Pages
Tuesday, July 10, 2012
မြန်မာနိုင်ငံ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်လို့ မြန်မာအစိုးရပြောကြား
Photo: မြန်မာနိုင်ငံ ဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ပြီး ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးနေတဲ့ ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာက ရေးသားပါတယ်။
 ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက် မှာ ထိုင်း-မြန်မာ နယ်စပ် ကပ်လျက်မှာ
ရှိတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အစိုးရ စစ်ကြောင်းက နယ်မြေ စိုးမိုးရေး ရှင်းလင်းစဉ်မှာ စီးပွားဖြစ် ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးကြတဲ့ ထိုင်းနိုင်ငံသားတွေကို လက်နက်ခဲယမ်း တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ 
ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၆၁ ယောက်မှာ အမျိုးသား ၅၂ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်ပါတယ်။ သူတို့ကို ဥပဒေကြောင်း အရ အရေးယူသွားမှာ ဖြစ်သလို ဒီကိစ္စအတွက် ထိုင်းအစိုးရနဲ့ သံတမန်ရေးအရ ဖြေရှင်း ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။ 
ထိုင်း ဒုတိယ ဝန်ကြီးချုပ် Yuththasak က ထိုင်းနိုင်ငံသား ၄၉ ဦး ဖမ်းဆီးခံထားရကြောင်း၊ သူတို့ဟာ ရော်ဘာ စိုက်ခင်း၊ ဆေးခြောက်စိုက်ခင်း အပြင် လက်နက်ခဲယမ်းတွေပါ ကိုင်ဆောင်ထားကြကြောင်း အတည်ပြု ပြောဆိုပါတယ်။ 
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို မလည်ပတ်ခင်မှာ သူတို့ အားလုံး လွတ်မြောက် လာမယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။
 မြန်မာဘက်ခြမ်းမှာ ဒီထိုင်းနိုင်ငံသားတွေ တရားမဝင် စိုက်ပျိုးထားတဲ့ ရာဘာစိုက်ခင်း မြေတွေကို တရားဝင် ငှားရမ်း စိုက်ပျိုးနိုင်ဖို့အတွက် မိမိအနေနဲ့ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံကို လည်ပတ်တဲ့
အခါ ဆွေးနွေးမယ်လို့လည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။  
(Photo: Mekong-Japan Summit, April 21, 2012, in Thailand)
(Photo: Mekong-Japan Summit, April 21, 2012, in Thailand)
မြန်မာနိုင်ငံ ဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ပြီး ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးနေတဲ့ ထိုင်းနိုင်ငံသား
 ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာက ရေးသားပါတယ်။
ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်ရာမှာ အသုံးပြုနိုင်တဲ့ Myanmar Payment Union ခေါ် MPU ဘဏ်ကဒ်ပြားတွေကို လာမယ့် သြဂုတ်လ အတွင်း စတင် အသုံးပြုနိုင်တော့မည်
Photo: မြန်မာနိုင်ငံမှာ ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်ရာမှာ အသုံးပြုနိုင်တဲ့ Myanmar Payment Union ခေါ် MPU ဘဏ်ကဒ်ပြားတွေကို လာမယ့် သြဂုတ်လ အတွင်း စတင် အသုံးပြုနိုင်တော့မယ်လို့ စီစဉ်သူ ဘဏ်အရာရှိတွေက 
 ပြောပါတယ်။
 ပြည်တွင်းက MPU မြန်မာနိုင်ငံဘဏ်များ အသင်းဝင် ပုဂ္ဂလိက ဘဏ် ၁၆ ခုရဲ့ ATM ငွေသွင်းငွေထုတ် စက်တွေအပြင် ကုန်တိုက်တွေမှာပါ အဲဒီ
ဘဏ်ကဒ်ကို အသုံးပြုလို့ ရမှာဖြစ်ပြီး၊ နောက်ပိုင်းမှာ နိုင်ငံတကာ အထိ သုံးစွဲလို့ရအောင် စီစဉ် ဆောင်ရွက်သွားမယ်လို့ ဧရာဝတီဘဏ်ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းဇော်က RFA ကိုပြောပါတယ်။ 
MPU ကဒ်စနစ်ကို ပထမအဆင့် အနေနဲ့ ဘဏ် (၈) ခုမှာ စတင်စမ်းသပ် အသုံးပြုနေပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ MPU ကဒ်လို ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်လို့ ရနိုင်တဲ့ Credit ကတ်တွေကို ၂ဝဝ၂ ခုနှစ် လောက်က ပုဂ္ဂလိက ဘဏ်တွေ စတင် ထုတ်ပေးခဲ့ဖူးပေမယ့် အောင်မြင်မှု မရဘဲ နှစ်အနည်းငယ် အကြာမှာ
 ပျောက်ကွယ်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်ရာမှာ အသုံးပြုနိုင်တဲ့ Myanmar Payment Union ခေါ် MPU
ဘဏ်ကဒ်ပြားတွေကို လာမယ့် သြဂုတ်လ အတွင်း စတင် အသုံးပြုနိုင်တော့မယ်လို့ စီစဉ်သူ
ဘဏ်အရာရှိတွေကပြောပါတယ်။
မွေးနေ့ကို ဥရောပ ခရီးစဉ်မှာ ဖြတ်သန်းမယ့် မိုးယုစံ
မိုးယုစံက ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ‘ပင်လယ်ဝိုင်’ ဒီဗီဒီ ဇာတ်ကား မှာ ရန်အောင်၊ ကျော်ကျော်ဗို၊ သ်င်္ဂီထွန်းတို့နဲ့ အတူပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားမှာ မိုးယုစံကညီအစ်ကိုနှစ် ယောက် ပြိုင်ကြိုက်ခံရတဲ့ကောင်မလေး နေရာကသရုပ်ဆောင်ထားပါတယ်။
ရည်းစားဦးကြောင့် စိုးရိမ်စိတ်တွေနဲ့ သက်မွန်မြင့်
ရခိုင်ပြည်နယ် ပြန်လည် ဖွံ့ဖြိုးရေး ရန်ပုံငွေ ပဒေသာက ပွဲမှာ ‘ရည်းစားဦး’ သီချင်းနဲ့ ဖျော်ဖြေခဲ့ တာကတော့ သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ အဆို ဝါသနာ ပါပေမယ့် စင်ပေါ်တက်ပြီး ဖျော်ဖြေရမှာ ကြောက်တာကြောင့်
 ဖျော်ဖြေပွဲ မတိုင်ခင် စိတ်လှုပ်ရှားနေတဲ့ သက်မွန်မြင့်က သီဆို ဖျော်ဖြေချိန် မှာတော့ အကောင်းဆုံး တင်ဆက်နိုင်ခဲ့ တာ တွေ့ရပါတယ်။
ရန်ကုန် တောင်ဘက် သုံးခွမှာ မိုးများလို့ ရွာ ၄၀ ကျော်က လယ်ဧက ထောင်နဲ့ချီ ရေမြုပ်
လယ် တဧက စိုက်ခ ငွေသုံးသောင်းလောက် ကုန်
ရန်ကုန် တောင်ဘက် သုံးခွမှာ မိုးများလို့ ရွာ ၄၀ ကျော်က လယ်ဧက ထောင်နဲ့ချီ ရေမြုပ် နေပြီး ရေတွေ အချိန်မီ ဖေါက်မထုတ် ရင် လယ်သမား တွေ အသစ်ပြန် စိုက်ဖို့ ခက်နေပါတယ်။
အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး
အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ  အတတ်ပညာရှင်၊ အသိပညာရှင်များ  မွေးထုတ်ပေး နေသော မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ များတွင် လက်ရှိကျင့်သုံး အကောင်အထည်ဖော်နေ သည့် ပညာရေး စနစ်နှင့်ပတ် သက်၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ လက်ရှိစနစ်ကိုကျင့်သုံးခဲ့သည်မှာ ဆယ် စုနှစ် တစ်ခုကျော်ခဲ့ပြီဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့တွေ့ဆုံ
Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး တို့တွေ့ဆုံ
================================
D-မင်း
=======================================
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစု ကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့သည် ယနေ့ ကျင်းပသည့် လွှတ်တော်ပြီးဆုံးချိန် တွင်  တွ့ဆုံခဲ့ကြောင်း သိရသည်။ 
ဆက်လက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း " အမျိုးသားရင်ကြားစေ့ရေးအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် ကို ဖြောင့်ဖြောင့်မတ်မတ်နဲ့ ခိုင်ခိုင်မာမာရောက်ရှိရေး လုပ်ဖို့ အရေးကြီးပါတယ် " ဟု ပြန်လည်ပေးကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစု ကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့သည် ယနေ့ ကျင်းပသည့် လွှတ်တော်ပြီးဆုံးချိန် တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မကြာမီ အပြီးသတ်ရွေးချယ်မည့် ဒုတိယသမ္မတနေရာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ အထူးရေပန်းစား
ဒုတိယသမ္မတနေရာ အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်းတင်သွင်းထားပြီဖြစ်ကြောင်း လွှတ်တော်တွင်း အတည်ပြု ပြောဆိုနေမှုများ ရှိနေကြောင်း သိရသည်။
ကနေဒါ အထက်လွှတ်တော် အမတ် နှင့် အဖွဲ့ လွှတ်တော်သို့ လာရောက်လေ့လာ
Photo: ကနေဒါ အထက်လွှတ်တော် အမတ်  နှင့် အဖွဲ့ လွှတ်တော်သို့ လာရောက်လေ့လာ 
===============================
D-မင်း
===============================
ကနေဒါ အထက်လွှတ်တော် အမတ်  Mr .HON MAC HARB ဦးဆောင်သော အဖွဲ့သည် ပြည်သူ့လွှတ်တော်သို့ ယနေ့ နံနက်ပိုင်းက လာရောက်လေ့လာ သွား ခဲ့ကြောင်း သိရသည်။ 
ယင်းအဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင်  လွှတ်တော်သို့လာရောက်လေ့လာခဲ့ခြင်းဖြစ်သည်။
"လွှတ်တော် အဆောက်အဦးကြီးက ကမ္ဘာပေါ်မှာ အကြီးဆုံးပါပဲ အခုလေ့လာတွေ့ရှိတာတွေကို ကျွန်တော် ကနေဒါနိုင်ငံပြန်ရောက်ရင် ပြန်ပြောပြသွားမှာပါ" ဟု ရန်ကုန်မီဒီယာဂရုပ်သို့ပြောကြားသည်။
ယင်းအဖွဲ့သည် ဇူလိုင်လ ၁၁ ရက် တွင် မြန်မာ့လူအခွင့်အရေး ကော်မရှင် နှင့် တွေ့ဆုံမည် ဖြစ်ကြောင်းသိရသည်။
မှတ်ချက် ။         ။ကနေဒါ အထက်လွှတ်တော် အမတ်နှင့် အင်တာဗျူး အပြည့်အစုံကို လာမည့်အပတ်တွင် ထွက်ရှိမည့် ဖလားဝါးနယူး(စ်) ဂျာနယ်တွင်ထည့် သွင်းဖော်ပြပေး သွားပါမည်။
ကနေဒါ အထက်လွှတ်တော် အမတ် Mr .HON MAC HARB ဦးဆောင်သော အဖွဲ့သည် ပြည်သူ့လွှတ်တော်သို့ ယနေ့ နံနက်ပိုင်းက လာရောက်လေ့လာ သွား ခဲ့ကြောင်း သိရသည်။
လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ ရခိုင် ဒုက္ခသည်များ ကို ကျပ် ၁၈၅ သိန်းကျော် လှူဒါန်း
Photo: လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ ရခိုင် ဒုက္ခသည်များ ကို ကျပ် ၁၈၅ သိန်းကျော် လှူဒါန်း
=============================
ကောင်းမြတ်ကျော်
=============================
ဂီတပညာရှင်များ၊ ကဗျာဆရာများနှင့် ပါဝင်ဖွဲ့စည်းထားသည့် လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့က ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အတိဒုက္ခရောက်ခဲ့ရသည့်  ဒုက္ခသည်များအတွက် အလှူငွေ (၁၈၅) သိန်းကျော်ကို နာရေးကူညီမှုအ သင်း(ရန်ကုန်)မှ တဆင့် လှူဒါန်း ခဲ့ကြောင်း သိရသည်။  
ယင်းလှူဒါန်းပွဲကို ဇူလိုင်လ(၉)ရက်နေ့ကနာရေး ကူညီိမှုအသင်း(ရန်ကုန်)၌ပြုလုပ်ခဲ့ရာ ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူခဲ့သည်။ ၄င်းလူမှုကွန်ယက်အဖွဲ့သည် အလှူငွေရှာဖွေရေး လုပ်ငန်းများ ကို ၄င်းတို့တတ်ကျွမ်းသည့် ဂီတအနုပညာ မျုားဖြင့် လူစည်ကားရာ လက်ဖက်ရည် ဆိုင်များ တွင် လည့်လည်ဖျော်ဖြေခြင်း များဖြင့် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။
ယခုလှူဒါန်းသည့် အလှူငွေများသည် မိထ္တီလာမြို့မှ အလှူရှင်များမှ ရခိုင်ဒုက္ခသည်များ အတွက်လှူဒါန်းရန်  ရည်ရွယ်ထား၍၄င်း တို့မှ သွားရောက် လက်ခံရ ယူပေးပြီး ယခုကဲ့သို့ နာရေးကူညီမှုအသင်း မှတဆင့် ပြန်လည်ပေးအပ် လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့် ပက်သက်၍ ၄င်းလူမှုကွန်ယက်အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ အဖွဲ့ပထမဦးဆုံးက ဒုက္ခရောက် တဲ့ပြည်သူတွေ ကို ကူညီဖို့လုပ်ခဲ့တယ် ၊နောက်တော့ စစ်ဘေးသင့် ကချင်ပြည်နယ် ပြည်သူများအတွက် ဆက်ပြီးတော့ အလှူခံခဲ့တယ် အဲဒီကနေတစ်ဆင့် ရခိုင်ဒုက္ခသည်တွေအတွက် ဆက်လက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် " ဟု ပြောကြားသည်။
ကိုရဲလွင်မှလည်း "အလှူရှင်တွေက သူတို့ ကိုယ်တိုင် မသွားရောက်နိုင်  တဲ့အတွက် ကျွန်တော်တို့ကနေတစ်ဆင့် လှူဒါန်းရတာဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ကလည်း ကိုယ်တိုင်မသွားနိုင်ဘူး ဒါကြောင့် လူမှုကူညီမှုလုပ် ငန်းတွေကို လုပ်ဆောင်နေတဲ့ ကိုကျော်သူက တစ်ဆင့်လှူဒါန်းရတာ ဖြစ်ပါတယ်" ဟုပြောကြားသည်။ 
၎င်းအဖွဲ့သည် ၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို ဦးတည်ပြီး  ပြည်သူမှ ပြည်သူသို့ ကူညီခြင်းဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။
ဂီတပညာရှင်များ၊ ကဗျာဆရာများနှင့် ပါဝင်ဖွဲ့စည်းထားသည့် လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့က ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အတိဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည်များအတွက် အလှူငွေ (၁၈၅) သိန်းကျော်ကို နာရေးကူညီမှုအ သင်း(ရန်ကုန်)မှ တဆင့် လှူဒါန်း ခဲ့ကြောင်း သိရသည်။
စဥ့်ကိုင်မြို့နယ် ကျည်ထောက်ပေါက်ကျေးရွာအုပ်စု ရွှေလုပ်ကွက်အင်း(၂၇)ခု ပိတ်သိမ်းခံရ၍ ရွှေတွင်းလုပ်သားတစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်
စဥ့်ကိုင်မြို့နယ် ကျည်ထောက်ပေါက်ကျေးရွာအုပ်စု ငါးပြားပေးကျေးရွာတွင် ရွှေတွင်းကုမ္ပဏီဧရိယာ၌ မပါဝင်သော   ရွှေလုပ်ကွက်အင်း(၂၇)အင်း ပိတ်ခံထားရသဖြင့် ရွှေတွင်း(အင်း)ပိုင်ရှင်များနှင့်  
ရွှေတွင်းလုပ်သား (၁၀၀၀)ကျော်မှာ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
လူမှုဖူလုံရေးစရိတ်မပေးလိုသော လုပ်ငန်းရှင်များအား တရားစွဲမည်ဟု လူမှုဖူလုံရေး ဥက္ကဌ သတိပေး
လူမှုဖူလုံရေးဥပဒေအသစ်ပြဋ္ဌာန်းပြီးစီးပါက လူမှုဖူလုံရေးစရိတ်မပေးသွင်းသည့် လုပ်ငန်းရှင်များအား တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေး ဥက္ကဌက ဆိုသည်။
ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး လက်ရှိအချိန်၌ ဗဟိုဘဏ်တွင် နိုင်ငံခြားငွေကန်ဒေါ်လာ ၇ဘီလျံထိ ရှိနေ
လက်ရှိအချိန်ကာလ၌ ဗဟိုဘဏ်၏ နိုင်ငံခြား ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ဘီလျံထိရှိနေပြီး မကြာမီကာလအတွင်း ဗဟိုဘဏ်တွင် ရှိနေသော ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ဇူလိုင်လ ၅ရက် နေ့ Chatrium Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါ အတိုင်းပြောကြားခဲ့သည်။
လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းအဆိုများ တင်သွင်းမည်
လက်ရှိတက်ရောက်နေသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းနှင့်အဆိုများ တင်သွင်းရန်ရှိကြောင်း သိရှိရသည်။
ဦးမောင်အေး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဦးနှောက်သွေးကြော ရောဂါကြောင့် ဆေးကုသမှု ခံယူနေရ
ဦးမောင်အေး (ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) သည် ဦးနှောက်သွေးကြောရောဂါကြောင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရှိရပါသည်။ 
လွှတ်တော်တက်ရောက်ခြင်းသည် အတိုက်အခံ ပြုလုပ်ရန်၊ ရန်ဖြစ်ရန်အတွက် မဟုတ် ဒီမိုကရေစီနိုင်ငံ ပီပြင်စွာဖြစ်ပေါ်လာရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Photo: ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်လာစဉ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးသို့ ဇူလိုင်လ ၉ရက်နေ့တွင် စတင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၄ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ပထမအကြိမ်စတုတ္တပုံမှန်အစည်းအဝေး ပဉ္စမနေ့အဖြစ် ဆက်လက်ကျင်းပ
Photo: ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်လာစဉ်
ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ပထမအကြိမ်စတုတ္တပုံမှန်အစည်းအဝေး 
ပဉ္စမနေ့အဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်တော်သို့ အစည်းအဝေး တတ်ရောက်လာခဲ့သည်။
ဇွန်လ ၄ ရက်နေ့က ကော့သောင်းခရိုင်အတွင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၈၀ ကျော်အနက် အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အို ၃၀ ကျော်ပြန်လွတ်
ဇွန်လ ၄ ရက်နေ့က ကော့သောင်းခရိုင်အတွင်း ပိုင်နက်ကျူးကျော်မှု၊ လက်နက် 
ကိုင်ဆောင်မှု စသည်တို့ဖြင့် မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၈၀ ကျော်အနက် 
အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အို ၃၀ ကျော်ကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီး 
၄၉ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း ကော့သောင်းမြို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောသည်။
ရန်ကုန် YMCA ခရစ်ယာန် ကလျာဏယုဝ အသင်းမှာ စနေနေ့က ပဋိက္ခတွေကြောင့် ဒုက္ခ ရောက်နေသူတွေ အတွက် ဆုတောင်းပွဲ ကျင်းပ
Photo: ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိက္ခတွေကြောင့် ဒုက္ခ ရောက်နေသူတွေ အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို ရန်ကုန် YMCA ခရစ်ယာန် ကလျာဏယုဝ အသင်းမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။ 
ဒီဆုတောင်းပွဲမှာ YMCA အသင်းရဲ့ အတွင်းရေးမှူး ဒေါက်တာ သာဉာဏ်က
 မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်နေတဲ့ အကြောင်းနဲ့ ငြိမ်းချမ်းရေး အမြန် ရရှိဖို့အတွက် ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။ 
လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာက ကချင်ပြည်နယ်မှာ
 ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေး နေရတာတွေ၊ ဒုက္ခသည် စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေထိုင်
 နေရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေကို ပြောခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူထုတွေ လုံခြုံမှု ကင်းမဲ့နေတာတွေနဲ့ အထောက်အပံ့တွေ လိုအပ်နေတဲ့ အကြောင်း တွေကို ဦးဘရွှေက ဟောပြောခဲ့ပါတယ်။ အဲဒီနောက် အခမ်းအနား တက်ရောက်လာတဲ့ ဘာသာရေး ခေါင်းဆောင်တွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့အတွက် သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာ ပို့သ ခဲ့ကြပါတယ်။
Add caption
ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိက္ခတွေကြောင့် ဒုက္ခ ရောက်နေသူတွေ အတွက် 
ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို ရန်ကုန် YMCA ခရစ်ယာန် ကလျာဏယုဝ အသင်းမှာ စနေနေ့က 
ကျင်းပခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးပြန်လည် ထုတ်ဝေမည့် ဗကသ - အထက်မြန်မာပြည်ရဲ့ ဗဟိန်းဂျာနယ်
 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ - အထက်မြန်မာပြည်) မှ ၁၉၈၉ ခုနှစ်တွင် 
စတင်ထုတ်ဝေခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေမှု ရပ်ဆိုင်းခဲ့သည့် ဗဟိန်းဂျာနယ်ကို 7 July နှစ် ၅၀ ပြည့် 
တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးပြန်လည် ထုတ်ဝေလိုက်ပြီး နှစ်ပတ်တကြိမ် ဆက်လက် 
ထုတ်ဝေသွားမည်ဟု ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုအောင်မှိုင်းဆန်းက ပြောသည်။
တရုတ်နိုင်ငံသားပိုင် ဓာတ်သတ္ထုတူးဖော်ရေး လုပ်ငန်းကုမ္ပဏီက ဒေသခံပြည်သူတွေရဲ့ ခြံမြေတွေကို ကာလပေါက်ဈေးမပေးဘဲ ၀ယ်ယူနေ
ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားပိုင် ဓာတ်သတ္ထုတူးဖော်ရေး
လုပ်ငန်းကုမ္ပဏီက ဒေသခံပြည်သူတွေရဲ့ ခြံမြေတွေကို ကာလပေါက်ဈေးမပေးဘဲ ၀ယ်ယူနေပြီး 
သတ္ထုတူးဖော်ဖို့ မိုင်းခွဲမှုတွေကြောင့် အနီးအနားမှာစိုက်ပျိုးလုပ်ကိုင်နေတဲ့ ခြံမြေပိုင်ရှင်တွေ 
အသက်အန္တာရယ်စိုးရိမ်နေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။