Pages

Thursday, August 2, 2012

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေး အဆင့်မြင့်တင်ဖို့အတွက် ငွေကြေးလိုအပ်တယ်လို့ မင်္ဂလာမြန်မာအဖွဲ့ ကပြောဆို

Photo: တက္ကသိုလ်ပညာ အဆင့်မြင့်ရေး ငွေကြေးလိုအပ်တယ်လို့ မင်္ဂလာမြန်မာပြောဆို

မြန်မာနိုင်ငံရဲ့ပညာရေးအဆင့်မြင့်လာဖို့ ဆောင်ရွက်တဲ့နေရာမှာ တက္ကသိုလ် ဆရာဆရာမတွေရဲ့အရည်အချင်းမြှင့်တင်ရေးကတဆင့် ကျောင်းသူကျောင်းသားတွေ အတွက် သင်ကြားပို့ချတဲ့ အရည်အသွေးကောင်းလာဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့  ပထမခြေလှမ်း အဖြစ် နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း မင်္ဂလာ မြန်မာ အဖွဲ့ရဲ့ ညွန်ကြားရေးမှူး
 ဒေါက်တာဖုန်းဝင်းကပြောပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ရံပုံငွေအမြောက်အများလည်းလိုအပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှုးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်အောင်ဆန်းစုကြည်ကလည်း တက္ကသိုလ်ပညာရေး နိုင်ငံတကာ အဆင့်မှီဖို့ ဆိုရင် တက္ကသိုလ်တွေကို ပညာရေးဝန်ကြီးဌာနရဲ့ ချုပ်ချယ်မှု ကနေ လွတ်လပ်ခွင့်ပေးဖို့လိုတယ်လို့ဆွေးနွေးတင်ပြသွားပါတယ်။

ထိုင်းအခြေစိုက် မြန်မာ့ပညာရေးသုတေသီ မောက္ခ မဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်ကလည်း မြန်မာနိုင်ငံမှာ ၁၉၆၀ခုနှစ် မတိုင်ခင်ကာလတွေက လွတ်လပ်တဲ့ တက္ကသိုလ်များကောင်စီ၊ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ရှိခဲ့တယ်လို့ ပြောပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ 

http://soundcloud.com/burmeserfa/hvmmfbvegkv2

မြန်မာနိုင်ငံရဲ့ပညာရေးအဆင့်မြင့်လာဖို့ ဆောင်ရွက်တဲ့နေရာမှာ တက္ကသိုလ်
ဆရာဆရာမတွေရဲ့အရည်အချင်းမြှင့်တင်ရေးကတ
ဆင့် ကျောင်းသူကျောင်းသားတွေ အတွက် သင်ကြားပို့ချတဲ့ အရည်အသွေးကောင်းလာ
ဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့ ပထမခြေလှမ်း အဖြစ် နိုင်ငံ
တကာတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း မင်္ဂလာ မြန်မာ အဖွဲ့ရဲ့ ညွန်ကြားရေးမှူးဒေါက်တာဖုန်းဝင်းကပြော
ပါတယ်။ 

သတင်းလွတ်လပ်ခွင့် ကော်မတီ အစည်းအဝေး သို့ စာပေစိစစ်ရေး ၀န်ထမ်းတစ်ဦး တိတ်တဆိတ်တက်ရောက်


ယမန်နေ့က ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်သော သတင်းလွတ်လပ်ခွင့် ကော်မတီ( ယာယီ)ဖွဲ့စည်းသည့် အခမ်းအနားတွင် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ ၀န်ထမ်းတစ်ဦး တိတ်တဆိတ် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မီဒီယာသမားများထံမှသိရသည်။

ကျိန်ခရန်ကျေးရွာနှင့် တန်ဖဲကျေးရွာ ( မြစ်ဆုံဒေသ)တွင် သစ်ခိုးထုတ်ယူခြင်း




အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး- Myitung Naw Ja နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူး La Ram တို့ဦးဆောင်ပြီး အောင်းမြင်သာ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက် ပြုလုပ်ရန် အကြောင်းပြ လိမ် လည် ပြောဆိုပြီးသစ်ခိုးထုတ်နေကြောင်း
သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီးတွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စ က်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် ကျပ်သန်းပေါင်း နှစ်ထောင်ကျော်ဆုံးရှုံး

 ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံအတွင်းနေရာကိုတွေ့ရစဉ်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ငါးမိုင်အကွာ၊ ရေတွင်းကျေးရွာအနီးရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံတွင် ယနေ့(သြဂုတ် ၁ရက်) မွန်းလွဲမှ စတင်ကာ လေးနာရီကျော်အကြာ မီးလောင်ပေါက်ကွဲမှုကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၂၂၁၆ သန်းပျက်စီးဆုံးရှုံး
ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

တက္ကသိုလ်ကျောင်းသားများနှင့် ကျေးရွာသားများရန်ပွဲအချိန်မီထိန်းသိမ်းနိုင်


မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနောက်ပိုင်းနေထိုင်သူ မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင်ပအဆောင်နေ ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား



စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) 

ခု၌ပြဿနာဖြစ်ပွားခဲ့ သည်ဟုရခိုင်ပြည်နယ်စစ်တွေမြို့နယ်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်

က ပြောသည်။

ခရစ်ယာန်ဘာသာဝင်များအတွက် Edifi Tablet ကွန်ပျူတာ

ခရစ်ယာန်ဘာသာဝင်များအတွက် Edifi Tablet ကွန်ပျူတာ

ခရစ်ယာန်ဘာသာဝင်များအတွက် ရည်ရွယ်ထားသည့် Edifi အမည်ရှိ tablet ကွန်ပျူတာတစ်မျိုးကို ထုတ်လုပ်လိုက်ပြီး အမေရိကန်တွင် မကြာမီ စတင်ရောင်းချသွားမည်ဖြစ်သည်။ Android OS အသုံးပြုထားပြီး ၇ လက်မ screen အရွယ်အစားရှိသည့် အဆိုပါ tablet ကွန်ပျူတာကို ၁၄၉ အမေရိကန်ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ဒုတိယ၀ါဆိုလပြည့်နေ့ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ဘုရားပေါ် မြင့်ကွင်းများ


Photo

ဝါဆိုလပြည့်နေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သောကြောင့် ရွှေတိဂုံဘုရား၊ ခြောက်ထပ်ကြီးဘုရား

သည့် ဘုရားစေတီများတွင် ဥပုသ်သီတင်း ဆောက်တည်သူများ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကား

သကဲ့သို့ Happy World ၊ ပြည်သူ့ရင်ပြင် စသည့် နေရာများတွင်လည်း အပန်းဖြေ လာရောက်သူများဖြင့် 

စည်ကားလျက်ရှိကြောင်း တွေ့ရှိရသည်။

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ရေနွေးအိုးတည်ရာမှ ဓါတ်လိုက်သေဆုံးမှုတစ်ခုဖြစ်ပွား

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ဇူလိုင်လ(၃၀)ရက်နေ့ မနက်ကိုးနာရီခွဲ ၀န်းကျင်ခန့်တွင် အသက်(၄၀)


ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၃ ခုနှစ် Campari ပြက္ခဒိန်အတွက် ပင်နီလုပ်ခရုဇ် ဓာတ်ပုံအရိုက်ခံ

၂၀၁၃ ခုနှစ် Campari ပြက္ခဒိန်အတွက် ပင်နီလုပ်ခရုဇ် ဓာတ်ပုံအရိုက်ခံ

ကမ္ဘာပေါ်တွင် ဆွဲဆောင်မှု အားအကောင်းဆုံး ပြက္ခဒိန် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် Campari ပြက္ခဒိန်အတွက် ပင်နီလုပ်ခရုဇ်က ဓာတ်ပုံအရိုက်ခံခွင့် ရရှိခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ဖွဲ့စည်း


သြဂုတ်လ(၁)ရက်နေ့ ညနေပိုင်းက တော်ဝင်နှင်းဆီစာသောက်ဆိုင်တွင် သတင်းမီဒီယာသမားများတွေ့


ဆုံဆွေးနွေးကြပြီးနောက် သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း


သိရသည်။

ရန်ကုန် စီး/ကူးရုံးတွင် ကားလိုင်စင် လာရောက်လျှောက်ထားသူများလာ


ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နောက်ချန်ရုံးတွင် မော်တော်ကား တင်သွင်းခွင့်လိုင်စင် လျှောက်ထားခွင့်ပြုထားရာ ကားလိုင်စင်လျှောက်ထားသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။

ဝါဆိုလပြည့်နေ့ ရွှေတိဂုံဘုရားမြင့်ကွင်း


 

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေး ဆွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက် အောင်မြင်

Photo: "တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေး ဆွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက် အောင်မြင်"

ဒေါ်အောင်ဆန်းစုကြည် က ပြင်ဆင်ရန် ဆွေးနွေးသော ရေးဆွဲပြီးသား ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်း ကို ဆွေးနွေးခြင်း ရွှေ့ဆိုင်း ပြီး လွှတ်တော်မှ ပြန် လည်ရေးဆွဲရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြော ကြားလိုက်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ”ဒီဥပဒေကြမ်းကို ကျွန်မ အင်မတန် မှ စိတ်ဝင်စား ခဲ့တာကြောင့် လွှတ်တော်ကို စတက်ကတည်းက ဥက္ကဋ္ဌကြီးကို ပြည်သူ့လွှတ်တော် ဥပဒေ ၁ဝ(ခ)အရရော၊ ပြည်သူ့ လွှတ်တော်နည်း ဥပဒေ ၁၅၈ (င)အရ   ရော တင်သွင်းခဲ့ပါတယ်။ ဥပဒေ ကြမ်းတစ်ခုကို မည်သည့်အဆင့် ရောက်စေ ကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ အဆိုတင် သွင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင် ချက်ဇယားအရပဲ ပြင်ဆင်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ထည့်သွင်း ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ မလုံလောက်ပါဘူး။ တက္ကသိုလ် ပညာရေး နဲ့ပတ်သက်လို့ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။ ပြည်သူ့လွှတ်တော်ရုံး က နောက် ကျ သွားပြီဆိုတဲ့အတွက် ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီဥပဒေ တစ်ခု လုံးကို ပြန်လည်သုံးသပ်ဆွေး နွေးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌကြီးနဲ့တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ ဒီလို ပြည်သူ့ လွှတ် တော်ဥပဒေအရ၊ နည်းဥပဒေအရ ဖြစ်နိုင်ရင် ဥပဒေ တစ်ခုလုံးကို ပြန် လည်ဆွေးနွေးပြီးတော့ ဒီနိုင်ငံ၊ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ ပိုပြီး သင့်တော်တဲ့ ဥပဒေကြမ်း တစ်ခု ဖြစ်ပေါ် လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က  ဒေါ်အောင် ဆန်းစုကြည်၏ တင်ပြချက်ကို လွှတ်တော်မှ အကောင်အထည် ဖော်ပေးမည်ဆိုပါက နည်းဥပဒေ ၁၅၈ အရ ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေ ကို   ရွှေ့ဆိုင်းပေး ရန် ကြားဖြတ် အဆိုတင်သွင်းသည်။ ထို့ပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်တင်နွယ်ဦးက လက်ရှိဆွေးနွေး ပြီးသော အဆိုပါ ဥပဒေကို ကန့် ကွက်ကြောင်းနှင့် သူရဦးအောင်ကို ကလည်း ပညာရေးဝန်ကြီးဌာန၏ တင်သွင်းလာသော ယင်းဥပဒေ သည် ယနေ့ခေတ်နှင့် ဆီလျော်မှု မရှိသော ကြောင့် ပယ်ဖျက် သင့်ကြောင်း ပြော ကြားဆွေးနွေးခဲ့သည်။ ”မြန်မာနိုင်ငံ တက္ကသိုလ်များ ကို အစိုးရထိန်း ချုပ် သော ဗျူရို ကရေစီယန္တရားပုံစံ သွင်းခဲ့တာ ကြောင့် တစ်ချိန်က အာရှမှာ   အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ့ ပညာရေးဟာ အဆင့်အနိမ့်ဆုံး အခြေအနေ ရောက်နေသည်မှာ နှစ်ပေါင်း ၅ဝ ခန့် ကြာမြင့်ပြီဖြစ်ပါ တယ်။ ဒါကြောင့် ပယ်ဖျက် သင့်ကြောင်း အလေးအနက်တင်ပြရ ခြင်း ဖြစ်ပါတယ်” ဟု သူရဦးအောင် ကိုက ဆိုသည်။ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ  မြအေးက ယင်းဥပဒေ အား ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးစေချင်ကြောင်းနှင့် ၄င်းတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ စံချိန်မီ တက္ကသိုလ်များ အဆင့်မီစေရန် ကြိုးစားသွား မည် ဖြစ်ကြောင်း ပြောသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းဥပဒေကို ပြည်သူ့ လွှတ်တော်မှ ပြန်လည်ရေး ဆွဲမည် ဖြစ်ကြောင်း၊   ပြန်လည်ရေး ဆွဲသည့် အခါ လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးလေ့လာ သုံးသပ်ရေး ကော်မ ရှင်ရှိကြောင်း ပြောကြားသည်။ ယခု တင်သွင်းဆွေးနွေးနေ သော ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည် ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် စနစ်ကို အထောက် အကူပြုခဲ့သောဥပဒေကို အနည်းငယ် ပြင်ဆင် ထားသော ဥပဒေကြမ်း ဖြစ်ကြောင်း သူရဦးအောင်ကိုက လွှတ်တော်တွင် အတိအလင်းပြော ကြားခဲ့သည်။


RCSS/ SSA တပ်ဖွဲ့ဝင် (၇) ဦး “၀” တပ်ဖွဲ့က ဖမ်းဆီး



ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/ SSA တပ်ဖွဲ့ဝင် (၇) ဦးအား ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ 

Google ကုမ္ပဏီ၏ မြင်သူ အံ့သြ ငေးမော ရမည့် လန်ဒန် ရုံးခန်းသစ် မြင်ကွင်း (ဓာတ်ပုံ)


PatheinCity News
အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် ၎င်း၏ အလုပ်လုပ်ရာ ရုံးခန်းများကို ဝန်ထမ်းများ အတွက် လှပသော စိတ်ချမ်းဖြေဖွယ် ကောင်းသော သက်တောင့် သက်သာရှိစေသော စိတ်အပန်းဖြေစရာ နေရာတစ်ခု ကဲ့သို့ ရည်ရွယ်ပြီး ကမ္ဘာပေါ်ရှိ အခြားသော ကုမ္ပဏီ အဖွဲ့ အစည်းများ၏ ရုံးခန်းများနှင့် မတူအောင် ပြင်ဆင်လေ့ရှိသည်။ 

၁၆ နှစ် ပြည့်ပြီးသူများ ဆိုင်ကယ်လိုင်စင် ရယူနိုင်

 သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ အသက် ၁၆ နှစ် ပြည့်ပြီးသူများ အင်ဂျင်ပါဝါ ၁၁၀ စီစီ နှင့်အောက် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်များ လျှောက်ထား ရယူနိုင်ကြောင်း နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန (ကညန)မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။ ရန်ကုန် စည်ပင် နယ်နိမိတ်မှအပ ကျန်မြို့နယ်များအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အကျဉ်းကျ ထိုင်းလူမျိုး (၉၂) ဦး အတွက် ဆေးဝါးပို့ခွင့်ပြု

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ကော့သောင်း အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ထိုင်းလူမျိုး (၉၂) ဦး


အတွက် လိုအပ်နေတဲ့ ဆေးဝါးတွေ ပို့ပေးဖို့ ထိုင်းအစိုးရက တင်ပြထားတာကို မြန်မာအစိုးရက လိုက်လျော


လိုက်တယ်လို့ သိရပါတယ်။

ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု

သာစည်မြို့တွင် ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒ
 ဖော်ထုတ်မှုကို တွေ့ ရစဉ် (ဓါတ်ပုံ- ကျော်နိုင်ဝင်းနှင့် သာစည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်)
နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။အစိုးရသစ် တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။

ဝါတွင်းချိန်ခါ သိမှတ်ရာ

ယနေ့သည် ၁၃၇၄ ခုနှစ် ဒုတိယ ဝါဆိုလ ပြည့်နေ့ ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရား အလောင်း တော် သိဒ္ဓတ္ထ မင်းသားသည် ကပိလဝတ် ပြည့်ရှင် သုဒ္ဓေါဓန မင်းကြီး၏ မိဖုရား သီရိမဟာ မာယာဒေဝီ၏ ဝမ်းကြာ တိုက်၌ ဝါဆိုလပြည့် ကြာသပတေး နေ့တွင် သန္ဓေယူ တော်မူခဲ့သည်။