Pages

Saturday, July 7, 2012

ယမန်နေ့ညက ယာယီ ထိန်းသိမ်းခံခဲ့ရသော ဗကသ အဖွဲ့ဝင်ကျောင်းသားမှာ ယနေ့ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီ


Photo: နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး မိခင်နှင့် အတူ ထိုင် နေသော ကိုဒီငြိမ်းလင်း  ၇ .၇.၂၀၁၂  (၈း၃၀)

နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး မိခင်နှင့် အတူ ထိုင် နေသော ကိုဒီငြိမ်းလင်း ၇ .၇.၂၀၁၂ ည(၈း၃၀)
7 July အခမ်းအနား ကျင်းပရန် စီစဉ်ခဲ့သည့်အတွက် ယမန်နေ့ညက ယာယီ ထိန်းသိမ်းခံခဲ့ရသော ဗကသ အဖွဲ့ဝင်ကျောင်းသားမှာ ယနေ့ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး ည ၈ နာရီခန့်တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

စာပေထုတ်ဝေသူနှင့် ဖြန့် ချိသူများ အသင်း ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပမည်


Photo: "စာပေထုတ်ဝေသူနှင့် ဖြန့် ချိသူများ အသင်း ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပမည်"

မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့်  ဖြန့်ချိသူများ အသင်း ပထမ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ဖွင့် ပွဲ အခမ်းအနားကို ဇူလိုင် (၁၅) ရက် နံနက်(၉) နာရီ ရန်ကုန်မြို့ ၊ သူနာပြု တက္ကသိုလ် ခန်းမ၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်အနား ကျင်းပနိုင်ရေးအတွက် ဇူလိုင်(၇)ရက် မွန်းလွဲ (၁) နာရီတွင် စာပေဗိမာန်၊ မြန်မာနိုင်ငံ စာရေး ဆရာများ အသင်းခန်းမ၌ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန်ချိသူများ အသင်းဖြစ်မြောက်ရေး ကော်မတီက အကြို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ဖော်ပြပါ ဖွင့်ပွဲ အခမ်အနားသို့ ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ စာပေထုတ်ဝေသူ ၊ ဖြန့် ချိသူနှင့်  ရောင်းချသူများ မည်သူမဆို တက်ရောက်နိုင်ကြောင်း ၄င်းအသင်း ဖြစ်မြောက်ရေး ကော်မတီမှ နှိုးဆော်ထားသည်။

မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့်  ဖြန့်ချိသူများ အသင်း ပထမ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ဖွင့် ပွဲ အခမ်းအနားကို ဇူလိုင် (၁၅) ရက် နံနက်(၉) နာရီ ရန်ကုန်မြို့ ၊ သူနာပြု တက္ကသိုလ် ခန်းမ၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

ကလေးငယ်တွေရဲ့ဘ၀အခြေအနေတွေ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးလက်တွဲပြီး အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဂျက်ကီချမ်းပြောကြား


Photo

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ဂျက်ကီချန်းသည် ယနေ့ ဇူလိုင်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲက 
ဆီဒိုးနားဟိုတယ်တွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့်တွေ့ဆုံကာ ၄င်း၏ ခရီးစဉ်နှင့်ပတ်သက်၍ 
သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

UNICEF သံတမန် နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်း ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိလာ


ဂျက်ကီချန်း ရန်ကုန်မြို့ ကို ရောက်ရှိလာ UNICEF သံတမန် နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ယနေ့နံနက် ၁၁ နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်ရှိ ရွှေကျင်ဓမ္မရုံတွင် ရတနာ့မေတ္တာအဖွဲ့မှ စောင့်ရှောက်ထားသော ကလေးငယ်များ၊ အဖွဲ့တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် တွေ့ဆုံခဲ့သည်။

ဇူလိုင်လ ၆ ရက်နေ့ ညကဖမ်းဆီးခံရတဲ့ (ဗကသ)ေ ခါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင် နှင့် ရဲမြင့်ဟိန်း တို့ ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ပြန်လည် လွတ်မြောက်လာ




ဗကသ အဆောက်အအုံ ဖောက်ခွဲခံရခြင်း နှစ် ၅၀ ပြည့် "7 July" ပွဲကျင်းပရန် စီစဉ်သဖြင့် ဇူလိုင်လ ၆ ရက်နေ့ ည ၉နာရီ ၃၀ မိနစ်ခန့်က ယာယီိထိန်းသိမ်း ခံခဲ့ရသော ကျောင်းသားအချို့မှ (ဗကသ)ေ ခါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင် နှင့် ရဲမြင့်ဟိန်း တို့မှာ ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကအတည်ပြုပြောကြားသည်။

မိုးဖွဲဖွဲအောက်တွင်ဆင်နွှဲနေသောဇူလိုင်(၇)အခမ်းအနား (ရန်ကုန်) သတင်းဓာတ်ပုံ

မိုးထဲရေထဲ 7 JULY အခမ်းအနားကျင်းပနေကြရသည်



ဇူလိုင်(၇)အခမ်းအနားသို့တက်ရောက်လာသူများ။



ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည် လုပ်ငန်းကော်မတီ )
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ မန္တလေးမြို့ ထန်းတောကျေးရွာ ၊ အိုးဘိုကျောင်းတိုက် တွင် (၆-၇-၁၂) နေ့ 
နံနက်က...ဆွမ်းကပ်နေပုံ


၈၈ မျိုးဆက်ကျောင်းသားများဧ။်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင်
ကျင်းပသောဇူလိုင်(၇)အခမ်းအနားတွင်ထိန်းသိမ်းခံရသောဗကသကျောင်းသားများဧ။်ဓာတ်ပုံမိတ္တူကို
ကိုင်ဆောင်ထားသော ၈၈မျိုးဆက်ကျောင်းသူများ။


‎7-7-62. Students cannot control their anger and throw stones at police on Chancellor Road.



ဇူလိုင်(၇)အခမ်းအနားအားကျင်းပနေချိန်တွင်မိုးအဆက်မပြတ်ရွာ
သွန်းနေသော်လည်းအခမ်းအနားသို့လာရောက်သောဧည့်ပရိတ်သတ်
အရေအတွက်မှာပိုမိုများပြားလာကြောင်းတွေ့ရသည်


၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက် (ယနေ့) နံနက် ၉း၀၀ နာရီ ၊ 7 July အခမ်းအနား ကျင်းပရာ ၈၈မျိုးဆက်ကျောင်းသားများရုံးရှေ့မှ မြင်ကွင်း တချို့



ဇူလိုင်(၇)အခမ်းအနား


အမှတ်တရလက်မှတ်ရေးထိုးနေစဉ်



၈၈ မျိုးဆက်ကျောင်းသားများဧ။်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင်
ကျင်းပသောဇူလိုင်(၇)အခမ်းအနားတွင်ထိန်းသိမ်းခံရသောဗကသကျောင်းသားများဧ။်ဓာတ်ပုံမိတ္တူကို
ကိုင်ဆောင်ထားသောကိုမင်းကိုနိုင်နှင့်မလေးလေးမွန်


ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသော ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဒီငြိမ်းလင်း၏ ဖခင်သည် ယနေ့ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ကျင်းပသော 7 July အခမ်းအနားသို့ တက်ရောက်လာခဲ့သည်


8-7-62 The dead students are secretly cremated. The university is closed.


သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးထဲမှာ 7 July အခမ်းအနား တက်ရောက်လာကြသူများ

Ref: Facebook (Photo)



7july အခမ်းအနားပြုလုပ်မယ့် ကျောင်းသားများအဖမ်းခံရခြင်း နောက်ဆုံးရသတင်း (မနက် ၈း၃၀)


Photo: ဒါက ကို ကျော်ကိုကို ကို ၈၈ ရုံးခန်းမှာ အာဏာပိုင်တွေ သွားမရှာခင် တနာရီလောက်မှာ RFA ကို ပြောပြခဲ့တာပါ။ Sound Cloud နဲ့ နားထောင်လို့ မရသူတွေအတွက်ပါ။
================

ကျနော်ပထမဆုံး ကြားတာကတော့ ညနေ၅နာရီခွဲမှာ လားရှိုးက ဥက္ကဋ္ဌ ကို စိုးကြည်သာနဲ့ ပြန်ကြားရေးမှူး ကျောင်းသူတယောက်ကို ခေါ်သွားတာကို ကြားတယ်။ အဲဒိမှာကျနော်တို့ ပြန်လွှတ်မလားလို့ စောင့်တယ်။ 

ကိုးနာရီခွဲက ကျနော်တို့ စောင့်နေတာ ကိုးနာရီခွဲမှာ နောက်ဆုံးပြန် မလွှတ်တဲ့ အခါကျတော့ ကျနော်တို့  မဖြိုးဖြိုးအောင်ကို ပြောပြီး ဒီကိစ္စကို မီဒီယာတင်ဖို့  ကျနော်တို့ ကြိုးပမ်းနေတယ်။

ကြိုးပမ်းနေတဲ့ အချိန်မှာ နောက်တခါ သတင်းထပ်ဝင်လာတယ်။ မန္တလေးမှာ မြ၀တီမင်းကြီးတိုက်မှာ မနက်ဖန်လုပ်မယ့် ပွဲအတွက် ဘုန်းတော်ကြီးကို ခေါ်ပြီး ဖိအားပေးတယ်လို့ ကြားတယ်။ 

ဖိအားပေးတဲ့အတွက် ဘုန်းကြီးက ဆွမ်းကျွေးမယ် ဆွမ်းကပ်ရေစက်ချ အမျှဝေပြီးရင် ပြန်ပါလို့ အနေအထားမျိုး ခေါ်ညှိတဲ့အချိန်မှာ ကျောင်းသား သုံးယောက်ကို သူတို့ ထပ်ခေါ်သွားတယ်။ 

ကိုအောင်မှိုင်းဆန့်၊  ကိုမိုးထက်နေနဲ့  ကိုရဲရင့်ကျော်လို့ ကြားတယ်။ 
ကိုရဲရင့်ကျော်ကတော့သိပ် Confirm မဖြစ်ဘူး။ 

နောက်ပြီးတော့ မုံရွာကကျောင်းသားတွေကိုလည်း ခေါ်သွားတယ်လို့  ကြားတယ်။ ကိုသိန်းသန်းဦးတို့ လို့ထင်ပါတယ်။

နောက်အဲဒိအချိန်မှာ မဖြိုးဖြိုးအောင်ဆီ ဖုန်းလှမ်းဆက်တဲ့ အချိန်မှာ မဖြိုးဖြိုးအောင်ဖုန်းကို ခေါ်လို့ မရတော့ဘူး၊ အဲဒိတော့ မဖြိုးဖြိုးအာင် 
ပါသွားပြီလို့ ယူဆရတဲ့ အတွက် ကျနော် သတင်း စုံစမ်းကြည့်တဲ့ 
အချိန်မှာ တကယ်သူ့ ကိုလာခေါ်သွားပြီလို့ သိလိုက်ရပါတယ်။

အဲဒိနောက်မှာတော့ ကျနော်ကျန်တဲ့ သူတွေကို မသိရသေးဘူး။ အခုသတင်းကြားတာတော့ ကိုဒီငြိမ်းလင်းတို့ ကိုစည်သူမောင်တို့  
နဲ့အတူ ကိုရဲမြတ်ဟိန်းပါ ဖမ်းခံရတယ်လို့ ကြားပါတယ်။


ဆဲဗင်းဂျူလိုင် အခမ်းအနားပြုလုပ်မယ့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရှိ မြ၀တီမင်းကြီး စာသင်တိုက်နားမှာ လုံခြုံရေးအင်အား အယောက် ၅၀ ကျော် ရှိနေခဲ့ပြီး ကျောင်းတိုက်ထဲရှိ နယ်မြို့က ကိုယ်စားလှယ် လာတက်တဲ့ ကျောင်းသား ၄ ဦးကိုလည်း အက်စ်ဘီတွေက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မြန်မာU-22 အားကစားသမားများတွင် သက်ကျော် ကစားသမားမရှိဟု အားကစားအဖွဲ့ချုပ်ငြင်းဆို



အသက် ၂၂ နှစ်အောက် အာရှ U-22 ခြေစစ်ပွဲတွင် မြန်မာအားကစားသမားများတွင် အသက်ကျော်လွန်သူများ ရှိနေသည်ဟူသည် ပြောဆိုရေးသားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးမှ ငြင်းဆိုလိုက်ပြီး ရင်ဆိုင်ရန် အသင့်ရှိသည်ဟု မဇ္ဈိမကို ပြောသည်။