Pages

Monday, November 26, 2012

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်


GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်		
MONDAY, 26 NOVEMBER 2012 18:21

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက်စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့် နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

ထိုပြင် လက်ရှိရောင်းချနေသော  ၂သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ် ၁ သိန်းခွဲသို့ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လျော့ချ ရောင်းချပေးရန်ရှိကြောင်း သိရှိရသည်။

''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်းအနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများခေါ်ယူထားကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google

MONDAY, 26 NOVEMBER 

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြား
ခဲ့သည်။

တိုင်းပြည်အာဏာအလွဲသုံးစား လုပ်ခဲ့သူများနဲ့ပတ်သတ်ပြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပြောပြချက် (သတင်းဆောင်းပါး)

မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေ
ဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။
ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး
။ ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊
ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို
...နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှ
တ်လို့ ။ သူတို့ ရဲ့ စိန်စီသောနေ့ ၊
စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး
ဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။
သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို
လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။
အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။
အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပါဘဲ။

ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။
သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။
သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလို
လုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွ
ဆိုရုံနဲ့  ပြီးတမ်းလား။ ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။
အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေ
စစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလား။
လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး
တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊
ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါး
တွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။

ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာက
လာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့
တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည်
ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ 
ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။
ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေ
အချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊
အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့
ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ 
မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာ
တယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။
အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင်
အရောက်ကို ပို့ ကြရမှာဗျ။

ဟံသာဝတီ ဦးဝင်းတင်

(ကိုအောင်မျိုးထွန်း ထံမှ တဆင့် ....)
ီD Fatty

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း

မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေ ဘယ်လောက်များခဲ့သလဲ။ ကျုပ်
 နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။ဟိုအာဏာရှင်ကြီးဗျာ၊ဟိုချုပ်ကြီး။ဟိုချုပ်မှူးကြီးဗျာ။ဟိုဝန်ကြီး၊ဟိုအရာရှိကြီး၊
ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို ...နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းတာမှတ်လို့ ။

ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း

ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း

အောင်ဇော်| November 26, 2012 | 

မြန်မာပြည်ကိုရောက်တိုင်း အရင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ တွေ့ဆုံ အင်တာဗျူး လိုကြောင်း ချဉ်းကပ်ဖူးတယ်။ “အချိန်မကျသေးပါ” လို့သာ အဖြေပြန်ရခဲ့ပါတယ်။ ဒီတခေါက် နိုဝင်ဘာလလယ် ခရီးစဉ်မှာတော့ ဦးခင်ညွန့်ကို ကထိန်အလှူပွဲတခုမှာ သွားဆုံမိပါတယ်။

ကျနော့်ကို တွေ့တွေ့ချင်း ထမင်းစားပွဲမှာ သူ့ မိတ်ဆွေတွေနဲ့ ထိုင်နေတဲ့ ဦးခင်ညွန့်က သူ့လက်ကို စားပွဲပေါ်မှာ ဆန့်ချပြီး “ကျနော် လူသတ်သမား မဟုတ်ပါဘူး” “ကျနော် သူတို့ကို ထောင်ထဲကို ပို့ခဲ့တာ မဟုတ်ပါဘူး” “ခိုင်းတဲ့ အမိန့်အတိုင်း လုပ်ရ တာပါ”လို့ ပြောပါတော့တယ်။

အဲဒီနောက် သူက မကြာသေးခင်က Democratic Voice of Burma (DVB) က ထုတ်လွှင့်ခဲ့တဲ့ Dateline Irrawaddy အစီ အစဉ်ကိုကြည့်ပြီးတဲ့အကြောင်း ပြောပြပြီး “ကျနော် အမျိုးသားနိုင်ငံရေး မလုပ်ပါဘူး၊ လုပ်ဖို့လဲ အစီအစဉ် မရှိပါဘူး၊ ကျ
နော် ဘာနိုင်ငံရေးမှ လုပ်မှာမဟုတ်ပါဘူး၊ ကျနော် ပြောချင်တာက ကျနော်ဟာ ဘာသာရေး၊ လူမှုရေး အလုပ်တွေကို သေတဲ့ အထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ လည်း ပြောလိုက်ပါတယ်။

ကျနော်တို့ရဲ့ အပတ်စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ဦးခင်ညွန့် ပြောခဲ့တဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို သေသေချာချာ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။

ကျနော့်ကို ဘေးကမိတ်ဆွေတွေ၊ ဦးခင်ညွန့် ရဲ့ မိတ်ဆွေ ဗိုလ်ချုပ်ဟောင်းတွေက ဦးခင်ညွန့်နဲ့အတူထိုင်ပြီး ထမင်းစားဖို့ပြော တော့ ကျနော်လဲ ဝင်ထိုင်လိုက်ပြီး မေးခွန်းတချို့မေးမိပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကလဲ စကား တော်တော် ပြောချင် နေပုံရတယ်။ ပထမ စတွေ့တုန်းကလို စိတ်လှုပ်လှုပ်ရှားရှားနဲ့ ပြောတာမဟုတ်တော့ပါဘူး။ ဒါပေမယ့် သူ့မှာ ပြောချင် တာတွေကို ဖွင့်အံချင်နေပုံရတယ်။

နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း တရားထိုင်တဲ့အကြောင်း၊ နေ့လယ်ခင်း ခဏနား တရားပြန်ထိုင်ပြီး ညနေဘက်မှာ ပဌာန်းရွတ်ဆိုတဲ့ အကြောင်းတွေ ကျနော့်ကို ရှင်းပြတော့ အန်ကယ် အပြင်နဲ့ အဆက်အသွယ်ရော မရှိဘူးလားလို့ မေးတော့ ဘယ်သူ့ကိုမှ ဆက်သွယ်ခွင့် မရှိတဲ့အကြောင်း၊ အစိုးရထုတ် သတင်းစာကိုပဲ ဖတ်ခဲ့ရပြီး Satellite TV နဲ့ Internet လည်း မရှိတဲ့အကြောင်း တကယ့်ကို အကျဉ်းသားတဦးလိုပဲ နေထိုင်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြပါတော့တယ်။

တနိုင်ငံလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ထောက်လှမ်းရေးချုပ်ဟောင်း ရဲ့ နိဂုံးကို ကျနော်က စိတ်ဝင်တစား နားထောင်ရင်း မေးခွန်းတွေ ဆက်မေးမိတယ်။

နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း သစ်ခွပန်းကို ဈေးမှာသွင်းပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ အသက်ဆက်ခဲ့ရတဲ့အကြောင်း အနားမှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ရဲ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေက အန်တီတို့က အရင်ကတည်းက သစ်ခွပန်းစိုက်တယ်လေ လို့ ဝင်ပြောလိုက်ပါတယ်။

ဦးခင်ညွန့်က ဆက်ပြီး နောက်ပိုင်း သိပ်ကျပ်တည်းလာချိန်မှာတော့ မြေနီကုန်းက နာမည်ကြီး ဒေါ်ခင်အေးဆိုင်မှာ ရှပ်အင်္ကျီ ဘောလ်ပင် စတဲ့ နိုင်ငံခြားက ရခဲ့တဲ့ လက်ဆောင်တွေကို ရောင်းချပြီး ဖြေရှင်းခဲ့ရကြောင်း ရှင်းပြပါတယ်။

ဒေါ်ခင်အေးဆိုင်ကိုတော့ မြန်မာပြည်က ဗိုလ်ချုပ်တွေ အစိုးရထိပ်ပိုင်းတွေက အသိများကြပါတယ်။ သူတို့တွေ ရဲ့ နိုင်ငံခြားပြန် ပစ္စည်းတွေကို ပြန်လည်လက်ခံ ဝယ်ယူတဲ့ ဆိုင်လို့ ရန်ကုန်မှာ လူသိများကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းကျတော့ ဦးခင်ညွန့် ရဲ့ လက်ရင်းဆရာဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးတင့်ဆွေကို အိမ်ထဲဝင်ခွင့်ပေးပြီး တွေ့ခွင့်ပေး တဲ့ အခါကျမှ ဦးတင့်ဆွေယူလာတဲ့ ထောက်ပံ့ကြေးငွေနဲ့ မိသားစု အသက်ဆက်ခဲ့ရကြောင်း ဦးခင်ညွန့်က နေအိမ်အကျယ်ချုပ်ကျစဉ်က ဖြတ်သန်းခဲ့ရပုံကို ကျနော့်ကို ရှင်းပြပါတယ်။

ဒီလိုခွင့်ပြုခဲ့တာကလည်း နေအိမ်မှာ လေးနှစ်ကျော်ကျော် နေပြီးမှ ဦးတင့်ဆွေကို ဝင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

စကားပြောနေစဉ် သတိထားမိတာကတော့ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဝန်ကြီးချုပ်ဟောင်း၊ အတွင်းရေးမှူး (၁) စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဦးခင်ညွန့်ဟာ သူ့ရဲ့ကျန်းမာရေးကို အတော်လိုက်စားပြီး ကျန်းကျန်း မာမာ နေနိုင်အောင် ကြိုးစားခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်လှုပ်ရှားမှု အားကြီးတယ်။ စိတ်ထဲမှာ ခံစား နေရတာတွေကို ပြောချင်နေတယ် ဆိုတာကိုလည်း ကျနော် သတိထားလိုက်မိပါတယ်။

ဦးခင်ညွန့်ဟာ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ တပည့်တွေကိုတော့ တမ်းတမ်းတတ ပြောပါတယ်။

“ကျနော့်လူတွေ မလွတ်သေးဘူး၊ သူတို့တွေကို လွှတ်ပေးဖို့လိုတယ်”လို့ သူက ဆိုလာပါတယ်။ ကျနော်ကလည်း အန်ကယ် အခုလို အဖမ်းခံရတာ အန်ကယ့်တပည့်တွေ မကောင်းလို့ အဖမ်းခံရတယ်လို့ ဝေဖန်တာတွေ ရှိတယ်လို့မေးတော့ ဦးခင်ညွန့်က ဒီိလိုပြောတာကို လက်ခံပုံမရပါဘူး။“ကိုယ်မကောင်းလို့ သူတို့ အခုလို ဖမ်းခံရတယ်လို့ပဲ မြင်ပါတယ်”လို့ သူက ပြန်ပြော လာပါတယ်။

တပ်မတော်မှာ ထောက်လှမ်းရေးဆိုရင် တပ်ကြပ်ကိုတောင် တပ်ရင်းမှူးက ပြန်ပြီး ကြောက်ခဲ့ရတဲ့ ခေတ်တွေ သူ့လက်ထက်မှာ ရှိခဲ့တယ် ဆိုတာကိုတော့ ဦးခင်ညွန့်က ဆွေးနွေးချင်ပုံမရပါ။ ကိုယ်က Corruption (အဂတိ လိုက်စားမှု) လည်း မလုပ်ဘူး။ သန့်သန့်ရှင်းရှင်းပဲ နေခဲ့တာလို့ သူက ထမင်းတလုတ်ကို ပါးစပ်ထဲထည့်လိုက်ရင်း စကားကို ဆက်လိုက်ပါတယ်။


ဦးခင်ညွန့်နှင့် ဂီတစာဆို ဘိုကလေးတင့်အောင် (ညာစွန်) (ဓာတ်ပုံ – ဧရာဝတီ)
နေပြည်တော်ကို ကျနော်ရောက်သွားတိုင်း ခြေလျင်တပ်ရင်းမှာ တာဝန်ကျခဲ့သူ ဗိုလ်ချုပ်ဟောင်း တချို့ကတော့ ဦးခင်ညွန့်ကို လွှတ်ပေးတဲ့ ကိစ္စကိုရော မကျေနပ်ကြသလို ထောင်ထဲတွင် ကျန်ရှိနေသေးတဲ့ သူ့ တပည့်တွေကိုလည်း လွှတ်ပေးဖို့ မသင့် ကြောင်း အမြဲ ကျနော့်ကို ပြောလေ့ ရှိခဲ့တာကို နားထောင်ခဲ့ရဖူးပါတယ်။

ဗိုလ်ချုပ်ဟောင်း တဦးကလည်း ၂၀၀၃ – ၂၀၀၄ ဝန်းကျင်က ဆိုလျှင် စစ်ရုံးချုပ်ထဲအထိ VIP အရေးကြီး ပုဂ္ဂိုလ်တွေ ရုံးထဲ အထိ သူ့ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားလေ့ရှိကြောင်း ကျနော့်ကို ရှင်းပြဖူးပါတယ်။ ဘာကြောင့် ဆောင်တာလဲလို့မေး တော့ ထောက်လှမ်းရေးက သတ်မှာစိုးလို့ပေါ့ဗျာလို့ သူက ခပ်ရှင်းရှင်းပဲ ပြန်ဖြေဖူးပါတယ်။“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆောင် တာပါ”လို့ သူက ထပ်ပြောလိုက်ပါသေးတယ်။ ဒါက ထောက်လှမ်းရေးနဲ့ Infantry ခေါ် ခြေလျင် တပ် အကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ Power struggle (အာဏာ အားပြိုင်မှု)တွေရဲ့ အသံတွေ အရိပ်တွေ ဖြစ်ပါသည်။

ဒါကြောင့် Power struggle ကြောင့် အန်ကယ် ပြုတ်တယ်လို့လည်း ပြောဆိုဝေဖန် ရေးသားခဲ့ကြပါတယ်။ ကျနော့်တို့ လည်း ဒီလိုပဲ သုံးသပ်ခဲ့ကြတယ်လို့ ကျနော်က ဆက်ပြီးမေးမိပါတယ်။ ဒီလိုမေးတော့ ဦးခင်ညွန့်က လက်ကိုကာပြီး Power struggle မရှိပါဘူး။ ဘာ Power struggle မှ မရှိပါဘူးလို့ ထပ်ခါတလဲလဲ ပြောလိုက်ပါတယ်။

သူက စကားတွေကို ဆက်ပြောနေပေမယ့် ဒေါ်ခင်ဝင်းရွှေက ရပ်ပါတော့လို့ ဝင်တားလိုက်တာကို ကျနော် သတိထားလိုက် မိပါတယ်။ ဦးခင်ညွန့်က သူ တရားဆောက်တည်နေတဲ့အကြောင်း အခုလို ရာထူးကချ နေအိမ်အကျယ်ချုပ် အပို့ခံရတာဟာ အတိတ်က ကုသိုလ်ကံကြောင့်လို့ ကျနော့်ကို သူကပြောပြပါတယ်။

ဒါပေမယ့် တန်ခိုးအာဏာ အရမ်းကိုကြီးထွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အခုလို နိဂုံးချုပ်ခဲ့ရတာဟာ တပ်မတော် ခေါင်းဆောင်တွေရဲ့ အတွင်းတိုက်ပွဲကြောင့်လို့ အများက သုံးသပ်ကြသလို နိုင်ငံရေးအရ ရည်မှန်းချက်ကြီးတဲ့ ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ အဖွဲ့က အပြီးရှင်းတာပဲလို့ ပြည်တွင်း ပြည်ပ သုံးသပ်သူတွေက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ စစ်စိုးရထောက်လှမ်းရေးရဲ့ ဒဏ်ကို ခံခဲ့ရသူတွေ ကြောက်ခဲ့ရသူတွေကတော့ ကံကံရဲ့အကျိုးကို ပြန်ခံစားရတာပဲလို့ ဘာသာရေးအမြင်ဘက်ကနေ ချဉ်းကပ်ပြောခဲ့တာကို အပြင်မှာရော အတွင်းမှာပါ ကျနော်ကြားရပါတယ်။

သူနေအိမ်မှာ အကျယ်ချုပ်ကျနေစဉ်အတွင်း YouTube အင်တာနက် စာမျက်နှာမှာ ဦးခင်ညွန့်နဲ့ ပတ်သက်တဲ့ ဗီဒီယို အပိုင်း အစလေး တခု တက်လာတဲ့အကြောင်းကို ကျနော်မေးလိုက်ပါတယ်။ အဲဒါက ၂၀၀၅ တုန်းက ကျနော်တို့ကို အင်းစိန်ထောင် ကို ခေါ်ထုတ်ပြီး တရားစီရင်တဲ့ ကာလပေါ့လို့ ဦးခင်ညွန့်က ရှင်းပြပြီး ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ထားပါတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

တရားရုံးက စီရင်ချက်တွေ စွပ်စွဲချက်တွေကိုရော ဘယ်လိုတုံ့ပြန်ခဲ့သလဲလို့မေးတော့ ကျနော်က ဘာမှပြန်မပြောခဲ့ပါဘူး။ ပြန် ပြောစရာလည်း ဘာမှမလိုတော့ပါဘူး။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲ ပြောခဲ့ပါတယ်လို့ သူကပြုံးပြီး ကျနော့် ကို ပြောလိုက်ပါတယ်။

ဦးခင်ညွန့်ကတော့ စကားကိုဆက်ပြီး ပြောချင်ပေမယ့် ဒေါ်ခင်ဝင်းရွှေနဲ့ မြေးလေးတွေက ပြန်ခေါ်တာနဲ့ နေ့လယ်ပိုင်းမှာ ပြန် ထွက်သွားပါတယ်။

သူ့ကို လာနှုတ်ဆက်တဲ့ တပ်မတော် အရာရှိဟောင်းတွေ မိတ်ဆွေဟောင်းတွေကိုလည်း တွေ့ရပါတယ်။ အားလုံးကို သူက ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး သူ အမျိုးသားနိုင်ငံရေး လုပ်မှာမဟုတ်ဘူး၊ အမျိုးသားရေးပဲ လုပ်မှာပါ။ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေကိုပဲ လုပ်မှာပါ ဆိုတာကိုတော့ ထပ်ခါတလဲလဲ ပြောသွားခဲ့ပါတယ်။

ကားနားကို လိုက်ပို့တဲ့ အရာရှိဟောင်း တဦးကတော့ ဦးခင်ညွန့် လက်ပြပြီး ကားထွက်သွားတာကို လိုက်ကြည့်ရင်း “ပြီးသွားခဲ့တာ ကြာခဲ့ပါပြီ” လို့ ကပ်ပြောလိုက်တဲ့ အသံကိုတော့ ကြားလိုက်ရပါသေးတယ်။     ။


ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ (ဓာတ်ပုံ – ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ဧရာဝတီ
November 26, 2012 

မြန်မာပြည်ကိုရောက်တိုင်း အရင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ တွေ့ဆုံ
အင်တာဗျူး လိုကြောင်း ချဉ်းကပ်ဖူးတယ်။ “အချိန်မကျသေးပါ” လို့သာ အဖြေပြန်ရခဲ့ပါတယ်။ ဒီတခေါက် နိုဝင်
ဘာလလယ် ခရီးစဉ်မှာတော့ ဦးခင်ညွန့်ကို ကထိန်အလှူပွဲတခုမှာ သွားဆုံမိပါတယ်။

ဦးအောင်မင်း၏ တရုတ် ကြောက်ရကြောင်း ပြောဆိုချက် ဝေဖန်ခံနေရ




မြန်မာအစိုးရအနေဖြင့်အိမ်နီးချင်းတရုတ်နိုင်ငံအစိုးရကိုကြောက်နေရသည်ဟုသမ္မတရုံး ၀န်ကြီးဦးအောင်မင်းက
ပြောဆိုလိုက်မှုအပေါ်လွှတ်တော်အမတ်များ၊နိုင်ငံရေးပါတီများနှင့်ပညာရှင်များကနိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေ
သော မှတ်ချက်အဖြစ် ဝေဖန်လိုက်ကြသည်။

လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စီမံကိန်းအတွင်း သာသနိက နေရာများ ထိမ်းသိမ်းရေး လှုပ်ရှားမှုအဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့က လက်ပံတောင်း တောင်ကြောပေါ်ရှိ အမြင့်ဆုံးတောင်ဖြစ်သော ရွှေမြင်တင် တောင်ပေါ်သို့ စီတန်းတက်ရောက်ကာ အနုမြူကပ်ကျော် စေတီတော်ကို ရွှေသင်္ကန်း ကပ်လှူခဲ့ကြစဉ် (ဓာတ်ပုံ – အောင်နေမျိုး / Facebook)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်က ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းသကဲ့သို့ ဆန္ဒပြသည့် နည်းလမ်းတခုတည်း မဟုတ်ဘဲ ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းအတိုင်း ဖြေရှင်းသွားသင့်ကြောင်း ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သံပုရာခုံ ကျေးရွာအနီးတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်မှုဖြစ်ပွား

 
ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်၊သံပုရာခုံကျေးရွာအနီးမိုင်တိုင်၃/၀မိုင်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း
ပေါက်မှု နိုဝင်ဘာလ၂၆ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ရေေ အာက် တွင် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်း ပေါက်ခြင်းဖြစ်ပြီး ထိုသို့ ဖြစ်ပွားမှုကြောင့် မော်တော်ယာဉ်များစီ
အမ်ဂျီဓာတ်ငွေ့ ပေးဝေမှု အနည်းငယ်လျော့နည်းမှု ရှိနိုင်သော်လည်း ရပ်ဆိုင်းမည်မဟုတ်ကြောင်း သိရှိရ သည်။

တိုကျို၌ ဖမ်းမိသည့် မြောက်ကိုရီးယား သတ္တုပိုက်များ မြန်မာနှင့် မဆိုင်ဟု သမ္မတရုံး ပြော

ဂျပန်နိုင်ငံတိုကျိုဆိပ်ကမ်း၌ဖမ်းဆီးရမိသည့်ယူရေနီယမ်သန့်စင်ခြင်းနှင့်ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်
သည့်အဆင်မြင့်သတ္တုပိုက်များသည်မြန်မာနိုင်ငံနှင့်မည်သို့မျှမသက်ဆိုင်ကြောင်းသမ္မတရုံးညွန်ကြားရေးမှူးဦးဇော်
ဌေးက ဧရာဝတီသို့ ပြောသည်။

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်

စက်ရုပ်လို့သိထားကြတဲ့ (Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ Karel Capekက သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။
Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့အလုပ်သမား၊ စလိုဗက်ခ်ဘာသာစကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။
မှတ်တမ်းများအရ ရှေးဦးစက်ရုပ်ကို ၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ ဂျက်ကွက်ရက်က တည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစက်ရုပ်ဟာ စာရေးတဲ့စက်ရုပ်ဖြစ်ပြီး စာလုံးလေးဆယ်ကျော်ရေးသားနိုင်ပါတယ်တဲ့။
ဒါပေမယ့် ရှေးဦးစက်ရုပ်တွေထဲက ကျွန်တော်သဘောအကျဆုံးစက်ရုပ်ကတော့ ဂျပန်ပညာရှင်တစ်ဦးတီထွင်ခဲ့တဲ့ လူတူစက်ရုပ်ဖြစ်ပါတယ်။

ဂျပန်အက်ဒီဆင်လို့ ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့လူတူစက်ရုပ်ပါ။
အဲဒီစက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ လိုက်ပို့ပေးနိုင်သလို မြှားကျည်တောက်ထဲက မြှားကိုလည်း ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန်အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စက်မှုလုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို လွန်ခဲ့တဲ့နှစ်များစွာအတွင်း အင်ဂျင်နီယာတစ်ဦးက အောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့ဖူးပါတယ်။
အဲဒီမြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။

ဆရာဦးကြည်ကို ၁၉၃၄ခုနှစ်၊ဇွန်လ၊၁ရက်နေ့၊ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က ထားဝယ်မြို့အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။
ဒါပေမယ့်ဆရာဟာ စက်မှုအင်ဂျင်နီယာဘာသာရက်ကို ပိုစိတ်ဝင်စားခဲ့တယ်လို့ဆိုပါတယ်။
၁၉၅၄ခုနှစ်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ A.G.T.I(civil)ဒီပလိုမာဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်ပိုင်းဆရာဟာ ကလောစက်မှုလက်မှုသိပ္ပံမှာ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်ကို နှစ်ရှည်သင်တန်းတက်ရောက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။
နိုင်ငံရပ်ခြားမှာ ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ်တီထွင်ဖို့အကြံရခဲ့တာလို့ ဆိုပါတယ်။
ဆရာဟာ နိုင်ငံခြားကပြန်လာပြီးတဲ့နောက် အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ တာဝန်ထမ်းဆောင်ရင်း စက်ရုပ်တီထွင်ဖို့စလုပ်ပါတယ်။
ဆရာဟာ တပည့်တွေကို စာသင်ကြားပေးရင်းနဲ့ သက်ဆိုင်ရာစာအုပ်စာတမ်းများကို ရှာဖွေလေ့လာဖတ်ရှုရင်း တပည့်တွေအကူအညီနဲ့ အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေစုဆောင်းပါတယ်။
အဆင်သင့်ဖြစ်သွားတဲ့အချိန် ၁၉၈၆ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ ၀ါသနာပါတဲ့ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင်တီထွင်တပ်ဆင်ကြပါတယ်။
စက်ရုပ်အတွက်ကုန်ကျစရိတ်အားလုံးကို ထိုစဉ်က စက်မှု၊စိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ခြောက်လအကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြပါတယ်။

အဲဒီစက်ရုပ်ကို မော်တော်ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ်တီထွင်ခဲ့တာပါ။အဲဒီစက်ရုပ်ဟာ ကောင်းမွန်စွာထိုင်နိုင်၊ထနိုင်၊လမ်းလျှောက်နိုင်ပြီး ဆေးမှုတ်တဲ့နေရာမှာလည်း တိကျသေချာတယ်လို့ဆိုပါတယ်။
၁၉၈၆ခုနှစ် ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက်အများဆုံးတီထွင်မှုဖြစ်ခဲ့ပါတယ်။
ဆရာဟာ အဲဒီစက်ရုပ်မထွင်ခင်ကတည်းက အလိုအလျောက်ဖွင့်ပိတ်တံခါး၊ နိုင်ငံခြားမှာယခုတိုင်သုံးနေကြဆဲ ကော်ဖီရောင်းစက်ကဲ့သို့သော လက်ဖက်ရည်ရောင်းစက်၊ Remote controlမော်တော်ကားတို့ကိုလည်း တီထွင်ခဲ့ပြီးဖြစ်ပါတယ်။
Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင် သိပ်မတွင်ကျယ်သေးတဲ့အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အာလူးအကောင်းနဲ့အပုပ်ရွေးတဲ့စက်၊ ဘီစကွတ်အမျိုးအစားအဆိုးအကောင်းရွေးတဲ့စက်တွေလည်း တီထွင်ခဲ့ပါတယ်။
နောက်ပိုင်းမှာဆရာဟာ စက်ရုပ်ကို လူတို့ရဲ့အမိန့်ပေးစကားနာခံနိုင်စေရန်နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေးကူညီမှုနည်းပါးခြင်းတို့ကြောင့် လက်လျှော့ခဲ့ရတယ်လို့ဆိုပါတယ်။
ဆရာရဲ့ပြိုင်ပွဲဝင်စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။
ဆရာဟာ ဆက်လက်ပြီး နိုင်ငံ့တာဝန်များကို ရာထူးအဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး အောင်ဆန်းစက်မှုလက်မှုသိပ္ပံနှင့်အထွေထွေပြုပြင်ရေးကျောင်းအုပ်ကြီးအဖြစ်မှ ၁၉၉၄ခုနှစ်မှာ အနားယူခဲ့ပါတယ်။
ဆရာရဲ့ ဘ၀တစ်လျှောက်မှာ နိုင်ငံခြားတိုင်းပြည်များမှ ကုမ္ပဏီတွေက အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ လုံးဝထွက်မသွားဘဲ နိုင်ငံအတွက် ပြည်တွင်းမှာပဲ တပည့်တွေကို ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက စက်ရုပ်တီထွင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့အလုပ်မှန်း လူတိုင်းသိနိုင်ပေမယ့် ဆရာဦးကြည်ကတော့ အောင်မြင်အောင်လုပ်ဆောင်ပြသွားခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated circuit)တွေကိုတောင် ပေါပေါများများ သိပ်သုံးနိုင်မယ်မထင်ပါဘူး။
အဲဒီလို IC နဲ့ Gear (ဂီယာ)ခေတ်က အင်ဂျင်နီယာတစ်ယောက်ဟာ လူတူစက်ရုပ်တစ်ရုပ်ကို အစအဆုံး အောင်မြင်စွာတီထွင်နိုင်ခဲ့တဲ့အကြောင်း ယနေ့ microprocessor နဲ့ servo motor ခေတ်မှ လူငယ်များ သိရှိအားကျအတုယူနိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။ 

အားလုံးကိုလေးစားစွာဖြင့်

မင်းအရိပ်

စက်ရုပ်လို့သိထားကြတဲ့ (Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ Karel Capekကသူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။Robot
ဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်
နေရတဲ့အလုပ်သမား၊ စလိုဗက်ခ်ဘာသာစကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။

ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် ပုပ္ပါးတောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေ

တတိုင်းပြည်လုံးကယ်တော်မူကြပါ ။
ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် ပုပ္ပါးတောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေကြပေပြီ။ 
=========================================
ပုပ္ပါးတောင်သည် နတ်တို့ပျော်စံရာနတ်တောင်။

မြန်မာ့အနုစာပေစတင်ဖွဲ့စပ်ရာ ကဗျာတောင်။
ပရဆေးမျိုးစုံပေါက်ရောက်ရာ ဆေးတောင်။
ရှားပါးမျောက်မျိုးစိတ်နှင့် အခြားတိရစ္ဆာန်တို့ပေါက်ဖွားပျော်မြူးရာ သားပျော်တောင်၊ ကျေးပျော်တောင်။
မြန်မာ့ကိုးကွယ်ယုံကြည်မှုတို့ မြစ်ဖျားခံရာ အမြင့်တောင်။ အခေါင်တောင်။

ထိုတောင် ဤတောင် ကျုပ်တို့ယဉ်ကျေးမှုတောင်ကို ဘာမဟုတ်တဲ့ ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် တောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေကြပေပြီ။ မကြာခင်မှာ တောင်ကြီးပြိုလဲသွားတော့မှာပါ။

မြန်မာ့ကိုးကွယ်ယုံကြည်မှုကြီးပြိုလဲသွားတော့မှာပါ။ အဓိဋ္ဌာန်ပြု တရားရှာသူတို့နေရာ ပျောက်သွားတော့မှာပါ။

ထိုစက်ရုံကို မြန်မာ့ယဉ်ကျေးမှုနဲ့ သယံဇာတတွေဖျက်ဆီးရာမှာ၊ မြန်မာ့အနာဂတ်ကို ချိန်းချောက်ရာမှာ၊ မြန်မာ့ဂေဟစနစ်ကို ဖျက်ဆီးရာမှာ၊ မြန်မာ့သွေးကြောတွေကို ခုတ်ထစ်ရာမှာ အလွန်နာမည်ကျော်တဲ့ လျှပ်စစ်ဝန်ကြီးဌာနကတည်တာပါ။

ဆည်တွေဆောက်ရာမှာ အဲဒီအမှုန့်တွေသုံးဖို့ပါတဲ့။ တနည်းအားဖြင့်ပြောရရင် ပုပ္ပါးတောင်ကို ဖျော်ပြီး ဆည်ဆောက်မလို့တဲ့။ တိုက်ဆောက် ကားစီးမလို့တဲ့။ တင်ဝင်းထွန်းကလဲ လက်ဖက်စိုက်ခင်းတွေနဲ့ အားဖြည့်ပါတယ်။ အဲဒီအတွက် သစ်မာတွေကို ဖျက်ဆီးပါတယ်။ စကားဝါ တွေလဲ ပါသွားမှာပေါ့။

တချို့လဲ နဂါးမောက်စိုက်ခင်းတွေဝင်လာတယ်။ အဲဒီစကား ငှက်ပျောတွေဖျက်ခံရတယ်။ ပုပ္ပါးရဲ့ဂေဟစနစ်တွေ ပျက်ရှာပြီ။ ကျောက်ပန်း တောင်းမြို့နဲ့ ရွာတွေကို ရေပေးနေတဲ့ ရေထွက်ပေါက်တွေလဲ လျော့နဲသွားပြီ။ လုံးလုံးကွယ်ပျောက် ရေဒုက္ခရောက်ကြတော့မယ်။

စိမ်းလန်းစိုပြေမှုတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ပုပ္ပါးတောင်ရဲ့အထိမ်းအမှတ်စကားဝါပင်တွေကုန်တော့မယ်လေ။ ပုပ္ပါးနတ်တောင်ဟာ အခေါင်မမြင့်နိုင်တော့။ စုံတောလဲမပြား၊ နံ့ရှားလဲမကြိုင်၊ အခါတိုင်လဲပွင့်တော့မယ်မဟုတ်။ အရပ်ကတို့ ကယ်တော်မူကြပါခင်ဗျာ။

နိုဝင်ဘာ ၂၃၊ ၂၀၁၂
မိုးမခ

ဘိလပ်မြေအစားထိုး (pozolan)မှုန့်ထုတ်ဖို့အတွက်ပုပ္ပါးတောင်ကြီး အောက်ခြေကိုစက်ကြီးစက်ငယ်နဲ့မရပ်
မနားတူးဖောက်ဖြိုဖျက်နေကြကြောင်းသတင်းရရှိသည်

ချင်းမိုင်က The BEAM Collection 2012 ဖက်ရှင်ရှိုးပွဲ (ဓါတ်ပုံသတင်း)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chiang Mai Art Museum မှာ The BEAM Collection 2012 ဖက်ရှင်ရှိုးပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့က The BEAM Education Foundation ကျောင်းက သိုက်မြိုက်စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မှ အဖွဲ့အစည်းအသီးသီး၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်မှအဖွဲ့အစည်းအသီးသီးပါဝင်သောငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး
ပွဲအခမ်းအနား ဖွင့်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

စစ်လက်ကျန် ဗုံးများ ရန်ကုန်တွင် ရှိနေဆဲ -

လူဦးရေ ၆ သန်း ကျော် ရှိနေသည့် ရန်ကုန်မြို့တွင် စစ်လက်ကျန်ဗုံးများ ရှိနေဆဲဖြစ်ကြောင်း ဘူမိဗေဒပညာ
ရှင်များနှင့် အသက် ၆ဝ အထက် ရန်ကုန် ဒေသခံများက ဆိုသည်။“ဒုတိယ ကမ္ဘာစစ်အပြီး စစ်လက်ကျန် ဗုံး
တွကို ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ရှိနေပါတယ်။မကြာသေးခင်ကစမ်းချောင်းမြို့နယ်အတွင်းမှာ
ကလေးတယောက် မြေကြီးတူးရင်း စစ်ကျန်ဗုံးတလုံး တွေ့တဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်” ဟု ရန်ကုန် တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ကျောင်းဆရာတဦးက ပြောသည်။

 ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက်မှု ဖြစ်ပွား

ha-26-11-6



ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားမိုင်တိုင်အမှတ် ၃၉၁/၁၃- ၁၄ ကြား နှင့် ညောင်ဦး-ကျောက်ပန်း
တောင်းသွား ကားလမ်းတို့ဆုံရာ နေရာတွင် နိုဝင်ဘာလ၂၅ ရက်နေ့၊ည ၇ နာရီအချိန်ခန့်က နေပြည်တော်
-ပုဂံ ၁၀၇ အဆန်မီးရထားနှင့် လိုက်ထရပ်ကား အဖြူရောင်တစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါ
သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် မကြာမီဖွင့်လှစ်မည့် စစ်ကိုင်းတက္ကသိုလ်ကို သွားရောက် ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်အဖွဲ့ဝင်များလိုက်ပါလျက်ယနေ့မွန်းလွဲပိုင်းတွင်ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းမြို့သို
့ ရောက်ရှိကြသည်။

အလွှာစုံပါဝင်မည့် သျှမ်းညီလာခံအား ရန်ကုန်၌ ဒီနေ့စတင်မည်

000

အောက်တိုဘာ ၁၅ ရက်နေ့က သျှမ်းညီလာခံအတွက် အကြိုအစည်းအဝေး
လာမည့်တနင်္လာနေ့မှစ၍ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ညီလာခံတရပ်အားသျှမ်းတိုင်း ရင်းသားများသီးသန့်တွေ့ဆုံကာ သုံးရက်ဆက်တိုက် ဆွေးနွေးဖလှယ် ကြမည်ဟုသိရှိရပါသည်။

အီဂျစ်သမ္မတဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား

တနင်္ဂနွေနေ့ အစောပိုင်းက ၂၀၁၁ ခုနှစ်က အီဂျစ်သမ္မတ မူဘာရတ်ကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှု အစပျိုးခဲ့ရာ မြို့တော်ကိုင်ရိုက Tahrir ရင်ပြင်မှာ ဆန္ဒပြသူတွေ စုရုံးပြီး ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

လိင်ပညာပေး မဂ္ဂဇင်း ထွက်လာတော့မယ် တဲ့

မျက်နှာဖုံးဟု ယူဆရ
လိင်ပညာပေး မဂ္ဂဇင်း လာမယ့် အင်္ဂါနေ့ ထွက်မယ် လို့ ဆိုတယ်။ပညာပေး ဆိုတော့လည်း ပညာပေးတာတွေ
ပါမယ်လို့ မျှော်လင့်ရပါတယ်။

တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား တွေ မန္တလေးကျောင်းမှာ ပြန်နေဖို့ ပြည်ထောင်စု ဝန်ကြီး က သဘောတူလိုက်ပြီ

တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား တွေ မန္တလေးေ ကျာင်းမှာ ပြန်နေဖို့ ပြည်ထောင်စု ဝန်ကြီး က သဘောတူလိုက်ပြီ လို့သိရပါ တယ်။စစ်ကိုင်းရွာသစ်ကြီး ကို ပြောင်းရွှေ့ ခဲ့ရတဲ့ ဖွံ့ဖြိုးရေး ကော လိပ် ကျော င်း သား ၆ဝဝ က ရွာသစ်ကြီး မှာ မနေချင်လို့ မန္တလေး ကျောင်းကို ချီတက် ဆန္ဒပြလို့ စနေနေ့ နေ့ခင်းက နယ်စပ် ဖွံ့ဖြိုးရေး ဝန်ကြီးဦးသိန်းဌေးကလာတွေ့ပြီးမန္ဒလေးကျောင်းပန်ပြောင်းနိုင်ကြောင်းကတိပေးတယ်လို့ ဆန္ဒပြ ကျောင်းသား
တွေ က ပြောပါတယ်။

လောင်းကစားဝိုင်းတွေ စည်ကားတဲ့ တောင်ကြီးတန်ဆောင်တိုင်

လောင်းကစားဝိုင်း မြင်ကွင်းတခု (ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် တားမြစ်ထားသော လောင်းကစားဝိုင်း ပါဝင်မှုမှာ ယခင်နှစ်များ

ထက် ပိုမို များပြားနေကြောင်း တွေ့ရသည်။

မှောင်ခိုလှေဖြင့် မလေးရှားသို့သွားသည့် ဘင်္ဂလီ ၁၇၅ ဦး ၂ ပတ်ကြာပြန်ဆိုက်ရောက် ဖမ်းဆီးခံ

kh-manik-pic-24-11-2012-300x240

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှမလေးရှားသို့မှောင်ခိုလှေဖြင့်ထွက်ခွာသွားခဲ့ပြီးဖြစ်သောဘင်္ဂလီ၁၇၅ ဦးပါ လှေတစင်းနှင့်အ
တူဒီဇယ်ဆီ ၈၀၀ လီတာအား BGBက သောကြာနေ့က ကော့စ်ဘဇားခရိုင်အတွင်းမှ ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။

အလုပ်သမား ဒုဝန်ကြီး ထိုင်းရောက် မြန်မာ အလုပ်သမား အဖွဲ့တွေနဲ့ ဆွေးနွေး

၂၀၁၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာရွေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စကို ဆောင်ရွက်ပေးနေသည့် ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ဌာနတခုတွင် အလုပ်သမားမှတ်ပုံတင် စာရင်းသွင်းနေသော မြန်မာရွေ့ပြောင်းအလုပ်သမားတဦး။
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီး
ဦးမြင့်သိန်း၊ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနဲ့ သံရုံးတာဝန်ရှိသူများဟာ ဒီကနေ့နေ့လည်က မြန်မာသံရုံးမှာ မြန်
မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဆိပ်ကမ်းသာရပ်ကွက်နဲ့ ရွာမရပ်ကွက်တို့မှာ အခုလ (၁၇) ရက်ကနေ့  စတင်ပြီး စစ်တောင်းမြစ် ကမ်းပါးပြိုကျမှု နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ဒီနေ့အထိ အိမ်
ခြေ (၁၇ဝ)ကျော်ဟာ မြစ်ရေနဲ့ မျှောပါသွားတယ်လို့ သိရပါတယ်။