Pages

Monday, November 5, 2012

ယနေ့မနက် (၈း၃၀) အချိန်တွင်ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ

ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ
Monday, 05 November 2012 

၅.၁၁.၂၀၁၂ တနင်္လာနေ့ နံနက်(၈း၃၀) အချိန်တွင် ကလေးတစ်မြို့နယ်လုံး
ဆိုင်ရာအမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်းကြီးနှင့်
အတူ တာဝန်သိအမျိုးသားတစ်ဦး၏ သတင်းပေးမှုဖြင့် မြန်မာနိုင်ငံတွင်း
တရားမ၀င်နေထိုင်သူများဟု ယူဆရသောဘင်္ဂါလီ (၁၉) ဦးတို့ကိုတာဝန်သိ
ပြည်သူများ ၀ိုင်းဝန်းပြီး ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူစေ
ခဲ့ကြောင်း သတင်းရရှိပါသည်။ ၄င်း ဘင်္ဂါလီများရှိကြောင်းသတင်းပေးသူမှာ
 တောတောင် ချောင်းများတွင် ငါးဖမ်းရင်း တွေ့ရှိရာမှသတင်းပေးနိုင်ခဲ့ခြင်း
ဖြစ်ပြီး ဖမ်းဆီးရမိသောဘင်္ဂါလီများကိုသက်ဆိုင်ရာလက်သို့ မအပ်နှံမှီ ကာလအတွင်း ကလေးမြို့ မင်္ဂလာဥယျာဉ် ပရိယတ္တိစာသင်တိုက်နှိုက် ခေတ္တ
ထားရှိခဲ့ပြီး ကလေးမြို့ ပြည်သူ (၁၀၀၀)ခန့်အား မြင်သာစွာ ပြသခဲ့ပါသည်။ ထိုကျောင်းတွင်ပင် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ နေသာ ဆရာတော်မှ အွန်လိုင်းများတွင်မြန်မာများက သူတိုဘင်္ဂါလီများကို မတရားနှိပ်စက် နေကြောင်း သတင်းတွေတင်ထား
ပါတယ်။ အခု ပြုလုပ်တဲ့ပွဲကတော့ မြန်မာတွေ သူတို့အပေါ် နှိပ်စက်နေတာ
မဟုတ်ဘူးဆိုတာ အားလုံးသိစေချင်လို့ပါ လို့ မိန့်ကြားသွားခဲ့ပြီးအသင်းကြီး
အနေဖြင့် ရိုဟင်ဂျာ (၅၀) ဦးကို ယခု လပိုင်းအတွင်းဋ္ဌာနဆိုင်ရာများ ပြည်သူ
များနှင့်တကွ အသင်းကြီးရဲ့ လှုပ်ရှားမှုများဖြင့်ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း
ကိုလည်း  အသင်းကြီး၏ ဒုဥက္ကဋ္ဌ မင်္ဂလာဥယျာဉ်စာသင်တိုက် ဆရာတော်မှ
 ပြောကြားခဲ့ပါသည်။ 

အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်းကြီးအနေဖြင့်
လည်း ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့/မြို့နယ်များသို့ လှည့်လည် ပြီး အမျိုးဘာသာ သာသနာကာကွယ်စောက်ရှောက်နိုင်ရေး အသိပေးအမြင်ဖွင့်
 ဟောပြောပွဲများပြုလုပ်နေကြောင်းကိုပါ သိရပါသည်။၎င်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဥပဒေရေးရာအရ အရေးယူနိုင်ရန်ပြည်သူရဲတပ်ဖွဲ့ ကလေးမြို့နှင့်
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားရေးရာဦးစီးဌာန (ကလေးမြို့ လ၀က) တို့မှစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

The Hot News
 
၅.၁၁.၂၀၁၂တနင်္လာနေ့နံနက်(၈း၃၀)အချိန်တွင်ကလေးတစ်မြို့နယ်လုံးဆိုင်ရာအမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး
အသင်းကြီးနှင့်အတူတာဝန်သိအမျိုးသားတစ်ဦး၏သတင်းပေးမှုဖြင့်န်မာနိုင်ငံတွင်းတရားမ၀င်နေထိုင်သူများဟု ယူဆရသောဘင်္ဂါ
လီ(၁၉) ဦးတို့ကိုတာဝန်သိပြည်သူများ ၀ိုင်း   ၀န်းပြီး ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူစေခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ကြားဖြတ် အစီရင်ခံစာ သမ္မတထံတင်မည်

လူပေါင်းတစ်ရာကျော် သေဆုံးခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကို စုံစမ်း စစ်ဆေးရန် ဖွဲ့စည်းထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကြားဖြတ် အစီရင်ခံစာကို သမ္မထံ တင်ပြ သွား မည်ဖြစ်ကြောင်း ယင်းကော်မရှင်က သတင်းထုတ်ပြန်သည်။စုံစမ်းစစ်ဆေးရေး ကော်မရှင်က ရခိုင်ပြည်နယ်သို့၎ ကြိမ်သွားရောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သုတေ သန အဖွဲ့များ ဖွဲ့စည်းကာ လူမျိုးစုံ၊ အလွှာစုံ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။

NLD ပါတီအနေဖြင့် လူသစ်များကို အသုံးပြုရမည်ဖြစ်ပြီး လူဟောင်းများကို နွေးနွေးထွေးထွေး ဆက်ဆံသင့်ဟုဆို

NLD ပါတီ အနေဖြင့် လူသစ် များကို ပါတီတွင် အသုံးပြုရမည် ဖြစ်ပြီး လူဟောင်းများ ကို လည်း နွေးနွေးေ ထွးထွေးဆက်ဆံသင့်သည် ဟု ၉ဝ ရွေးကောက်ပွဲအနိုင်ရ ကိုယ် စားလှယ် ဦးညွန့်လှိုင်က The Messenger ဂျာနယ်သို့ ပြောသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် မုန့်ဟင်းခါးဝယ်စားကြရာမှ လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်

မုန့်ဟင်းခါးနှင့် မုန့်တီများ ဝယ်ယူစားသောက်ကြရာမှ ဘုန်း တော်ကြီးသင် ကျောင်းသူကျောင်း သား ၃၄ ဦးအပါအဝင် လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်း လျောဝမ်းပျက် ဖြစ်ပွားမှုတစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ထိုင်းနိုင်ငံရောက် မြန်မာအကျဉ်းသားတွေကို ဘယ်သူကယ်တင်မှာလဲ . . .

b531lifea

လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအရွေ့တွင် ထူးခြားသော အဖြစ်အပျက်များ ရှိခဲ့ပါသည်။ ပထမဦးစွာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထောင်သွင်း အကျဉ်းချထားသော နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။

အငြင်းပွားဖွယ် ရေအားလျှပ်စစ်ဆည် စီမံကိန်းကို ကမ္ဘောဒီးယားအစိုးရ အတည်ပြု


4mt5
ဆည်တည်ဆောက်မည့် ဆီဆန်မြစ်ကမ်းဘေးတစ်နေရာတွင် ကလေးများရေချိုးသန့်စင်နေကြစဉ်
ကမ္ဘောဒီးယားတွင် တရုတ်နှင့် ဗီယက်နမ်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်မည့် ရေအားလျှပ်စစ်ဆည် စီမံကိန်းတစ်ခုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက် တွင် အစိုးရက ထုတ်ပြန်ခဲ့သည်။မဂ္ဂါ
ဝပ် ၄၀၀ထုတ်လုပ်နိုင်မည့်Lower Sesan 2 အမည်ရယင်းဆည်ကိုStung Treng ပြည်နယ် မြောက်ပိုင်း မဲခေါင်
မစ်၏ မြစ်လက်တက် ဆီဆန်မြစ်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီးအမေရိကန် ဒေါ်လာ ၇၈၁ ဒသမ ၅ သန်း
ကုန်ကျမည်ဖြစ်သည်။

ရန်ကုန်မြိုတွင် ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏဖြစ်ပွားနေ

4mt
အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားတစ်စီးအား နိုဝင်ဘာလ ၃ ရက်နေ့ည ၁၁း၃၀ နာရီအချိန်က ပြည်လမ်း အင်းယားကန်ဘောင်ရှေ့တွင်တွေ့ရစဉ်
ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှုဖြစ်စဉ် ပိုများပြားလာခြင်းနှင့်အတူ ညအချိန်
တွင် ကားပြိုင်မောင်းသူများကအုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်မှုမကြာခဏ ဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရသည်။

တရုတ်တွင် ဆန္ဒပြမှုများကြောင့် ရေနံဓာတုစက်ရုံတိုးချဲ့မည့် အစီအစဉ်များကို ဖျက်သိမ်း

31mt8
ရေနံဓာတုစက်ရုံတိုးချဲ့မည့် အစီအစဉ်များကို နင်ပိုမြို့တွင် အောက်တိုဘာလ ၂၈ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ်
တရုတ်အရှေ့ပိုင်းရှိ နင်ပိုမြို့တွင် ယွမ် ၅၅ ဒသမ ၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလျံ) တန်ဖိုး
ရှိ ရေနံဓာတုစက်ရုံကို တိုးချဲ့မည့် အစီအစဉ်များကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်
နိုင်မှုကို စိုးရိမ်သဖြင့် ဒေသခံများက တစ်ပတ်ကြာဆန္ဒပြခဲ့ရာ ယင်းအစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း
 နိုင်ဘာလ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်ရေးအထူးစီမံချက်ကို နှစ်ပတ်ကြာပြုလုပ်မည်

thn-4-11-6


ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်း
သိမ်းရေးအထူးစီမံချက်ကိုလာမည့်နိုဝင်ဘာလ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနမှတာဝန်ရှိသူတစ်
ဦး၏ ပြောကြားချက်အရ သိရသည်။

နှစ် ၃၀ အထိ အရစ်ကျ ပေးသွင်းရမည့် အခန်း ၁၀၀၀၀ ကျော်ပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် စတင်ဆောက်လုပ်

4mtt3
ရန်ကုန်မြို့အတွင်း တည်ဆောက်လျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု
နှစ် ၃၀ အထိ အရစ်ကျ ပေးသွင်းရမည့်တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှစ်ခုအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦး
စီးဋ္ဌာန ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်မှ နိုဝင်ဘာလ ၁ ရက်နေ့က ပြောကြားခဲ့သည်။

မန္တလေးတွင် တရားစီရင်ရေးစနစ် ပြိုလဲ

မန္တလေး၊ နိုဝင်ဘာ ၃

မန္တလေး တရားစီရင်ရေး စနစ် ယိမ်းယိုင် ပြိုလဲနေပြီ ဟူသော ကောက်ချက်ကို ထပ်မံ အတည် ပြုသည်ဟု မန္တလေးမြို့ တရားရုံးများ လေ့လာမှု အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ

မှ ဦးသိန်းညွှန့် က The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ကော်မတီမှ မန္တလေးမြို့ ရှိ ချမ်းအေးသာ
စံ မြို့နယ် တရားရုံး၊ ခရိုင် တရားရုံး နှင့် တိုင်း တရားလွှတ်တော်ရုံး များသို့ နိုဝင်ဘာ၂ ရက်နေ့ကသွားရောက်
လေ့လာ ခဲ့ပြီး ခရိုင် တရားသူကြီး နှင့် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း ဦးသိန်းညွှန့် က ဆိုသည်။

Samsung Galaxy နောက်ဆက်တွဲကြောင့် လူကြီးမင်းဖုန်းဆိုင်များ တစ်ပါတ်ခန့် ပိတ်

Samsung Galaxy နောက်ဆက်တွဲကြောင့် လူကြီးမင်းဖုန်းဆိုင်များ တစ်ပါတ်ခန့် ပိတ်
Monday, November 05, 2012 

Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက်သိမ်းခြင်း
 နောက်ဆက်တွဲအနေဖြင့် ရန်ကုန်မြို့ရှိ လူကြီးမင်းဖုန်း ဆိုင်(၆)ဆိုင်အား လက်တလောတွင် (၁)ပါတ်ခန့် ယာယီပိတ်ထားရန် ရည်ရွယ်ထားကြောင်း  လူကြီးမင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။ 

လူကြီးမင်းဖုန်းဆိုင်မှ နိုဝင်ဘာလ (၃) ရက်နေ့တွင် Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက် သိမ်းလိုက်ရကြောင်းနှင့် အဆိုပါ
ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ၎င်းတို့၏ စီမံခန့်ခွဲမှုအားနည်း
ချက်ကြောင့် ဖြစ်သည်ဟု နိုဝင်ဘာ(၄)ရက် သတင်းစာရှင်းလင်းပွဲတွင် လူကြီးမင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

နိုဝင်ဘာလ(၃)ရက်နေ့၌ လူကြီးမင်းဖုန်းဆိုင်မှ Samsung Galaxy mini ဖုန်းအလုံး (၁၂၀) ကျော်အား (၅၀၀၀)ကျပ်နှုန်းဖြင့် မဲပေါက်သူများအား
 ရောင်းချပေးနိုင်ရန် စီစဉ်ထားရှိခဲ့သော်လည်း မဲဖောက်သူ လူအင်အား
များပြားကာ လုံခြုံရေးအင်အားသုံးစီမံခန့်ခွဲရန် အားနည်းခြင်းကြောင့် အစီအစဉ်ပျက်သွားခြင်း ဖြစ်သည်။ 

“စီမံခန့်ခွဲမှုမှာ အားနည်းချက်ရှိတယ်ဆိုတာကို ကျွန်တော်ရိုးသားစွာဝန်ခံ
ပါတယ်။ ရန်ကုန်လူအင်အား ကို ရာဂဏန်းလောက်ပဲ မှန်းခဲ့တာပါ ။ တကယ်တမ်းများလာတော့ ကျွန်တော်တို့ ထိန်းရတာ ခက်ခဲ ပါတယ်။  ကျွန်တော်တို့ စီမံခန့်ခွဲမှုမှာ အားနည်းတာကို ၀န်ခံပါတယ်။” ဟု လူကြီးမင်းဖုန်းဆိုင် ဒါရိုက်တာ ကိုရန်နိုင်စိုးမြင့်က ပြောသည်။ 

ဆိုင်တွင် မလိုလားအပ်သောပြသာနာများဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်
အတွက် အစီအစဉ်ကို ရုတ်သိမ်းခဲ့လိုက်ပြီး နေပြည်တော်ရှိ ဆိုင်နှစ်ဆိုင်နှင့်
တောင်ကြီးရှိ လူကြီးမင်းဖုန်းဆိုင်များတွင်သာ  မဲဖောက်ရောင်းချပေးနိုင်
ခဲ့ကြောင်း သိရသည်။

“အနာတရတွေ ဖြစ်ခဲ့တယ်ဆိုတာတွေကို သတင်းကြားပါတယ်။ တိတိကျကျ
တော့ မသိဘူး။ အဲ့ဒီလို ဖြစ်လာမယ်ဆိုတာကို သိတဲ့အတွက်လဲ ဒီ Program
 ကိုရပ်လိုက်တာပါ။ ကျွန်တော်တို့ကို တိုက်ရိုက်အကြောင်းကြားခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို တိုက်ရိုက် Complain ပြောခဲ့မယ်ဆိုရင် တာဝန်ယူရမဲ့ သတ္တိက ကိုယ့်တာဝန်ပဲ ဖြစ်တာပါ။” ဟု လူကြီးမင်း ဖုန်းဆိုင် ဒါရိုက်တာ ကိုရန်နိုင်စိုးမြင့်ကဆိုသည်။ 

လူကြီးမင်းဖုန်းဆိုင်ခွဲ(၁၁)ဆိုင် ရှေ့တွင် မဲဖောက်ရန်တန်းစီစောင့်ဆိုင်းနေသူ 
အချို့မှအနာတရ ဖြစ်ခြင်းများ၊ ပစ္စည်းပျောက်ဆုံးခြင်းများ၊ဖမ်းဆီးခြင်းများ
ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်
တာဝန်ယူပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 

“လုပ်နိုင်တဲ့အပိုင်းတွေကိုလုပ်ပေးချင်ပါတယ်။ ဒီဟာတွေက ကျွန်တော်တို့ တကယ်မသိတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။ တစ်ဦးခြင်းအနေဖြင့် နစ်နာပါ
တယ်လို့ ပြောရင်တော့ တိုက်ရိုက်ပြောရင်တော့ စဉ်းစား ဆောင်ရွက်ပေး
သွားပါမယ်။ အနာတရဖြစ်တာတွေကိုတော့ ကျန်းမာရေးအရပံ့ပိုးပေးရတာ အဆင်ပြေ ပါတယ်။”ဟု ကိုရန်နိုင်စိုးမြင့်က ဆက်ပြောသည်။

Myit Makha Mediagroup
 
SamsungGalaxyminiဖုန်းမဲဖောက်မည့်အစီအစဉ်ဖျက်သိမ်းခြင်းနောက်ဆက်တွဲအနေဖြင့်ရန်ကုန်မြို့ရှိလူကြီးမင်းဖုန်း ဆိုင်(၆)ဆိုင်
အား လက်တလောတွင် (၁)ပါတ်ခန့် ယာယီပိတ်ထားရန် ရည်ရွယ် ထားကြောင်း လူကြီးမင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

မွေးနေ့မှာ ထူးခြားတဲ့အလှုနဲ့ ကုသိုလ်ယူခဲ့တဲ့ ကိုကျော်သူရဲ့ နာရေး ကူညီမှုအသင်း(ရန်ကုန်)

Photo: (ကျော်သူ) ကျွန်တော်၏ မွေးနေ့ဖြစ်သော (၂.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည်အချိန်တွင် ထူးခြားမှုဖြစ်သော နာရေးလမ်းကြောင်း တစ်ခု ပေါ်ပေါက်ခဲ့သည်။
 ထိုနာရေးလမ်းကြောင်းသည် ကျိုက္ကဆံရဲဝင်းရှိ ရဲရိပ်သာ၊ တိုက်အမှတ်၂ဝ၊ အခန်း (၄) တွင် နေထိုင်သူ အချုပ်ကားမောင်းနှင်သည့် ဦးမြင့်ဇော်နေအိမ်သို့ ဦးမြင့်ဇော်၏ညီဖြစ်သူ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နေ ဦးအောင်မင်း၊ ဇနီး မပူစူးတို့နှင့် သားသမီး သုံးယောက် ရက်တစ်ပါတ်ခန့်က ရောက်ရှိလာခဲ့သည်။  ရန်ကုန်မြို့သို့  မရောက်ခင် မန္တလေးမြို့တွင် သမီးမမိုးမိုးသည် ငှက်ဖျားဝေဒနာကို ခံစား လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့သို့ရောက်ရှိသောအခါ ဦးလေးဖြစ်သူ ဦးမြင့်ဇော်နေအိမ်တွင် နေထိုင် ရင်း ခံစားနေရသော ငှက်ဖျားဝေဒနာအား နီးစပ်ရာဆိုင်များမှ ဆေးမှီးတိုများဖြင့်သာ ကုသခဲ့သည်။ သို့ရာ တွင် ဝေဒနာပြင်းထန်စွာ ခံစားနေရသောကြောင့် ရဲဝင်းအတွင်းရှိ ရဲမိသားစုဝင်များမှ စုပေါင်းအကူငွေဖြင့် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီးသို့ သမီး မမိုးမိုး နှင့် သားငယ် မောင်သားငယ် တို့အား လက်ဆွဲ၍ မိခင်ဖခင်တို့သည် သွားရောက်ကုသရန် ခေတ္တနေထိုင်သော ကျိုက္ကဆံ ရဲရိပ်သာနေအိမ်မှ ထွက်ခွာခဲ့သည်။ ဆေးရုံသို့ရောက်ရှိသောအခါ သက်ဆိုင်ရာဆရာဝန်များမှ မမိုးမိုး၏ ဦးနှောက်ထဲသို့ ရောက်ရှိနေသော ငှက်ဖျားပိုးအား ကုသရန် ပြင်ဆင်နေချိန်တွင် မမိုးမိုးသည် ရုတ်တရက် ဇက်ကျိုးကျကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတော့သည်။ အစ်မဖြစ်သူ မမိုးမိုး အသက် (၁ဝ) နှစ် ကွယ်လွန်သွားရှာပြီး (၅) မိနစ်ခန့်အတွင်း မိဘများနှင့် အတူလက်ဆွဲ၍ လမ်းလျှောက်ပါရှိလာသော မောင်လေးလည်း အစ်မဖြစ်သူ ဇက်ကျိုး၍ သေဆုံးသွားသည်ကို မြင်တွေ့ပြီး မောင်သားငယ် အသက် (၅) နှစ်သည်လည်း အစ်မဖြစ်သူ မမိုးမိုး သွားရာနောက်သို့ လိုက်ပါသွားတော့သည်။ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း မိဘများဖြစ်သူ ဦးအောင်မင်း၊ မပူစူးတို့အား သမီးငယ်နှင့် သားငယ်တို့သည် နှုတ်မဆက် ဘဲ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားတော့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးဖြစ်သူ မစန်းစန်းနွယ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြား အကူညီတောင်းမှုကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဝန်ထမ်းများတို့သည် မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ကာ နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်၍ ရေဝေးသုဿန်သို့ ကူညီပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ သည်။ 
ယင်းဖြစ်ရပ်အား မွေးနေ့ရှင် ကျွန်တော်သိရှိသောအခါ ကျွန်တော်၏မွေးနေ့ဖြစ်သော … ကျွန်တော် ကမ္ဘာမြေပြင်သို့ ရောက်ရှိခဲ့သောနေ့ရက်တွင် ကမ္ဘာ့မြေပြင်မှ မထင်မှတ်ဘဲ ထွက်ခွာသွားရရှာသော  သားငယ်သမီးငယ်၊ မောင်နှမနှစ်ဦးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်္ဃန်း (၂) စုံနှင့်အတူ ကျန်ရစ်သူချို့တဲ့အားငယ်နေသော မိသားစုဝင်များနှင့် ယင်းမိသားစုဝင်တို့အား ကူညီစောင့်ရှောက် နေထိုင်ခွင့်ပေးခဲ့သော ကျိုက္ကဆံရဲရိပ်သာနေ အချုပ်ကားမောင်းနှင်သူ ကိုမြင့်ဇော် မိသားစုတို့အား လူသား ချင်းစာနာစိတ်ဖြင့် ကျွန်တော်၏ ကိုယ်ပိုင်ငွေထဲမှ သားငယ် မောင်သားငယ်၊ သမီးငယ် မမိုးမိုးတို့အား ရည်စူး၍ အလှူငွေ (ငါးသောင်း)ကျပ်နှင့် ကိုမြင့်ဇော် မိသားစုတို့အား အလှူငွေ (နှစ်သောင်း) ကျပ်တို့အား လှူဒါန်းမှု ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ယနေ့ (၃.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သူ ဦးမောင်ညွန့် အသက် (၇၃) နှစ်၏ ဈာပန အခမ်းအနားအားလည်း အသင်းသူ/သားများ၊ ဝန်ထမ်းများတို့ဖြင့် စည်းကားသိုက်မြိုက်စွာဖြင့် နောက်ဆုံးနှုတ်ဆက်ခရီးအား အောင်မြင်စွာ ပြုလုပ်ပေးခဲ့သည်။ 
 ကျွန်တော်သည် အသက် (၅၃) နှစ်သို့ ရောက်ရှိသည်နှင့်အညီ လူ့ဘဝသက်တမ်းအား မည်မျှ နေထိုင်ရဦးမည်ကို မခန့်မှန်းနိုင်၊ မတွက်ချက်နိုင်။ ထို့ကြောင့် မိမိနေထိုင်ခွင့်ရရှိသည့် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်များတွင် ကုသိုလ်ကောင်းမှုများနှင့်သာ ငြိမ်းချမ်းစွာ နေထိုင်လိုတော့သည်။ ထို့ကြောင့် မိမိ၏ မွေးနေ့အတွက်ပြုလုပ်ခဲ့သော ကောင်းမှုများအား မိမိဘဝတစ်ပါးသို့ ပြောင်းလဲရမည့်နေ့၊ မိမိသေဆုံး ရတော့မည့်အချိန်၊ မိမိကမ္ဘာမြေပြင်မှ ထွက်ခွာရတော့မည့် နေ့ရက်များအားရည်စူး၍ ယခုကဲ့သို့သော လက်တွေ့ကျသောလုပ်ရပ်များ၊ သဘာဝကျသော ကုသိုလ်ကောင်းမှုများ၊ သီလလုံသော ပေးဆပ်မှုများ ဖြင့်သာ ကျင်လည်နေထိုင်တော့မည်ဖြစ်ကြောင်း ကျွန်တော်၏ မွေးနေ့ (၅၃) နှစ်တွင် သေနေ့အတွက် ပြင် ဆင်နေပြီဖြစ်ကြောင်း အများပြည်သူအပေါင်းတို့အား အသိပေး၊ သတိပေးစကား ဆိုလိုက်ရပါတော့သည်။
ကျော်သူ

(ကျာ်သူ) ကျွန်တော်၏ မွေးနေ့ဖြစ်သော (၂.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည်အချိန်တွင် ထူးခြားမှုဖြစ်သော နာ
ရေးလမ်းကြောင်း တစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုနာရေးလမ်းကြောင်းသည် ကျိုက္ကဆံရဲဝင်းရှိ ရဲရိပ်သာ၊ တိုက်
အမှတ်၂ဝ၊ အခန်း (၄) တွင် နေထိုင်သူ အချုပ်ကားမောင်းနှင်သည့် ဦးမြင့်ဇော်နေအိမ်သို့ ဦးမြင့်ဇော်၏ညီ
ဖြစ်သူ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နေ ဦးအောင်မင်း၊ ဇနီး မပူစူးတို့နှင့် သားသမီး သုံးယောက် ရက်တစ်ပါတ်ခန့်
က ရောက်ရှိလာခဲ့သည်။ ရန်ကုန်မြို့သို့  မရောက်ခင် မန္တလေးမြို့တွင် သမီးမမိုးမိုးသည် ငှက်ဖျားဝေဒနာကို
ခံစား လာခဲ့သည်။

ရိုဟင်ဂျာ ဆိုတဲ့ ဆိုတဲ့ နာမည်ကို ဘယ်သူ၊ ဘယ်ပါတီကစသုံးခဲ့တာလဲ

 
အခုလက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့ရတဲ့ပြဿနာမှာရိုဟင်ဂျာဆို တဲ့ တကယ်မရှိခဲ့နာမည်ကို မြန်
မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေအကြားစတင်အသက်သွင်းမှုဟာလည်း ပြဿနာ
ဖြစ်ပွားခြင်းရဲ့ တစ်ပိုင်းတစ်စဟု Facebook သုံးစွဲ သူရော၊ အပြင်လူထုကရော အစောပိုင်း ကာလကတည်း က တစ်ညီ တစ်ညွတ် တည်းပြောဆိုခဲ့ပါတယ်။