Pages

Tuesday, September 4, 2012

အစ္စလာမ်နိုင်ငံရေးပါတီ (၃) ခု နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံမယ်

အစ္စလာမ်နိုင်ငံရေးပါတီ (၃) ခုဖြစ်တဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီ ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက် တစ်ပါတီ ၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ (၆) ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံကြမယ်လို့ သိရပါတယ်။

အစိုးရစွပ်စွဲချက် ကေအိုင်အို တုံ့ပြန်ငြင်းဆို

တွားသွားသတ္တဝါများကို ပိုင်နိုင်သည့် အသက် ၂ နှစ်သား ကလေးငယ်

တွားသွားသတ္တဝါများကို ပိုင်နိုင်သည့် အသက် ၂ နှစ်သား ကလေးငယ်

အသက်(၂)နှစ်သာ ရှိသေးသော ချာလီပါကားသည် လူတိုင်း ကြောက်ရွံ့ရသည့် တွားသွား သတ္တဝါများနှင့်အ
လွန်အကျွမ်းတဝင် ရှိသူဖြစ်သည်။ အကြောက်အရွံ့ ကင်းသော ကလေးငယ်သည် အရှည်(၂.၅)မီတာရှည်
လျားသောစပါးကြီးမြွေ ပက်ဘလိုကို အိမ်မွေးတိရစ္ဆာန်သဖွယ် ရင်းရင်းနှီးနှီး ထိတွေ့ကိုင်တွယ်လေ့ ရှိသည်။ 


ဗြိတိသျှ ထောက်လှမ်းရေး သူရဲကောင်း James Bond နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့ ကျင်းပပြုလုပ်မည်

James Bond နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့ ကျင်းပပြုလုပ်မည်


အပြည်ပြည်ဆိုင်ရာ James Bond အထိမ်းအမှတ်နေ့ကိုအောက်တိုဘာလတွင် ကျင်းပပြုလုပ်သွားရန်ကြိုတင်
စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းသည် ပထမဆုံးသော 007 ကိုယ်ပိုင်အမှတ်စဉ်နှင့်ဗြိတိ
သျှ ထောက်လှမ်းရေး သူရဲကောင်း ဇာတ်ကားကို ရုံတင်သည့် နှစ်(၅၀)ပြည့် အထိမ်းအမှတ်အတွက် ရည်စူး
ကျင်းပခြင်းလည်း ဖြစ်လာမည်ဟု သိရသည်။

ခွင့်ပြုထားသော လူဦးရေထက်ကျော်လွန်ကာ ဆန္ဒထုတ်ဖော်မှု များ ကြောင့် သမ္မတထောက်ခံပွဲ ဖျက်သိမ်းခံရ

ခွင့်ပြုထားသောလူဦးရေထက်ကျော်လွန်ကာဆန္ဒထုတ်ဖော်မှုများကြာင့် မန္တလေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ထောက်ခံ သည့် ဆန္ဒဖောက်ထုတ်ပွဲများ မကျင်းပတော့ရန် ဒေသအာဏာပိုင် များက တားမြစ်လိုက်သည်။

တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များ နိုဝင်ဘာတွင် ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာ ပထမပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များ နိုဝင်ဘာလ ပထမအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာလ ပထမအပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည် ဖြစ်သည်ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း ၏ ပြောကြားချက်အရ သိရသည်။

သမ္မတနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံမည်

လာမယ့် စက်တင်ဘာ ၇ ရက်နေ့ နေပြည်တော်မှာ သမ္မတ နဲ့ တနိုင်ငံလုံးက တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ ယောက် ပထမ ဦးဆုံး အကြိမ် တွေ့ဆုံကြမယ်လို့ တိုင်းရင်းသားဝန်ကြီးတွေက ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးမှ ကျပ်သုံးထောင်နှင့် ကျပ်ငါးထောင်တန် ဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ်နိုင်ရန် စီစဉ်

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်ကတ်များ ကို လူအများစု အသုံးပြုနိုင်သော ကျပ်သုံးထောင်တန်နှင့် ကျပ် ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်၍ အသုံးပြုနိုင်ရန် အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား

Photo: လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား

ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေကြောင်း RFA က စုံစမ်းသိရပါတယ်။

အဲဒီ တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁၄ ဦးထဲက ဦးထွန်းအောင်ဆိုသူကို အာဏာပိုင်တွေက ဖမ်းဆီးရမိသွားပြီ ဖြစ်ပြီး ကျန် ၁၃ ဦးကိုတော့ ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

ပေါက်တောမြို့နယ် ဆင်ပိုက်ကျေးရွာ ဆည်မြောင်း တာတမံထဲမှာ ရှိနေတဲ့ လယ်မြေ ဧကပေါင်း ၇၀၀ ကျော်ကို ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေက အဓမ္မ သိမ်းယူသွားခဲ့ပြီး ဆားကွင်းနဲ့ ပုစွန်ကန်တွေအဖြစ် အသုံးချ လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလယ်ယာမြေတွေကို ဆင်ပိုက်ရွာနဲ့ အနီးဝန်းကျင်က လယ်သမား ၅၀ လောက်က ဘိုးဘေးစဉ်ဆက်အရ လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စတင်ပြီး အဲဒီလယ်သမားတွေက လယ်ယာမြေတွေ အပေါ်မှာ စပါးတွေကို ပြန်လည်ထွန်ယက် စိုက်ပျိုးခဲ့ပါတယ်။

ဒါပေမယ့် ဆားကွင်းတွေအတွက် အသုံးပြုနေတဲ့ ရေသွင်း
 ရေထုတ်ပြွန်တွေကြောင့် စပါးခင်းတွေ ပျက်စီးရတာနဲ့ ပတ်သက်ပြီး ဒီနှစ်အတွင်းမှာ နိုင်ငံတော် သမ္မတဆီကို ၁ ကြိမ်၊ ပြည်နယ် အစိုးရကို ၃ ကြိမ်ထိ တင်ပြခဲ့ကြပေမယ့် ဘာမှ ထူးခြားမလာတာကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်းက အဲဒီ လယ်သမားတွေက ရေသွင်း ရေထုတ်ပြွန်တွေကို စပါးခင်းတွေ မပျက်စီးစေဖို့ လိုက်ပိတ်ခဲ့တယ်။

ဒါနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တွေက အဲဒီလယ်သမား ၁၄ ဦးကို
 ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ တရားစွဲဆိုပြီး လိုက်လံဖမ်းဆီးနေ
တာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

အခုလို လယ်သမားတွေက လိုက်လံ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပမယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းသွားဖို့ ရှိတယ်လို့လည်း ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေး
လုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်း
ဆီးနေကြောင်း စုံစမ်းသိရပါတယ်။

ဖုန်းကြိုတင်ငွေဖြည့်ကတ်များအား အွန်လိုင်းမှ ၀ယ်ယူဖြည့်သွင်းနိုင်ရန်စီစဉ်

ဖုန်းကြိုတင်ငွေဖြည့်ကတ်များအား အွန်လိုင်းမှ ၀ယ်ယူဖြည့်သွင်းနိုင်ရန်စီစဉ်

ကြိုတင်ငွေပေးကတ်စနစ်သုံး ဖုန်းများအတွက် အသုံးပြုသည့် ငွေဖြည့်ကတ်များအား အွန်လိုင်းမှ ၀ယ်ယူ
ဖြည့်တင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေ ကျပ်ငါးဘီလျံအထိ ထုတ်ချေးမည်

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (Small and Medium Enterprises-SMEs) လုပ်ငန်းများ အား အတိုးနှုန်း ၈.၅ ကျပ်နှုန်းဖြင့် ချေးငွေကျပ် ငါးဘီလျံအထိ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်းတစ်သောင်းကျော်ကို အရပ်ဘက်ဝန်ထမ်းအဖြစ်ပြောင်းလဲဖွယ်ရှိနေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ တာဝန်ထမ်းဆောင်နေ သည့် နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်သည် အရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ် ရှိကြောင်း အဆိုပါလုပ်ငန်းဌာနမှ အကြီးအကဲတစ်ဦးကဆိုသည်။ ““ဘာမှန်းမသိသေးဘူး။

ပြည်တွင်းရှိ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး သတင်းအချက်အလက်နည်းပညာဆိုင်ရာ အများပိုင်ကုမ္ပဏီတစ်ခုကို စတင်ဆောင်ရွက်

ပြည်တွင်းရှိ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ National Information and Communication Technology Public (NICTPCO) အမည်ရှိ အများပိုင်ကုမ္ပဏီတစ်ခုကို လုပ်ကိုင် ဆောင်ရွက်သွားရန် စီစဉ်ပြီးဖြစ်သည်ဟုသိရသည်။ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၈၀ ကျော်မှ ပူးပေါင်းပါဝင်ထားသော အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို ဦးတည်လုပ်ကိုင်သွားမည်ဟု ကုမ္ပဏီမှ အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးကပြောသည်။ 

ယနေ့မနက် ၉း၃၀ တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမစ္စတာဒဲရစ်မစ်ချဲလ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်တွေ့ ဆုံ

(Photo-88 Generation Students facebook page မှ)

စက်တင်ဘာ(၄)ရက်နေ့၊ နံနက် ၉း၃၀ နာရီခန့်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအချို့သည်၊ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ၈၈မျိုးဆက်ကျောင်းသားများ၏ရုံးသို့ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင်
များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့အား၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသောမင်း
ကိုနိုင်၊ကိုကိုကြီးနှင့်ကိုဌေးကြွယ်တို့ က လက်ခံတွေ့ဆုံခဲ့ကြသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃ နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည်

“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်း”အား JICA (Japan International Cooperation Agency)နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၃ ခုနှစ်အကုန်တွင် အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

Fruit Shoot For Android Game



Fruit Shoot Game လေးကို Android Device တွေမှာ ဖုန်းဝယ်တာနဲ့ ဆိုင်ကတခါတည်းထည့်ပေးလိုက်တာ
တွေ့ပါတယ်။အချို့ဖုန်းတွေမှာတော့ မပါဝင်ပါဘူး။ Fruit Shoot Game မရှိသေးတဲ့ သူငယ်ချင်းတွေအတွက်
ကစားလို့ရအောင်တင်ပေးလိုက်ပါတယ်ဗျာ။

သမိုင်းက ဒဏ်ခတ်လိမ့်မယ်


နိုင်ငံတော်သမ္မတကြီးရဲ့ အကြံပေးအဖွဲ့ရဲ့ အသံဗလံများ မကြားခဲ့ရတာ အတော်ကြာခဲ့ပါပြီ၊ ၂၀၁၂ မေလ
နောက်ဆုံးပတ်လောက်က အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီး
ပြည်သူလူထုကြီးကို ''ဖယောင်းတိုင် မီးထွန်းပြီး ချွေချွေတာတာ နေကြပါ'' ဆိုတဲ့သဘော တိုက်တွန်းပြောဆို အကြံပေးလိုက်ပြီးချိန်ကစပြီးအကြံပေးအဖွဲ့ရဲ့ အသံတွေလုံးဝဆိုသလို တိုးတိတ်ပျောက်ကွယ်သွားခဲ့ပါတယ်

Solar Charger For Android

Solar Charger



ဒီတစ်ခါမိတ်ဆက်ပေးမယ့် ဆော့ဝဲလေးက Android Device တွေကို မီးမလာတဲ့ အခါ Solar စနစ်နဲ့ချာဂျင်
သွင်းပေးတဲ့ဆော့ဝဲလေးပါ။Solar charger ဆော့ဝဲကိုအသုံးပြုဖို့အတွက် USB Cable (သို့) တခြား Device
တွေနဲ့ချိတ်ဆက်ထားဖို့မလိုပါဘူး။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS ရဲ့ ဥက္ကဌ ဦးအောင်မိုးဇော် ယနေ့ ရန်ကုန်မြို့ကိုရောက်ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးရှိ ကျောက်စိမ်းဒေသမှ လုယက်မှုတွေဖြစ်နေ

300ဇာတ်ဆောင် မင်းသား ဂျရတ် ဘတ္တလာနှင့် ရိုမေးနီးယားသူ မော်ဒယ်လ်၊ ရုပ်ရှင်မင်းသမီး မက်ဒလီနာတို့ ချစ်သူဖြစ်သွားကြပြီ

မျက်စိကွယ်စေနိုင်သော ရေတိမ်ရောဂါ ဖြစ်ပွားရခြင်း၏ အ ကြောင်းရင်း စင်ကာပူနိုင်ငံမှ သိပ္ပံပညာရှင်များက ဖော်ထုတ်တွေ့ရှိ

မြန်မာ့ လေကြောင်းမှ ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် ၂ စီးအား ၀ယ်ယူ

 
သြဂုတ်လ၃၁ရက်နေ့က မြန်မာ့ဆိပ် ကမ်းအာဏာ ပိုင်ရုံးမှာ ကျင်းပပြု လုပ် ခဲ့တဲ့ မြန်မာ့ လေကြောင်း ရဲ့ လေယာဉ် များ ပြည်တွင်း ပြည်ပ တိုးချဲ့ပြေးဆွဲနိုင်ရေး အတွက် ဈေးကွက် ဆိုင်ရာ ဆွေးနွေးပွဲ မှာ မြန်မာ့ လေကြောင်းမှ ဦးဆောင်  ညွှန်ကြားရေး မှူး ဦးသန်းထွန်း ရဲ့ ပြောကြားချက် အရ ဘရာဇီး လ်ငံထုတ်လေယာဉ်အသစ်၂စီး ကို မြန်မာ့ လေေ ကြာင်းမှ ၀ယ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါ တယ်။

ငြိမ်းချမ်းရေးရယူထားသော နာဂ NSCN(K) အဖွဲ့နှင့် နာဂ NSCN(L/M) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

 
တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေးရယူထားသော နာဂ NSCN(K) အဖွဲ့နှင့် နာဂ NSCN(L/M)အဖွဲ့တို့ ချန်လန်းမြို့ အနီး ကော့ထုံးကျေး ရွာတွင် သြဂုတ်(၃၀)ရက်နေ့က တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။