Pages

Tuesday, September 11, 2012

မွန်ပြည်နယ် ရေးမြို့ ကနေ့စဉ် ၁၆ နာရီ အလုပ် လုပ်ရတဲ့ အလုပ်သမားတဦးရဲ့တိုင်ကြားစာ


မွန်ပြည်နယ် ရေးမြို့ မာရီစတုပ် အလုပ်သမားတဦးရဲ့ တိုင်ကြားစာဖြစ်ပါတယ်။ နိုင်ငံတကာ မျိုးဆက်ပွား ကျန်မာရေး ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်နေရတဲ့ လူမှုရေးအဖွဲ့တခုက ညစောင့် အလုပ်သမား တဦးဖြစ် သူ ရေးပို့ထားတာလည်းဖြစ်ပါတယ်။

DKBA နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) က ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကို ဗိုလ်နှုတ်ခမ်းမွေး ရာထူးချ


KKO အဖွဲ့ ဥက္ကဋ္ဌ မန်းရောဘတ်ဇန် (ကျွဲချိုလွယ်ထားသူ)၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင် တို့ တာဝန်ကနေ ယာယီရပ်စဲခံရပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

DKBA နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) က သူတို့ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ KKO ရဲ့ ဥက္ကဋ္ဌ နဲ့ အထွေထွေအတွင်းရေးမှူး တို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ကြေညာလိုက်ပါတယ်။

မုံရွာမြို့ ဆန္ဒပြပွဲ လူ ၂၀၀၀ ခန့် ပါဝင်

ဓာတ်ပုံ - Opensoiciety Monywa
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲမှ စတင်ကာ မုံရွာဒေသမှ ဗကသ ကျောင်းသားများ၊ မန္တလေးမှ ဗကသများနှင့် ဒေသခံ စုစုပေါင်း လူ ၂ ထောင်ဝန်းကျင်ခန့်သည် ဖမ်း
ဆီးခံထားရသူ ၃ ဦး ပြန်လွှတ်ပေးရေး၊ တရားဥပဒေကို လေးစားလိုက်နာရေးများ တောင်းဆိုကာ ငြိမ်းချမ်း
စွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သိရပါတယ်။

ကိုကာကိုလာ ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အချိုရည်များ သင်္ဘောတင်ပို့

 
ကိုကာကိုလာ ကုမ္ပဏီက ၎င်းသည် မြန်မာနိုင်ငံမှ ဖောက်သည်များအတွက် အချိုရည်များ သင်္ဘောတင်ပြီး ဖြစ်ကြောင်းနှင့် နှစ်ပေါင်း
၆၀အတွင်း ပထမဆုံး အကြိမ်အဖြစ် တင်ပို့ခြင်း ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု
များ ရုတ်သိမ်းပေးခဲ့ အပြီးတွင် Cokeသည် မြန်မာနိုင်ငံမှ ပင်းယကုမ္ပဏီနှင့် တွဲ၍ ကိုကာကိုလာ ၊ကိုကာ ကိုလာ(Light)နှင့် Sprite တို့
ကို နိုင်ငံအဝှမ်း ဖြန့်ချိမည် ဖြစ်သည်။

လေးလအတွင်း တရားမဝင် ခွေရောင်းဝယ်မှု ၉၀ နီးပါးဖမ်းမိ


 
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်များ တာဝန် လွှဲပြောင်းယူပြီးချိန်မှ စပြီး လေးလ အတွင်း တရားမဝင်အခွေများ ရောင်းဝယ်ဖောက်ကားသူဟု စွပ်စွဲကာ ဖမ်းဆီးထားသော အမှုပေါင်း ၉၀ နီးပါး အထိရှိသည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

သေကြောင်းကြံတဲ့ တော

 
ဂျပန်နိုင်ငံ ဖူဂျီရေခဲတောင်နဲ့ နီးတဲ့ အနောက်မြောက်ဘက်မှာ ကမ္ဘာကျော်တဲ့ တော်အုပ် တစ်ခုရှိပါတယ်။ အဲဒီ တောအုပ်ကိုတော့ သေကြောင်းကြံတဲ့ “တော” လို့ ကမ္ဘာမှာ လူသိများပါတယ်။ ဂျပန်နိုင်ငံမှာ မိမိကိုယ်
ကိုယ်သေကြောင်း ကြံချင်သူများဟာ ဒီ တောထဲသို့ လာရောက်ကြပြီး နည်းမျိုးစုံနဲ့ မိမိကိုယ်ကိုယ် သတ်သေ
ကြပါတယ်။

ပျောက်ကွယ်နေသော ကြက်ဥအတု ရန်ကုန်တွင် တစ်စခန်းထပြန်

 
ပျောက်ကွယ်နေသည်မှာကြာပြီဖြစ်သည့်ကြက်ဥအတုများသည်ယခုနှစ်တွင်ဈေးကွက်အတွင်းသို့ တစ်ကျော့
ပြန် ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။

မြန်မာ မိန်းကလေး ၄၂ ဦး ထိုင်းတွင် ရောင်းစားခံရ

  ကန်ချန ဘူရီမြို့တွင် ထိုင်းအာဏာပိုင်များက ကယ်တင် ခဲ့သော မြန်မာ မိန်းကလေးများ (ဓာတ်ပုံ – dailynews.co.th)

ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ချနဘူရီမြို့ရှိ တည်းခိုဆောင် တခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ်လုပ်ေ နသည့် မြန်မာ နိုင်ငံမှ မိန်းကလေး ၄၂ ဦးကို ထိုင်းအာဏာပိုင် များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။

ကမာရွတ်မြို့နယ်အတွင်း အသက် ၁၈ နှစ်ခန့်အရွယ် အိမ်ဖော် မိန်းကလေး သေဆုံးမှုအတွက် အိမ်ရှင်ဖြစ်သူအား ပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ် (၁၉၅) နေအိမ် တိုက်ခန်းတွင်အသက်၁၈နှစ်ခန့်အရွယ်အိမ်ဖော်မိန်းကလေးတစ်ဦး၏ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု
 တွေ့ရှိရမှုဖြစ်စဉ်စက်တင်ဘာလ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အိမ်ရှင် ဖြစ်သူ အမျိုးသမီးအား ပုဒ်မ ၃၀၂/၃၀၅ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရပါသည်။

စစ်တွေတက္ကသိုလ် ဆရာ၊ဆရာမများ လစာဖြတ်တောက် ခြင်း ကိစ္စမေတ္တာရပ်ခံစာ သမ္မတထံပို့

ရန်ကုန် ၊ စက်တင်ဘာ ( ၁၁ )

တက္ကသိုလ်ဆရာ၊ဆရာမများအသင်း ( ရန်ကုန်တက္ကသိုလ် ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်အနောက်
ပိုင်းတက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ် )မှ စစ်တွေတက္ကသိုလ်ရှိ ဆရာ၊ဆရာမများအား လစာဖြတ်တောက်
လိုက်ခြင်းနှင့် ပတ်သတ်သည့် မေတ္တာ ရပ်ခံလွှာတစ်စောင်အား ယနေ့ ထုတ်ပြန်လိုက်ကြောင်းသိရသည်။

စင်ကာပူအမျိုးသားတက္ကသိုလ် ( NUS )၏လာမည့်နှစ်ဖေဖော်ဝါရီ ဘွဲ့လွန်ဒီပလိုမာတန်း ၀င်ခွင့်အတွက် IELTS အမှတ်မလိုအပ်တော့

ရန်ကုန် ၊စက်တင်ဘာလ ( ၁၁ )

စင်ကာပူအမျိုးသားတက္ကသိုလ် ( NUS )၏လာမည့်နှစ်ဖေဖော်ဝါရီ ဘွဲ့လွန်ဒီပလိုမာတန်း ၀င်ခွင့်အတွက် IELTS အမှတ် ရရှိထားရန်မလိုအပ်တော့ကြောင်း Crown Educationမှ သိရသည်။

လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းကြောင့်သိမ်းဆည်း ခံ ထားရသည့် ယာမြေများ ပြန်ရရေး ဆန္ဒပြခဲ့တဲ့အတွက် ယနေ့မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး လမ်းများ ပိတ်ထားကြောင်းသတင်းရရှိ

Photo: မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး  လမ်းများ ပိတ်ထားခြင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတွင် မြင်တွေ့ရစဉ်။ 

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းကြောင့် သိမ်းဆည်းခံ ထားရသည့် ယာမြေများ ပြန်ရရေးအတွက် မုံရွာမြို့သို့သွားရောက်ကာ ၀တ်ပြုဆုတောင်း ခဲ့သော ရွှေလှေနှင့် ၀က်မှေးကျေးရွာမှ ကျေးရွာသူ ၁၂ ဦး အား စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။ 

ထိန်းသိမ်း ခံခဲ့ရသော အမျိုးသမီး ၁၂ ဦးအားပြန်လွှတ်ပေးရန် အတွက် မုံရွာခရိုင် ဗကသအဖွဲ့ဝင်များနှင့် လက်ပံတောင်း
တောင်ခြေ ၀န်းကျင် ကျေးရွာများမှ ဒေသခံများ စုပေါင်းပြီး ရဲစခန်း အနီးဝန်းကျင်တွင် ဆန္ဒပြခဲ့ပါသည်။  ဖမ်းဆီးထာသည့် အမျိုးသမီး များထဲမှ ၁၀ ဦးကို ပြန်လွှတ်ပေးမည်
ဖြစ်ကြောင်းနှင့်  ခေါင်းဆောင် နှစ်ဦးဖြစ်သည့် မသွဲ့
သွဲ့ဝင်းနှင့် မအေးနက်တို့ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု တာဝန်ရှိသူများက အကြောင်းပြန် ခဲ့သော်လည်း လက်မခံနိုင်သဖြင့် ညရှစ်နာရီ ကျော်အထိ ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။ 

ထိုနေ့ ညနေပိုင်းတွင် ရွှေလှေရွာမှ ထိန်းသိမ်း ခံရသော ကျေးရွာသူ ၇ ဦးကို  ပြန်လွှတ်ပေးခဲ့ပြီး ည ၂နာရီခန့် အချိန် တွင် ၀က်မှေး ကျေးရွာမှ ကျေးရွာသူ ၂ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ယမန်နေ့က ထိန်းသိမ်းခံခဲ့ရသူ ၁၂ ဦးအနက် ၉ ဦးမှာ ပြန်လည် လွတ်မြောက်ခဲ့ပြီ ဖြစ်ကာ မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူ ဝင်းတို့ သုံးဦးမှာ ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး လမ်းများ ပိတ်ထားခြင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတွင် မြင်တွေ့ရစဉ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းကြောင့်သိမ်းဆည်း
ခံ ထားရသည့် ယာမြေများ ပြန်ရရေးအတွက် မုံရွာမြို့သို့သွားရောက်ကာ ၀တ်ပြုဆုတောင်း ခဲ့သော ရွှေလှေ
နှင့် ၀က်မှေးကျေးရွာမှ ကျေးရွာသူ ၁၂ ဦး အား စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။

ခရစ်တော်မပေါ်မီ ဘီစီ-၆ ရာစုက ဓညဝတီခေတ် ရခိုင်လူမျိုးတွေရဲ့ ဘုရင်သုံးပါးကြေးရုပ် သွန်းလုပ်မည်

ခရစ်တော်မပေါ်မီ ဘီစီ-၆ ရာစုက ရခိုင်လူမျိုးတွေရဲ့ ဓညဝတီခေတ် သုံးခေတ်မှာ အထင်ရှားဆုံး ဘုရင်သုံး
ပါးဖြစ်တဲ့ မာရယု၊ ကံရာဇာကြီး၊ မင်းစောမွန် တို့ရဲ့ရုပ်တုတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာကြေးနဲ့
သွန်းလုပ် စိုက်ထူဖို့ ဆောင်ရွက်နေရာမှာ အခုပုံဖော်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ဦးဆောင် စီစဉ်နေတဲ့
ကျောက်တော်မြို့ခံ ဦးဘသောင်းက  ပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်

Photo: ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်
2012-09-10

ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ Derek Mitchell နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Joseph Yun တို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ နေရာတွေ
ကို နှစ်ရက်ကြာ သွားရောက် ကြည့်ရှု လေ့လာခဲ့ပြီးတဲ့နောက် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခဒဏ်ကို နှစ်ဖက်စလုံး အကြီးအကျယ် ခံခဲ့ကြရပြီး စာနာမှုကူညီရေး အခြေအနေကလည်း စိုးရိမ်စရာ ကောင်းနေဆဲ
 ဖြစ်ကြောင်း လိုအပ်နေတာတွေကို ချက်ခြင်းအမြန် ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အပြင် ရေရှည်အတွက် အခြေခံကျတဲ့အလုပ်တွေ၊ တည်တံ့ခိုင်မြဲပြီး တရားမျှတတဲ့ ဖြေရှင်းမှုတွေ ချမှတ်ဖို့လည်း လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာ Joseph Yun ဟာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကိစ္စ ဆက်လက် ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။

ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။

လူကုန်ကူးသူ မြန်မာအမျိုးသမီးတစ်ဦး ဘန်ကောက်မြို့ တောင်ဘက် စမုတ်ဆောင်ခရမ်ခရိုင်၊ မဲခေါင် တံတားအနီးမှာ ဖမ်းဆီးမိ

ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း (MAT) တို့ ပူး
ပေါင်းပြီး လူကုန်ကူးနေတဲ့မြန်မာအမျိုးသမီး တစ်ဦးကို သောကြာနေ့ ညက ဘန်ကောက်မြို့တောင်ဘက် စ
မုတ်ဆောင်ခရမ်ခရိုင်၊ မဲခေါင် တံတားအနီးမှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်၊

ယမန်နေ့၊ နေ့လည်ပိုင်းက အလုံ၊အထက(၄) ကျောင်းတွင် ဗုံးတွေ့

ယနေ့၊နေ့လည်ပိုင်းရန်ကုန်၊အလုံအထက(၄)ကျောင်းအလံတိုင်အောက်တွင် ဗုံးတွေ့ရှိသောကြောင်
ကျောင်းအတွင်းမှရဲလုံခြုံရေးများကယူဆောင်သွားခဲ့ကြောင်း၊ကျောင်းတွင်း ဗုံးတွေ့ရှိသည်ကို ကျောင်းသား
မိဘများသို့အသိမပေးပဲဖုံးထားကြောင်းမကျေနပ်သောသူငယ်တန်း(A)မှကျောင်းသား မိဘတဦးကြေ့ပာ
သည်။

စမတ်ဖုန်းကင်မရာ megapixels မြင့်တိုင်း ဘာကြောင့် ပုံထွက်မကောင်းတာလဲ

ယနေ့ခေတ်မှာ စမတ်ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်ကို megapixels နဲ့ တိုင်းတာနေမှုကို မေ့လိုက်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အရောင်းရဆုံး စမတ်ဖုန်းဖြစ်တဲ့ Galaxy S II ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး quad
-core နဲ့ Android Ice Cream Sandwich အသုံးပြုထားတဲ့ Samsung Galaxy S III မှာ 8-megapixel ကင်မရာပါ
ဝင်ပေမယ့် ထင်သလောက် ပုံထွက်ကောင်းမွန်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။.

ကားတောင်းခံမှုကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အစိုးရစစ်တပ် တင်းမာမှုဖြစ်ပွား





တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဆင်ဖြူတိုင်ကျေးရွာမှ ကျေးရွာအုပ် ချုပ်ရေးမှူးကို ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က မြန်မာအစိုးရ စစ်တပ်အရာ ရှိမှ သေနတ်ဖြင့်ခြိမ်းခြောက်ခဲ့မှုကြောင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း ကေ အိုင်စီက စုံစမ်းသိရှိရသည်။

၃၈ လမ်း ရှစ်လွှာ တိုက်ခန်း မီးလောင်၊ အသက်ရှစ်ဆယ်ခန့် အဖိုးအို သေဆုံး

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-snc7/399769_465591010127830_114460715_n.jpg

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်မြို့တော်၊ ကျောက်တံတား မြို့နယ်၊ ၃၈ လမ်း အလယ်ဘလောက် အမှတ် ၁၆၉ ၊ ရှစ်ထပ်တိုက် ရှစ်

လွှာ တိုက်ခန်း(ဘယ်ခြမ်း)ယနေ့နေ့လယ် ၂ နာရီဝန်းကျင်ကမီးလောင်မှုဖြစ်ပွားရာ ယင်းအခန်းထဲရှိအသက် 
၈၀ ဝန်းကျင် အဖိုးအို တစ်ဦး မီးလာင်မှုကြောင့် သေဆုံးသွားကြောင်းမျက်မြင် တွေ့ရှိသူများက ပြောကြား
သည်။