Pages

Sunday, August 26, 2012

ကေအိုင်အေမှ အောင်လော့ဒ်ကျေးရွာနေသူများအား သတ်မှတ်ချိန်အတွင်း သွားလာရန် ညွှန်ကြား

မြို့သစ်ကြီးကျေးရွာတွင် ရွာသားတစ်ဦး KIA တပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းနင်းမိ

ကေအိုင်အေတပ်ဖွဲ့များ တနိုင်းမြို့ပေါ်တွင် အရပ်သားယောင်ဆောင်၍ သွားလာလှုပ်ရှားနေ

 
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်နေရာတွေ မှာ ကေအိုင်အေတပ်မဟာ () မှ အဖွဲ့ ၀င်များ အရပ်ဝတ်များ ၀တ်ဆင်ကာ လှုပ်ရှားသွားလာလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။

မှတ်ပုံတင် အတုဖြင့် ကျပ်သိန်း ငါးထောင် ချေးငှားသည့်အမှု ၅ နှစ်ကြာပြီးနောက် ဖေါ်ထုတ်

အမည်ရင်း၊ မွေးသက္ကရာဇ် နှင့် အဖအမည်တို့ကို ပြင်ဆင်ထားသည့် မှတ်ပုံတင် အတုဖြင့် ဦးမျိုးနိုင်(ခ) ဦးမင်းကျော်ဇောက ငွေကျပ် သိန်း ၅ ထောင်ကို ၂၀၀၇ ခုနှစ်တွင် ချေးငှားခဲ့သည့် အမှုကို ယခုလ ၁၅ ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးခဲ့ကြောင်း မော်လမြိုင်မြို့ မြို့ခံများက ပြောသည်။ 

နောက်ဆုံးရရှိထားသော ဖားကန့် စစ်ပြေးဒုက္ခသည်စာရင်း


ကချင်ပြည်နယ်မှ နောက်ဆုံးရရှိထားတဲ့ စစ်ပြေးဒုက္ခသည်စာရင်းတွေဖြစ်ပါတယ်။

New D-Wave Facebook စာမျက်နှာနှင့် D-Wave စာစောင်တို့ သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူက တုံ့ပြန်


Facebook လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ပုဂ္ဂိုလ်ရေးအ ပုပ်ချမှုများကို လုပ် ဆောင်လာသောNew D-Wave Facebook  Account နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  မှ ထုတ်ဝေနေသော D-Waveစာစောင် တို့ သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအုန်းကြိုင် က
တုံ့ပြန်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင်မူ မိုးရွာသွန်းမှုယခင်ကထက် ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ပြောကြား

ရန်ကုန်၊ သြဂုတ်- ၂၆
ယမန်နေ့က ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှာ အိန္ဒိယ

ကမ်းခြေကိုလ်းကတ္တားမြို့အနီးတစ်ဝိုက်တွင်သာ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ မိုး
ရွာသွန်းမှုယခင်ကထက် ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှဒု
တိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင် ကြော်ငြာဆိုင်းဘုတ်များ မိမိအစီအစဉ်ဖြင့် ဖြုတ်သိမ်းရန် (YCDC) က သတင်းထုတ်ပြန်

ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင် ကြော်ငြာဆိုင်းဘုတ်များကို ယခုလကုန်တွင် မိမိအစီအစဉ်ဖြင့် ဖြုတ်
သိမ်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ယနေ့ထုတ်ပြန်လိုက်သည်။

မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်လျက်ရှိ

 
 မြန်မာ့စာတိုက်လုပ်ငန်းရဲ့ အရည်အသွေး မပြည့်ဝတဲ့ ဝန်ဆောင်မှုတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဌာနက ဒုတိယအထွေထွေ မန်နေဂျာတစ်ဦးက ပြောပါတယ်။

ပြည်ပတွင်သေဒဏ် ကျခံရသူတစ်ဦးနှုင့် မြန်မာနိုင်ငံ အကျဉ်းသားများ သမ္မတထံ အသနားခံ တောင်းစာ (ပေးစာ)

 
  အကြောင်းအရာ ။ ။ပြည်ပရောက် မြန်မာနိုင်ငံ အကျဉ်းသား/သူများ အား ပြည်တော်ြ ပန်နိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးပါ ရန်မေတ္တာရပ်ခံ၊ တင်ပြ၊ တောင်းပန်အသနား ခံခြင်း။

အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မောင်ထွန်းဟိန်း မှ လူကြီးမင်း ဆီသို့ စာရေးသားပြီး အကူအညီတောင်း၊ အသနားခံလိုက်ရပါသည်။

ကချင်နှင့် ရခိုင် ကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပ


 
 ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တခုကို  ရန်ကုန်မြို့ ပြည်လမ်းမ ရှိ တော်ဝင်စင်တာတွင် ယနေ့ သြဂတ်စ်လ ၂၅ရက်နေ့တွင် ကျင်းပ ခဲ့သည်။

အင်ဒိုနီးရှား ကြက်ခြေနီ အကူအညီပေးရေး အဖွဲ့တဖွဲ့ မြန်မာသို့ စေလွှတ်

 
 အင်ဒိုနီးရှား ကြက်ခြေနီ (Red Cross) အဖွဲ့မှ  အကူအညီ ပေးရေး အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်၏ ပဋိပက္ခအတွင်း ဒုက္ခရောက်နေကြသူများအား  ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရန် ယနေ့သြဂတ်(စ်)လ ၂၅ရက်နေ့က ထွက်ခွာ သွားပြီ ဖြစ်ကြောင်း The Jakartaglobe သတင်းတွင် ရေးသားသည်။

Samsung က Apple ကို ဒေါ်လာသန်း ၁ ထောင်ကျော် လျော်ရမည်



 အမေရိကန် နည်းပညာကုမ္ပဏီ Apple ရဲ့ ပြိုင်ဘက် တောင်ကိုရီးယားက Samsung Electronic ကုမ္ပဏီဟာ လက်ကိုင် မိုလ်ဘိုင်း ဖုန်းတွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်တော်တော်များများကို ချိုးဖောက်တယ်လို့ ဆိုပြီး Apple ကုမ္ပဏီ ကို နစ်နာကြေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ထောင်ကျော် ပေးရမယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ 

Android Optimizer



မိမိ Android  Device Information ကို ကြည့်လို့ရပါတယ်။ Device Scan လဲလုပ်လို့ရပါတယ်။ ကိုယ့်ရဲ့စက်
မှာ သွင်းထားတဲ့ Application တွေကို ဖြုတ်ပစ်တာ။ .apk ဖိုင် အဖြစ် backup ထားတာ တွေလဲလုပ်လို့ရပါ
တယ်။

Wifi Password သိမ်းထားနည်း(Using Wifi Passwords)


Password hack ဆော့ဝဲမဟုတ်ပါခင်ဗျာ။

မိမိရဲ့ Device မှာ ချိတ်ခဲ့သမျှ Wifi Passwords တွေကိုပြန်ကြည့်တာ။ သိမ်းပေးတဲ့ဆော့ဝဲ ဖြစ်ပါတယ်။

ကိုယ်သိလိုတဲ့ Wifi လိုင်းရှိတဲ့ နေရာမှာ ကိုယ့်သူငယ်ချင်းက သူ့ရဲ့ Wifi password ကို ရိုက်ပြိး အင်တာ
နက် ရမရစမ်းပြလိုက်တာနဲ့ ဒီ ဆော့ဝဲလေးက Wifi password ကို  အလိုလျှောက်သိမ်းပေးလိုက်မှာပါ။

Wifi သုံးသူတွေ မရှိမဖြစ်လိုအပ်တဲ့ Wifi Protector



ပြင်ပမှာ WIFI သုံးနေတဲ့ သူငယ်ချင်းများ အတွက် လိုအပ်မယ် Wifi Protector ဆော့ဝဲလေးကိုမျှဝေပေး
လိုက်ပါတယ်။WIFI သုံးနေစဉ်မှာ  Privacy and Safety ရှိဖို့လို အပ်ပါတယ်။ ကိုယ်ချိတ်ဆက်ထားတဲ့Network
 မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ မသိနိုင်ပါဘူး။

ပါတီတွင်းပြဿနာများ ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းမယ်လို့ NLD ပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးကို မတက်ခဲ့ရောက်ဘဲ ရန်ကုန်မြို့ ရွှေဂုံတိုင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ် ရုံးချုပ်မှာ ညနေပိုင်းမှာ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို တက်ရောက်ခဲ့ ပါ
တယ်။

Microsoft ၏ ကုမ္ပဏီအမှတ်တံဆိပ် ပြောင်းလဲ

Microsoft ၏ ကုမ္ပဏီအမှတ်တံဆိပ် ပြောင်းလဲ

Microsoft ကုမ္ပဏီသည် ၎င်းတို့၏ အမှတ်တံဆိပ်ကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲလိုက်
ပြီ ဖြစ်သည်။ Microsoft သည် ၁၉၈၇ ခုနှစ်နောက်ပိုင်းတွင် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ပထမဆုံးအကြိမ်
ပြောင်းလဲမှတ်ပုံတင် အသုံးပြုခြင်းဖြစ်သည်။

လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သည့် အမ်းစထရောင်း ကွယ်လွန်

လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သည့် အမ်းစထရောင်း ကွယ်လွန်

 လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သည့် အာကာသယာဉ်မှူး နေးလ် အမ်းစထရောင်း ကွယ်လွန်သွားပြီဖြစ်
ကြောင်း NBC News က အတည်ပြုပြောကြားသည်။ အမ်းစထရောင်းသည် ၁၉၃၀ ခုနှစ် သြဂုတ် ၅ရက်တွင်
 မွေးဖွားခဲ့ပြီး ယခု ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်အရွယ်ရှိပြီ ဖြစ်သည်။