Pages

Sunday, July 15, 2012

လှိုင်သာယာမြို့နယ်ရှိ ကလေး၊လူကြီး ၈၆ ဦးအစာအဆိပ်သင့်ခဲ့


လှိုင်သာယာမြို့နယ်ရှိ မြို့နယ်ဆေးရုံသို့ ဇူလိုင်လ ၁၄ ရက်နေ့ ညနေတွင်  ဒိုင်စုကျေးရွာမှ လူဦးရေ 

၈၆ဦးခန့်အစာသင့်ပြီး ရောက်ရှိလာခဲ့သော်လည်း ယခုအခါစိုးရိမ်ဖွယ်မရှိကြောင်း 

မြို့နယ်ကျန်းမာရေးမှူးကပြောသည်။


“ကျမတို့ဆီကို အော့အန်တယ်ဆိုပြီးရောက်လာတယ် စိုးရိမ်စရာမလိုတော့ပြင်ပ လူနာအနေနဲ့ပဲ 

ထားပါတယ်”ဟု လှိုင်သာယာမြို့နယ် မြို့နယ်ကျန်းမာရေးမှူးကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး ဇူလိုင်လ ၁၅ ရက်ညနေ ၆ နာရီကျော်အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွား



Photo

အိန္ဒိယသံရုံးမီးလောင်မှုဖြစ်ပွားသည့် မြင်ကွင်းများ


ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် ဇူလိုင်လ ၁၅ ရက်ညနေ ၆ 

နာရီကျော်အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 



အဆိုပါ အိန္ဒိယသံရုံးရှိ အဆောက်အအုံဧ။် တတိယအထပ်မှ စတင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း 


ကုန်သည်လမ်းမကြီးဘေးရှိ မျက်မြင်များ ဧ။်ပြောကြားချက် အရသိရသည်။ 




အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်


Photo: အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်

အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့
 ပြောကြားပါတယ်။

ဒါဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ
မှာ နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်ပြီးတဲ့နောက် သက်ဆိုင်ရာ အာဏာပိုင်တွေက NLD ပါတီကို အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ပထမဦးဆုံးအကြိမ် တရားဝင်ဖိတ်ကြားတာ ဖြစ်တယ်လို့ ပါတီ နာယကအဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။

"မနှစ်ကတုံးက ကျနော်တို့က အဖွဲ့ရယ်လို့မှ အသိအမှတ်ပြု မခံရသေးပဲ။ သို့သော်လည်းဘဲ သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ လိုက်လိုက်လျောလျော ရှိလာတော့၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူပဲ မနက်ပိုင်းမှာ ခါတိုင်းလိုပဲ သွားတာ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ အတူတကွ
ပဲလား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးတော့မှပဲ နောက်ပိုင်းမှ
 တဖွဲ့စီ ပန်းခွေချတာပဲ ဖြစ်မလား ဆိုတာတော့ မသိသေးဘူး
ခင်ဗျ။ ဒါပေမဲ့ တက်ဖို့ ၅ ယောက်တော့ စာရင်းပေးလိုက်ပြီ။"

အာဇာနည်နေ့ အခမ်းအနားကို ပါတီကိုယ်စားပြု တက်ရောက်မယ့် ငါးဦး ကတော့ ဦးတင်ဦး၊ ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဒေါ်မြင့်မြင့်စိန်၊ ကိုမျိုးညွန့်
တို့ ဖြစ်ပါတယ်။

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အာဇာနည်နေ့ အခမ်းအနား အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ
 ပြန်လာမယ်လို့ ဆိုပါတယ်။

မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်
ပုဂ္ဂိုလ်ကြီးတွေ လုပ်ကြံ သတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့နေ့ကို အောက်မေ့
တဲ့ အနေနဲ့ NLD ဌာနချုပ်မှာလည်း အရင်နှစ်တွေလိုပဲ အခမ်းအနား ကျင်းပပြီး အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုဖို့ ရှိတယ်လို့ ပါတီ
တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့
ပြောကြားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် အလှူငွေ ပေးအပ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ကျင်းပ


Photo: ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် အလှူငွေ

(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေ အတွက် ကူညီပံ့ပိုးတဲ့ အနေနဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက အလှူငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအလှူငွေဟာ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ နောက်ထပ် သွားရောက်မယ့် ခရီးစဉ်တွေကို များစွာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"ဒီအခုရတဲ့ အလှူငွေနဲ့ နောက်ခရီးစဉ်တွေအတွက် ဆက်သုံးနိုင်ပါလိမ့်မယ်။ အဲဒီကနေ ဆက်လာပြီး အလှူငွေတွေ ရနေသရွေ့တော့။ နောင်တကယ် လိုအပ်လာရင် ကျနော်တို့ သဘင် အလုပ်တွေ လုပ်ပြီးတော့ ပိုက်ဆံ အလှူခံရ ခံရပေါ့။ ကျနော်တို့ ကိုယ့်ကိုယ်ကို မရောင်းစားရပဲနဲ့ ကျန်တဲ့ အနုပညာတွေကို ရောင်းတဲ့နည်းနဲ့ပဲ ကျနော်တို့ ဆက်ပြီးတော့ အလှူငွေ ရှာကြရပါလိမ့်မယ်။"

ဒီအလှူငွေကို မန္တလေးမြို့က အမည်မဖော်လိုတဲ့ မုန့်တိုက်ပိုင်ရှင် တစ်ဦးက ပထမဆုံးအကြိမ် လှူဒါန်းတာ ဖြစ်ပြီး၊ အလှူငွေကို စာရေးဆရာ မောင်ဖူလုံက (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။

ဒီအတောအတွင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖေါ်ဆောင်ရေး အတွက် ပြည်ထောင်စု တ၀ှမ်း လှည့်လည်ပြီး လိုက်လံကူညီ ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို အနုပညာရှင်တွေ အနေနဲ့ ၀ိုင်းဝန်းကူညီဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ လူမှုရေး လုပ်ငန်းတွေ အတွက် အနုပညာရှင်တွေ ဘက်ကလည်း အတတ်နိုင်ဆုံး ပါဝင်ကူညီကြဖို့ အဆင့်သင့် ဖြစ်နေကြောင်း တွေ့မြင်ရတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

"ဒီနေ့ ကျနော်တို့ ၈၈ ကျောင်းသားတွေရဲ့  ရံပုံငွေပွဲ အတွက် ဂီတပွဲ လုပ်ဖို့ပါ။ အဲဒါ တီးဝိုင်းအများကြီးနဲ့ အဆိုတော်တွေ တော်တော်များများ ပေါ့လေ၊ ကျနော်တို့ လကလှမ်းမှီသလောက် ဖိတ်ပြီးတော့ သူတို့ဆီက အကြံဥာဏ် တောင်းပါတယ်။ ကျနော်တို့ ဖိတ်တဲ့အပေါ်မှာ သူတို့ အားလုံးက ကြည်ာကြည်ဖြူဖြူပဲ ပူးပေါင်း ဆောင်ရွက်ပါမယ်။ အခမဲ့ဆိုပေးဖို့ ကျနော်တို့က မေတ္တာရပ်ခံတာကိုး ရံပုံငွေအတွက်။ သူတို့က အခမဲ့ ဆိုပေးရုံ မကဘူး။ သူတို့ ဆက်ပြီးတော့ လုပ်ပေးလို့ ရတာ မှန်သမျှထပ်ပြီး ကူညီပေးသွားမယ်လို့ ကတိပေးသွားတယ်။ နောက်ပြီးတော့ ဒီနေ့ပွဲတက်တဲ့ အဆိုတော်တွေတင် မကပါဘူး။ နောက်ထပ်ပေါ့လေ။ လက်လှမ်းမမှီပဲ ကျန်နေတဲ့ အဆိုတော်တွေ တော်တော်များများလည်း ဒီမှာလာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းကူညီမယ့် သတင်းစကားတွေ ကတိစကားတွေ ရလိုက်ပါတယ်။"

မစ္စတာဂီတာ ကဖေးဆိုင်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲကို နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ မေခလာ၊ ကော်နီ၊ ခင်မောင်တိုး၊ သျှီ နဲ့တကွ နာမည်ကျော် တေးရေးဆရာတွေ၊ ဂီတပညာရှင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

အလားတူပဲ ကို မင်းကိုနိုင်ရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော် တက္ကသိုလ် ကျောင်းသား အရွယ်က ရေးသားခဲ့တဲ့ နောက်ကြည့်မှန် ၀တ္ထုစာအုပ် မိတ်ဆက်ပွဲနဲ့  အမှတ်တရလက်မှတ်ရေးထိုးပွဲကို ဒီကနေ့ မနက်က ရန်ကင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။ 

(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ - -ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် မန္တလေးမြို့နေ လုပ်ငန်းရှင် တစ်ဦး၏ လှူဒါန်းငွေ ကျပ်သိန်းတစ်ရာကို စာရေးဆရာမောင်ဖူလုံမှ တစ်ဆင့်ပေးအပ်ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက အခမ်းအနားဖြင့် လက်ခံရယူနေစဉ်။)
(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ - -ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် မန္တလေးမြို့နေ လုပ်ငန်းရှင် တစ်ဦး၏ လှူဒါန်းငွေ ကျပ်သိန်းတစ်ရာကို စာရေးဆရာမောင်ဖူလုံမှ တစ်ဆင့်ပေးအပ်ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက အခမ်းအနားဖြင့် လက်ခံရယူနေစဉ်။)
(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း

 ဖော်ဆောင်ရေး လုပ်ငန်းတွေ အတွက် ကူညီပံ့ပိုးတဲ့ အနေနဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက 

အလှူငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ 

(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။


နာမည်ကျော် Popဂီတ အဆိုတော် ကေတီပယ်ရီ၏ဖက်ရှင်မှာ အန္တရာယ်ရှိနိုင်သဖြင့် အာမခံကုမ္ပဏီက တားမြစ်



သူမဝတ်စုံ၏ ရင်စည်းဖက်ရှင်သည် အန္တရာယ်ရှိသော အခြေအနေမျိုး ဖြစ်နေခြင်းကြောင့် မဝတ်ဆင်ရန် ကေတီပယ်ရီတစ်ယောက် တားမြစ်ခံခဲ့ရသည်။ ကေတီသည် ဖက်ရှင်အဆန်းများ တီထွင် ဝတ်ဆင်တတ်သူ တစ်ဦးဖြစ်ရာ သူမသည် လည်ပတ်နေသော သကြားလုံးလေးများသဖွယ် ဖန်တီးထားသည့် အပြားလေးများ တပ်ထားသော ရင်စည်းဝတ်စုံကို ဝတ်ဆင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်အဖွဲ့များ



အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်းအချက်အလက်တွေကို စုံစမ်း ထောက်လှမ်းနိုင်ရေးဟာ အဓိကအကျဆုံး ဖြစ်ပါတယ်။ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ်ထိန်းသိမ်း နိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ 

ရခိုင်ခရီးစဉ်မှာ ငိုခဲ့ရတဲ့ ရတနာမိုင်


ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ အနုပညာရှင် ရတနာမိုင်က တခြားအနုပညာရှင်မောင်နှမများနဲ့အတူ ဇူလိုင်လ၁ရက်နေ့က ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွား ရောက် လှူဒါန်းခဲ့ပါတယ်။ ကိုယ်တိုင်သွား ရောက်လှူ ဒါန်းရတဲ့အတွက်တအားလည်းပီတိဖြစ်ခဲ့ရပြီး ဝမ်းနည်း မျက်ရည်ပါ ကျခဲ့ရတဲ့ရတနာမိုင်က”မိုင်လေးတို့ရခိုင်ပြည်နယ် ကိုရောက် သွားတော့ သူတို့က တအားလည်း နွေးထွေး ကြတယ်။ 

ရွာသားများ ဆန္ဒမပါရင် သတ္ထု တူးဖော်ရေးကုမ္ပဏီ လုပ်ခွင့်မရှိကြောင်း ရှမ်းပြည်နယ်အစိုးရ ပြောဆို



ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်အတွင်းက ဟဲဟိုးတိုက်နယ်ဘော်ဆိုင်းကျေးရွာမှာ ကောင်းသောအင်အားကြယ် ကုမ္ပဏီက ဓါတ်သတ္ထု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေရာ ဒေသခံပြည်သူတွေရဲ့ မြေယာတွေ ၀ယ်ယူရာမှာ ကာလပေါက်ဈေး မရတာ၊ မိုင်းခွဲမှုတွေကြောင့် ဥယာဉ်ခြံမြေတွေထဲ အလုပ်မဆင်းနိုင်တာတွေနဲ့ ပတ်သက်လို့ အာအက်ဖ်အေ က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက ကျင်းပ


Photo

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ယနေ့ ဇူလိုင်လ ၁၅ ရက် 
နံနက်ပိုင်း က ရန်ကုန်မြို့ ၊ သူနာပြုတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကိုကိုကြီးရဲ့ ရခိုင်ခရီးစဉ် အပေါ် မေးမြန်းချက်


Photo: ကိုကိုကြီးရဲ့ ရခိုင်ခရီးစဉ် အပေါ် မေးမြန်းချက်

RFA: ကိုကိုကြီးရဲ့ ရခိုင်ပြည် ခ၇ီးစဉ်မှာ ဘယ်လို ကြုံတွေ့ခဲ့ရလဲ။

ကိုကိုကြီး -  ကျနော်တို့ တခြားတိုင်းနဲ့ ပြည်နယ်ခရီးစဉ်တွေမှာကတော့ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်တွေ့တဲ့သဘောမျိုး တက်ကြွမှု ရွှင်လန်းမှု ဖြစ်တယ်ပေါ့ဗျာ။ အခု ဒီ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်လို့ ကတော့ ကိုယ်တိုင် ရောက်သွားတဲ့ အချိန်မှာ မြင်ရတာတွေ အရကတော့ ခါတိုင်း ခရီးစဉ်နဲ့ မတူဘူးပေါ့လေ။ စိတ်ထိခိုက်စရာတွေရော နောက် ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီးတော့ အန္တရာယ် တွေ အဖြစ်ပေါ့လေ။ သတိပြုမိတာတွေရော ခံစားမှုတွေကတော့ တနင့်တပိုးကြီးပေါ့ဗျာ ဒီတခေါက်သွားရတာကတော့။

RFA : တိုင်းပြည်အတွက် အန္တရာယ်တွေ သတိပြုမိတယ်ဆိုတာက ဘယ်လိုဟာတွေလဲ။

ကိုကိုကြီး - ကျနော်တို့ စစ်တွေကို သွားတုံးကတော့ စစ်တွေမှာက
 မြို့ပေါ်မှာတင်ပေါ့ဗျာ။ ရထားလမ်းကို ဟိုဘက်ဒီဘက် စည်းခြားထားသလိုမျိုး တဘက်နဲ့ တဘက် ကင်းစောင့်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်နေတယ်။ ဒါကလည်း ဖြစ်သင့်တဲ့ အခြေအနေ မဟုတ်ဘူးပေါ့။ အဲဒီကနေ ကျနော်တို့ ဘူးသီးတောင် မောင်တောကို
 ရောက်တော့လည်း မောင်တောမှာ အခြေအနေက ဌာနေ ရခိုင်လူမျိုးတွေက လူနဲစု ဖြစ်ပြီးတော့ ဒီ ဘင်္ဂါလီရွာတွေက ကျနော်တို့ သွားတဲ့ လမ်းတလျှောက်လုံးမှာ  ဘင်္ဂါလီရွာတွေချည်းဘဲ ဖြစ်နေတယ်။ ကျနော်တွေ့ခဲ့တဲ့ အခါမှာ ရခိုင်အမျိုးသားကြီးတယောက်ဆိုရင်
 ယောက်ျားကြီးတန်မဲ့ သူ မချိတင်ကဲ ပြောပြီး မျက်ရည်ကျတာမြင်တော့ ကျနော်လည်း မခံစားနိုင်ဘူး။ ဒီမြေဒီရေမှာ နေပြီးတော့ ဒါကို စွန့်ခွါပြီးတော့ သူတို့ ထွက်ပြေးရမယ်ဆိုတဲ့ အဖြစ်ကို သူတို့ လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သူတို့ ကျားကုတ်ကျားခဲ ဒီမှာ ရပ်တည်နေတဲ့ အခြေအနေတွေ သူတို့ ပြောပြတယ်ပေါ့ဗျာ။ ဆိုတော့ ဒီကိစ္စက အတော်အလေးအနက်ထားဖို့ လိုအပ်လာပြီလို့ ကျနော် မြင်တာပေါ့ဗျာ။ 

RFA : ကိုကိုကြီးတို့ သွားခဲ့တဲ့ တလျှောက်လုံးမှာ အဲဒီ ဌာနေပေါ့။ ကမန်တို့ ဘရာမန်ကီတို့ ဆိုတဲ့ အစ္စလာမ် ကိုးကွယ်တဲ့ ဌာနေတွေကို တွေ့ခဲ့သေးလား။ 

ကိုကိုကြီး - ဟုတ်ကဲ့။ ကျနော်တို့ သွားတယ်။ သွားတယ်ဆိုတာက ဒီ မွတ်စလင်ဒုက္ခသည်တွေ များတဲ့ တလျှောက်လုံး ကိုလည်း ကျနော်တို့ သွားကြည့်တယ်။ သက်ကယ်ပြင်ရွာမှာဆိုရင် အဲဒီမှာဆိုရင်
 ဒေသခံတွေနဲ့လည်းတွေ့တယ်။ တွေ့တာ့ ကျနော်က ဒီကိစ္စဟာ ဘာသာရေး ပဋိပက္ခ လို့ ဆိုတာကို ကျနော် လုံးဝ လက်မခံဘူး။ နှစ်ပေါင်းများစွာ
 ပြဿနာဗျ။ အခုမှ ဖြစ်တာတော့ မဟုတ်ဘူး။ ခေတ်အဆက်ဆက်မှာ ဒီ တရားမ၀င် ၀င်လာတဲ့ သူတွေ၊ နောက်ဒီဘက်က တာဝန်၇ှိတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေအပိုင်းက အကျင့်ပျက် ခြစားမှုတွေ ကြောင့်လို့ စုပြုံလာတဲ့ ပြဿနာ။ နောက်ထူးခြားချက် တခုကတော့ လူဦးရေ ပေါက်ပွားတဲ့ နှုန်း၊ အဆမတန် များတယ်။ များတော့ ကြာတော့ ဌာနေတွေ အနေနဲ့ အနေကျုံ့လာတယ်ပေါ့။ ဒီမွတ်စလင်ဘက် အခြမ်းကို သွားတဲ့ အခါကျတော့လည်း တော့်တော်စိတ်ထိခိုက်စရာပါ။ အဲဒီမှာ မြေကြီးပေါ်မှာ ဒီ ရွက်ဖျင်တဲတွေနဲ့  ဒုက္ခ သုက္ခ ရောက်နေတဲ့ သူတွေ ပေါ့လေ။ ကျနော်လည်း သူတို့ကို ပြောပါတယ်။ နိုင်ငံသား အခွင့်အရေးဟာ အားလုံး တန်းတူညီမျှ ဖြစ်ရမယ်။ ဒါ ကျနော်တို့ သဘောထားပဲလို့ ကျနော် သူတို့ကိုလည်း အခိုင်အမာပြောတယ်။ တချိန်ထဲမှာပဲ နိုင်ငံသား အခွင့်အရေးဆိုတာနဲ့ အတူ ဒါ နိုင်ငံသားရဲ့ တာဝန် ၀တ္တရားတွေ ဆိုတာလည်း ရှိတယ်။ ကျနော်တို့ ဌာနေ တိုင်းရင်းသားတွေ ကြားထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် ညီညီညွတ်ညွတ်နဲ့ သဟဇာတ ဖြစ်အောင် နေနိုင်ဖို့ကလည်း အရေးကြီးတယ်ဆိုတဲ့ အကြောင်း ကျနော် ပြောပြတယ်။ နောက်တခုကတော့ နိုင်ငံသား ဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ လူသားချင်းစာနာမှုအနေနဲ့ကတော့ ဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်သလောက် အကူအညီပေးဖို့ ပေါ့လေ။ အဲဒါကတော့ တပိုင်းပေါ့။ လူသားချင်းစာနာမှုအရ။
တဘက်ကတော့ နိုင်ငံသားဖြစ်မှုကတော့ ကျနော်တို့ နိုင်ငံရဲ့ လုံခြုံရေးအရကို ဒါကို အသေးစိတ် စိစစ်လေ့လာဖို့ လိုလိမ့်မယ်လို့ မြင်တယ်။ 

RFA : ခုနက ကိုကိုကြီးပြောသွားတဲ့အထဲမှာ မွတ်စလင်တွေက လူဦးရေမတန်တဆ တိုးပွားနေတယ်ဆိုတဲ့ ဟာမျိုးပေါ့နော်။ ပြည်ပမှာ ရှိနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အဖွဲ့အစည်းတွေက ပြောကြတယ်။ ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာတွေ ကလေးမွေးဖွားနှုန်း ကန့်သတ်ခံနေရပါတယ်လို့
 ပြောကြတယ်။ အဲလို အပြောနဲ့ဆိုရင် ကိုကိုကြီးတို့ ဘယ်လို တွေ့ခဲ့ရလဲ။

ကိုကိုကြီး -  ရိုဟင်ဂျာဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ အများကြီး စဉ်းစားဖို့ လိုလိမ့်မယ်။ ဒေသခံတွေကို ကျနော်မေးကြည့်တယ်။ ခင်ဗျား ဘာလူမျိုးလဲဆိုတော့ ဘင်္ဂါလီလို့ပဲ ပြောတယ်။ ဆိုလိုတာက
 အောက်ခြေ သူတို့ လူမျိုးတွေကိုယ်တိုင်က သူတို့ကိုယ် သူတို့ ဘင်္ဂါလီလို့ပဲ သတ်မှတ်တယ်။ တဘက်ကလည်းပဲ ကျနော် ဘူးသီးတောင် မောင်တော
 ရောက်တဲ့ အချိန်မှာ ကျနော်သိသလောက ၉၇ ရာခိုင်နှုန်းလောက်က ဒီ ဘင်္ဂါလီတွေ ဖြစ်သွားပြီ။ နယ်စပ်ဂိတ်ကိုလည်း ကျနော်ရောက်တယ်။ နယ်စပ်ဂိတ်အနေအထားကလည်း ဟိုဘက် ဒီဘက် ကူးလူးဆက်ဆံလို့ ရတဲ့ အနေအထားဘဲ။ ဆိုတော့ စစ်တွေမှာ ဆိုရင် ကျနော်သွားကြည့်တဲ့လူထဲမှာ ကျနော်နဲ့ ပြောဆိုပြီး ရင်ဖွင့်တဲ့သူကိုတိုင်က ဧည့်နိုင်ငံသား အဆင့်ပဲ ရှိသေးတယ်။ တကယ်သာ ကျနော်တို့က နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်ပြီးတော့ စာရင်းဇယား ပြုစုတော့မယ်ဆိုရင် တရားမ၀င် လာရောက်နေတဲ့သူတွေ အများကြီး ထွက်လာလိမ့်မယ်။ အဲဒါကိုင်တွယ်ရင်တောင်မှ တကယ့်ကို ပညာပေးမှုတွေရော၊ အားလုံး ပူးပေါင်းဆောင်ရွာမှုတွေရော အများကြီးလိုမယ်။ 

RFA :  ပြီးခဲ့တဲ့ ရက်တွေကလည်း သမ္မတ ဦးသိန်းစိန်က ဒုက္ခသည်များ
ဆိုင်ရာ မဟာမင်းကြီးနဲ့ တွေ့တဲ့အခါမှာ ဒါ တဘက်နိုင်ငံက ၀င်လာတဲ့
သူတွေ ဖြစ်တဲ့အခါကျတော့ ဒုက္ခသည်စခန်းလိုမျိုး ဖွင့်ပေးမယ်။ ဒါကို တတိယနိုင်ငံတွေက ခေါ်ရင်လည်း ခေါ်ပါ ဆိုပြီးတော့
 ပြောလိုက်တယ်ပေါ့နော်။ ဒီသဘောထားတဲ့ ပတ်သက်ပြီးတော့  ကိုကိုကြီးတို့ ဘယ်လို မြင်လဲခင်ဗျာ။

ကိုကိုကြီး - နိုင်ငံတိုင်းမှာ နိုင်ငံသားဖြစ်မှုတဲ့ ပတ်သက်တဲ့ ဥပဒေတွေ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဟာတွေက ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ သဘာဝနဲ့ လိုက်လျောညီထွေ ပြဌာန်းရတာချည်းဘဲ။ တနိုင်ငံနဲ့ တနိုင်ငံ တပုံစံထဲ မဖြစ်နိုင်ဘူး။ ကျနော်တို့ကလည်း ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့ လူမျိုး ကျနော်တို့ ရေမြေရဲ့ လိုအပ်ချက်နဲ့ အညီ ကျနော်တို့ ကျင့်သုံးရမှာဘဲ။
 ပြဌာန်းရမှာပဲလိုဘဲ မြင်တယ်။ 

RFA : ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း ဒီအပေါ်မှာ တုန့်ပြန်ပြောဆိုတယ်ပေါ့နော်။ ဒီအပေါ်မှာ။ ဒါဟာ ဗမာပြည်ထဲက ကိစ္စပဲ ဖြစ်တယ်။ သူတို့ UNHCR ရဲ့ မူနဲ့ မကိုက်ညီလို့ လက်မခံနိုင်ဘူး
လို့ ပြောတယ်။ ဒီအပေါ်မှာရော ကိုကိုကြီးတို့ အနေနဲ့ ဘာများပြောချင်လဲ။

ကိုကိုကြီး -  ဒီနိုင်ငံတကာအဖွဲ့အစည်းတွေ တာဝန်၇ှိတဲ့ သူတွေ အနေနဲ့က
 မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် သူတို့ သိထားသလောက် အချက်အလက်တွေနဲ့ ကောက်ချက်ချတာတို့ သဘောထားပေးတာမျိုးဟာ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့ အခါကျရင် ကျနော်တို့ နိုင်ငံသားတွေရဲ့ စိတ်ခံစားမှုတွေကိုပါ လာပြီးတော့ သက်ရောက်နိုင်တယ်။ ဥပမာဆိုလို့ရှိရင် ကျနော်ရောက်ခဲ့တဲ့ ဒုက္ခသည် စခန်းတွေမှာ UN ဆိုပြီးတော့ ကြက်ခြေခတ်ထားတယ်။ INGO ဆိုပြီးတော့ ကြက်ခြေခတ်ထားတယ်။ ဆိုလိုတာက ကျနော်တို့ ဒေသခံ တိုင်းရင်းသားတွေ
က အဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လို မြင်သလဲဆိုတာကို အဲဒီ အဖွဲ့အစည်း တာဝန်၇ှိသူတွေက အလေးအနက်ထားဖို့ လိုမယ်လို့ ထင်တယ်။ 

RFA ကိုနေရိန်ကျော် က မေးမြန်းခဲ့တာပါ။

	(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)
(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)
RFA: ကိုကိုကြီးရဲ့ ရခိုင်ပြည် ခ၇ီးစဉ်မှာ ဘယ်လို ကြုံတွေ့ခဲ့ရလဲ။


ကိုကိုကြီး - ကျနော်တို့ တခြားတိုင်းနဲ့ ပြည်နယ်ခရီးစဉ်တွေမှာကတော့ ကွဲကွာနေတဲ့ မိသားစုတွေ

 ပြန်တွေ့တဲ့သဘောမျိုး တက်ကြွမှု ရွှင်လန်းမှု ဖြစ်တယ်ပေါ့ဗျာ။ အခု ဒီ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်လို့ 

ကတော့ ကိုယ်တိုင် ရောက်သွားတဲ့ အချိန်မှာ မြင်ရတာတွေ အရကတော့ ခါတိုင်း ခရီးစဉ်နဲ့ 

မတူဘူးပေါ့လေ။ စိတ်ထိခိုက်စရာတွေရော နောက် ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီးတော့ အန္တရာယ် တွေ 

အဖြစ်ပေါ့လေ။ သတိပြုမိတာတွေရော ခံစားမှုတွေကတော့ တနင့်တပိုးကြီးပေါ့ဗျာ 

ဒီတခေါက်သွားရတာကတော့။

ဟောင်ကောင် နဲ့  Australia နိုင်ငံ က ဆရာဝန်များ ပူးပေါင်းပါဝင်တဲ့ အဖွဲ အရေးပေါ် အခြေအနေ ဆေးကုသမှု ဆိုင်ရာ ပထမဦးဆုံး သင်တန်း ကို ရန်ကုန်မြို့  မှာ စတင်သင်ကြားပေးနေ


ဟောင်ကောင် နဲ့  Australia နိုင်ငံ က ဆရာဝန်များ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ က မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ဆေးကုသမှု ဆိုင်ရာ ပထမဦးဆုံး သင်တန်း ကို ရန်ကုန်မြို့  မှာ စတင်ပေးနေပြီလို့ သိရပါတယ်။

အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေး ပါတီ တစ်ပါတီလျှင် ၅ဦး တက်ရောက် ခွင့်ရရှိမည်

အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီများမှတစ်ပါတီလျှင်၅ဦးသာ တက်ရောက်ရ မည်ဖြစ်


 ကြောင်း သိရသည်။ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး


 ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။

Social News ဝက်ဘ်ဆိုက်Digg အား Betaworks ကုမ္ပဏီက၀ယ်ယူလိုက်ပြီ


Photo: လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း Google က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခံခဲ့ရဖူးသော social news ဝက်ဘ်ဆိုက် Digg အား ယခုအခါ Betaworks ကုမ္ပဏီက ပေါင်စတာလင် ၅၀၀,၀၀၀ မျှဖြင့် ဝယ်ယူလိုက်ပြီ ဖြစ်သည်။ Betaworks သည် မကြာမီတွင် Digg အား cloud-based version သစ်ဖြင့် ပြောင်းလဲသွားမည် Dailymail.co.uk တွင် ဖော်ပြသည်။

Digg ဝက်ဘ်ဆိုက်ကို ၂၀၀၄ ခုနှစ်တွင် ကီဗင်ရော့စ် (Kevin Rose) က စတင်တည်ထောင် လွှင့်တင်ခဲ့ပြီး ၂၀၀၈ ခုနှစ်အရောက်တွင် ခန့်မှန်းမှုများအရ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းအထိ တန်ကြေးရှိလာခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း Google က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူရန် 

ကမ်းလှမ်းခံခဲ့ရဖူးသော social news ဝက်ဘ်ဆိုက်Digg အား ယခုအခါ Betaworks ကုမ္ပဏီက

 ပေါင်စတာလင် ၅၀၀,၀၀၀ မျှဖြင့် ဝယ်ယူလိုက်ပြီ ဖြစ်သည်။