Pages

Monday, October 29, 2012

7Day News ဂျာနယ်မှ ဖြေရှင်းချက်

7Day News ဂျာနယ်သည် နေ့စဉ်ဖြစ်ပေါ်နေသော သတင်းအကြောင်းအရာများကို စာဖတ်သူများ အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုသိရှိနိုင်ရန် သတင်းအချက်အလက်နှင့် သတင်းဓာတ်ပုံများအား ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် ၀က်ဘ်ဆိုက်တို့မှတစ်ဆင့် တင်ဆက်လျက်ရှိပါသည်။

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း

Aung Khamkyaw

ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
...
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ်အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်းအမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင်အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကိုအသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။

Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန် http://en.wikipedia.org/wiki/Mortar_boards

Ref :ပရော်ဖက်ဆာဒေါက်တာကြွက်

အေးချမ်းမွန်မှ Yatanarpon Call Center တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :usuonline.com
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက် လာခြင်းဖြစ် ပါတယ်။ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသ ဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့် အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများအနှောက်အယှက်ဖြစ်လျက်ရှိ


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ် ထားရှိသောဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။ ငယ်ရွယ် သူကျောင်း သား၊ ကျောင်း သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ လုပ်ကိုင်သောအမျိုးသမီးများသာ နေ့ည မပြတ်ဝင် ထွက်သွားကနေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူများ သားကောင်းသမီး ပျိုများ အတွက် များစွာ အနှောက်အယှက်ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ နေပြည်သူတစ်ဦး ၏ပြောပြ ချက် အရ သိရှိရသည်။

SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူညီမှုမရ

 
ရှမ်းပြည်တပ်မတော်SSA တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSSနဲ့ အစိုးရအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးရာမှာဒေသတွင်းလုံခြုံရေးနဲ့ပတ်သက်ပြီး သဘောတူညီ
ချက် မရတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်းဖက်က အချက် ၁၀ချက် တင်ပြဆွေးနွေးခဲ့ပြီး နောက်ဆုံးအချက် ၂ချက်မှာ သဘောတူညီချက် မရခဲ့တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့က လူသတ်မှု တရားခံများ ဖမ်းမိ

ဗဟန်းမြို့နယ်နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ဟာမစ်တစ်ကားမှတ်တိုင်အနီးတွင်အောက်တိုဘာ၂၃ရက်ည၁၁နာရီခန့်က လူငယ်ကိုးဦးနှင့်အသက် ၃၀ ကျော် အမျိုးသားတစ်ဦး အချင်းဖြစ်ပွားကြရာ၌ လူငယ်တစ်ဦးက ထိုအမျိုးသားအား သောက်ရေအိုးဖြင့် ဦးခေါင်းကို ရိုက်ခွဲကာ ကျန်လူငယ်များက ထိုးကြိတ်ကန်ကျောက်ကြရာမှ ထိုအမျိုးသား သေဆုံးခဲ့ရသည်။

ငွေယူ၍အဝေးသင်စာစဉ်ကိုယ်စား တင်ပေးနေသောဆရာများကြောင့် ကျောင်းသား/သူများ၏ အရည်အသွေးများကျဆင်းလာ

အဝေးသင်တက္ကသိုလ်တက် ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်စာသင် နှစ်၏ ပထမနှစ်ဝက်နှင့် ဒုတိယ နှစ်ဝက်တို့တွင် သတ်မှတ်စာစဉ် များအား ကိုယ်တိုင်ရေးသားတင် သွင်းကြရပြီး စာစဉ်တင်သွင်းရာ ၌ ကျောင်းသား၏ လက်ရေးနှင့် စာမေးပွဲဖြစ်ဆိုရာ၌ ကျောင်းသား ၏ လက်ရေးနှစ်ခု ကွဲလွဲမှုရှိပါက (သို့) ကိုယ်စားဖြေဆိုတင်သွင်း ထာသည်အား စစ်ဆေးတွေ့ရှိရ ပါက စာစဉ်အား ပယ်ကာ
စာ မေးပွဲ ဖြေဆိုခွင့်ပေးမည်မဟုတ် ကြောင်း သက်ဆိုင်ရာ အဝေး သင်ဌာနများမှ ထုတ်ပြန်ထားခဲ့သည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် တာချီလိတ် လာမည်

ကမ္ဘောဒီးယား နိုင်ငံ ဆီယံယိဒ် နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၁၄ ရက် က ရောက်လာသည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်(ဓာတ်ပုံ – Reuters)

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိ တာချီ
လိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူး နေ့တွင် လာရောက်မည်ဟု သတင်းရသည်။တာချီလိတ် ဒေသ အာဏာပိုင်များ
နှင့် နီးစပ်သူတဦးက“မစ္စတာ သက်ဆင် ဗုဒ္ဓဟူးနေ့မှာ ရောက်မှာပါ၊ သူ့ကိုတွေ့ဆုံဖို့ လာမယ့်ထိုင်းဘက်ကလူ
တွေကို မြန်မာ နယ်ခြား ကော်မတီဝင် တချို့က ချစ်ကြည်ရေးတံတား ထိပ်မှာ သွားကြိုလိမ့်မယ်”ဟု ပြော
သည်။

KNU ခေါင်းဆောင်များကြား ပြေလည်မှုရရှိ

လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ – ဧရာဝတီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ခေါင်းဆောင်များအကြားသဘောထားကွဲမှုများကိုသင်ပုန်းချေလိုက်
ပြီဖြစ်၍ ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း KNU ကပြောသည်။ဘားအံခရိုင်အတွင်း KNU ထိန်းချုပ်နယ်မြေ
၌ ယခုလ ၂၅၊ ၂၆ ရက်နေ့များက ပြုလုပ်ခဲ့သော အထူးအရေးပေါ် အစည်းအဝေး တွင် အမျိုးသား စည်းလုံး
ညီညွှတ်မှုကို ရှေးရှု၍ KNU အတွင်း အားနည်းချက်များကို သင်ပုန်းချေလိုက်ကြပြီဖြစ်ကြောင်း KNU ပြော
ရေး ဆိုခွင့်ရှိသူများက ယနေ့ ပြောဆိုသည်။

မနန်းဝိုးဖန်၏ခင်ပွန်း အာမခံ ငြင်းပယ်ခံရ


သတင်းတရားမ၀င် အိမ်ခြံမြေ အရောင်းအ၀ယ်ဖြင့် တရားရုံးတင် ဖမ်းဆီးစစ်ဆေးခံနေရသော မနန်းဝိုးဖန်
၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr. Namase Motohikoသည်စိတ်ကျရောဂါ၊ဆီးချို၊ သွေးချိုရောဂါခံစားနေပြီး ကျန်း
မာရေး ချို့ယွင်းလာသောကြောင့် အာမခံ လျှောက်ထားသည်ကို တရားရုံးက ငြင်းပယ်လိုက်ကြောင်းသတင်း
ရရှိသည်။

ကရင်ပြည်နယ် ကျုံဒိုးနှင့် ကော့ကရိတ်မှ ဗလီများ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ၊ ၂၉၊ ၂၀၁၂


ကျုံဒိုးဗလီဗုံးခွဲခံရသည့် သတင်း
အောက်တိုဘာ၊ ၂၉၊ ၂၀၁၂ (၁၀နာရီ မြန်မာစံတော်ချိန်)

ကရင်ပြည်နယ် ကျုံဒိုးမြို့ ကမ်းနားပိုင်းရှိ ဗလီအား ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု သတင်းရရှိသဖြင့် M-Media မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။ဗုံးပေါက်ကွဲရာအနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးမှ ပြောပြခဲ့သည်မှာ “မနေ
့ည ၁၁-နာရီလောက်မှာ ကျုံဒိုး ကမ်းနားပိုင်းမှာ ရှိတဲ့ ဗလီကို ဗုံးခွဲခံရတာပါ။ကျုံဒိုးမှာက ဒီဗလီတစ်လုံးပဲရှိပါ
တယ်။ ဗုံးကွဲတာက ဗလီခြံဝင်းထောင့်နားမှာကွဲတာ။ ဗလီကိုတော့ မထိခိုက်သွားဘူး။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမှ မွတ်စလင်ရပ်ကွက်များအား မီးကွင်းပစ်မည်ဟု ခြိမ်းခြောက်ခံရ


ယမန်နေ့ အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂ ည ၁၀ နာရီဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ် အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ရပ်ကွက် ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ( မွတ်စလင်မ်များ အသိများသည့် အ
မည် ဟာဖိဇ်ဆိုလိုင်မာန် ကျောင်း) ကို ဆလွန်ကားတစ်စီး (နံပါတ်အုပ်ပြီးဖျက်ထား) မှာ မျက်နှာဖုံးစွပ် လူအ
ပြည့်နဲ့ ၄-၅ ပတ်လောာ်ပတ်နေကြောင်းကို မသင်္ကာဖွယ်ရာတွေ့ရှိခဲ့ရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် ၇ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဗလီ ၀တ်ကျောင်း အနီး ယမန်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် ၇ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဗလီ ၀တ်ကျောင်းအနီးတွင်ယ
မန်နေ့ ညပိုင်းက ဗုံး တလုံး ပေါက်ကွဲခဲ့သည်။ဗလီအဆောက်အအုံအတွင်းသို့လက်ပစ်ဗုံး၂ လုံးပစ်သွင်းရာတ
လုံးသာ အုတ်နံရံနှင့် ထိမိ၍ ပေါက်ကွဲသွားပြီး ဗုံး ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရခြင်းမရှိဟု သိရကြောင်း
ဒသခံ တဦးက ပြောသည်။

ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကိုသတိရှိသင့် (အရှင်ရာဟုလာ ... ၊မစိုးရိမ်)


ဘာသာရေးပဋိပက္ခဖြစ်အောင်ရည်ရွယ်ချက်ရှိရှိနဲတိုက်ခိုက်နေတာတွေဖန်တီးနေတာတွေကိုသတိမူကြပါ။ 
(အရှင်ရာဟုလာ ... ၊မစိုးရိမ်၊)လူတစ်ယောက်အနေနှင့်မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို  လေး
စားကြည်ညိုယုံမျှနှင့်မပြီး။အခြားတစ်ပါးသောသူများ၏အတွေးအခေါ်အယူဆများကိုလည်းကျိုးကြောင်းခိုင်
လုံမှုမရှိဘဲ ဝေဖန်နှိပ်နှယ်ခြင်းမပြုသင့်” ။ (အသောကကျောက်စာ)

နိုင်ငံတော်အစိုးရမှ ဖုံးကွယ်ထားသော ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေ/ပျောက် စာရင်းအမှန်က ဘယ်မှာလဲ

မြန်မာအစိုးရဟာ လက်ရှိ ရခိုင်ပြည်နယ်က ကိစ္စတွေကို ခေါင်းရှောင်ဘို့ ကြိုးစားနေယုံမျှမက- အကြမ်း ဖက်
တွေဘက်က ဘက်ပေါင်းပြီး ဗြောင်လိန်နေတယ် ဆိုတာ ဖုံးကွယ်လို့ မရနိုင်ဘူး။ ဘယ်လောက် ကြီးတဲ့လူဖြစ်
ဖြစ်ရာဇတ်ဘေး ပြေးမလွတ်ပါဘူး။

Premier League,Serie A, LALIGA ဘောလုံးသတင်း၊ပွဲရလဒ် အချိန်မှန်သီရှိရဖို့ Android Applications များ




ဘောလုံးဝါသနာရှင် Android ဖုန်း/Tablet ပိုင်ရှင်တွေအတွက် League ပေါင်းစုံက ဘောလုံးအသင်းတွေရဲ့
ဘောလုံးပွဲ result တွေ ၊ သတင်းတွေသိရှိနိုင်ဖို့ ဘောလုံးသတင်း၊ပွဲရလဒ်နဲ့ပတ်သက်တဲ့ ဘောလုံး apk လေး
တွစုစည်းတင်ပေးလိုက်ပါတယ်။

“ ပခုက္ကူမြို့ရှိ ပရဟိတအဖွဲ့များပူးပေါင်း၍ ပညာရေးဖောင်ဒေးရှင်းတစ်ခု ထူထောင်”

 
ပခုက္ကူမြို့ ရှိ ပရဟိတအဖွဲ့များပူးပေါင်းကာ ပခုက္ကူ ပညာရေးဖောင်ဒေးရှင်း အားအောက်တိုဘာလ ၂၇ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည် ဟုသိရသည်။

ကျောက်ဆည်ဆင်ပွဲတော် စည်စည်ကားကား ကျင်းပ





ကျောက်ဆည်မြို့ရွှေသာလျောင်း ဘုရား ဂေါပကအ ဖွဲ့နှင့် ခရိုင်အထွေထွေ  အုပ်ချုပ်ရေး တို့မှ ကြီးမှူး ကျင်း
ပသည့်ကျောက် ဆည်မြို့ဆင်ကအလှပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့မနက်၈နာရီကမန်းလေးတိုင်းဒေသကြီးအစိုးရအ
ဖွဲ့ဝန်ကြီး ဦးရဲမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းတို့မှ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။

ဆန္ဒပြပွဲတွေကြောင့် တရုတ် ဓာတုစက်ရုံ စီမံကိန်း ဆိုင်းငံ့

 
တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ရေနံဓာတုစက်ရုံတခုတည်ဆောက်မယ့်စီမံကိန်းကို ဒေသတွင်း လေထုညစ်ညမ်း
မှုတွေဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ ဒေသခံေ တွက ရက်တွေနဲ့ချီ ဆန္ဒပြခဲ့ကြတာမို့အဲဒီဒေသကအာဏာပိုင်တွေ
က စီမံကိန်းကို ယာယီ ရပ် ဆိုင်းလိုက်ပါတယ်။

အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ရပိုင်ခွင့် ငြိမ်းချမ်းစွာစုဝေး၍ ဆန္ဒထုတ်ဖော်မှု


မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်မိုးထိမိုးမိဒေသရှိ အသေးစားရွှေလုပ်ငန်းရှင်များနှင့် ရွေလုပ်သား မှ ၎င်းတို့၏ အကျိုးစီးပွာကာကွယ်စောင့်ရှောက်ရေးနှင့်ရပိုင်ခွင့်များ တောင်းဆိုမှု များ ပြုလုပ်ရန်ငြိမ်းချမ်ငြိမ်းချမ်စွာစုဝေး၍ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီများအုပ်စု၏ ရန်ကုန်ရုံးရှေ့တွင်ပြုလုပ်နေကြောင်းသတင်းရရှိပါသည်။ 

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မြန်မာနိုင်ငံဘက်မှ အမျိုးသမီး(၄)ဦးကို ထိုင်းနိုင်ငံ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHM34bV5JWbpIcrr3-f1gwYUSP2U7v64b8bcgo7-XPz9wC7Gsjv-kL1NLspWwvWkvE7bKURTuvBNfCogS6LNxTEXINPW53FOxqBTIglRIyLU2R0bXGs0G-IlexpvZ0DYTM1NixZeFZHYU/s1600/shwe+myanmar+group.png



အောက်တိုဘာ(၂၆)ရက်နေ့ နံနက် ပိုင်းကထိုင်းနိုင်ငံချင်းရိုင်းခရိုင်မယ် ကျန့် မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မူး ယစ်ဆေး ၀ါးများကို သယ်ဆောင်လာ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို မူးယစ်ဆေး ၀ါးများနဲ့အတူ ဖမ်းဆီးရမိကြောင်းထိုင်းနိုင်ငံမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗိုလ်တစ်ထောင်မြို.နယ်၊ (၁၀)ရပ်ကွက် ၊သိမ်ဖြူလမ်းပေါ် စိန်ပေါလ် ကားမှတ်တိုင်အနီးတွင် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား

 
ယမန်နေ.ည(၁၀)နာရီအချိန်ကဗိုလ်တစ်ထောင်မြို.နယ်၊(၁၀)ရပ်ကွက်၊သိမ်ဖြူလမ်းပေါ်စိန်ပေါလ် ကားမှတ်
တိုင်အနီးတွင်ယာဉ်လေးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

ဗြိတိန် နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက် မည်ဟု အယ်လ်ရှာဘတ် အဖွဲ့ ခြိမ်းခြောက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsoXb3x7YO1mrUvJgrWNO-fNel3Zq6AgyrgIBIzAln6XvGeLK8pe3NGrpDyLA8mqtc4BSFet_Hjy5vvPB59I4Q2TGYSchda8Om17CQItC4zWxrLvMq0xPSgp90ru51UXPWyOUhaTBtz5Fz/s1600/www.myanmarexpress.net+00121.jpg
ဗြိတိသျှအစိုးရသည်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူအဘူဟမ်ဇအယ်လ်မာဆီအားအမေရိကန် ပြည်
ထောင်စုသို့ လွှဲပြောင်း ပေးခဲ့ မှုကြောင့် ဗြိတိန် နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဟု ဆိုမာလီယာ စစ်သွေးကြွ များက ခြိမ်းခြောက် သတိပေး ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် သေဆုံးဒဏ်ရာရရှိသူများနှင့် အိုးအိမ်စွန့်ခွာခဲ့ရသူများ ရှိ၍ ပြန်လည် နေရာချထားရေးသည် အဓိကအရေးပါသော ကဏ္ဍတစ်ခုဖြစ်လာ

842


ရခိုင်ပြည်နယ်အတွင်းအောက်တိုဘာလ၂၁ရက်ကမင်းပြားမြို့မှစတင်ခဲ့သည့်မတည်မငြိမ်မှုများမှာအခြားမြို့
နယ်များသို့ကူးစက်သွားပြီးခြောက်ရက်အတွင်းမြို့နယ်ခြောက်မြို့နယ်တွင် အပြန်အလှန်မီးရှို့မှုများ၊ ရခိုင်နှင့် ဘင်္ဂါလီတိုက်ခိုက်မှုများရှိခဲ့သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်း ထန်ထန် နှိမ်နင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အိမ်များ၊ ကားများကို လုံခြုံရေးများမှ ရှောင်တခင် စစ်ဆေး


၂၉.၁၀.၂၀၁၂ နှင့် ၂၈.၁၀.၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအ၀င် တခြားမြို့နယ်များ တွင်လည်း စစ်တပ်၊ နစက၊ လုံထိန်း၊ ရဲများစုပေါင်းပြီး ရခိုင်သားများ၏ လုပ်ငန်းခွင် ၊ အိမ်များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများ၊ မွှေနှောက်ပြီးဓား၊လှံများကိုလိုက်လံသိမ်းဆည်းလျက်ရှိကြောင်းကသိရှိရပါသည်။