Pages

Saturday, September 15, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟုNLD ပါတီ နာယက ဦးတင်ဦး က ပြောကြား

 
မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့် မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ေ ကြာင်း ဝေဖန်သံများ ကို NLD က သိရှိနား လည်သည်။ (ဓာတ်ပုံ- Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအား ထားသော ပါတီ မဖြစ်စေရေးအတွက်ပြုပြင်မှုများလုပ်ဆောင်နေကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းနေရာ
အား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။

ယခုနှစ် အမေရိကန်မူးယစ်ဆေးတိုက်ဖျက်ရေး Black List စာရင်းတွင် မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့ကို ဆက်လက်ထည့်သွင်းထား

ဝါရှင်တန်၊ စက်တင်ဘာ - ၁၅

အမေရိကန်ပြည်ထောင်စုသည် မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့အား ၎င်း၏မူးယစ်ဆေးမှောင် ခိုတင်ပို့မှုတိုက်ဖျက်ရေးအမည်မည်းစာရင်းတွင်ယခုနှစ်၌ဆက်လက်ထည့်သွင်းလိုက်သည်။ သို့သော် မြန်မာ
နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့် အမေရိကန်နိုင်ငံ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို
 အကူအညီပေးရန် ထိုက်တန်သေးကြောင်း အမေရိကန်ကပြောကြားခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်နှစ်ပတ်လည်အခမ်း အနားကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်နှစ်ပတ်လည်အခမ်း အနားကို စက်တင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီတွင်အဆိုပါတော်လှန်ရေးတွင်အကျဉ်းကျခံခဲ့ရသောဆရာတော်ဦးကောဝိဒက ဦးဆောင်ကျင်းပမည်
ဖြစ်ကြောင်း ယင်းအခမ်းအနားဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးကပြောသည်။

နေပြည်တော်မှာ တည်ဆောက်နေတဲ့ အားကစားရုံကြီး (၈၅)ရာ ခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြ

Photo: SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာ
 တည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာ အခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြပါတယ်။

တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား
ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲကို လူ သုံးသောင်းနှစ်ထောင် ဆန့်တဲ့ ဇမ္ဗူသီရီ အားကစားရုံမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

လူသုံးသောင်းကျော်ဆန့်တဲ့ ဇေယျာသီရိ အားကစားရုံမှာတော့ ပြေးခုန်ပစ်
 ပြိုင်ပွဲအမျိုးမျိုး ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလမှာ အသင့်ဖြစ်နေဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။

လာမယ့် ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံဟာ ဆုတံဆိပ် အများဆုံးရရှိဖို့
 မျှော်မှန်းထားတယ်လို့လည်း မလေးရှား Banama သတင်းက
 ဖော်ပြပါတယ်။ 

တစ်ချိန်က မြန်မာဟာ အားကစား အရာမှာ ဒေသတွင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပေမဲ့ စစ်အစိုးရ အဆက်အဆက် နောက်ပိုင်းမှာ အဆင့်နိမ့်ကျသွားခဲ့ပါတယ်။

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာ တည်ဆောက်နေတဲ့အားကစားရုံကြီး(၃)ခုဟာ အခုအခါ (၈၅)ရာ
ခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြပါတယ်။

NED က ချီးမြင့်တဲ့ဆုကို လက်ခံရယူဖို့ အတွက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်သွားရောက်မည်းမဟုတ်ကြောင်းပြောကြား

Photo: NED (National Endowment for Democracy)  ချီးမြင့်တဲ့ဆုကို လက်ခံရယူဖို့ အတွက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို အာဏာပိုင်တွေက  နိုင်ငံကူးလက်မှတ် ထုတ်ပေးပေမဲ့ 
အတူလျှောက်ထားကြတဲ့ ကျန် ၈၈ မျိုးဆက်ကျောင်းသားတွေကို နိုင်ငံကူး လက်မှတ် ဆိုင်းငံ့ထားတဲ့ အတွက် ဆုချီးမြင့်ပွဲကို တက်ရောက်ဖို့ သူလာရောက်မှာ မဟုတ်ကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

"အမှန်တကယ်တော့ ဒီပေးတဲ့ဆုကို ကျွန်တော် တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ မူရှိပါတယ်။ အဲဒီမူကိုတော့ ဦးကျိုးလို့ မရဘူး။ အဲဒါကတော့ တရားမျှတရမယ်။ နိုင်ငံသားတိုင်းအပေါ်မှာ ညီတူမျှတူ အခွင့်အရေး ရရမယ်ပေါ့။ 

အဲဒီတော့ ကျွန်တော်တို့ အမှုတွဲတွေပါ။ အဲဒီ ၁၉ ယောက်စလုံးဟာ ၆၅ နှစ်ကျခဲ့တဲ့ အမှုတွဲတွေကြီးပဲ။ အဲဒီအမှုတွဲတွေ အကုန်လုံးကို ထောင်က ထွက်လာတယ်။ အတူတူပဲ တင်ကြတယ်။ သာမာန်ပြည်သူဆို ၂၁ ရက်နဲ့ ရတယ်။ ကျွန်တော်တို့လူတွေ ၆ လ ပြည့်ပြီ။ မရသေးဘူး။ အဲဒီတော့ ကျွန်တော့ကိုပဲ ပေးတယ်။ ကျွန်တော်တို့နဲ့ အတူတူ တွဲနေတဲ့လူတွေကို မပေးဘူးဆိုတဲ့အခါကျတော့ ဒါ ခွဲခြားဆက်ဆံတယ်လို့ ခံစားရပါတယ်။ အဲဒီတော့ အဲဒီမူကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။

 နောက်တခုက နိုင်ငံသားတိုင်းဟာ ၂၁ ရက်ပြည့်လို့ရှိရင် သူ့အရည်အချင်းတွေ ပြည့်လို့ရှိရင် ပေးရပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က မှားယွင်းဖော်ပြတာ၊ လိမ်ညာဖော်ပြတာမျိုးရှိလို့ ဆိုရင်တော့ ဒီအချက် ဒီအချက်ကြောင့် မပေးနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ကြေညာပေးပါ။ အဲဒီလိုမဟုတ်ဘဲ ကျွန်တော်တို့ကို တနှစ်ဆိုင်းငံ့ဆိုတာမျိုးကတော့ အဲဒါ ကျွန်တော်တို့ကို ဒုတိယတန်းစား နိုင်ငံသားအဖြစ် ထားတဲ့သဘောပဲ ကျွန်တော်တို့ မြင်တယ်။ 

အဲဒါ ဥပဒေလည်း မဟုတ်ဘူး။ စိတ်ထဲရှိတာတွေကို သူတို့ဟာ သူတို့ အမိန့်ထုတ်ပစ်လိုက်တာ ဖြစ်တယ်။ အဲဒါမျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ငြင်းပယ်တာပါ။ 

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ဧပြီလ ကတည်းက နိုင်ငံကူးလက်မှတ်တွေ လျှောက်ထားခဲ့ပြီး၊ အခုချိန်မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နှစ်ဦးတည်းကိုပဲ ထုတ်ပေးတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင် နဲ့ US Campaign for Burma အဖွဲ့က ကိုအောင်ဒင် တို့ ၅ ဦးကို မြန်မာ့ဒီမိုကရေစီရေးမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ အတွက် NED အဖွဲ့က ဆုချီးမြှင့်မှာဖြစ်ပါတယ်။

NED (National Endowment for Democracy) ချီးမြင့်တဲ့ဆုကို လက်ခံရယူဖို့ အတွက် ကျောင်းသားခေါင်း
ဆောင် ကိုမင်းကိုနိုင်ကို အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် ထုတ်ပေးပေမဲ့ အတူလျှောက်ထားကြတဲ့
ကျန် ၈၈ မျိုးဆက်ကျောင်းသားတွေကို နိုင်ငံကူး လက်မှတ် ဆိုင်းငံ့ထားတဲ့ အတွက်ဆုချီးမြင့်ပွဲကို တက်
ရောက်ဖို့ သူလာရောက်မှာ မဟုတ်ကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ယနေ့ကျင်းပ

Photo: မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား
ကို ချင်ပြည်နယ်မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မှာရှိတဲ့ မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲကို ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက
 ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ဧရာဝတီ မြစ်ဆုံဆည်ကို စစ်အစိုးရက ပြည်သူလူထုဆန္ဒတွေကို မတောင်းခံ၊ အသိမပေးဘဲ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြပြောဆိုခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူကလည်း 
 မြစ်ဆုံဆည်ပြဿနာ မပြီးပြတ်သေးဘူး ဆိုတဲ့အကြောင်း အလေးထား 
ပြောဆိုခဲ့ပါတယ်။   

ကချင်ပြည်နုယ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဟောပြောပွဲကို လူအင်အား ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ
 ဖြစ်ကြတဲ့ ဒေါက်တာဦးထွန်းလွင်၊ ဒေါက်တာဒေါ်ခင်နီနီသိန်း၊ ဦးဝင်းမျိုးသူ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော် ဦးဝါယမ၊ စာရေးဆရာကိုတာ၊ ဦးညိုမောင်နဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ဟောပြောဆွေးနွေး 
ခဲ့ကြပြီး သစ်တောပညာရှင် ဦးအုန်းလည်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ ပါတယ်။ 

ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မနက်ဖြန် မှာတော့ ဖားကန့်ဒေသ ငြိမ်းချမ်းရေး ခရီးစဉ်ကို စတင်မယ်လို့ သိရပါတယ်။

(ဓာတ်ပုံ - မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် ၈၈ ကျောင်းသားများအဖွဲ့ မြစ်ကြီးနားသို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရောက်ရှိစဉ်)
(ဓာတ်ပုံ - မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် ၈၈ ကျောင်းသားများအဖွဲ့ မြစ်ကြီးနားသို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရောက်ရှိစဉ်)

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကို ချင်ပြည်နယ်မြစ်ကြီးနားမြို့ စီ
တာပူရပ်ကွက် မှာရှိတဲ့ မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲကို ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဟောပြောဆွေး
နွေးခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) အတွက် နေပြည်တော်မှာ တည်ဆောက်နေဆဲ အားကစားရုံကြီး(ဓာတ်ပုံ)

Photo: ၂၀၁၃ ခုနှစ်  (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games)  အတွက် နေပြည်တော်မှာ တည်ဆောက်နေဆဲ အားကစားရုံကြီး ကို တွေ့ရပုံ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်(၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) အတွက် နေပြည်တော်
မှာ တည်ဆောက်နေဆဲ အားကစားရုံကြီး ကို တွေ့ရပုံ ဖြစ်ပါတယ်။

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ မိ တ္ထီလာ မြို့က ဒေါ်မြင့်မြင့်အေးတို့ကို စစ်ကိုင်းတိုင်း ရဲစခန်းက ဖမ်းဝရမ်းထုတ်

Photo: စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့  မိတ္ထီလာ မြို့က ဒေါ်မြင့်မြင့်အေးတို့ကို စစ်ကိုင်းတိုင်း ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားကြောင်း မနေ့က တရားဝင် ပြောကြား လိုက်တယ်လို့ သိရပါတယ်။

မနေ့က ပြန်လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူ ကိုဝေလုက တဆင့်  အခုလို တရားဝင်သတိပေးပြောဆိုလိုက်တာဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူ (၃) ဦးကို အာဏာပိုင်တွေဘက်က ရှောင်တခင် ၀င်ရောက် ဖမ်းဆီးမယ် ဆိုရင် ပြန်လည် တုံ့ပြန်သွားဖို့ ဒေသခံ
 ကျေးရွာသားတွေဘက်က ပြင်ဆင်ထားကြတယ်လို့လည်း သိရပါတယ်။ 

ကြေးနီစီမံကိန်း ရပ်တံ့ဖို့ လှုပ်ရှားဆောင်ရွက်သူ ကိုဝေလုကို သြဂုတ်လ (၃၀) ရက်နေ့ ညပိုင်းမှာ စတင် ဖမ်းဆီးခဲ့ချိန်ကစလို့ အာဏာပိုင်တွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျန်အဖွဲ့ဝင်တွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို လုံးဝရပ်တံ့မှာ မဟုတ်ဘဲ လယ်ယာမြေ အသိမ်းခံရတဲ့ ဒေသခံတွေကို သိမ်းထားတဲ့မြေတွေ အတွက် လျော်ကြေးပေးအပ်ဖို့ ရှိတယ်လို့  သတင်းတွေ ထွက်ပေါ်နေကြောင်း  ဒေသခံတွေက ပြောပါတယ်။

အာဏာပိုင်တွေဘက်က လျော်ကြေးပေးပြီး ပြသနာဖြေရှင်းမယ်လို့ သတင်းတွေကြားသိရတဲ့ အပေါ် မကျေနပ်တဲ့ ဒေသခံ တစ်ထောင်ကျော်လောက်ဟာ ဒီကနေ့ နေ့လည်ပိုင်းက လယ်ယာမြေတွေအသိမ်းခံရတဲ့ ကျေးရွာတစ်ခုမှာ အခေါင်းတုတစ်ခုကို မီးရှို့သဂြိုဟ်ပွဲလုပ်ပြီး ဆန္ဒပြခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ နိုင်ငံ
ရေး အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ မိ
တ္ထီလာ မြို့က ဒေါ်မြင့်မြင့်အေးတို့ကို စစ်ကိုင်းတိုင်း ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားကြောင်း မနေ့က တရား
ဝင် ပြောကြား လိုက်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဘက် မြို့နယ်သုံးမြို့နယ်က ကျေးရွာတွေက ကျူးကျော်မြေများ အစိုးရမှ ပြန်သိမ်းမည်

မန္တလေးက ကျေးရွာသူ ရွာသားများ
မန္တလေးတိုင်းဘက်မှာတော့မြို့နယ်သုံးမြို့နယ်ကကျေးရွာတွေကထောင်ချီတဲ့အိမ်ခြေတွေကို စက်တင်ဘာ
လမှာ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ မန္တလေးတိုင်းဒေသကြီး  အာဏာပိုင်တွေ က ပြောဆိုလိုက်ပါတယ်။

ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများ စတင်ဖေါ်ပြ (ဓါတ်ပုံ)

ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများ စတင်ဖေါ်ပြ ခဲ့ကြောင်းသတင်းရရှိပါသည်။

ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံတေးဆရာတော် အရှင်ဝါယမ မအူပင်မြို့  လေးအိမ်စုတွင် SKYNET အင်တာနက်လှူ ဒါန်း

 
ထိုင်းနိုင်ငံမဟာချိုင်မှရွှေတွံတေးဆရာတော်အရှင်ဝါယမသည်ဧရာဝတီတိုင်း၊ မအူပင်မြို့၊ လေးအိမ်စုကျေး
ရွာ၌ ကျင်းပသော ဒုတိယအကြိမ် ကျေးရွာဖွံ့ ဖြိုးရေးနှင့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး SKYNET ကျပ် ၁၅ သိန်းကို လှူဒါန်းခဲ့ သည်။

ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို

ပြည်တွင်းဂျာနယ်တစ်ခုတွင် အတိ အလင်းဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန်ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသားများ က ယခုလ ၈ ရက်နေ့ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း ငြင်းဆိုလိုက်သည်။

ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်(ဓါတ်ပုံ)


ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် ၁၅ မိုင်ခန့် အကွာ နတ်ချောင်း အနီး အနောက်ပေါက်တော ကျေး

ရွှာ လေသာဆောင် ရေနံမော်တွင် တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး ၁၀ ဦးနှင့် မြန်မာလူမျိုးတစ်ဦး
ကို ယ နေ့ နံနက် ၁၁နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့က ဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ် ရဲတပ်ဖွဲ့ စ
ခန်းက လွဲပြောင်းလိုက် ပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းက အတည်ပြု ပြောကြားသည်။

တိုက်ပွဲကြောင့် ဖားကန့် ကျောင်းအားလုံး ယနေ့ ပိတ်လိုက်ပြီ

(13.9.2012) စက်တင်ဘာလ (၃)ရက်နေ့  ညနေ ၄ နာရီခန့် တွင် ဖားကန့် မြို့ နယ် မော်ဝမ်းမူလွန် အ-လ-က
 ကျောင်းခွဲ  ဝန်းကျင် တစ်ဝိုက်တွင် အစိုးရတပ် နှင့် KIA တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Mya
nmar News Now မှ သတင်းရရှိပါတယ်။

အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ရုပ်ရှင်ဇတ်ကားကြောင့် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများပျံ့နှံ့

 
အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ရုပ်ရှင်ကားကို အကြောင်းပြုပြီး အရှေ့အလယ် ပိုင်း ဒေသ မှာ လေးရက်မြောက်အဖြစ် အကြမ်းဖက် ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပါတယ်။ အဲဒီလို ဆန္ဒပြမှုတွေကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန် အဖွဲ့အစည်းတွေ လုံခြုံရေးကို ပိုမိုတင်းကြပ်ထားလိုက်ပါတယ်။

ကြေးနီးစီမံကိန်း ရပ်မည်မဟုတ်

 
မုံရွာမြို့လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့် ဖို့ ဒေသခံ တောင်သူတွေရော လယ်သမားတွေေ ရာပြည်သူ့အကျိုးဆောင်ကွန်ယက်ကပါထိန်းသိမ်းခံရာကလွတ်လွတ်ချင်းဆက်တိုက် ဆန္ဒပြကန့်ကွက်နေပေ
မယ့် မြန်မာနိုင်ငံ ဦးပိုင်လီမီတက်ကတော့ ဒီ စီမံကိန်းကို ရပ်တန့်ဖို့မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

ယာဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု များအား အရေးယူ သွားမည်

 
ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်း များမှာ ယာဉ်မောင်းတွေ အနေနဲ့ မော်တော်ယာဉ်မောင်း နေစဉ် အတွင်း ဖုန်းပြောဆိုခြင်းများ ပြုလုပ်မှုကို ယခုလက စတင်ပြီး ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

စီးပွားရေးလုပ်ငန်းများရဲ့တည်နေရာ ၊ ဖုန်းနံပါတ် ၊ လိပ်စာတွေ အစုံသိဖို့ရွှေပြည်သုခ for Android




စီးပွားရေးလုပ်ငန်းများရဲ့တည်နေရာ ၊ ဖုန်းနံပါတ် ၊ လိပ်စာတွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံကို Android ဖုန်းတစ်လုံးရှိရုံနဲ့ကြည့်ရှုနိုင်ပါပြီ။မြန်မာနိုင်ငံထဲက မြို့ကြီးသုံးမြို့ဖြစ်တဲ့ နေပြည်တော် ၊ ရန်ကုန် နဲ့မန္တလေး
မြို့တို့မှာ ဒီ App လေးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းနှင့် ပတ်သက်သော အယူအဆများ




ဝမ်းချုပ်တာက လူတွေမှာ အဖြစ်များပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာနဲ့ ပတ်သက်ပြီး လူတွေကြားမှာပျံ့နှံ့နေ
တဲ့ အယူအဆတွေလည်း ရှိနေပါတယ်။  ဒါကြောင့် ဝမ်းချုပ်တဲ့ အကြောင်းကို အမှန်သိစေဖို့ ရေးသားလိုက်ရ
ပါတယ်။