Pages

Wednesday, October 17, 2012

ဟောင်ကောင်ရှေ့နေတစ်ဦးမှ မူးယစ်ရာဇာ စိုင်းနော်ခမ်းအတွက် အမှုလိုက်ပေးမည်

တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် ရွှေတြိဂံေ ဒသမူး ယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း အတွက် မိသားစုဝင်များ က ဟောင်ကောင်မှရှေ့နေတဦးအား အမှုလိုက်ပေးရန်ငှားရမ်းလိုက်ကြောင်း နီးစပ်သူတဦးကပြောသည်။

အမေရိကန်စစ်သား ၂ဦးက ဂျပန်အမျိုးသမီး တစ်ဦးအား မုဒိမ်းပြုကျင့် မှုကြောင့်ဖမ်းဆီးခံရ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPsbUJFZL2r8NgAr3bbkYFS2b6iY9C49lT3Y4XiGr6TdGkcZqOyMMnZshgtNy3-b9LUBpR2MVCZbuhyphenhyphenFX4P2IQrxozo6FAO69Ib-wxSqrMOhzPkspyadwas1NczG0C4Jjvtz4T8ea_HQ/s1600/_Troop.jpg
 
တရုတ်နှင့် ဂျပန်အကြား လက်ရှိဖြစ် ပွားနေသော အိုကီနာဝါကျွန်းအတွင်း  အမေရိကန် စစ်သား ၂ဦးက ဂျပန်  အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်ဂျပန်အာဏာပိုင်မှ ဖမ်းဆီးလိုက်သည်ဟု သိရသည်။ မုဒိမ်းပြုကျင့်သူ အမေရိကန်စစ်သား ၂ဦးမှာ အသက် ၂၃နှစ်ရွယ်စီရှိကြပြီး ၄င်းနှုစ်ဦး တို့အား အောက်တိုဘာ ၁၆ရက်နေ့က ဂျပန်ရဲတပ်ဖွဲ့မှဖမ်းဆီး  လိုက်သည် ဟု ဆိုသည်။

ရှမ်းပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း၊ အမိန့်အမှတ် (၃၆/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်

 
ပြည်ထောင်စုသမ္မတမန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတရုံးမှဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ အမိန့်အမှတ် (၃၇/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်) နေ့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

ရန်ကုန်အဝေးသင်တက္ကသိုလ် အွန်လိုင်း ဥပဒေဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်

 
ရန်ကုန်အဝေးသင်တက္ကသိုလ်၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှဥပဒေပညာရပ်သင်ယူလိုသူများအတွက်
အွန်လိုင်းမှလေ့လာရမည့်ဘွဲ့လွန်ဥပဒေဒီပလိုမာသင်တန်းကိုနိုဝင်ဘာ၁ရက်တွင်စတင်ဖွင့် လှစ်သွားမည်
ဖြစ်သည်။

"ရန်ကုန်ဆေးရုံကြီး အာဆီယံအဆင့်မီရေး ခေတ်မီစက်ပစ္စည်းများနှင့် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်"

 
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအားအာဆီယံအဆင့်မီဆေးရုံကြီးဖြစ်လာစေရန် အတွက် ခေတ်မီရောဂါရှာဖွေ
ရေးစက်ကိရိယာများနှင့် ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းများအား နိုင်ငံတော်အပိုင်းမှ စဉ်ဆက်မပြတ် ဖြည့် ဆည်းပေးရန်လိုအပ်ကြောင်း အဆိုပါဆေးရုံကြီးမှ အထွေထွေရောဂါကု ပါမောက္ခဆရာဝန်ကြီးတစ်ဦးက ပြောသည်။

မြစ်ဆုံနှင့် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်မပာုတ်

 
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သက်တမ်းတစ်လျှောက် ဆက်လက်လုပ်ကိုင်မည်မပာုတ်ကြောင်း ကတိပြုထားသည့် ဧရာဝတီမြစ်ဆုံစီမံ ကိန်းနှင့် ပြည်သူလူထုကန့်ကွက်နေသည့်ကြားမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်လျက်ရှိသော မုံရွာမြို့ ရှိ ကြေးနီစီမံကိန်းအား မည်သည့် အကြောင်းနှင့်မှ ဖျက်သိမ်းသွားမည်မ ပာုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျင်းဝှာက ပြောကြားသည်။

ဖားကန့် (၅)မိုင်စခန်း၌ မိုင်းဗုံးပေါက်၍ သားအဖနှစ်ဦး ညာခြေထောက်ကိုယ်စီ ပြတ်တောက်



ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်-ကားမိုင်း လမ်း ငါးမိုင်စခန်း တွင် ထောင်ထားသော မိုင်းဗုံးပေါက်ကွဲ၍ တာမခံရွာမှ န၀မတန်း ကျောင်း သူနှင့်၎င်း၏ ဖခင်နှစ်ဦးစလုံး ညာဘက်ခြေထောက်ပြတ်သွားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အင်အားပြင်း အပူလှိုင်းဖြတ်နိုင်

 
 
 
 


 မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အောက်တိုဘာလ ၁၅ ရက်မှစ၍ ၅ ရက်အတွင်း အင်အားပြင်းသော အပူလှိုင်းတစ်ခု ဖြတ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။ “ဖြတ်တဲ့အပူလှိုင်းက အင်အား တော်ေ တ်ာပြင်း တယ်။

iPad Mini ကို မိတ်ဆက်ဖွယ်ရှိသည့် အခမ်းအနားဖိတ်စာ Apple ပေးပို့

iPad Mini ကို မိတ်ဆက်ဖွယ်ရှိသည့် အခမ်းအနားဖိတ်စာ Apple ပေးပို့

Apple ကုမ္ပဏီသည် အောက်တိုဘာ (၂၃)ရက်နေ့တွင်iPad Miniကိုမိတ်ဆက် ပြသရန်အတွက် ခြေတစ်လှမ်း
 တိုးလာခဲ့ပြီ ဖြစ်သည်။ သတင်းမီဒီယာ ဌာနများထံ ပေးပို့သည့် ဖိတ်စာတွင် အဆိုပါ အခမ်းအနား၌ ထုတ်
ကုန်သစ် မိတ်ဆက်မည့် အရိပ်နိမိတ်ကို အတည်ပြု ဖော်ပြထားသည်။

Surface Tablet ဈေးနှုန်း Microsoft ထုတ်ပြန်ကြေညာ

Surface Tablet ဈေးနှုန်း Microsoft ထုတ်ပြန်ကြေညာ

Microsoft ကော်ပိုရေးရှင်းသည် ၎င်းတို့ကိုယ်တိုင် ပထမဆုံး ထုတ်လုပ်သည့် Tablet ကွန်ပျူတာ Surface ၏
ဈေးနှုန်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။ Microsoft Surface Tablet ကို ၄၉၉ ဒေါ်လာဖြင့် ရောင်းချ
သွားမည် ဖြစ်သည်။ အဆိုပါဈေးနှုန်းမှာ Tablet အတွက်သာဖြစ်ပြီး Keyboard Cover ပါဝင်ခြင်းမရှိချေ။

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှုတခုကြောင့် အဆုံးစီရင်သွားသည့် မိန်းကလေးအား အနိုင်ကျင့်မှုပြုခဲ့သူကို Anonymous Hackers အဖွဲ့မှ ဖော်ထုတ်

အဆုံးစီရင်သွားသည့် မိန်းကလေးအား အနိုင်ကျင့်မှုပြုခဲ့သူကို Anonymous ဖော်ထုတ်

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု တစ်ခုကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့် (၁၅)နှစ်အရွယ် မိန်းက
လေး အမန်ဒါတော့ဒ်ကို အဓိက နှိပ်စက် အနိုင်ကျင့်ခဲ့သူ၏ အချက်အလက် အချို့ကို Anonymous Hackers
အဖွဲ့က ဖော်ထုတ် ပြောကြားလိုက်သည်။

Techspace နည်းပညာဂျာနယ် Volume 1 - Issue 30

နည်းပညာဂျာနယ်တွေဖတ်ချင်တဲ့ သူငယ်ချင်းတွေအတွက် Techspace နည်းပညာဂျာနယ် တင်ပေးလိုက်
ပါတယ်။တိုးတတ်လာတဲ့နည်းပညာတွေကို မပြတ်တမ်းလေ့လာချင်တဲ့ သူငယ်ချင်းတွေအတွက် အရမ်းအ
အဆင်ပြေမှာပါ။

မြန်မာနိုင်ငံမှာ ITUC ခေါ် နိုင်ငံတကာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ရုံးခန်းဖွင့်မယ်

ITUCခေါ်နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကမြန်မာနိုင်ငံမှာရုံးခန်းလာရောက်ဖွင့် လှစ်ဖို့ ပြင်ဆင်
နေပါတယ်။ဒီတော့ဘယ်တော့လောက်မှာစပြီးဖွင့်လှစ်ဖြစ်မလဲဆိုတာအဲဒီအဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူးမစ္စ
ရှယ်ရွန်ဘာရိုးကို ဆက်သွယ်မေးကြည့်ေ တာ့ အခုလို ဖြေကြားခဲ့ပါတယ် ။

ယနေ့ မန္တလေးမြို့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် လူတစ်ဦးသေဆုံး

ယနေ့နံနက်(၁၀)နာရီခွဲအချိန်ကမန္တလေးမြို့ချမ်းမြသာစည်မြို့နယ်ဘောလုံးအကယ်ဒမီကျာင်းအနီး၇၂လမ်းနှင့် ငုဝါလမ်းထောင့်
တွင်လမ်း ကြိတ် စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

အင်းစိန်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ ကျူးကျော်များလည်း ဆန္ဒထုတ်ဖော်မည်

အစိုးရတာဝန်ရှိသူများအား ၎င်းတို့အရေးအတွက် အာရုံစိုက်လုပ်ကိုင်ရန် အင်းစိန်၊ ရွှေပြည်သာနှင့် လှိုင်သာ
ယာမြို့နယ်များမှ ကျူးကျော်များက ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ အဆိုပါဆန္ဒ
ထုတ်ဖော်ပွဲကို လူအင်အား ၃၀၀ ခန့်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် အထက်ပါသုံးမြို့နယ်၌ ပြုလုပ်နိုင်ရန်
တောင်းခံထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးများထံ အောက်တိုဘာ၁၅ ရက်တွင် ခွင့်ပြုချက်တောင်းခံထား
ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်စီစဉ်သူ ဒေါ်မျိုးမျိုးအေးကပြောသည်။

ရမည်းသင်းမြို့က ရပ်ကွက်ဘောလုံးပွဲတွင် ဖြစ်ပွားသော ရန်ပွဲ လူအသေအပျောက်မရှိဘဲ ထိန်းချုပ်နိုင်ဟုဆို

အောက်တိုဘာ ၁၂ ရက် ရပ်ကွက်ဘောလုံးပွဲတွင် ဖြစ်ပွားသော ရန်ပွဲမှစတင်၍ လူမျိုးရေးပဋိပက္ခအသွင် သတင်းများ ပျံ့နှံ့ခဲ့သော ရမည်းသင်းမြို့မှ ရန်ပွဲအခြေအနေကို အသေအပျောက်မရှိ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရမည်းသင်းမြို့ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့ခံများကပြောသည်။

တရုတ်သို့ လယ်ယာထွက်ကုန်များ နယ်စပ်ကုန်သွယ်ရေးဖြင့် တရားဝင်တင်ပို့ခွင့်ရတော့မည်

Photo: တရုတ်သို့ လယ်ယာထွက်ကုန်များ နယ်စပ်ကုန်သွယ်ရေးဖြင့် တရားဝင်တင်ပို့ခွင့်ရတော့မည်

ရန်ကုန်၊ အောက်တိုဘာ - ၁၁

မြန်မာ့လယ်ယာထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ကို နိုဝင်ဘာလနောက်ပိုင်းတွင် ရရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောကြားသည်။

“အခွန်သက်သက်သာသာနဲ့ ပို့နိုင်ဖို့ နန်နင်းကုန်စည်ပြပွဲမှာ သဘောတူညီမှုရခဲ့ပြီး၊ ရှေ့လကုန်လောက်ဆို ပို့နိုင်မှာပါ”ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

လက်ရှိ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံမှ ခွင့်မပြုသဖြင့် မှောင်ခိုအနေဖြင့်သာ တင်ပို့ရသည်။ ကုန်ပစ္စည်းများ ရောင်းချရာတွင်လည်း တရုတ်နိုင်ငံမှ ၀ယ်ယူသူ၏ ဂိုဒေါင်အရောက် တာဝန်ယူပို့ဆောင်ပေးရသည်။ တရုတ်နိုင်ငံအတွင်း၌ ကုန်ပစ္စည်းများ အဖမ်းခံရပါက ရောင်းချသူ မြန်မာနိုင်ငံဘက်မှသာ တာဝန်ယူရကြောင်း မူဆယ်ဆန်စပါးလုပ်ငန်းအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသိန်းက လက်ရှိလုပ်ကိုင်နေရပုံကို ပြောသည်။

“ဒီလ ၈ ရက်နဲ့ ၉ ရက်မှာ ဆန်အိတ် ၂၀၀ ကျော်တင်လာတဲ့ ကားသုံးစီးအဖမ်းခံရတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ယခုနှစ် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့မှုမှာ ပမာဏများလာသည်။ မြန်မာ့ဆန် အဓိကတင်ပို့နေသည့် အာဖရိကဈေးကွက်သို့ အိန္ဒိယမှ ၀င်ရောက်နေရာယူခဲ့သဖြင့် ဈေးနှုန်းများကျဆင်းပြီး တင်ပို့နိုင်ခြင်းမရှိပေ။ ထို့အပြင် ပြည်တွင်းငွေလဲနှုန်းမှာလည်း အချိန်အတော်ကြာ ကျဆင်းခဲ့သဖြင့် တရုတ်နယ်စပ်ကိုသာ အားထားရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းကပြောသည်။

ထို့အပြင် ပြောင်းဆန်မှာလည်း မလေးရှား၊ အင်ဒိုနီးရှားတို့ကို တင်ပို့နိုင်မှု လျော့ကျခဲ့သည်။ ပြည်တွင်းဈေးထက် ပြည်ပဈေးက နိမ့်နေသဖြင့် တင်ပို့နိုင်ခြင်းမရှိပေ။ ထို့ကြောင့် မန္တလေး၊ ရှမ်းပြည်နယ်တို့မှ ပြောင်းများအပြင် ဧရာဝတီမှ ပြောင်းများပါ တရုတ်နယ်စပ်သို့ တင်ပို့နေရကြောင်း သိရသည်။

“တရားဝင်ဖွင့်ပေးမယ်ဆိုရင် ဒီသတင်းက ကျွန်တော်တို့အတွက် သတင်းကောင်းပဲ။ မျှော်နေတာကြာပြီ”ဟု ဦးမင်းသိန်းကပြောသည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဆန်သစ်များ ပေါ်ချိန်ဖြစ်သဖြင့် ပြည်တွင်းမှ ရောက်ရှိလာသည့်ဆန်များ မူဆယ်ဂိုဒေါင်များတွင် ပြည့်နေသည်။ ပြည်တွင်းမှ နေ့စဉ် တရုတ်နယ်စပ်သို့ ဆန်အိတ် ၄၀၀၀၀ မှ ၅၀၀၀၀ ကြား ပုံမှန်ဝင်ရောက်နေသည်။ လက်ရှိ တရုတ်-မြန်မာငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀၀ လျှင် တရုတ်ငွေ ၇ ဒသမ ၅ ယွမ်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ကို နိုဝင်ဘာ
လနောက်ပိုင်းတွင် ရရှိမည်ဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်
ကြီး ဦးဝင်းမြင့်ကပြောကြားသည်။

မျော်လင့်ချက်မဲ့နေတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် မြန်မာစပါးကြီးမြွေ (သို့) အောင်လ ၏ မျိုးချစ်အလှူ



ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏အချို့ကိုကချင်စစ်ပြေးဒုက္ခသည်
များအတွက် လှူဒါန်းမည်ဆိုသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ က
 နောက်ထပ်လည်း လှူဒါန်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ရှေ့နေများကွန်ရက်မှ ယနေ့နံနက်ပိုင်း၌ ဆန္ဒဖော်ထုတ်ပွဲကျင်းပ

Photo: တရားရုံး အဆောက်အုံများကို အငှားချရန်စီစဉ်ခြင်းနှင့်ပတ်သက်၍  ရှေ့နေများကွန်ရက်မှ ဆန္ဒထုတ်ဖော်မှုကို ဗဟိုတရားလွှတ်တော်ရှေ့တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရားရုံး အဆောက်အုံများကို အငှားချရန်စီစဉ်ခြင်းနှင့်ပတ်သက်၍ ရှေ့နေများကွန်ရက်မှ ဆန္ဒထုတ်ဖော်မှု
ကို ဗဟိုတရားလွှတ်တော်ရှေ့တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ ဆန
္ဒထုတ်ဖော်မှုကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အင်တာနက်ဆိုင်များ၌ Internet သုံးစွဲသူနည်းလာ

 
ဖုန်းများတွင် အင်တာနက်ဖွင့်ခွင့် ပေးလိုက်သဖြင့် အင်တာနက်ဆိုင်များ၌ စက်သုံးသူ (အင်တာနက် အသုံးပြုသူ) ယခင်ကလောက် မများေ တာ့ကြောင်း အောက်တိုဘာ ၁၅ ရက်က အင်တာနက်ဆိုင် တာဝန်ခံ တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ “ကျွန်တော်တို့ဆိုင်မှာ စက် ၂၄ လုံး ရှိပါတယ်။

တရားဝင် မွန်နိုင်ငံရေးပါတီ နှစ်ခု ၂၀၁၄ မှာ အမည်သစ်ဖြင့် ပေါင်းရန် သဘောတူ

mon



တရားဝင် မွန်နိုင်ငံရေးပါတီ နှစ်ခု ဖြစ် သည့် မွန်ဒေ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) နှင့် မွန်ဒီမိုကရေစီပါတီ (MDP) တို့သည် ၂ဝ၁၄ နှစ်ကုန်၌ အမည်သစ် တခုဖြင့် ပေါင်းစည်းကြရန် နှစ်ဖက် ပါတီခေါင်းဆောင်များက သဘော တူညီလိုက်ကြသည်။လတ်တလော၌ လုပ်ငန်းတူများကို Join Action (ပူးတွဲဆောင်ရွက်မှု) အနေဖြင့် ပေါင်းစည်း လုပ်ဆောင် သွားကြ မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ပူးတွဲ သဘော ထား ထုတ်ပြန်လိုက်ကြသည်။

မန္တလေး လေဆိပ်မှာ နိုင်ငံခြားသားတွေ အတွက် ဆိုက်ရောက် ဗီဇာ (Visa on Arrival )ထုတ်ပေးတော့မည်

မန္တလေးမြို့ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ     နိုင်ငံခြားသားတွေအတွက် ဆိုက်ရောက် ဗီဇာ (Visa on Arrival )   
ထုတ်ပေးပါတော့မယ်။အခုဆိုရင်ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီလို့ နေပြည်တော်ရှိလ၀က
ဝန်ကြီးဌာနကတာဝန်ရှိ သူပြောကြား ချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

မကွေးမြို့နယ်မှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ၂၀၁၀အငြင်းပွားဖွယ်ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့ နယ် ဒေါင်းနေကျေးရွာ တွင်ပြုလုပ်ခဲ့ပြီးယင်းအခမ်းအနား သို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတဂူ ဆရာတော် မြစ်ကြီးနား မျက်စိကုသရေးဌာန အတွက် လှူဒါန်း

သီတဂူ ဆရာတော် ဒေါက်တာအရှင်ဥာဏိဿရကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တောင်တန်းသာသနာပြု အံတော်ရှင် ကျောင်းဝင်းအတွင်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။

တောင်တန်းသာသနာပြု သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မျက်စိ
ကုသရေးဌာနကို အမေရိကန်ဒေါ်လာ ၇ သောင်းခွဲ တန်ဖိုးရှိတဲ့ ကုသရေး ပစ္စည်းတွေ လှူဒါန်းမယ်လို့ RFA ကို မိန့်ပါတယ်။

ဖားကန့်မြို့နယ်လမ်းမပေါ် ရဲနဲ့ စစ်သားများ ရမ်းကား

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုမှာ မနေ့က အောက်တိုဘာလ ၁၅ ရက် ညနေ ၅နာရီခွဲ အချိန်မှာ အဲဒီရပ်ကွက်မှာရှိတဲ့မလန်းဘုန်းကြီးကျောင်းသွားတဲ့လမ်းပေါ်မှာ ရဲနဲ့ စစ်သား
 ၈ ယောက်လောက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ သိရှိ
ရပါတယ်။

ဖားကန့်မြို့နယ်တွင်း အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတချို့ အကြမ်းဖက်လုယက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ
လ ၁၃ ရက်နေ့ည ၁၀ နာရီအချိန်က အင်အား ၃၀ နီးပါးရှိတဲ့ အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတွေ ဝင်ရောက်ပြီး
ဒေသခံပြည်သူတွေကို ရိုက်နှက်ကာပစ္စည်းတွေ အဓမ္မလုယက်ယူဆောင်သွားတယ်လို့ စုံစမ်း သိရှိရပါတယ်။

လူ့အခွင့်အရေး စိတ်ချရမှ စစ်ရေး ပူးပေါင်းမည်ဟု ပင်တဂွန်ပြော

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုတခု (ဓာတ်ပုံ – Reuters)
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှုရှိနေ
တာတွေအ ပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်အထိ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်
ရွက်မှုတွေ လုံးဝ ပြန်လည် စတင်မှာ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောကြားလိုက်
ပါတယ်။

ဒါရိုက်တာ ၀ိုင်းရိုက်ကူးတဲ့ အခန်းဖြတ်ဇာတ်လမ်းတိုကို ပြည်တွင်း ရုပ်သံလိုင်းတွေက ဘာကြောင့်မပြတာလဲ?


"အဲ့ဒီအခန်းဖြတ်”မှဇာတ်ဝင်ခန်းတခန်းမစပ်စုတို့ မြန်မာပြည်မှာရုပ်ရှင်ဆင်ဆာနဲ့ပတ်သက်လို့ ပေါ်ပေါ်ထင်
ထင် သရော် ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အပြင်မှာ တကယ်ဖြစ်နေတဲ့ အဖြစ်
မှန် သရုပ်မှန်တို့ကို အများသိအောင် ရဲရဲဝံ့ဝံ့ ရိုက်ကူး ပြသရဲခဲ့ပြီး ရယ်စရာလည်း ကောင်းတာကိုး။ သိတယ် ဟုတ်၊ ဒါရိုက်တာ ၀ိုင်းရဲ့ အဲ့ဒီအခန်းဖြတ်( Ban that scene) ဆိုတဲ့ ဇာတ်ကားလေ။အခုတော့ တော်တော်ထူး
ခြားတယ်လို့ ဆိုရမှာပါ။

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

ရန်ကုန် ပန်းဆိုးတန်းလမ်းရှိ ပုံစံ ၁၉ ရုံး မြင်ကွင်း (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်းမဖြစ်မနေ ပြုလုပ်ရသည့်အခွန်ကင်းရှင်းကြောင်း ထောက်ခံ
ချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးမည်




ဂျပန်ကားကုမ္ပဏီလီမိတက်(JCCL)နှင့်ရထားပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်
ရေး (ကပရ) တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ခရီးသည်တင်ယာဉ်၊ တက္ကစီ၊ အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ် ပြေးဆွဲရေး လုပ်ငန်းများ အတွက် ယာဉ်အစီး ၃၀၀၀ ကျော်ကို ဆက်တိုက် တင်သွင်းသွားရန် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဟိုတယ်၊ Shopping Mall၊ ပုဂ္ဂလိကစာသင်ကျောင်းနှင့် အထူးကုဆေးရုံ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပြုတင်ဒါ ခေါ်ယူ

https://encrypted-tbn3.gstatic.com/images?q=tbn:ANd9GcSieDcRoAJlKrz4WEBhcWRuTWCyM21gzzk0QBfFPJRaLFQQye22
 
နိုင်ငံတော်တွင်စီးပွားရေး၊ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့်
ဆောင်ရွက်လျက်ရှိရာတွင်အထောက်အကူဖြစ်စေရန်ရန်ကုန်မြို့ရှိ(က)ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း
မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅ ကံဘဲ့)၊ မြေကွက်အမှတ် (၁/က+၁/ခ၊ ၁/ဃ+၁/င)ရှိ
တော်ဝင်အိမ်ရာအနီးရှိ မြေ (၁၉ ဒသမ ၅၉၅) ဧက။

နေ ၄ စင်းထွန်းလင်းသော ဂြိုဟ်သစ်တစ်လုံး ရှာဖွေတွေ့ရှိ


နက္ခတ်ဗေဒ ပညာရှင်များသည် နေ(၄)စင်းနှင့် ထွန်းလင်းနေသော ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဂြိုဟ် ၏ ကောင်းကင်ယံတွင် နေ(၄)စင်း ထွန်းလင်းနေလေ့ရှိရာ အဆိုပါတွေ့ ရှိမှုမှာ နက္ခတ်ဗေဒ ပညာရပ် သမိုင်းတွင် ပထမဆုံး တွေ့ရှိ မှုမျိုး ဖြစ်လာခဲ့ သည်။ နက္ခတ်ဗေဒ ပညာရှင်များ သည် နေ(၄)စင်းနှင့်
ထွန်းလင်းနေသော ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ပြုလုပ်မည်

ယခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအား ကစားရုံ ၌ပြု လုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း ထုတ်ပြ န်ေ ကြညာ ခဲ့သည်။