Pages

Tuesday, July 24, 2012

ရန်ကုန်မြို့မှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာဒေါ်သစ်သစ်ဆွေနဲ့ First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူတို့ရဲ့အမှုကို ယနေ့ စတင်စစ်ဆေး


Photo: ရန်ကုန်မြို့မှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ
 ဒေါ်သစ်သစ်ဆွေ က First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတား မြို့နယ်မှာ ရှိတဲ့ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင် စစ်ဆေးခဲ့ပါတယ်။ 

“ဒလ ဆိပ်ကမ်းမှာ ယာဉ်ရပ်နားခတွေ တိုးမြှင့် ကောက်ခံနေတဲ့အပေါ် ကားသမားတွေ မကျေနပ်” ဆိုတဲ့ ခေါင်းစဉ်ပါ သတင်း တပုဒ်ကို မေလ ၂၅ ရက်နေ့ထုတ် First Weekly ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ 

ဒီသတင်း ရေးသားချက်တွေဟာ မှန်ကန်မှု မရှိဘူးဆိုတဲ့ ခုခံချက်နဲ့ အတူ နစ်နာကြေး သိန်း ၂ ရာ ရလိုကြောင်း ဒေါ်သစ်သစ်ဆွေက မေလ ၃၁ ရက်နေ့မှာ ဦးအောင်စိုးသူကို တရားစွဲခဲ့တာပါ။ 

အလားတူပဲ ဦးအောင်စိုးသူ ဘက်ကလည်း ဒေါ်သစ်သစ်ဆွေကို အသရေဖျက်မှုနဲ့ တန်ပြန် စွပ်စွဲခဲ့ပါတယ်။ ဒီကနေ့ တတိယ အကြိမ် ရုံးချိန်းမှာ ဦးအောင်စိုးသူက ဒေါ်သစ်သစ်ဆွေကို နစ်နာကြေး ကျပ် သိန်း ၃ ရာ ပြန်လည် တောင်းခံခဲ့တယ်လို့ သိရပါတယ်။


ကိုရီးယားနိုင်ငံသားပိုင် ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံမှာ ဒီကနေ့ မနက်က အလုပ်သမား ဆန္ဒပြ


Photo: လှိုင်သာယာ အလုပ်သမား ဆန္ဒပြ
2012-07-24

လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံမှာ ဒီကနေ့ မနက် ကိုးနာရီက စတင်ကာ အလုပ်သမား နှစ်ထောင်နီးပါး စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက်ကို အလုပ်ရှင်ဘက်က ထပ်မံ ချိုးဖောက်တဲ့အတွက် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မယမင်းလွင်က RFA ကို ပြောပါတယ်။

"ဒီနေ့ ၉ နာရီမှာ စပြီးတော့ ပြန်ပြီးတောင်းဆိုတယ်။ တောင်းဆိုတယ်ဆိုတာ အရင်တုန်းကလို အပြင်မှာထွက်ပြီး မနေတော့ဘူး။ အထဲထဲမှာပဲ နေတယ်။ မီးပိတ်ပြီး ငုတ်တုတ်ထိုင်နေကြတယ်။ အလုပ်မလုပ်ဘူး။ ဘယ်လို အချက်တွေလည်း ဆိုတော့ တခြား အချက်တွေကို တောင်းဆိုစရာမရှိဘူး။ အရင်ကတည်းက တောင်းဆိုပြီးသား ဖြစ်တဲ့အတွက် ဒီစာချုပ်တွေကို တရားဝင် လိုက်နာပေးဖို့ပဲ။ အကုန်လုံးပဲ။ တစ်စက်ရုံလုံး။ ၁၉၅၀ လုံး တောင်းဆိုတယ်"

အလုပ်သင် အလုပ်သမားတွေကို သင်တန်း တစ်လပေးပြီးရင် ကျွမ်းကျင်အဆင့်အဖြစ် ခန့်အပ်ဖို့ မူလက သဘောတူညီထားခဲ့ပေမယ့် လက်တွေ့မှာတော့ လျော်ကြေးပေးပြီး အလုပ်က ထုတ်ပစ်မယ်လို့ အလုပ်ရှင်ဘက်က ပြောဆိုခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ အလုပ်ထုတ်ခံရမယ့် အလုပ်သင် အလုပ်သမား ၁၀၀ ကျော်ဟာ မြို့နယ် အလုပ်သမားရုံးကို ဒီကနေ့ သွားရောက် တိုင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား နောက်ဆုံးညှိုနှိုင်း သဘောတူညီထားတဲ့ အချက် (၄၄) ချက်ထဲက လုပ်ခလစာ တိုးမြှင့်ရေး အချက်ကလွဲလို့ အချိန်ပို နာရီ (၈၀) အလုပ်လုပ်ခွင့် အပါအ၀င် ကျန်အချက်တွေ အားလုံးနီးပါးကို အလုပ်ရှင်ဘက်က လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

Hi Mo စက်ရုံရဲ့ အုပ်ချုပ်ရေး မန်နေဂျာ ဦးစံသာထွန်းကတော့ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်အတိုင်း အခွင့်အရေးတွေ ရရှိအောင် ဖြေရှင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

"ကိုးရီးယားဘက်ကိုလည်း မပါဘူး။ ကိုယ့်ရဲ့နိုင်ငံသားပဲ ဦးခံယူထားတာ။ ကလေးတွေကိုလည်း ပြောတယ်။ ကိုယ့်နိုင်ငံသားဘက်က ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်။ ဒါပေမဲ့ မူအတိုင်း ဦးဆောင်ရွက်ပေးမယ်။ အဲလိုပဲ သူတို့ကို ပြောထားတယ်"

ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံဟာ လွန်ခဲ့တဲ့ မေလအတွင်း လနဲ့ချီ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အလုပ်ရှင် အလုပ်သမား သဘောတူညီချက်တွေကိုလည်း အလုပ်ရှင်ဘက်က (၄) ကြိမ်လောက် ချိုးဖောက်ခဲ့တယ်လို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။

(Photo: RFA-ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ်ဇူလိုင်လ ၂၃ ရက်က ဆန္ဒပြနေစဉ်။)
                                                  ဆန္ဒပြအလုပ်သမားတစ်ဦးကိုတွေ့ဆုံမေးမြန်းနေစဉ်

အ.ထ.က(၁၀) မော်လမြိုင်ကျောင်း ကို ကျောက်တင်ကား ၀င်တိုက်မှုဖြစ်ပွား


Photo: 24-7-2012 နံနက်  ၉း၃၀ နာရီခန့် တွင် အရှိန်လွန်လာသော ကျောက်ကားတစ်စီး ၊
မော်လမြိုင်မြို့  အ.ထ.က.(၁၀) ကျောင်း ၊စာသင်ခန်းတစ်ခုသို့ ၀င်ရောက်တိုက်မိစဉ်။

(ဆရာမများနှင့် ကျောင်းသူကျောင်းသား ၁၁ ဦး ဆေးရုံတင်ထားကြောင်းသိရှိရ)

ဇူလိုင်လ ၂၄ ရက် (ယနေ့ နံနက်) တွင် မော်လမြိုင်မြို့အ၀င်၊ ဆွမ်းအုပ်အ၀ိုင်းအနီး၊ (အထက-၁၀)ကျောင်းအား မုတ္တမဘက်မှ 

စကျင်ကျောက်တုံးများ တင်လာသော ကျောက်တင်ကားတစ်စီး ၀င်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း၊ သတင်းရရှိပါသည်။