Pages

Friday, November 23, 2012

ကြေးနီစီမံကိန်း ပြဿနာ ကော်မတီဖွဲ့ စစ်ဆေးရန် လွှတ်တော် ဆုံးဖြတ်လိုက်ပြီ




စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်း ရပ်တံ့ရေးတောင်းဆိုမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ေ ဆးေ ရး ကော်မတီအဖွဲ့ ဖွဲ့၍ စစ်ဆေးရန် ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးက သဘောတူ ဆုံးဖြတ်လိုက်ကြသည်။

သံတွဲ-ရန်ကုန်ကားများပေါ်တွင် မွတ်စလင်များမပါရေးကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်ပြန်

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/c13.0.403.403/p403x403/32331_495604670480176_510581260_n.jpg
သံတွဲမြို့မှရန်ကုန်သို့သွားသောအဝေးပြေးခရီးသည်တင်ယာဉ်များတွင် အစ္စလာမ်ဘာသာဝင်များမပါရှိစေရေးကြပ်
မတ်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။ ခရိုင်
အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က
နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက်အကြောင်းကြားခဲ့သည်။

“Burma” ဟုသာ ဆက်သုံးမည် ~ ဒေါ်အောင်ဆန်းစုကြည် ~

 ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဧရာဝတီ

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အမည်ကို အင်္ဂလိပ်နာမည် Burma အစား Myanmar ဟု အစိုးရတချို့က ခေါ်ဆိုသုံးနှုန်းသည့်အပေါ် စိတ်ပျက်ကြောင်း ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မှောင်ခိုစက်သုံးဆီ တင်သွင်းမှု အရှုပ်တော်ပုံ


ပုံမှန်အားဖြင့်အဆိုတွေ၊မေးခွန်းတွေမြောက်မြားစွာကိုမေးကြ၊ဖြေကြနဲ့နေ့စဉ် အလုပ်များနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမေ ဆာင်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကတော့ အဆိုတခုတည်းနဲ့တင် လွှတ်တော်တခုလုံး အလုပ်ရှုပ် ဗြောင်းဆန် သွားခဲ့ပါတယ်။

ဆီပုံးလှယ်စဉ် မီးလောင်မှုဖြစ် အိမ်ရှင်ဒဏ်ရာစိုးရိမ်ရ

http://www.myitmakhamediagroup.com/administratorpanel/image/23-11-12-10%20(1).JPG



လှိုင်သာယာမြို့နယ် (၁၁) ရပ်ကွက်၊ မန္တလေးလမ်းနှင့် ခိုင်သဇင်လမ်းထောင့်ရှိ ဓါတ်ဆီရောင်းချသည့် နေအိမ်၌ နံနက် (၉) နာရီ၊ (၂၂) မိနစ်ခန့်က ဆီပုံးလှယ်ရာမှ မီးလောင်ကျွမ်းသဖြင့် လူတစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KIA မှနိုင်ငံတော် အစိုးရ၀န်ထမ်းတွေကိုပါ သတ်ဖြတ်နေကြပြီ

၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းမှာ KIA တပ်ရင်း (၁၂) မှ ဒုရင်းမှူး တန်ဂွန်းနဲ့ အင်အား (၅၀) လောက်ဟာ မဘိမ်းမြို့နယ်၊ ပင်ကြိမ်ကျေးရွာကို ရောက်လာပြီး စီပိန်းဘိနယ်ရုံးကျွန်းစိုက်ခင်း မှာပေါင်းရှင်း နေတဲ့ တောအုပ်ဖိုးခွားကို တုံကွာရွာဘက်ဖမ်း ဆီး ခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာလ (၁၈) ရက်နေ့မနက်ပိုင်းမှာ တုံကွာရွာအတွက် သင်္ချိုင်းကုန်းမှာ ခေါင်းကို ပစ္စတိုနဲ့ (၃) ချက်ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ကြားဖြတ်အစီရင်ခံစာတွင်ပါဝင်သော တွေ့ရှိချက်အချို့

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ကြားဖြတ်အစီရင်ခံစာတွင်ပါဝင်သော တွေ့ရှိချက်အချို့
........................................................................
1.တရားရုံးများတွင် အမှုပွဲစားများရှိခြင်း

2.ရဲနှင့် ဆင့်စာလုလင်တို့၏တာဝန်ပျက်ကွက်မှုကြောင့် သက်သေများမလာကြ၍ အချို့အမှုများ မလိုအပ်ဘဲကြန့်ကြာနေခြင်း
3.တရားရုံးက သက်သေများကို ချက်ချင်းသက်သေစရိတ်ထုတ်မပေး၍ သက်သေများမလာချင်ကြခြင်း

4.အမှုစစ်ဆေးသည့်အခါ သက်သေများက သနားငဲ့ညှာခြင်း အားနာခြင်းတို့ကြောင့် အမှန်ထွက်ဆိုရန်ဝန်လေးနေတတ်ခြင်း

5.အမှုစွဲဆိုရန် ဥပဒေအကြံဥာဏ်ကို ရဲက (၇)ရက်ကြိုတင်တောင်းရမည့်အစား အမှုတင်ခါနီးမှ တောင်းခြင်း

6.ရှေ့နေ ဥပဒေ၀န်ထမ်း တရားသူကြီး အမှုသည် သက်သေတို့ကလည်း တရားဥပဒေစိုးမိုးရေး အတွက် ဆွေးနွေးသည့်အခါ အကြောက်တရားလွှမ်းမိုးနေခြင်း ပွင့်ပွင့်လင်းလင်း မပြောရဲ သေးခြင်း

7. တရားခွင်များကျဉ်းမြောင်းသောကြောင့် အများပြည်သူရှေု့မှောက်တွင် တရားစီရင်ရေးဟူသောမှုနှင့်ကွဲလွဲနေခြင်း

8.တရားရုံးအချု့၏အကျယ်အ၀န်းနှင့် အချုပ်သားဦးရေမျှတမှုမရှိသည့်အပြင် လေ၀င်လေထွက် နည်းခြင်း အလင်းရောင်မရှိခြင်းတို့ကြောင့် အချုပ်သားများမွန်းကြပ်စွာနေကြရခြင်း

9. တရားဆွဲခံရသူအား ညှဉ်းပန်းနှီပ်စက်ပြီးရရှိသည့်ထွက်ဆိုချက်ဖြင့်တိုင်ချက်ဖွင့်ခြင်း

10. လာဘ်ပေးလာဘ်ယူကင်းရန် ညွန်ကြားချက်ရှိသည်ဟုဆနိုသော်လည်း လာဘ်ပေးလာဘ်ယူမှုများရှိနေခြင်း အထူးသဖြင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောစီရင်ချက်များ ချမှတ်သည့် တရားသူကြီးများကို ထိရောက်စွာအပြစ်ပေးသင့်ခြင်း

11.တရားသူကြီးများ အုပ်ချုပ်ရေးပိုင်းကိုကြောက်နေရခြင်း အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးတွင် သြဇာလွှမ်းမိုးမှုရှိနေခြင်း

12.ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းထားသည့်လွတ်လပ်စွာတရားစီရင်ရေးဟူသော လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာအာဏာပိုင်တို့က ၀င်ရောက်စွက်ဖက်မှုကင်းရန် အထူးလိုအပ်နေခြင်း

13.ရှေ့နေရှေ့ရပ် ရဲစသုံးလုံး မှုခင်း ဆရာဝန် ဓာတုဗေဒ ဆရာဝန် သက်သေ အုပ်ချုပ်ရေးပိုင်းမျ တာဝန်ရှိသူတို့ကလည်း တရားဥပဒစိုးမိုးရေးအတွက် ကူညီရန်နှင့် လာဘ်ပေးလာဘ်ယူကင်းရှင်းရန်လိုအပ်နေခြင်း။

Copy From..Messenger News Journal

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ကြားဖြတ်အစီရင်ခံစာတွင်ပါဝင်သော တွေ့ရှိချက်
အချို့ဖြစ်ပါတယ်။ လူတိုင်းဖတ်သင့်ပါတယ်။

ကမ္ဘာပေါ်တွင် အမြန်ဆုံး အင်တာနက်လိုင်း ရရှိသူ

ကမ္ဘာပေါ်တွင် အမြန်ဆုံး အင်တာနက်လိုင်း ရရှိသူ 

ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်းရရှိသူကတော့ Sigbritt Löthberg အမည်ရ အသက် ၇၅ နှစ်အရွယ် ဆွီဒင် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ 

သူ့အိမ်မှာ တပ်ဆင်ထားတဲ့ အင်တာနက် လိုင်းက တစ်စက္ကန့်ကို 40Gbs အထိ လိုင်းစွဲအားများပါတယ်။ ဒါကြောင့် Full HD ဗားရှင်း ဗီဒီယို ဖိုင်တစ်ဖိုင် ကို Download ဆွဲဖို့ ၂ စက္ကန့် သာ ကြာပါတယ်။ HDTV channel အခု ၁၅၀၀ ကိုလည်း တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သာမန် လူတစ်ယောက် ရရှိတဲ့ အင်တာနက် လိုင်းစွဲအားထက် အဆပေါင်း များစွာ သာလွန်နေတာ ဖြစ်ပါတယ်။ 

ဒီလို အင်တာနက် လိုင်းမြန်ရတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူ့သား Peter Löthberg ဟာ အင်တာနက် geek တစ်ဦး ဖြစ်ပြီး နောက်တစ်ယောက် Karlstad Stadsnät ကလည်း ဒေသတွင်း Network ကောင်စီမှာ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ အင်တာနက်လိုင်း မြန်မြန်ဆန်ဆန် ရရှိရေး အတွက် ကြိုးပမ်းနေသူများ ဖြစ်ပါတယ်။ 

ယခု Sigbritt အမေအတွက် ဖန်တီးပေးထားတဲ့ အင်တာနက်လိုင်းက စံပြ တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဒီလို လိုင်း ဖြစ်အောင် ပြု လုပ် ပေးဖို့လည်း ကြိုးစားနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: reuters
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/blog-post_8368.html

ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်းရရှိသူကတော့ Sigbritt Löthberg အမည်ရအသက်၇၅ နှစ်အရွယ်ဆွီဒင် အမျိုး
သမီး တစ်ဦး ဖြစ်ပါတယ်။

မန်းလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ယနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွား

မန်းလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆောက်တောဝကျေးရွာ၊ စွယ်တော်မြတ်စေတီတော်အနီး၊ အမှတ်(၂)
ယန္တရားတပ်၏ရှေ့၊ ဓာတ်ဆီဆိုင်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ညနေ ၅နာရီကျော်အချိန်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ မီးအားကောင်းနေခဲ့ကြောင်း သိရသည်။

"မန်းတွင် ဈေးအမြင့်ဆုံး လေလံအောင်ခဲ့သော ဂျီးဖုန်းနံပါတ် ၀ယ်သူမရှိ၍ ရန်ကုန်တွင် ထပ်မံလေလံတင်"

Photo: "မန်းတွင် ဈေးအမြင့်ဆုံး လေလံအောင်ခဲ့သော ဂျီးဖုန်းနံပါတ် ၀ယ်သူမရှိ၍ ရန်ကုန်တွင် ထပ်မံလေလံတင်"

ရန်ကုန်၊ နိုဝင်ဘာ 23
 
နိုဝင်ဘာ ၁၅ ရက်နေ့က မန္တလေး၌ ကျင်းပခဲ့သည့် ဖုန်းနံပါတ်အပူးအလှ လေလံပွဲတွင် ကျပ် ၄၇ သိန်းဖြင့် ရောင်းချခဲ့သည့် ၀၉-၄၀၄၄၄၄၄၄၄ ဖုန်းကို လေလံအောင်နိုင်သူ လာရောက်ငွေချေခြင်းမရှိသည့်အတွက် ရန်ကုန်တွင် အဆိုပါ ဖုန်းကိုထပ်မံလေလံတင်ရာင်းချခဲ့ရကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။
 
အဆိုပါ ဖုန်းမှာ ဂျီဖုန်းအမျိုးအစားဖြစ်ပြီး မန္တလေး၌ ၄၇ သိန်းဖြင့် အမြင့်ဆုံး လေလံဈေးရရှိခဲ့သော်လည်း ရန်ကုန်တွင်မူ ကျပ် ၄၁ သိန်းသာ ရရှိခဲ့ကြောင်း သိရသည်။
 
ပထမအကြိမ် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် နံပါတ်အပူး အလှများ လေလံပွဲအထက်ပါဖုန်းနံပါတ်အပူးမှ ဈေးအမြင့်ဆုံးပေးသူကို လက်ဆောင်အဖြစ် i Phone 5 ချီးမြှင့်ပေးခဲ့သော်လည်း လေလံအောင်သူမှာ စရံငွေ ငါးသောင်းသာ မြန်မာ့ဆက်သွယ်ရေးကို ပေးချေပြီး နံပါတ်ကို မ၀ယ်ယူခဲ့ကြောင်း သိရသည်။ 

AZ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

နိုဝင်ဘာ ၁၅ ရက်နေ့က မန္တလေး၌ ကျင်းပခဲ့သည့် ဖုန်းနံပါတ်အပူးအလှ လေလံပွဲတွင် ကျပ် ၄၇ သိန်းဖြင့် ရောင်း
ချခဲ့သည့် ၀၉-၄၀၄၄၄၄၄၄၄ ဖုန်းကို လေလံအောင်နိုင်သူ လာရောက်ငွေချေခြင်းမရှိသည့်အတွက် ရန်ကုန်တွင် အဆိုပါ ဖုန်းကိုထပ်မံလေလံတင်ရာင်းချခဲ့ရကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

"အိန္ဒိယသူတော်စင် ဆိုင်းဘာဘာ၏ ၈၆ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပ"

Photo: "အိန္ဒိယသူတော်စင် ဆိုင်းဘာဘာ၏ ၈၆ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပ"

ရန်ကုန်-နိဝင်ဘာ၂၃
အိန္ဒိယနိုင်ငံမှ သူတော်စင်ကြီးတစ်ဦးဖြစ်သော သျှီဆတ္တယဆိုင်းဘာဘာကြီး၏ (၈၆) နှစ်မြောက် မွေးနေ့ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဒုလလမ်းထောင့်ရှိ မဟာပိန္နဲဘုရားဝင်းး၌ ကျင်းပခဲ့သည်။
 
ထိုမွေးနေ့ပူဇော်ပွဲကို အဆိုပါ ဘုရားကျောင်း၌ နှစ်စဉ်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး မွေးနေ့ပွဲသို့ တက်ရောက်လာသူများအား ဟိန္ဒူဘာသာရေး ဘုန်းတော်ကြီးများမှ ပရိတ်ချည်မျှင်နှင့် ပရိတ်ပန်းများဝေငှခြင်းတို့အပြင် သက်သက်လွတ်ချစ်တီးထမင်းနှင့် အအေးများအား စတုဒီသာပြု လှူဒါန်းခဲ့ကြောင်း သိရသည်။ 
 
အိန္ဒိယသူတော်စင် ဆိုင်းဘာဘာသည် ၂၀၁၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အသက် ၈၄ နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ၌ ကွယ်လွန်ခဲ့သော်လည်း ၎င်းအပေါ် ယုံကြည်ကိုးကွယ်သူများက ၎င်း၏ မွေးနေ့ပွဲအားယနေ့တိုင် နှစ်စဉ်ကျင်းပလျက်ရှိခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။  

သူရထွန်း

ရန်ကုန်-နိဝင်ဘာ၂၃
အိန္ဒိယနိုင်ငံမှ သူတော်စင်ကြီးတစ်ဦးဖြစ်သော သျှီဆတ္တယဆိုင်းဘာဘာကြီး၏ (၈၆) နှစ်မြောက် မွေးနေ့ပူဇော်
ပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဒုလလမ်းထောင့်ရှိမဟာပိန္နဲဘုရားဝင်းး၌ကျင်းပ
ခဲ့သည်။

အာဆီယံကားမောင်ပြိုင်ပွဲ အတွက် အိန္ဒိယနိုင်ငံသို့ မြန်မာအနုပညာရှင်များ ထွက်ခွာ"

Photo: "အာဆီယံကားမောင်ပြိုင်ပွဲ အတွက် အိန္ဒိယနိုင်ငံသို့ မြန်မာအနုပညာရှင်များ ထွက်ခွာ"
=========================================

အာဆီယံ ၉ နိုင်ငံကားမောင်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ဒါရိုက်တာ ကိုပေါက်၊ ဝေဠုကျော်၊ မေသဉ္ဇာဦး၊ ဆုပန်ထွာတို့က နိုင်ငံ
ပေါင်းကိုးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်၊ အိန္ဒိယနိုင် ငံတို့ကို သွားရောက် ယှဉ်ပြိုင်
မှာဖြစ်တဲ့ အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာ လ၂၁ရက်နေ့က ရုပ်ရှင် အစည်းအရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၂၃ရက်နေ့၊ နံနက် ၈နာရီ ၄၅မိနစ် အချိန်မှာတော့ မြန်မာ နိုင်ငံမှ ထွက်ခွာ သွားခဲ့ ကြောင်း
သိရသည်။ 

ဓါတ်ပုံ-အိသွဲ့(တန်ယန်း)
ဓါတ်ပုံ-အိသွဲ့(တန်ယန်း)

အာဆီယံ ၉ နိုင်ငံကားမောင်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ဒါရိုက်တာ ကိုပေါက်၊ ဝေဠုကျော်၊ မေသဉ္ဇာ
ဦး၊ ဆုပန်ထွာတို့က နိုင်ငံပေါင်းကိုးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီး
ယား၊ ဗီယမ်နမ်၊ အိန္ဒိယနိုင် ငံတို့ကို သွားရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

''နိုင်ငံရေးအရ နာမည်ပျက်စာရင်း( Blacklist) ကိစ္စဆက်သွယ်လိုလျှင်''

နေပြည်တော်- နိုဝင်ဘာ ၂၃

နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင် "ပြည်ထောင်စုအစိုးရအနေနှင့်“နိုင်ငံ
ရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ်များစာရင်းကိုလည်းပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင်ယင်း
ကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေး တာဝန်ခံတစ်ဦးကိုခန့်ထားပြီး
ဖြစ်ပါသည်။

ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှကျောင်းသား၊ကျောင်းသူများ ကျောင်းမပြောင်းရွေ့ရရေး ဒူးထောက် ဆန္ဒထုတ်ဖော်လျက်ရှိ

Photo: မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ နှုတ်မိန့်ဖြင့်ပြောင်းရွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်းသားများသည် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီမှစပြီး ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြို
းတိုးတက်ရေး ဒီဂရီကောလိပ်အ၀င်လမ်းတစ်လျောက်တွင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင်ကာ ဒူးထောက်၍ မိမိတို့၏ မူလကျောင်းတွင်ပြန်လည်တက်ခွင့်ရရှိရန် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။ထိုသို့ ကျောင်းသားများဆန္ဒထုတ်ဖော်ရာနေရာသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းလာရောက်၍ ကျောင်းသားများ၏ ဆန္ဒကို အထက်သို့တင်ပြပေးမည်ဟု ပြောသော်လည်း ကျောင်းသားများမှာ တိကျသည့် အဖြေမရမချင်းယခုနေရာမှ မထဟုဆိုကာ ဆက်လက်ဆန္ဒဖော်ထုတ်နေကြကြောင်း သိရသည်။ ယင်းကျောင်းသားများက လက်ရှိအချိန်မှ ညနေ ၃ နာရီအတွင်း တိကျသောအဖြေတစ်ခုမရရှိပါက လမ်းမပေါ်ထွက်၍ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ စစ်
ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်သို့နယ်စပ်ရေးရာဝန်ကြီး
ဌာန၏ နှုတ်မိန့်ဖြင့်ပြောင်းရွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်းသားများသည် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းတည့် 
၁၂ နာရီမှစပြီး ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်အ
ဝင်လမ်းတစ်လျောက်တွင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင်ကာ ဒူးထောက်၍ မိမိတို့၏ မူလကျောင်းတွင်ပြန်
လည်တက်ခွင့်ရရှိရန် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။

ကျိုင်းတုံမြို့တွင် တရားမ၀င် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ မြို့အ၀င်စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ(၂၂) ရက်နေ့ ညနေပိုင်းက တရားမ၀င် သယ်ဆောင်လာသည့် လက်နက်ခဲ ယမ်းများအား တာဝန်ရှိသူများမှ ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်၊ မောက်မယ်မြို့အတွင်းရှိ ဘိန်းစိုက်ခင်းများ ကို ပှုပေါင်းအဖွဲ့ဝင်များမှ ဖျက်ဆီး

ရှမ်းပြည်နယ်၊မောက်မယ်မြို့အတွင်းရှိ ဘိန်းစိုက်ခင်းများအား နိုဝင် ဘာလ(၁၅)ရက်နေ့မှ(၂၂)ရက်နေ့အထိ ဟိုနမ့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ PNO ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းများ၊ သစ်တောဌာန၊ မြေစာရင်းဦးစီးဌာနနဲ့ စိုက်ပျိုးရေးရုံးတို့မှ အဖွဲ့များပါဝင်သည့် ပူးပေါင်း ဘိန်းဖျက် ဆီးရေးအဖွဲ့မှ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလာဒေခ်ျ့နယ်စပ် မြစ်နားရွာမှ ရခိုင် (၃)ဦး ဖမ်းဆီးခံရ


ဘင်္ဂလာဒေခ်ျ့နိုင်ငံနတ်မြစ်ကမ်းခြေတွင်တည်ရှိသောမြစ်နားရွာမှ ရခိုင် အမျိုးသား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB မှ ယမန်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။“ မနေ့ညနေ ၅ နာရီ အချိန်မှာမြစ်နားရွာထဲကို ၀င်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါ တယ်။ ယာဘားဆေးပြားတွေလည်း သူတို့ဆီကမိတယ်လို့ကြားရပါတယ်။အတိအကျဘယ်လောက်မိတယ်ဆိုတာကိုတော့တိတိကျကျ မသိရ
သေးပါဘူး” ဟု ရွာသား တစ်ဦးက ပြောသည်။

အသက် ၁၂ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ

၂၂-၁၁-၂ဝ၁၂ရက်နေ့ ၁၄၄ဝ အချိန် တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်နေ ဒေါ်ဇင်မာမြင့် (၃၆)နှစ်သည် သမီးဖြစ်သူ မထက်ထက်ဝေ(၁၂)နှစ်မှာ ကျောင်းဆင်းချိန်၌ နေအိမ်သို့ ပြန်ရောက် လာခြင်းမရှိသဖြင့် စုံစမ်း
ခဲ့ရာ ခင်ပွန်းဖြစ်သူဦးကျော်နိုင်သိန်းနှင့်ကားဝပ်ရှော့ အတူလုပ်ကိုင်သည့် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်နေ ရန်နိုင်စိုး (၂ဝ)နှစ်မှ ခေါ်သွားကြောင်း သိရှိရသဖြင့် ရန်နိုင်စိုး၏ နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ်ခန်းအ
တွင်း ရန်နိုင်စိုးနှင့် ထက်ထက်ဝေတို့အား အတူတွေ့ရှိခဲ့ရသည်။

“ရန်ကုန်တက္ကသိုလ်သမိုင်းကြောင်း”

“ရန်ကုန်တက္ကသိုလ်” 

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသောတက္ကသိုလ် ဖြစ်သည်။ အရှေ့တောင်အာရှ၏ အစောဆုံးတက္ကသိုလ်များတွင်လည်း ပါဝင်သည်။
တည်နေရာ
ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်၏ အနောက်တောင်ဘက်၊ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံ ဆုံရာတွင်တည်ရှိသည်။ ပင်မတက္ကသိုလ်ကျောင်းဝန်း နှင့် လှိုင်ကျောင်းဝန်းဟူ၍ ၂မျိုးရှိပြီး၊ ဂျတ်ဆင်ဘုရားကျောင်းမှာ ပင်မကျောင်းဝန်းအတွင်းတွင် ရှိသည်။ ဘွဲ့ နှင်းသဘင်ခမ်းမအနီးတွင်ရှိသော အထင်ကရ သစ်ပုတ်ပင်ကြီးသည် ၂၀၀၈ခုနှစ်၊ မေလ၂ရက်နေ့ကတိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျှက်ရှိသည်။

သမိုင်း

ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတားတက္ကသိုလ်လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်း ထားခဲ့သော ပညာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ခုနှစ်တွင် အစိုးရကောလိပ်ဟု အမည်ပြောင်းခဲ့ပြီး၊ ၁၉၂၀တွင် ယူနီဗာစီတီကောလိပ် နှင့် ဂျပ်ဆင်(ယုဒသန်)ကောလိပ်ဟူ၍ ပေါ်ထွက် လာခဲ့သည်။ ယူနီဗာစီတီကောလိပ်မှာ ဘာသာရေးနှင့်မသက်ဆိုင်သော ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာ နှစ်ခြင်းခရစ်ယာန်သာသနာအခြေပြုကျောင်း ဖြစ်သည်။ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ်အား ရန်ကုန်တက္ကသိုလ် လက်အောက်ခံ သီးခြားလွတ်လပ်သည့်ကျောင်းအဖြစ် အသိအမှတ်ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံရှိ အောက်စဖို့နှင့် ကိန်းဘရစ်ခ်ျတက္ကသိုလ်တို့၏ စနစ်အတိုင်း ဖွဲ့စည်းတည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၀နှင့် ၅၀ခုနှစ်များအတွင်းတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှဆင့်တွင်လည်း ထိပ်တန်းရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြားအာရှနိုင်ငံ များမှကျောင်းသားများ လာရောက်ပညာဆည်းပူးရာ တက္ကသိုလ်ဖြစ်ခဲ့သည်။


ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် တံဆိပ်ခေါင်း
ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခများကောင်စီ၊ ပညာရှင်များနှင့် အစိုးရအရာရှိများ ပူးပေါင်း အုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကျောင်းတွင်းသင်ကြားရေး ဘာသာစကားအားလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်း လဲခဲ့ပြန် သည်။ မကြာမီ ပညာရေး အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့် သွားခဲ့ ရသည်။ ဆေးပညာ၊ ဘောဂဗေဒ နှင့် ပညာရေး ဌာနများအား သီးခြား ကျောင်းများ အဖြစ် ခွဲ ထုတ်ပြီး ချိန်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ဟုအမည် ပြောင်းလဲခဲ့သည်။ ၈၈၈၈ လူထု အုံကြွမှု ကာလအပြီးမှ စ၍ ရန်ကုန် တက္ကသိုလ်သည် အချိန် အကန့်အသတ် မရှိ ပိတ်ထားခြင်း ခံခဲ့ရပြီး ယနေ့တိုင် ဘွဲ့လွန် နှင့် ဒစ်ပလိုမာ သင်တန်း အနည်းငယ်သာ သင်ကြားပေး လျှက်ရှိသည်။ ၁၉၉၅ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ ၇၅နှစ်ပြည့် စိန်ရတု သဘင် အားတစ်ပတ်ကြာ ကျင်းပခဲ့ပြီး န.ဝ.တ အစိုးရမှ ကျပ်သိန်း ၆၃၀တန် စိန်ရတု ခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင် အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတ်ဝေခဲ့သည်။


ဌာနများ

သိပ္ပံဌာနများ

    ၁။ သင်္ချာဌာန
    ၂။ ရူပဗေဒဌာန
    ၃။ ဓာတုဗေဒဌာန
    ၄။ ကုန်ထုတ်ဓာတုဌာန
    ၅။ သတ္တဗေဒဌာန
    ၆။ ရုက္ခဗေဒဌာန
    ၇။ ဘူမိဗေဒဌာန
    ၈။ ကွန်ပျူတာဌာန

ဝိဇ္ဇာဌာနများ

    ၁။ ဥပဒေဌာန
    ၂။ အင်္ဂလိပ်စာဌာန
    ၃။ မြန်မာစာဌာန
    ၄။ သမိုင်းဌာန
    ၅။ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာ
    ၆။ မနုဿဗေဒဌာန
    ၇။ အရှေ့တိုင်းပညာဌာန
    ၈။ စာကြည့်တိုက်နှင့်သုတပညာဌာန
    ၉။ စိတ်ပညာဌာန
    ၁၀။ ရှေးဟောင်းသုတေသနဌာန
    ၁၁။ ပထ၀ီဌာန

အဆောင်များ

    အင်းဝဆောင်
    ပုဂံဆောင်
    ပဲခူးဆောင်
    ဒဂုံဆောင်
    အင်းလျားဆောင်
    မာလာဆောင်
    နဝဒေးဆောင်
    ပင်းယဆောင်
    ပြည်ဆောင်
    တကောင်းဆောင်
    သထုံဆောင်
    သီရိဆောင်
    ရတနာဆောင်
    စစ်ကိုင်းဆောင်
    ရွှေဘိုဆောင်
    တောင်ငူဆောင်

ထင်ရှားသော ကျောင်းသားဟောင်းများ

    ဗိုလ်ချုပ်အောင်ဆန်း
    ဒေါက်တာဘမော်
    ကာတွန်း ဘကလေး
    သိန်းဖေမြင့်
    ဦးရာဇတ်
    ဦးနု
    ဦးသန့်
    ဒေါက်တာမောင်မောင်
    ဦးနေဝင်း
    ဆာမောင်ခင်
    ခင်မျိုးချစ်
    ဒေါက်တာသန်းထွန်း
    မင်းသုဝဏ်
    နိုင်ရွှေကျင်
    ဦးကြည်မောင်
    ဝန်ကြီးချုပ်ဟောင်း ခင်ညွန့်

“ရန်ကုန်တက္ကသိုလ်”

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသောတက္က
သိုလ် ဖြစ်သည်။ အရှေ့တောင်အာရှ၏ အစောဆုံးတက္ကသိုလ်များတွင်လည်း ပါဝင်သည်။

NLD ပါတီမှ လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သက်၍ အရေးတကြီး အဆို တင်သွင်းမည်

NLD ပါတီမှ လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သက်၍ အရေးတကြီး အဆို တင်သွင်းမည် 
========================================
လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သက်၍ ယနေ့ မွန်းလွဲပိုင်းတွင် NLD ပါတီမှ အရေးတကြီး အဆို တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော် သို့ တက်ရော
က် သတင်းရယူနေသူ The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။

ယင်းကိစ္စ နှင့် ပတ်သက်၍ အစိုးရဘက်မှ ကာကွယ်ရေး ဝန်ကြီးဌာန မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လာရောက် ဖြေကြားမည် ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ The Voice Weekly သို့ ပြောကြားသည်။

The Voice Weekly

လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သက်၍ ယနေ့ မွန်းလွဲပိုင်းတွင် NLDပါတီမှ အရေးတကြီး
အဆို တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော် သို့ တက်ရော က် သတင်းရယူနေသူ The Voice Weekly သ
တင်းထောက်မှ သတင်းပေးပို့သည်။

ရိုဟင်ဂျာများအရေးဖြေရှင်းရန် ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ နှင့် OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာရန် စီစဉ်နေ




ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့တခု
သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအရေး ဖြေရှင်းနိုင်ရန် နည်းလမ်းများနှင့် ပတ်သက်၍ဆွေးနွေးရန် မြန်မာနိုင်ငံ
ကို လာရောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

စစ်သင်တန်း တက်နေကြသော တရုတ်မိန်းမလှလေးများ


မြန်မာနိုင်ငံတွင် မိန်းကလေးများ စစ်မှုထမ်းခွင့်ရရေး အဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့ပြီး  အမျိုးသမီး စစ်မှုထမ်း များအား လိုအပ် သည့် အချိန် တွင် လိုအပ် သလို ခန့်ထားနိုင် ရန် ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဒု တိယ စစ်ရေးချုပ်ကြီးက ဖြေကြားခဲ့ပါတယ်။

ပူတာအိုကပြည်သူတစ်ဦး က ကေအိုင်အေကိုကြောက်နေတဲ့ ကချင် လွှတ်တော် အမတ်တွေ နှုတ်ထွက်ပေးပါတဲ့

တပ်မတော်က ပူတာအို ကပြည်သူတွေအတွက် စားနပ်ရိက္ဓာတွေပို့ဖို့ တံတားတွေပြင်၊လမ်းတွေပြင်လုပ်ေ န တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကမ္ဘာသိအောင် မီဒီယာကနေပြောခဲ့တယ်။အခု ကေအိုင်အေက အဲဒီအ လုပ်တွေကို နှောင့်ယှက်နေတယ်။ စစ်ကြောင်းတွေကို ရင်ဆိုင်မတိုက်ဘဲ မိုင်းတွေခွဲနေတယ်။ ပြည်သူတွေ အတွက် ပို့မယ့်ပစ္စည်းတွေ ပျက်စီးကုန်တယ်။

ပြည်မြို့အထက်နိဗ္ဗိန္ဒတောရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတစ်ပါးမှ ရဲဒင်းနှင့် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား

ပြည်မြို့၊ရွာဘဲနယ်မြေ၊ဘုရင့်နောင်လမ်းမကြီးဘေးတွင်ရှိသည့် အထက်နိဗ္ဗိန္ဒတောရ ကျောင်းတိုက်၏
ကျောင်းထိုင်ဆရာတော်အား၎င်းကျောင်းတိုက်တွင်ရှိသည့်ဦးပဉ္ဇင်းတစ်ပါးမှရဲဒင်းနှင့်ခုတ်သတ်ခဲ့ သည့်ဖြစ်
စဉ် နိုဝင်ဘာလ (၂၁) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းရွာသစ်ကြီးသို့ ပြောင်းရွှေ့ခဲ့ရသည့် ကျောင်းသားများ ဆန္ဒထုတ်ဖော်


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်ရှိ ကျောင်းသားများအား စစ်ကိုင်း တိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ နှုတ်မိန့်ဖြင့် စက်တင်ဘာလ ကုန် တွင် ပြောင်းရွေ့ခဲ့ရသည်။

လယ်သမားတွေ ရန်ကုန်မြို့ထဲမှာ စီတန်းလှည့်လည် ဆန္ဒပြကြ




ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊အနော်ရထာစက်မှုဇုန်စီမံကိန်း အတွက်သိမ်းဆည်းထားတဲ့ လယ်ယြာေ
တွ ပြန်လည် ရရှိဖို့ကို လှိုင်သာယာမြို့နယ်အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမား (၃ဝ) နီး
ပါးလောက်ဟာ ဒီကနေ့ မနက်ပိုင်းကလသာမြို့နယ်ကဝါဝါဝင်းကုမ္ပဏီရုံးရှေ့ကနေဗိုလ်ချုပ်လမ်းမကြီးအတိုင်း
 မြို့၊ ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့ကို လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

နေပြည်တော် ချီတက်နေတဲ့ ရွေလုပ်သားတွေကို ရဲကရိုက်နှက်ဖမ်းဆီး

http://www.myitmakhamediagroup.com/administratorpanel/image/8-11-12-10.JPG
မိုးထိမိုးမိ ရွေလုပ်သားများ နေပြည်တော်ဆီ ချီတက်လမ်းလျှောက်နေတာ ကို အာဏာပိုင်တွေက တားဆီး ရိုက်နှက်ပြီး ရွေလုပ်သား ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးသွားကြောင်းရွေလုပ်သားတွေနဲ့ ကျနော်တို့ ရဲ့ ဒီဗွီဘီ သတင်းထောက်က ပြောကြပါတယ်။

Cyber War လို့ခေါ်တဲ့ ကွန်ပြူတာအင်တာနက် စစ်ပွဲ (အပိုင်း ၂)


ဒီတပါတ်တော့ Cyber War  လို့ခေါ်တဲ့ အင်တာနက် စစ်ပွဲတွေ အတွက် ခုခံကာကွယ်နိုင်ရေးနဲ့ လုံခြုံရေးအကြောင်းတွေကို   စင်္ကာပူအမျိုသား ကွန်ပြူတာဌာနက အကြီးတန်းအကြံပေး ဦးဥက္ကာကြူဖေကို မေးမြန်းပြီးတင်ပြပေးမှာပါ။ 

Cyber War လို့ခေါ်တဲ့ ကွန်ပြူတာအင်တာနက် စစ်ပွဲ(အပိုင်း-၁)


ဒီတပတ်တော့ Cyber War လို့ခေါ်တဲ့ အင်တာနက် စစ်ပွဲနဲ့ ပတ်သက်ပြီး  စင်္ကာပူအမျိုးသား ကွန်ပြူတာ
ဌာနက အကြီးတန်းအကြံပေး ဦးဥက္ကာကြူဖေက အခုလို စပြီးရှင်းပြပါတယ်။

မွမ်ဘိုင်း သေနတ်သမား သေဒဏ် စီရင်မှု လက်တုန့်ပြန်မယ်လို့ တာလီဘန် ခြိမ်းခြောက်


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့မှုနဲ့ ပါကစ္စတန်သေနတ်သမား တဦးကို သေ
ဒဏ်ပေးလိုက်တဲ့အပေါ် သူတို့အနေနဲ့ ဂလဲ့စားခြေမှာ ဖြစ်တယ်လို့ တာလီဘန်တွေ က ခြိမ်းခြောက်ပြောဆို
လိုက်ပါတယ်။

ကန့်ဘလူ ကုန်တင်ဆီတွဲ ရထားတိမ်းမှောက်မှု သေဆုံးသူထပ်တိုး



စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီးမှာ ကုန်တင်ဆီတွဲတိမ်းမှောက်ပြီးမီးလောင်ခဲ့
တာကြောင့် ဒီကနေ့ထိ သေဆုံးသူပေါင်း ၅၆ ယောက်ရှိကြောင်းကန့်ဘလူဆေးရုံအုပ်ကြီးက ပြောပါတယ်။

အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်

ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး သို့မဟုတ် ချစ်သူခင်သူတစ်ယောက် ဆုံးပါး သွားခြင်းတို့သည် အသည်းကွဲခြင်းကို ဖြစ်စေပါသည်။ ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။