Pages

Thursday, October 18, 2012

အသက် ၂၃ နှစ်အရွယ် အမေရိကန်နိုင်ငံသူ မော်လ်ဒယ်လည်းဖြစ်... ကြေးစားနပန်းသမားလည်းဖြစ်တဲ့ Lindsay Hayward

အခုမြင်တွေ့နေရတဲ့ထူးခြားအံ့ဖွယ်မျိုးသမီးကတော့...အသက် ၂၃ နှစ်အရွယ် အမေရိကန်နိုင်ငံသူ မော်လ်ဒယ်လည်းဖြစ်.. ကြေးစား
နပန်းသမားလည်းဖြစ်တဲ့ Lindsay Hayward ဆိုသူ ဖြစ်ပါတယ်သူမဟာ အရပ်အမြင့်ပေ ၆' ၉"လက်မ (၂၀၆ စင်တီမီတာ)ရှိပြီး...ကိုယ်
အလေးချိန် ၂၄၀ ပေါင် (၁၀၉ ကီလို) ရှိပါတယ်... ဘယ်လောက်ထိ အင်အားကြီးသလဲဆိုရင် အလေးချိန် ကီလို ၁၀၀ လောက်ရှိတဲ့
 ယောင်္ကျားတစ်ယောက်ကို လက်နဲ့ အလွယ်တကူ ကိုင်မြှောက်ပြီး ပစ်လွှင့်နိုင်တယ်လို့ ဆိုပါတယ်...။

Miss International 2012 Pageant ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြု နန်းခင်ဇေယျာကို Vote ပေးကြတဲ့ ပြည်တွင်းမှ ညီအစ်ကိုမောင်နှမ များသို့ အထူးပန်ကြားခြင်း


 
 
ဂျပန်နိုင်ငံအိုကီနာဝါမြို့မှာ ကျင်းပတဲ့ ၅၂ကြိမ်မြောက် Miss International 2012 Pageant ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာကို အင်တာ နက်ဖေ့စ်ဘုတ် စာမျက်နှာတွေဟာလည်း တစ်ခုပြီးတစ်ခု hack ခြင်းများခံ ခဲ့ရပြီး နန်းခင်ဇေယျာရဲ့ ဖေ့စ်ဘုတ်လို့ ယူဆရတဲ့ www.facebook. com  /  nangkhin.zayyar.9  ကို ဖေ့စ်ဘုတ်ပေါ်မှာ ပုံများနှင့်တကွ အောက်တို ဘာ ၁၃ရက်နေ့ မနက်မှာ တွေ့ရပြီး အဲဒီစာမျက်နှာမှာ ‘အားပေးပံ့ပိုး ကူညီကြ သူများ အား မေတ္တာရပ်ခံခြင်း’ လို့ဖော်ပြထားတာကို တွေ့မိတာကြောင့် ပရိ သတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။

ငွေကျပ် သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ




 ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက် လုံးဖြင့် မြန်မာ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံ ရှိ အမျိုးသားများနှင့် လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာေ ကြာင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့် လှိုင် က ပြောသည်။

နိုင်ငံတကာ ပါလီမန်တွေနည်းတူ လွှတ်တော်ပြက္ခဒိန် parliament calendar တခု တိတိကျကျထားရှိပေးဖို့ သူရဦးရွှေမန်းက လက်မခံ

 
နိုင်ငံတကာ ပါလီမန်တွေနည်းတူ လွှတ်တော်ပြက္ခဒိန် parliament calendar တခု တိတိကျကျထားရှိပေးဖို့ ပုသိမ်မဲဆန္ဒနယ်က အင်န်အယ် လ်ဒီ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်တင်တဲ့ အဆိုကို ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယေဘုယျ အဖြေလောက်သာ ပေးပြီး တိတိကျ ကျ ပြဋ္ဌာန်းပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့တွင်း အခမဲ့ ယာဉ်ရပ်နားစခန်းများ ဆောက်မည်



ယာဉ်ကြောပိတ်ဆို့မှုနှင့်ကားပါကင်ပြဿနာများအဆင်ပြေနိုင်ရန်အခမဲ့ယာဉ်ရပ်နားစခန်းခုနှစ်ခုကိုပြုလုပ်ပေး
သွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအရာထမ်း တဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းကိစ္စနှင့်ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများတွဲခြင်း၊ခွဲခြင်းကိစ္စရပ်တို့ကိုလွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
''လက်ရှိ အတိုင်း ပဲ သွားမှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဧရာဝတီနှင့် ရန်ကုန်တိုင်း ဒေသကြီးများ၌ လယ်ယာမြေများ သိမ်းဆည်း ခံရမှု အများဆုံးဖြစ်နေ

 
ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ လယ်ယာမြေ များ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး သိမ်းဆည်းသည့် အဖွဲ့အစည်း အများစုမှာ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။

ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ကဦးဆောင်ကာပြုလုပ်သည့်လက်ပန်းတောင်းတောင်ပြည်သူ့ညီလာခံသို့ လူအင်အား ၂၀၀၀ခန့်တက်ရောက်


ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ကဦးဆောင်ကာ အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီမှ ည ၇ နာရီအထိ မုံရွာမြို့၊ ဆည်တည်းကျေးရွာတွင်ပြုလုပ်နေသော လက်ပန်းတောင်းတောင်ပြည်သူ့ညီလာခံသို့ ဒေသခံကျေးရွာ ၂၆ ရွာမှဒေသခံများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်မှဆရာတော်များစုစုပေါင်းလူအင် အား ၂၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်ဟုသတင်းရရှိသည်။

စစ်တွေတွင် AZG ဆေးခန်းဖွင့်လှစ်မည်ကို မြို့ခံများက ကန့်ကွက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglI4jf-ecczqbRw7jA20Qad7yrUqKnHKN39bkT9Af4emj95SXSZE-hxyv9oON8LEgLpRUcx8fiu327aoD_QNHl5XVFYl4ZbmeHGf2nwa6KY5ExLve1bUqFZm7ZkESgFiod6DJcR1dyVas/s1600/543453_167560876714955_77843888_n.jpg
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက် (၉) နာရီက AZG ဆေးခန်း ဖွင့်လှစ်မည်ကို စစ်တွေမြို့ခံလူထု (၁၃၀) ကျော်က ဆန္ဒထုတ်ဖော်၊ ကန့်ကွက် ခဲ့ခြင်းကြောင့် ဆေးခန်းဖွင့်လှစ်ခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် OIC ကန့် ကွက်ဆန္ဒပြပွဲနှင့် သမ္မတ ဦးသိန်းစိန် ထောက်ခံပွဲ ပြုလုပ်

Taungauk protes 1



ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွင် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့  နေ့ လည် ၁၁ နာရီခွဲတွင် OIC အစ္စလာမစ် နိုင်ငံများ ပူးပေါင်းေ ဆာင်ရွက်ရေးအဖွဲ့  မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့် ကွက်ဆန္ဒထုတ်ဖော်ပွဲ နှင့် သမ္မတ ဦးသိန်းစိန်အစိုးရအား ထောက်ခံကြိုဆိုပွဲတရပ်ကို ရခိုင်လူမှုကွန်ယက်အသင်း (တောင်ကုတ်)က ဦးဆောင်၍ လူပေါင်း ၂၀၀၀ နီးပါးခန့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

Beats Pill အိတ်ဆောင် Speaker


  
Executive Headphoneများနှင့်အတူစတင်ပြသခဲ့သောSpeakerလေးများသည် ဆေးတောင့်လေးများနှင့်
ဆင်တူပြီး Bluetooth Wireless စနစ်ဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ဈေးကွက်ထဲတွင် Jawbone၏ Jambo
xနှင့် အဓိက ယှဉ်ပြိုင်ဖွယ် ရှိနေသော Beats Pillသည် ထွက်ပေါ်လာသော အသံ၏  ကောင်းမွန်ပြည့်စုံခြင်း
နှင့် အသံကျယ်သည့်အခါ အရည်အသွေး ယိမ်းယိုင်မသွားအောင် အထူးတလည် အာရုံစိုက် ဒီဇိုင်းထုတ်
ထားကြောင်း Beats Audioက ကြေညာထားခဲ့သည်။

ဗြိတိန်တွင် Apple နှင့် Samsung တို့ မူပိုင်ခွင့်အငြင်းပွားမှု Samsung အနိုင်ရ

ဗြိတိန်တွင် Apple နှင့် Samsung တို့ မူပိုင်ခွင့်အငြင်းပွားမှု Samsung အနိုင်ရ


ဗြိတိန်နိုင်ငံတွင် Samsung၏ Tablet ကွန်ပျူတာက မိမိတို့အပေါ် မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်ခဲ့ကြောင်း Apple
၏ အရေးဆိုမှု အရေးနိမ့်သွားပြီ ဖြစ်သည်။ Appleက Samsung၏Galaxy Tabသည်မိမိတို့၏ iPadကို ဒီဇိုင်းပိုင်း
ဆိုင်ရာ ခိုးယူ ပုံတူကူးခဲ့ကြောင်း စွပ်စွဲခဲ့သော်လည်း ဗြိတိန် တရားရုံးက လက်မခံခဲ့ချေ။

မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော..

လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာေ ဗာဓိ   ညောင်ပင်မှာ      ယနေ့ အချိန်အထိ     ဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်ေ ကြာင်းသိပ္ပံပညာရှင်များမှ       လွန်ခဲ့သည့်ကြာသပတေး နေ့ကပြောကြားလိုက်သည်။

ဘင်္ဂါလီအရေး လိုလားသူ ကနေဒါ NGO များက CFOB အဖွဲ့ကို အသင်းစုမှ ထုတ်ပယ်



 
ကနေဒါ မြန်မာမိတ်ဆွေများအသင်း (Canadian Friends of Burma - CFOB) က ကနေဒါမှာရှိတဲ့ မြန်မာ့ရေးရာ NGO အစုအဖွဲ့ အဖွဲ
့ဝင်အဖြစ်ကနေ ရပ်ဆိုင်းတာ ခံလိုက် ရပါတယ်။

၁၈လကြာရောင်းစားခံရာက ထွက်ပြေး လွတ် မြောက်လာသည့် မြန်မာအလုပ်သမား တစ်ဦး လွတ်မြောက်လာ


ထိုင်းနိုင်ငံ ခြုံဘူရီခရိုင် ချောင်းစမေစံ(အချောင်လှေ ဆိပ်)တွင် ၁၈လကြာရောင်းစားခံရာက ထွက်ပြေး လွတ် မြောက်လာသည့် မြန်မာအလုပ်သမား တစ်ဦး၊ မဟာချိုင် တောမော(လ၀က) သို့ ငွေပေးပြီး မဲဆောက်သို့ လာခဲ့ရရုံးသာမက မြန်မာနယ်စပ် နယ်ခြားစောင့်တပ်တွင်မှာပါ ငွေပေးမှ အပြင်ကို ထွက်ခွာခွင့်ရကြောင်း ပြောသည်။

မိုးပျံရထားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်သေဆုံးမှုကုမ္ပဏီမှ ဘတ်တစ်သိန်းပေးလျှော်




           ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီး စရန်တက္ကသိုလ်အနီး မိုးပျံမီးရထားလမ်းဆောက် လုပ်ရေး လုပ်ငန်းခွင်တွင်းငြမ်း စင်ပေါ်မှ  ပြုတ် ကျသေ  ဆုံးမြန်မာ အလုပ်သမားတစ်ဦး အတွက် ကျန်ရစ်သူဇနီးအား Subpen Company Limited မှ လျှော်ကြေးဘတ်ငွေ တစ်သိန်းပေးကြောင်း သိရှိရသည်။

ဘန်ကောက်ကိုရောက်ဖို့ လှေစီးရမည်ဟုလိမ်ပြီး ရောင်းစားခံရသူ ၉ဦး



ဘန်ကောက်မြို့စမူပါကန် ခေါင်ဒန်လှေဆိပ် တွင်ေ ရာင်းစားခံထားရသည့် မြန်မာအလုပ်သမား၉ဦး တို့အား  လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်သူများ က အောက်တိုဘာ ၄ရက်နေ့က ကယ်တင်နိုင် ခဲ့ ကြောင်း သိရှိရသည်။

CNF က တပ်စခန်းနေရာ ကွင်းဆင်းလေ့လာ



သမ္မတ ဦးသိန်းစိန်နှင့် စီအဲန်အက်ဖ် အကြား ငြိမ်းချမ်းရေး သဘောတူညီချက်အရ ယခု လ အောက်တိုဘာလ ၁၀ ရက် နေ့က တည်းက  စပြီး စီအဲန်အက်ဖ် သည် ထန်တ လန်မြို့နယ် အတွင်း တပ်စခန်း နှင့် မိသားစု နေရာချထာရေးအတွက် ကွင်း ဆင်းလေ့ လာမှုပြုသည်ဟုသိရ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိ (Sakai) မြို့ က ဂုဏ်ထူးဆောင် ငြိမ်း ချမ်းရေးဆု ချီးမြင့်



ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိ (Sakai) မြို့ က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ငြိမ်း ချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။

လွှတ်တော်တွင်း ဒီမိုကရေစီ နည်း ကျ ဆွေးနွေးမှုတွေ ဖြစ်စေဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း




NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ဒီမိုကရေစီ နည်း ကျ ဆွေးနွေးမှုတွေနဲ့ လူထုအတွက် အကျိုးဖြစ်မယ့် အဆိုတွေ ကို ထောက်ခံဆွေးနွေးကြဖို့၊ လူထုအတွက် အကျိုးမရှိ တဲ့ ဆွေးနွေး ချက်တွေကို ကန့်ကွက်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါ တယ်။

 ကိုမင်းကိုနိုင်၏ အသက် ၅၀ပြည့်မွေးနေ့တွင် ကျန်းမာရေး၊ပညာရေးနှင့် ပတ်သက်သည့် လူမှုအကူအညီပေးမှုများ လုပ်ဆောင်မည်



၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အသက် ၅၀ပြည့်မွေးနေ့တွင် ကျန်းမာရေး၊ပညာရေးနှင့်ပတ်သက်သည့် လူမှုအကူ အညီပေးမှုများ လုပ်ဆောင်သွားမည်ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့ သည်။ကိုမင်းကိုနိုင်၏မွေးနေ့အလှူကိုရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဉ်မြို့တော်၊ (၉၄) ရပ်ကွက်၊ပိတောက်လမ်းရှိ ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်း၌ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။      

ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်များတွင်OICအားထပ်မံကန့်ကွက်ဆန္ဒထုတ်ဖော်မည်ကို ခွင့်ပြုလိုက်

Kyauk-pru-protester


ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့များတွင် OIC ရုံးဖွင့်လှစ်ခြင်းကို ထပ်မံဆန္ဒထုတ်ဖော်ရန် အတွက် ဒေသခံအာဏာပိုင်များက လူဦးရေ အကန့်အသတ်ဖြင့် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးစတင်

 
ပထမအကြိမ်အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးတွေကို စတင်တော့မှာဖြစ်
ပါတယ်။ဒီတခါလွှတ်တော်စည်းဝေးပွဲတွေကျရင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကိုအတည်ြ ပုနိုင်ဖိုဆွေး
နွေးကြမှာဖြစ်သလိုအတည်ပြုထားတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြင်ဆင် ချက်တွေကို ဆွေးနွေးကြမှာဖြစ် 
တယ် လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက VOA ကို
ပြောပါတယ်။ 

ပြည်တွင်းကားဈေးကွက် အကြောင်းစုံစုံလင်လင်သိနိုင်ဖို့ Myanmar Car DB-2 For Android


ပြည်တွင်းက ကားဈေးကွက် အကြောင်းစုံလင်စွာ သိနိုင်ဖို့ Myanmar Car DB-2 Android ဆော့ဝဲလေးတင်
ပေးလိုက်ပါတယ်။ကားဈေးနှုန်းများနှင့် ကားပါမစ်ဈေးနှုန်းများကိုပါ စုံလင်စွာသိရှိနိုင်မှာဖြစ်ပါတယ်။

မြိတ်- ကော့သောင်း မြို့များသို့ ရေကြောင်း သိပ္ပံမှ ကျောင်းသားများ ပင်လယ်ပြင် လေ့လာရေး ခရီးထွက်ခွာ


ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ရေကြောင်း အင်ဂျင်နီ ယာ၊ ရေကြောင်း လျှပ်စစ်နှင့် အီလက် ထရွန်နစ် တတိယ နှစ်နှင့် စတုတ္ထနှစ် ကျောင်းသား များသည် ကထိက ဒေါက်တာ သုဟန်ထွန်း ဦးဆောင်သော ဆရာများနှင့် အတူ အောက်တို ဘာ ၁၂ ရက်က  မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း  မြစ်ကြီးနား သင်္ဘောဖြင့် ရန်ကုန်မြို့မှ မြိတ်- ကော့သောင်း မြို့များသို့   ပင်လယ်ပြင် လေ့လာရေး ခရီး ထွက်ခွာ သွားကြသည်။

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲများကို တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်

န်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အခကြေးငွေများ တောင်းခံနေသည့် အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

OIC မှ မြန်မာအစိုးရထံ ဖြေရှင်းချက် တောင်းခံစာ တစ်စောင် ပေးပို့


အစ္စလာမ် ဘာသာဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်း ထားသော OIC (အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့) ၏ ယာယီ ဆက်ဆံရေး ရုံးဖွင့်လှစ်ရေး ကိစ္စကို မြန်မာ အစိုးရက တရားဝင် ငြင်းပယ် လိုက်သော် လည်း အကြောင်းကြားစာ တစ်စုံတစ်ရာ ပေးပို့ခြင်း မရှိ သဖြင့် ဖြေရှင်း ချက် တောင်းခံစာ တစ်စောင် ပေးပို့ ထားကြောင်း OIC  ပြန်ကြားရေးဌာန မှ မစ္စ မဟာရက်ခီး ၏ ပြောကြား ချက်ကို VOA သတင်းဌာန တွင် ဖော်ပြသည်။

KNUအတွင်းပြန်လည်သင့်မြတ်ရေးနှင့် ညီညွှတ်မှုရှိရန် ကရင်လူငယ်အစည်းအရုံး-KYO မှ ဆွေးနွေး



ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း ပြန်လည်သင့်မြတ်စေရေးနှင့် စည်းလုံးညီညွတ်မှုဖြစ်လာရန် ထိုင်း- မြန်မာနယ်စပ်တစ်နေရာ တွင် ယမန်နေ့က ကရင်လူငယ်အစည်းအရုံး-KYO မှ ကမကထပြုလုပ်ကာ အစည်းအဝေး ကျင်းပခဲ့သည်။

KNU အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပမည်

Karen_flagllo009

ကရင် အမျိုးသား အစည်းအရုံး (KNU) သည်  လာမည့် အောက်တိုဘာလ (၂၂) ရက်နေ့ ဝန်းကျင်၌ တပ်
မဟာ (၇) ဌာနချုပ် စခန်းတွင်   အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပဖွယ်ရှိကြောင်းဗဟို ကော်
မီတီဝင် တဦးဖြစ်သူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အောင်မောင်အေးမှ ပြောပါသည်။