖွေနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟေးနန်မြို့ရှိ အမျိုးသမီးငယ်တစ်ဦးသည် ရည်းစားဖြစ်သူ၏အချက်အလက်များကိုဆိုင်းဘုတ်တစ်
ခုတွင် ရေးသားလျက် အလိုရှိကြောင်း ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ ရည်းစားပျောက် ရှာပုံတော်ဖွင့်ခဲ့သည်။

ကလေးမွေးပြီးနောက် ချက်ချင်း ပြောင်းလဲ သွားသော ခန္ဓာကိုယ် အစိတ်အပိုင်း ၇ မျိုး



04 December 2012


ကလေးမွေးပြီးနောက် ချက်ချင်း ပြောင်းလဲသွားသော ခန္ဓာကိုယ် အစိတ်အပိုင်း ၇ မျိုးကိုယ်ဝန်ဆောင်တဲ့ ကာလ

အတွင်း အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ် အချိုးအစားက ပြောင်းလဲလာတာ ကို လူတိုင်းလိုလို သတိပြုမိကြပါတယ်။

"လက်ပံတောင်းသံဃာတော်များအရေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဆောင်ရွက်သွားမည်"

နေပြည်တော်၊ ဒီဇင်ဘာ ၎

ယနေ့နက် ၁၁ နာရီတွင် နေပြည်တော် ရှိ လွှတ်တော်အဆောက် အအုံ I-12 တွင်ပြုလုပ်သောလက်ပံတောင်း
တောင်ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေး၌ ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်း
စုကြည်က "ယခု ဖြစ်ပွားခဲ့သည့် ကိစ္စမှာ ယခင်ကာလများက ပွင့် လင်းမြင်သာမှု အားနည်းခဲ့ ၍ ဖြစ်ကြောင်း
 ပြောကြားခဲ့သည်။

အာဆီယံခေါင်းဆောင်တစ်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အဖွင့် မိန့်ခွန်းပြောကြားမည်

ရန်ကုန်-ဒီဇင်ဘာ၎

မနက်ဖြန်ဒီဇင်ဘာ၅ရက်တွင့်စတင်ကျင်းပမည့် အာဆီယံခေါင်းဆောင်တစ်ရာ တွေ့ဆုံဆွေးနွေးပွဲ၌NLDပါတီဥက္က

ဌဒေါ်အောင်ဆန်းစုကြည်အဖွင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းသိရသည်။ကိုးကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ
ဖြစ်သည့် အာဆီယံခေါင်းဆောင်တစ်ရာ တွေ့ဆုံမှုကို ရန်ကုန်မြိုရှိ ဆီဒိုးနားဟော်တယ်တွင် ဒီဇင်ဘာ၅၊၆နှစ်ရက်
တိုင်ကျင်းပမည်ဖြစ်သည်။

ဦးသန့် အရေးလှုပ်ရှားမှု ၃၈ နှစ်ပြည့် အခမ်းအနား ကျင်းပမည်

Photo: ဦးသန့် အရေးလှုပ်ရှားမှု ၃၈ နှစ်ပြည့် အခမ်းအနား ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၎
ကုလသမဂ်္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အရေးလှုပ်ရှားမှု ၃၈ နှစ်ပြည့် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့၌ မရမ်းကုန်း (၈) မိုင် လမ်းဆုဲံ အနီးပေါက်စေတီ ကျောင်းတိုက်၌ ကျင်းပသွားရန်ရှိ ကြောင်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
	၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့သော ကုလသမဂ်္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန ကိစ္စအား အကြောင်းပြု၍ ထိုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ဖြစ် ပွားခဲ့သည့် ဦးသန့်အရေး လှုပ်ရှားမှု မှတ်တမ်း စာအုပ် မိတ်ဆက်ပွဲအခမ်း အနားကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက Home Media ခန်းမတွင် ကျင်းပခဲ့သည်။
	စာအုပ်မိတ်ဆက်ပွဲတွင် ဦး သန့် အရေးလှုပ်ရှားမှု၌ ကိုယ်တိုင် ပါဝင်ခဲ့သူ ကျောင်းသားလှုပ်ရှားမှု ဦးဆောင်အဖွဲ့ဝင် ဦးကိုကိုလေးက “အဲဒီအချိန်မှာ ဦးသန့်အရေးမှာ ကျောင်းသား ၅၀ ကျော် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ဖမ်း ဆီးခံရသူ ဦးရေက ၈၀၀၀ ကျော် ရှိပါတယ်”ဟု ပြောသည်။Uta

ရန်ကုန် ဒီဇင်ဘာ ၎

ကုလသမဂ်္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အရေးလှုပ်ရှားမှု ၃၈ နှစ်ပြည့် အခမ်းအနားကို ဒီဇင်
ဘာ ၁၁ ရက်နေ့၌ မရမ်းကုန်း (၈) မိုင် လမ်းဆုဲံ အနီးပေါက်စေတီ ကျောင်းတိုက်၌ ကျင်းပသွားရန်ရှိ ကြောင်း ဖြစ်
မြောက်ရေး ကော်မတီထံမှ သိရှိရသည်။

တိုက်ကြီးတွင် ၄ နှစ်သားကလေးငယ် တောဆင်ရိုင်းနင်းခံရ၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၎
 
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာတွင်ဒီဇင်ဘာ၂ရက်နေက

ကလေးငယ်တစ်ဦး ဆင်နင်းခံရပြီးသေဆုံးသွားကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသွားမည် ဒီဇင်ဘာလအတွင်း မကွေး၊ နတ်မောက်နှင့် ကော့သောင်းသို့ သွားရောက်မည်

ရန်ကုန်၊ ဒီဇင်ဘာ-၃

ဒေါ်အောင်ဆန်းစုကြည်သည်ဒီဇင်ဘာလအတွင်း ပြည်တွင်းခရီး နှစ်ခုထွက်မည်ဖြစ်ကာဇန်န၀ါရီတွင်ကိုရီးယားနိုင်
 
ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိဖြစ်သောနတ်မောက်မြို့
ခရီးစဉ်စီစဉ်ပြီးမှ ကျန်းမာရေးအပါအ၀င်မကွေးတိုင်းဒေသကြီးအတွင်း မြို့များသို့ ကြားဖြတ်ရွေးကောက်ပွဲကာလ
အခြေအနေကြောင့်မသွားဖြစ်ခဲ့သည့်အတွက်ယခုဒီဇင်ဘာ၁၁ ရက်တွင် နှစ်ရက်တာသွားရောက်မည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်စီစဉ်မှုများတွင် အနီးကပ်ပါဝင်သူတစ်ဦးက ပြောကြားသည်။

တော်ဝင်သစ်ချောစက်ရုံပိုင်ရှင်က ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်မလိုက်နာသည့်အတွက် အလုပ် သမား ၁၈၀ ကျော်သည် ယနေ့ အလုပ်ရုံနှင့်အ လုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနရုံးများသို့ သွားရောက်

Photo: ရွှေပြည်သာမြို့နယ် တော်ဝင်သစ်ချောစက်ရုံပိုင်ရှင်က ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်အတိုင်း ဆန္ဒပြလုပ်သားများကို နိုဝင်ဘာ ၂၇ ရက်မှစ၍ စက်ရုံအတွင်း ပြန်လည်လုပ်ကိုင်ခွင့်ပြုရမည်ကို မလိုက်နာသည့်အတွက် အလုပ်သမား ၁၈၀ ကျော်သည် ယနေ့ နံနက် ၉ နာရီခန့်မှစ၍ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနရုံးများသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၆ ရက်က ချမှတ်ခဲ့သော ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်အတိုင်း အလုပ်ရှင်ဘက်မှ မလိုက်နာသည့်အတွက် ၎င်းတို့အား စက်ရုံ၌ ဆက်လက်လုပ်ကိုင်ခွင့် မပြုပါက အလုပ်ရှင်အနေဖြင့် အလုပ်ထုတ်နစ်နာကြေး တိတိကျကျ ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြချီတက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာရုံးများသို့ ကောင်စီဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် ယင်းကိစ္စတာဝန်ယူမည့်အရေး အတူတကွ သွားရောက်စုံစမ်းမေးမြန်းခြင်းဖြစ်သည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
ဓာတ်ပုံ- ကျော်ဇင်သန်း
ရွှေပြည်သာမြို့နယ် တော်ဝင်သစ်ချောစက်ရုံပိုင်ရှင်က ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်အတိုင်း ဆန္ဒပြလုပ်သား
များကို နိုဝင်ဘာ ၂၇ ရက်မှစ၍ စက်ရုံအတွင်း ပြန်လည်လုပ်ကိုင်ခွင့်ပြုရမည်ကို မလိုက်နာသည့်အတွက် အလုပ်
သမား ၁၈၀ ကျော်သည် ယနေ့ နံနက် ၉ နာရီခန့်မှစ၍ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ အလုပ်ရုံနှင့်အ
လုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနရုံးများသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်အရေးသပိတ်စခန်းများ ဖြိုခွင်းခံရခြင်းအပေါ်

လက်ပံတောင်းတောင်အရေး ဆန္ဒပြတောင်းဆိုသောသပိတ်စခန်းများကိုအင်အားသုံး ဖြိုခွင်းခဲ့ခြင်းကြောင့် လူနှင့်
 သံဃာများ ဒဏ်ရာရရှိခဲ့၍ အဆိုပါလုပ်ရပ်အပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ယနေ့ရက်စွဲဖြင့် ကြေညာ
ချက်တစ်စောင် ထုတ်ပြန်သည်။ ကြေညာချက်အပြည့်အစုံမှာ ပူးတွဲပါအတိုင်းဖြစ်သည်။

၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း ယနေ့ ထုတ်ပြန်ကြေငြာ

၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းထုတ်ပြန်
ရန်ကုန်-ဒီဇင်ဘာ၎
ရန်ကုန်-ဒီဇင်ဘာ၎
၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းယနေ့ ထုတ်ပြန်ကြေငြာလိုက်ကြောင်းသတင်းရရှိပါသည်။

ဒီဇင်ဘာ ၄ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၂ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ

ဂရပ်ဖတီ ဆွဲခြင်း ရန်ကုန်မှာ ပိတ်ပင်ပြီ

အိုဘားမားကို ကြိုဆိုတဲ့ ဂရပ်ဖတီ တရက်အတွင်း ဖျက်ဆီးခံလိုက်ရစဉ်၊ ဓာတ်ပုံ- ဂျေပိုင်
Tuesday, December 04, 2012 
 
ရန်ကုန် စည်ပင်သာယာရေးကော်မတီ ဥက္ကဌရန်ကုန်မြို့တော်ဝန်ကတော့နံရံဆေးရေးပန်းချီဆွဲမှုကို ပိတ်ပင်လိုက်
ပါတယ်။ မြို့တော်ရဲ့ လှပမှု၊ သန့်ရှင်းမှုကိုထိခိုက်ရုံသာမကတပါးသူကိုလည်းစိတ်အနှောက်အယှက်ဖြစ်ရပါတယ်
လို့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့စွဲနဲ့ အမိန့်အမှတ် ၁ /၂၀၁၂ အရ ဆိုပါတယ်။

ဆယ်စုနှစ် နှစ်ခုကျော်အကြာ ပထမဆုံး ဆန္ဒပြသော တရုတ် အလုပ်သမားများကို စင်ကာပူ နှင်ထုတ်


စင်္ကာပူ၊ ဒီဇင်ဘာ ၃

စင်္ကာပူ နိုင်ငံ၌ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားမဝင် ဆန္ဒပြမူပြုလုပ်ခဲ့သောတရုတ်နိုင်ငံသား ခရီးသည်ယာဉ် မောင်း သမား ၂၉ ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
အစိုးရပိုင် SMRT ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်း၏ လုပ်ခလစာနှင့် နေထိုင်မှု အခြေအနေများကို မကျေနပ် သဖြင့် တရုတ်နိုင်ငံသား ခရီးသည်တင်ယာဉ်မောင်း ၁၇၁ ဦးပြီးခဲ့သည့် ရက်များအတွင်း ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့သည်။

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....

ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။

International

English to Myanmar
Hebrew to Myanmar
Greek to Myanmar
Portuguese to Myanmar
French to Myanmar
Dutch to Myanmar
Arabic to Myanmar
Spanish to Myanmar

Europe

Norwegian to Myanmar
Finnish to Myanmar
Romanian to Myanmar
Polish to Myanmar
Swedish to Myanmar
Danish to Myanmar
German to Myanmar
Russian to Myanmar

Asia

Japanese to Myanmar
Chinese to Myanmar
Korean to Myanmar
Malay to Myanmar
Filipion to Myanmar
Vietnamese to Myanmar
Thai to Myanmar
Hindi to Myanmar

 အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။

ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site
 လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com/ မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုများနေသလောက်စည်းကမ်းချိုးဖောက်သူများလာနေတဲ့ ရန်ကုန်


ယာဉ်ကြောပိတ်ဆို့မှုများနေသလောက်စည်းကမ်းချိုးဖောက်သူများလာ

December 3, 2012  Home, သတင်း
 

အစိုးရသစ်လက်ထက်တွင် မကြာသေးမီလများအတွင်းက စတင်၍ ပြည်ပမှမော်တော်ယာဉ် မှာယူ တင်သွင်းခွင့်ပေးလိုက်မှုနှင့် အတူ ပြည်တွင်းမော်တော်ယာဉ် အရောင်းပြခန်းများပါ ဖွင့်လှစ် လာပြီးသည့်နောက်ပိုင်း ရန်ကုန် မြို့လယ်ရှိ လမ်းမများပေါ်၌ သာမက မြို့ပြင်လမ်းမများပေါ်၌ ပင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ် ပွားနေသည်။ထို့အပြင်ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းချိုးဖောက် ကျူးလွန်သူများလည်း ယခင်က ထက် ပိုမိုတွေ့ရှိလာရကြောင်း မြို့ခံခရီးသွားပြည်သူများ၊ ယာဉ် မောင်းသူများနှင့်သက်ဆိုင်ရာ တာဝန်ရှိ ၀န်ထမ်းများထံမှ စုံစမ်း သိရှိရသည်။
၎င်းတို့ ပြောပြချက်များအရ သိရသည်မှာ စည်းကမ်းချိုးဖောက် မှုပုံသဏ္ဌန်မျိုးစုံကို တွေ့ရသည့် အနက် လမ်းပေါ်တွင် အချိန် ကြာမြင့်စွာ ကားရပ်ထားခြင်း၊ မီးပွိုင့်တွင် တစ်ဖက်ယာဉ်ကြောမှ အတင်းခေါင်းထိုးပြီး ၀င်ရောက် နေခြင်း၊ ရှေ့တွင် ကားပိတ်နေ သည့်အခါ လစ်လျင်လစ်သလို ကွေ့လမ်းမဟုတ်ဘဲ ဖြတ်ကွေ့ သွားတတ်ခြင်းနှင့် အချို့လိုင်း ကားများ မိမိလမ်းကြောင်းသွေ ဖည်ပြီး ကားရှင်းရာလမ်းများဖက် မှ ကွေ့ရှောင်မောင်းနှင်ပြေးဆွဲနေ ခြင်းများက အဆိုးဆုံးတွေ့ရသည်ုဆို၏။
မထသမှ တာဝန်ရှိဝန်ထမ်း တစ်ဦးအဆိုအရ ““လမ်းပေါ် ကား များလာလို့ ယာဉ်ကြောပိတ်တာ အများနည်းတူပဲ ဘာတတ်နိုင်မှာ လဲ။ အခုက သည်းခံရပ်မစောင့် ကြတော့ဘူးလေ။ အလုအယက် ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ ကြာ ရင်  မလွယ်ဘူး။ တော်တော်များ  များ တရားပျက်ကုန်ကြပြီ။ ဒီထဲ မှာလည်း လိုင်းကားတွေကတော့ အတင့်ရဲလွန်းတာကမ်းကုန်ပဲ”” ဟု ပြောဆိုခဲ့သည့်နည်းတူ အင်းစိန် မှနေ၍ သိမ်ကြီးဈေး ဂမုန်းပွင့် ကုန်တိုက်သို့ နေ့စဉ် အလုပ် ဆင်းရသူတစ်ဦးကလည်း ““သူတို့ ကလမ်းပိတ်နေရင် မဟာဗန္ဓုလ လမ်းကို မကွေ့တော့ဘဲ ကမ်းနား လမ်းဘက်က ကွေ့မောင်း တာဗျ။ ရပ်ခိုင်းတော့လည်း မကြားချင် သလို မကြိုက်ချင်သလိုနဲ့။ ကျွန် တော်တို့မှာ အိမ်က စောမထွက် မိတဲ့နေ့ဆို အောက်ဘက်က ပြန်လျှောက်ရတာ အဝေးကြီး။ တစ်ခါကလည်း ခြောက်ထပ်ရုံး ဘက်အထိတောင် ပါသွားသေး တယ်””ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
ယခုအခါ ရန်ကုန်မြို့ ဧရိ ယာအတွင်း ယာဉ်စီးရေတစ်နေ့ တစ်ခြား အဆမတန် တိုးပွားလာ မှုကြောင့်  နာမည်ကြီး မီးပွိုင့်လမ်း  ဆုံများတွင် ယာဉ်ကြောအကျပ် ဆုံး အချိန်များ၌ အနည်းဆုံး မီးနီ နှစ်ကြိမ် ပြန်မိသည်များပင်ရှိနေ ပြီးယခင်က မီးပွိုင့်ဆိုလျှင် မနက် ပိုင်း၌ ကျောက်မျက်ရုံးရှေ့လွန် သည်အထိ ကားတန်းရှည်လျား နေမှုကို မြင်တွေ့ရသည်။
 

အာဝါသ

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  The Hot News

အစိုးရသစ်လက်ထက်တွင် မကြာသေးမီလများအတွင်းက စတင်၍ ပြည်ပမှမော်တော်ယာဉ် မှာယူ တင်သွင်းခွင့်
ပးလိုက်မှုနှင့် အတူ ပြည်တွင်းမော်တော်ယာဉ် အရောင်းပြခန်းများပါ ဖွင့်လှစ် လာပြီးသည့်နောက်ပိုင်း ရန်ကုန် မြို့လယ်ရှိ လမ်းမများပေါ်၌ သာမက မြို့ပြင်လမ်းမများပေါ်၌ ပင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ် ပွားနေသည်။

အာဇာနည်ခေါင်းဆောင် ဦးရာဇတ် နိုင်ငံရေး အမွေ ဆက်ခံမည့် အမျိုးသား ညီညွတ်ရေးပါတီအား တည်ထောင်ခွင့်ပြု

အာဇာနည်ခေါင်းဆောင် ဦးရာဇတ် နိုင်ငံရေး အမွေ ဆက်ခံမည့် အမျိုးသား ညီညွတ်ရေးပါတီအား တည်ထောင်ခွင့်ပြု

လူမျိုးစု သွေးစည်းရေး ၀ါဒကို အကောင်အထည်ဖော်မည့် အမျိုးသားညီညွတ်ရေးပါတီ (United National Congress ) ပါတီကို တည်ထောင်ရန် အောက်တိုဘာ ၁၅ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ကြောင်း ၊ မြန်မာတိုင်းမ် တွင်ဖော်ပြထားသည်။ “ ခွင့်ပြုမိန့်ကျပြီ ဆိုတဲ့ အတွက် ကြောင့် ၁၂ရက်နေ့မှာ နေပြည်တော်သွားပြီး မှတ်ပုံတင်ဖို့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်” ပြန်လာတဲ့ အခါမှာ တခြား နိုင်ငံရေးပါတီ တွေနဲ့ မိတ်ဆုံပွဲ လုပ်ပြီးတော့ တကယ်လို့များ အထက်မြန်မာပြည် တပ်ပေါင်းစု ကို ဖွဲ့လို့ရရင် ဖွဲ့ စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ပါတီတည်ထောင်လိုသူ များ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။ အဆိုပါ ပါတီကို မူလက ပသီအမျိုးသား ကွန်ဂရက် အဖြစ် လျှောက်ထားခဲ့သော်လည်း နိုင်ငံတော်က အသိအမှတ်ပြုထားသော စာရင်းတွင် ပသီလူမျိုးမပါဝင်သဖြင့် အမည်သစ် ပြန်လည်ရွေးချယ်ရန် အကြောင်းကြား၍ နာမည် ပြောင်းလဲ လျှောက်ထားခဲ့ရသည်။

အမျိုးသားညီညွတ်ရေး ပါတီသည် မြန်မာမွတ်စလင် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ နိုင်ငံရေးအမွေကို ဆက်ဆံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားရေးဆိုင်ရာ လမ်းညွှန်ခ်ျကို အကောင်အထည်ဖော်မည့် ပါတီဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာ ၁ရက် နေ့တွင် ၅၁ ကြိမ်မြောက် ပသီအမျိုးသားနေ့ကို မန္တလေးမြို့ အမရပူရမြို့နယ် ၊ ဘုန်းအို ကျေးရွာတွင် ကျင်းပခဲ့သည်။

ပသီ လူမျိုးများသည် ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက နေထိုင်ခဲ့ကြပြီး ပသီလူမျိုးများ၏ ဘာသာရေးဆိုင်ရာများ ဆောင်ရွက်ရန် ၀န်ကြီးခန့်အပ်ခဲ့သည့် အထောက်အထားများ သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

 

မွတ်စလင် သတင်းစဉ် နှင့် မြန်မာတိုင်းမ်

လူမျိုးစု သွေးစည်းရေး ၀ါဒကို အကောင်အထည်ဖော်မည့် အမျိုးသားညီညွတ်ရေးပါတီ (UnitedNationalCongre
ss ) ပါတီကို တည်ထောင်ရန် အောက်တိုဘာ ၁၅ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြု
လိုက်ကြောင်း ၊ မြန်မာတိုင်းမ် တွင်ဖော်ပြထားသည်။

စက္ကူနှင့်လုပ်သော အာကာသလေယာဉ် ငယ်ကို ဗြိတိန်တို့လွှင့်တင်

စက္ကူနှင့်လုပ်သော အာကာသလေယာဉ် ငယ်ကို ဗြိတိန်တို့လွှင့်တင်

03 DECEMBER 2012  | BY SHADE JOURNAL

မသိရင်တော့ ရယ်စရာ သတင်းလို ဖြစ်နေပါတယ်။ အမှန် တကယ် လည်း စက္ကူနဲ့လုပ်တဲ့ အာကာသ လေယာဉ်ငယ်ကို ဗြိတိန်က အပျော် တန်း အာကာသ ပညာရှင်များ အဖွဲ့က လွှတ်တင် ခဲ့ပါတယ်။ အာကာသ အထိတော့မရောက်ပါဘူး။ ကမ္ဘာ့လေထုရဲ့ အာကာသမရောက်ခင် ဆက်ကြားအလွှာအထိရောက်ရှိပါတယ်။
 
နိုဝင်ဘာ ဒုတိယအပတ်ကဖြစ်ပါတယ်။ ကောက်ရိုးခြောက်နဲ့ လုပ်ပြီး စက္ကူနဲ့ပြန်ဖုံးပေးထားတဲ့ လေယာဉ်ငယ်ဖြစ်ပါတယ်။ ကလေး ကစားစရာအရုပ်အရွယ်ပဲရှိပါတယ်။ လေယာဉ်မှာ ကင်မရာများတပ် ဆင်ပေးထားပြီး ဟီလီယံလေပူပေါင်းနဲ့တွဲလို့ လွှတ်တင်ပေးခဲ့ပါတယ်။ ကမ္ဘာ့လေထုရဲ့ အမြင့်ဆုံးအလွှာထိရောက်ပြီး ကမ္ဘာမြေဓာတ်ပုံနဲ့ ဗီဒီယိုများရိုက်ကူးပေးနိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာ လွှတ်တင်တာဖြစ် ပါတယ်။
လွှတ်တင်တဲ့နေရာနဲ့ မိုင် ၂၀ကျော် တောတစ်နေရာမှာ ပြန် လည်တွေ့ရှိပါတယ်။ ကောင်းကင်ဝေဟင်မှ ရိုက်ကူးတဲ့ကမ္ဘာ့မြေပြင် ဓာတ်ပုံများအတွက် များစွာအကုန်ကျခံစရာမလိုဘူးလို့ သက်သေပြ သွားပါတယ်။
သာမာန်ဆိုရင် အာကာသယာဉ်ပျံသို့မဟုတ် လေယာဉ် နဲ့သာရိုက်ကူးလို့ရမယ့်ပုံရိပ်များကို ဗြိတိန်အပျော်တမ်း Space enthusiasts က ဈေးသက်သက်သာသာနဲ့ပြုလုပ်နိုင်တယ်လို့ သက်သေ ပြသွားခြင်းဖြစ်ကြောင်းသိရသည်။
Ref:BBC

SHADE journal
post by mobile ACM

မသိရင်တော့ ရယ်စရာ သတင်းလို ဖြစ်နေပါတယ်။ အမှန် တကယ် လည်း စက္ကူနဲ့လုပ်တဲ့ အာကာသ လေယာဉ်
ငယ်ကို ဗြိတိန်က အပျော် တန်း အာကာသ ပညာရှင်များ အဖွဲ့က လွှတ်တင် ခဲ့ပါတယ်။ အာကာသ အထိတော့
မရောက်ပါဘူး။ ကမ္ဘာ့လေထုရဲ့ အာကာသမရောက်ခင် ဆက်ကြားအလွှာအထိရောက်ရှိပါတယ်။

ဗြိတိန်တော်ဝင်မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန် ကိုယ်ဝန်လွယ်ထားရပြီဟု ဘက်ကင်ဟမ်နန်းတော် ကြေညာ

ကိတ်မစ်ဒယ်လ်တန် ကိုယ်ဝန်လွယ်ထားရပြီဟု ဘက်ကင်ဟမ်နန်းတော် ကြေညာ


ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့အတွက် ထီးမွေနန်းမွေ ဆက်ခံမည့် ပထမဆုံးရင်သွေးကို ရရှိတော့မည်ဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ယနေ့ (ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာ ၁ ရက်က ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို၂ ရက်အကြာ ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်း

ဒီဇင်ဘာ ၁ ရက်ကဖွဲ့စည်းခဲ့သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို၂ ရက်အကြာ ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်
ဆင်ဖွဲ့စည်းလိုက်သည်။အဆိုပါကော်မရှင်တွင်မူလအဖွဲ့ဝင် ၃၀ ဦးရှိရာမှ ၁၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်းထားသည်ကို
 တွေ့ရသည်။စုံစမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒုတိယမြောက်ရင်သွေး မမွေးဖွားမီ ချစ်သူနှင့်လက်ထပ်ရန် စီစဉ်ထားတယ်ဆိုတဲ့ အဆိုတော် ဂျက်ဆီကာ ဆင်မ်ဆန်

ဒုတိယရင်သွေး မမွေးဖွားမီ လက်ထပ်နိုင်ရန် ဂျက်ဆီကာ စီစဉ်

အဆိုတော် ဂျက်ဆီကာ ဆင်မ်ဆန်သည် ချစ်သူနှင့်လက်ထပ်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းလိုက်ရသော်လည်း ဒုတိ
ယမြောက်ရင်သွေး မမွေးဖွားမီ လက်ထပ်နိုင်ရန် စီစဉ်နေသည်။ဂျက်ဆီကာသည်ဒုတိယမြောက်ရင်သွေးကို လွယ်
ထားရပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း သူမကိုယ်တိုင်ကမူထွက်ပေါ်နေသောသတင်းများနှင့်ပတ်သတ်
ပြီး တစ်စုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးချေ။

ဦးပိန်တံတားကို အစကနေအဆုံး လျှောက်လိုက်ရတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဖီလင်အသစ်

သင်ဇာဝင့်ကျော်ရဲ့ ဖီလင်အသစ်

    03 December 2012  | 

သင်ဇာဝင့်ကျော်ရဲ့ ဖီလင်အသစ်သင်ဇာဝင့်ကျော်က ဒါရိုက်တာ မီးပွားရိုက်တဲ့ ‘ကြေမွသွားသော’ ဗီဒီယို ကားမှာ နိုင်းနိုင်းနဲ့ အတူ သရုပ်ဆောင် ဖို့ ပြင်ဦးလွင် ကို ရောက်နေပါတယ်။ သင်ဇာဝင့်ကျော်ပါဝင်တဲ့ ‘မန္တလေးသား’ဆိုတဲ့ ကားကိုတော့ထုံးစံအတိုင်း မန္တလေး ပရိသတ်တွေ အကြိုက်တွေ့ပြီး အားပေးနေကြပါတယ်။ အဲဒီ မန္တလေးသားကား ရိုက်တုန်းက အမှတ်တရ အကြောင်း ပြန်မေးတော့ “အဲဒီကားရိုက်တုန်းက တော်တော်ပူတာ။ တအားပူပါတယ်ဆိုတဲ့ အချိန်မှာ ဦးပိန်တံတားကို အစကနေအဆုံး လျှောက်လိုက်ရတယ်”လို့ ပြောပါတယ်။

 

သင်ဇာဝင့်ကျော်က အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး (သုဝဏ္ဏမှာလုပ်တုန်းက) အဲဒီတုန်းက မော်ဒယ်လုပ်ခါစ။ တီဗီကြော်ငြာတွေ ရိုက်နေတဲ့အချိန်ပေါ့။ ဗီဒီယိုတောင် မရိုက်ရသေးဘူး။ မဇာ(နဝရတ်)နဲ့ တစ်ပွဲ တက်ခဲ့ဖူးတယ်။ နောက်တစ်နှစ်နေပြည်တော်မှာ စလုပ်တော့ ဗန်းကိုင်ဖြစ်သွားတယ်။ သုဝဏ္ဏ မှာတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ တက်ရတဲ့ ဖီလင်တစ်ခါမှ မကြုံဖူးသေးဘူး။ အဲဒီတော့ ဖီလင်အသစ် ဖြစ်မယ် ထင်ပါ တယ်”လို့ ပြောပါ တယ်။

သင်ဇာဝင့်ကျော်ကို ပြည်ပ ဖျော်ဖြေပွဲသွားတာ သိပ်မတွေ့ရလို့မေးတော့ “တမင်ကို မသွားတာ။ ဘာဖြစ်လို့လဲ ဆိုတော့ Plus One မရဘူး။ ကိုယ်တစ်ယောက်တည်း သွားလို့လည်း အဆင်မပြေ ဘူး။ အရင်တစ်ခေါက်တွေက တစ်ယောက်အပို ခေါ်လို့ရတယ်။ အခုမရတော့ ကိုယ်လည်း ခက်ခဲတာနဲ့မသွားတာ”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင် 

အေးချမ်းမွန်မှ   Popular News 
 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Popular News

သင်ဇာဝင့်ကျော်ရဲ့ ဖီလင်အသစ်သင်ဇာဝင့်ကျော်က ဒါရိုက်တာ မီးပွားရိုက်တဲ့ ‘ကြေမွသွားသော’ ဗီဒီယို ကားမှာ
 နိုင်းနိုင်းနဲ့ အတူ သရုပ်ဆောင် ဖို့ ပြင်ဦးလွင် ကို ရောက်နေပါတယ်။ သင်ဇာဝင့်ကျော်ပါဝင်တဲ့ ‘မန္တလေးသား’ဆိုတဲ့ ကားကိုတော့ထုံးစံအတိုင်း မန္တလေး ပရိသတ်တွေ အကြိုက်တွေ့ပြီး အားပေးနေကြပါတယ်။

ထိခိုက် ဒဏ်ရာရှိသောသံဃာတော် များ အားလုံးကိုမန္တလေးပြည်သူ့ဆေးရုံကြီး မှတ်တမ်း စာအုပ်တွင် ရာဇ၀တ်မှုလူနာဟုတံဆိပ်တုံးရိုက်နှိပ်

ကောင်းကြသေးလား.....ဗုဒ္ဓဘာသာနိုင်ငံတဲ့ဗျာ
............................................................
မုံရွာမြို့ မှ လက်ပံတောင်းတောင်အရေး ထိခိုက် ဒဏ်ရာရှိသောသံဃာတော် များ အားလုံးကိုမန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပြောင်းရွေ့လိုက်ပြီးဖြစ်ကြောင်း သိရသည်။ ထို့သိုပြောင်းရွေ့လိုက်သောသံဃာတော်များ ၏ ဆေးရုံမှတ်တမ်း စာအုပ်တွင် ရာဇ၀တ်မှုလူနာဟုတံဆိပ်တုံးရိုက်နှိပ်ပေး လိုက်ကြောင်းသိရသည်။

Yangon Media Group

မုံရွာမြို့ မှ လက်ပံတောင်းတောင်အရေး ထိခိုက် ဒဏ်ရာရှိသောသံဃာတော် များ အားလုံးကိုမန္တလေးပြည်သူ့ဆေး
ရုံကြီး သို့ ပြောင်းရွေ့လိုက်ပြီးဖြစ်ကြောင်း သိရသည်။ ထို့သိုပြောင်းရွေ့လိုက်သောသံဃာတော်များ ၏ ဆေးရုံမှတ်
မ်း စာအုပ်တွင် ရာဇ၀တ်မှုလူနာဟုတံဆိပ်တုံးရိုက်နှိပ်ပေး လိုက်ကြောင်းသိရသည်။

အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် လေထုညစ်ညမ်းမှု မြင့်မား ဆိုးရွားနေသောကြောင့် ကျောင်းများ၊ တက္ကသိုလ်များနှင့် အစိုးရရုံးများကို ပိတ်ပင်ထားမည်

Breaking News:
အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် လေထုညစ်ညမ်းမှု မြင့်မား ဆိုးရွားနေသဖြင့် ကျောင်းများ၊ တက္ကသိုလ်များနှင့် အစိုးရရုံးများကို အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များ (ဒီဇင်ဘာ ၄၊ ၅) တွင် ပိတ်ပင်ထားမည်ဖြစ်ကြောင်း အစိုးရသတင်းဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။

ဆေးရုံနှင့် ဘဏ်များကို ဖွင့်လှစ်ထားမည်ဖြစ်သော်လည်း ဒေသခံများ အနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန် တီဟီရန်မြို့တော်ဝန်က တိုက်တွန်းထားကြောင်း အီရန်သတင်းဌာန IRNA က ပြောကြားသည်။

Breaking News:
အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် လေထုညစ်ညမ်းမှု မြင့်မား ဆိုးရွားနေသဖြင့် ကျောင်းများ၊ တက္ကသိုလ်များနှင့် အစိုးရရုံးများကို အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များ (ဒီဇင်ဘာ ၄၊ ၅) တွင် ပိတ်ပင်ထားမည်ဖြစ်ကြောင်း အစိုးရသတင်းဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။

၂၆ ရက်နေ့က လက်ပံတောင်းတောင် အရေးနဲ့ပက်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ သူတွေထဲက လူ ၆ ဦးကိုယနေ့ ရုံးထုတ်

အချုပ်ကားနဲ့ လက်ခုပ်သံ -
.................................
စနေလင်း| December 3, 2012 | ဧရာဝတီ

ဒီနေ့မနက် ၁၀ နာရီဝန်းကျင်ခန့် ကျောက်တံတား တရားရုံးရှေ့မှာ သတင်းသမားတချို့၊ နိုင်ငံရေး လှုပ်ရှားတဲ့ သူတွေကို အကူအညီပေးနေတဲ့ သူတချို့၊ လာအားပေးသူ တချို့နဲ့ စည်ကားနေတာ တွေ့ရတယ်။ လူအုပ်က အနည်းဆုံး ၅၀ မက ရှိပါတယ်။

၂၆ ရက်နေ့က လက်ပံတောင်းတောင် အရေးနဲ့ပက်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ သူတွေထဲက လူ ၆ ဦးကိုပုဒ်မ ၅၀၅ (ခ)၊ စည်တန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ တို့နဲ့ တရားစွဲခဲ့တဲ့ အမှုကို ရုံးထုတ်တဲ့အတွက် အခုလို လာရောက် အားပေးနေကြတာလို့ သိရတယ်။

အဖမ်းခံလိုက်ရတဲ့ သူတွေဖြစ်တဲ့ ဒေါ်နော်အုံးလှ၊ ကိုဝေဠု၊ ဒေါ်ရှမ်းမ၊ ဦးမျိုးချစ်တို့ ၄ ဦးကတော့ ကျောက်တံတား တရားရုံးကော ပန်းဘဲတန်း တရားရုံးမှာပါ ဒီပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတာပါ။ ကိုညီညီနဲ့ ကိုရဲလင်းဦးတို့ ကတော့ ကျောက်တံတား တရားရုံးမှာပဲ ဒီပုဒ်မတွေနဲ့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ သူတွေကို ဆက်တိုက် ဖမ်းဆီးနေတာကြောင့် လူတော်တော်များများ စိတ်ပါဝင်စားပြီး လာရောက် အားပေးကြတဲ့သူတွေလည်း မနည်းပါဘူး။

သူတို့ ၆ ဦးကို အချုပ်ကား ပေါ်ကနေ သုတ်သုတ်ဆင်းခိုင်းပြီး တရားရုံးထဲက အချုပ်ထဲကို ပို့လိုက်တယ်။ အဲဒီ အချုပ်နားကို ဘယ်သူမှ ကပ်ခွင့်မရသလို တရားခွင်ထဲမှာလည်း နေရာကျဉ်းတာကို အကြောင်းပြပြီး လိုက်ပါကူညီနေတဲ့ ရှေ့နေ ကွန်ယက်က ရှေ့နေတွေကလွဲလို့ ဘယ်သူမှ တက်ရောက်နားထောင်ခွင့် မရခဲ့ပါဘူး။

မနက် ၁၁ နာရီ ကျော်လောက်မှာတော့ ဒီ ၆ ဦးကို ကျောက်တံတား တရားရုံးက ရုံးထုတ်တဲ့ကိစ္စပြီးလို့ ပန်းဘဲတန်း တရားရုံးကို ဆက်လက် ခေါ်ဆောင်သွားပါတယ်။

“ကျောက်တံတား တရားရုံးမှာ အားလုံးနဲ့ ပက်သက်တဲ့ အာမခံလျှောက်တယ်။ ရဲက ပထမ ဖမ်းဆီးတာက ပုဒ်မ ၁၈ နဲ့ ဖမ်းတယ်။ တကယ်တရားစွဲတော့ ၅၀၅ (ခ) နဲ့ စွဲချက်တင်တယ်။ အဲဒီကိစ္စအပေါ်မှာ ကျနော်တို့ ရှေ့နေတွေက လျှောက်လွှဲချက် ပေးတာပေါ့။ အာမခံကိုတော့ ပယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားခံပြေး အမှုရှိနေတဲ့အတွက် ပယ်တာ။ နောက် ဒီပုဒ်မကလည်း အာမခံ လက်တလော ပေးလို့မရတဲ့ ပုဒ်မဖြစ်နေတယ်။ ရုံးချိန်ကိုတော့ ဒီလ ၁၁ ရက်နေ့ကိုပြန်ချိန်းတယ်” လို့ ရှေ့နေကွန်ယက်က ဦးအောင်သိန်းက ပြောပြတယ်။

ကျောက်တံတား တရားရုံးကနေ ပန်းဘဲတန်း တရားရုံးကို အားပေးကြတဲ့သူ တော်တော်များများက လမ်းလျှောက် သွားမယ်လို့ ဆုံးဖြတ်ကြပြီး လမ်းလျှောက်သွားတယ်။ အားပေးတဲ့သူတွေ ပန်းဘဲတန်း တရားရုံးကို ရောက်တော့ အချုပ်ကားထဲကနေ အဲဒီရုံးမှာ တရားစွဲ မခံရတဲ့ ကိုညီညီနဲ့ ကိုရဲလင်းဦးတို့ နှစ်ဦးကတော့ အချုပ်ကားထဲမှာ ကျန်ခဲ့တယ်။ တခြားသူတွေကတော့ တရားရုံးရဲ့ အချုပ်ထဲမှာ ရောက်နေပြီ။

မိနစ် ၂၀ ကျော်လောက် ကြာလာတော့ ရဲက ခေါ်တယ်။ ပါဝါတင်မယ့် ရှေ့နေတွေ ၀င်ကြပါဆိုတော့ ရှေ့နေတွေ အထဲကို ၀င်သွားပါတယ်။ လာအားပေးတဲ့ သူတွေရော၊ အဖမ်းခံရတဲ့သူတွေရဲ့မိသားစုဝင်တွေ အားလုံးကပါ တရားရုံး အပြင်ဘက် လမ်းမပေါ်မှာ ကြုံသလို စောင့်နေကြတယ်။ တချို့ကလည်း အချုပ်ကားထဲမှာရှိနေတဲ့ ကိုညီညီနဲ့ ကိုရဲလင်းဦးတို့ကို စကားတွေပြောနေကြတယ်။

ကိုရဲလင်းဦးကတော့ ဒီလို ဖမ်းဆီးလိုက်တဲ့အပေါ် ဘာစောဒကမှ တက်စရာမရှိဘူးလို့ အချုပ်ကားထဲကနေ ပြောနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုလိုဖမ်းဆီးတယ် ဆိုတဲ့ သူတွေက အောက်ခြေက ၀န်ထမ်းတွေသာဖြစ်တယ်၊ အပေါ်က အုပ်ချုပ်သူတွေ ခိုင်းတဲ့အတိုင်း လိုက်လုပ်ရတဲ့သူတွေ ဖြစ်တဲ့အတွက် ဘာမှ ချေပစရာ မရှိပါဘူးတဲ့။

လိုက်ပါ ကူညီနေတဲ့ ရှေ့နေတွေကသာ ဆောင်ရွက်သွားမယ်တဲ့။ နောက်တချက် သူထပ်ဖြည့် ပြောလိုက်တာကတော့ သူတို့နောက်မှာ သန်းပေါင်း ၆၀ သော ပြည်သူတွေရှိတယ်လို့ ယုံကြည်ပါတယ် ဆိုတာပါပဲ။

သူတို့ကို အခုလို ဖမ်းဆီးလိုက်တဲ့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသား အခွင့်အရေးအရ တောင်းဆိုသွားမယ် လို့လည်း ဆိုပါတယ်။

နိုင်ငံသား တယောက်အနေနဲ့ စီတန်းလှည့်လည်းပိုင်ခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်၊ တခုပဲ ပြောစရာ ဖြစ်စေတာက သူတို့ အနေနဲ့ ဒီလိုလုပ်ဖို့ သက်ဆိုင်ရာကို ခွင့်ပြုချက်မတင်ခဲ့တာ တခုပဲလို့ ကိုရဲလင်းဦးက ပြောပါတယ်။

ဒီလိုလုပ်လိုက်လို့လဲ သူတို့ အနေနဲ့ စည်တန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ ရုံးချိန်းတွေ သွားရမယ်၊ အမှု ရင်ဆိုင်ရမယ၊ ဒီလောက်ပဲဖြစ်မယ်လို့ တွေးထားတယ်။ တကယ် တရားရင်ဆိုင်ရတဲ့ အခါကျမှ ၅၀၅ (ခ) ဆိုတဲ့ ပုဒ်မ တပ်လိုက်တော့ သူတို့ကိုဖမ်းတာဟာ တကယ်ကို ထောင်ချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အာဏာပိုင်တွေဆီမှာ နဂိုကတည်းက ရှိပြီးသားလို့ ထင်မိတယ်ဆိုပြီး သူက ဆိုပါတယ်။

“အဲဒီလို ဖမ်းဆီးတဲ့ အတွက်လည်း ကျနော်တို့ကို ဖမ်းတဲ့သူတွေ အားလုံးအပေါ် ပုဂ္ဂိုလ်ရေးအရ နာကျည်းခြင်း၊ မုန်းတီးခြင်း၊ လက်စား ချေလိုခြင်း လုံးဝမရှိဘူး။ ဘာလို့လဲ ဆိုတော့ ပုံပြင်လေး တခုလိုပေါ့။ ခွေးအလုပ် ခွေးလုပ်ကြ၊ မြင်းအလုပ် မြင်းလုပ်ကြပေါ့။ ခွေးအလုပ်ကိုလည်း မြင်းလုပ်လို့မရ၊ မြင်းအလုပ်ကိုလည်း ခွေးလုပ်လို့မရဘူး။ အဲဒီသဘောပါပဲ” လို့ ကိုရဲလင်းဦးက အချုပ်ကား အပေါ်ဘက် သံတိုင်အတွင်းထဲကနေ မျက်နှာဖော်ပြီး ပြောတယ်။

ကိုဝေဠုကို လာဖမ်းတုံးက ခဏခေါ် မေးချင်လို့ပါဆိုပြီး ဖမ်းဝရမ်း ဘာမှမပြဘဲ ခေါ်သွားခဲ့တဲ့အကြောင်း ပန်းဘဲတန်း တရားရုံးဘေးက ပလတ်စတစ်မိုးထားတဲ့ လက်ဖက်ရည်ဆိုင်လေး အမိုးအောက်မှာ မတ်တပ်ရပ်နေတဲ့ ကိုဝေဠုရဲ့ မိခင် ဒေါ်စန်းရီက ရှင်းပြတယ်။ ကိုဝေဠုကို သူ့အိမ်ကနေ ခေါ်လာတဲ့ချိန်မှာ မိဘအိမ်ကို ခဏ၀င်ချင်တယ် ဆိုတော့ ဝင်ခွင့်ပေးတာနဲ့ မိခင်ရဲ့ ပါးနှစ်ဘက်ကို အနမ်းတွေ ပေးခဲ့ပါသေးတယ်လို့ သိရတယ်။

သူ့သားကို လာခေါ်တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်ပဲ ဆိုတော့ မိခင်ဖြစ်သူ ကလည်း ကောင်းကောင်းမွန်မွန်ပဲ ထည့်ပေးလိုက်ပါတယ်၊ အဲဒီနေ့မနက် ၁၁ နာရီလောက်အထိ သားဆီက အခြေအနေကောင်းတဲ့ သတင်းကို ကြားခဲ့ရပေမယ့် ညနေ ၃ နာရီခွဲလောက် ရောက်မှ သားကို အင်းစိန်ထောင် ပို့လိုက်တဲ့သတင်း ကြားလိုက်ရတယ်လို့ ကိုဝေဠုရဲ့ မိခင်က ဆက်ပြောတယ်။

“ဘုန်းကြီးတွေကအစ ဒဏ်ရာရနေတာ၊ သေကျေ ပျက်စီးနေတာတွေကို ပြည်သူလူထု အားလုံး သိနေကြပါပြီ။ သားက ဒီအတွက်ကိုပဲ အင်တိုက်အားတိုက်နဲ့ နောက်မဆုတ်ဘဲ လုပ်နေတာပါ။ မုံရွာမှာလည်း ဒီလိုပဲ၊ ၈ လပိုင်းက သူ အဖမ်းခံခဲ့ရတယ်။ ၉ လပိုင်း ၁၄ ရက်နေ့မှ ပြန်လွှတ် ပေးလိုက်တာပါ။ ဒါပေမယ့် သားက နောက်မဆုတ်ဘူး။ ဆက်လုပ် နေဦးမှာပါပဲ။ အန်တီကတော့ မျက်ရည်လေးသုတ်လိုက်၊ သားလေးကို အားပေးလိုက် ဆိုတဲ့သဘောနဲ့ပဲ ကျေနပ်နေရတာပါ။ စိတ်ကတော့ သားလေး အခုလုပ်နေရတဲ့ အလုပ်က တကယ်လည်း ပြည်သူတွေအတွက် လုပ်နေရဲ့သားနဲ့ ဘာကြောင့်များ သူတို့က အထင်မှားနေ၊ ဖမ်းနေရတာလဲ ဆိုတာကို မေးချင်တယ်။ တော်တော်လေးကိုလည်း စိတ်ထဲမကောင်းပါဘူး” လို့ ဒေါ်စန်းရီက ဆိုတယ်။

သူတို့ ၆ ဦးကို ပန်းဘဲတန်း တရားရုံးက တရက်တည်းနဲ့ ရုံး ၂ ရုံးမှာ ရုံးထုတ်လို့ ရအောင် လာမယ့် ၁၁ ရက်နေ့မှာ ရုံးချိန်း ထပ်ချိန်း လိုက်ပါတယ်။

“ဒါမှလည်း သူတို့ကိုတရက်တည်း ရုံးထုတ်လို့ရမယ်၊ လုံခြုံရေးအတွက်လည်း အလုပ်မရှုပ်တော့အောင် ချိန်းတာ” လို့ ဒေါ်နော်အုန်းလှကို လာအားပေးတဲ့ ကိုဒေးဗစ်လှမြင့်က ပြောတယ်။

သူတို့အတွက် အစားအစာတချို့ ယူလာသူတွေထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေထဲက ကိုဂျင်မီ၊ သူ့ဇနီး မနီလာသိန်းနဲ့ မမီးမီးတို့ကို တွေ့ခဲ့ရပါတယ်။ ပန်းဘဲတန်း တရားရုံးရှေ့ ရောက်တော့ လာအားပေးတဲ့လူတွေ ထပ်များလာပါတယ်။

ကိုဂျင်မီကတော့ အခု အဖမ်းခံလိုက်ရတဲ့ သူတွေကို ဥပဒေဘောင် အတွင်းကနေ လွတ်မြောက် လာအောင် ဘယ်လောက် ကြိုးစားပေးနိုင်လဲ ဆိုတာကို လာကြည့်တာလို့ ပန်းဘဲတန်း တရားရုံးဘေးမှာ ရပ်ထားတဲ့ အချုပ်ကားဘေးမှာ မတ်တပ်ရပ်ရင်း ပြောပါတယ်။ သူတို့ကို တရားဥပဒေနဲ့ ပတ်သက်ပြီး အမှန်တိုင်းပဲ ဖြစ်စေချင်တယ်လို့လည်း သူက ဆက်ပြောတယ်။

လက်ပံတောင်းတောင်မှာ အကြမ်းဖက်မှုမဖြစ်ခင် မိုးထိမိုးမိ ရွှေလုပ်သားများအပေါ် အကြမ်းဖက်ခဲ့တာတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း ဒီလို အကြမ်းဖက်မှုတွေ ဆက်ဖြစ်လာမှာကို ကြိုတင်မြင်တဲ့အတွက် အဲဒီလို မလုပ်ဖို့ အာဏာပိုင်တွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောခဲ့ဖူးတယ်၊ ဒီမိုကရေစီ အစိုးရ တရပ်အနေနဲ့ မူဝါဒတွေ ချမှတ် နေသော်ငြားလည်း အဲဒီ မူဝါဒတွေကို အကောင်အထည် ဖော်တဲ့နေရမှာ ကျင့်သား မရသေးတာကို မြင်မိတယ်လို့ ကိုဂျင်မီက သုံးသပ်ပြတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အကြမ်းဖက်မှုတွေက ဖြစ်သွားခဲ့ပါပြီ။

“ဒါအကြမ်းဖက်မှုပဲ၊ သေချာတယ်။ ဒီအကြမ်းဖက်မှုကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီးတော့ ဒီမှာ ဘယ်သူတွေ တာဝန်ရှိသလဲ၊ ဘာလက်နက်တွေ သုံးသလဲ၊ တာဝန်ရှိတဲ့သူတွေကို တာဝန်ရှိသလို အရေးယူရလိမ့်မယ်။ နောက်နောင် မဖြစ်အောင်လည်း ကျနော်တို့ ထိန်းသိမ်းရလိမ့်မယ်။ အဲဒါ ဒီမိုကရေစီ အစိုးရတရပ်လို့ ပြောနေတဲ့ အစိုးရရဲ့ ပုံရိပ်နဲ့ဆိုင်တယ်။ နိုင်ငံရေး ပုံရိပ်နဲ့လည်း ဆိုင်တယ်။ ဒါ အသွင်ကူးပြောင်းရေး ကာလ၊ သိပ်ကို အရေးကြီးတယ်။ ဒါကိုတော့ ငြင်းလို့မရဘူး။ လက်ခံရလိမ့်မယ်” လို့ ကိုဂျင်မီက ဆက်ပြောတယ်။

ပန်းဘဲတန်း တရားရုံး အပြင်တံခါးကို ဖွင့်ဖွင့်ချင်း လူ ၆ ဦးကို အချုပ်ကားထဲ တန်းထည့်လိုက်ချိန်မှာ အခု တရားစွဲဆို ခံထားရတဲ့ ကိုဝေဠုက အချုပ်ကား အပေါ်ဘက် သံတိုင်ကိုကိုင်ရင်း အပြင်ဘက်က လူထုကို တရားဥပဒေ စိုးမိုးဖို့အတွက်ဆိုရင် နိုင်ငံသားရပိုင်ခွင့်တွေကို အသိအမှတ်ပြုဖို့ လိုအပ်ကြောင်း၊ နိုင်ငံသား ရပိုင်ခွင့်အတိုင်း ကျင့်သုံးခဲ့တဲ့ သူတို့တွေဟာ တရားဥပဒေရဲ့ အကာအကွယ်နဲ့ ဥပဒေပုဒ်မ ၃၄၇ အရ အပြည့်အ၀ ရရှိဖို့ လိုတဲ့အကြောင်း ပြောတယ်။

“နိုင်ငံသား အခွင့်အရေးကို မျက်ကွယ်ပြုတာဟာ တရားဥပဒေကို ဆန့်ကျင်တာပဲ။ အခုလို လာရောက်အားပေးတဲ့ ပြည်သူလူထုအားလုံး၊ ရဲဘော်ရဲဘက်တွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်” လို့ သူက အချုပ်ကားထဲကနေ ဆိုပါတယ်။

အချုပ်ကားကို တက်သုတ်ရိုက် မောင်းထွက်သွားချိန်မှာ တရားရုံးဘေး ပတ်ဝန်းကျင်က လူအုပ်က လက်ခုပ်တီးပြီး အားပေးလိုက်ကြတယ်။

( ဓါတ်ပုံ - ကျောက်တံတားနဲ့ ပန်းပဲတန်း မြို့နယ်တရားရုံးတို့မှာ လက်ပံတောင်း တက်ကြွလှုပ်ရှားသူတွေကို ဒီနေ့မနက် ရုံးထုတ် စစ်ဆေးစဉ် ဝိုင်းဝန်းနှုတ်ဆက်ကြသူများ (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
ဓါတ်ပုံ - ကျောက်တံတားနဲ့ ပန်းပဲတန်း မြို့နယ်တရားရုံးတို့မှာ လက်ပံတောင်း တက်ကြွလှုပ်ရှားသူတွေကို ဒီနေ့မနက် ရုံးထုတ် စစ်ဆေးစဉ် ဝိုင်းဝန်းနှုတ်ဆက်ကြသူများ

ဒီနေ့မနက် ၁၀ နာရီဝန်းကျင်ခန့် ကျောက်တံတားတရားရုံးရှေ့မှာသတင်းသမားတချို့၊ နိုင်ငံရေးလှုပ်ရှားတဲ့သူတွေ
ကို အကူအညီပေးနေတဲ့ သူတချို့၊ လာအားပေးသူ တချို့နဲ့ စည်ကားနေတာ တွေ့ရတယ်။ လူအုပ်က အနည်းဆုံး ၅၀ မက ရှိပါတယ်။