Pages

Thursday, July 12, 2012

ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန် စီးပွါးရေးပိတ်ဆို့ မူရုတ်သိမ်းရေးဆွေးနွေးမည်



 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ 

ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့၌ သောကြာနေ့တွင် တွေ့ဆုံရန်ရှိပြီး အမေရိကန်၏ စီးပွါးရေးပိတ်ဆို့ 

အရေးယူမှု များ ဖြေလျှော့ပေးရေး အပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် 

အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။

ကချင်ဒေသတွင်း တိုက်ပွဲများ အစိုးရတပ်များမှ ထိုးစစ်ဆင်မှု ရပ်သင့်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြောကြား


ကချင်ဒေသတွင်း တိုက်ပွဲများ ရပ်တန့်ထားသင့်ပြီး အစိုးရတပ်ဘက်မှ ထိုးစစ်ဆင်မှုများ 

ရပ်ဆိုင်းသင့်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သော ကိုမြအေးက ပြောဆိုလိုက်သည်။

စစ်တွေ အဓိကရုဏ်း သေဆုံးသူများ အတွက် ကျောက်တိုင်စိုက်


 ရခိုင်ပြည်နယ် စစ်တွေမြို့ အဓိကရုဏ်းအတွင်း သေဆုံးသွားသူများအတွက် 

ဂုဏ်ပြုကျောက် တိုင် စိုက်ထူခြင်းကို အောင်မင်္ဂလာဆုတောင်းပြည့်စေတီ ပရဝုဏ်အတွင်း

 ပြုလုပ်ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးစံကျော်လှ က

 ပြောသည်။

ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယ အကြိမ်မြောက် အလှူငွေ ပေးအပ်ပွဲ နဲ့ အလှူရှင် တွေကို ဂုဏ်ပြု ယနေ့မနက်ပိုင်းကျင်းပ


Photo: ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယ အကြိမ်မြောက် အလှူငွေ ပေးအပ်ပွဲ နဲ့ အလှူရှင် တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက
 တော်ဝင်နှင်းဆီ ငြိမ်းချမ်းခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က.. သူ့ရဲ့ ဖောင်ဒေးရှင်းကို လှူဒါန်းကြတဲ့ စေတနာရှင် တွေ တနေ့တခြား တိုးလာတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို ပိုပြီး ထောက်ပံ့
ကူညီ နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားမှာ လက်ရှိ အကျဉ်းထောင်တွေမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသာ့း လွိုင်ကော်ထောင်က ဦးမြင့်အေး၊ အင်းစိန်ထောင်က ကိုဆန်နီ (ခေါ်) ကိုစံရှား၊ ရမည်းသင်းထောင်က ကိုဇော်ဇော်အောင် တို့အတွက် ကျပ်ငွေ (၅) သိန်းစီ ပေးအပ်ခဲ့ပါတယ်။ ဦးသာဘန်း၊ ဦးထွေးမြင့်၊ ဦးဂန္ဘီရ စတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း (၁၁) ဦးကို ကျပ်ငွေ ၅ သိန်းစီ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဘုံရိပ်သာအတွက် ကျပ် ၂သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ ရည်ရွယ်ပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်ရဲ့ မွေးနေ့ဖြစ်တဲ့ အခုနှစ် မတ်လ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဖောင်ဒေးရှင်း အနေနဲ့ ဒီကနေ့အထိ ပြည်တွင်းပြည်ပက ထည့်ဝင်လှူဒန်းငွေ ကျပ်သိန်း (၁၈၀) လောက်ရရှိထားပြီး၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို သိန်း (၁၃၀) လောက် ထောက်ပံ့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယ အကြိမ်မြောက် အလှူငွေ ပေးအပ်ပွဲ နဲ့ အလှူရှင် တွေကို ဂုဏ်ပြုတဲ့

 အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းကတော်ဝင်နှင်းဆီ ငြိမ်းချမ်းခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ် အတွင်းက ကျူးကျော်အိမ်တွေကို ဖျက်သိမ်းပေးဖို့ မလိုက်နာတဲ့ အိမ်ပိုင်ရှင်တွေကို ထပ်မံ တရားစွဲဆို


Photo: ရန်ကုန် လှိုင်သာယာမြို့နယ် အတွင်းက ကျူးကျော်အိမ်တွေကို ဖျက်သိမ်းပေးဖို့ မြို့နယ် အိုးအိမ် ဦးစီးဌာနက လွန်ခဲ့တဲ့လက အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် မလိုက်နာတဲ့ အိမ်ပိုင်ရှင်တွေကို ထပ်မံ တရားစွဲဆို ခဲ့ရာမှာ မနေ့က လှိုင်သာယာ မြို့နယ် တရားရုံးမှာ စတင် တရား ရင်ဆိုင်နေရပါတယ်။ 

ဒီ ကျူးကျော်အိမ်တွေမှာ နေထိုင်သူ အများစုဟာ လှိုင်သာယာ စက်မှုဇုံတွေက အလုပ်သမားတွေနဲ့ ရွှေ့ပြောင်း အလုပ်သမား မိသားစုဝင်တွေ ဖြစ်ပါတယ်။ 

ကျူးကျော် အိမ်ပိုင်ရှင်တွေဟာ မြို့နယ်အဆင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့ ခွင့်ပြုမိန့်နဲ့ ပ,လပ်မြေတွေမှာ ယာယီတဲတွေ ထိုးပြီး လွန်ခဲ့တဲ့ နှစ်အတော်ကြာ ကတည်းက အခြေချ နေထိုင်နေကြတာပါ။ 

အဲဒီလို နေထိုင်ခဲ့ကြရာမှာ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်အထိ ရပ်ကွက် အာဏာပိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေကို မြေငှားရမ်း
 နေထိုင်ခအဖြစ် လစဉ်ကြေး တလ ၅ ထောင်ကျပ် ပေးခဲ့ကြရတယ်လို့ ကျူးကျော် အိမ်တွေမှာ နေထိုင်သူ မိသားစုတွေက ပြောပါတယ်။ 

အခုအခါမှာ ဒီ ပ,လပ်မြေတွေကို ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေက အိုးအိမ် ဦးစီးဌာနကို တိုင်ကြားပြီး အရေးယူပေးဖို့ တောင်းခံခဲ့တဲ့အတွက် အိုးအိမ် ဦးစီးဌာနနဲ့ ကျူးကျော် နေထိုင်သူတွေ အကြား တရား ရင်ဆိုင်ကြတာ
 ဖြစ်ပါတယ်။ 

လှိုင်ယာသာ စက်မှုဇုန်၊ ပန်းလှိုင် ဂေါက်ကွင်းအနီးမှာ တည်ရှိတဲ့ အဲဒီ
 ညောင်ရွာ ကျူးကျော်ရပ်ကွက်မှာ အိမ်ခြေ ၃ ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် အတွင်းက ကျူးကျော်အိမ်တွေကို ဖျက်သိမ်းပေးဖို့ မြို့နယ် အိုးအိမ် ဦးစီးဌာနက လွန်ခဲ့တဲ့လက အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် မလိုက်နာတဲ့ အိမ်ပိုင်ရှင်တွေကို ထပ်မံ တရားစွဲဆို ခဲ့ရာမှာ မနေ့က လှိုင်သာယာ မြို့နယ် တရားရုံးမှာ စတင် တရား ရင်ဆိုင်နေရပါတယ်။ 

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက တင်ပြတောင်းဆိုထားတဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြဖို့ လျှောက်ထားချက်ကို အာဏာပိုင်တွေက ဒီကနေ့ ခွင့်ပြု


Photo: မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက တင်ပြတောင်းဆိုထားတဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြဖို့ လျှောက်ထားချက်ကို  အာဏာပိုင်တွေက ဒီကနေ့ ခွင့်ပြုလိုက်ပြီလို့ ပါတီခေါင်းဆောင် ဦးနေမျိုးဝေက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

လူတစ်ထောင် ဆန္ဒပြဖို့ လျှောက်ထားချက်ကို လူ ၄၀၀ ပဲ ခွင့်ပြုဖို့ အာဏာပိုင်တွေဘက်က သဘောတူလိုက်တာ ဖြစ်ပြီး၊ အချိန်ကိုလည်း မူလက မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ လျှောက်ထားချက်ကို မနက် (၉) နာရီကနေ နေ့လည် (၁) နာရီအထိပဲ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ 

ဒါ့ပြင် ဇူလိုင်လ (၁၅)၊ (၁၆) နှစ်ရက်အတွက် ဆန္ဒပြခွင့်ပေးလိုက်ပြီဖြစ်ပြီး၊ ဇူလိုင်လ (၁၇)၊ (၁၈) နှစ်ရက်အတွက်ကိုတော့ ခွင့်ပြုမိန့်စောင့်ဆိုင်းနေ
ဆဲဖြစ်တယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။ 

ဒေသခံတောင်သူတွေ လယ်ယာမြေသိမ်းယူခံရမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့ကိုင်တွယ် ဆောင်ရွက်ချက်တွေအပေါ် မကြေနပ်တဲ့အတွက် အခုလို ဆန္ဒပြဖို့ စီစဉ်တာလို့ ဆိုပါတယ်။ 

တနင်္ဂနွေနေ့ စတင်မယ့် ဒီဆန္ဒပြပွဲကို အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ သာဓုကန်၊ ၀ါးတရာ၊ ချောင်းသာ၊ ဆင်ဖုံ၊ သင်္ဃန်းကျွန်းကြီး၊ မင်္ဂလာဒုံ စတဲ့ ဒေသအသီးသီးက လယ်ယာမြေတွေ
အသိမ်းယူခံထားရတဲ့ လယ်သမားတွေ ပါဝင်ပြသကြမယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်
ခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်း ခွင့်ပြုချက်နဲ့အညီ ပထမဆုံး ဆင်နွှဲတဲ့ ဆန္ဒပြပွဲဖြစ်ပြီး၊ အလားတူ ဆန္ဒပြခွင့်ရဖို့ တခြားလျှောက်ထား
သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက တင်ပြတောင်းဆိုထားတဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြဖို့

 လျှောက်ထားချက်ကို အာဏာပိုင်တွေက ဒီကနေ့ ခွင့်ပြုလိုက်ပြီလို့ ပါတီခေါင်းဆောင် ဦးနေမျိုးဝေက RFA 

ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအနေနှင့် ကုမ္ပဏီများ၊ NGO များတွင်Internship(အလုပ်သင်) ၀င်ရောက်လုပ်ကိုင်နိုင် ရန်အတွက် ဇူလှိုင်(၂၁) ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်မည်


မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအနေနှင့် ကုမ္ပဏီများ၊ NGO များတွင်Internship(အလုပ်သင်) ၀င်ရောက်လုပ်ကိုင်နိုင် ရန်အတွက်   Connect အဖွဲ့မှ (၂၁) ရက်နေ့တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ (ဆီးဂိမ်း) အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ဇေယျာသီရိအဆင့်မြင့်အားကစားကွင်း တည်ဆောက်မှုလုပ်ငန်း(၈၀)ရာခိုင်နှုန်းကျော် ပြီးစီး



နေပြည်တော်ကောင်စီနယ်မြေ ပုပ္ပားကုန်းကျေးရွာ သိုက်ချောင်းအနီးရှိဇေယျာသီရိနိုင်ငံတကာအဆင့်မီ
အားကစားကွင်း မှာ(၈၀)ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မက်စ်မြန်မာဆောက်လုပ်ရေး
ကုမ္ပဏီကသိရှိရသည်။

ရခိုင့်အရေးတွင် နံရံကိုလုံအောင်ကာကွယ်သင့်ဟု မင်းကိုနိုင်အကြံပြု


 
ပြီးခဲ့သည့် လအတွင်းကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းလူမျိုးရေးအဓိကရုဏ်းများကြောင်း နှစ်ဘက် ဒုက္ခရောက်ခဲ့ သဖြင့်ပြဿနာများထပ်မံမဖြစ်ပွားစေရန် မိမိတို့ပိုင်နက်အား ကာကွယ်သင့်ကြောင်း(၈၈)မျိုး ဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင်ကိုမင်းကိုနိုင်က ပြောကြားသည်။

ဒိန်းမတ်နိုင်ငံတွင် ကျားလှောင်အိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ကျားများက ဝိုင်းဝန်းကိုက်ဖြတ် စားသောက်



ဒိန်းမတ်နိုင်ငံတွင် ကျားလှောင်အိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ကျားများက ဝိုင်းဝန်းကိုက်ဖြတ် စားသောက်လိုက်ကြောင်း သိရှိရသည်။ ကိုပင်ဟေဂင်မြို့တော် တိရစ္ဆာန် ဥယျာဉ် တစ်ခုတွင် လူတစ်ဦးအား ကျားသုံးကောင်က သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းများက အတည်ပြု ပြောဆိုသွားသည်။

ဘင်္ဂလီများသို့ စားနပ်ရိက္ခာ မရောင်းရန်တားမြစ်သူ တဦးအား လုံထိန်းက ခေါ်ယူမေးမြန်း


ဘင်္ဂလီများဘက်သို့ စားနပ်ရိက္ခာများရောင်းချနေသော ကြားခံပွဲစားများအား ဆက်လက်မရောင်းချရန်

တားမြစ်ခြင်းကြောင့် ရခိုင်တိုးတက်ရေးပါတီမှ မြို့နယ်ဗဟိုကော်မတီဝင်နှစ်ဦးအား ယနေ့နေ့လည်

 တစ်နာရီခန့်တွင်စစ်တပ်နှင့် လုံထိန်းများက ခေါ်ယူသွားကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား အစားထိုးပြောင်းလဲ


Photo: ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား အစားထိုးပြောင်းလဲလိုက်ကြောင်း ယမန်နေ့ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၃၅/၂၀၁၂) ကို ထုတ်ပြန်ကြေညာသည်။ 
ကချင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးကျော်စွာမြင့် (ကြည်း ၃၁၁၈၆) အစား ဗိုလ်မှူးအောင်ဇင် (ကြည်း ၂၈၇၁၄) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗိုလ်ကြီးလင်းလင်းကျော် (ကြည်း ၃၈၅၈၀) အစား ဒုတိယ်ဗိုလ်ချုပ်ကြီးဝေလွင် (ကြည်း ၁၃၉၃၂)ကိုလည်းကောင်း အစားထိုးပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အပြည့်အစုံကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြသည်။

ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား

 အစားထိုးပြောင်းလဲလိုက်ကြောင်း ယမန်နေ့ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က

 ကြေညာချက်အမှတ် (၃၅/၂၀၁၂) ကို ထုတ်ပြန်ကြေညာသည်။

တရုတ်နိုင်ငံမှ အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက် Taobao.com တွင် iPhone 5 ကို ကြိုတင်မှာကြားဝယ်ယူမှုများ စတင်လက်ခံ


Photo: Apple ၏ နာမည်ကျော် iPhone မျိုးဆက်သစ် iPhone 5 ကို တရားဝင် ထုတ်ဖော်မိတ်ဆက်ခြင်း၊ ရောင်းချခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက် Taobao.com တွင် ကြိုတင်မှာကြားဝယ်ယူမှုများကို လက်ခံနေပြီဟုဆိုသည်။ 
Taobao.com က iPhone 5 ၏ နမူနာဓာတ်ပုံများနှင့် အချက်အလက်များ အပြည့်အစုံဖော်ပြလျက် ကြိတင်အမှာများကို လက်ခံနေခြင်းဖြစ်ကြောင်း Reuters သတင်းက ပြောကြားသည်။

Apple ၏ နာမည်ကျော် iPhone မျိုးဆက်သစ် iPhone 5 ကို တရားဝင် ထုတ်ဖော်မိတ်ဆက်ခြင်း၊ ရောင်းချခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက် Taobao.com တွင် ကြိုတင်မှာကြားဝယ်ယူမှုများကို လက်ခံနေပြီဟုဆိုသည်။ 

Taobao.com က iPhone 5 ၏ နမူနာဓာတ်ပုံများနှင့် အချက်အလက်များ အပြည့်အစုံဖော်ပြလျက် ကြိတင်အမှာများကို လက်ခံနေခြင်းဖြစ်ကြောင်း Reuters သတင်းက ပြောကြားသည်။

Ref: Planet Myanmar Network:

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း သမ္မတကြီးက UNHCRသို့ပြောကြား

Photo: "ဘင်္ဂါလီများကိစ္စနှင့်ပတ်သက်၍ သမ္မတကြီးက UNHCRသို့ပြောကြား"

နေပြည်တော် ဇူလိုင် ၁၁

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

         ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းပြည်သူများ မိမိဆန္ဒအလျောက် ပြန်လာရေးကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွးခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊  နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသား များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCRသို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းလျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

       နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်  မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

(နိုင်ငံတော် သမ္မတရုံး)


နေပြည်တော် ဇူလိုင် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌
 ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဇူလိုင်လ ၁၂ ရက် ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္တပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ ဒေါ်အောင်ဆန်းစုကြည် တတ်ရောက် (ဓာတ်ပုံ)

Photo: ယနေ့ ဇူလိုင်လ ၁၂ ရက် ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္တပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ တက်ရောက်ရန် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်

ယနေ့ ဇူလိုင်လ ၁၂ ရက် ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္တပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ တက်ရောက်ရန် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်
 
Ref: Popular Myanmar:

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည့်မီမှုရှိမရှိ စိစစ်ရေးအဖွဲ့ ကို ယနေ့ဖွဲ့စည်းလိုက်ပြီ

လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် တပ်မတော်သားကိုယ်စားလှယ်အဖွဲ့က အမည်စာရင်းတင်သွင်း ထားသည့် ပုဂ္ဂိုလ်အား အရည်အချင်းစိစစ်ရန် ပြည်ထောင်စုလွှတ်တော်နာယက၏ အကြောင်းကြားချက်အရ "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည့်မီမှုရှိမရှိစိစစ်ရေးအဖွဲ့" 
ကို ယနေ့ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်မှ သိမ်းဆည်းခံလယ်သမားများ ထွန်တုံးတိုက်ပွဲဆက်လက်ဆင်နွှဲ

 
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ လယ်သမားများက သိမ်းဆည်းခံလယ်မြေများပေါ်၌ ငြိမ်းချမ်းစွာပြန်လည် ထွန်ယက်မှုဒုတိယနေ့အဖြစ် ယနေ့ဇူလိုင်လ(၁၁)ရက်နေ့တွင် ဆက်လက် ထွန် ယက် လျက်ရှိကြောင်း သိရသည်။

Global Cyberlympics ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်


 

ပထမဦးဆုံးအကြိမ်အဖြစ် Global Cyberlympics ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု Network နှင့် Security ကိုအထူးပြုသင်ကြားနေ သော MST ကွန်ပျူတာစင်တာမှ ဦးအောင်ဇော်မြင့်ကပြောသည်။ 

အိုလံပစ်အားကစားပွဲကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်မြင့်မားနိုင်ဟု အား/ကာညွှန်မှူးပြောကြား




လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကဟု ခန့်မှန်းရသော ရခိုင် ရှေးဟောင်း သစ်သား လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရှးဟောင်းသုတေသန ဌာနက ရှာဖွေ တွေ့ရှိ




လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကဟု ခန့်မှန်းရသော ရခိုင် ရှေးဟောင်း သစ်သား လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသတွင် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနက ရှာဖွေ တွေ့ရှိခဲ့သည်။

တပ်မတော်အနေဖြင့် အာဏာကို ရေရှည်ဆက်လက်စွဲကိုင်ထားမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား


Photo: မြန်မာနိုင်ငံတွင် တပ်မတော်အနေဖြင့် အာဏာကို ရေရှည်ဆက်လက်စွဲကိုင်ထားမည် မဟုတ်ကြောင်း၊ တပ်မတော်သည် နိုင်ငံ၏အနာဂတ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်သော်လည်း အစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်းရှိမည် မဟုတ်ကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာနှင့် ယနေ့ ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသွားကြောင်း Reuters တွင် ဖော်ပြသည်။
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်
မြန်မာနိုင်ငံတွင် တပ်မတော်အနေဖြင့် အာဏာကို ရေရှည်ဆက်လက်စွဲကိုင်ထားမည် မဟုတ်ကြောင်း၊

 တပ်မတော်သည် နိုင်ငံ၏အနာဂတ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်သော်လည်း

 အစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်းရှိမည် မဟုတ်ကြောင်း စင်ကာပူအခြေစိုက် 

The Straits Times သတင်းစာနှင့် ယနေ့ ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် နိုင်ငံတော်သမ္မတ 

ဦးသိန်းစိန်က ပြောကြားသွားကြောင်း Reuters တွင် ဖော်ပြသည်။


Ref: Planet Myanmar:


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အစည်းအဝေးကို တတိယနေ့တတ်ရောက်


Photo: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တတိယနေ့အဖြစ် ဒီကနေ့ တက်ရောက်ပါတယ်။

အစည်းအဝေး ခေတ္တ ရပ်နားချိန် သတင်းထောက်တွေက မေးမြန်းရာမှာ
ဒေါ်အောင်ဆန်းစုကြည်က.. သူ့အနေနဲ့ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်း အဆို တင်သွင်းအုံးမှာ မဟုတ်သေးသလို၊ တခြား လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုတွေကိုလည်း ထောက်ခံ
ဆွေးနွေးဖို့ မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က.. မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မစ္စတာ ဒဲရစ်မစ်ချယ်ကို အမေရိကန်
ပြည်ထောင်စုက ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မစ္စတာ ဒဲရစ်မစ်ချယ် ဟာ မြန်မာနိုင်ငံ အကြောင်း လေ့လာနှံ့စပ်သူ တဦး ဖြစ်တဲ့အတွက် လက်ခံနိုင်တဲ့ အရည်အချင်း ရှိသူဖြစ်တယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တတိယနေ့အဖြစ် ဒီကနေ့ တက်ရောက်ပါတယ်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က စီစဉ်ကျင်းပမည့် 2012 AFF Suzuki Cup ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြို့ကျင်းပမည်

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က စီစဉ်ကျင်းပမည့်2012 AFF Suzuki Cup ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြို့တွင်
လာမည့်အောက်တိုဘာလ(၅)ရက်မှ(၁၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ပွဲစဉ်ဇယားအား ယနေ့ထုတ်ပြန်ကြေညာလိုက်
ကြောင်းသိရသည်။