Pages

Friday, July 6, 2012

ကားတိုက်ခံရပြီး ဘ၀ပျက်သလောက် ဒဏ်ရာ ဒဏ်ချက် များနဲ့ အဆိုတော်ဂျေညီညီရဲ့ ရင်ဖွင့် စကားသံများ


အနုပညာ သမားအဖြစ် ရိုးသားသန့်ရှင်းစွာ ရပ်တည်ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် အနုပညာသမားအဖြစ် ရိုးသား သန့်ရှင်းစွာ ရပ်တည် ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် နစ်နာဆုံးရှုံးမှုများအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဒဏ်ရာ ဒဏ်ချက် ပေါင်းများစွာ နဲ့ ရောက်ရှိလာ တဲ့ ဂျေညီညီရဲ့ရင်ဖွင့်စကားသံတွေက...

မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော် မဟုတ်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သတိပေးပြောကြား




“မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော်မဟုတ်ဘူး အဲဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေ အချိန်တွေမကုန်ရအောင် မရောင်ရာဆီလူး မလိုတဲ့စကားတွေပြောပြီး အချိန်ဖြုန်းနေရင် မိမိတို့ရဲ့လုပ်ငန်းမှာ အနှောက်အယှက် ရှိမှာဖြစ်တဲ့အတွက် ဒါကိုတော့လွှတ်တော်ကိုယ်စားလှယ်များအားလုံးသိရှိနားလည် စေချင်ပါတယ် ။

ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခြင်းကို တားမြစ်


ရန်ကုန်၊ ဇူလိုင် ၆

လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်များ မွေးထုတ် ပေးခဲ့သည့် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသားသမဂ္ဂ ဖြိုခွဲဖျက်ဆီး ခံခဲ့ရသော ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အမှတ်တရ အခမ်းအနားကို တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ကျင်းပရန် စီစဉ်နေမှုကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ် ပိတ်ပင်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ မျိုးဆက်သစ် ခေါင်းဆောင်များက ပြောကြားသည်။

ဆွစ်ဘဏ်တို့၏ လျှို့ဝှက်ချက် ပွင့်လာခြင်း



ဆွစ်ဇာလန်ဘဏ်များ၏ ဖောက်သည်တို့အတွက် အချက်အလက်များကို ထိပ်တန်းလျို့ဝှက်ပေးမှုဟူသော ၁၉၆၀ ပြည့်နှစ်များလောက်အထိ ထိန်းသိမ်းခဲ့သော အစဉ်အလာသည် ရာဇ၀တ်ကောင် လူဆိုးဂိုဏ်းခေါင်းဆောင် များ၊ အာဏာရှင် ဟောင်းများအတွက်သာ ကောင်းသော စနစ်ဖြစ်ခဲ့ပါသည်။ 

နည်းပညာတက္ကသိုလ် ပညာသင်နှစ်တစ်နှစ်ထပ်တိုးကာဝင်ခွင့်ကျောင်းသား အနည်းငယ်လျော့လက်ခံမည်

ပညာသင်နှစ်တစ်နှစ်တိုးပြီးဖြစ်တဲ့ နည်းပညာတက္ကသိုလ်က ယခုပညာသင်နှစ်တွင် ၀င်ခွင့်ကျောင်းသား အနည်းငယ်လျော့လက်ခံမည် ဟု သိပ္ပံနှင့်နညှ်းပညာဝန်ကြီးဌာနမှ သိရသည်။

7 July အခမ်းအနားများ အကျဉ်းချုံးကျင်းပ

 


7 July အခမ်းအနားများ ကျင်းပခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသော်လည်း ခရိုင်အချို့တွင် ကြိုတင်ကျင်းပခဲ့ကြောင်း ဗကသ များအဖွဲ့ချုပ် အထက်ဗမာပြည် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။

ဦးလထော်ဘရန်ရှောင်ကို လွှတ်ပေးရန် ကချင်စစ်ပြေး ဒုက္ခသည် တို့ ယနေ့ဆန္ဒဖော်ထုတ်

 

ဖမ်းဆီးခံ ထားရသော ဦးလထော် ဘရန်ရှောင်အား လွှတ်ပေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်များက သောကြာနေ့ နံနက် ၉ နာရီမှ ၁၂ နာရီခွဲထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဂျန်မိုင်ကောင် ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဓမ္မဆရာ
 ဦးအောင်မြတ်က ပြောသည်။

ASEAN Academy of Engineering and Technology (AAET) နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ပူးပေါင်းပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၃၀၀၀ တန် စာစီစာကုံးပြိုင်ပွဲကျင်းပမည်

ASEAN Academy of Engineering and Technology (AAET) နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ပူးပေါင်း၍
““ CAN RENEWABLE ENERGY SAVE THE WORLD ( ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်က ကမ္ဘာကြီးကိုကယ်တင်နိုင်မလား) အမည်ဖြင့် ကန်ဒေါ်လာ ၃၀၀၀ တန် စာစီစာကုံးပြိုင်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန် အစိုးရမှ မြန်မာနိုင်ငံအား လူသားချင်းစာနာ ထောက်ပံ့မှု အဖြစ် ကန်ဒေါ်လာ ၆ သန်းထောက်ပံ့လှူဒါန်း

အမေရိကန်အစိုးရမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျှက်ရှိသော အဓိက ရုဏ်းများနှင့် ပြည်တွင်းစစ်များကြောင့် ဒုက္ခရောက်နေသူများအား လူသားချင်းစာနာသည့်အနေဖြင့် ထိုဒုက္ခသည်များအား ကူညီနိုင်ရန် အမေရိကန်ဒေါ်လာ ၆ သန်းအား ဇူလိုင်လ ၅ရက်နေ့ တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့ အဖြစ်ယနေ့ဆက်လက်ကျင်းပ

Photo: မြန်မာနှင့်သံတမန် ဆက်သွယ်ရန် ၈ နိုင်ငံ ကမ်းလှမ်းထား

မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရန်  နိုင်ငံ ၈
နိုင်ငံမှ ဆက်သွယ်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များ ထံ ဇွန်လ ၄ ရက်နေ့က တင်ပြသည်။

ဆက်သွယ်ကမ်းလှမ်းလာသောနိုင်ငံများမှာဘော့စ်နီးယား
နှင့်ဟာဇီဂိုဗီးယားနိုင်ငံ၊မာလာဝီသမ္မတနိုင်ငံ၊ဘူတန်နိုင်ငံ၊အာရပ်စော်ဘွား
များပြည်ထောင်စုနိုင်ငံ၊လူဇင်ဘတ်နိုင်ငံ၊လတ်ဘီးယားသမ္မတ နိုင်ငံ၊
အက်စ်တိုးနီးယားသမ္မတနိုင်ငံနှင့်ဒိုမီနီကန်သမ္မတ နိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်က သံတမန်ဆက်သွယ်ရေးဆိုင်ရာကိစ္စများပြုလုပ်
သည့်နိုင်ငံခြားတိုင်းပြည် ၁၀၃ နိုင်ငံသာရှိ၍ ယခုအခါ ၁၁၈ နိုင်ငံ အထိတိုးလာမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့ သို့ သံတမန်ဆက်ဆံရေးနိုင်ငံများတိုးလာခြင်းကြောင့်မြန်မာနိုင်ငံ
နှင့် နိုင်ငံခြားတိုင်းပြည်နှစ်နိုင်ငံ ဆက်ဆံရေးပိုမို တိုးတက်လာကာ လူမှုစီးပွား ပိုမိုကျယ်ပြန့်လာမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကိုယ်စားဒုဝန်ကြီး
ကပြောကြားခဲ့သည်။         

NYK


 ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့၌ -

၁။ အင်းစိန်ခရိုင် မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ


၂။ မင်္ဂလာဒုံမြို့နယ် ရွှေနံသာစံပြတွင်ရှိသည့် အားကစားဝန်ကြီးဌာနပိုင် မြို့နယ် ပြည်သူ့အားကစားကွင်း အား ပြည်သူ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပြုပြင်ပေးရန် အစီအစဉ် ရှိမရှိ

အရွယ်အစားသေးငယ်ပြီး ဈေးနှုန်းသက်သာသည့် iPad တစ်မျိုး Apple ရောင်းချဖွယ်ရှိ


Appleကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ရောင်းချနေသည့် Tablet ကွန်ပျူတာ iPadများထက် ပိုမိုသေးငယ်သည့် Versionကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလာဖွယ် ရှိနေသည်။ Wall Street ဂျာနယ်က Appleသည် မျိုးဆက်(၃)ခု ရှိခဲ့ပြီဖြစ်ပြီး မျက်နှာပြင်အကျယ် (၉.၇)လက်မမှ မပြောင်းမလဲ ရောင်းချနေသော iPadများထက် သေးငယ်သည့် Tablet တစ်မျိုးကို မိတ်ဆက်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ iPad၏ ပထမဆုံး မော်ဒယ်လ်ကို (၂၀၁၀)ပြည့်နှစ်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနှင့်သံတမန် ဆက်သွယ်ရန် ၈ နိုင်ငံ ကမ်းလှမ်းထား

Photo: မြန်မာနှင့်သံတမန် ဆက်သွယ်ရန် ၈ နိုင်ငံ ကမ်းလှမ်းထား

မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရန်  နိုင်ငံ ၈
နိုင်ငံမှ ဆက်သွယ်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များ ထံ ဇွန်လ ၄ ရက်နေ့က တင်ပြသည်။

ဆက်သွယ်ကမ်းလှမ်းလာသောနိုင်ငံများမှာဘော့စ်နီးယား
နှင့်ဟာဇီဂိုဗီးယားနိုင်ငံ၊မာလာဝီသမ္မတနိုင်ငံ၊ဘူတန်နိုင်ငံ၊အာရပ်စော်ဘွား
များပြည်ထောင်စုနိုင်ငံ၊လူဇင်ဘတ်နိုင်ငံ၊လတ်ဘီးယားသမ္မတ နိုင်ငံ၊
အက်စ်တိုးနီးယားသမ္မတနိုင်ငံနှင့်ဒိုမီနီကန်သမ္မတ နိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်က သံတမန်ဆက်သွယ်ရေးဆိုင်ရာကိစ္စများပြုလုပ်
သည့်နိုင်ငံခြားတိုင်းပြည် ၁၀၃ နိုင်ငံသာရှိ၍ ယခုအခါ ၁၁၈ နိုင်ငံ အထိတိုးလာမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့ သို့ သံတမန်ဆက်ဆံရေးနိုင်ငံများတိုးလာခြင်းကြောင့်မြန်မာနိုင်ငံ
နှင့် နိုင်ငံခြားတိုင်းပြည်နှစ်နိုင်ငံ ဆက်ဆံရေးပိုမို တိုးတက်လာကာ လူမှုစီးပွား ပိုမိုကျယ်ပြန့်လာမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကိုယ်စားဒုဝန်ကြီး
ကပြောကြားခဲ့သည်။         

NYK

မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရန် နိုင်ငံ ၈နိုင်ငံမှ ဆက်သွယ်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက
 ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များ ထံ ဇွန်လ ၄ ရက်နေ့က တင်ပြသည်။

ရွှေလုပ်ငန်းကြောင့် ချင်းတွင်းမြစ်ရေ ညစ်ညမ်းပြီး ဒေသခံများ ကျန်းမာရေး ထိခိုက်နေ



ချင်းတွင်းမြစ်ဘေးက လူနေမှု ဘ၀ တစ်ခုပါဘဲ။ မိုးတွင်းဆို ရေတွေ မြစ်အပြည့် တက်လာလို့ ရွာပေါ်ကို တက်ပြီး နေလေ့ရှိပေမယ့် ဆောင်းအစ ရေကျသွားတဲ့ အချိန်ကစလို့ သောင်ပြင်မှာ တဲထိုးနေကြတယ်။

          စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကင်းမြို့ နယ် ကဗျက်ရွာအနီး ချင်းတွင်းမြစ်ပေါ်တွင် ရေတွင်းရွှေကျင်လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော ကျေး၇ွာနေ ပြည်သူများ ကျန်းမာရေးဆိုးဝါးစွာခံစားနေရကြောင်း သိရှိရပါသည်။

နာမည်ကျော်မင်းသား ဂျက်ကီချန်း ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးအမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ ရောက်ရှိ

 Photo: ယနေ့(ဇူလိုင်၆)နံနက်က မန္တလေးမြို့ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းသို့ ရောက်ရှိလာသော ဂျက်ကီချန်း
ဓာတ်ပုံ-ညီညီဇော်
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသား ဂျက်ကီချန်းသည် ၄င်းတည်းခိုရာ မန္တလေးစီဒိုးနားဟိုတယ်မှ ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးအမျိုးသမီးသက်မွေး
အတတ်ပညာသင်ကျောင်းသို့ ထွက်ခွာလာသည်။

ကော်မရှင် ဥက္ကဌ ဦးတင်အေး ဒုသမ္မတဖြစ်နိုင်



ဒုတိယ သမ္မတ နေရာရွေးချယ်ရာတွင် တပ်မတော်မှ ဗိုလ်ချုပ်ကြီးများဖြစ်သော ဦးတင်အေး၊ ဦးလှဌေးဝင်းနှင့် ဦးကိုကိုတို့ကို ရွေးချယ်နိင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့ က ပြောကြားသည်။ 

လွှတ်တော် ကိုယ်စားလှယ်များ ပြုပြင်ပြောင်းလဲမှုများကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း


ရန်ကုန်၊ ဇူလိုင် ၅

အတိတ်က မိမိတို့ နိုင်ငံတော် အတွင်းတွင် ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရသော ဖြစ်စဉ်ဖြစ်ရပ် အကြောင်းများထဲမှ မကောင်းသည်များကို ပြစ်တင်ဝေဖန် နေမည့်အစား သင်ခန်းစာ ယူကြပြီး ယခုနှင့် အနာဂတ် အတွက် ပို၍ ကောင်းမွန်စေရန် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြုပြင် ပြောင်းလဲမှုများကို ရဲရဝံ့ဝံ့ သတ္တိရှိရှိ လုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၄ ရက်နေ့တွင် စတင် ကျင်းပလျက် ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

မြေအစားတောင်းတဲ့ ဘုန်းကြီးကျောင်းတွေ နေပြည်တော်မှာ မီးရှို့ခံရ


နေပြည်တော်က လမ်းကြီးတွေက အလွန်ကောင်းပေမယ့်လို့ ဘုန်းကြီးကျောင်းတွေတော့ မီးရှို့တယ်လို့ ဆိုပါတယ်။
နေပြည်တော် စည်ပင်သာယာက ကျူးကျော် ဘုန်းကြီးကျောင်းတွေကို လျော်ကြေးယူ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့် မလိုက်နာဘဲ မြေအစားတောင်းလို့ဆိုပြီး မီးရှို့ပစ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

စစ်မက်ဖြစ်ပွားမှု စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့မယ်


မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို တက်တက်ကြွကြွဆောင်ရွက်နေသူ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ဇူလိုင် ၁ က နေပြည်တော်မှာ ပြောကြားခဲ့တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ကြိုဆိုလိုက်ပါတယ်။