Pages

Saturday, September 8, 2012

ပရိတ်ကြီး၁၁သုတ်နှင့်မေတ္တာပွားနည်း DhammaCycle.apk for Android


ဒီတစ်ခါဆော့ဝဲလေးကတောက ပရိတ်ကြီး၁၁သုတ်နှင့်မေတ္တာပွားနည်းအစရှိတဲ့ဂုဏ်တော်ကွန်ချာတွေကို
ပါရွတ်ဖတ်နိုင်မယ့် DhammaCycle.apk for Android Mobile ဆော့ဝဲလေးပါ။

ဓာတ်ပုံတွေအလှဆုံး ပြင်ဆင်နိုင်ဖို့ Photo Wonder v 1.1.9 for Android


ဒီတစ်ခါတင်ပေးမှာတော့ သူငယ်ချင်းတို့ရဲ့ဓာတ်ပုံတွေကို အလှပဆုံးဖြစ်အောင် ပြင်ဆင်နိုင်မယ့်Photo Wonder Android Mobile Software လေးပါပဲ။ကိုယ့်ပုံလေးတွေကိုဖုန်းထဲမှာတင် လှလှလေးချယ်မှုန်းလို့ရ
တဲ့အပြင်လိုအပ်တဲ့ Accessory တွေ Sticker တွေ Effect တွေ Frame တွေနဲ့ဆိုတော့ကိုယ့်ပုံလေးတွေကို
အလှဆင်ချင်သူများအတွက်အသုံးဝင်မယ့်ဆော့ဝဲလ်လေးဖြစ်ပါတယ်။

ဝန်ကြီး အသစ် ၁၁ ဦး ခန့်အပ်ရာတွင် အရပ်သားများ အများအပြား ပါဝင်

 
 
သမ္မတ ဦးသိန်းစိန်မှ ၀န်ကြီးသစ်  ၁၁ ဦးအား ခန့်အပ်လိုက်ရာ အရပ်သား ၀န်ကြီး အများအပြား ပါဝင်နေသဖြင့် ပြည်သူများက အကောင်းဘက်က မြင်နေကြသည်ဟုသတင်း ရရှိသည်။

ရခိုင်သူရဲကောင်းများ ဂုဏ်ပြုပွဲ ကျင်းပ (သတင်းဓာတ်ပုံ)

သမ္မတ ဦးသိန်းစိန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ ဖိတ်ခေါ်



ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
 (ယာ)နှင့် သမီး ဒေါက်တာ လှကျော်ဇောတို့၏ 
(နေ့စွဲမသိ) မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။



တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ စစ်ဆေးရုံကြီးမှာ အသည်း အသန် နာမကျန်းဖြစ်နေတဲ့ ရဲဘော်သုံး
ကျိပ်ဝင် ဗိုလ်မှူးချုပ်ေ ဟာင်း ကျော်ဇောက ရွေတိဂုံဘုရားကို ဖူးမြော်လိုကြောင်း ပြောကြား တာကိုကြားသိရ
ပြီးနောက် သမ္မတ ဦးသိန်းစိန်က သူ့ကို မြန်မာပြ ည်ပြန်လာဖို့ ဖိတ်ကြားလိုက်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားတွင် ချန်ပီယံဖြစ်လာပါက ကမ္ဘောဇဘောလုံးအသင်း ဆုကြေးကျပ်သိန်း ခြောက်ထောင်ရမည်


မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ရပ်တည်နေသော ကမ္ဘောဇအသင်းအနေဖြင့် ချန်ပီယံဆုရရှိခဲ့ပါက  ဆုကြေးငွေသိန်း  ၆၀၀၀ ကျပ် ပေးသွားမှာဖြစ်ကြောင်း ကမ္ဘောဇအသင်း၏ ဥက္ကဌ ဦးမိုးဆန်းအောင်က ပြောသည်။

ဖားကန့် စစ်ပြေးတဦး ပစ်သတ်ခံရ


တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေး တိမ်းရှောင်နေသော ဖားကန့်မြို့ပေါ်မှ စစ်ပြေး ဒုက္ခသည် အသက် ၂၁ နှစ်အရွယ် ကိုစဂ လအောင်(Sa ga La Aung)ဟု မှော်မောင်းကုန်းကျေးရွာသို့ အသွားတွင်သော
ကြာနေ့ နံနက်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

လူတိုင်း လူတိုင်းမိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို တရားဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက် ရှိဖို့လို ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

တရားဥပဒေစိုးမိုးရေးကို အပြောနဲ့သက်သက်နဲ့မပြီး၊ ရဲရဲဝံ့ဝံ့သတ္တိရှိရှိလုပ်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပြောကြား

မားစ်ဂြိုဟ်ဆင်းယာဉ် Curiosity (ခ)ဖိုးစပ်စု မားစ်ဂြိုဟ်ပေါ်တွင် သက်ရှိများ ရှင်သန်နေထိုင်မှု ရှိမရှိ လေ့လာမှု စတင်

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာမိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မိုးကြီးပြီး မြေပြိုမှုဖြစ်ပေါ်

ရေဘေးသင့် ပုသိမ်ပြည်သူတို့အတွက် အဆိုတော်ရင်ဂို ဂီတဖြင့် ကူညီမည်

ပုသိမ်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ငွေကြေးထောက်ပံ့မှု ပေးအပ် ကူညီနိုင်ရန် အဆိုတော် ရင်ဂို ဦးဆောင်၍ ဂီတ ရန်ပုံငွေပွဲတခု တနင်္ဂနွေနေ့ ပုသိမ်မြို့ မန်းဆန်သူ လဘ္ဘက်ရည်ဆိုင်တွင် ပြုလုပ်မည်
ဟု ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။ဦးမောင်မောင်စိုးက ပုသိမ်မြို့ပေါ်ရှိ ရေဘေးဒုက္ခသည်
များကို အဓိကထား ကူညီသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။

ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ

Photo: ပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေတို့သည် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"မြန်မာနိုင်ငံကို လွမ်းလို့ပြန်လာတာပါ။ လွမ်းတာကတော့ ကြာလှပါပြီ။ အခု ပြန်ရောက်စဆိုတော့ ဒီကအကြောင်းတွေ ဘာမှမသိသေးပါဘူး။ ဒါပေမယ့် အစောကြီးကတည်း ကျွန်တော် သိထားတာတွေလည်း အများကြီးပါ။ ကျွန်တော် ၀ါသနာပါတဲ့ အနုပညာတွေနဲ့လည်း မပြတ်သလို မီဒီယာကလူဖြစ်တဲ့အတွက်လည်း ကိုယ်တိုင် မြန်မာပြည်မှာ မရှိတာကလွဲရင် အခြေအနေတွေတော့ သိနေရတာပါပဲ။ အခုလာတာ အနားယူဖို့ မဟုတ်ပါဘူး။ လုပ်စရာရှိတာတွေက လုပ်ရ ဦးမှာပါ။ ပန်းချီရေးမယ်၊ စာရေးမယ်ပေါ့။ ဒီမှာဘဲ အခြေချနေထိုင်သွားဖို့လည်း စိတ်ကူးရှိပါတယ်။ အခု ဇနီးက ဟိုမှာကျန်ခဲ့ပြီး ဒူးခွဲစိတ်ရမှာဖြစ်လို့ သူခွဲစိတ်ရမယ့် အချိန်တော့သမီးနဲ့ ကျွန်တော် ဟိုကိုပြန်ရဦးမှာပါ"ဟု ဒါရိုက်တာ ဦးဝင်းဖေက ဆိုပါသည်။

ဦးဝင်းဖေသည် မန္တလေးပန်တျာ ကျောင်းအုပ်ကြီးအဖြစ် ၁၉၆၆ ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရုပ်ရှင်လောကသို့ "မပြိုသည့်မိုး" ဇာတ်ကားဖြင့် စတင်ဝင် ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် " နှင်းဆီနီ အိပ်မက်" ရုပ်ရှင်ဖြင့် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆု ရရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ဟောလီဝုဒ်နှင့် UCLA တို့တွင် ရုပ်ရှင်ပညာများ သွားရောက်သင်ကြားရင်း အမေရိကန်နိုင်ငံတွင် အခြေချခဲ့သည်။ RFA အသံလွှင့်ဌာနတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ Senior Editor အဖြစ်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် VOA အသံလွှင့်ဌာန၌ လုပ်ကိုင်လျက်ရှိသည်။

မီမီဝင်းဖေကလည်း မြန်မာပြည်တွင် ရှိနေစဉ် ကာလအတွင်း အနုပညာအလုပ်များ ပြန်လည် လုပ်ကိုင်သွားရန် အစီအစဉ်ရှိကြောင်း ဆိုပါသည်။ 

Ref:EMG
Posted By Admin-KMO
 
ပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေတို့သည် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ "မြန်မာနိုင်ငံကို လွမ်းလို့ပြန်လာတာပါ။ လွမ်းတာကတော့ ကြာလှပါပြီ။ အခု ပြန်ရောက်စဆိုတော့ဒီကအကြောင်းတွေ ဘာမှမသိသေးပါဘူး။ ဒါပေမယ့် အစောကြီးကတည်း ကျွန်တော် သိထားတာတွေလည်း အများကြီးပါ။

ပေါက်မြို့၊ ကမ်းမဖြူဆိပ်ကျောချောင်းအတွင်း စက်လှေမှောက်ရာတွင် စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း ထပ်မံသိရှိရ

ပခုက္ကူဘက်ကမ်းမှ ခရီးသည်နှင့် ဆိုင်ကယ်များ တင်ဆောင် ဖြတ်ကူးလာသော ကူးတို့လှေတစ်စင်းသည် မကွေးတိုင်းဒေသကြီး၊
 ပေါက်မြို့သို့သွားရာ ကမ်းမဖြူဆိပ်အနီး ကျောချောင်းလယ်တွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်က တောင်ကျ
ရေကြောင့် နစ်မြုပ်ခဲ့ပြီး ခရီးသည်နှင့် လှေသမားစုစုပေါင်း ၄၁ဦးပါရှိကာ ၁၃ဦးသေဆုံးပြီး ၂၈ ဦး အသက်ရှင် ကယ်ဆယ်ခဲ့ကြောင်းသတင်းရရှိပါသည်။

လက်ပန်းတောင်းတောင် စီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပန်းတောင်းတောင်ကိုဖြို၍ ကြေးနီ ထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကျန်းမာရေး ထိခိုက်နိုင်သည်ဟူ သည့် စွပ်စွဲချက် များဖြင့် ထိုလုပ်ငန်း လုပ်ဆောင်နေမှု ရပ်တန့်ပေးရန် ဒေသခံ ၈၀၀ ခန့် သောကြာနေ့တွင် ထပ်မံ ဆန္ဒပြ တောင်းဆိုကြသည်။

နှစ်ခြောက်ဆယ်ကျော်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်

သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင် သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီး ဖြစ်လာ ရာ နှစ်ပေါင်းခြောက် ဆယ်ကျော် တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့သော ဝန်ကြီးနှင့် ဒုတိယစာရင်းအရ ယခင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သော ဒေါ်မြတ်မြတ်အုန်းခင်မှာ ရာထူးတိုး ကာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်သွားသည်။

စေတနာဝသန် ဂီတဖျော်ဖြေပွဲ သတင်းစာရှင်းလင်းပွဲ ယနေ့ပြုလုပ်


၈၈ မျိုးဆက် ရန်ပုံငွေပွဲဖြစ်သော "စေတနာဝသန် ဂီတဖျော်ဖြေပွဲ" ၏ သတင်းစာရှင်းလင်းပွဲ ကို စက်တင်ဘာလ ၈ရက်နေ့ နံနက် ၁၁း၃၀ ချိန်တွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ မီဒီယာ (၂၀)ခန့် ရှိကြောင်း သတင်းရရှိပါသည်။ 

မြိတ်ရှော့ပင်း စင်တာတွင် ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ



မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ ကစားဝိုင်း တခုကို တွေ့ ရစဉ်
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ  မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ သီးသန့် အခန်းထဲမှာ ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ ကြောင်းသိရပါတယ်။အခန်းတံခါးဝမှာ အသက်ဆယ့်ခြောက် နှစ်အောက် မ၀င်ရဟု စာကပ်ထားပေမယ့် အခန်းတွင်း
မှာတော့ ကျောင်းသားလူငယ်များ နဲ့ စည်ကားနေပါတယ်။ လောင်းကစားဝိုင်းများ တင်းကြပ်နေချိန်မှာ မြိတ်ရှော့ပင်စင်တာ ပေါ်မှာ
တော့ ပေါ်ပေါ်ထင်ထင် ဖွင့်ထားဖြစ်ပါတယ်။

Nokia Lumia 920 နဲ့ iPhone 4S


iPhone 5 တော့မထွက်သေးပါဘူး။ iPhone 4s ထက် Nokia Lumia 920 က သာပါတယ်လို့တော့ သက်သေပြသွားပါပြီ။ ကင်မ
ရာချင်း ယှဉ်လိုက်တာ ဖြစ်ပါတယ်။ အလင်းရောင်မရှိတဲ့ အလုံပိတ် Space ထဲမှာ ပန်းပုံကို Lumia 920, iPhone 4s တို့နဲ့အတူတူ ရိုက်ခဲ့ပါတယ်။ ထွက်လာတဲ့ ပုံက iPhone 4S မှာ မှောင်မဲနေပြီး Nokia Lumia 920 မှာ သူ့အရောင်နဲ့သူ ထင်သာအောင် ဖန်တီး
ပေးနိုင်တာ တွေ့ရပါတယ်။

အိမ်ထောင်ရေးသာယာသောအမျိုးသားများ လေဖြတ်ရောဂါဖြစ်ပွားခြင်းနည်းပါး


အိမ်ထောင်ရေးသာယာသောအမျိုးသားများ လေဖြတ်ရောဂါဖြစ်ပွားခြင်းနည်းပါး ........ သာယာ ပျော်ရွှင်မှု
ရှိသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသော ယောက်ျားများသည် အိမ်ထောင်မပြုသူ သို့မဟုတ် အိမ်
ထောင်ရေး အဆင်မပြေသူ ယောက်ျားများထက် ပို၍ လေဖြတ်ရောဂါ ဖြစ်ပွားမှုနည်းပါးကြောင်း အစ္စရေး တက္ကသိုလ်ဆရာဝန်များ၏ သုတေသန ပြုချက်တစ်စောင်အရ သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌ နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်ပြီး တရားဝင်တောင်းပန်




မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌ နှစ်ပေါင်း ၂၀ က
 ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများ
အား သောကြာနေ့တွင် တောင်းပန် လိုက်သည်။

Samsung မှထုတ်မည့် ကမ္ဘာ့အပါးဆုံး Laptop




ကမ္ဘာ့အပါးဆုံး Laptop အနေနဲ့ Samsung မှထုတ်လုပ်မယ့်လို့ ပြီးခဲ့တဲ့ ဇွန်ကတည်းက ကြေညာခဲ့ပြီး ဖြစ်ပါ
တယ်။Samsung ရဲ့ Series Ultrabook ကိုပဲ နောက်ဆုံးထွက်အနေနဲ့အပါးဆုံး ဖန်တီးထား ခြင်း ဖြစ်ပါတယ်။

သားက ပစ်သတ်ခံရ၊ အဖေက အဖမ်းခံရ၊ အမေက အလုပ်လက်မဲ့ ၊ လူမယ်ကလေး ကနှစ်ယောက်၊ စစ်တွေ ဗျိုင်းဖြူရွာက မိသားတစ်စုရဲ့ ကြေကွဲ ဖွယ်ရာ ဖြစ်ရပ်


စစ်တွေ နာဇီရပ်ကွက် အနီးတွင် ဘင်္ဂါလီ ဆူပူမှုကာလအတွင်း သေနတ်ဒဏ်ရာဖြင့်  သေဆုံးသူခဲ့သူ စစ်တွေ
မြို့နယ် ဗျိုင်းဖြူ ကျေးရွာမှ မောင်မောင်ချေ(အသက်-၁၇ နှစ်)၏ မိခင်အား စစ်တွေအခြေစိုက် ၀ံလက် ဖောင်
ဒေးရှင်းက ယမန်နေ့မွန်းလွဲပိုင်းက ငွေတစ်သိန်းထောက်ပံ့ပေးအပ်ခဲ့သည်။

အစိုးရတပ် ဖားကန့်စစ်ဆင်ရေး ရဟတ်ယာဉ်ဖြင့် အင်အားတိုးချ

မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အား ထိုးစစ်ဆင်ရန် ဖားကန့်ကျောက်စိမ်းမှော်
ဒေသ သို့ စစ်အင်အားများကို စစ်ရ ဟတ်ယာဉ်များဖြင့် တိုးချတင်ပို့နေကြောင်း မျက်မြင်သက်သေများပြော
သည်။

ကိုကာကိုလာ အသုံးပြုသည့် ဆဲလ်ဖုန်း - ကိုကာကိုလာဖုန်း

 
 
 
 
 
 
 
 
 
 
 
ဒီဇိုင်နာ Daizi Zheng က တီထွင်ဖန်တီးထားတာ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ဇွန်လ ကတည်းက ရေပန်းစားခဲ့တဲ့ ဖုန်းဒီဇိုင်း ဖြစ်ပါတယ်။

ဓာတ်ခဲအနေနဲ့ ကိုကာကိုလာအချိုရေကို အသုံးပြုမှာ ဖြစ်ပြီး သဘာဝစွမ်းအင် ဆုံးရှုံးမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ တရားဝင်ဝက်ဘ်ဆိုက်ကို အသွင်သဏ္ဍန် ပြင် ဆင်လွင့်လိုက်ပြီ

မန်ယူတိုက်စစ်မှုး ဝိန်းရွန်နီက နောက် ၁၀နှစ်အထိ မန်ချက်စတာယူနိုက်တတ် အသင်းတွင် ဆက်လက်နေမည်ဟုပြောကြား

Photo: လွန်ခဲ့သည့် ၂ နှစ်က ပြောင်းရွှေ့ခွင့်တောင်းဆိုခဲ့ခြင်းမှာ ၎င်း၏ ကစားသမားဘဝတွင် အကြီးမားဆုံး အမှားဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီက ဝန်ခံလိုက်ပြီး အသင်း၌ နောက်ထပ် ၁၀ နှစ်ကြာသည်အထိ ဆက်ရှိနေလိုကြောင်း ဖွင့်ဟပြောကြားသည်။ 
လက်ရှိအချိန်တွင် ရွန်နီသည် ဒဏ်ရာကြောင့် အနားယူနေရပြီး ယခုလအတွင်း ဘောလုံးပြန်ကစားနိုင်ရန် မျှော်လင့်လျက်ရှိသည်။