Pages

Wednesday, November 28, 2012

Oppa Gangnam Style သီချင်းဆိုခဲ့တဲ့ ကိုရီယားအဆိုတော် PSY ဒီနေ့ည ထိုင်းနိုင်ငံမှာ ဖျော်ဖြေမယ်

ကမ္ဘာတလွှား အချိန်တိုအတွင်း နာမည်ကြီးကျော်ကြားလာတဲ့ တောင်ကိုရီယား အဆိုတော် PSY ဟာ ဒီကနေ့
 နိုဝင်ဘာလ ၂၈ ရက် ညမှာ ထိုင်းနိုင်ငံမှာ ဖျော်ဖြေဖို့ ရှိပါတယ်။

နယ်စပ်မှာ တွေ့ရတဲ့ မြန်မာမယ်ရွေးပွဲ


ယမန်နေ့ညက မဲဆောက်ရှိ ချစ်ကြည်ရေးတံတားအနီးကျင်းပသော  မြန်မာ မယ်ရွေးပွဲတွင် မြ၀တီခရိုင်မှ အလှမယ် ၁၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ထိုင်း-မြန်မာချစ်ကြည်ရေးလွိုင်းကထုံးမီးမျှောပွဲနှင့် တန်ဆောင်တိုင် ပွဲတော်အထိမ်းအမှတ် ထိုသို့ ကျင်းပခြင်း ဖြစ်ပြီး အောက်ပါအတိုင်း ဆုရရှိသွားကြသည်။

တည်းခိုခန်းတွင် တည်းခိုနေသူ ရောဂါကြောင့် သေဆုံး

၂၇-၁၁-၂၀၁၂ ရက်နေ့ ၁၁၃၀ အချိန် ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ အောင်ချမ်းသာတည်းခိုခန်း၌ တည်းခိုနေသော ဦးလှကျော်(၅၀)နှစ်မှာ အိပ်ခန်းတံခါးပိတ်ထားပြီး နှိုးမရကြောင်း တည်းခိုခန်းမန်နေဂျာ ဦးဝင်းမြိုင်မှ အကြောင်းကြားသဖြင့် ပျဉ်းမနားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်ပြီး သက်သေများနှင့်အတူ အခန်းတံခါးဖျက်ကာ ၀င်ရောက်စစ်ဆေးခဲ့သည်။

ကပ္ပလီပင်လယ်ပြင်မှ တိမ်တိုက်များကြောင့် ရန်ကုန်တွင် မိုးရွာ


Photo: ကပ္ပလီပင်လယ်ပြင်မှ တိမ်တိုက်များကြောင့် ရန်ကုန်တွင် မိုးရွာ

ရန်ကုန်၊ နိုဝင်ဘာ-၂၇

ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းနေသော မိုးမှာ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်များကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

"ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ တိမ်တိုက်တွေကို စောင့်ကြည့်ရမယ်။ အခုမိုးရွာနေတာ နောက်ရက်တွေမှာ ရပ်သွားမယ်ဆိုရင် ပိုအားကောင်းလာနိုင်တယ်။ မုန်တိုင်းအဖြစ် ပြောင်း၊ မပြောင်းကို ဆက်လက်စောင့်ကြည့်ရမယ်"ဟု ဦးချစ်ကျော်ကဆိုသည်

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများ ဆက်လက်အားကောင်းနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော တောင်သူလယ်သမားများ၊ ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ကိုင်သော ရေလုပ်သားများအတွက် အထူးသတိထား လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၎င်းကသတိပေးပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ ယခုနှစ်ဆောင်း၌ ပုံမှန်မဟုတ်သော မိုးရွာသွန်းနိုင်ပြီး လာမည့်ဒီဇင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌ အနည်းဆုံးမုန်တိုင်းတစ်လုံး ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းနေသော မိုးမှာ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်များကြောင့်
ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

Sky Net က ပရီးမီးယားလိဂ်နှင့် နှစ်ရာသီစာ ထုတ်လွှင့်မှုအတွက် စာချုပ်ချုပ်

ပုဂ္ဂလိကရုပ်သံလိုင်းဖြစ်သော Sky Net က အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များကို လာမည့် ၂၀၁၃
-၁၄ နှင့် ၂၀၁၅-၁၆ နှစ်ရာသီစာထုတ်လွှင့်မှုကို ရရှိသွားပြီဖြစ်ကြောင်း ယင်းရုပ်သံလိုင်း၏ အရောင်းဌာနတာဝန်
ရှိသူဖြစ်သော ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကျင်းပပြုလုပ်

စီးတော်ဆင်ယာဉ် ရုတ်တရက်ထရပ်သဖြင့် လန့်သွားကြသည့် မင်းသားမင်းသမီး။

ဓာတ်ပုံ - ဥက္ကာကိုကို

တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့လုံးကျွတ် စည်ကား
သိုက်မြိုက်စွာကျင်းပလျှက်ရှိရာ နောက်ဆုံးနေ့ဖြစ်သည့် ၂၈ ရက်နေ့တွင် ၀င်းခင်သဘင်ပွဲတော်ကြီးကို တောင်ငူ
ခတ်ရိုးရာပုံစံအတိုင်း ဆင်ယင်ကျင်းပပြုလုပ်ခဲ့သည်။

လမြတ်တန်ဆောင် ကောင်းမှုဆောင်

လမြတ်တန်ဆောင် ကောင်းမှုဆောင်

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ် သည်။ ဂေါတမမြတ်စွာဘုရားသည် တန်ဆောင်မုန်းလပြည့်နေ့တွင် အဇာတသတ်မင်းအား သာမညဖလသုတ္တန် တရားတော်ကို ဟောကြားတော် မူခဲ့သည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်တို့က သာမညဖလ အခါတော်နေ့ အထိမ်းအမှတ်ကို တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပကြသည်။ သာမညဖလ တရားတော်ဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးတို့ကို ဟောကြားသော တရားတော်ဖြစ်သည်။ 

တန်ဆောင်မုန်းလသည် ဗြိစ္ဆာရာသီ၊ ကြတ္တိကာနက္ခတ်နှင့် ယှဉ်၍ ခဝဲပန်းတို့ ပွင့်သောလဖြစ်သည်။ မိုးလေ ကင်းစင်လျက် ပြာသောကောင်းကင်ဝယ် နက္ခတ်တာရာစုံ ထွန်းလင်းသော လဖြစ်သည်။ ငွေနှင်းဖြူလွမြည့်ပြည့်ကျ၍ အေးမြသောလဖြစ်သည်။ ပင်းယခေတ်စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရနံရတုကာလာနံ အချိန်အခါတို့တွင် တန်ဆောင်မုန်းလသည် သာယာ လှပဆုံး အချိန်ဖြစ်ပေသည်'' ဟူ၍ မိန့်ဆိုခဲ့သည်။ ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ် အလာအရ တန်ဆောင်မုန်း မီးထွန်းပွဲတော်နှင့် ကထိန် သင်္ကန်းကပ်လှူသည့် ဘာသာရေးပွဲတော်များ ကျင်းပကြသည်။

ကထိနစီဝရဟု ဆိုအပ်သော ကထိန်သင်္ကန်း ကပ်လှူခြင်းများ ဂေါတမမြတ် စွာဘုရား သက်တော်ထင်ရှားရှိစဉ် ကပင်ရှိခဲ့သော အစဉ်အလာ တစ်ခုဖြစ်သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ သည် ဝါကျွတ်ချိန်ကာလ၌ မြတ်စွာဘုရားထံ လာရောက် ဖူးမြော်ကြသည်။ မိုးရွာသွန်းဆဲ ကာလဖြစ်သဖြင့် ဘဒ္ဒဝဂ္ဂီရဟန်းတို့ မိုးရွှဲရွှဲစိုလာကြသည့် အချင်းအရာကို မြတ်စွာဘုရား မြင်တော်မူသည်ကို အကြောင်းပြု၍ သံဃာတော်များ သင်္ကန်း လုံလောက်စေရန် ကထိန်သင်္ကန်းကို အလှူခံခွင့်ပြုခဲ့သည်။ 

ကထိန်ခင်းရန်ခွင့်ပြုသောရက်အပိုင်းအခြားသည်သီတင်းကျွတ်လပြည့် ကျော်တစ်ရက်နေ့မှတန်ဆောင်မုန်းလပြည့်နေ့အထိတစ်လသာဖြစ်သည်။ သင်္ကန်းလှူသော အကျိုးမှာ အဆင်းလှခြင်း၊ မြူအညစ်အကြေး ကင်းခြင်း၊ အရောင်အဝါရှိခြင်း၊ တန်ခိုး အာနုဘော်ရှိခြင်း၊ သိမ်မွေ့သောကိုယ်ရှိခြင်း၊ ဖြူသောအဝတ်ပုဆိုးရှိခြင်း၊ ရွှေသောအဝတ်ပုဆိုးရှိခြင်း၊ နီသောအဝတ် ပုဆိုးရှိခြင်းဟူ၍ ရှစ်မျိုးပြထားကြောင်း တွေ့ရသည်။

ကထိန်ခင်းရန် ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုးဆိုထားသည့်အတိုင်း ကထိန် ခင်းရန် မြတ်စွာဘုရား ခွင့်ပြုတော်မူသော သင်္ကန်းသုံးမျိုးမှာ သံဃာဋိဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး)၊ ဥတ္တရာသင်္ဂကိုယ်ရုံဧကသီ၊ အန္တာရဝါသက-ကိုယ်ဝတ် သင်းပိုင်တို့ဖြစ်သည်။ ကထိန်ခင်းရန် ပဒေသာပင်သီးကြရာ၌ ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ နှစ်ထပ်သင်္ကန်းကြီး၊ သပိတ်၊ သင်တုန်းဓား၊ အပ်၊ခါးပန်းကြိုးနှင့် ရေစစ်ဟူ၍ ပရိက္ခရာ ရှစ်ပါးတို့အပြင် သံဃာတော်တို့အတွက် အခြားအသုံး အဆောင်တို့ကိုလည်း လှူဒါန်းကြသည်။ ကထိန်သင်္ကန်း လှူသောအခါ ပုဂ္ဂိုလ်ကိုမလှူရ၊ သံဃာကို ရည်ညွှန်းလှူရသည်။

ကထိန်သင်္ကန်းကို ကပ်လှူခံယူခွင့်ရှိသော ရဟန်းမှာ ဝါတွင်းသုံးလ ပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြု သောရဟန်းသည်သာ ခံယူခွင့်ရှိသည်။
ကထိန်ခင်းသူတို့သည် မိမိလှူဒါန်းသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား မိမိနှင့် ထပ်တူအကျိုးရစေရန် အမျှအတန်းပေးဝေခြင်း(ပတ္တိဒါန) ပြုကြပြန်သည်။ ဤကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှအတန်း ပေးဝေ လိုက်ခြင်းဖြင့် မိမိကုသိုလ် လျော့နည်းမသွားဘဲ အခြားသူများပါ ကုသိုလ်အ ကျိုးကို ရရှိနိုင်သည်။ ထို့အတူပင် သူတစ်ပါးတို့ကုသိုလ် ကောင်းမှုပြုသည်ကို ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ခြင်း (ပတ္တာနုမောဒန) သည် စိတ်စေတနာ ထက်သန်လျှင် ထက်သန်သလောက် ဘဝများစွာ ကောင်းကျိုးပေးနိုင်သည်။

ဝမ်းမြောက် ဝမ်းသာဖြစ်၍ သာဓုခေါ်ခြင်းဖြင့် ကုသိုလ်ပြုသူနှင့် ထပ်တူမျှကောင်းကျိုးချမ်းသာများရရှိနိုင်သည်။ မြန်မာတို့၏ (၁၂)လရာသီတွင် ဤတန်တောင်မုန်းလသည် မြန်မာ့ဓလေ့နှင့်မြန်မာ့လူ့အဖွဲ့၏ အစဉ်အလာ၊ ယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်သောလဖြစ်ခြင်းကြောင့် ကုန်းဘောင်ခေတ်စာ ဆိုတော် ဖိုးသူတော်ဦးမင်းက ''လှူကထိန် သင်္ကန်းနဲ့၊ မဂ်လမ်းတဲ့ဆုပန်ရွယ်၊ သည်ချိန်ကိုဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်၊ ကောင်းကင် လယ်၊ ထက်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနဲ့၊ ကြတ္တိကာကြယ်ရောင် ရွှန်းတယ်၊ ထွန်းထိန်လို့မြူး''ဟူ၍ဖွဲ့ဆိုခဲ့သည်။

သို့ဖြစ်၍ မြန်မာပြည်သူအပေါင်းတို့သည် လမြတ်တန်ဆောင်တွင် ကောင်းမှုကိုဆောင်၍ မကောင်းမှုကိုရှောင်ကာ ပြည်ရွာငြိမ်းအေးရေးကို အလေးအမြတ်ပြုကြ စေကြောင်း မြဝတီကအကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ် သည်။ ဂေါတမမြတ်စွာဘုရားသည် တန်ဆောင်မုန်းလပြည့်နေ့တွင် အဇာတသတ်မင်းအား သာမညဖလသုတ္တန် တရားတော်ကို ဟောကြားတော် မူခဲ့သည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်တို့က သာမညဖလ အခါတော်နေ့ အထိမ်းအမှတ်ကို တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပကြသည်။ သာမညဖလ တရားတော်ဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးတို့ကို ဟောကြားသော တရားတော်ဖြစ်သည်။

အယူသီးမှုကို ချိုးဖောက်မည့် 2013 ကျော်သူ့ ပြက္ခဒိန်

အယူသီးမှုကို ချိုးဖောက်မည့် 2013 ကျော်သူ့ ပြက္ခဒိန်

Wednesday, November 28, 2012  အိမ့်သံစဉ်  

 ဓာတ်ပုံများ- ကျော်သူ

နှစ်ဟောင်းထားရစ်ခဲ့ကာ နှစ်သစ်ကို ကျော်ဖြတ်တော့မည်ဖြစ်သည်။ နိုင်ငံတော်အတွက်၊ အများ ပြည်သူ အတွက်၊ မိသားစုအတွက် မည်မျှပေးဆပ်မှုများ ရှိစေကာမူ ယခုနှစ်သစ် 2013 ခုနှစ်အတွက် မည်တွင် မည်မျှ ပေးဆပ်ရဦးမည်ကို ကြိုတင်သတိနှင့် သိရှိဖို့လိုသည်။ အတိတ်ကဖြစ်ရပ်သည် ယခုပစ္စုပ္ပန်တွင် (တာ)သွားခြင်း (၀ါ) သမိုင်းမှတ်တိုင်ထူခဲ့ ခြင်းတို့ ကိုယူခဲ့ ရပြန်သည်။ 

ထိုသို့သော အတိတ်မှဖြစ်ရပ်များ၊ အတိတ်မှအာဇာနည်ကြီးများ၊ အတိတ်မှပညာရှင်ကြီးများ၊ အတိတ်မှ စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် သဘင်သည်ကြီးများ၊ အတိတ်မှ နိုင်ငံ့အာဇာနည်ကြီးများ၊ နိုင်ငံရေး သမားကြီးများ ၏ ကမ္ဘာမြေပြင်မှ ထွက်ခွါသွားခဲ့ကြသည့် နောက်ဆုံးနေ့ရက်များကို ယခုပစ္စုပ္ပန်တွင် အမှတ်တရ ရှိနေစေရန်၊ ဂုဏ်ပြုပွဲများ ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ယခု Kyaw Thu First Breakout 2013 Calendar အား ကျွန်တော်ထုက်ဝေ လိုက်ပါတော့သည်။ 

 ဆရာတော်ကြီးများ၏ သြဝါဒအဆိုအမိန့် စကားရပ်များ၊ တိုင်းပြည်ခေါင်းဆောင် လူမှုရေးသမား များ၏ လက်စွဲဆောင်ပုဒ်များဖြင့် ဖိုးချို (ခ) မောင်မောင် (ခ) ကျော်ဝင်း (ခ) ရုပ်ရှင်သရုပ်ဆောင်မင်းသား/ ဒါရိုက်တာ ကျော်သူ (ခ) လူမှုရေးသမားကျော်သူ၏ ဘဝဖြတ်သန်းမှု ပေးဆပ်မှုပုံရိပ်လွှာများဖြင့် ဖော်ကျူး ရိုက်နှိပ်ထားသော (17 x 25) လက်မဆိုဒ် ၂ဝ၁၃ ခုနှစ် ပြက္ခဒိန်ဖြစ်လေသည်။

အေးချမ်းမွန်မှဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ

နှစ်ဟောင်းထားရစ်ခဲ့ကာ နှစ်သစ်ကို ကျော်ဖြတ်တော့မည်ဖြစ်သည်။ နိုင်ငံတော်အတွက်၊ အများ ပြည်သူ အတွက်၊ မိသားစုအတွက် မည်မျှပေးဆပ်မှုများ ရှိစေကာမူ ယခုနှစ်သစ် 2013 ခုနှစ်အတွက် မည်တွင် မည်မျှ ပေးဆပ်ရဦး
မည်ကို ကြိုတင်သတိနှင့် သိရှိဖို့လိုသည်။

ရွှေတွင်းအလုပ်သမားများကိုမတရား လုံခြုံရေး တပ်ဖွဲ့များနှင့်အစောင့်ချထားခြင်း

http://www.rfa.org/burmese/news/mine_workers_walking_protest-11182012092059.html/mtmm-305
အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်နဲ့ ရမည်းသင်းမြို့ ကိုပြန်သွားကြတဲ့ မိုးထိမိုး မိ ရွှေတွင်းလုပ်သားတွေကို အာဏာပိုင်တွေက မူလ သဘောတူထားတဲ့နေရာကို ပို့ဆောင် မပေးဘဲ ရမည်းသင်းနဲ့ ဝေးလံ တဲ့နေရာက ရွာတစ်ရွာမှာ ထားလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အစောင့်ချ ထားလိုက်ကြောင်း သိရပါတယ်။

အရွယ်မတိုင်ခင် လက်ထပ်ကြတဲ့ ၁၂ နှစ်အရွယ်သတို့သမီးနဲ့ ၁၉ နှစ် သတို့သား




၁၂ နှစ်အရွယ် သတို့သမီးနှင့်  ၁၉ နှစ်အရွယ် သတို့သား တို့ရဲ့  မင်္ဂလာ အခမ်းအနားကို သတို့ သမီး ဖခင်နှင့် အစ္စလာမ်အဖွဲ့မှ ခွင့်ပြုခဲ့ပြီးနောက် မလေးရှားနိုင်ငံ မြောက်ပိုင်း Kedah ပြည်နယ်မှာ  ပြီးခဲ့သည့် အပတ်က ကျင်းပ ခဲ့ ပါသည်။

လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်ပြီး သံဃာနှင့်ရဲများထိပ်တိုက်တွေ့ ပြီ

http://gdb.voanews.eu/BE8AC15C-0E63-4B77-AB3C-5F700474C4D8_w640_r1_s_cx0_cy12_cw0.jpg



လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် သပိတ် စခန်းတွေကို ည ၁၂ နာရီ ကျော် ရင် အဆုံး
သတ်ပေးဖို့ အာဏာ ပိုင်တွေဘက်က ကြေညာပြီးတဲ့နောက်မှာတော့ လက်ပန်းတောင်းတောင် ကျော်ရွာဘက်က သံဃာအများစုရှိတဲ့သပိတ်စခန်းမှာ ရဲတပ်ရင်းေ တွနဲ့ သံဃာတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

လက်ပန်းတောင်အရေး ဆန္ဒပြသူ ( ၆ ) ဦးကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီ

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းေ တာ င် ကြေးနီစီမံကိန်း ရပ်ဆိုင်းပစ်ရေးအတွက် တောင်းဆို ဆန္ဒပြ သူတွေထဲက ဦးဆောင်သူ ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ ပို့လိုက် ပါတယ်။ 

ဖွဲ့စည်ုး့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအသစ် ပြန်လည်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အောက်ဖော်ပြပါ သတင်းထုတ်ပြန်ချက် အမှတ် ၈ ကို ယမန်နေ့ ရက်စွဲဖြင့် သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
သတင်းထုတ်ပြန်ရေးအဖွဲ့ 
သတင်းထုတ်ပြန်ချက်(၈/၂ဝ၁၂) 
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် ၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက ပြည်
ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း