Pages

Tuesday, September 18, 2012

အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်အချို့အား အလုပ်ထုတ်၍ MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်

Photo: အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်အချို့အား အလုပ်ထုတ်၍ MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ(MWDC အရက်စက်ရုံ)တွင် အလုပ်သမားအဖွဲ့အစည်းမှ
ခေါင်းဆောင်သူအချို့ကို အလုပ်မှရပ်နားစေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။ 

ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့ စက်တင်ဘာ(၁၈)ရက်နေ့တွင်
အလုပ်သမားအဖွဲ့ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့ကိုလည်းကောင်း၊ ၀န်ထမ်း(၆)ဦးကို ထုတ်လိုက်သောကြောင့် ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ကြောင်း ၄င်းတို့ကပြောသည်။ 

အလုပ်သမားများ ထပ်မံလျှော့ချထုတ်ပယ်ခြင်းမပြုရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရေး၊ အခြေခံအလုပ်သမားအဖွဲ့အစည်းမှ အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေး အစရှိသည့် အချက်များကို တောင်းဆို၍  ဆန္ဒပြခဲ့ကြသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ(MWDC အရက်စက်ရုံ)တွင် အ
လုပ်သမားအဖွဲ့အစည်းမှ ခေါင်းဆောင်သူအချို့ကို အလုပ်မှရပ်နားစေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ဆန
္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မီဒီယာသမားများ တရားစွဲခံရလျှင် ဥရောပသမဂ္ဂကူညီမည်

ရန်ကုန်၊ စက်တင်ဘာ - ၁၇

သတင်းမီဒီယာသမားများအနေဖြင့် တရားစွဲဆိုခြင်းခံရပါက ဥရောပသမဂ္ဂအဖွဲ့ကကူညီမည်ဟု မြန်မာနိုင်ငံ

သို့ ရောက်ရှိနေသော ဥရောပသမဂ္ဂ Governence, Democracy, Gender and Human Right အဖွဲ့မှ ဒုတိယ
ခေါင်းဆောင် Mr. Patrice ကပြောသည်။

ကေအိုင်အိုက ဆွေးနွေးရေးဌာနဖွင့်လှစ်

Photo: ကေအိုင်အိုက ဆွေးနွေးရေးဌာနဖွင့်လှစ်

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့
ရည်ရွယ်ပြီးတော့ ကချင်ပြည်နယ် ကေအိုင်အို ထိမ်းချုပ်ရာ မိုင်ဂျာယန်မြို့
အနီးမှာ ဆွေးနွေးရေး အဆောက်အဦး ဖွင့်ပွဲတခုကို ကေအိုင်အိုက  ဒီနေ့ ကျင်းပပါတယ်။  

ဒီဆွေးနွေးရေးအဆောက်အဦးကို ၂ ဘက်သဘောတူညီမှုနဲ့
 ဆောက်လုပ်တာဖြစ်ပြီး ဒီနေရာဟာ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေး
အတွက်ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

 ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

"အလွတ်သဘောဆွေးနွေးပွဲမှာ အားလုံး စင်တာတစ်ခု ထားရအောင် အားလုံးဝိုင်းပြီးမှ ကြီးကြပ် နည်းလမ်းရှာရအောင်ဆိုပြီး သဘောတူညီချက် နဲ့လုပ်တာပါ။ ဆက်သွယ်တာတို့ အချက်အလက် စုဆောင်းတာ တို့ တော့ ဒီစင်တာမှာပဲ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းလုပ်ငန်းစဉ် ပါဝင်ဆောင်ရွက်လိုတဲ့ လူ အားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့ အလွတ်သဘော ဆိုတော့ ပြောရတာလွတ်လပ်တယ်။ ပြီးတော့ ရုံးသဘောမျိုးမဟုတ်ဖူး ဆိုတော့ ပွင့်ပွင့်လင်းလင်းရှိတာပေါ့။ ဒီစင်တာကတော့ လူထုက ယုံကြည်နိုင်တဲ့ စင်တာ အားလုံးက မှန်ကန်တဲ့ သတင်းတွေပေးနိုင်ဖို့ ပြီးတော့ နည်းလမ်းရှာနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖွင့်တာပါ။"

ဒီဖွင့်ပွဲမှာ ကေအိုင်အို အမြဲတမ်းဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂန်၊ စစ်ရေးမဟာဗျူဟာ သုတေသန ဌာနမှုး ဗိုလ်မှုးဇော်တောင်၊  ဗိုလ်မှုးကြီး ဂျီးနောင်နဲ့ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအ၀င် ခရစ်ယာန်ဘာသာရေး ဆရာတွေ၊ ဒေသခံတွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပါအ၀င် ၂၀၀ ကျော်လောက် တက်ရောက်ပါတယ်။

အဲဒီစင်တာကို တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်မြို့အနီး ပရန်ငေါ ဆိုတဲ့ ကျေးရွာက မြက်ခင်းကွင်းပြင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

 ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ အဆောက်အအုံ တစ်ခု၊ ထမင်းစားဆောင်၊ နားနေဆောင်၊ ရုံးခန်း နေရာတွေ ဆောက်လုပ်ထား
တာဖြစ်ပါတယ်။ 

အဲဒီရုံးခန်းထဲမှာ ၂၀၁၁ ဇွန်လက စတင်ပြီး ၂၀၁၂ ခုနှစ် မတ်လမှာ
 ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးခဲ့တဲ့ အချိန်အထိ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ ဓါတ်ပုံတွေ ဘယ်သူမဆို ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားတာတွေ့ရပါတယ်။

အဲဒီနေရာဟာ အင်တာနက်နဲ့ ဖုံးတွေလည်း အသုံးပြုလို့ ရပြီး အစိုးရကိုယ်စားလှယ်တွေ စိတ်ချလုံစွာ လာလို့ရတယ်လို့ သိရပါတယ်။

အစိုးရနဲ့ ကေအိုင်အို နှစ်ဘက်ကိုယ်စားလှယ်တွေ  နောက်ထပ် တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချသေးဘူးလို့ သိရပါတယ်။ 

အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေဟာ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေ ဖားကန့်ဒေသ၊ တပ်ရင်း ၅ နယ်မြေ 
 ကေအိုင်အို ဗဟိုဒေသနဲ့ တပ်မဟာ ၄ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ
 နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်ပြီးတော့ ကချင်ပြည်နယ်
ကေအိုင်အို ထိမ်းချုပ်ရာ မိုင်ဂျာယန်မြို့ အနီးမှာ ဆွေးနွေးရေး အဆောက်အဦး ဖွင့်ပွဲတခုကို ကေအိုင်အိုက ဒီနေ့ ကျင်းပပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် Asia Society တွင် ယခု မိန့်ခွန်းပြောကြားနေကြောင်းသတင်းရရှိ

Photo: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် -  အမေရိကန် ပြည်ထောင်စု မြို့တော် ၀ါရှင်တန်ရှိ Asia Society တွင် အခုလက်ရှိ စကား ပြောဆိုနေပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် - အမေရိကန် ပြည်ထောင်စု မြို့တော် ၀ါရှင်တန်ရှိ Asia Society တွင် အခုလက်ရှိ စကား ပြောဆိုနေပါတယ်။

တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်နိုင်ရေး တောင်းဆိုမည်

မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား အဖွဲ့ချုပ်က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဗျူရိုကရေစီ ယန္တရား ဘယ်ကို သွားနေပြီလဲ

burocracy
  
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူရဲ့အစိုးရ အဖွဲ့ဝင်တွေကို မူဝါဒနဲ့ ရည်မှန်းချက်တွေ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာပြည်သူကိုဗဟိုပြုဆောင်ရွက်ဖို့ပြီးခဲ့တဲ့စက်တင်ဘာ လဆန်းပိုင်းကပြော
ဆိုလိုက်အပြီး စက်တင်ဘာလ  ၁၈ ရက်နေ့မှာပဲ ဝန်ကြီးဌာနက အကြီးအကဲ တော်တော်များများကို ဌာနတွေပြောင်းရွှေ့ခန့်ထားလိုက် တာဟာ သူရဲ့ ဗျူရိုကရေစီယန္တရားကို အပြောင်းအလဲ ကောင်းကောင်း လုပ်တော့မှာလား လို့ မျှော်လင့်လာကြပါတယ်။

နှစ်ပေါင်း တစ်ရာ ကျော်ခန့်က မြန်မာပြည်တွင် စတင် ထုတ်လုပ်အောင်မြင်ခဲ့သော ကျားဘမ်း ပရုတ်ဆီ ပြည်တော် ပြန်ဝင်

ရန်ကုန်၊ စက်တင်ဘာ ၁၈
 
နှစ်ပေါင်း တစ်ရာ ကျော်ခန့်က မြန်မာပြည်တွင် စတင် ထုတ်လုပ် အောင်မြင်ပြီး မြန်မာ ပြည်သူများ အကြားတွင် ကျားဘမ်း ပရုတ်ဆီဟု နာမည် ကျော်ကြား ခဲ့သော Tiger Balm အမှတ် တံဆိပ် ပရုတ်ဆီ များကို မြန်မာနိုင်ငံ အတွင်း ပြန်လည် ဖြန့်ဖြူး မည်ဖြစ်ကြောင်း Tiger Balm ၏ စင်ကာပူ အခြေစိုက် မိခင် ကုမ္ပဏီဖြစ်သောဟောပါကော်ပိုရေးရှင်းလီမိတက်၏ဥက္ကဋ္ဌနှင့် စီအီးအို မစ္စတာဝီအီလင်းက ပြောကြားသည်။

မန္တလေးမြို့ 62လမ်းနှင့်၁၇လမ်းဒေါင့် ရွှေစည်သာသနာ့ရိပ်သာ အနီးရှိ ရေမြောင်းထဲတွင် ပုပ်ပွနေသော အမျိုးသားအလောင်း တစ်ဦး တွေ့ရှိ

 

မန္တလေးမြို့ 62လမ်းနှင့်၁၇လမ်းဒေါင့် ရွှေစည်သာသနာ့ရိပ်သာ အနီးရှိ ရေမြောင်းထဲတွင် အသက်30အရွယ်ခန့်ရှိ ပုပ်ပွ

နသော အမျိုးသားအလောင်း တစ်ဦး တွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

နေတိုးရဲ့ ရည်းစားဟောင်းတဲ့ (ဓာတ်ပုံ)

 

နေတိုးရဲ့ ရည်းစားဟောင်းဓာတ်ပုံလေးပါ။

စစ်တိုင်းမှူးကို လုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေ ရဲဘော်ပြန်လွတ်

စစ်တိုင်းမှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု့နဲ့ သေဒဏ်ချမှတ်ခံခဲံရသူ  ကေအိုင်အေ တပ်ဖွဲ့ဝင် တစ်ဥိးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။

သြစလေး နိုင်ငံ မှာ မီးမုန်တိုင်းတိုက်

 
ငရဲမင်းကြီးမြေပေါ်ထွက်လာသည်ဟုဂျပန်တိုခေါ်သည့်ဆန်းကြယ်သည့်သဘာဝဖြစ်ရပ်တစ်ခုဖြစ်သောအမြင့်
ပေ၁၀၀ခန့်ရှိမီးဆင်နှာမောင်းတစ်ခုသြစတေးလျှနိုင်ငံအလယ်ပိုင်းကအေယာ သဘာဝ ကျောက် တောင်
ကြီး တွေ ရှိ တဲ့ နေရာ (Alice Spring) မှာ စက်တင်ဘာလ ၁၁ ရက်နေ့ ကတိုက် ခိုက် ခဲ့ တယ် လို့  ဗီဒီယို မှတ်
တမ်း တင်ထား သူ Chris Tangey က ဆစ်ဒနီ မောနင်း ဟာရယ် ကို ပြောပါတယ်။

Facebook ကနေ ကမ္ဘာကြီးကို ကြည့်မယ်


အင်တာနက်ဆိုင်ရောက်ရင်အွန်လိုင်းတက်သူတွေဘယ်ဝက်ဆိုက်သုံးကြတာများသလဲ။"Facebook က
တော့ အင်တာနက်ဆိုင် လာထိုင်တဲ့လူ တော်တော်များများ အသုံးပြုကြတယ်။ အရင်က အသက် ၂ဝ ကျော် လူငယ်တွေအသုံးများပြီးအခုနောက်ပိုင်းမှာတော့အသက်အရွယ်၃ဝ ကျော်လောက်ကနေ ၄ဝ ကျော် တွေပါ သုံးလာတာကို တွေ့ရတယ်'' လို့ ကမာရွတ်မြို့နယ်က အင်တာနက်ဆိုင် တဆိုင်က ပြောပါတယ်။

Samsung Galaxy S4 ကို လာမည့်နှစ် ဖေဖေါ်ဝါရီတွင် မိတ်ဆက်ပြသမည်

samsung galaxy s3
(Samsung Galaxy S3 မိုဘိုင်းဖုန်း)
iPhone 5 ကို Apple က မိတ်ဆက်ပြသပြီး ရက်ပိုင်းမျှအကြာတွင် အဓိကပြိုင်ဘက် Samsung ကလည်း ၎င်း
တို့၏ နာမည်ကျော် Samsung Galaxy S ဖုန်းအမျိုးအစားသစ်ကို မိတ်ဆက်သွားမည်ဟုဆိုသည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအတွက် လာဘ်ကောင်အရုပ် မိတ်ဆက်ပြသ


(၂၀၁၄)ခုနှစ်၊ ဘရာဇီးလ် နိုင်ငံတွင် ကျင်းပပြုလုပ်မည့်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက်လဘ်
ကောင် Mascot ရုပ်လေးကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

ဦးနှောက်၏မှတ်ဉာဏ်စွမ်းရည်နှင့် ပတ်သက်၍ သုတေသနရလဒ်သစ် တွေ့ရှိ


အမေရိကန် နိုင်ငံမှ သုတေသန ပညာရှင်များက ဦးနှောက်စွမ်းရည်နှင့် ပတ်သက်ပြီး ပိုမိုထဲထဲဝင်ဝင်သိရှိ
လာသည့် သုတေသန ရလဒ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ၈၈ ဦး လွတ်မြောက်လာဟု AAPP အတည်ပြု

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က လွတ်မြောက်လာကြသည့် အကျဉ်းသား ၅၁၄ ဦး အနက် နိုင်ငံရေးအကျဉ်းသား ၈၈ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP စုဆောင်း အတည်ပြုထားသည့် စာရင်းအရ သိရှိရသည်။

မလေးရှားနိုင်ငံ Teo Seng Chan အရက်ကုမ္ပဏီထုတ် ထွက်ကုန်တခုမှာ ရွှေတိဂုံဘုရားပုံ တံဆိပ်တပ်ထား


မလေးရှားနိုင်ငံ Teo Seng Chan အရက်ကုမ္ပဏီက သူတို့ရဲ့ထွက်ကုန်တခုမှာ ရွှေတိဂုံဘုရားပုံ တံဆိပ်တပ်ထားကြောင်း သူတို့ ၀က်ဆိုက်မှာ ရှိတဲ့ ပုံအရ သိရပါတယ်။ဒီကုမ္ပဏီက အရက်မျိုးစုံကို တံဆိပ်
မျိုးစုံထုတ်ပါတယ်၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ်ဈေးကွက်တွေကို ပစ်မှတ်ထားပါတယ် တဲ့။

မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီးခံထားရသော ထိုင်း ၈၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်

မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီးထောင်ချခံနေရသော ထိုင်း
နိုင်ငံသား၉၂ဦးအနက်၈၃ဦးကိုတနင်္လာနေ့ကထုတ်ပြန်လိုက်သည့်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်
လည် လွတ်မြောက်လာခဲ့သည်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ နှင့် ကေအိုင်အို ဥက္ကဌထံ ဖားကန့် မြို့မှ ဆရာတော် ၃၃ပါး မေတ္တာရပ်ခံ

ရန်ကုန် ၊ စက်တင်ဘာ၁၈ဖားကန့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော် ၃၃ပါးက ငြိမ်းချမ်းရေး ညီ
ညွတ်ရေးနှင့် အတူတကွ နေထိုင်ရေး အတွက် နိုင်ငံတော် သမ္မတကြီးနှင့် ကချင်လွတ်လပ်ရေးအဖွဲ့(ကေ
အိုင်အို) ဥက္ကဌထံမေတ္တာရပ်ခံစာပေးပို့ထားကြောင်းမိုးညှင်းခရိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်
စိုးလေးက The Voice Weekly သို့ ပြောကြားသည်။

မိုဘိုင်းဖုန်း သန်း ၃၀တပ်ဆင်ရေး စီမံကိန်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှပယ်ဖျက်လိုက်ပြီ

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း တာဝန်ယူကာစ ၂၀၁၁ ခုနှစ်က အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို တရားဝင်တင်ပြထားတဲ့ ၅ နှစ်အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး စီမံကိန်းကို ပယ်ဖျက်လိုက်ပြီ
ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာတဦးက ပြောပါတယ်။

"ငါးထောင်တန် ငွေဖြည့်ကတ်ရန်ကုန် ဈေးကွက် ယနေ့  ညနေ စဖြန့် မည်"

ရန်ကုန် ၊ စက်တင်ဘာ (၁၈)
 
ရန်ကုန်ဈးကွက်တွင်းသိုငါးထောင်တန်ငွေဖြည့်ကတ်များအားယနေညနေ၌စတင်ဖြန့် ချီပေးသွားတော့မည့်
 ဖြစ်ကြောင်း E - Lite Tech ရုံးချုပ် မားကတ်တင်းဌာနက ပြောသည်။ "ဒီနေ့ ညနေရန်ကုန်ကို စဖြန့်မယ်။

ပုဂ္ဂလိက ယာဉ်လိုင်းသစ် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း)တွင် ပြေးဆွဲမည်

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(မထသ)က တာဝန်ယူ ပြေး
ဆွဲလျက်ရှိသောရန်ကုန်မြို့တွင်းဘတ်စ်ကားလိုင်းတစ်ခုဖြစ်သည့်မထသ(၃၆)အဖြူ အစား မေတ္တာလှိုင်းမော်
တော်ယာဉ်အသင်းသစ်ကိုအာက်တိုဘာလတွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားသည်။

"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "

 
"ပီတိလည်းဖြစ်တယ်။ ကျွန်မမှာ သမီး နှစ်ယောက် ရှိတယ်။ ကျွန်မအခု အသက် ၅၈နှစ်အထိ သီလရှင် မဝတ်ဖြစ်ခဲ့သေးဘူး။ဝတ်ဖို့လည်းအခြေအနေမပေးခဲ့ဘူး။အခုကျတော့ကျွန်မသမီးအကြီးလည်း ဝတ်ပြီးသွား
ပြီ။

Apple iPhone 5 နှင့် အပြိုင် Samsung Galaxy S4 လာတော့မည်

samsung galaxy s3
(Samsung Galaxy S3 မိုဘိုင်းဖုန်း)
iPhone 5 ကို Apple က မိတ်ဆက်ပြသပြီး ရက်ပိုင်းမျှအကြာတွင် အဓိကပြိုင်ဘက် Samsung ကလည်း ၎င်းတို့၏ နာမည်ကျော် Samsung Galaxy S ဖုန်းအမျိုးအစားသစ်ကို မိတ်ဆက်သွားမည်ဟုဆိုသည်။ Samsung Galaxy S4 ကို လာမည့်နှစ် ဖေဖေါ်ဝါရီလတွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပပြုလုပ်မည့် Mobile World Congress တွင် စတင်မိတ်ဆက် ပြသသွားမည်ဖြစ်ကြောင်း The Korea Times သတင်းက ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းအဖြစ် US မှာ ကြိုဆို

"ဓာတ်ပုံ- AFP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ခန့်လောက်က ရောက်လာတဲ့ အချိန်မှာ သူရဲကောင်းအဖြစ် ကြိုဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

Huawei U8661 Android Mobile အတွင် Internet setting ချိန်နည်း


Huwei U8661 Android Mobile ဖုန်းအတွင်း အင်တာနက်အသုံးပြုနိုင်ရန် Internet Setting ချိန်ထာ;ရပါမယ်။
Internet Setting ချိန်နည်းလေးတင်ပေးလိုက်ပါတယ်။

Gmail Account ကို Android ဖုန်းပေါ်ကနေ အလွယ်တကူဖွင့်နည်း


Create gmail account easily

Website ပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိရဲ့ Android ဖုန်းပေါ်ကနေ Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့
gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားပါတယ်။