Pages

Monday, October 1, 2012

Adobe Photoshop Touch v1.3.0 For Android

                    
Photoshop Software ကို ကွန်ပျုတာမှာ လိုမျိုး မိမိရဲ့ Android Device ပေါ်မှာ အသုံးပြုလို့ရပါပြီ။ ကိုယ်ပိုင်
ဓာတ်ပုံတွေ ချစ်သူနဲ့ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံတွေကို Backgroud,logo,Design မျိုးစုံးနဲ့ပြင်လို့ရပါ
တယ်။

Super Bike for Android Mobile Game


ဒီတစ်ခါမိတ်ဆက်ပေးမှာက Super Bike ဆိုင်ကယ်မောင်းတဲ့ ဂိမ်းလေးပါ။ ဆော့လို့ကောင်းတဲ့ဂိမ်းလေးပါ
မိမိဆိုင်ကယ်အတွက် Nitro Speed လဲအသုံးပြုလို့ရပါတယ်။ Calibrate G-sensor အမျိုးအစားဖြစ်ပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွား

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော ရေမြောင်းထဲသို့ လှဲကျ
ပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊ ဘုမ္မာ (၇) လမ်းတွင် အ
သက် ခြောက်နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ ၄င်းတို့ အိမ်ရှေ့ရှိ ရေမြောင်းအကျယ် ၂ ပေခွဲဝန်းကျင်ရှိပြီး
ရအနက် ၆ လက်မသာရှိသော ရေမြောင်းအတွင်း ပက်လက်လှန် အနေအထားဖြင့် လှဲကျ၍ သေဆုံးနေ
သည်ကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွှဲ ၃ နာရီခန့်က တွေ့ရှိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

 
အစိုးရတပ်မတော်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်တို့တိုက်ပွဲဖစ်ပွားနေသည်မှာတစ်နှစ်နှင့်သုံးလ ကျော်
ခဲ့ပြီဖြစ်သည်။အပစ်အခတ်ရပ်စဲရေးအတွက်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသော်လည်း အဆင်မ
ပြေသေးပေ။

မေးခွန်းထုတ်စရာဖြစ်လာနေသော ရန်ကုန်မြို့တွင်းရှိ ဆေးဆိုင်များမှ မှိုတတ်နေသောဆေးဝါများ

  မြန်မာပြည်ရှိ ဆေးရုံ၊ ဆေးခန်းများ ဆေးဝါးများ အရည်အသွေး ထိန်းသိမ်းရေး သတိရှိကြရန် လိုသည် (ဓာတ်ပုံ- Reuters)
 
ရန်ကုန်မြို့တွင်းရှိဆေးဆိုင်၊ဆေးခန်းများတွင်ရက်မလွန်သေးသည့်ဆေးများမှိုတက်ခြင်း၊ ပျက်ဆီးခြင်းများ
ဖြစ်ပေါ်နေသည်ကလက်ရှိကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံေ ရးအတွက် မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်
သည်။အဆိုပါဆေးများသည်တရားဝင်ကျန်းမာရေးဝန်ကြီးဌာန၏စစ်ဆေးမှုများကို ခံယူခဲ့ပြီး သော ဆေးဝါး
များဖြစ်သည်။

လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း သတင်းထွက်ပေါ်မှု နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြော

နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့
ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်
သူ ဦးထွန်းလွင်ကပြောသည်။အရင်တုန်းက နာဆာက၂၀၁၂မှာလျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ခန့် မှန်းဖူး
တယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။ လူတွေတော့ မထိခိုက်ဘူးလို့တောပြောတယ်။

ကနေဒါ ဆယ်ကျော်သက် Popဂီတစတား ဂျက်စတင် ဘီဘာ အရီဇိုးနားဖျော်ဖြေပွဲတွင် နာမကျန်းမှုကြောင့် အော့အန်

justin bieber

ဂျက်စတင် ဘီဘာသည် အရီဇိုးနားတွင် ပြုလုပ်သော ဖျော်ဖြေပွဲ တစ်ခုတွင် နာမကျန်းမှုကြောင့် အော့အန်ခဲ့
ကြောင်း သိရှိရသည်။ ကနေဒါ ဆယ်ကျော်သက် Popဂီတစတား အဆိုတော်သည် စနေနေ့ညက ဖျော်ဖြေပွဲ
တွင် စိတ်ဖိစီးမှုများပြားနေသလိုကျန်းမာရေးအကောင်းဆုံးအခြေအနေတွင် မရှိခဲ့ဟုသတင်းများကဆိုသည်။

ကိုလံဘီယာ နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်


ကိုလံဘီယာ နိုင်ငံတွင် ရစ်ခ်ျတာစကေး (၇.၁) ပြင်းအား အဆင့်ရှိသောငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း
သတင်းများက ဖော်ပြခဲ့သည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံ၏ အနောက်တောင်ဘက် ကမ်းခြေ ဒေသများ
တွင် တုန်ခါလှုပ်ရှားမှုကို ခံစားခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် အကြမ်းဖက်မှု ထပ်မံဖြစ်ပွား

30.9.2012ရက်နေ့ညနေ၄နာရီပတ်ဝန်ကျင်တွင်ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊သရေကုန်တန်ကျေးရွာ၌ရပ်
ကွက်အုပ်ချုပ်ရေးဥက္ကဌအိမ်အားဘင်္ဂလီအကြမ်းဖက်သမား၄၀လောက်မှလာရောက်ပြီးအိမ်ကိုမီးတိုက်၊ပစ္စည်း
များကို လုယက်၊ လူကိုသတ်ရန်အတွက် ကြိုးစားခဲ့ကြပါသည်။

Global Cyberlympic ပြိုင်ပွဲ မြန်မာရှုံးနိမ့်ရခြင်းမှာ ၀က်ဘ်ဆိုက်လိပ်စာခေါ်ဆိုမရရှိခြင်းကြောင့် ဖြစ်

ရန်ကုန်၊ စက်တင်ဘာ၊ ၂၈
 
EC.Council နှင့် ITU တို့ပူးပေါင်းကျင်းပသည့် နိုင်ငံတကာ Global Cyberlymics ပြိုင်ပွဲ၌ မြန်မာရှုံးနိမ့်ရခြင်း
အကြောင်းအရင်းမှာ အဖြေမှန်ပေးပို့ရမည့် ၀က်ဘ် ဆိုက်လိပ်စာခေါ်ဆိုမရရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၀င်
ရောက်ယှဉ် ပြိုင်ခဲ့သူ ဦးအောင်ဇော်မြင့်ကပြောသည်။ ““ကျွန်တော်တို့ပြိုင်တဲ့အချိန်က ညအချိန်ကြီးဗျ။သက်
မှတ်ချိန်အတွင်းမှာလည်း ကျွန်တော်တို့အဖွဲ့က အားလုံးကို ဖြေဆိုနိုင်ခဲ့ကြတယ်။

Samsung ဟန်းဆက်များတွင် အချက်အလက်များကို အဝေးထိန်းစနစ်ဖြင့် ဖျက်နိုင်သည့် အားနည်းချက်ရှိနေ

 
SamsungGalaxyS2နှင့်S3အသုံးပြုသူများသည်ချို့ယွင်းချက်တစ်ခုကြောင့်၎င်းတို့၏deviceမှ ကိုယ်ရေးကိုယ်
တာအချက်အလက်များဖျက်ပစ်ခံရနိုင်ကြောင်းအဆိုပါချို့ယွင်းချက်ကိုရှာဖွေတွေ့ရှိခဲ့သည့် လုံခြုံရေးသုတေ
သီတစ်ဦးက ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကို တိုင်ရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပြည်သူများ လာရောက် ကြိုဆိုသော မြင်ကွင်းဓါတ်ပုံများ


ပြည်တွင်းပြည်ပသတင်းဌာနပေါင်းစုံမှဓါတ်ပုံပေါင်း(၁၀၀)အား ကူးယူဖေါ်ပြထားပါသည်။

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်း ပြောကြား ခဲ့သော သမ္မတဦးသိန်းစိန်ကို မြန်မာပြည်သူများ လာရောက်ကြိုဆို


နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်း ပြောကြား ခဲ့သည့် ပြည်
ထောင်စု မြန်မာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈နာရီကရန်
ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်လမ်းမတွင် ဂုဏ်ပြု ကြိုဆိုရန်စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။

တိုင်ဖွန်းမုန်တိုင်း Jelawat ကြောင့် ဂျပန်မှာ လူအများအပြား ဒဏ်ရာရ

 
ဂျပန်နိုင်ငံအိုကီနာဝါတောင်ပိုင်းဒေသတလျှောက်မှာမီးတွေပျက်ပြီးဒါဇင်နဲ့ချီတဲ့လူတွေကို ဒဏ်ရာစေခဲ့တဲ့
အားပြင်းတဲ့တိုင်ဖွန်းမုန်တိုင်းJelawatဟာအခုဂျပန်ကုန်းတွင်းပိုင်းကိုအင်အားပြင်းထန်စွာနဲ့ဝင်ရောက်တိုက်ခတ်
နေပါတယ်။  

ရန်ကုန်တိုင်းဒေသကြီး မရမ်ကုန်းမြို့ နယ်တွင် သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိန်၊ရွှေများ ဖောက်ထွင်းခံရ

ရန်ကုန်၊ စက်တင်ဘာ၃၀ရန်ကုန်တိုင်း ဒေသကြီးရန်ကုန်မြို့ တော်၊မရမ်ကုန်းမြို့ နယ်၊အိမ်အမှတ် ၅၊ရပ်ကွက်
၂ ဒေးဗစ်ရွှေနုလမ်းတွင်စက်တင်ဘာလ၂၈ ရက်နေ့ကအိမ်ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်းယင်းအိမ်ရှင်နှင့်
ဆွေမျိုးတော်စပ်သူ တစ်ဦးက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား

နယူးယောက်စက်တင်ဘာ ၃၀ ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင်ထိခိုက်မှုရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းကအမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့တော်တွင်ပြုလုပ်သောမြန်မာ မိသားစုများနှင့် တွေ့
ဆုံပွဲတွင် ပြောကြားသည်။

၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံ့ခေါင်းဆောင်အချို့၏ လှုပ်ခတ်စေခဲ့သော မှတ်ချက်စကားများ

(အမေရိကန်သမ္မတ ဘာရက်အိုဘားမား)
 
''အီရန်သာ နျူကလီးယားလက်နက်ပိုင်သွားရင် အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားနိုင်တဲ့ ခြိမ်းခြောက်မှု ရင်ဆိုင်ရလိမ့်မယ်။ ပြီးတော့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်လိမ့်မယ်။ ... ဒါကြောင့် အီရန်နျူကလီးယား လက်နက်မရအောင် ဟန့်တားဖို့
အမေရိကန်ပြည်ထောင်စုက လုပ်သင့်တာကို လုပ်သွားမယ်'' ... '