Pages

Wednesday, November 7, 2012

မိုဘိုင်း တယ်လီဖုန်း နံပါတ် အလှနှင့် အပူးနံပါတ်များ လေလံတင် ရောင်းချသွားမည်


မန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM/WCDMA မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ရာမှာ ဖုန်းနံပါတ် အပူးနဲ့ နံပါတ် အလှများ သုံးစွဲလိုသူတွေအတွက်ဖုန်နံပါတ်တွေကို လေလံစနစ်နဲ့ ရောင်းချ သွားဖို့ ရှိတယ်လို့ မြန်မာ
ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ချက်တွေ အရ သိရှိရပါတယ်။

တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများ မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် လာရောက်ဆန္ဒဖော်ထုတ်

 
ရွှေပြည်သာ ၀ါးတစ်ရာ စက်မှုဇုန်၊ တော်ဝင်သစ်အချောထည်စက်ရုံမှ အစာငတ်ခံ ဆန္ဒပြ၍ ဆေးရုံရောက်နေသူ နှစ်ဦးသည် ယနေ့ မရမ်းကုန်း ရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ပြန်လည်ပါဝင် လာကြောင်း  သိရသည်။ ယနေ့မွန်းလွဲ (၁)နာရီခန့်မှစ၍ မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် အလုပ်သမား နှစ်ရာခန့် ဆန္ဒပြရာနေကြခြင်းဖြစ်သည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း

လျို့ဝှက်၊ညစ်ညမ်းသတင်းများဖန့်ချိလျှင်အရေးယူမည်ဟုဖော်ပြထားပြီးမည်သူမဆိုညစ်ညမ်းသောသတင်း အချက်အလက်များကို ပေးပို့ခြင်း သို့ ဖြန့်ချိခြင်း သို့ ပါဝင် ဆောင်ရွက်ခြင်း ၊သိုမှီး ထိန်းသိမ်းထားသည့် သတင်းအချက်အလက်များ တစ်ရပ်ရပ်ကိုဖြစ်စေ ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် သို့ သဘောတူညီချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း ၊ ရယူခြင်း ၊ ကူးယူခြင်း ၊ ထုတ်နုတ်ခြင်း ၊ပျောက်ဆုံးစေခြင်း သို့ ပေးပို့ ဖြန့်ချိခြင်း ၊ 

မန္တလေးတိုင်းဒေသကြီးတွင် တရားမ၀င် ဒီတိုနေတာ(ကပ်သီး)ချောင်း ၉၈ဝဝ ဖမ်းဆီးရမိ

ဒီတိုနေတာ(ကပ်သီး)ချောင်း (၉၈၀၀)ဖမ်းဆီးရမိမှု
Wednesday, 07 November 2012 

၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ်စိုးစိုးနှင့် အဖွဲ့သည် သတင်းအရ မန္တလေး-
ပြင်ဦးလွင် ကားလမ်းနှင့် ရေတံခွန်တောင်သွားကားလမ်းဆုံတွင် တင်အောင်မိုးမောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့ လိုက်ပါလာသော ၇ဃ/၇ဝ၆၈ လိုက်ထရပ် ခဲရောင်ယာဉ်နှင့် ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိနေသောမရီရီဝင်းနှင့် မသန်းထွေးတို့(၂)ဦးအား စစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှ ဆာလာအိတ်(၂)အိတ်ဖြင့် ထည့်ထားသော တရားမဝင် ဒီတိုနေတာ(ကပ်သီး)ချောင်း ၉၈ဝဝ(တန်ဘိုး ၁ခုလျင် ၁ဝဝိ/- ကျပ်နှုန်း ၉၈ဝဝဝဝိ/-) အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသောဒီတိုနေတာ(ကပ်သီး)များကိုပုသိမ်ကြီးမြို့နယ်၊ ထုံးဘို
ကျေးရွာ ကိုဆန်း(ခ)ဆန်းမြင့်ဦး၏ နေအိမ်အတွင်းမှသယ်ဆောင်လာကြောင်း
တွေ့ရှိရ၍ သက်သေများနှင့်အတူကိုဆန်း၏နေအိမ်အားဆက်လက် ရှာဖွေရာ ဒီတိုနေတာများ မတွေ့ရှိ သော်လည်းကိုဆန်း(ခ) ဆန်းမြင့်ဦးမှာထွက်ပြေး
တိမ်းရှောင်သွားခဲ့ပါသည်။

တင်အောင်မိုးပါ တရားခံ ၆ဦးအားပုသိမ်ကြီးရဲစခန်း(ပ)၂၂၄/၂ဝ၁၂ ပေါက်ကွဲ
စေတတ်သောဝတထုပစစည်းများအက်ဥပဒေပုဒ်မ ၅ အရအမှုဖွင့် အရေးယူ
လျှက်ရှိပါကြောင်း သိရသည်။

Myanmar Police Force
 
၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ် စိုးစိုးနှင့် အဖွဲ့သည် သတင်းအရမန္တလေး-ပြင်ဦးလွင်ကားလမ်းနှင့် ရေတံခွန်တောင်သွားကားလမ်းဆုံတွင် တင်အောင်မိုးမောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့လိုက်ပါလာသော၇ဃ/၇ဝ၆၈လိုက်ထရပ်ခဲရောင်ယာဉ်နှင့်ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိနေသောမရီရီ
ဝင်းနှင့်မသန်းထွေးတို့(၂)ဦးအားစစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှဆာလာအိတ်(၂)အိတ်ဖြင့်ထည့်ထားသောတရားမဝင် ဒီတို
နေတာ(ကပ်သီး)ချောင်း ၉၈ဝဝ(တန်ဘိုး ၁ခုလျင် ၁ဝဝိ/- ကျပ်နှုန်း ၉၈ဝဝဝဝိ/-) အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဒီဇင်ဘာလထဲမှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ့်အနဂ္ဂနဲ့ သံသာဝင်း

လူမှုရေးလုပ်ငန်းတွေမှာအတွဲညီစွာနဲ့တက်တက်ကြွကြွပါဝင်လှုပ်ရှားကြတဲ့အနဂ္ဂနဲ့သံသာဝင်းတို့ရဲ့မင်္ဂလာပွဲကိုဒီဇင်ဘာလထဲမှာပြု လုပ်တော့မှာဖြစ်ပါတယ်။ချစ်သူသက်တမ်း၎နှစ်တာကြာမှကျင်းပတဲ့မင်္ဂလာပွဲဖြစ်တဲ့အတွက်တစ်ယောက်နဲ့တစ်ယောက်နားလည်မ  ကတော့ အပြည့် အဝရှိနေကြပြီဖြစ်ပါတယ်။

ရန်ကုန် မြို့တော်ဂေါက်ကွင်းအနီး ယာဉ်ထိန်းရဲအယောင်ဆောင်ငွေတောင်းခံမှု ဖြစ်ပွား

 
၎.၁၁.၂ဝ၁၂ ရက်နေ့ (၁၈၁၅)အချိန် မြို့တော်ဂေါက်ကွင်းအနီး ၊  လေဆိပ်လမ်းပေါ် တွင် ယာဉ်ထိန်းရဲ ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦး မှ မော်တော်ယာဉ်များအား တားဆီးစစ်ဆေးနေကြောင်း သတင်း ရရှိသဖြင့် သွားရောက်စစ်ဆေးရာ

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာမှာ ရွှေတိဂုံဘုရားလမ်းအနီး ဖြစ်လာနိုင်ဟု သိရ




ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာမှာ ရွှေတိဂုံဘုရား လမ်းအနီး ဖြစ်လာနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ အတွင်းရေးမှူး ဦးကျော်စိုးက နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

ကွတ်ခိုင်၌ မှောင်ခို ပစ္စည်းတင်ယာဉ်များဖမ်းဆီး


ဗန်ကား ၇စီး Express Car ၂စီး ပေါ်မှ အခွန်မဆောင်ထားသည့် ပစ္စည်းများ နိုဝင်ဘာ ၇ ရက်နေ့တွင် ကွတ်ခိုင်၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနခေါင်းဆောင်ေ သာ မှောင်ခိုတား ဆီးရေးရွေ့ လျားအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

CPI မှ Chief Representative နှင့် မြစ်ဆုံဆည် စီမံကိန်း

မြစ်ဆုံနေရာ မြင်ကွင်း
မြစ်ဆုံနေရာ မြင်ကွင်း

နိုဝင်ဘာ ၇၊ ၂ဝ၁၂

မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍ CPI (China Power Investment) မှ Chief
Representative ဖြစ် သူ Mr.Wang Qiue ကို အောက်တိုဘာ ၃ဝ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ဆီးရီးယားအရေး အနောက်အုပ်စုအား ရုရှား သတိပေး


(ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်)
ရုရှားအစိုးရက ဆီးရီးယား ပြဿနာတွင် ကြားဝင်သည့် အနောက်အုပ်စုများ အနေဖြင့် ဖြစ်လာနိုင်သော အကျိုးဆက်ကို မျှော်မှန်းကြည့်ရန် လိုကြောင်း သတိပေးလိုက်သည်။ ဆီးရီးယားတွင် အစိုးရတပ်များနှင့် အစိုးရ ဆန့်ကျင်ရေး အင်အားစုများကြား တိုက်ပွဲများ ပြင်းထန်နေရာ သမ္မတ ဘာရှာ အာဆက်ဒ် အစိုးရကို အနောက်အုပ်စုက ဖယ်ရှားရန် ဆန္ဒရှိနေသည်။

"တရားစီရင်ရေး ဥပဒေပြန်လည်ရေးဆွဲရန် ဦးသိန်းညွန့် အားတာဝန်ပေး"

ယနေ့ပည်သူ့လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်၌လွှတ်တော်အစိုးရဟောင်း၏တရားစီရင်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၄င်း၏ရုံးခန်းတွင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် (တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်)အား ခေါ်ယူတွေ့ဆုံ တာဝန်ပေးလိုက် ကြောင်းသိရသည်။

ဦးသိန်းညွန့်ပြုံးသွားတဲ့ ဦးအောင်ကြည်ရဲ့ အဖြေ


 နိုဝင်ဘာလ ၆ ရက်နေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္ဇမပုံမှန် အစည်းအဝေး န၀မနေ့ အစီအစဉ် တစ် ရပ်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပုဂ္ဂလိကသတင်းစာ ထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ ဤသို့မေးမြန်းခဲ့သည်။

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှု ကို လန်ဒန်သုတေသီ တစ်ဦး ဝေဖန်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ အနောက်ဘက်စွန်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ် လျဉ်း၍ သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ၊ ရေငုံနှုတ်ပိတ် နေသည့်အတွက် နိုင်ငံတကာ ဒီမိုကရေစီ ပြယုဂ် လည်း ဖြစ်၊ မြန်မာနိုင်ငံ၏ ထူးခြား ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် လည်းဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်စောမှုတို့သည် လျင်မြန်စွာ ဆုတ်ယုတ် ကျဆင်းလျက် ရှိပေ သည်။

ပြည်ပရောက် လူမှုရေးအဖွဲ့များနှင့် ညီညွှတ်မှုရခဲ့သည့် (၈၈)မျိုးဆက် ထိုင်းခရီးစဉ်


၈၈ မျိုးဆက်ကျောင်းသားများ၏ ပထမဦးဆုံး ထိုင်းနိုင်ငံခရီးစဉ်၌  မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပညာ
ရေးအတွက် ချင်းမိုင်မြို့ရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်နက်အပြည့်အစုံပါသည့် ကားတစ်စီးအား သောင်းရင်းမြစ်၌ ဖမ်းဆီးမိ


AK မောင်းပြန်ရိုင်ဖယ် အမျိုးအစား (၁၀)လက်နှင့် ကျည်ဆံမျိုးစုံ တစ်သိန်းပါဝင်သည့်  မော်တော်ယာဉ် တစ်စီးအား ထိုင်း- မြန်မာနယ်စပ် မဲဆောက်အနီးရှိ ကုန်းကင်းရွာအနီး၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ်အာ
ဏာ ပိုင်များထံက သိရှိရသည်။

USA မဲဆွယ်ပွဲ ရန်ပုံငွေတွေ ဘယ်ကလာလဲ

USA မဲဆွယ်ပွဲ ရန်ပုံငွေတွေ ဘယ်ကလာလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရန်ပုံငွေတွေ မဲဆွယ် ကြော်ငြာဖို့ သုံးရ
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၂၅ဝဝ လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အမေရိကန် သမိုင်းမှာ အကုန်အကျ အများဆုံး မဲဆွယ် စည်းရုံးမှုတွေ လို့ ဆိုရမှာပါ။
ဒီငွေတွေ ဘယ်ကရသလဲ ဆိုတော့ အဓိက ၄ နေရာ က ရတာလို့ ပြောနိုင်ပါတယ် ။
ရီပတ်ဘလီကန် ပါတီနဲ့ ဒီမိုကရက် ပါတီ ကော်မီတီတွေ ကောက်ခံ စုဆောင်းခဲ့တဲ့ ပါတီ ရန်ပုံငွေတွေ ကနေ ရခဲ့တာ ဖြစ်ပြီး ရီပတ်ဘလီကန် ပါတီက ဒေါ်လာသန်း ၃၇၀ နီးပါး၊ ဒီမိုကရက် ပါတီက ဒေါ်လာ သန်း ၃၀၀ နီးပါး ရှာနိုင်ခဲ့ ကြပါတယ်။
နောက်တနေရာ ကတော့ သမ္မတလောင်းတွေ ကိုယ်တိုင် တဦးချင်းရှာတဲ့ ငွေတွေ ဖြစ်ပါတယ်။
မစ်ထ် ရွန်မနီ က ဒေါ်လာ သန်း၄၀၀ နီးပါး ရှာပေးနိုင်ခဲ့ပြီး ဘားရက် အိုဘားမားကတော့ ဒေါ်လာ သန်း ၆၄၀ လောက် ရှာပေးနိုင်ခဲ့ပါတယ်။
တခါ ဒေါ်လာ ၂၅ဝဝ အောက် လှူခဲ့ တဲ့ အမေရိကန် နိုင်ငံသား အလှူရှင် ပုဂ္ဂိုလ် တဦးချင်း ဆီက အလှူငွေတွေ ပေါင်းကလဲ ဒေါ်လာ သန်း ၇ဝဝ လောက် ရှိပါတယ်။
အဲဒီအပြင် သက်ဆိုင်ရာ အကျိုးစီးပွားတွေကိုကြည့်ပြီး ငွေတွေ ပုံအော ထည့်ဝင်တဲ့ အဖွဲ့အစည်းတွေ ဆီကလည်း ဒေါ်လာ သန်း၆၀၀ လောက် ရခဲ့ပါတယ်။
အဲဒီ အဖွဲ့အစည်းတွေ ကတော့ မဲဆွယ် စည်းရုံးမှု တွေမှာ ကိုယ်တိုင် ပါဝင်ခွင့် မရှိပါဘူး။
ရန်ပုံငွေ အများဆုံး ထည့်ဝင်ခဲ့သူကတော့ ရှေးရိုး စီးပွားရေး လူမှုရေး လုပ်ငန်းတွေကို အားပေးတဲ့ ကက်ဆီနို လုပ်ငန်းရှင် Sheldon Adelson ဖြစ်ပြီး ဒေါ်လာ ၅၄သန်း လှူဒါန်းခဲ့ပါတယ်။
တခြား ငွေပုံအော လှူခဲ့သူတွေကတော့ အမည်မဖော်ဘဲ လှူတဲ့ သူတွေ ဖြစ်ပါတယ်။
ဒီတော့ ဒီလောက်များတဲ့ ငွေတွေကို သမ္မတလောင်းတွေ ဘယ်နေရာတွေမှာ သုံးခဲ့သလဲ ဆိုရင် အကျိတ်အနယ် ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲဆွယ် ကြော်ငြာတွေ အတွက် သုံးခဲ့တယ်လို့ ပြောရမှာပါ။
ပြီးခဲ့တဲ့လ ကဆိုရင် မဲဆွယ်တဲ့ ရုပ်မြင်သံကြား ကြော်ငြာပေါင်း ၃သိန်းလောက် ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။
အဲဒီအထဲမှာ သမ္မတ အိုဘားမားက ကြော်ငြာ တသိန်း ခြောက်သောင်း ထုတ်လွှင့်ခဲ့သလို မစ္စတာ ရွန်မနီ ကလည်း ကြော်ငြာ တသိန်း လေးသောင်းလောက် အပြိုင် လွှင့်ခဲ့ပါတယ်။
ဒီရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွက် စုစုပေါင်း ကုန်ကျစရိတ်က နှစ်ဘီလျံခွဲ ကျခဲ့တယ် ဆိုတော့ တွက်ကြည့်လိုက်မယ် ဆိုရင် မဲတမဲ ရဖို့ ဒေါ်လာ ၂၀ လောက် သုံးခဲ့တယ်လို့ ပြောနိုင်ပါတယ်။
Source : BBC
ရန်ပုံငွေတွေ မဲဆွယ် ကြော်ငြာဖို့ သုံးရ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ အတွက်
 ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၂၅ဝဝ လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အမေရိကန် သမိုင်းမှာ အကုန်အကျ အများဆုံး မဲဆွယ် စည်းရုံး မှုတွေ လို့ ဆိုရမှာပါ။

"ရန်ကုန် ညမင်းသားပြိုင်ကားများနှင့် အုပ်စုဖွဲ့ရမ်းကားနေသည့် ညလူဆိုးများကို စတင်နှိမ်နင်းပြီ"

 
"ရန်ကုန် ညမင်းသားပြိုင်ကားများနှင့် အုပ်စုဖွဲ့ရမ်းကားနေသည့် ညလူဆိုးများကို စတင်နှိမ်နင်းပြီ"

ညအချိန် ကားပြိုင်မောင်းခြင်းနှင့် အုပ်စုဖွဲ့ဝိုင်းဝန်း ရိုက်နှက်မှုများရှိ နေခြင်းကြောင့် ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းတစ်လျှောက် ဖမ်းဆီး စစ်ဆေးမှုဆောင်ရွက်နေသည့် ၃ ရက်တာကာလအတွင်း ပြိုင်ကား ၁၂ စီး အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထိပ်တန်း အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပြိုင်မောင်းခြင်း အပါအဝင် အုပ်စုဖွဲ့ ရိုက်နှက်ခြင်းများ ဆက် တိုက်ဖြစ်လာနေ၍ ထပ်မံ မဖြစ်ပွား စေရန် အောက်တိုဘာလ နောက်ဆုံး ပတ်မှစကာ ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ စစ်ဆေးရေးအဖွဲ့ဖြင့် ရန်ကုန်မြို့အတွင်း အမှုအခင်း ဖြစ် နိုင်ခြေရှိသည့် အဓိက လမ်းမကြီး နှစ်ခုကိုရွေးချယ်၍ တိုင်းဒေသကြီး ရုံးမှ ရဲအင်အားနှင့် သက်ဆိုင်ရာ ရဲစခန်းမှ ရဲအင်အားတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည် ဟု၎င်းက ပြောသည်။

စတင်စစ်ဆေးဆောင်ရွက် သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် မသင်္ကာဖွယ်ရာဟု ယူဆရသည့် ကားတိုင်းကို စစ်ဆေးရာ နှစ်စီး၊ နိုဝင်ဘာ ၄ ရက်နေ့တွင် လေးစီးနှင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ၆ စီး ကိုဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး တစ်ည အိပ်ထိန်းသိမ်းခြင်းနှင့် ချလံဖြတ်ဒဏ်ရိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။
လက်ရှိဆောင်ရွက်နေသည့် စစ်ဆေးမှု အချိန်ကို လိုအပ်ပါက လိုအပ်သလို အချိန် တိုးမြှင့်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ထပ်လောင်းပြောသည်။

အောက်တိုဘာလ ၂၃ ရက် ညပိုင်းက နှင်းဆီကုန်း ဘိုးဘွားရိပ် သာရှေ့တွင် ကားပြိုင်မောင်းသူ လူတစ်စုက လူသုံးဦးကို ဝိုင်းဝန်း ရိုက်နှက်ခြင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ဆူးလေ ခုံး တံတားနားတွင် ကိုယ်ပိုင်ကား မောင်းနှင်သူကို ကားပြိုင်မောင်း သည့် ကားသုံးစီးမှ လူတစ်စု က ဝိုင်းဝန်းထိုးကြိတ်ခြင်းနှင့် နိုဝင်ဘာ ၁ ရက်နေ့က ကမာရွတ်မြို့နယ် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ်ထိပ်တွင် မောင်းနှင်လာသည့် ကားတစ်စီးကို ယာဉ်နှစ်စီးက ပိတ်ရပ်ပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုတို့ရှိခဲ့ရာ သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် အမှုဖွင့်ထား ကြသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့စာရင်း တို့အရ သိရသည်။
	
လသာမြို့နယ်တွင် နေထိုင်သူ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီး တစ်ဦး က ''အခုရက်ပိုင်းမှာ ကြားရသိရသလောက်က မထိတ် သာ၊ မလန့်သာတွေ ကြီးပဲ။ ဖြစ်တာ ကလည်း အချက်အချာကျတဲ့ နေရာဆိုတော့ ကိုယ့်သားသမီးတွေ ကို စိုးရိမ်မိတယ်။ ညအချိန် အပြင်လွှတ်ရင် မလုံခြုံဘူးလို့ ခံစား နေရတယ်။ ဒါတော့ မဖြစ်သင့်ဘူး''ဟု ပြောသည်။
	
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ရုံးမှ တာဝန်ရှိသူ၏ အဆိုအရ ၄င်းတို့ အနေဖြင့် ရန်ကုန်၏ လုံခြုံရေး ရယူရာတွင် ရဲအင်အား လုံလောက်သည့် အနေအထား မရှိပါ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မင်းသုအောင်၊ ညွန့်ဝင်း
ညအချိန်ကားပြိုင်မောင်းခြင်းနှင့်အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်မှုများရှိနခြင်းကြောင့်ကမ္ဘာအေး ဘုရား လမ်းနှင့် ပြည်လမ်းတစ်လျှောက် ဖမ်း ဆီး စစ်ဆေးမှုဆောင်ရွက်နေသည့် ၃ ရက်တာကာလအတွင်း ပြိုင်ကား ၁၂ စီး အရေးယူခဲ့ကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထိပ် တန်း အရာရှိ တစ်ဦး က ပြောသည်။

အမေရိကန် သမ္မတအဖြစ် အိုဘားမား ပဲ ပြန်ရွေးခံရ

လက်ရှိ ကျင်းပနေသော အမေရိကန် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားမှ ယှဉ်ပြိုင်ဘက် ရွန်းနေအား Electoral votes 275-203 ဖြင့်အနိုင်ရရှိကာ ဒုတိယသက်တမ်းအား ဆက်လက်ထမ်းဆောင် ခွင့်ရ
ရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။



အမေရိကန်သမ္မတ ရွေးကောက်ပွဲ အိုးဘားမား အနိုင်ရ

၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ FOX  News  သတင်းဌာန၏ နောက်ဆုံး ထွက်ပေါ်လာသော ရလာဒ်များအရ အမေရိကန်သမ္မတ  ဘားရက်အိုဘားမားက ၂၇၅  မဲရရှိထားပြီး အနိုင်ရရှိကာ ပြန်လည် ရွေးကောက်ခံရပြီဖြစ်သည်။  မစ်ရွမ်းနေက ၂၀၃ နေရာ ရရှိထားကြောင်း သိရသည်။ 

ဘားရက်အိုဘားမားက ပြည်နယ် ၂၃  ပြည်နယ်တွင် အနိုင်ရရှိထားပြီး၊ မစ်ရွမ်းနေက ပြည်နယ် ၂၃ တွင် အနိုင်ရရှိထားသည်။ ကျန်ပြည်နယ်များမှ ရလာဒ်များကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်းသိရသည်။
၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ FOX News သတင်းဌာန၏ နောက်ဆုံး ထွက်ပေါ် လာသော ရလာဒ်များအရ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ၂၇၅ မဲရရှိထားပြီး အနိုင်ရရှိကာ ပြန်လည် ရွေးကောက်ခံရပြီဖြစ်သည်။ မစ်ရွမ်းနေက ၂၀၃ နေရာ ရရှိထားကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမား ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ပြည်တွင်းနိုင်ငံရေးသမားများ၏ သဘောထားမှတ်ချက်များ


၂၀၁၂အမေရိကန်ရွေးကောက်ပွဲတွင်လက်ရှိသမ္မတအိုဘားမားထပ်မံရွေးကောက်ခံရမှုအပေါ်မြန် မာ့နိုင်ငံ
ရေးသမားများနှင့်ပညာရှင်များကကြိုဆိုကြသည်။အိုဘားမားထပ်မံရွေးကောက်ခံရမှုမှာမြန်မာနိုင်ငံ၏ ဒီမိုက
ရေစီပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် အမေရိကန်မှ ကူညီထောက်ပံ့မှုများ ပိုမို ရရှိ လိမ့်မည်ဟု ၄င်းတို့က တူညီစွာသုံးသပ်ကြသည်။

ရှမ်းဒုက္ခသည်တွေ အကြောင်း စာအုပ်ထုတ်ဝေ

ရှမ်းဒုက္ခသည်တွေ အကြောင်း စာအုပ်ထုတ်ဝေ

ရှမ်းလူမျိုး ဒုက္ခသည်တွေအကြောင်း အခြေခံရေးသားထားတဲ့ (The Shan: Refugees without a camp) “စခန်းမရှိတဲ့ ရှမ်းဒုက္ခသည်များ” ဆိုတဲ့ စာအုပ်ထုတ်ဝေပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၆ ရက်နေ့လည်က
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ နိုင်ငံခြားသား သတင်းထောက် များအသင်း ရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံနေတဲ့ ရှမ်းလူမျိုးတွေဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရကြောင်း စာမျက်နှာ ၂၇၀ ပါ ဒီစာအုပ်ကို ရေးသားပြုစုသူ Bernice Koehler Johnson က ဒီနေ့သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆောင် ရှင်းပြခဲ့ပါတယ်။

“ကျမဒီစာအုပ်ရေးခဲ့တာဟာ လေ့လာသင်ယူဖို့အတွက် အရမ်းအားသန်ပြီး အလုပ်ကြိုးစားကြတဲ့ ရှမ်းလူငယ်တွေအကြောင်း သိစေချင်လို့ပါ။ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝစေဖို့ အခွင့်အလမ်းတွေ ဖန်တီး ပေးသင့်ပါတယ်၊ ဒီလိုဆိုရင် သူတို့ဟာ ရှမ်းလူမျိုးတွေ အတွက်သာ မဟုတ်ဘဲ မြန်မာ တနိုင်ငံလုံး အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။”

ထိုင်းတက္ကသိုလ် အချို့မှာ ပညာသင်ကြားခွင့်ရနေတဲ့ ရှမ်းကျောင်းသား ကျောင်းသူ အချို့လည်း ဒီနေ့သတင်စာရှင်းလင်းပွဲကို တက်ရောက်ခဲ့ ပါတယ်။တက်ရောက်တဲ့ ရှမ်းကျောင်းသားတွေထဲက ဘန်ကောက်မြို့ ရမ်ကန်ဟမ် တက္ကသိုလ်မှာ လူထုဆက်ဆံရေး နည်းပညာ ဘာသာရပ်ကို သင်ကြားနေတဲ့ ကိုစိုင်းစိုးကတော့ ရှမ်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် လက်မခံတာဟာ ခွဲခြားတဲ့ပုံစံလို့ မြင်မိကြောင်း အခုလိုပြောပါတယ်။

"ကျနော့်အမြင်အနေနဲ့ကြတော့ ခွဲခြားတဲ့ ပုံစံလိုမျိုးတော့ရှိတယ်၊ ဥပမာ ကရင်ကြတော့ ပေးတယ်ပေါ့နော်။ရှမ်းကြတော့ ဘာလို့ မပေးလဲ ရှမ်းပြည်မှာလည်း စစ်တိုက်နေတာကြာလှပြီ။ ဟိုခွန်ဆာ လက်ထက် မတိုင်ခင်ထဲကိုက သူတို့စစ်တိုက်နေတာ၊ ပြေးလာတာလည်းကြာလှပြီ၊ ဒါပေမယ့်အထက်ပိုင်းမှာ အောက်ပိုင်းမှာ သူတို့ဘယ်လို အဆက်အသွယ်လုပ်ကြလဲ ကျနော်လည်း မသိဘူး၊ ပြီးတော့ UNHCR ကလည်း ဘာဖြစ်လို့ မပေးတာလဲဆိုတာ ကျနော်တို့လည်း နားမလည်ဘူးပေါ့ ဘာဖြစ်လို့ ခွဲခြားပြီးတော့ ပေးရတာလဲပေါ့”

ဒီစာအုပ်မှာ ရှမ်းဒုက္ခသည်တွေအကြောင်း၊ သူတို့ရဲ့ ပညာရေး အခြေအနေ၊ ရှမ်းပြည်နယ်အတွင်း ခရီးသွားခြင်းစတဲ့အကြောင်းတွေကို ဖော်ပြထားပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှမ်းလူမျိုး သန်းနဲ့ချီ နေထိုင်တယ်လို့ ခန့်မှန်းကြောင်း စာရေးသူကပြောဆိုပါတယ်။


အေးချမ်းမွန်မှ RFA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :RFA
ရှမ်းလူမျိုး ဒုက္ခသည်တွေအကြောင်း အခြေခံရေးသားထားတဲ့ (The Shan: Refugees without a camp) “စခန်းမရှိတဲ့ ရှမ်းဒုက္ခသည်များ” ဆိုတဲ့ စာအုပ်ထုတ်ဝေပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကို နိုဝင် ဘာလ ၆ ရက်နေ့လည်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ နိုင်ငံခြားသား သတင်းထောက် များအသင်း ရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံခြားသားများ ကျူးလွန်သည့် ရာဇ၀တ်မှုခင်းနှင့် လိမ်လည်မှုပိုများလာ


နိုင်ငံတကာနှင့်ဆက်သွယ်မှု များပြားလာသည်နှင့်အမျှ နိုင်ငံခြားသားများ၏ ရာဇ၀တ်မှုကျူးလွန်မှုများ တစ်နေ့ တခြားများပြားလာကာ တရားစွဲဆို အရေးယူမှုများလည်း များပြားလာရသည် ဟု မြန်မာနိုင်ငံရဲ တပ် ဖွဲ့ နှင့် တရားရေးဝန်ထမ်းများထံမှ သတင်းရရှိသည်။

ပျော်ဘွယ်မြို့နယ် NLD ၏ ပြဿနာများ .....


26,9,2012 ရက်နေ့က ရမည်းသင်းမြို့ တွင် ဒေါ်ဝင်းမြမြပြောကြားခဲ့သော ကော်မရှင် သာအာဏါ အရှိဆုံး စကား ရပ် အပေါ် NLD ပျော်ဘွယ်မြို့နယ် ကော်မရှင်က အသိနည်းပါးသော အဖွဲ့ဝင်များမှာ NLD Pyawbwe ရုံး တွင် စည်းရုံးရေး မဆန်ဘဲ နေရာတကာ ခြယ်လှယ် ခြင်နေကြပါသည် ။

လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ် သစ်


လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ်သစ် ထပ်လုပ်ပါပြီ။ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်
န့ထိ ကူပွန်စနစ်နဲ့ မဲနှိုက်ရောင်းချပေးသွားမှာပါ။ပြီးခဲ့တဲ့မဟာလျှော့ဈေးအစီအစဉ်မှာတော့နေပြည်တော်
၊ပျဉ်းမနားနဲ့တောင်ကြီးဆိုင်ခွဲတွေမှာတော့အောင်မြင်ခဲ့ပေမယ့်ရန်ကုန်နဲ့ တခြားနေရာတွေ အောင်မြင်မှုမ
ရှိပဲ ဖုန်းအလုံးရေ ၈၀ ကျန် ရှိနေခဲ့ တာပါ။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကျေးရွာ ၅ ခုကို ဒီကနေ့ စတင်စစ်ဆေး

Photo: ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကျေးရွာ ၅ ခုကို ဒီကနေ့ စတင်စစ်ဆေး

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့် အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာ ၅ ရွာကို ဒီကနေ့ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

အဲဒီလို စစ်ဆေးတဲ့ အခါမှာ တိကျမှန်ကန်ဖို့အတွက် လဝက၊ နစက၊ စစ်တပ်၊ ရဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလိုစစ်ဆေးနေစဉ်ကာလအတွင်းမှာ ရိုဟင်ဂျာတွေအနေနဲ့ တစ်ရွာနဲ့တစ်ရွာကူးလူးသွားလာပြီး ရောထွေးမှုမရှိစေဖို့ လက်ရှိစစ်ဆေးနေတဲ့ရွာတွေကို စစ်တပ်နဲ့ လုံခြုံရေးယူထားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဆိုပါတယ်။

နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း တရားမဝင်အခြေချနေထိုင်သူတွေကို ခွဲခြားသိနိုင်ဖို့အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စစ်တွေမြို့နယ်ကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ယခုလို စစ်ဆေးရာမှာ ရခိုင်ပြည်နယ်တွင်းက ဝန်ထမ်းတွေနဲ့ လုံလောက်မှုမရှိတဲ့အတွက် နေပြည်တော်က ဝန်ထမ်းတွေကိုပါ ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့် အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း က ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာ ၅ ရွာကို ဒီကနေ့ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

ယနေ့ (နိုဝင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်ဆွေးနွေးမည့် အကြောင်းအရာများ

ယနေ့ (နိုဝင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်

၁) အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥ ပဒေကြမ်းအား ပြည်သူ့ လွှတ်တော်ကပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အမျိုးသား လွှတ်ေ တာ် ကိုယ် စားလှယ် တစ်ဦးက ဆွေးနွေးခြင်း။

မူးယစ်ရာဇာ နော်ခမ်းကို သေဒဏ်ချ

မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက ယ
နေ့ သေဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။ အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်ဒဏ် ၈
 နှစ် ချမှတ်ပြီး ကျန်သူများကိုဆိုင်းငံ့ပြစ် ဒဏ် သေဒဏ်ချမှတ်ခြင်း ဖြစ်သည် ဟု APသတင်းတွင် ဖော်ပြထား
သည်။

မီးသတ်ဦးစီးဌာန ကို ပြည်ထဲရေး ဝန်ကြီး ဌာနလက်အောက်သို့လွဲပြောင်းပေးအပ်

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိမီးသတ်ဦးစီးဌာနကို
 ပြည်ထဲရေး ဝန်ကြီး ဌာနသို့ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ မီးသတ်ဦးစီးဌာန ရုံးချုပ် ၌ လွှဲပြောင်းပေး
အပ်သွားမည် ဖြစ်ကြောင်း နေပြည်တော် မီးသတ် ဦးစီးဌာန က ပြောသည်။

အမျိုးသားတစ်ဦးကို ကြည့်မိသည့် သမီးဖြစ်သူအား မိဘများက သတ်ဖြတ်

ပါကစ္စတန်နိုင်ငံတွင် လင်မယား နှစ်ဦးက လူငယ် အမျိုးသား တစ်ဦးအား ကြည့်မိသည့်အတွက် သမီးဖြစ် သူအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်အရွယ် သမီးဖြစ်သူသည် အက်ဆစ်ဖြင့် အလောင်း ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ သူမသည် လူငယ် တစ်ဦးအား ကြည့်မိသဖြင့် မိသားစု ဂုဏ်သိက္ခာ ညစ်နွမ်းစေကြောင်း ဆုံးဖြတ်ခံရပြီးနောက် ယခုလို သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ BBCက အဆိုပါ စုံတွဲကို နိုဝင်ဘာလ (၅)ရက်နေ့က အင်တာဗျူးခွင့် ရခဲ့ပြီး ရုပ်မြင်သံကြားတွင် ထုတ် လွှင့် ပြသခဲ့သည်။

သွေးကင်ဆာအကြောင်းသိကောင်းစရာ


Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုး တွင်း ချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ် မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်း ချဉ်ဆီ ထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက်တွေမြင့်တက် လာပါ တယ်

မန္တလေးမြို့ ၌ "တုတ်ထိုးအိုးပေါက်" ကာတွန်းပြပွဲ ကျင်းပမည်....

မန္တလေးမြို့ ၊ ၃၄လမ်း၊ ၈၀-၈၁လမ်းကြား၊ ရာပြည့်မန္တလေး(စာအုပ်ဆိုင်) အမှတ်-၂ ရှိ "သီရိ" ပန်းချီ အနုပညာပြခန်း၌ နိုဝင်ဘာ ၁၅ရက် မှ ၂၀ရက်ထိ "တုတ်ထိုးအိုးပေါက်" ကာတွန်းပြပွဲကျင်းပမည် ဖြစ်ပါ သည်။

“ပျဉ်မနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်“


နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာရှိ ရွာသားငါးဆယ်ခန့် ယနေ့နေ့
လည်ပိုင်း မှစတင် ၍ အစာအဆိပ်သင့် ကာအထက်လန်အောက်လျှောဝေဒနာခံစားခဲ့ရကြောင်းသ တင်းရရှိ သည်။

အမေရိကန်အရှေ့ပိုင်း မုန်တိုင်းအသစ်တစ်ခု ထပ်မံတိုက်ခတ်နိုင်


အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းခြေဒေသတွင် အင်အားပြင်းထန်သော စန်ဒီစူပါမုန်တိုင်း ရက်အတန်
ကြာ တိုက်ခတ်ပြီးနောက် ယခုသီတင်းပတ်အတွင်း ယင်းဒေသ၌ အင်အားပြင်းထန်သော နောက်ထပ်မုန်
တိုင်းတစ်ခု ထပ်မံတိုက်ခတ်နိုင်သည်ဟု အမေရိကန် မိုးလေ၀သပညာရှင်များက ခန့်မှန်းထားကြောင်း နိုဝင်
ဘာ ၅ ရက် အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။