Pages

Friday, August 3, 2012

ဝတပ်ဖွဲ့များနှင့် ရှမ်းပြည်တောင်ပိုင်း ယွက်ဆစ်ရဲ့တပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်မူများဖြစ်ပွား


ဇူလိုင်လလယ်ပိုင်းတွင် Wa တပ်ဖွဲ့များ လှုပ်ရှားနေသည့် ရှမ်းပြည်တောင်ပိုင်း ဓည၀တီ - ဆန်စု လွယ်မွန်တောင်သို့ ရှမ်းပြည်တပ်
မတော်တောင်ပိုင်း ယွက်ဆစ်၏ တပ်ဖွဲ့များ နယ်မြေချဲ့ထွင် ၀င်ရောကလာမှုကြောင့် Wa တပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်း ရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ်မှာ ဒေသခံတွေနဲ့ ထပ်မံတွေ့ဆုံ

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ် ကော့မှုးမြို့နယ်ကို  သွားရောက်ပြီး ဒေသခံတွေနဲ့
 တွေ့ဆုံခဲ့ပါတယ်။

ကော့မှုးမြို့နယ်က မဟာဝိဇောဓရ ကျောင်းတိုက်မှာ ၀ါးဘလောက်သောက် 
 ကျေးရွာ အုပ်စုက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ကြသလို  လယ်သမားတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆည်မြောင်းတာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့  တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတစ်ခေါက် ခရီးစဉ်ဟာ   နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက်ပြီးနောက်ပိုင်း သူ့ရဲ့ မဲဆန္ဒနယ်မြေကို လာရောက်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် လယ်သမားတွေအရေးကို လွှတ်တော်မှာ တင်ပြနိုင်ဖွယ်ရှိတယ်လို့ အများက သုံးသပ်ပြောဆိုနေကြ ပါတယ်။


ရန်ကုန်မြို့ အိတ်စ်တူးအို သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု တရားခံလို့စွပ်စွဲခံရတဲ့ ကိုဖြိုးဝေအောင်ပြန်လွတ်ပြီ



၂ဝ၁ဝ ခုနှစ်က ရန်ကုန်မြို့ အိတ်စ်တူးအို သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ UDP က ထုတ်ဝေတဲ့ စာစောင် အတွက် တင်ထားတဲ့ငွေ ၅ သိန်းကို ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက သိမ်းယူ

Photo: မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ UDP က ထုတ်ဝေတဲ့ စာစောင်ဟာ
 နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရေးသား
 ဖော်ပြထားတယ်  ဆိုပြီး ပါတီထုတ်ဝေခွင့် အတွက် စပေါ် တင်ထားတဲ့
 ငွေ ၅ သိန်းကို ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက သိမ်းယူလိုက်ပါတယ်။

 UDP ပါတီရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ဒိုင်ဗားစတီး စာစောင် မျက်နှာဖုံး ဖော်ပြချက် နဲ့ ရေးသားချက်တွေဟာ စာပေစိစစ်ရေးက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့ အတွက်ကြောင့် အရေးယူရတာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ
 ရေးသားထားပါတယ်။ 

UDP ပါတီ အနေနဲ့ ဒီ စာစောင်ကို ပြန်လည် ထုတ်ဝေမယ်ဆိုရင် နောက်ထပ် စပေါ်ငွေ ၅ သိန်း ပေးသွင်း ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ
 ဖော်ပြထားပါတယ်။

UDP ပါတီ ရဲ့ ဒိုင်ဗားစတီး စာစောင် မျက်နှာဖုံး ဖော်ပြချက်မှာ ဝန်ထမ်းတွေ အကျင့်ပျက် လာဘ်ယူနေတာကို သိလျက်နဲ့ အရေးမယူတဲ့ အစိုးရကို နောက်တကြိမ် မဲပေးမမှားကြဖို့ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ လအတွင်း ဆန္ဒပြခွင့် နည်းဥပဒေကို လွှတ်တော်က အတည်ပြုပေးခဲ့ ပြီးနောက် မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ UDP ဟာ ပထမဦးဆုံး အဖြစ် ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်ပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်
မှာ လယ်မြေတွေ အဓမ္မ သိမ်းယူခဲ့တဲ့ ကုမ္ပဏီတွေကို ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ရေးတဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” စာအုပ် မိတ်ဆက်ပွဲ မြေနီကုန်းရှိ ဒဂုန်စင်တာ 2 မှာကျင်းပ

Photo: ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ရေးတဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” စာအုပ် မိတ်ဆက်ပွဲနဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့မြေနီကုန်းရှိ ဒဂုန်စင်တာ 2 မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ 

ဒီစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားမှာ စာရေးဆရာဖေမြင့်၊ အယ်ဒီတာ
 ဇော်သက်ထွေး နဲ့ ဒါရိုက်တာ ကြည်ဖြူရှင် တို့က ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ဝတ္ထုအပေါ် သူတို့ရဲ့ အမြင် သဘောထားတွေ၊ အကဲ ဖြတ်ချက်တွေကို ပြောဆိုခဲ့ကြပါတယ်။

 ဒီ “မိုးကောင်းကင်၌တိမ်တိုက်များ” စာအုပ်ဟာ ထောင်ထဲမှာရေးတဲ့ စာအုပ်ဖြစ်ပေမယ့် ထောင်အကြောင်း တခုထဲကို ရေးထားတဲ့စာအုပ် မဟုတ်တဲ့အကြောင်း ကိုမြအေးက ပြောပါတယ်။

“မိုးကောင်းကင်၌တိမ်တိုက်များ” မိတ်ဆက်ပွဲနဲ့ လက်မှတ်ရေးထိုးပွဲ
အခမ်းအနားကို စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊
 ကျောင်းသားတွေနဲ့ စာဖတ်ပရိတ်သတ်တွေ တက်ရောက်ခဲ့ပါတယ်။ 

ဒီစာအုပ်ကို ဒါရိုက်တာကြည်ဖြူရှင်က ရုပ်ရှင်ရိုက်ကူးဖို့ ဝယ်ယူထားတယ်လို့ သိရပါတယ်။


၁၉၉၀ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ သမ္မတ ပထမဆုံးအကြိမ်တွေ့မည်


သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ ပျဉ်းမနားနေပြည်တော်ကို အရောက်သွားရမယ်လို့ စုံစမ်းသိရှိရပါတယ်။

ရန်ကုန်ရှိ ရခိုင်များ UNHCR ရုံးရှေ့တွင် ဆန္ဒပြ

ရန်ကုန်မြို့ပေါ်ရှိ ရခိုင်လူမျိုး ၅၀ ဦးခန့် သည် ယနေ့သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် မြေနီကုန်းရှိ


UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ 

Playboy မော်ဒယ်လ်ဖြစ်လာသည့် ပထမဆုံး အိန္ဒိယသူ

နာမည်ကျော် Playboy မဂ္ဂဇင်း၏ မော်ဒယ်လ်ဖြစ်လာသော ပထမဆုံး အိန္ဒိယသူ ချော်ပရာ (Chopra) အား
CNN က မိတ်ဆက်ခဲ့သည်။

Planet Myanmar Media

ဝန်ကြီးဦးစိုးမြင့်ကိုယ်တိုင် ညှိနှိုင်းပေးရဦးမည့် မိုးထိမိုးမိရွှေလုပ်သားကိစ္စ



မိုးထိမိုးမိဒေသတွင် အမျိုးသားကီးပွားတိုးတက်ရေးကုမ္ပဏီမှဖောက်ဖျက်သော စာချုပ်ပါ စည်းကမ်းများအာ

မနလေးတိုင်း သစ်တောနှင့်သတ္တုတွင်းဝန်ကီး ဦးစိုးမြင့်မှ ဒုတိယအကိမ် လာရောက်ဖြေရှင်းပေးမည်ဟု ရွေ

လုပ်သားများထံက သိရှိရသည်

ယခင်နှစ်ပတ်ကထက် ရွှေဈေးကျပ်ခုနှစ်ထောင်ဝန်းကျင် မြင့်တက်



ပြည်တွင်းရေဈေးနန်းများမှာ လွန်ခဲ့သောနှစ်ပတ်ကထက် ရေတစ်ကျပ်သားလျှင် ကျပ် ခုနှစ်ထောင်ဝန်းကျင်   မြင်တက်လာသော်လည်း အရောင်းအဝယ်လျောကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့ရှိ ရေကုန်သည်ကီးမျာ
က ဆိုသည်

မြန်မာ့ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်


မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂ ရက်နေ့အထိ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေး အဖွဲဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group မှ The Voice Weekly သို့ပြောကြားသည်။

ချင်းတို့မြေက လုံရူးပွဲတော်


ချင်းပြည်နယ်မှ ရိုးရာပွဲတော် တခုကို တွေ့ မြင်ရစဉ်

အရွက်တဖားဖားနှင့် စိမ်းလန်းနေသော ပြောင်းဖူးခင်းထဲတွင် သစ်သားတိုင်ကလေးကိုးခုကို အစီအရီ စိုက်ထူထားသည်။သည်သစ်
သားတိုင်များသည် အသက် ၇၀ ကျော် ချင်းအဘိုးအို ဦးရှယ်လျမ်းဂေအတွက်တော့ ဂုဏ်ယူဖွယ် အမှတ်သင်္ကေတများပင်ဖြစ်သည်။ သူ့ဘ၀တစ်လျှောက်တွင် ဇာတိမာန်၊ မျိုးရိုးမာန်ကို မြှင့်တင်ပေးခဲ့သည့် ပြယုဂ်ဟုလည်း ဆိုနိုင်သည်။

မြေနီကုန်း မီးပွိုင့်အနီး ဝါဆိုလပြည့် နေ့လည်က ယာဉ် ငါးစီးဆင့် တိုက်မှုဖြစ်


ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာ ထူထပ်သော မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမို ကြန့်ကြာသွားစေခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲ မြို့နယ်တွေရှိ ဒေသခံ တွေရဲ့အခက်ခဲတွေ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကွင်းဆင်း လေ့လာ

Photo: ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲ မြို့နယ်တွေမှာ အခက်အခဲ တွေ့နေတဲ့
 ဒေသခံ တိုင်းရင်းသားတွေရဲ့ အခြေအနေကို ၈၈ မျိုးဆက်
 ကျောင်းသားများအဖွဲ့က ကွင်းဆင်း လေ့လာနေတယ်လို့ သိရပါတယ်။ 

ဒီခရီးစဉ်မှာ- အဖွဲ့ခေါင်းဆောင် ကိုကိုကြီးနဲ့အတူ ကိုဇော်မင်း (ခေါ်)
 ဘောင်းဘောင်း၊ မနီလာသိန်း နဲ့ မမီးမီးတို့ လိုက်ပါသွားပြီး ဒီနေ့ နေ့လည်မှာ ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ကျေးရွာအုပ်စုကို
 ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

မနေ့ညကတော့ ရမ်းဗြဲမြို့မှာ ဒေသခံတွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး
 ဒေသတွင်း အခြေအနေ တွေကို မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။ 

အခု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သွားရောက်ခဲ့တဲ့ ကျောက်နီမှော်
 ဒေသဟာ ရခိုင်ပြည်နယ် အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့တဲ့ ရာဇဝတ်မှု စတင်ခဲ့ရာ ဒေသ
 ဖြစ်ပါတယ်။

(Photo: 88 Students Generation)


ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေအတွက် ရွှေမင်းသား ဖေါင်ဒေးရှင်းက ဂျိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်တွေလှု

Photo: ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေ
အတွက် ဂျိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်ကို ရွှေမင်းသား 
 ဖေါင်ဒေးရှင်းက ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကနေတဆင့် ဒီနေ့လှူဒါန်းလိုက်ပါတယ်။

 ပြီးခဲ့တဲ့လက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်တွေ ကချင်ဒုက္ခသည်
စခန်းတွေကိုသွားရောက် လေ့လာပြီးတဲ့နောက် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်
ကို သိခဲ့ရတဲ့အတွက် အလှူရှင်ရှာခဲ့တဲ့အခါမှာ ရွှေမင်းသားဖေါင်ဒေးရှင်းက အခုလို လှူဒါန်းလိုက်တာပါ။

ဂျိုင်းထောက် အခု ၃၀ နဲ့ ဘီးတပ်ကုလားထိုင် ၃ လုံးကို ဖေါင်ဒေးရှင်းဥက္ကဌ ဦးမြတ်သူဝင်းနဲ့ အမှုဆောင်အဖွဲ့ဝင် အဆိုတော် ဂျေညီညီတို့က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ လာရောက်လှူဒါန်း တာ
 ဖြစ်ပါတယ်။ 

ဒီပစ္စည်းတွေကို ဒုက္ခသည်တွေဆီအမြန်ဆုံးရောက်အောင် ပေးပို့မယ်လို့
လည်း သိရပါတယ်။
(Photo: 88 Students Generation)