Pages

Saturday, August 4, 2012

Bat files နည်းပညာ(၁)



Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ကျွန်တော်ကိုယ်တိုင်မသိခင်
က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ 

Cracker Software for Admin


 Myanmar Cracker များအတွက် ဆော့ဝဲလေးပါ။ရွေကိုရံတော် ဘလော့ကနေယူလာတာပါ။cracker တွေသုံးသင့်တဲ့ ဆောင်ထာ
းသင့်တယ် password တွေတော်တော်များများကို crackလုပ်လို့လည်းရတယ် ။

ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့နေရာ အတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် လျာထား

ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့နေရာ အတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် လျာထားကြောင်း နေပြည်တော် အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်

Photo: ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ရိပ်သာကို ဒီကနေ့ သွားရောက်ပြီး ငြိမ်းချမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး
 ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ 

အဲဒီအခမ်းအနားဟာ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ လိုအပ်နေတဲ့
 ငြိမ်းချမ်းရေး ကိစ္စတွေမှာ ခရစ်ယာန် အသင်းအဖွဲ့တွေ အနေနဲ့ ဘယ်လို
အခန်းကနေ ကူညီပါဝင် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို အဖြေရှာ
 ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လူတိုင်းက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားခဲ့ပါတယ်။

"ဘယ်ကောင်စီမဆိုပေါ့နော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးစားတယ်
ဆိုလို့ ရှိရင်တော့ အန်တီတို့ကတော့ ကျေးဇူးတင်တာပဲ။ လူတိုင်းက အားလုံး ၀ိုင်းပြီးတော့ ကြိုးစားပေးရမယ်လို့ ယုံကြည်လို့ပါ။"

အခမ်းအနားကို ကမ္ဘာ့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၊ အာရှ
ခရစ်ယာန် အသင်းတော်များ ကောင်စီနဲ့ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီတို့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
(Photo: NLD)
(Photo: NLD)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှာသတင်းစားရှင်းလင်းပွဲပြုလုပ်


Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည့်ဝန်ကြီးများ၊ ဘူးသီတောင်နှင့် စစ်တွေထောင်တို့တွင် ရခိုင်အရေးနှင့် စပ်လျဉ်း၍ ထိန်းသိမ်းထားသည့် ယူအင်န်လက်အောက်ခံအဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုတို့မှ ၀န်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများ၊ မွတ်စလင်များနှင့် တွေ့ဆုံခဲ့မှုများ၊ အမြစ်တွယ်နေသည့် အမုန်းတရာများ၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရေး၊ ကြားသိခဲ့ရသောစွပ်စွဲချက်များကို မိမိအနေဖြင့် အချိန်မီ စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ရခိုင်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စွပ်စွဲပြောဆိုချက်များကို လွတ်လပ်စွာစုံစမ်းစစ်ဆေးရန်၊ အဓိကရုဏ်းများဒဏ် ခံစားခဲ့ရသည့် လူအဖွဲ့အစည်းနှစ်ခုလုံးအား ပြန်လည်ထူထောင်ရာတွင် ခွဲခြားမှု မရှိဘဲ ပေါင်းစပ်ထူထောင်ရန်၊ ရခိုင်ဗုဒ္ဓဘာသာဝင်များကြားတွင် ခံစားနေရသည့် ယူအင်န်၊ အိုင်အင်န်ဂျီအိုများ၏ ခွဲခြားဆက်ဆံမှုကို ဖြေရှင်းရန်၊ ယခုခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအစိုးရအား ကျေးဇူးတင်ပါကြောင်း အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။ 

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော ၁၉၈၂ ခုနှစ် 
နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားက တိုက်တွန်းပြောဆိုလိုက်သည်။

ရခိုင်အရေး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်းပွဲလုပ်မည်



ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သော ၈၈ ကျောင်းသားအဖွဲကသည် မနက်ဖြန်  သြဂုတ်လ ၅ ရက် ညနေ ၃ နာရီတွင် ၈၈ ရုံးခန်း၌ သတင်းစာ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ၄င်းတို့ တွေ့မြင် ကြားသိခဲ့ရသော အချက်များ နှင့် သုံးသပ်ချက်များကို ရှင်းလင်းပွဲပြုလုပ်သွားမည်ဟု သိရှိရပါသည်။

လန်ဒန် အိုလံပစ် မီတာ ၄၀၀ အပြေး ပြိုင်ပွဲမှာ မြန်မာရှုံး



လန်ဒန် အိုလံပစ် ၂၀၁၂ မီတာ ၄၀၀ ခြေရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကိုသက်ဇော်ဝင်းက ပြေးနေရင်းတန်းလန်း နောက်ဆုံးမှာ ကျန်ရစ်ခဲ့ပြီး ပန်းအ၀င်ကိုလည်း တော်တော်လေး ပြတ်ပြီး အဆုံးသတ်ကျမှ ၀င်ခဲ့ပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်းပြီးပြီ

Photo
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ဖွဲ့စည်းခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို 


သြဂုတ်လ(၄)ရက်နေ့ မွန်းလွဲ(၁)နာရီက ဗိုလ်တထောင်ဘုရားလမ်းရှိ အော့ခစ် ဟိုတယ်တွင်ကျင်းပခဲ့သည်။ 

“စိတ်စွမ်းအင် ပညာရှင်တစ်ဦး နေပြည်တော်တွင်အခမဲ့ စွမ်းရည်ပြမည်

Photo


နပြည်တော်ဒေသတွင်းရှိ စာသင်ကျောင်းများ မှကျောင်းသူ၊ကျောင်းသားများကို သက်ဆိုင်ရာ၏ 

ခွင်ပြုချက်ဖြင့် အခကြေးငွေ မယူဘဲမ်ွမ်းအင် ပြသမည်ဟု ဆရာကြီးငြိမ်းခ
ျမ်းအောင်က 

ဂျာနယ်သို့ပြောသည်။

The Voice Journal နှင့် Envoy Journal တို့အား နှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဟု သမ္မတရုံးမှပြောကြား


ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့် Envoy Journal တို့အား လာမည့် နှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ၄ နာရီကြာ တွေ့ဆုံ

Photo: သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး
ခဲ့ကြ ပါတယ်။

(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး website)
(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး website)
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ယနေ့(သြဂုတ်၎ရက်) နံနက်၉နာရီမှ မွန်းလွဲ ၁နာရီ၁၅မိနစ်ထိ လေးနာရီကျော်ကြာ သမ္မတကြီး၏ လယ်တောရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

မီဒီယာကိစ္စပြေလည်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြော

မီဒီယာများက တာဝန်ယူမှု၊ တာဝန်ရှိမှု ရှိရန်နှင့် တည်ငြိမ်မှုမထိခိုက်စေဘဲ ဆောင်ရွက်ရန် လိုကြောင်းလည်း သမ္မတကပြောသည်ဟုဆိုသည်။ရန်ကုန်၊ သြဂုတ် - ၄ မီဒီယာကိစ္စပြေလည်သွားမည်ဟု နိုင်ငံတော်သမ္မတက ယနေ့ (သြဂုတ် ၄ ရက်) ပါတီ ၁၄ ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဂျာနယ်အချို့ ထုတ်ဝေခွင့် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၏ အမေးကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း ဦးသိန်းညွန့်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း တာဝန်မှ ရပ်စဲခံရ



ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း နေရာတွင် ယခင် အစိုးရလက်ထက် က မွေး/ရေဝန်ကြီးဟောင်းဦးမောင်မောင်သိမ်း အား ပြောင်းလဲ တာဝန်ပေးအပ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ်ဦးထံမှ သိရသည်။

အထူးသတင်း

 မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် ပြသနာအတွင်း မွတ်စလင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ


ဝင် မွတ်စလင်ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တကမ္ဘာလုံးရှိမွတ်စ 


လင် hacker  များ ပူးပေါင်း ကာ မြန်မာပြည်အား DDos  နည်းပညာဖြင့် သြဂုတ်လ (၆) ရက်နေ့တွင်


 Cyber Attack ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 

Facebook မှတစ်ဆင့် ဟန်းဆက်များ ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူနိုင်


နောက်ဆုံးပေါ် ဟန်းဆက်များကို Facebook စာမျက်နှာမှတစ်ဆင့် ဝယ်ယူနိုင်မည့် အစီအစဉ်ကို 7Day Shopping Guide Journal နှင့် Today's Mobile ဖုန်းအရောင်းဆိုင်တို့ ပူးပေါင်းတင်ဆက်ထားကြောင်း သိရသည်။

အရစ်ကျစနစ်ဖြင့် GSM / WCDMA မိုဘိုင်းလ် တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်း များသို့ အသိပေးတင်ပြချက်


၁။    မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် နေပြည်တော် အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး တွင် တာဝန် ထမ်းဆောင် လျက်ရှိသော ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံ့ ဝန်ထမ်းများ အနက်မှ အရစ်ကျ စနစ်ဖြင့် မိုဘိုင်းလ် တယ်လီဖုန်း ကိုင်ဆောင် သုံးစွဲလိုသည့် ဝန်ထမ်းများအား

တေးရေး၊ တေးဆို အရိုးနှင့်တွေ့ဆုံခြင်း


ပရိသတ်တွေရဲ့ ရင်ကို စာပေ အရေးအသားတွေ နဲ့ရော၊ သီချင်း စာသားတွေ နဲ့ပါ ထိအောင် ပစ်နိုင်တဲ့ တေးရေး၊ တေးဆို၊ စာရေးဆရာ တစ်ယောက် ကတော့ အရိုး ပါပဲ။ ပေါ်ပြူလာ နဲ့ အရိုး မဆုံဖြစ်တာ နည်းနည်း ကြာခဲ့ပြီ။

အနုပညာ သက်တမ်း လေးနှစ် အတွင်းမှာ ဖွေးဖွေးရဲ့ မမေ့နိုင်တဲ့ အမှတ်တရ


ရယ်သံ မထွက်တဲ့ မျက်ရည်စက် ဆိုတဲ့ ဇာတ်ကားမှာ ပရဟိတ အနေနဲ့ အကူ အညီ တွေပေး တဲ့သူ တစ်ယောက် အဖြစ် ဖွေးဖွေးက သရုပ်ဆောင် ထားပါတယ်။ 

ဒဂုံအရှေ့တွင် တာတမံ ပိတ်ဆို့မှုကြောင့် လယ်ဧက ၂၀၀၀ နီးပါး ရေနစ်မြုပ်



ရန်ကုန်၊ သြဂုတ် ၃

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မလစ် အရှေ့ကျေးရွာ အုပ်စုမှ လယ်မြေများ၏ ရေစီးဆင်းရာ လမ်းကြောင်းများရှိ တာတမံများ ပိတ်ဆို့ ထားမှုကြောင့် စိုက်ပျိုးပြီး လယ်ဧက ၂၀၀၀နီးပါး ရေနစ်မြုပ်ကာ စပါးပင်များ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မလစ်ကျေးရွာမှ လယ်သမားများက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ထပ်မံဖွင့်လှစ်ရန်စီစဉ်



ရန်ကုန် သြဂုတ်လ ၃ ရက်

ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ကိုထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်


ဘားအံမြို့ မှ ရေဘေးဒုက္ခသည်များ (ဓါတ်ပုံ-မြ၀တီသတင်း)
ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

စစ်တွေသို့ ယနေ့ ရောက်ရှိလာသည်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဟုတ်ဘဲ ဒုသမ္မတ စိုက်မောက်ခမ်းဖြစ်နေ



စစ်တွေသို့ ယနေ့ ရောက်ရှိလာသည်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဟုတ်ဘဲ ဒုသမ္မတ စိုက်မောက်ခမ်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်

ယခင် နစကမှူး ဗိုလ်မှူးချုပ် အောင်ကြီး အစ္စလာမ်ဘာသာဝင်များအား ဘွဲ့ခေါင်းပေါင်းများ ချီးမြှင့်နေစဉ်။ ယခုလို ဘာသာရေး ပွဲလန်းသဘင် တစ်ခု လုပ်ခွင့်အတွက် ကျပ်သိန်း ရာချီ၍ ပေးရကြောင်း သိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေကို အသီးသီး ချမှတ်ထားပေမယ့် အဲသလို  ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့  တရားရုံး ရှေ့နေ တစ်ဦးက ပြောပါတယ်။

တံငါနားနီး တံငါ


'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့် ကိုယ်ကိုယ်ခိုင်းရမယ်၊ အဲဒီလိုမှမခိုင်း ခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်း တာတွေကို လုပ်ပေးရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးတယ်။ 

ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကိုဖမ်းမိ





ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲ့ ကဖမ်းဆီးပြီး ယနေ့ညနေပိုင်းတွင်
မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိ ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။