Pages

Sunday, December 2, 2012

UWSA ဌာနချုပ်သို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း သွားမည်

alt

ဒီဇင်ဘာ ၂၆ ရက် UWSA နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် (Photo: ကြေးမုံ)
လာမည့်ဒီဇင်ဘာလဆန်းပိုင်း၌ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဉက္ကဌ ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်သို့ထံသွားရောက်လည်ပတ် မည်ဟု ဝခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်အသိုင်း အဝိုင်း ကပြောပါသည်။

'ထန်းတပင် တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်

ရန်ကုန်-ဒီဇင်ဘာ၂ရက်ယနေ့ဒီဇင်ဘာ၂ရက်နံနက်၁၀နာရီကရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်ကြောင်းသိရသည်။

လက်ပတောင်းတောင် ကြေးနီစီမံကိန်း အရေး ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ ကျောင်းသားများတွေ့ဆုံ

၂-၁၂-၂၀၁၂ နေ့ ညနေ ၅း၀၀ မှ ၆း၀၀ နာရီအထိ တစ်နာရီကြာ ၈၈ မျိုးဆက်ကျောင်းသားများ (ကိုမင်းကိုနိုင်၊ ကို
ကိုကြီး၊ကိုဌေးကြွယ် နှင့်ကိုမြအေး )တို့သည် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်နေအိမ်တွင် လာရောက်
တွေ့ဆုံခဲ့ကြပါတယ်.

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံ

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက်အကောင်း
ဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ရွေဂုံတိုင်တွင် ကြေးနီစီမံကိန်းကို ဖြိုခွဲမှုအား ဆန့်ကျင်ဆန္ဒပြသူများကို လိုက်လံဖမ်းဆီး

ကြေးနီစီမံကိန်းကို ဖြိုခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြသူအင်အား၁၀၀ခန့်ဟာ ရွှေတိဂုံစေတိတော်မှ ရွှေဂုံတိုင်လမ်း
အတိုင်း ချီတက်သွားခဲ့ပြီး ရွှေဂုံတိုင် လမ်းဆုံအရောက် ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခြင်းဖြင့် ရုန့်ရင်းဆန်ခတ်အ
ခြေအနေ ယနေ့ ညနေ ၅နာရီတွင် ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ဖမ်းပြီ

ရန်ကုန်တွင် လူဖမ်းပွဲကြီးပြီ
xxxxxxxxxxxxxxxxxxxxxx

အဖမ်းဆီခံ ပြည်သူပြည်သားများ လွတ်မြောက်ဖို့ အားလုံးတာဝန်ယူကြပါ

ဆန္ဒထုတ်ဖော်သူများအား ထပ်မံဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂။ ယနေ့ ညနေ (၅း၁၅)မိနစ် အချိန်တွင် လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်သူ (၂)ဦးဖြစ်ကြသော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရားအနီး ဗံဒါပင်မှတ်တိုင်တွင် ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖမ်းဆီးခဲ့သည်။ —

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂
 
ယနေ့ ညနေ (၅း၁၅)မိနစ် အချိန်တွင် လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်သူ(၂)ဦးဖြစ်ကြသောကိုမိုးသွေးနှင့်
ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရားအနီး ဗံဒါပင်မှတ်တိုင်တွင် ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖမ်းဆီးခဲ့သည်။

ရန်ကုန်တက္ကသိုလ်ဆရာဆရာမများအသင်းဥက္ကဋ္ဌ၊ သမိုင်းဌာနတွဲဖက်ပါမောက္ခ ဆရာဦးဥက္ကာမြ နယ်ပြောင်းခံရ

ရန်ကုန်တက္ကသိုလ်ဆရာဆရာမများအသင်းဥက္ကဋ္ဌ၊ သမိုင်းဌာနတွဲဖက်ပါမောက္ခ ဆရာဦးဥက္ကာမြ နယ်ပြောင်းခံရ


“ဆရာဦးဥက္ကာမြက ဗန်းမော်တက္ကသိုလ်ကို ပြောင်းရွှေ့ခံရတာခင်ဗျ၊ နောက်ပြီး သမိုင်းဌာနကပဲ ကထိကဆရာမဒေါ်စိန်မိမိဦးလည်း နယ်ပြောင်းခံရတယ်။ သူက မြိတ်တက္ကသိုလ်ကို အပြောင်းခံရတာလေ။ အဲဒီလို ပြောင်းရွှေ့ခံရတာဟာ တက္ကသိုလ်ဆရာဆရာများအသင်းဖွဲ့စည်းတာနဲ့ ပတ်သက်နိုင်ပြီး နောက်ထပ်အဖွဲ့ဝင်ဆရာတွေလည်း ပြောင်းရွှေ့ခံရနိုင်တာမို့ ပူပန်မှုတွေ ရှိနေတယ်”လို့ ရန်ကုန်တက္ကသိုလ်ဆရာတစ်ဦးက ပြောပါတယ်။


အေးချမ်းမွန်မှ  Education View တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Education View

“ဆရာဦးဥက္ကာမြက ဗန်းမော်တက္ကသိုလ်ကို ပြောင်းရွှေ့ခံရတာခင်ဗျ၊ နောက်ပြီး သမိုင်းဌာနကပဲ ကထိ
ကဆရာမဒေါ်စိန်မိမိဦးလည်း နယ်ပြောင်းခံရတယ်။ သူက မြိတ်တက္ကသိုလ်ကို အပြောင်းခံရတာလေ။ အဲ
ဒီလို ပြောင်းရွှေ့ခံရတာဟာ တက္ကသိုလ်ဆရာဆရာများအသင်းဖွဲ့စည်းတာနဲ့ ပတ်သက်နိုင်ပြီး နောက်ထပ်အ
ဖွဲ့ဝင်ဆရာတွေလည်း ပြောင်းရွှေ့ခံရနိုင်တာမို့ ပူပန်မှုတွေ ရှိနေတယ်”လို့ ရန်ကုန်တက္ကသိုလ်ဆရာတစ်ဦးက ပြော
ပါတယ်။

စစ်တွေတွင် ရခိုင်ပြည်နယ်အမျိုးသမီး ကွက်(ယီ) ဥက္ကဌ ဒေါ်ညိုအေးမှ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

ထပ်ဆင့် ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမှာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ယနေ့ နေ့လည် ၂ နာရီခန့်က စစ်တွေင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု တစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။
လက်ပံတောင်းတောင် ဆန္ဒဖော်ထုတ်မှုအား အကြမ်းဖက်နှိမ်နင်းခြင်းအား ကန့် ကွန့်သည့် ဆန္ဒဖော်ထုတ်မှုဖြစ်ကာ ရခိုင်ပြည်နယ်အမျိုးသမီး ကွက်(ယာယီ) ဥက္ကဌ ဒေါ်ညိုအေးမှ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  အသောက အသောက အသောက တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :အသောက အသောက အသောက

ယနေ့ နေ့လည် ၂ နာရီခန့်က စစ်တွေင်တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။လက်
ပံတောင်းတောင် ဆန္ဒဖော်ထုတ်မှုအား အကြမ်းဖက်နှိမ်နင်းခြင်းအားကန့် ကွန့်သည့်ဆန္ဒဖော်ထုတ်မှုဖြစ်ကာ ရခိုင်
ပည်နယ်အမျိုးသမီး ကွက်(ယာယီ) ဥက္ကဌ ဒေါ်ညိုအေးမှ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပက်စီကုမ္ပဏီမှ ကိုယ်အလေးချိန်လျှော့ချနိုင်သည့်  အချိုရည်အသစ် တီထွင်ထုတ်လုပ်

ပက်စီကုမ္ပဏီမှ ကိုယ်အလေးချိန်လျှော့ချနိုင်သည့် အချိုရည်အသစ် တီထွင်ထုတ်လုပ်
Sunday, 02 December 2012

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသည့် ဝဖြိုးမှုအား ကာကွယ်ရန် နည်းလမ်းများ ရှာ ကြံဆောင်ရွက် လျက်ရှိကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် စားသောက်မှု ပုံစံပြင်ဆင်ပြောင်းလဲလာခြင်း၊
လေ့ ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းများအပြင် အစားအသောက်များတွင် ဝဖြိုးမှုကို အားပေးသော အချိုနှင့် အဆီများ အသုံးပြုမှုလျှော့ချလာကြသည်။ သို့ဖြစ်၍ ဝဖြိုးမှု လျော့ကျလာနိုင်သည့် အစားအသောက် တစ်မျိုးကို အမေရိကန် ပက်စီအချိုရည် ကုမ္ပဏီက အောင်မြင်စွာ ထုတ်လုပ်ပြီး ဂျပန်နိုင်ငံတွင် စတင်ရောင်းချလျက် ရှိသည်။

ပက်စီမှ ထုတ်လုပ်သော ကိုယ်အလေးချိန် လျှော့ချ နိုင်သည့် ပက်စီအချိုရည်တွင် ခန္ဓာကိုယ်မှ အဆီစုပ် ယူမှုကို ဟန့်တားနိုင်သည့် dextrin ကိုထည့်သွင်းထား သည်။ ၎င်းအချိုရည်ကို Pepsi Special ဟုအမည် ပေးထားပြီး ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် အထောက်အပံ့ ဖြစ်စေသည်။ ပက်စီ အချိုရည်တွင် အာလူးမှထုတ်လုပ်
ထားသည့် ရေတွင် ပျော်ဝင်နိုင်ပြီး စားသောက်၍ရသော dextrin ဖိုင်ဘာအမျှင်ဓာတ်နှင့် ကဖင်းဓာတ်ထည့်သွင်း ပြုလုပ်ထားကြောင်း
သိရသည်။

၎င်းအချိုရည်သည် ကိုယ်အလေးချိန် လျှော့ချရာတွင် ထိရောက်သော အစာတစ်မျိုးဖြစ်သည်ဟု ဂျပန်မှ ထုတ်လုပ်သူများက ပြောကြားထားသည်။
dextrin ဖိုင်ဘာအမျှင်က ခန္ဓာကိုယ် အဆီစုပ်ယူမှုကို နှေးကွေးစေပြီး ကယ်လိုရီပိုလျှံလာခြင်းမရှိစေဘဲ နောက်ဆုံးတွင် အညစ်အကြေးအဖြစ် ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်သည်ဟု ပက်စီကုမ္ပဏီက အခိုင်အမာထောက် ခံပြောကြားထားသည်။

ထို့အပြင်ဂျပန်နိုင်ငံ၌ပြုလုပ်သော လေ့လာမှုတစ်ရပ်တွင်dextrin
ကျွေးထားသော ကြွက်များနှင့် dextrin ကျွေးထားခြင်းမရှိသော ကြွက်များ ကို နှိုင်းယှဉ်ကြည့်ရာ၌ dextrin ကျွေးထား သည့်ကြွက်များတွင် အဆီစုပ်ယူမှု နည်းပါးသည်ကို တွေ့ရှိရသည်။ တွေ့ရှိချက်ကို အခြေခံပြီး ခန္ဓာကိုယ် အလေးချိန်ဝဖြိုးမှုကို ရှောင်ကြဉ်လိုသူများအတွက် လူကြိုက်များသည့် ပက်စီအချိုရည်အသစ်ကို တီထွင် ထုတ်လုပ်ခဲ့ခြင်း
ဖြစ်သည်။

သို့သော်လည်း ကိုယ်အလေးချိန်လျှော့လိုပါက အမျှင်ဓာတ်များသော အစားအစာများ၊အသီးအရွက်၊ပဲနှင့် နှံစားသီးနှံများစားသုံးပြီး လေ့ကျင့်ခန်း
ပုံမှန်ပြုလုပ်ခြင်းကအကောင်းဆုံးနည်းလမ်းဖြစ်သည်ကိုပညာရှင်များက
ထောက်ခံထားကြသည်။

ယခုထုတ် လုပ်လိုက်သည့်ပက်စီအချိုရည်ကကိုယ်အလေးချိန် လျော့ကျ
မှုကိုအထောက် အကူပြုသည် ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရ
မည်ဖြစ်သည်။

မြ၀တီ

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသည့် ဝဖြိုးမှုအား ကာကွယ်ရန် နည်းလမ်းများ ရှာ ကြံ
ဆောင်ရွက် လျက်ရှိကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် စားသောက်မှု ပုံစံပြင်ဆင်ပြောင်းလဲလာခြင်း၊ လေ့ ကျင့်
ခန်း ပုံမှန်ပြုလုပ်ခြင်းများအပြင် အစားအသောက်များတွင် ဝဖြိုးမှုကို အားပေးသော အချိုနှင့် အဆီများ အသုံးပြု
မှုလျှော့ချလာကြသည်။ သို့ဖြစ်၍ ဝဖြိုးမှု လျော့ကျလာနိုင်သည့် အစားအသောက် တစ်မျိုးကို အမေရိကန် ပက်စီ
အချိုရည် ကုမ္ပဏီက အောင်မြင်စွာ ထုတ်လုပ်ပြီး ဂျပန်နိုင်ငံတွင် စတင်ရောင်းချလျက် ရှိသည်။

သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များကို လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများရှိနေ


နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန် သီရိမင်္ဂလာဈေးမြင်ကွင်း လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်
သည့်ကားများ၊ ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများကြောင့် အခက်အခဲများနှင့် ကြုံ တွေ့နေရသည်ဟု ကိုယ်တိုင်ကြုံတွေ့နေရသူများက ပြောကြားခဲ့သည်။

မျက်စိကျန်းမာရေး ကောင်းစေမည့် နည်းလမ်း ရှစ်သွယ်

မျက်စိကျန်းမာရေး ကောင်းစေမည့် နည်းလမ်း ရှစ်သွယ်

ကမ္ဘာ့ ထူးဆန်း အံ့သြဖွယ်ရာတွေ မြင်တွေ့ရရင် ကျွန်မတို့ရဲ့ မျက်စိအမြင် အာရုံ ကောင်းနေတာကို ဂုဏ်ယူ တတ်ကြပါတယ်။ ဒါပေမဲ့လည်း လူနည်း စုလောက်သာ တန်ဖိုးရှိလှတဲ့ အမြင်အာရုံကို ဂရုစိုက်တတ်ကြတာမို့ မျက်စိ
ကို ဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မျက်စိ စမ်းသပ်ပါ

မျက်မှန်တပ်ရသူ ဒါမှမဟုတ် မျက်စိပြဿနာ ဖြစ်သူတွေသာ မျက်စိ ဆရာ ၀န်နဲ့ ပြသင့်တာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း နှစ်နှစ်တစ်ကြိမ်  စမ်းသပ် စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ သင်ဟာ အရာဝတ္ထု တွေကို မြင်နေရပေ မယ့်လည်း သင့်မှာ မျက်စိ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ- ခေါင်းကိုက် တတ်တာနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာဟာ မျက်စိ ပြဿနာ ကြောင့် ဖြစ်နို င်တာမို့ ဒီလို ပြဿနာတွေ ဖြေရှင်းဖို့ မျက်စိ ဆရာဝန်ကသာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ အသက် ၆၀ ကျော်လာရင် အတွင်းတိမ်၊ ရေ တိမ်နဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှုတွေ ဖြစ်နိုင်ခြေ များလာတာကြောင့် ဒီအရွယ်ရောက်ရင် နှစ်စဉ် မျက်စိ ဆရာဝန်နဲ့ စမ်းသပ် စစ်ဆေးဖို့ လိုအပ် ပါတယ်။

၂။ နေကာ မျက်မှန် တပ်ပါ၊ ဦးထုပ်ဆောင်းပါ

နေကာမျက်မှန် တပ်တာနဲ့ ဦးထုပ်ဆောင်းတာကြောင့် သင့်မျက်လုံးကို UV Rays အန္တရာယ်မှ ကာကွယ် နိုင်ပါတယ်။ လေ့လာမှု အများအပြားအရ နေေ ရာင်နဲ့ ထိတွေ့မှုကြောင့် အတွင်းတိမ် ရောဂါနဲ့ မက်ကူလာ ပျက်စီး ယိုယွင်း မှု ဖြစ်နိုင်ခြေ ပိုမြင့်မားတယ်လို့ သိရပါတယ်။

၃။ ဆီးချို ရောဂါကို ထိန်းပါ

သွေးတွင်း သကြားဓာတ်များတဲ့ ဆီးချို ရောဂါကြောင့် မြင်လွှာ အနောက် မှ သွေးကြောတွေ ပျက်စီးကာ အမြင် ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတိုင်း ဆီးချိုကို ထိန်းထားဖို့ လိုအပ်ပြီး နှစ်စဉ် မျက်စိ စမ်းသပ် စစ်ဆေးမှု ပြုလုပ်သင့် ပါတယ်။

၎။ မျက်စိ အကာအကွယ် ယူပါ

ဂဟေဆော်တာလို အလုပ်မျိုး လုပ်ရသူတွေဟာ မျက်စိ မထိခိုက်အောင် မျက်စိကို အကာအကွယ် တပ်ထားသင့် ပါတယ်။ နှင်းလျှော စီးသူတွေ၊ သစ်ပင် ခုတ်ရသူ၊ မြက်ရိတ်သူနဲ့ အပင်အလှပြင်သူတွေ အားလုံးလည်း မျက်စိ ထိခိုက်ဒဏ်ရာ မရအောင် အကာအကွယ် မျက်မှန် တပ်ထားသင့် ပါတယ်။ တချို့ အားကစား ဥပမာ- တင်းနစ်ဘော၊ ဘတ်စကက်ေ ဘာ တွေဟာလည်း မျက်လုံးကို ဘောလုံး ဒါမှမဟုတ် လက်ချောင်းနဲ့ ထိမိပြီး မျက်စိအန္တရာယ် ရရှိနိုင်ပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပါ

ဗီတာမင် A,C,E နဲ့ သွပ်ဓာတ် ပါဝင်တဲ့ အားဆေး စားပေးပါ။ အစား အသောက် ထက် ဆေးလိပ် မသောက်ဖို့က ပိုအရေးကြီး ပါတယ်။ ဆေး လိပ် သောက်တာကြောင့် အတွင်းတိမ် ရောဂါနဲ့ မက်ကူလာ ပျက်စီးမှု ဖြစ်နို င်ခြေပါတယ်။

၆။ ညအိပ်ခါနီး မျက်ကပ်မှန် ဖြုတ်ထားပါ

မျက်ကပ်မှန် အကြာကြီး တပ်ထား တာကြောင့် ရောဂါပိုး အလွယ်တကူ ၀င်ရောက်နိုင် ပါတယ်။

၇။ ဆေးသောက်တာကို သတိထားပါ

သင်သောက်နေကျ ဆေးတွေကို မျက်စိ ဆရာဝန်ကို ပြောပြပါ။ ဥပမာ အားဖြင့် ဆီးကျိတ် ကြီးတာအတွက် သောက်ရတဲ့ ဆေး Flomax ဟာ အတွင်းတိမ် ခွဲစိတ်ရာမှာ ဆိုးကျိုး ရှိနိုင်တာမို့ Flomax ဆေး မသောက်ခင် အတွင်းတိမ်ကို ခွဲစိတ်ဖို့ လိုမလို ဆုံးဖြတ်ရ ပါမယ်။ စတီးရွိုက် ဆေးတွေကို တာရှည် သောက်ရရင်လည်း ရေတိမ် ရောဂါနဲ့ အတွင်းတိမ် ရောဂါ ဖြစ်နို င်ခြေ မြင့်မားပါတယ်။

၈။ အတွင်းတိမ်ကို ခွဲစိတ်ရမယ် ဆိုရင် အချိန် မစောင့်ပါနဲ့

အတွင်းတိမ်ကို ခွဲစိတ်ရာမှာ ဆိုးကျိုး အလွန် နည်းတာမို့ ခွဲစိတ် ရမယ်ဆိုရင် စောစောသာ ခွဲထုတ်လိုက်ပါ။

ကမ္ဘာ့ ထူးဆန်း အံ့သြဖွယ်ရာတွေ မြင်တွေ့ရရင် ကျွန်မတို့ရဲ့ မျက်စိအမြင် အာရုံ ကောင်းနေတာကို ဂုဏ်ယူ တတ်
ကြပါတယ်။ ဒါပေမဲ့လည်း လူနည်း စုလောက်သာ တန်ဖိုးရှိလှတဲ့ အမြင်အာရုံကိုဂရုစိုက်တတ်ကြတာမို့ မျက်စိကို
ဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

မီးလောင်ဗုံးထိ သည့် သံဃာတော်နှင့် ပြည်သူများ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက် မှု လိုအပ်

myanmar_copper_mine_conflict_hospital


ဒဏ်ရာ အရမ်း ပြင်းထန် သည့် သံဃာတော် များ နှင့် လူပုဂ္ဂိုလ် များ မှာ နိုင်ငံခြား ဆေးရုံ  များသို့  အရေး ပေါ်ဆးကုသခံ ရန် လို အပ် ကြောင်း မန္တလေး ဆေး ရုံကြီး မှ အမည် မဖော် လို့  သည့် တာဝန်ရှိ ဆရာဝန် တစ်ဦး
 က FNG သို့  ပြောသည်။

လက်ပံတောင်းအရေး စုံစမ်းရေး ကော်မရှင်တွင် ၈၈ကျောင်းသားများ ပါဝင်ရန် ဆန္ဒမရှိ

ယနေ့ ညနေပိုင်းက သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူရမည့်လက်ပံတောင်း
အရေး စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေအနေ
နဲ့ အဆိုပါ လက်ပံတောင်း အရေး စုံစမ်းရေး ကော်မရှင်မှာ ပါဝင်လိုခြင်း မရှိ ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး
အသိပေးလိုက်ပါတယ်။

ဂျာမနီ လက်ရွေးစင် အသင်းမှ ကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ် အားရောင်းချရန် ဆုံးဖြတ်ပါက မန်ယူအသင်းသို့ ခေါ်ယူရန်စီစဉ်

အိုဇေးလ်အားရောင်းချရန် ဆုံးဖြတ်ပါက မန်ယူအသင်းသို့ ခေါ်ယူရန်စီစဉ်

ဂျာမနီ လက်ရွေးစင် အသင်းမှ ကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ်သည် လက်ရှိကစားနေသည့် ရီးယဲလ်အသင်း၌ ၎င်း၏ နာဂတ်နှင့် ပတ်သက်၍ စဉ်းစားလျက်ရှိသည်ဟု ပြောကြားပြီးနောက် ၎င်းကစားသမားသည် ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်သော မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားသည့် ကစားသမားစာရင်းအတွင်းသို့  ပြန် လည်ရောက်ရှိ လာကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ အိုဇေးလ်သည် ဂျာမန်ကလပ်အသင်း ကြီးတစ်သင်းဖြစ်သည့် ဝါဒါဘရီမင်မှ ရီးယဲလ်အသင်းသို့ လွန်ခဲ့သည့်နှစ်နှစ် အတွင်းက ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရီးယဲလ်အသင်းသို့ လူကပ်စ်မိုဒရစ်ရောက်ရှိလာချိန်မှစ၍ အိုဇေးလ်သည် နည်းပြမော်ရင်ဟို၏ ပထမဦးစားပေး  ပွဲထွက်ကစားသမား အဆင့်မှ လျော့ကျခဲ့ရသည့် အတွက် အသင်း၌ ပျော်ရွှင်မှု မရှိတော့ကြောင်း ၎င်းကပြောကြားထားသည်။

မန်ယူအသင်းအနေဖြင့်လည်း ယခု ရာသီအကုန်တွင် အနားယူတော့မည့် ပေါလ်စခိုး၏နေရာတွင်  အစားထိုးရန် အတွက်ကစားသမားတစ်ဦးကို ရှာဖွေ လျက်ရှိရာ ရီးယဲလ်အသင်းက အိုဇေးလ် အားရောင်းချရန် ဆုံးဖြတ်ပါက  မန်ယူ အသင်းသို့ခေါ်ယူရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂျာမနီ လက်ရွေးစင် အသင်းမှ ကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ်သည် လက်ရှိကစားနေသည့် ရီးယဲလ်အ
သင်း၌ ၎င်း၏ နာဂတ်နှင့် ပတ်သက်၍ စဉ်းစားလျက်ရှိသည်ဟု ပြောကြားပြီးနောက် ၎င်းကစားသမားသည် ပရီး
မီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်သော မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားသည့် ကစားသမားစာရင်း
အတွင်းသို့ ပြန် လည်ရောက်ရှိ လာကြောင်း သိရသည်။

ထူးထူးခြားခြား Ringtone လေးတွေ ရနိုင်တဲ့ ဝက်ဘ်ဆိုက်

ထူးထူးခြားခြား Ringtone လေးတွေ ရနိုင်တဲ့ ဝက်ဘ်ဆိုက်

    01 December 2012 

ထူးထူးခြားခြား Ringtone လေးတွေ ရနိုင်တဲ့ ဝက်ဘ်ဆိုက်ဖုန်းနဲ့ ပတ်သက်တဲ့ Ringtone တွေ ကလည်း သုံးစွဲသူရဲ့ ကြိုက် နှစ်သက်မှု ပေါ်

မူတည် ပြီးတော့ ပြောင်းလဲ တတ်ပါတယ်။ အဲဒီအတွက် ဘယ်လို Ringtone ကြိုက်နှစ်သက်တဲ့ သူပဲ ဖြစ်စေ ထည့်သွင်း ချင်တာလေး တွေကို တစ်နေရာ တည်းမှာ အစုံရနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။

 

ဖုန်းနဲ့ပတ်သက်တဲ့ Ringtone ထူးထူးခြားခြားလေးတွေကို ရရှိနိုင်မှာဖြစ်ပြီး ငွေကြေးပေးဝယ်ရတာတွေရှိသလို အခမဲ့ရနိုင်တာတွေလည်း ရှိပါတယ်။ Ringtone  ပေါင်း သိန်းနဲ့ တင်ပေးထားပြီး အခမဲ့အတွက်တော့ ၂ သောင်းကျော် ရှိပါတယ်။

ဂိမ်းနဲ့ ပတ် သက်တာတွေ၊ ရုပ်ရှင်၊ သီချင်း၊ အားကစားနဲ့ ပတ်သက်တာတွေကိုပါ စုံလင်အောင် ရရှိစေဖို့အတွက် ပြုလုပ်ပေးထားတယ်။ ဆိုက်ရဲ့ထူးခြားချက်ကတော့ ကမ္ဘာကျော်သီချင်း နဲ့ ရုပ်ရှင်ကားတွေရဲ့ အသံဖိုင်တွေ တင်ပေးထားတာပါပဲ။

http://www.soundboard.com/

အေးချမ်းမွန်မှ  Net Guide  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Net Guide
ထူးထူးခြားခြား Ringtone လေးတွေ ရနိုင်တဲ့ ဝက်ဘ်ဆိုက်ဖုန်းနဲ့ ပတ်သက်တဲ့ Ringtone တွေ ကလည်း သုံးစွဲသူရဲ့ ကြိုက် နှစ်သက်မှု ပေါ်မူတည် ပြီးတော့ ပြောင်းလဲ တတ်ပါတယ်။ အဲဒီအတွက် ဘယ်လို Ringtone ကြိုက်နှစ်သက်
တဲ့ သူပဲ ဖြစ်စေ ထည့်သွင်း ချင်တာလေး တွေကို တစ်နေရာ တည်းမှာ အစုံရနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။

ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်

ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်

    01 December 2012  | 
    
ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်သင့်ကလေးက ကျောင်းစာကို ကြိုးကြိုးစားစား လေ့လာပေမယ့် ကျောင်းတွင်းအဆင့်တွေ ကျနေရင်၊ လူမှုရေး ပျက်ကွက်နေရင် ဒါက သင့်ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အဟန့်အတားပေးနေတဲ့ အချက်သုံး ခုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့

တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့နဲ့ ထိတွေ့မိတဲ့ ကလေးတွေရဲ့ အိုင်ကျူအမှတ်ဟာ ငါးမှတ်နဲ့အထက် လျော့ကျမှုရှိတယ် လို့ လေ့လာမှုအရ သိရပါတယ်။ သူတစ် ပါးသောက်တဲ့ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှု များလေလေ၊ စာဖတ်နိုင်စွမ်းနဲ့ ကြောင်း ကျိုးဆင်ခြင်နိုင်စွမ်း လျော့ကျလေလေ ပဲ ဖြစ်ပါတယ်။ အိမ်မှာ စီးကရက်မီးခိုးငွေ့ကို ရှူရှိုက်ရတာကြောင့် ကလေးတွေဟာ လေပြွန်ရောင်ရမ်းမှု၊ အဆုတ် ရောင်ရမ်း မှု၊ နားကိုက်တာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောဂါ ဝေဒနာတွေ ခံစားရတာကြောင့် ကလေးတွေ ကျောင်းပျက်ရတတ်ပါတယ်။

အိပ်စက်မှု ပြဿနာများ

ကလေး ၁၀ ရာခိုင်နှုန်းကျော်မှာ အိပ်စက်မှုဆိုင်ရာ ပြဿနာ တချို့အမျိုး အစားတွေဖြစ်ပေါ်နေကြောင်း လေ့လာ မှုအရ သိရပါတယ်။ အိပ်စက်မှုမှာ အဟန့် အတား ရှိတာက ကလေးတွေကို ပင်ပန်း စေပြီး နွမ်းနယ်စေကာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေတဲ့ အတွက် လေ့လာမှုမှာ အဟန့်အတားဖြစ် စေပါတယ်။ ကလေးတွေမှာ အဖြစ်များ ဆုံး အိပ်စက်မှုပြဿနာက အိပ်ပျော်နေ စဉ် အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်တဲ့ ပြဿနာပါ။ အာသီးကြီးတာနဲ့ နှာခေါင်းနောက်ဘက်ရှိ ဂလင်း(Adenoid) ကြီးတာကြောင့် ကလေးရဲ့ အသက်ရှူ လမ်းကြောင်း ပိတ်ဆို့ကာ တစ်ညလုံး အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်နေ နိုင်ပါတယ်။ အဲဒီအခါ ကလေးရဲ့ ဖွံ့ဖြိုး နေဆဲ ဦးနှောက်က လိုအပ်တဲ့ အောက် ဆီဂျင် ပြတ်လပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ကလေးမှာ အိပ်စက်မှု ဆိုင်ရာ ဝေဒနာရှိရင် ကြီးနေတဲ့ အာသီးနဲ့ အဒီးနွိုက်ဂလင်းကို ကုသဖို့ ကလေးအ ထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

တီဗီအကြည့်များလွန်းခြင်း

ကလေးတွေ တီဗီအကြည့်များလွန်း ရင် ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်ကို ထိ ခိုက်စေနိုင်ပါတယ်။ တီဗီအစီအစဉ်တွေ က ကြည့်ရှုသူတွေရဲ့ အာရုံကို စက္ကန့်ပိုင်း အတွင်း ပြောင်းလဲစေတာကြောင့် ဦး နှောက်မှာ ပုံမှန်မဟုတ်တဲ့ ပြုပြင်မှု ဖြစ် စေပါတယ်။ တီဗီအစီအစဉ်တစ်ခုပြီး တစ်ခုပြောင်းတာက အာရုံစူးစိုက်နိုင်စွမ်း ကို ပြောင်းလဲမှု ဖြစ်စေပါတယ်။ တီဗီ ပိတ်ပြီး စာအုပ်ဖတ်ခိုင်းတာက ကလေးရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုကောင်းမွန် စေတာကို တွေ့ရှိရပါတယ်။

ဇွန်

အေးချမ်းမွန်မှ  Good Health တွင်ဖော်ပြသော သတင်းကို မူရင်း အတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Good Health

ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်သင့်ကလေးက ကျောင်းစာကို ကြိုးကြိုးစားစား လေ့လာ
ပမယ့် ကျောင်းတွင်းအဆင့်တွေ ကျနေရင်၊ လူမှုရေး ပျက်ကွက်နေရင်ဒါကသင့်ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အဟန့်အတားပေးနေတဲ့ အချက်သုံး ခုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။